“အမြင်မတူရင်တောင် ကောင်းတာလေးတွေကို ရွေးပြီးလက်ခံလိုက်မယ်”

“အမြင်မတူရင်တောင် ကောင်းတာလေးတွေကို ရွေးပြီးလက်ခံလိုက်မယ်” - Property Knowledge in Myanmar from iMyanmarHouse.com
20 Jan 2023 12:23 pm တွင် တင်ခဲ့သည်
517 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ (iMyanmarHouse.com)

 [Unicode]

 

ကိုယ့်ရဲ့ထင်ပေါ်မှုအတွက် လုပ်ကြတယ်လို့ တစ်ဖက်ကတွေးကောင်းတွေးကြမှာပါပဲ။ တွေးမိဖို့လည်း များပါတယ်။ လူတွေဟာ များသောအားဖြင့် ကိုယ်ကျိုးအတွက် အရင်ဆုံး ရှေ့တန်းတင်ကြတာက များတတ်တယ်မို့လား။

ဘယ်လိုရည်ရွယ်ချက်နဲ့ စခဲ့စခဲ့။ကောင်းတဲ့အတွေးလေးတွေ ပါခဲ့ရင်တော့ လုပ်တဲ့အလုပ်ကနေ ကိုယ့်စိတ်ကို ပြန်ထိန်းကျောင်းပြီး လုပ်ရပ်ကောင်းတွေကို ပိုလုပ်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်မိပါတယ်။

တချို့က ကိုယ့်ဘဝတက်လမ်း၊ကိုယ့်အကျိုးစီးပွားဖြစ်ထွန်းဖို့အတွက် ပရဟိတလုပ်တာတွေ၊အလှူအတန်း ကုသိုလ်ပြုမှု လုပ်တာတွေကို လူမှုကွန်ရက်မှာတင်ပြီး လူစိတ်ဝင်စားအောင်လုပ်ကြတယ်။အကျိုးစီးပွားအတွက် လူမှုရေးဗန်းပြပြီး လုပ်စားကြတာမျိုးပါ။

ဒါကလည်း လုပ်ခွင့်မရှိဘူးလို့ ကန့်သတ်ထားတာလည်းမဟုတ်တော့ လုပ်နိုင်ခွင့်ရှိတယ်လို့ ပြောရမလိုပါဘဲ။ လိမ်လည်ကောက်ကျစ်မှုမပါဖို့သာ လိုပါတယ်။

 

ဖေ့စ်ဘုတ် လူမှုကွန်ရက်မှာ ဘုန်းကြီးတစ်ပါးက အနုမောဒနာထားပြီး မျှဝေတဲ့ ပရဟိတဗီဒီယိုကလစ်လေး တစ်ခုကို ကြည့်လိုက်ရပါတယ်။ လူငယ်လေးတစ်ယောက်က သူ့ရဲ့ အကောင့်ကနေတင်ထားတာကို ရဟန်းတစ်ပါးက ကြည့်ပြီး ကြည်နူးမှုနဲ့မျှဝေတာပါ။

ဗီဒီယိုလေးမှာ စက်ဘီးနဲ့မုန့်လိုက်ရောင်းတဲ့သူကို လူငယ်လေးတစ်ယောက်ကတားပြီး မုန့်ဝယ်တာလေးပါ။ မုန့်ရောင်းသူကို မုန့်ဝယ်ဖို့တားတာ ဘာထူးဆန်းလို့လဲပေါ့။မုန့်ဝယ်တာဟာ မထူးဆန်းပါဘူး။ဈေးရောင်းသူရဲ့ စိတ်လေးကပဲ ထူးဆန်းတာတွေ့ရတာပါ။

ဈေးရောင်းသူဆိုတာ ကိုယ့်စီကပစ္စည်းကို ဝယ်သူကအကုန်ဝယ်သွားရင် မြန်မြန်ကုန်အေးရောမဟုတ်လား။ ရောင်းသူအတော်များများ ဒီသဘောထားရှိကြပါလိမ့်မယ်။အချို့ဆို ကိုယ့်ပစ္စည်းမဝယ်မှာစိုးလို့တောင် ကောင်းကောင်း၊ဆိုးဆိုး မြန်မြန်ကုန်အောင် ဂျင်းထည့်ပြီးရောင်းချတာတွေတောင် တွေ့ရပါသေးတယ်။

အခုဗီဒီယိုမှာ ဈေးရောင်းသူက အမျိုးသမီးတစ်ယောက်ပါ။ဈေးဝယ်သူလူငယ်လေးက မုန့်ကို ၃၀၀၀ ဖိုး ဝယ်မယ်လို့ ပြောတော့.....

 

“တကယ်စားမှာမို့လို့လား”တဲ့

“တကယ်စားဖို့ပါ”လို့ လူငယ်လေးက ပြန်ပြောတယ်။

 

“ ၃၀၀၀ ဖိုးကြီးဆိုတော့…တမင်တကာများ…ဝယ်တာလားလို့” တဲ့ ဈေးရောင်းသူ အမျိုးသမီးက သူ့မုန့်တွေ အများကြီးအားပေးတဲ့ ဈေးဝယ်သူအပေါ် သံသယတောင်ဖြစ်နေရှာပါတယ်။မစားဘဲနဲ့ သက်သက်မယ့် မြန်မြန်ရောင်းကုန်အောင်လို့ အားပေးတာကို သူစိတ်မှာ မဖြစ်စေလိုတဲ့ ပုံစံပါပဲ။

လူငယ်လေးကလည်း “စားဖို့ဝယ်တာ၊စားဖို့ဝယ်တာ…တမင်တကာ သီးသန့်အားပေးတာ…”

ဈေးရောင်းသူ အမျိုးသမီးက “ဟယ်..အဲလိုမလုပ်ပါနဲ့…အခုချိန်က…ပိုက်ဆံရှားနေတာ…”

လူငယ်လေးက“ရောင်းကုန်အောင်အားပေးတာ”တဲ့။

“ကိုယ့်အတွက်…အဆင်မပြေဘဲနဲ့ မလုပ်ပါနဲ့”တဲ့။ သူပြောလိုသည်က ကိုယ်တကယ်မစားဘဲနဲ့ မဝယ်ပါနဲ့လို့ ဆို လိုခြင်းပင်။

“အစ်မကြီးအဆင်ပြေအောင်…သားကအားပေးတာပါ”

“အခုချိန်မှာ ပိုက်ဆံက ရှားနေတာပါ” တဲ့

“ရှားနေလို့ဘဲ မရှားအောင်ကို တစ်စုံတစ်ခုလေး ကူညီနေရတာပါ ” တဲ့ လူငယ်လေးဟာ စကားပြောရင်း အိတ်ထဲကို ထပ်နှိုက်ပြီး စာအိတ် အထပ်လိုက်လေးကို ထုတ်လိုက်ပါတယ်။ပါးစပ်ကလည်း “စပရိုက်ပါတယ်…ဒီအိတ်ထဲမှာ ပိုက်ဆံပါတယ်…အနည်းအများတော့မတူဘူးပေါ့..” လို့ပြောတော့။

ဈေးရောင်းသူ အမျိုးသမီးက “လုပ်ပြန်ပြီ…မယူတော့ပါဘူး ..များနေပြီ”တဲ့။စာအိတ်ထဲမှာ ပိုက်ဆံဘယ်လောက် ပါတယ်၊ မပါဘူးဆိုတာ သူကြည့်တောင် မကြည့်ရသေးဘဲနဲ့ မယူတော့ဘူးလို့ ငြင်းရဲခဲ့ပါတယ်။

 

သူ့အတွက် ငွေဟာလိုနေမှာပါ။ငွေဟာ သည်းခြေကြိုက်တစ်ခုပါပဲ။အလာကားယူဖို့ မဝံ့ရဲလို့ ဈေးရောင်းစားနေတဲ့ သူပါ။အတင်းပေးနေတော့ စာအိတ်အများကြီးထဲက တစ်အိတ်ကိုဆွဲယူလိုက်ပါတယ်။

သူယူလိုက်တဲ့ စာအိတ်ထဲမှာ တစ်ထောင်တန်ငွေဆယ်ရွက်။သူက ကြက်ဥ၊ဆီ၊ခေါက်ဆွဲတွေပေးထားလို့ တော်ပါပြီတဲ့။ သူများကို လှူလိုက်ပါတဲ့။သူများစီက မုန့်ယူပြီး ပြန်ရောင်းစားနေသူတစ်ယောက်ရဲ့ ပါးစပ်က ဒီလိုစကားမျိုး ပြောရက်ရဲတာကိုပါ။ ရိုးရိုးသားသား ဈေးရောင်းစားနေတာကို သူမရှက်ပါဘူး။

အလကားရတဲ့ငွေကို ယူလိုက်ရမှာကို စိုးရွံ့နေတဲ့ပုံပါပဲ။အလကားမယူဝံ့လို့ဘဲ သူ့မုန့်ကို အလကားပြန်ပေးခဲ့ ပါတယ်။

လှူတဲ့သူရဲ့စေတနာ ယူတဲ့သူရဲ့မေတ္တာ မြင်ရတာလေးက အတုယူစရာကောင်းလှပါတယ်။လှူသူဟာ ဘာရည်ရွယ်ချက်နဲ့ လုပ်လုပ် ဒီပြယုဂ်လေးက ကြည့်ရသူတွေရဲ့ နှလုံးသားကိုတော့ တစ်ခုခုပေးနိုင်စွမ်း ရှိတယ်လို့ ယူဆရင်း…။ ။

 

 

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Photo Credit : heinthuaung

 

 

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 [Zawgyi]

“အျမင္မတူရင္ေတာင္ ေကာင္းတာေလးေတြကို ေရြးၿပီးလက္ခံလိုက္မယ္”

 

ကိုယ့္ရဲ႕ထင္ေပၚမႈအတြက္ လုပ္ၾကတယ္လို႔ တစ္ဖက္ကေတြးေကာင္းေတြးၾကမွာပါပဲ။ ေတြးမိဖို႔လည္း မ်ားပါတယ္။ လူေတြဟာ မ်ားေသာအားျဖင့္ ကိုယ္က်ိဳးအတြက္ အရင္ဆုံး ေရွ႕တန္းတင္ၾကတာက မ်ားတတ္တယ္မို႔လား။

ဘယ္လိုရည္ရြယ္ခ်က္နဲ႔ စခဲ့စခဲ့။ေကာင္းတဲ့အေတြးေလးေတြ ပါခဲ့ရင္ေတာ့ လုပ္တဲ့အလုပ္ကေန ကိုယ့္စိတ္ကို ျပန္ထိန္းေက်ာင္းၿပီး လုပ္ရပ္ေကာင္းေတြကို ပိုလုပ္ျဖစ္လာလိမ့္မယ္လို႔ ကၽြန္ေတာ္ကေတာ့ ယုံၾကည္မိပါတယ္။

တခ်ိဳ႕က ကိုယ့္ဘဝတက္လမ္း၊ကိုယ့္အက်ိဳးစီးပြားျဖစ္ထြန္းဖို႔အတြက္ ပရဟိတလုပ္တာေတြ၊အလွဴအတန္း ကုသိုလ္ျပဳမႈ လုပ္တာေတြကို လူမႈကြန္ရက္မွာတင္ၿပီး လူစိတ္ဝင္စားေအာင္လုပ္ၾကတယ္။အက်ိဳးစီးပြားအတြက္ လူမႈေရးဗန္းျပၿပီး လုပ္စားၾကတာမ်ိဳးပါ။

ဒါကလည္း လုပ္ခြင့္မရွိဘူးလို႔ ကန္႔သတ္ထားတာလည္းမဟုတ္ေတာ့ လုပ္ႏိုင္ခြင့္ရွိတယ္လို႔ ေျပာရမလိုပါဘဲ။ လိမ္လည္ေကာက္က်စ္မႈမပါဖို႔သာ လုိပါတယ္။

ေဖ့စ္ဘုတ္ လူမႈကြန္ရက္မွာ ဘုန္းႀကီးတစ္ပါးက အႏုေမာဒနာထားၿပီး မွ်ေဝတဲ့ ပရဟိတဗီဒီယိုကလစ္ေလး တစ္ခုကို ၾကည့္လိုက္ရပါတယ္။ လူငယ္ေလးတစ္ေယာက္က သူ႔ရဲ႕ အေကာင့္ကေနတင္ထားတာကို ရဟန္းတစ္ပါးက ၾကည့္ၿပီး ၾကည္ႏူးမႈနဲ႔မွ်ေဝတာပါ။

ဗီဒီယိုေလးမွာ စက္ဘီးနဲ႔မုန္႔လိုက္ေရာင္းတဲ့သူကို လူငယ္ေလးတစ္ေယာက္ကတားၿပီး မုန္႔ဝယ္တာေလးပါ။ မုန္႔ေရာင္းသူကို မုန္႔ဝယ္ဖို႔တားတာ ဘာထူးဆန္းလို႔လဲေပါ့။မုန္႔ဝယ္တာဟာ မထူးဆန္းပါဘူး။ေဈးေရာင္းသူရဲ႕ စိတ္ေလးကပဲ ထူးဆန္းတာေတြ႔ရတာပါ။

ေဈးေရာင္းသူဆိုတာ ကိုယ့္စီကပစၥည္းကို ဝယ္သူကအကုန္ဝယ္သြားရင္ ျမန္ျမန္ကုန္ေအးေရာမဟုတ္လား။ ေရာင္းသူအေတာ္မ်ားမ်ား ဒီသေဘာထား႐ွိၾကပါလိမ့္မယ္။အခ်ိဳ႕ဆို ကိုယ့္ပစၥည္းမဝယ္မွာစိုးလို႔ေတာင္ ေကာင္းေကာင္း၊ဆိုးဆိုး ျမန္ျမန္ကုန္ေအာင္ ဂ်င္းထည့္ၿပီးေရာင္းခ်တာေတြေတာင္ ေတြ႕ရပါေသးတယ္။

အခုဗီဒီယိုမွာ ေဈးေရာင္းသူက အမ်ိဳးသမီးတစ္ေယာက္ပါ။ေဈးဝယ္သူလူငယ္ေလးက မုန္႔ကို ၃၀၀၀ ဖိုး ဝယ္မယ္လို႔ ေျပာေတာ့.....

“တကယ္စားမွာမို႔လို႔လား”တဲ့

“တကယ္စားဖို႔ပါ”လို႔ လူငယ္ေလးက ျပန္ေျပာတယ္။

“ ၃၀၀၀ ဖိုးႀကီးဆိုေတာ့…တမင္တကာမ်ား…ဝယ္တာလားလို႔” တဲ့ ေဈးေရာင္းသူ အမ်ိဳးသမီးက သူ႔မုန္႔ေတြ အမ်ားႀကီးအားေပးတဲ့ ေဈးဝယ္သူအေပၚ သံသယေတာင္ျဖစ္ေနရွာပါတယ္။မစားဘဲနဲ႔ သက္သက္မယ့္ ျမန္ျမန္ေရာင္းကုန္ေအာင္လို႔ အားေပးတာကို သူစိတ္မွာ မျဖစ္ေစလိုတဲ့ ပုံစံပါပဲ။

လူငယ္ေလးကလည္း “စားဖို႔ဝယ္တာ၊စားဖို႔ဝယ္တာ…တမင္တကာ သီးသန္႔အားေပးတာ…”

ေဈးေရာင္းသူ အမ်ိဳးသမီးက “ဟယ္..အဲလိုမလုပ္ပါနဲ႔…အခုခ်ိန္က…ပိုက္ဆံရွားေနတာ…”

လူငယ္ေလးက“ေရာင္းကုန္ေအာင္အားေပးတာ”တဲ့။

“ကိုယ့္အတြက္…အဆင္မေျပဘဲနဲ႔ မလုပ္ပါနဲ႔”တဲ႔။ သူေျပာလုိသည္က ကိုယ္တကယ္မစားဘဲနဲ႔ မဝယ္ပါနဲ႔လို႔ ဆို လိုျခင္းပင္။

“အစ္မႀကီးအဆင္ေျပေအာင္…သားကအားေပးတာပါ”

“အခုခ်ိန္မွာ ပိုက္ဆံက ရွားေနတာပါ” တဲ့

“ရွားေနလို႔ဘဲ မရွားေအာင္ကို တစ္စုံတစ္ခုေလး ကူညီေနရတာပါ ” တဲ့ လူငယ္ေလးဟာ စကားေျပာရင္း အိတ္ထဲကို ထပ္ႏိႈက္ၿပီး စာအိတ္ အထပ္လိုက္ေလးကို ထုတ္လိုက္ပါတယ္။ပါးစပ္ကလည္း “စပရိုက္ပါတယ္…ဒီအိတ္ထဲမွာ ပိုက္ဆံပါတယ္…အနည္းအမ်ားေတာ့မတူဘူးေပါ့..” လို႔ေျပာေတာ့။

ေဈးေရာင္းသူ အမ်ိဳးသမီးက “လုပ္ျပန္ၿပီ…မယူေတာ့ပါဘူး ..မ်ားေနၿပီ”တဲ့။စာအိတ္ထဲမွာ ပိုက္ဆံဘယ္ေလာက္ ပါတယ္၊ မပါဘူးဆိုတာ သူၾကည့္ေတာင္ မၾကည့္ရေသးဘဲနဲ႔ မယူေတာ့ဘူးလို႔ ျငင္းရဲခဲ့ပါတယ္။

သူ႔အတြက္ ေငြဟာလိုေနမွာပါ။ေငြဟာ သည္းေျခႀကိဳက္တစ္ခုပါပဲ။အလာကားယူဖို႔ မဝံ႔ရဲလို႔ ေဈးေရာင္းစားေနတဲ့ သူပါ။အတင္းေပးေနေတာ့ စာအိတ္အမ်ားႀကီးထဲက တစ္အိတ္ကိုဆြဲယူလိုက္ပါတယ္။

သူယူလိုက္တဲ့ စာအိတ္ထဲမွာ တစ္ေထာင္တန္ေငြဆယ္ရြက္။သူက ၾကက္ဥ၊ဆီ၊ေခါက္ဆြဲေတြေပးထားလို႔ ေတာ္ပါၿပီတဲ့။ သူမ်ားကို လွဴလိုက္ပါတဲ့။သူမ်ားစီက မုန္႔ယူၿပီး ျပန္ေရာင္းစားေနသူတစ္ေယာက္ရဲ႕ ပါးစပ္က ဒီလိုစကားမ်ိဳး ေျပာရက္ရဲတာကိုပါ။ ရိုးရိုးသားသား ေဈးေရာင္းစားေနတာကို သူမရွက္ပါဘူး။

အလကားရတဲ့ေငြကို ယူလိုက္ရမွာကို စိုးရြံ႕ေနတဲ့ပုံပါပဲ။အလကားမယူဝံ့လို႔ဘဲ သူ႔မုန္႔ကို အလကားျပန္ေပးခဲ့ ပါတယ္။

လွဴတဲ့သူရဲ႕ေစတနာ ယူတဲ့သူရဲ႕ေမတၱာ ျမင္ရတာေလးက အတုယူစရာေကာင္းလွပါတယ္။လွဴသူဟာ ဘာရည္ရြယ္ခ်က္နဲ႔ လုပ္လုပ္ ဒီျပယုဂ္ေလးက ၾကည့္ရသူေတြရဲ႕ ႏွလုံးသားကိုေတာ့ တစ္ခုခုေပးႏိုင္စြမ္း ရွိတယ္လို႔ ယူဆရင္း…။ ။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Photo Credit : heinthuaung

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လောကကြီးက အမြဲတမ်းချောမွေ့မနေပါဘူး
လောကကြီးက အမြဲတမ်းချောမွေ့မနေပါဘူး
အမျိုးသားများ တစ်လ ၂၁ ကြိမ်ထက်မနည်း သုတ်ပိုးထုတ်လွှတ်ပါက ဆီးကျိတ်ကင်ဆာကနေ ကာကွယ်နိုင်ကြောင်း ဟားဗတ်တက္ကသိုလ်ရဲ့လေ့လာမှုကနေဆိုထား...
အမျိုးသားများ တစ်လ ၂၁ ကြိမ်ထက်မနည်း သုတ်ပိုးထုတ်လွှတ်ပါက ဆီးကျိတ်ကင်ဆာကနေ ကာကွယ်နိုင်ကြောင်း ဟားဗတ်တက္ကသိုလ်ရဲ့လေ့လာမှုကနေဆိုထား...
ပြောင်းလဲသွားသော စာဖတ်ခြင်း
ပြောင်းလဲသွားသော စာဖတ်ခြင်း
ဖေဖော်ဝါရီလမွေးဖွားသူများ၏ အံ့ဖွယ်ထူးခြားချက်များ
ဖေဖော်ဝါရီလမွေးဖွားသူများ၏ အံ့ဖွယ်ထူးခြားချက်များ
“လွဲသော်လည်း မဆဲခဲ့ပါ”
“လွဲသော်လည်း မဆဲခဲ့ပါ”
မိမိနေအိမ်မှာ ပျားအုံစွဲခဲ့လျှင် အတိတ်နိမိတ် ကောင်းသလား? မကောင်းဘူးလား?
မိမိနေအိမ်မှာ ပျားအုံစွဲခဲ့လျှင် အတိတ်နိမိတ် ကောင်းသလား? မကောင်းဘူးလား?
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး
မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး
ပဲပင်ပေါက်ကို အိမ်မှာ ဘယ်လိုဖောက်ကြမလဲ
ပဲပင်ပေါက်ကို အိမ်မှာ ဘယ်လိုဖောက်ကြမလဲ
နေရေးထက် သေရေးခက်
နေရေးထက် သေရေးခက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

“အချစ်လိပ်ပြာလေး ဒီတိုင်းလေးသာပျံလိုက်ပါ”
“အချစ်လိပ်ပြာလေး ဒီတိုင်းလေးသာပျံလိုက်ပါ”
စုံတွဲအိပ်ယာပါ ပထမတန်းအခန်းများပါသည့် စင်္ကာပူလေကြောင်းလိုင်းမှ Airbus A380 လေယာဉ်ကြီး
စုံတွဲအိပ်ယာပါ ပထမတန်းအခန်းများပါသည့် စင်္ကာပူလေကြောင်းလိုင်းမှ Airbus A380 လေယာဉ်ကြီး
တွစ်တာကုမ္ပဏီ ဆန်ဖရန်စစ္စကိုရုံးချုပ်နေရာ ငှားရမ်းခမပေးသောကြောင့် တရားစွဲခံရ
တွစ်တာကုမ္ပဏီ ဆန်ဖရန်စစ္စကိုရုံးချုပ်နေရာ ငှားရမ်းခမပေးသောကြောင့် တရားစွဲခံရ
ပျော်ရွှင်စရာမွေးနေ့ ဖြစ်ပါစေ ကလေးရေ
ပျော်ရွှင်စရာမွေးနေ့ ဖြစ်ပါစေ ကလေးရေ
အိမ်နံပါတ် နှင့် ကံကြမ္မာ
အိမ်နံပါတ် နှင့် ကံကြမ္မာ
ဇနီးဟောင်း အင်ဂျလီနာဂျိုလီက နေအိမ်အနီး ပြောင်းရွှေ့လာသောကြောင့် ဘရက်ပစ်က သူ၏အိမ်ကို ဒေါ်လာ သန်း ၄၀ ဖြင့် အရောင်းဈေးကွက်တ
ဇနီးဟောင်း အင်ဂျလီနာဂျိုလီက နေအိမ်အနီး ပြောင်းရွှေ့လာသောကြောင့် ဘရက်ပစ်က သူ၏အိမ်ကို ဒေါ်လာ သန်း ၄၀ ဖြင့် အရောင်းဈေးကွက်တ
ဥစ္စာဟူသည် မျက်လှည့်မျိုး (သို့မဟုတ်) တရုတ်ပြည်က အာရှတိုက်ဒုတိယအချမ်းသာဆုံး ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ပိုင်ဆိုင
ဥစ္စာဟူသည် မျက်လှည့်မျိုး (သို့မဟုတ်) တရုတ်ပြည်က အာရှတိုက်ဒုတိယအချမ်းသာဆုံး ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ပိုင်ဆိုင
ငွေကြေးကျပ်တည်းမှုကြောင့် သစ်ပင်ပေါ်တွင် ၃ နှစ်နေထိုင်သည့် ထိုင်းအမျိုးသား
ငွေကြေးကျပ်တည်းမှုကြောင့် သစ်ပင်ပေါ်တွင် ၃ နှစ်နေထိုင်သည့် ထိုင်းအမျိုးသား
အမျိုးသားများ တစ်လ ၂၁ ကြိမ်ထက်မနည်း သုတ်ပိုးထုတ်လွှတ်ပါက ဆီးကျိတ်ကင်ဆာကနေ ကာကွယ်နိုင်ကြောင်း ဟားဗတ်တက္ကသိုလ်ရဲ့လေ့လာမှုက
အမျိုးသားများ တစ်လ ၂၁ ကြိမ်ထက်မနည်း သုတ်ပိုးထုတ်လွှတ်ပါက ဆီးကျိတ်ကင်ဆာကနေ ကာကွယ်နိုင်ကြောင်း ဟားဗတ်တက္ကသိုလ်ရဲ့လေ့လာမှုက
ခြောက်ခြားဖွယ် လျို့ဝှက်အခန်းပေါင်းများစွာနဲ့ Winchester စံအိမ်
ခြောက်ခြားဖွယ် လျို့ဝှက်အခန်းပေါင်းများစွာနဲ့ Winchester စံအိမ်
taunggyi-gardencity
shwe-einzali2

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store