ဥစ္စာဟူသည် မျက်လှည့်မျိုး (သို့မဟုတ်) တရုတ်ပြည်က အာရှတိုက်ဒုတိယအချမ်းသာဆုံး ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ပိုင်ဆိုင်သမျှ အားလုံးနီးပါးဆုံးရှုံးကာ စီးပွားကျသွားသည့် သံဝေဂ ရဖွယ်ဖြစ်ရပ်ကြီး

ဥစ္စာဟူသည် မျက်လှည့်မျိုး (သို့မဟုတ်) တရုတ်ပြည်က အာရှတိုက်ဒုတိယအချမ်းသာဆုံး ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ပိုင်ဆိုင်သမျှ အားလုံးနီးပါးဆုံးရှုံးကာ စီးပွားကျသွားသည့် သံဝေဂ ရဖွယ်ဖြစ်ရပ်ကြီး - Property News in Myanmar from iMyanmarHouse.com
24 Jan 2023 9:57 am တွင် တင်ခဲ့သည်
1717 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟွေ့ကယန်သည် တချိန်က တရုတ်ပြည်၏ အချမ်းသာဆုံးနှင့် သြဇာအရှိဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့ပြီး စီးပွားရေးနှင့် နိုင်ငံရေးအဆင့်အတန်းမြင့်မားမှုတို့ကို ပေါင်းကူးထားနိုင်ခဲ့သူ ဖြစ်သည်။

ယနေ့ကာလတွင်ကား ထိပ်တန်း တရုတ်အိမ်ခြံမြေကုမ္ပဏီကြီး Evergrande Group ၏ ဥက္ကဌဖြစ်သူ ဟွေ့ကာယန်၏ ပိုင်ဆိုင်မှုများမှာ တံလျှပ်သဖွယ် ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

Bloomberg ဘီလျံနာညွှန်းကိန်းအရ တချိန်က ကန်ဒေါ်လာ ၄၂ ဘီလီယံခန့် ချမ်းသာခဲ့ပြီး အာရှတိုက်တစ်ခု လုံးတွင် ဒုတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်နေရာတွင် ရပ်တည်ခဲ့သူ ဟွေ့ကာယန်သည် ယခုအခါ ကန်ဒေါ်လာ ၃ ဘီလီယံသာ ကြွယ်ဝတော့ပြီး ပိုင်ဆိုင်မှုအရပ်ရပ်၏ ၉၃ ရာခိုင်နှုန်းအထိ ဆုံးရှုံးသွားခဲ့သည်။

စီးပွားကျသွားသည့်နောက်ပိုင်း နိုင်ငံရေးနယ်တွင်လည်း လူဝင်မဆံ့တော့သည်ကို ဟွေ့ကာယန် တွေ့လာ ရသည်။

တရုတ်ပြည်တွင် အစိုးရဘက်မှ ခေါင်းဆောင်များနှင့် စီးပွားရေးလောကမှ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များ ဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့ရှိပြီး ‘တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC)’ဟု အမည်ပေးထားပြီး ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ကာ အမြဲတမ်းကော်မတီ၏ အဖွဲ့ဝင်ပေါင်း ၃၀၀ ရှိသည်။

ဟွေ့ကာယန်သည် အဆိုပါအဖွဲ့တွင် ၂၀၀၈ ခုနှစ်ကတည်းက ပါဝင်ခဲ့သည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း ဟွေ့ကာယန်၏ အိမ်ခြံမြေအင်ပါယာသည် တိုင်းပြည်ဘဏ်များ၏ ယုံစားမှု ဆုံးရှုံးခဲ့ပြီးနောက် CPPCC ၏ နှစ်ပတ်လည်ညီလာခံသို့ မတက်ရန် ပြောဆိုခြင်းခံခဲ့ရသည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သော CPPCC ၏ လာမည့် ၅ နှစ်တာ အဖွဲ့ဝင်စာရင်းတွင် ဟွေ့ကာယန်၏ အမည်ပင် ပါဝင်မလာတော့ချေ။

CPPCC မှ ထုတ်ပယ်ခံလိုက်ရခြင်းမှာ ဟွေ့ကာယန်အတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ရပ်ဖြစ်သော်လည်း သူ့တွင် အပေါင်းအဖော်များ ရှိနေသေးသည်။

Shimao Group Holdings လိမိတက်မှ Hui Wing Mau၊ Guangzhou R&F အိမ်ခြံမြေကုမ္ပဏီ၏ ပူးတွဲ တည်ထောင်သူ ကျန်းလီ (Zhang Li) နှင့် Powerlong အိမ်ခြံမြေကုမ္ပဏီမှ Hoi Kin Hong တို့သည်လည်း CPPCC တွင် ရွေးချယ်ခြင်းမခံရတော့သော အိမ်ခြံမြေကုမ္ပဏီပိုင်ရှင်များ ဖြစ်ကြသည်။

 

(ဟွေ့ကာယန်။ ဓာတ်ပုံ-Anthony Kwan/Bloomberg)

ယင်းခြေလှမ်းမှာ အိမ်ခြံမြေ Developer တို့အပေါ် တရုတ်အစိုးရ၏ သဘောထားအရွေ့ကို ပြသနေသည်။

အိမ်ခြံမြေ Developer များစွာမှာ တစ်နှစ်ကြာ အိမ်ခြံမြေအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီး လုပ်ငန်းရှင်များစွာ မျက်နှာသာပေးခြင်းမခံရတော့ကာ အိမ်ခြံမြေအကျပ်အတည်းမှာ တိုင်းပြည်၏ စီးပွားရေးတစ်ခုလုံးကိုလည်း ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာခဲ့သည်။

CPPCC အဖွဲ့ဝင်သစ်အဖြစ် ရွေးချယ်ခြင်းခံရသူများသည် လာမည့်မတ်လတွင် ပေကျင်းမြို့သို့ သွားကြမည် ဖြစ်ကာ အဖွဲ့၏ ၁၄ ကြိမ်မြောက် အမျိုးသားကော်မတီသို့ တက်ရောက်ပြီး နိုင်ငံရေး၊ လူမှုရေးကိစ္စရပ်များမှသည် ဥပဒေသစ်များနှင့် တိုင်းပြည်ဖွံ့ဖြိုးရေးအကြောင်းရပ်များအထိ ဆွေးနွေးကြမည် ဖြစ်သည်။

“CPPCC မှာ ရွေးချယ်တာက တိုင်းပြည်အတွက် အကူအညီတွေပေးတဲ့ စီးပွားရေးနယ်က အားထားရတဲ့ ပုဂ္ဂိုလ် တွေကို တရုတ်အစိုးရကပေးတဲ့ ဂုဏ်ထူးဆောင်ဆုသဖွယ်ပါပဲ။ ”ဟု ဟောင်ကောင်ရှိ Chinese University မှ တွဲဖက်ပါမောက္ခ Willy Lam က ပြောသည်။

Willy Lam သည် တရုတ်နိုင်ငံရေးနှင့်စပ်လျဉ်းသည့် စာအုပ်ပေါင်းများစွာ ရေးသားခဲ့သူလည်း ဖြစ်သည်။

“ဟွေ့ကာယန်လို အိမ်ခြံမြေ သူဌေးကြီးတွေ ရွေးချယ်မခံရတော့တာ အံသြစရာမရှိပါဘူး။ သူတို့ဟာ အကြွေးတွေ တောင်လိုပုံနေပြီး အိမ်ခြံမြေ ကဏ္ဍမှာ ပြဿနာ ဖန်တီးသူတွေ ဖြစ်ကြပါတယ်။”

 

 

(Hui Wing Mau ။ ဓာတ်ပုံ- South China Morning Post/South China Morning Post)

 

ထိုသို့ ထုတ်ပယ်ခံရသူများအနက် ဟွေ့ကာယန်မှာ ထိပ်တန်းအကျဆုံး အိမ်ခြံမြေ developer ဖြစ်ပြီး ဆယ်စုနှစ် ၃ ခုကျော် ကွန်မြူနစ်ပါတီဝင် ဖြစ်ခဲ့သူ ဖြစ်သည်။

Bloomberg ၏ ကြွယ်ဝမှု ညွှန်းကိန်းစာရင်းတွင် ဟွေ့ကာယန်၏ ကြွယ်ဝမှုမှာ ထိုးစိုက် ကျဆင်းသွားခဲ့သည်။

ဟွေ့ကာယန်ကို ကြွေးရှင် များစွာက ကြွေးတောင်းခဲ့ကြပြီး ကုမ္ပဏီအုပ်စုတစ်ခုက ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ကြွေးတောင်းခဲ့သည်။

ထို့အပြင် ဟွေ့ကာယန်၏ ကုမ္ပဏီသည် ၂၀၂၁ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာ တင်သွင်းရန် ပျက်ကွက်ခဲ့သောကြောင့် ကုမ္ပဏီရှယ်ယာများမှာ တစ်နှစ်နီးပါး ဆိုင်းငံ့ခြင်း ခံလိုက်ရသည်။

ကြွေးဆပ်ရန် ပျက်ကွက်သူ တစ်ဦးဖြစ်သည့် Shimao ၏ စတော့ပ်ရှယ်ယာများမှာလည်း ၂၀၂၂ မတ်လကတည်းက ဆိုင်းငံ့ခြင်းခံထားရသည်။

R&F ကုမ္ပဏီမှ Zhang သည်လည်း အမေရိကန်တွင် လာဘ်ပေးမှု စွဲချက်များဖြင့် လန်ဒန်မြို့တွင် ဖမ်းဆီးခံလိုက်ရပြီး ဒေါ်လာ ၁၆ သန်း အာမခံငွေ တင်လိုက်ရပြီးနောက် ယခုအခါ အိပ်ခန်း ၅ ခန်းပါ Penthouse ခန်းတွင် အကျယ်ချုပ် ဖမ်းဆီးခံထားရသည်။

အခြား ကုမ္ပဏီတစ်ခုဖြစ်သော Powerlong သည်လည်း ကုမ္ပဏီတန်ကြေး ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ရသည်။

 

(ကျန်းလီ ။ ဓာတ်ပုံ- gcmt/ICHPL Imaginechina)

 

သမ္မတ ရှီ ကျင့်ဖျင်၏ အားလုံးကြွယ်ဝရေး လမ်းစဉ်အရ ချမ်းသာမှု ဓန ပြန်လည် ဖြန့်ကျက်ရန် လုပ်ဆောင်လာရာ လုပ်ငန်းနယ်ပယ်များစွာ ဖိနှိပ်အရေးယူခြင်းများ ခံခဲ့ရသည်။

အိမ်ခြံမြေ ကဏ္ဍအတွက် ဆိုလျှင် ကြွေးမြီ လျော့ချရေးအတွက် တင်းကျပ်သော မျဉ်းနီသုံးကြောင်း မူဝါဒ ချမှတ်ခဲ့ရာ အိမ်ခြံမြေ ကဏ္ဍတွင် ရင်ဆိုင်နေရသော အကျပ်အတည်းကို ပိုမိုဆိုးဝါးလာစေပြီး ဘဏ်များ ၊ trust firm များနှင့် သန်းပေါင်းများစွာသော အိမ်ပိုင်ရှင်များကို အထိနာစေခဲ့သည်။

ပြီးခဲ့သော ၂ နှစ်တာအတွင်း တရုတ်ပြည်၏ အချမ်းသာဆုံး အိမ်ခြံမြေ လုပ်ငန်းရှင်ကြီးများသည် စုစုပေါင်း ကန်ဒေါ်လာ ၆၅ ဘီလီယံ ဆုံးရှုံးသွားကြကြောင်း Bloomberg၏ ကြွယ်ဝမှု ညွှန်းကိန်းတွင် ဖော်ပြသည်။

(ဆက်စပ်သတင်း)

https://www.imyanmarhouse.com/news/read/777796

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Evergrande Chairman, Once Worth $42 Billion, Loses 93% of Wealth (bloomberg)

 

 

 

 

[Zawgyi]

ဥစၥာဟူသည္ မ်က္လွည့္မ်ဳိး (သို႔မဟုတ္) တရုတ္ျပည္က အာရွတိုက္ဒုတိယအခ်မ္းသာဆံုး ေဆာက္လုပ္ေရးလုပ္ငန္းရွင္ သူေဌးၾကီး ပိုင္ဆိုင္သမွ် အားလံုးနီးပါးဆံုးရံႈးကာ စီးပြားက်သြားသည့္ သံေဝဂ ရဖြယ္ျဖစ္ရပ္ၾကီး

 

ေဟြ႔ကယန္သည္ တခ်ိန္က တရုတ္ျပည္၏ အခ်မ္းသာဆံုးႏွင့္ ၾသဇာအရွိဆံုးပုဂၢိဳလ္မ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္ခဲ့ျပီး စီးပြားေရးႏွင့္ ႏိုင္ငံေရးအဆင့္အတန္းျမင့္မားမႈတို႔ကို ေပါင္းကူးထားႏိုင္ခဲ့သူ ျဖစ္သည္။

ယေန႔ကာလတြင္ကား ထိပ္တန္း တရုတ္အိမ္ျခံေျမကုမၸဏီၾကီး Evergrande Group ၏ ဥကၠဌျဖစ္သူ ေဟြ႔ကာယန္၏ ပိုင္ဆိုင္မႈမ်ားမွာ တံလွ်ပ္သဖြယ္ ကြယ္ေပ်ာက္သြားခဲ့ျပီ ျဖစ္သည္။

Bloomberg ဘီလ်ံနာညႊန္းကိန္းအရ တခ်ိန္က ကန္ေဒၚလာ ၄၂ ဘီလီယံခန္႔ ခ်မ္းသာခဲ့ျပီး အာရွတိုက္တစ္ခု လံုးတြင္ ဒုတိယေျမာက္အခ်မ္းသာဆံုးပုဂၢိဳလ္ေနရာတြင္ ရပ္တည္ခဲ့သူ ေဟြ႔ကာယန္သည္ ယခုအခါ ကန္ေဒၚလာ ၃ ဘီလီယံသာ ၾကြယ္ဝေတာ့ျပီး ပိုင္ဆိုင္မႈအရပ္ရပ္၏ ၉၃ ရာခိုင္ႏႈန္းအထိ ဆံုးရံႈးသြားခဲ့သည္။

စီးပြားက်သြားသည့္ေနာက္ပိုင္း ႏိုင္ငံေရးနယ္တြင္လည္း လူဝင္မဆံ့ေတာ့သည္ကို ေဟြ႔ကာယန္ ေတြ႔လာ ရသည္။

တရုတ္ျပည္တြင္ အစိုးရဘက္မွ ေခါင္းေဆာင္မ်ားႏွင့္ စီးပြားေရးေလာကမွ ဒိတ္ဒိတ္ၾကဲပုဂၢိဳလ္မ်ား ဖြဲ႔စည္းထား သည့္ အဖြဲ႔တစ္ဖြဲ႔ရွိျပီး ‘တရုတ္ျပည္သူ႔ ႏိုင္ငံေရးအတိုင္ပင္ခံကြန္ဖရင့္ (CPPCC)’ဟု အမည္ေပးထားျပီး ၂၀၁၃ ခုႏွစ္တြင္ စတင္ခဲ့ျခင္းျဖစ္ကာ အျမဲတမ္းေကာ္မတီ၏ အဖြဲ႔ဝင္ေပါင္း ၃၀၀ ရွိသည္။

ေဟြ႔ကာယန္သည္ အဆိုပါအဖြဲ႔တြင္ ၂၀၀၈ ခုႏွစ္ကတည္းက ပါဝင္ခဲ့သည္။

ျပီးခဲ့ေသာ ၂၀၂၂ ခုႏွစ္အတြင္း ေဟြ႔ကာယန္၏ အိမ္ျခံေျမအင္ပါယာသည္ တိုင္းျပည္ဘဏ္မ်ား၏ ယံုစားမႈ ဆံုးရံႈးခဲ့ျပီးေနာက္ CPPCC ၏ ႏွစ္ပတ္လည္ညီလာခံသို႔ မတက္ရန္ ေျပာဆိုျခင္းခံခဲ့ရသည္။

ျပီးခဲ့ေသာ ဗုဒၶဟူးေန႔က ထုတ္ျပန္ခဲ့ေသာ CPPCC ၏ လာမည့္ ၅ ႏွစ္တာ အဖြဲ႔ဝင္စာရင္းတြင္ ေဟြ႔ကာယန္၏ အမည္ပင္ ပါဝင္မလာေတာ့ေခ်။

CPPCC မွ ထုတ္ပယ္ခံလုိက္ရျခင္းမွာ ေဟြ႔ကာယန္အတြက္ ၾကီးမားသည့္ ထိုးႏွက္ခ်က္တစ္ရပ္ျဖစ္ေသာ္လည္း သူ႔တြင္ အေပါင္းအေဖာ္မ်ား ရွိေနေသးသည္။

Shimao Group Holdings လိမိတက္မွ Hui Wing Mau၊ Guangzhou R&F အိမ္ျခံေျမကုမၸဏီ၏ ပူးတြဲ တည္ေထာင္သူ က်န္းလီ (Zhang Li) ႏွင့္ Powerlong အိမ္ျခံေျမကုမၸဏီမွ Hoi Kin Hong တို႔သည္လည္း CPPCC တြင္ ေရြးခ်ယ္ျခင္းမခံရေတာ့ေသာ အိမ္ျခံေျမကုမၸဏီပိုင္ရွင္မ်ား ျဖစ္ၾကသည္။

(ေဟြ႔ကာယန္။ ဓာတ္ပံု-Anthony Kwan/Bloomberg)

ယင္းေျခလွမ္းမွာ အိမ္ျခံေျမ Developer တို႔အေပၚ တရုတ္အစိုးရ၏ သေဘာထားအေရြ႕ကို ျပသေနသည္။

အိမ္ျခံေျမ Developer မ်ားစြာမွာ တစ္ႏွစ္ၾကာ အိမ္ျခံေျမအက်ပ္အတည္းႏွင့္ ရင္ဆိုင္ခဲ့ရျပီး လုပ္ငန္းရွင္မ်ားစြာ မ်က္ႏွာသာေပးျခင္းမခံရေတာ့ကာ အိမ္ျခံေျမအက်ပ္အတည္းမွာ တိုင္းျပည္၏ စီးပြားေရးတစ္ခုလံုးကိုလည္း ျခိမ္းေျခာက္မႈတစ္ရပ္ျဖစ္လာခဲ့သည္။

CPPCC အဖြဲ႔ဝင္သစ္အျဖစ္ ေရြးခ်ယ္ျခင္းခံရသူမ်ားသည္ လာမည့္မတ္လတြင္ ေပက်င္းျမိဳ႕သို႔ သြားၾကမည္ ျဖစ္ကာ အဖြဲ႔၏ ၁၄ ၾကိမ္ေျမာက္ အမ်ဳိးသားေကာ္မတီသို႔ တက္ေရာက္ျပီး ႏိုင္ငံေရး၊ လူမႈေရးကိစၥရပ္မ်ားမွသည္ ဥပေဒသစ္မ်ားႏွင့္ တိုင္းျပည္ဖြံ႔ျဖိဳးေရးအေၾကာင္းရပ္မ်ားအထိ ေဆြးေႏြးၾကမည္ ျဖစ္သည္။

“CPPCC မွာ ေရြးခ်ယ္တာက တိုင္းျပည္အတြက္ အကူအညီေတြေပးတဲ့ စီးပြားေရးနယ္က အားထားရတဲ့ ပုဂၢိဳလ္ ေတြကို တရုတ္အစိုးရကေပးတဲ့ ဂုဏ္ထူးေဆာင္ဆုသဖြယ္ပါပဲ။ ”ဟု ေဟာင္ေကာင္ရွိ Chinese University မွ တြဲဖက္ပါေမာကၡ Willy Lam က ေျပာသည္။

Willy Lam သည္ တရုတ္ႏိုင္ငံေရးႏွင့္စပ္လ်ဥ္းသည့္ စာအုပ္ေပါင္းမ်ားစြာ ေရးသားခဲ့သူလည္း ျဖစ္သည္။

“ေဟြ႕ကာယန္လို အိမ္ျခံေျမ သူေဌးၾကီးေတြ ေရြးခ်ယ္မခံရေတာ့တာ အံၾသစရာမရွိပါဘူး။ သူတို႔ဟာ အေၾကြးေတြ ေတာင္လုိပံုေနျပီး အိမ္ျခံေျမ က႑မွာ ျပႆနာ ဖန္တီးသူေတြ ျဖစ္ၾကပါတယ္။”

(Hui Wing Mau ။ ဓာတ္ပံု- South China Morning Post/South China Morning Post)

ထိုသုိ႔ ထုတ္ပယ္ခံရသူမ်ားအနက္ ေဟြ႔ကာယန္မွာ ထိပ္တန္းအက်ဆံုး အိမ္ျခံေျမ developer ျဖစ္ျပီး ဆယ္စုႏွစ္ ၃ ခုေက်ာ္ ကြန္ျမဴနစ္ပါတီဝင္ ျဖစ္ခဲ့သူ ျဖစ္သည္။

Bloomberg ၏ ၾကြယ္ဝမႈ ညႊန္းကိန္းစာရင္းတြင္ ေဟြ႔ကာယန္၏ ၾကြယ္ဝမႈမွာ ထိုးစိုက္ က်ဆင္းသြားခဲ့သည္။

ေဟြ႔ကာယန္ကို ေၾကြးရွင္ မ်ားစြာက ေၾကြးေတာင္းခဲ့ၾကျပီး ကုမၸဏီအုပ္စုတစ္ခုက ကန္ေဒၚလာ ၂ ဘီလီယံနီးပါး ေၾကြးေတာင္းခဲ့သည္။

ထို႔အျပင္ ေဟြ႔ကာယန္၏ ကုမၸဏီသည္ ၂၀၂၁ ခုႏွစ္ ႏွစ္ပတ္လည္ အစီရင္ခံစာ တင္သြင္းရန္ ပ်က္ကြက္ခဲ့ေသာေၾကာင့္ ကုမၸဏီရွယ္ယာမ်ားမွာ တစ္ႏွစ္နီးပါး ဆိုင္းငံ့ျခင္း ခံလိုက္ရသည္။

ေၾကြးဆပ္ရန္ ပ်က္ကြက္သူ တစ္ဦးျဖစ္သည့္ Shimao ၏ စေတာ့ပ္ရွယ္ယာမ်ားမွာလည္း ၂၀၂၂ မတ္လကတည္းက ဆိုင္းငံ့ျခင္းခံထားရသည္။

R&F ကုမၸဏီမွ Zhang သည္လည္း အေမရိကန္တြင္ လာဘ္ေပးမႈ စြဲခ်က္မ်ားျဖင့္ လန္ဒန္ျမိဳ႕တြင္ ဖမ္းဆီးခံလိုက္ရျပီး ေဒၚလာ ၁၆ သန္း အာမခံေငြ တင္လိုက္ရျပီးေနာက္ ယခုအခါ အိပ္ခန္း ၅ ခန္းပါ Penthouse ခန္းတြင္ အက်ယ္ခ်ဳပ္ ဖမ္းဆီးခံထားရသည္။

အျခား ကုမၸဏီတစ္ခုျဖစ္ေသာ Powerlong သည္လည္း ကုမၸဏီတန္ေၾကး ၈၀ ရာခုိင္ႏႈန္းေက်ာ္ က်ဆင္းသြားခဲ့ရသည္။

(က်န္းလီ ။ ဓာတ္ပံု- gcmt/ICHPL Imaginechina)

သမၼတ ရွီ က်င့္ဖ်င္၏ အားလံုးၾကြယ္ဝေရး လမ္းစဥ္အရ ခ်မ္းသာမႈ ဓန ျပန္လည္ ျဖန္႔က်က္ရန္ လုပ္ေဆာင္လာရာ လုပ္ငန္းနယ္ပယ္မ်ားစြာ ဖိႏွိပ္အေရးယူျခင္းမ်ား ခံခဲ့ရသည္။

အိမ္ျခံေျမ က႑အတြက္ ဆိုလွ်င္ ေၾကြးျမီ ေလ်ာ့ခ်ေရးအတြက္ တင္းက်ပ္ေသာ မ်ဥ္းနီသံုးေၾကာင္း မူဝါဒ ခ်မွတ္ခဲ့ရာ အိမ္ျခံေျမ က႑တြင္ ရင္ဆိုင္ေနရေသာ အက်ပ္အတည္းကို ပိုမိုဆိုးဝါးလာေစျပီး ဘဏ္မ်ား ၊ trust firm မ်ားႏွင့္ သန္းေပါင္းမ်ားစြာေသာ အိမ္ပိုင္ရွင္မ်ားကို အထိနာေစခဲ့သည္။

ျပီးခဲ့ေသာ ၂ ႏွစ္တာအတြင္း တရုတ္ျပည္၏ အခ်မ္းသာဆံုး အိမ္ျခံေျမ လုပ္ငန္းရွင္ၾကီးမ်ားသည္ စုစုေပါင္း ကန္ေဒၚလာ ၆၅ ဘီလီယံ ဆံုးရႈံးသြားၾကေၾကာင္း Bloomberg၏ ၾကြယ္ဝမႈ ညႊန္းကိန္းတြင္ ေဖာ္ျပသည္။

(ဆက္စပ္သတင္း)

https://www.imyanmarhouse.com/news/read/777796

 

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႕) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးနိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္နွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ျပီး ျမန္မာႏိုင္ငံတဝွမ္းလံုးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ နွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္ရွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသံုးျပဳေနျပီး ျမန္မာတစ္ႏိုင္ငံလံုးတြင္ နံပါတ္(၁) လူသံုးအမ်ားဆံုး အိမ္ျခံေျမေရာင္း၀ယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၱေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္နိုင္ငံလံုးတြင္ရွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားအျပင္ ထိုင္း၊ စင္ကာပူ၊ မေလးရွား အစရွိေသာ ျပည္ပႏိုင္ငံမ်ားမွ အိမ္ျခံေျမစီမံကိန္းမ်ားကိုလည္း ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) နွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစံုစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

  (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

Ref: Evergrande Chairman, Once Worth $42 Billion, Loses 93% of Wealth (bloomberg)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
bkk-projects
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service