အိမ်ငှါးရှိနေသည့် တိုက်ခန်းနှင့် ပေါင်နှံထားသည့်တိုက်ခန်း ဝယ်ခဲ့မိပါက……

အိမ်ငှါးရှိနေသည့် တိုက်ခန်းနှင့် ပေါင်နှံထားသည့်တိုက်ခန်း ဝယ်ခဲ့မိပါက…… - Property Knowledge in Myanmar from iMyanmarHouse.com
22 Jan 2023 11:58 am တွင် တင်ခဲ့သည်
663 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

သင်္ဃန်ကျွန်းမြို့နယ်တွင် ကြိုပ္ပိုင့် တိုက်ခန်းဝယ်ယူထားသူ ဦးဝင်းဇော်က ည(၉) နာရီတွင် မောင်ကောင်းဖေအား ဖုန်းဆက်လာသည်။ ဝယ်ယူထားတဲ့ကြိုပ္ပိုင့်တိုက်ခန်း အပြီး စာချုပ်ပေးဖို့ ဖုန်းဆက်သည့် အထင်ဖြင့် “ ဟုတ်ကဲ့ ” ဦးဝင်းဇော် ကြိုပ္ပိုင့်ဝယ်ထားတဲ့ တိုက်ခန်း လူနေထိုင်ခွင့်ရဖို့ တိုက်ခန်းအရောင်းအဝယ်စာချုပ် ပေးဖို့ လာခေါ်မလို့မဟုတ်လား “ မဟုတ်ဘူး ဆရာရေ အဲဒီတိုက်ခန်းက အကြမ်းထည်ပြီးတာနဲ့ ဝယ်မယ့်သူပေါ်လာလို့ သိန်း (၆၀) အမြတ်ရလို့ ပြန်ရောင်းလိုက်ပြီလေ …”

“ ဟင် …. ဒါဆို နောက်ထပ်စာချုပ်ပေးစရာမလိုတော့ဘူးပေါ့ ” ရောင်းလိုက်တာတော့မှန်ပါတယ်၊ နောက်ထပ်ဝယ်မယ့်အခန်းအတွက် စရန်ပေးစာချုပ်ချုပ်ပေးဖို့ အခုလိုကြိုပြီး ဖုန်းဆက်လိုက်တာဆရာ

“ အော်…ဟုတ်လား ….အခုဝယ်မှာလည်း ကြိုပွိုင့်ပဲလား ”

“ မဟုတ်ဘူးခင်ဗျာ… အခုဝယ်မှာ လူနေထိုင်ခွင့်ရလို့ ပိုင်ရှင်ကိုယ်တိုင်က ပြန်ရောင်းတာ ”

“ ဈေးတော်ရဲ့လား ”

“ အပေါ်ဆုံးအလွှာဝယ်မှာလေ။ ”

“ ဘယ်ရပ်ကွက်မှာလဲ ”

“ သင်္ဃန်ကျွန်း၊ ကြီးပွားရေးရပ်ကွက် မှာဘဲ ”

“ တန်ဖိုးက ဘယ်လောက်လဲ ”

“ သိန်း(၃၀၀) တဲ့ဆရာ ”

“ ဟုတ်လား ဈေးတန်တယ်လို့ဆိုရမှာပေါ့ ”

“ ပေါက်ဈေးကတော့ သိန်း (၃၅၀) လောက် ရှိတယ်လို့ ပွဲစားတွေကပြောတယ် ”

“ ကောင်းပြီလေ ဘယ်နေ့စရန်ချမှာလဲ ”

“ မနက်ဖြန်မနက် (၁၀) နာရီမှာ အဲ့ဒီရပ်ကွက်လမ်းထိပ်က လပ်ကီးလက်ဖက်ရည်ဆိုင်မှာ ချိန်ထားတယ်။ ဆရာ့ကို မနက် (၉)နာရီလာကြိုမယ်ဆရာ”

“ ဟုတ်ကဲ့…ကောင်းပါပြီ ” ဟု မောင်ကောင်းဖေလည်း ကတိပေးလိုက်သည်။ နောက့်နေ မနက် (၉)နာရီမှာ ဦးဝင်းဇော် ကားဖြင့်လာကြိုသဖြင့် စရန်ပေးစာချုပ်ချုပ်ဆိုမည့်

“ လပ်ကီးလက်ဖက်ရည်ဆိုင် သို့ လာခဲ့ကြသည် ”

 

 

အဆုံးမခံနိုင်လို့ ဈေးလျော့ရောင်းမည့်တိုက်ခန်း

“ မောင်ကောင်းဖေ ” တို့ရောက်သွားချိန်တွင် အမည်ပေါက် ပိုင်ရှင်၏ ခင်ပွန်းနှင့် ပွဲစား(၃)ဦးခန့်က လက်ဖက်ရည်ဆိုင်မှာ ဆီးကြိုကြသည်။ ဆိုင်တွင်းထိုင်လိုက်သည်နှင့် မောင်ကောင်းဖေ က တိုက်ခန်းနှင့် ပတ်သက်လို့ ပိုင်ဆိုင်မှုစာရွက်စာတမ်း လေးကိုကြည့်ပါရစေ ဆိုပြီး တောင်းကြည့်ရာ….

ရောင်းသူရဲ့ ခင်ပွန်းဖြစ်သူက ဒီလိုရှေ့နေကြီးရေ ရှက်လည်းရှက်ပါတယ်။ ရှက်လည်းမရှက်တော့ပါဘူး အဖြစ်မှန်ကိုတော့ ပြောပြရတော့မှာပေါ့။ ဟုတ်ကဲ့ ဆိုပါဦးခင်ဗျာ ကျွန်တော်က တိုက်ခန်း အရောင်းအဝယ်စာချုပ်တွေကို ပေါင်နှံပြီး နယ်စပ်မှာ အရောင်းအဝယ် သွားလုပ်တာ အဆင်မပြေခဲ့ဘူး။ ကုန်ရှုံးလာလို့ အတိုးကော အရင်းကော မပေးနိုင်တာလည်း (၆)လလောက် ရှိသွားပြီ။ ငွေလိုရင်ငွေနဲ့ပဲလိုက်နေတာမဟုတ်လား။ …အခုတော့ အတိုးအရင်းပေါင်းရင် တိုက်ခန်းပါဆုံးတော့မယ် အခြေအနေဖြစ်လာလို့ အခုလို ဈေးလျော့ပြီး ရောင်းလိုက်ရတာ ရှေ့နေကြီးရယ် …။

 

စရန်ငွေ များများပေးမှ ပိုင်ဆိုင်မှု စာချုပ်ရွေးနိုင်မည်

ဒါကြောင့် အခုလက်ရှိတော့ တိုက်ခန်းပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကြည့်ပြီး စရန်ပေး စာချုပ်ချုပ်ပေးပါ။ ဝယ်သူဘက်ကပေးတဲ့ စရန်ငွေနဲ့ တိုက်ခန်းအရောင်းအဝယ်စာချုပ်တွေ သွားရွေးပြီး ဝယ်သူလက်ထဲ အပ်နှံလိုက်မယ်ဗျာ။ အဲ့ဒါမှ ဝယ်သူဘက်ကလည်း ကျွန်တော်ကို ယုံမှာပေါ့ မဟုတ်ဘူးလား ။ မောင်ကောင်းဖေက ဦးဝင်းဇော် ဘက်သို့လှည့်ပြီး စရန်ငွေ ဘယ်လောက် ချရမှာလဲ …. ဟု မေးကြည့်ရာ သိန်း (၁၄၀) ဟု ပြောသဖြင့် စရန်ပေးစာချုပ်ဖို့ စဉ်းစားနေစဉ်……

ရှေ့နေကြီးက စရန်ချတာများလို့ စိတ်လေးသွားပုံရတယ်၊ စိတ်ချ.... စိတ်ချ ကျွန်တော်က ဒီရပ်ကွက်မှာ နာမည်တစ်လုံးနဲ့ နေတာ၊ ရပ်ကွက်အကျိုးသယ်ပိုးနေတဲ့သူ ကတိမပျက်စေရဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် သိန်း (၁၂၀) နဲ့ တိုက်ခန်းပိုင်ဆိုင်မှု စာချုပ်တွေ သွားရွေးမယ်၊ ဝယ်သူကိုယ်တိုင်လိုက်လာခဲ့ ရွေးပြီးတာနဲ့ တခါတည်း မူရင်းတွေ အပ်လိုက်မယ် ကျန်တဲ့ သိန်း (၂၀) လောက်ကတော့ အသုံးစရိတ်နဲ့ အခြားအကြွေးလေးတွေ ပေးစရာရှိသေးလို့ စုစုပေါင်း သိန်း (၁၄၀) တောင်တာပါ။

 

 

ရောင်းသူ ဝယ်သူလက်မှတ်ထိုးပါ လက်ဗွေ နှိပ်ခိုင်းပါ။

မောင်ကောင်းဖေလည်း ဝယ်သူဆန္ဒကိုမေးကြည့်ရာ ရောင်းသူပြောတဲ့အတိုင်း စရန်ချလိုက်မယ်ဆရာ။ ပွဲစားတွေကလည်း သူတိုနဲ့ အိမ်နီးနားချင်းတွေဆိုတော့ ရောင်းသူဘက်က တာဝန်ယူကြတယ်လေ ကဲ…ကဲ.. ရောင်းသူ ဝယ်သူအသံတူနေပြီဆိုတော့ စရန်ပေးစာချုပ်ဖို့ ရောင်းသူ၊ ဝယ်သူတို့ရဲ့ မှတ်ပုံတင် ၊ သန်ခေါင်းစာရင်း လေးတွေ ပြပါဦး ဟု ပြောရာ မူရင်း ရော မိတ္တူများပါ ထုတ်ပြသဖြင့် စရန်ပေးစာချုပ်ချုပ်ဆိုချိန်တွင် ရောင်းသူ၏ ဇနီး အမည်ပေါက်ကိုယ်တိုင်ရောက်လာပြီး လက်မှတ်ရေးထိုးသည်။ ခင်ပွန်းဖြစ်သူက အသိသက်သေ (၁) အဖြစ် လက်မှတ်ရေးထိုးပေးသည် ပြီးမှ ဝယ်သူနှင့် အကျိုးဆောင်ပွဲစားများက သက်သေအဖြစ် လက်မှတ်ရေးထိုးပေးကြသည်။

ဒီနောက်မှာတော့ ရောင်းသူ ဝယ်သူနှင့်ရောင်းသူ၏ ခင်ပွန်းတို့ကို စာချုပ်တွင် လက်ဗွေနှိပ်စေသည်။ နေ့စွဲတပ်ခိုင်းရသည်။

 

 

မြန်မာ ဓလေ့ထုံးဥပဒေနှင့် သက်သေခံဥပဒေနှင့် အညီ ဖြစ်ရမည်

ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတော့ လက်မှတ်ရော လက်ဗွေရော ပြုလုပ်ထားခြင်းအားဖြင့် အမှန်တကယ် အရောင်းအဝယ်ပြုလုပ်ကြောင်း သက်သေခိုင်လုံသည်။ စာချုပ်သည့်နေ့ တိကျသည်။ ရောင်းသူနှင့် ခင်ပွန်း တို့၏ လက်ဗွေ လက်ရေး၊ လက်မှတ်ယူထားခြင်းအားဖြင့် တိုက်ခန်းအရောင်းအဝယ်ပြုလုပ်ခြင်းသည် လင်မယားနှစ်ဦးသဘောတူကြောင်းထင်ရှားစေလို၍ ဖြစ်သည်။ မြန်မာဓလေ့ထုံးတမ်းဥပဒေအရလည်း တရားဝင်သည်။ အိမ်ထောင်စုစာရင်း တောင်းကြည့်ရခြင်းကတော့ ရောင်းသူ နှင့်ခင်ပွန်းတို့မှာ အတူနေ လင်မယား ဖြစ်မဖြစ် သိနိုင်သည်။ လိပ်စာလည်း အတိအကျသိရသည်။

 

 

ကျန်ငွေချေဖို့ရက် နှစ်ဦးသဘောတူညီချက်ပေါ်မူတည်သည်

 

ဤသို့ဖြင့် ရောင်းသူဘက်က စာချုပ်ပြီးသည်နှင့် ဝယ်သူနှင့် ပွဲစားတို့ကို ခေါ်၍ ငွေရှင်ထံမှ တိုက်ခန်းစာချုပ်မူရင်းများရွေးထုတ်ပြီး၊ ဝယ်သူလက်သို့ အပ်နှံပေးသည်။ ကျန်ငွေကို တစ်လခန့်ကြာမှ လက်ခံရန် နှစ်ဘက်တူညီကြသည်။ တစ်လခန့်စောင့်ခိုင်းခြင်းမှာ နှစ်ဦးစလုံးတွင် အခက်အခဲရှိသည်။ ရောင်းသူက ရောင်းလိုက်သည့်တိုက်ခန်းပေါ်တွင် လူငှါးတင်ထားသဖြင့် ဖယ်ပေးဖို့ တစ်လစောင့်ခိုင်ခြင်းဖြစ်သည်။ ဝယ်သူဘက်ကတစ်လစောင့်ခိုင်ခြင်းမှာ ကြိုပ္ပိုင့်တိုက်ခန်းရောင်းရငွေ အကျေမရသေး၍ ဖြစ်သည်။

 

အိမ်ငှါးဆင်းဖို့ ဆိုတာ စပေါ်အမ်း ရမည်

လူ့သဘောဆိုတာလည်း တစ်ခါတရံမှာ ပြောင်းလဲတတ်တဲ့ သဘောကိုရှိတတ်သည် ရောင်းသူများမှာ ငွေရှင်ထံမှ စာချုပ်များရွေးထုတ်ပြီးနောက် စိတ်အေးသွားပုံရသည်။

ထို့ကြောင့် ရောင်းထားသည့် တိုက်ခန်းပေါ်မှ အိမ်ငှါးများကို စပေါ်သိန်း (၅၀) အမ်းပြီး ဆင်းခိုင်းဖို့ ငွေမရှိတော့သဖြင့် ဆင်းပေးဖို့ မပြောဘဲနေလ်ိုက်ကြသည်။ ထိုအခါ အပြီးငွေချေမည့်နေ့ရက်ရောက်ခါနီးအထိ အိမ်ငှါးများကို အကြောင်းကြားတော့ခြင်းမရှိသည်ကို ဝယ်သူဘက်မှ သွားရောက်စုံစမ်းမှ သိရတော့သည်။

မတတ်သာသည့်အဆုံး အပြီးစာချုပ်ပြီး လက်ရောက်အပ်တဲ့နေ့မှာ ရပ်ကွက်လူကြီးရှေ့မှာ ရောင်းသူ၊ ဝယ်သူ ၊ အိမ်ငှါး ၊ သုံးပွင့်ဆိုင်တွေ့ဆုံပြီး နောက်ဆုံးငွေချေရသည်။ အိမ်ငှါးများက ရိုးသားသဖြင့် စပေါ် သိန်း (၅၀) ရပါက အိမ်ရှာပြီး ဆင်ပေးမည်ဟု ကတိပြုသည်။ ရပ်ကွက်လူကြီးကောင်းမှု့ကြောင့် သုံးဦးသုံးဖလှယ် အဆင်ပြေသွားကြလို့ မောင်ကောင်းဖေ လည်းရင်အေးသွားပါသည်။

သင်ခန်းစာအသစ်ရလိုက်တာကတော့ အိမ်ငှါးတင်ထားသည့် တိုက်ခန်းမျိုး ၊ ပေါင်နှံထားသည့်တိုက်ခန်းမျိုးဝယ်ခဲ့မည်ဆိုလျင် အခု မောင်ကောင်းဖေ ရဲ့ အတွေ့အကြုံကို သင်ခန်းစာယူပြီး ဝယ်ယူကြပါလို့ စေတနာကောင်းနဲ့ ဝေငှလိုက်ပါသည်။

မေတ္တာနှစ်လုံး၊ ကိုယ်စီသုံး၊ ရွှင်ပြုံးနိုင်ကြပါစေ။။။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

အိမ္ငွါးရွိေနသည့္ တိုက္ခန္းနွင့္ ေပါင္နွံထားသည့္တိုက္္ခန္း ဝယ္ခဲ့မိပါက……

 

သဃၤန္ကြၽန္းၿမိဳ႕နယ္တြင္ ႀကိဳပၸိဳင့္ တိုက္ခန္းဝယ္ယူထားသူ ဦးဝင္းေဇာ္က ည(၉) နာရီတြင္ ေမာင္ေကာင္းေဖအား ဖုန္းဆက္လာသည္။ ဝယ္ယူထားတဲ့ႀကိဳပၸိဳင့္တိုက္ခန္း အၿပီး စာခ်ဳပ္ေပးဖို႔ ဖုန္းဆက္သည့္ အထင္ျဖင့္ “ ဟုတ္ကဲ့ ” ဦးဝင္းေဇာ္ ႀကိဳပၸိဳင့္ဝယ္ထားတဲ့ တိုက္ခန္း လူေနထိုင္ခြင့္ရဖို႔ တိုက္ခန္းအေရာင္းအဝယ္စာခ်ဳပ္ ေပးဖို႔ လာေခၚမလို႔မဟုတ္လား “ မဟုတ္ဘူး ဆရာေရ အဲဒီတိုက္ခန္းက အၾကမ္းထည္ၿပီးတာနဲ႔ ဝယ္မယ့္သူေပၚလာလို႔ သိန္း (၆၀) အျမတ္ရလို႔ ျပန္ေရာင္းလိုက္ၿပီေလ …”

“ ဟင္ …. ဒါဆို ေနာက္ထပ္စာခ်ဳပ္ေပးစရာမလိုေတာ့ဘူးေပါ့ ” ေရာင္းလိုက္တာေတာ့မွန္ပါတယ္၊ ေနာက္ထပ္ဝယ္မယ့္အခန္းအတြက္ စရန္ေပးစာခ်ဳပ္ခ်ဳပ္ေပးဖို႔ အခုလိုႀကိဳၿပီး ဖုန္းဆက္လိုက္တာဆရာ

“ ေအာ္…ဟုတ္လား ….အခုဝယ္မွာလည္း ႀကိဳပြိဳင့္ပဲလား ”

“ မဟုတ္ဘူးခင္ဗ်ာ… အခုဝယ္မွာ လူေနထိုင္ခြင့္ရလို႔ ပိုင္႐ွင္ကိုယ္တိုင္က ျပန္ေရာင္းတာ ”

“ ေဈးေတာ္ရဲ႕လား ”

“ အေပၚဆုံးအလႊာဝယ္မွာေလ။ ”

“ ဘယ္ရပ္ကြက္မွာလဲ ”

“ သဃၤန္ကြၽန္း၊ ႀကီးပြားေရးရပ္ကြက္ မွာဘဲ ”

“ တန္ဖိုးက ဘယ္ေလာက္လဲ ”

“ သိန္း(၃၀၀) တဲ့ဆရာ ”

“ ဟုတ္လား ေဈးတန္တယ္လို႔ဆိုရမွာေပါ့ ”

“ ေပါက္ေဈးကေတာ့ သိန္း (၃၅၀) ေလာက္ ႐ွိတယ္လို႔ ပြဲစားေတြကေျပာတယ္ ”

“ ေကာင္းၿပီေလ ဘယ္ေန႔စရန္ခ်မွာလဲ ”

“ မနက္ျဖန္မနက္ (၁၀) နာရီမွာ အဲ့ဒီရပ္ကြက္လမ္းထိပ္က လပ္ကီးလက္ဖက္ရည္ဆိုင္မွာ ခ်ိန္ထားတယ္။ ဆရာ့ကို မနက္ (၉)နာရီလာႀကိဳမယ္ဆရာ”

“ ဟုတ္ကဲ့…ေကာင္းပါၿပီ ” ဟု ေမာင္ေကာင္းေဖလည္း ကတိေပးလိုက္သည္။ ေနာက့္ေန မနက္ (၉)နာရီမွာ ဦးဝင္းေဇာ္ ကားျဖင့္လာႀကိဳသျဖင့္ စရန္ေပးစာခ်ဳပ္ခ်ဳပ္ဆိုမည့္

“ လပ္ကီးလက္ဖက္ရည္ဆိုင္ သို႔ လာခဲ့ၾကသည္ ”

 

 

အဆုံးမခံႏိုင္လို႔ ေဈးေလ်ာ့ေရာင္းမည့္တိုက္ခန္း

“ ေမာင္ေကာင္းေဖ ” တို႔ေရာက္သြားခ်ိန္တြင္ အမည္ေပါက္ ပိုင္႐ွင္၏ ခင္ပြန္းႏွင့္ ပြဲစား(၃)ဦးခန္႔က လက္ဖက္ရည္ဆိုင္မွာ ဆီးႀကိဳၾကသည္။ ဆိုင္တြင္းထိုင္လိုက္သည္ႏွင့္ ေမာင္ေကာင္းေဖ က တိုက္ခန္းႏွင့္ ပတ္သက္လို႔ ပိုင္ဆိုင္မႈစာ႐ြက္စာတမ္း ေလးကိုၾကည့္ပါရေစ ဆိုၿပီး ေတာင္းၾကည့္ရာ….

ေရာင္းသူရဲ႕ ခင္ပြန္းျဖစ္သူက ဒီလိုေ႐ွ႕ေနႀကီးေရ ႐ွက္လည္း႐ွက္ပါတယ္။ ႐ွက္လည္းမ႐ွက္ေတာ့ပါဘူး အျဖစ္မွန္ကိုေတာ့ ေျပာျပရေတာ့မွာေပါ့။ ဟုတ္ကဲ့ ဆိုပါဦးခင္ဗ်ာ ကြၽန္ေတာ္က တိုက္ခန္း အေရာင္းအဝယ္စာခ်ဳပ္ေတြကို ေပါင္ႏွံၿပီး နယ္စပ္မွာ အေရာင္းအဝယ္ သြားလုပ္တာ အဆင္မေျပခဲ့ဘူး။ ကုန္႐ႈံးလာလို႔ အတိုးေကာ အရင္းေကာ မေပးႏိုင္တာလည္း (၆)လေလာက္ ႐ွိသြားၿပီ။ ေငြလိုရင္ေငြနဲ႔ပဲလိုက္ေနတာမဟုတ္လား။ …အခုေတာ့ အတိုးအရင္းေပါင္းရင္ တိုက္ခန္းပါဆုံးေတာ့မယ္ အေျခအေနျဖစ္လာလို႔ အခုလို ေဈးေလ်ာ့ၿပီး ေရာင္းလိုက္ရတာ ေ႐ွ႕ေနႀကီးရယ္ …။

 

စရန္ေငြ မ်ားမ်ားေပးမွ ပိုင္ဆိုင္မႈ စာခ်ဳပ္ေ႐ြးႏိုင္မည္

 

ဒါေၾကာင့္ အခုလက္႐ွိေတာ့ တိုက္ခန္းပိုင္ဆိုင္မႈ စာ႐ြက္စာတမ္းေတြၾကည့္ၿပီး စရန္ေပး စာခ်ဳပ္ခ်ဳပ္ေပးပါ။ ဝယ္သူဘက္ကေပးတဲ့ စရန္ေငြနဲ႔ တိုက္ခန္းအေရာင္းအဝယ္စာခ်ဳပ္ေတြ သြားေ႐ြးၿပီး ဝယ္သူလက္ထဲ အပ္ႏွံလိုက္မယ္ဗ်ာ။ အဲ့ဒါမွ ဝယ္သူဘက္ကလည္း ကြၽန္ေတာ္ကို ယုံမွာေပါ့ မဟုတ္ဘူးလား ။ ေမာင္ေကာင္းေဖက ဦးဝင္းေဇာ္ ဘက္သို႔လွည့္ၿပီး စရန္ေငြ ဘယ္ေလာက္ ခ်ရမွာလဲ …. ဟု ေမးၾကည့္ရာ သိန္း (၁၄၀) ဟု ေျပာသျဖင့္ စရန္ေပးစာခ်ဳပ္ဖို႔ စဥ္းစားေနစဥ္……

ေ႐ွ႕ေနႀကီးက စရန္ခ်တာမ်ားလို႔ စိတ္ေလးသြားပုံရတယ္၊ စိတ္ခ်.... စိတ္ခ် ကြၽန္ေတာ္က ဒီရပ္ကြက္မွာ နာမည္တစ္လုံးနဲ႔ ေနတာ၊ ရပ္ကြက္အက်ိဳးသယ္ပိုးေနတဲ့သူ ကတိမပ်က္ေစရဘူး။ ပြင့္ပြင့္လင္းလင္းေျပာရရင္ သိန္း (၁၂၀) နဲ႔ တိုက္ခန္းပိုင္ဆိုင္မႈ စာခ်ဳပ္ေတြ သြားေ႐ြးမယ္၊ ဝယ္သူကိုယ္တိုင္လိုက္လာခဲ့ ေ႐ြးၿပီးတာနဲ႔ တခါတည္း မူရင္းေတြ အပ္လိုက္မယ္ က်န္တဲ့ သိန္း (၂၀) ေလာက္ကေတာ့ အသုံးစရိတ္နဲ႔ အျခားအေႂကြးေလးေတြ ေပးစရာ႐ွိေသးလို႔ စုစုေပါင္း သိန္း (၁၄၀) ေတာင္တာပါ။

 

 

ေရာင္းသူ ဝယ္သူလက္မွတ္ထိုးပါ လက္ေဗြ ႏွိပ္ခိုင္းပါ

ေမာင္ေကာင္းေဖလည္း ဝယ္သူဆႏၵကိုေမးၾကည့္ရာ ေရာင္းသူေျပာတဲ့အတိုင္း စရန္ခ်လိုက္မယ္ဆရာ။ ပြဲစားေတြကလည္း သူတိုနဲ႔ အိမ္နီးနားခ်င္းေတြဆိုေတာ့ ေရာင္းသူဘက္က တာဝန္ယူၾကတယ္ေလ ကဲ…ကဲ.. ေရာင္းသူ ဝယ္သူအသံတူေနၿပီဆိုေတာ့ စရန္ေပးစာခ်ဳပ္ဖို႔ ေရာင္းသူ၊ ဝယ္သူတို႔ရဲ႕ မွတ္ပုံတင္ ၊ သန္ေခါင္းစာရင္း ေလးေတြ ျပပါဦး ဟု ေျပာရာ မူရင္း ေရာ မိတၱဴမ်ားပါ ထုတ္ျပသျဖင့္ စရန္ေပးစာခ်ဳပ္ခ်ဳပ္ဆိုခ်ိန္တြင္ ေရာင္းသူ၏ ဇနီး အမည္ေပါက္ကိုယ္တိုင္ေရာက္လာၿပီး လက္မွတ္ေရးထိုးသည္။ ခင္ပြန္းျဖစ္သူက အသိသက္ေသ (၁) အျဖစ္ လက္မွတ္ေရးထိုးေပးသည္ ၿပီးမွ ဝယ္သူႏွင့္ အက်ိဳးေဆာင္ပြဲစားမ်ားက သက္ေသအျဖစ္ လက္မွတ္ေရးထိုးေပးၾကသည္။

ဒီေနာက္မွာေတာ့ ေရာင္းသူ ဝယ္သူႏွင့္ေရာင္းသူ၏ ခင္ပြန္းတို႔ကို စာခ်ဳပ္တြင္ လက္ေဗြႏွိပ္ေစသည္။ ေန႔စြဲတပ္ခိုင္းရသည္။

 

 

ျမန္မာ ဓေလ့ထုံးဥပေဒႏွင့္ သက္ေသခံဥပေဒႏွင့္ အညီ ျဖစ္ရမည္

 

ဘာေၾကာင့္ ဒီလိုလုပ္ရသလဲဆိုေတာ့ လက္မွတ္ေရာ လက္ေဗြေရာ ျပဳလုပ္ထားျခင္းအားျဖင့္ အမွန္တကယ္ အေရာင္းအဝယ္ျပဳလုပ္ေၾကာင္း သက္ေသခိုင္လုံသည္။ စာခ်ဳပ္သည့္ေန႔ တိက်သည္။ ေရာင္းသူႏွင့္ ခင္ပြန္း တို႔၏ လက္ေဗြ လက္ေရး၊ လက္မွတ္ယူထားျခင္းအားျဖင့္ တိုက္ခန္းအေရာင္းအဝယ္ျပဳလုပ္ျခင္းသည္ လင္မယားႏွစ္ဦးသေဘာတူေၾကာင္းထင္႐ွားေစလို၍ ျဖစ္သည္။ ျမန္မာဓေလ့ထုံးတမ္းဥပေဒအရလည္း တရားဝင္သည္။ အိမ္ေထာင္စုစာရင္း ေတာင္းၾကည့္ရျခင္းကေတာ့ ေရာင္းသူ ႏွင့္ခင္ပြန္းတို႔မွာ အတူေန လင္မယား ျဖစ္မျဖစ္ သိႏိုင္သည္။ လိပ္စာလည္း အတိအက်သိရသည္။

 

 

က်န္ေငြေခ်ဖို႔ရက္ ႏွစ္ဦးသေဘာတူညီခ်က္ေပၚမူတည္သည္

 

ဤသို႔ျဖင့္ ေရာင္းသူဘက္က စာခ်ဳပ္ၿပီးသည္ႏွင့္ ဝယ္သူႏွင့္ ပြဲစားတို႔ကို ေခၚ၍ ေငြ႐ွင္ထံမွ တိုက္ခန္းစာခ်ဳပ္မူရင္းမ်ားေ႐ြးထုတ္ၿပီး၊ ဝယ္သူလက္သို႔ အပ္ႏွံေပးသည္။ က်န္ေငြကို တစ္လခန္႔ၾကာမွ လက္ခံရန္ ႏွစ္ဘက္တူညီၾကသည္။ တစ္လခန္႔ေစာင့္ခိုင္းျခင္းမွာ ႏွစ္ဦးစလုံးတြင္ အခက္အခဲ႐ွိသည္။ ေရာင္းသူက ေရာင္းလိုက္သည့္တိုက္ခန္းေပၚတြင္ လူငွါးတင္ထားသျဖင့္ ဖယ္ေပးဖို႔ တစ္လေစာင့္ခိုင္ျခင္းျဖစ္သည္။ ဝယ္သူဘက္ကတစ္လေစာင့္ခိုင္ျခင္းမွာ ႀကိဳပၸိဳင့္တိုက္ခန္းေရာင္းရေငြ အေက်မရေသး၍ ျဖစ္သည္။

 

အိမ္ငွါးဆင္းဖို႔ ဆိုတာ စေပၚအမ္း ရမည္

လူ႕သေဘာဆိုတာလည္း တစ္ခါတရံမွာ ေျပာင္းလဲတတ္တဲ့ သေဘာကို႐ွိတတ္သည္ ေရာင္းသူမ်ားမွာ ေငြ႐ွင္ထံမွ စာခ်ဳပ္မ်ားေ႐ြးထုတ္ၿပီးေနာက္ စိတ္ေအးသြားပုံရသည္။

ထို႔ေၾကာင့္ ေရာင္းထားသည့္ တိုက္ခန္းေပၚမွ အိမ္ငွါးမ်ားကို စေပၚသိန္း (၅၀) အမ္းၿပီး ဆင္းခိုင္းဖို႔ ေငြမ႐ွိေတာ့သျဖင့္ ဆင္းေပးဖို႔ မေျပာဘဲေနလ္ိုက္ၾကသည္။ ထိုအခါ အၿပီးေငြေခ်မည့္ေန႔ရက္ေရာက္ခါနီးအထိ အိမ္ငွါးမ်ားကို အေၾကာင္းၾကားေတာ့ျခင္းမ႐ွိသည္ကို ဝယ္သူဘက္မွ သြားေရာက္စုံစမ္းမွ သိရေတာ့သည္။

မတတ္သာသည့္အဆုံး အၿပီးစာခ်ဳပ္ၿပီး လက္ေရာက္အပ္တဲ့ေန႔မွာ ရပ္ကြက္လူႀကီးေ႐ွ႕မွာ ေရာင္းသူ၊ ဝယ္သူ ၊ အိမ္ငွါး ၊ သုံးပြင့္ဆိုင္ေတြ႕ဆုံၿပီး ေနာက္ဆုံးေငြေခ်ရသည္။ အိမ္ငွါးမ်ားက ႐ိုးသားသျဖင့္ စေပၚ သိန္း (၅၀) ရပါက အိမ္႐ွာၿပီး ဆင္ေပးမည္ဟု ကတိျပဳသည္။ ရပ္ကြက္လူႀကီးေကာင္းမႈ႕ေၾကာင့္ သုံးဦးသုံးဖလွယ္ အဆင္ေျပသြားၾကလို႔ ေမာင္ေကာင္းေဖ လည္းရင္ေအးသြားပါသည္။

သင္ခန္းစာအသစ္ရလိုက္တာကေတာ့ အိမ္ငွါးတင္ထားသည့္ တိုက္ခန္းမ်ိဳး ၊ ေပါင္ႏွံထားသည့္တိုက္ခန္းမ်ိဳးဝယ္ခဲ့မည္ဆိုလ်င္ အခု ေမာင္ေကာင္းေဖ ရဲ႕ အေတြ႕အၾကဳံကို သင္ခန္းစာယူၿပီး ဝယ္ယူၾကပါလို႔ ေစတနာေကာင္းနဲ႔ ေဝငွလိုက္ပါသည္။

ေမတၱာႏွစ္လုံး၊ ကိုယ္စီသုံး၊ ႐ႊင္ျပဳံးႏိုင္ၾကပါေစ။။။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
bkk-projects
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service