အမေရိကန်တွင် တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်သော်လည်း အလုပ်ရှာမရသည့် အိမ်ယာမဲ့တစ်ဦးက စွန့်ပစ်ထားသော နေအိမ်တစ်လုံးကို ဒေါ်လာ ၁၅၀၀ ဖြင့် ဝယ်ယူခဲ့ပြီး ၁၀ နှစ်ကြာပြင်ဆင်နေထိုင်ခဲ့ပုံ

အမေရိကန်တွင် တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်သော်လည်း အလုပ်ရှာမရသည့် အိမ်ယာမဲ့တစ်ဦးက စွန့်ပစ်ထားသော နေအိမ်တစ်လုံးကို ဒေါ်လာ ၁၅၀၀ ဖြင့် ဝယ်ယူခဲ့ပြီး ၁၀ နှစ်ကြာပြင်ဆင်နေထိုင်ခဲ့ပုံ - Property News in Myanmar from iMyanmarHouse.com
19 Jan 2023 10:55 am တွင် တင်ခဲ့သည်
1023 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(မှတ်ချက်။ Business Insider တွင် ဖော်ပြသော A homeless Detroit man bought an abandoned house for $1,500 and spent 10 years renovating it for his wife ဆောင်းပါးမှ ကောက်နှုတ် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ iMyanmarHouse.com Team)

မိုက်ကယ်ဂရေးသည် ဒက်ထရွိုက်ဇာတိ ဖြစ်၏။

အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး အလုပ်ရက်များတွင် အိုဟိုင်းအိုးပြည်နယ်၊ Bowling Green မြို့တွင် စက်ပြင်ဆရာတစ်ဦးအဖြစ် လုပ်ကိုင်ကာ အလုပ်အားရက်များတွင် ဒက်ထရွိုက်မြို့၏ နေအိမ်တွင် ဇနီးဖြစ်သူ စင်သီယာနှင့်အတူ ကုန်လွန်ဖြတ်သန်းသည်။

မိုက်ကယ်ဂရေးတို့ ဇနီးမောင်နှံ၏ အိပ်ခန်း ၄ ခန်းပါ နေအိမ်ဇာတ်လမ်းမှာ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာမှ စတင်သည်။

 

 

မိုက်ကယ်ဂရေးက ထိုကာလအတွင်း ယခုအိမ်ကို တူဖြစ်သူထံမှ ဒေါ်လာ ၁၅၀၀ မျှဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်၏။

နေအိမ်မဝယ်မီက ဂရေးသည် တူမ၏အိမ်မှ မြေအောက်ခန်းထဲတွင် နေထိုင်ခဲ့ရသည်။

ဂရေးက Business Insider သို့ ပြောသည်မှာ မိမိမှာ အိမ်ယာမဲ့တစ်ဦးဖြစ်ကြောင်း၊ ကောလိပ်မှ ဘွဲ့ရထားသော်လည်း ဒက်ထရွိုက်တွင် အလုပ်ရှာ မရခဲ့ကြောင်း ပြောသည်။

၂၀၀၈ ခုနှစ်တွင် ကားတိုက်ခံရပြီးနောက် ရရှိလာသည့် လျော်ကြေးငွေမှ အချို့ကို အသုံးပြုကာ ယခုနေအိမ်ကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဂရေးက Business Insider သို့ ပြောသည်။

ဝယ်ယူလိုက်သည့်နေ့တွင်ပင် ထိုအိမ်သို့ ပြောင်းခဲ့ပြီး နေအိမ်အတွင်း အိပ်စက်နိုင်သည့် လေထိုးမွေ့ယာတစ်ခုမှ လွဲ၍ မည်သည့် ပစ္စည်းမှ မပါဝင်ချေ။ ထိုအချိန်က နေအိမ်၏ အခြေအနေမှာ ဆိုးရွားလှသည်။

ဂရေး၏ ပြောကြားချက်အရ နေအိမ်အတွင်း mites များ၊ ပင့်ကူများနှင့် ကြွက်များ သောင်းကျန်းနေပြီး အိမ်သာမှာလည်း အသုံးပြု၍ပင် မရဟု ဆိုသည်။

နောင် ၁၀ စုနှစ် တစ်ခုကျော်အကြာ ယနေ့ကာလအထိ ဂရေးသည် ထိုအိမ်တွင် နေထိုင်လျက်ရှိဆဲဖြစ်ပြီး နေအိမ်မှာမူ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားလေပြီ။

နေအိမ်အား ဂရေးက မည်သို့ ပြောင်းလဲလိုက်သည်ကို အောက်တွင် ဆက်လက်ဖတ်ရှုပါ။

ဂရေးက နေအိမ်ကို ပြင်ဆင်ခဲ့ပုံ ဓာတ်ပုံအယ်လ်ဘမ် ၂ ခုကို Business Insider သတင်းဌာနသို့ ပေးပို့ခဲ့သည်။

ဂရေး၏ နေအိမ်မှာ ဒက်ထရွိုက်မြို့မှ တက္ကသိုလ်ကျာင်းဝန်းအပြင်ဘက် ကပ်လျက်တွင် တည်ရှိသည်။

Detroit Mercy တက္ကသိုလ်နှင့် တစ်မိုင်ခန့်အကွာတွင် ရှိသည်။

 

 

(ဓာတ်ပုံ-Google Maps)

ဒက်ထရွိုက်သည် တချိန်က မော်တော်ကားလုပ်ငန်း ထွန်းကားခဲ့သည့်မြို့ဖြစ်သည်။

သို့သော် ၁၉၅၀ ပြည့်လွန်ကာလများအတွင်း မော်တော်ကားလုပ်ငန်းမှာ စတင်ကျဆင်းလာခဲ့ပြီးနောက် ကားထုတ်လုပ်ရေးကုမ္ပဏီများမှာ မြို့မှ ထွက်ခွာခဲ့ကြသည်။

၁၉၆၀ ပြည့်နှစ်တွင် ဒေသတွင်း နေထိုင်သူများစွာ ဒက်ထရွိုက်မှ အလုံးအရင်း ကျောခိုင်းစွန့်ခွာခဲ့ကြသည်။

၂၀၁၃ ခုနှစ်တွင် ဒက်ထရွိုက်မြို့သည် ဒေဝါလီခံရမှုမှ အကာအကွယ်ပေးရန် အစိုးရထံ လျှောက်ထားခဲ့သည်။

ဆယ်စုနှစ်တစ်ခုကြာမြင့်အပြီး ယနေ့အခါတွင် ဒက်ထရွိုက်၌ ပြန်လည်ရင်းနှီးမြှုပ်နှံသူ တစထက်တစ များပြားလာလျက် ရှိသည်။

 

 

(မိုက်ကယ်ဂရေး)

 

၂၀၀၉ ခုနှစ်တွင် ဂရေးသည် ယခုနေအိမ်ကို တူဖြစ်သူ ဆီဗက်စတာထံမှ ဒေါ်လာ ၁၅၀၀ ဖြင့် ဝယ်ယူခဲ့သည်။

 

 

 

 

(မိုက်ကယ်ဂရေး)

ဆီဗက်စတာသည် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေအေဂျင်စီဖြစ်သော Global Property Investment Group မှ အကျိုးဆောင်တစ်ဦး ဖြစ်သည်။

 

 

 

 

(ပြုပြင်မွမ်းမံမှုများ မပြုလုပ်ရသေးမီ မီးဖိုဆောင်ကို တွေ့ရပုံ။ ဓာတ်ပုံ - မိုက်ကယ်ဂရေး)

 

 

Global Property Investment Group ကုမ္ပဏီသည် အိမ်ခြံမြေများစွာ ဝယ်ယူထားပြီး ကုမ္ပဏီ၏ စီးပွားရေးလမ်းကြောင်းနှင့် မကိုက်ညီသည့် အိမ်ခြံမြေများကို ပြန်လည်ရောင်းထုတ်လေ့ရှိသည်။

ထိုအိမ်ခြံမြေများကို ရောင်းချပေးသူ ဆီဗက်စတာထံမှ ဂရေးက ဝယ်ယူလိုက်ခြင်းပင် ဖြစ်သည်။

ဂရေးဝယ်ယူလိုက်ချိန်တွင် နေအိမ်မှာ အလုံးစုံယိုယွင်းပျက်စီးနေခဲ့သည်။

ဓာတ်ပုံများတွင် တွေ့မြင်ရမှုအရ နံရံများမှ ဆေးများကွာကျနေပြီး ဝိုင်ယာကြိုးများမှာလည်း တွဲလောင်းကျနေပြီး ရေချိုးခန်းအသုံးအဆောင်ပစ္စည်းများမှာ ဖုံအတိလွှမ်းနေခဲ့သည်။

 

(ပြင်ဆင်မှုများ မပြုလုပ်ရသေးမီ ရေချိုးခန်း၏ မြင်ကွင်း။ ဓာတ်ပုံ- မိုက်ကယ်ဂရေး)

 

ထိုသို့ ဆိုးရွားသော အခြေအနေရှိသော်လည်း ဂရေးက ယင်းနေအိမ်သို့ ချက်ချင်းပြောင်းရွှေ့နေထိုင်ခဲ့သည်။

 

 

(ပြုပြင်မွမ်းမံမှုများ မလုပ်ရသေးမီ နံရံများမှ ဝိုင်ယာကြိုးများ တွဲလောင်းကျနေပုံ။ ဓာတ်ပုံ- မိုက်ကယ်ဂရေး)

 

“ဒက်ထရွိုက်မှာက ကိုယ်တိုင်လည်းမနေဘူး…နေမယ့်သူတစ်ယောက်ယောက်လည်း မရှိဘူးဆိုရင် ခင်ဗျား နေရာကို တခြားတစ်ယောက်ဝင်ယူသွားပါလိမ့်မယ်။ ၁၅ မိနစ်လောက်အတွင်းမှာ သွားပြီ”ဟု သူက Business Insider သို့ ရှင်းပြသည်။

နေအိမ်သို့ ဂရေးပြောင်းရွှေ့ချိန်တွင် ကြွက်များ၊ ပင့်ကူများနှင့် ကမျဉ်းနီကောင်များ သောင်းကျန်းလျက် ရှိသည်။

 

 

(master bedroom နောက်ဘက်မှ နေရာ။ ဓာတ်ပုံ-မိုက်ကယ်ဂရေး)

မိုက်ကယ်ဂရေးသည် အိမ်သာကိုပင် သုံး၍ မရခဲ့ချေ။

“ရေပိုက်လိုင်းတွေက အလုပ်မလုပ်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ အိမ်သာလည်း သုံးလို့မရပါဘူး”ဟု ၎င်းက ပြောသည်။

 

 

(မိုက်ကယ်ဂရေး)

ကနဦးတွင် မိုက်ကယ်ဂရေးသည် အပေါ်ထပ်ရှိ လေထိုးမွေ့ယာကြီးတစ်ခုတွင် အိပ်စက်ခဲ့ပြီး အခန်းများကို တစ်ခန်းပြီးတစ်ခန်း မွမ်းမံပြင်ဆင်ခဲ့သည်။

 

 

(မိုက်ကယ်ဂရေး)

ယခုနေအိမ်ကို မဝယ်မီက မိုက်ကယ်ဂရေးသည် အိမ်ယာမဲ့တစ်ဦး ဖြစ်သည်။

 

 

(မိုက်ကယ်ဂရေး)

“ကျွန်တော့်ဘဝမှာ ခက်ခဲကြမ်းတမ်းတဲ့ ကာလတွေ ဖြတ်သန်းခဲ့ရပါတယ်။ တူမနဲ့ အတူနေထိုင်ပြီး သူ့အိမ်က မြေအောက်ခန်းထဲမှာ အိပ်ရပါတယ်။”

 

 

 

(အခန်းတစ်ခန်း ထပ်မံရရှိရန်အတွက် ရေချိုးခန်းနံရံကို နောက်သို့ဆုတ်ခဲ့။ ဓာတ်ပုံ- Michael Gray)

 

 

မိုက်ကယ်ဂရေးက Business Insider သို့ပြောသည်မှာ ကောလိပ်ဘွဲ့ရတစ်ဦး ဖြစ်သော်လည်း ဒက်ထရိုက်တွင် အလုပ်ရှာမရခဲ့ကြောင်း ပြောသည်။

 

 

(မိုက်ကယ် ဂရေး)

ဂရေးသည် Spring Arbor တက္ကသိုလ်မှ ၁၉၈၆ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။ ဂရေးသည် အင်္ဂလိပ်စာ ၊ စိတ်ပညာ ၊ နှစ်ဘာသာ အဓိကဖြင့် ကျောင်းပြီးခဲ့ခြင်း ဖြစ်သည်။

တူမ၏ မြေအောက်ခန်းတွင် နေထိုင်စဉ် နေ့စားအလုပ်သမားတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ကြောင်း Business Insider သို့ ဂရေးက ပြောသည်။

သို့သော် ၂၀၀၈ ခုနှစ်တွင် သူ၏ ဘဝ အချိုးအကွေ့တစ်ခု ပြောင်းလဲရန် ကြုံလာခဲ့သည်။

ဂရေး စက်ဘီးစီးနေစဉ်အတွင်း ကားတစ်စီး၏ ဝင်တိုက်ခြင်း ခံရသည်။

ကားတိုက်ခံရမှုကြောင့် ရရှိလာသည့် လျော်ကြေးငွေကို သုံးကာ ဂရေးက စွန့်ပစ်ထားသော နေအိမ်တစ်လုံးကို ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

 

(ဧည့်ခန်းအတွင်းမှ မျက်နှာကြက်ဟောင်းကို ဖျက်သိမ်းခဲ့ပုံ။ ဓာတ်ပုံ- Michael Gray)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A homeless Detroit man bought an abandoned house for $1,500 and spent 10 years renovating it for his wife. Here's how he did it — and what it looks like now (businessinsider)

 

 

 

[Zawgyi]

အေမရိကန္တြင္ တကၠသိုလ္ဘြဲ႔ရတစ္ဦးျဖစ္ေသာ္လည္း အလုပ္ရွာမရသည့္ အိမ္ယာမဲ့တစ္ဦးက စြန္႔ပစ္ထားေသာ ေနအိမ္တစ္လံုးကို ေဒၚလာ ၁၅၀၀ ျဖင့္ ဝယ္ယူခဲ့ျပီး ၁၀ ႏွစ္ၾကာျပင္ဆင္ေနထိုင္ခဲ့ပံု

 

(မွတ္ခ်က္။ Business Insider တြင္ ေဖာ္ျပေသာ A homeless Detroit man bought an abandoned house for $1,500 and spent 10 years renovating it for his wife ေဆာင္းပါးမွ ေကာက္ႏႈတ္ ျမန္မာျပန္ဆိုထား ျခင္း ျဖစ္ပါသည္။ iMyanmarHouse.com Team)

မိုက္ကယ္ဂေရးသည္ ဒက္ထရြိဳက္ဇာတိ ျဖစ္၏။

အသက္ ၆၇ ႏွစ္အရြယ္ရွိျပီျဖစ္ျပီး အလုပ္ရက္မ်ားတြင္ အိုဟိုင္းအိုးျပည္နယ္၊ Bowling Green ျမိဳ႕တြင္ စက္ျပင္ဆရာတစ္ဦးအျဖစ္ လုပ္ကိုင္ကာ အလုပ္အားရက္မ်ားတြင္ ဒက္ထရြိဳက္ျမိဳ႕၏ ေနအိမ္တြင္ ဇနီးျဖစ္သူ စင္သီယာႏွင့္အတူ ကုန္လြန္ျဖတ္သန္းသည္။

မိုက္ကယ္ဂေရးတုိ႔ ဇနီးေမာင္ႏွံ၏ အိပ္ခန္း ၄ ခန္းပါ ေနအိမ္ဇာတ္လမ္းမွာ ၂၀၀၉ ခုႏွစ္၊ ႏိုဝင္ဘာမွ စတင္သည္။

မိုက္ကယ္ဂေရးက ထိုကာလအတြင္း ယခုအိမ္ကို တူျဖစ္သူထံမွ ေဒၚလာ ၁၅၀၀ မွ်ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္၏။

ေနအိမ္မဝယ္မီက ဂေရးသည္ တူမ၏အိမ္မွ ေျမေအာက္ခန္းထဲတြင္ ေနထိုင္ခဲ့ရသည္။

ဂေရးက Business Insider သို႔ ေျပာသည္မွာ မိမိမွာ အိမ္ယာမဲ့တစ္ဦးျဖစ္ေၾကာင္း၊ ေကာလိပ္မွ ဘြဲ႔ရထားေသာ္လည္း ဒက္ထရြိဳက္တြင္ အလုပ္ရွာ မရခဲ့ေၾကာင္း ေျပာသည္။

၂၀၀၈ ခုႏွစ္တြင္ ကားတိုက္ခံရျပီးေနာက္ ရရွိလာသည့္ ေလ်ာ္ေၾကးေငြမွ အခ်ဳိ႕ကို အသံုးျပဳကာ ယခုေနအိမ္ကို ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ဂေရးက Business Insider သို႔ ေျပာသည္။

ဝယ္ယူလိုက္သည့္ေန႔တြင္ပင္ ထိုအိမ္သို႔ ေျပာင္းခဲ့ျပီး ေနအိမ္အတြင္း အိပ္စက္ႏိုင္သည့္ ေလထိုးေမြ႔ယာတစ္ခုမွ လဲြ၍ မည္သည့္ ပစၥည္းမွ မပါဝင္ေခ်။ ထိုအခ်ိန္က ေနအိမ္၏ အေျခအေနမွာ ဆိုးရြားလွသည္။

ဂေရး၏ ေျပာၾကားခ်က္အရ ေနအိမ္အတြင္း mites မ်ား၊ ပင့္ကူမ်ားႏွင့္ ၾကြက္မ်ား ေသာင္းက်န္းေနျပီး အိမ္သာမွာလည္း အသံုးျပဳ၍ပင္ မရဟု ဆိုသည္။ ေနာင္ ၁၀ စုႏွစ္ တစ္ခုေက်ာ္အၾကာ ယေန႔ကာလအထိ ဂေရးသည္ ထိုအိမ္တြင္ ေနထိုင္လ်က္ရွိဆဲျဖစ္ျပီး ေနအိမ္မွာမူ မမွတ္မိႏိုင္ေလာက္ေအာင္ ေျပာင္းလဲသြားေလျပီ။

ေနအိမ္အား ဂေရးက မည္သုိ႔ ေျပာင္းလဲလိုက္သည္ကို ေအာက္တြင္ ဆက္လက္ဖတ္ရႈပါ။

ဂေရးက ေနအိမ္ကို ျပင္ဆင္ခဲ့ပံု ဓာတ္ပံုအယ္လ္ဘမ္ ၂ ခုကို Business Insider သတင္းဌာနသို႔ ေပးပို႔ခဲ့သည္။

ဂေရး၏ ေနအိမ္မွာ ဒက္ထရြိဳက္ျမိဳ႕မွ တကၠသိုလ္က်ာင္းဝန္းအျပင္ဘက္ ကပ္လ်က္တြင္ တည္ရွိသည္။

Detroit Mercy တကၠသိုလ္ႏွင့္ တစ္မိုင္ခန္႔အကြာတြင္ ရွိသည္။

(ဓာတ္ပံု-Google Maps)

ဒက္ထရြိဳက္သည္ တခ်ိန္က ေမာ္ေတာ္ကားလုပ္ငန္း ထြန္းကားခဲ့သည့္ျမိဳ႕ျဖစ္သည္။

သို႔ေသာ္ ၁၉၅၀ ျပည့္လြန္ကာလမ်ားအတြင္း ေမာ္ေတာ္ကားလုပ္ငန္းမွာ စတင္က်ဆင္းလာခဲ့ျပီးေနာက္ ကားထုတ္လုပ္ေရးကုမၸဏီမ်ားမွာ ျမိဳ႕မွ ထြက္ခြာခဲ့ၾကသည္။

၁၉၆၀ ျပည့္ႏွစ္တြင္ ေဒသတြင္း ေနထိုင္သူမ်ားစြာ ဒက္ထရြိဳက္မွ အလံုးအရင္း ေက်ာခိုင္းစြန္႔ခြာခဲ့ၾကသည္။

၂၀၁၃ ခုႏွစ္တြင္ ဒက္ထရြိဳက္ျမိဳ႕သည္ ေဒဝါလီခံရမႈမွ အကာအကြယ္ေပးရန္ အစိုးရထံ ေလွ်ာက္ထားခဲ့သည္။

ဆယ္စုႏွစ္တစ္ခုၾကာျမင့္အျပီး ယေန႔အခါတြင္ ဒက္ထရြိဳက္၌ ျပန္လည္ရင္းႏွီးျမွဳပ္ႏွံသူ တစထက္တစ မ်ားျပားလာလ်က္ ရွိသည္။

(မိုက္ကယ္ဂေရး)

၂၀၀၉ ခုႏွစ္တြင္ ဂေရးသည္ ယခုေနအိမ္ကို တူျဖစ္သူ ဆီဗက္စတာထံမွ ေဒၚလာ ၁၅၀၀ ျဖင့္ ဝယ္ယူခဲ့သည္။

(မိုက္ကယ္ဂေရး)

ဆီဗက္စတာသည္ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ အိမ္ျခံေျမေအဂ်င္စီျဖစ္ေသာ Global Property Investment Group မွ အက်ဳိးေဆာင္တစ္ဦး ျဖစ္သည္။

(ျပဳျပင္မြမ္းမံမႈမ်ား မျပဳလုပ္ရေသးမီ မီးဖိုေဆာင္ကို ေတြ႔ရပံု။ ဓာတ္ပံု - မိုက္ကယ္ဂေရး)

Global Property Investment Group ကုမၸဏီသည္ အိမ္ျခံေျမမ်ားစြာ ဝယ္ယူထားျပီး ကုမၸဏီ၏ စီးပြားေရးလမ္းေၾကာင္းႏွင့္ မကိုက္ညီသည့္ အိမ္ျခံေျမမ်ားကို ျပန္လည္ေရာင္းထုတ္ေလ့ရွိသည္။

ထိုအိမ္ျခံေျမမ်ားကို ေရာင္းခ်ေပးသူ ဆီဗက္စတာထံမွ ဂေရးက ဝယ္ယူလိုက္ျခင္းပင္ ျဖစ္သည္။

ဂေရးဝယ္ယူလိုက္ခ်ိန္တြင္ ေနအိမ္မွာ အလံုးစံုယိုယြင္းပ်က္စီးေနခဲ့သည္။

ဓာတ္ပံုမ်ားတြင္ ေတြ႔ျမင္ရမႈအရ နံရံမ်ားမွ ေဆးမ်ားကြာက်ေနျပီး ဝိုင္ယာၾကိဳးမ်ားမွာလည္း တြဲေလာင္းက်ေနျပီး ေရခ်ဳိးခန္းအသံုးအေဆာင္ပစၥည္းမ်ားမွာ ဖံုအတိလႊမ္းေနခဲ့သည္။

(ျပင္ဆင္မႈမ်ား မျပဳလုပ္ရေသးမီ ေရခ်ဳိးခန္း၏ ျမင္ကြင္း။ ဓာတ္ပံု- မိုက္ကယ္ဂေရး)

ထိုသို႔ ဆိုးရြားေသာ အေျခအေနရွိေသာ္လည္း ဂေရးက ယင္းေနအိမ္သို႔ ခ်က္ခ်င္းေျပာင္းေရႊ႕ေနထိုင္ခဲ့သည္။

(ျပဳျပင္မြမ္းမံမႈမ်ား မလုပ္ရေသးမီ နံရံမ်ားမွ ဝိုင္ယာၾကိဳးမ်ား တြဲေလာင္းက်ေနပံု။ ဓာတ္ပံု- မိုက္ကယ္ဂေရး)

“ဒက္ထရြိဳက္မွာက ကိုယ္တုိင္လည္းမေနဘူး…ေနမယ့္သူတစ္ေယာက္ေယာက္လည္း မရွိဘူးဆိုရင္ ခင္ဗ်ား ေနရာကို တျခားတစ္ေယာက္ဝင္ယူသြားပါလိမ့္မယ္။ ၁၅ မိနစ္ေလာက္အတြင္းမွာ သြားျပီ”ဟု သူက Business Insider သုိ႔ ရွင္းျပသည္။

ေနအိမ္သို႔ ဂေရးေျပာင္းေရႊ႕ခ်ိန္တြင္ ၾကြက္မ်ား၊ ပင့္ကူမ်ားႏွင့္ ကမ်ဥ္းနီေကာင္မ်ား ေသာင္းက်န္းလ်က္ ရွိသည္။

(master bedroom ေနာက္ဘက္မွ ေနရာ။ ဓာတ္ပံု-မိုက္ကယ္ဂေရး) မိုက္ကယ္ဂေရးသည္ အိမ္သာကိုပင္ သံုး၍ မရခဲ့ေခ်။

“ေရပိုက္လိုင္းေတြက အလုပ္မလုပ္ဘူး။ အဲဒါေၾကာင့္ ကၽြန္ေတာ္တို႔ အိမ္သာလည္း သံုးလို႔မရပါဘူး”ဟု ၎က ေျပာသည္။

(မိုက္ကယ္ဂေရး)

ကနဦးတြင္ မိုက္ကယ္ဂေရးသည္ အေပၚထပ္ရွိ ေလထိုးေမြ႔ယာၾကီးတစ္ခုတြင္ အိပ္စက္ခဲ့ျပီး အခန္းမ်ားကို တစ္ခန္းျပီးတစ္ခန္း မြမ္းမံျပင္ဆင္ခဲ့သည္။

(မိုက္ကယ္ဂေရး)

ယခုေနအိမ္ကို မဝယ္မီက မိုက္ကယ္ဂေရးသည္ အိမ္ယာမဲ့တစ္ဦး ျဖစ္သည္။ (မိုက္ကယ္ဂေရး)

“ကၽြန္ေတာ့္ဘဝမွာ ခက္ခဲၾကမ္းတမ္းတဲ့ ကာလေတြ ျဖတ္သန္းခဲ့ရပါတယ္။ တူမနဲ႔ အတူေနထိုင္ျပီး သူ႔အိမ္က ေျမေအာက္ခန္းထဲမွာ အိပ္ရပါတယ္။”

(အခန္းတစ္ခန္း ထပ္မံရရွိရန္အတြက္ ေရခ်ဳိးခန္းနံရံကို ေနာက္သို႔ဆုတ္ခဲ့။ ဓာတ္ပံု- Michael Gray)

မိုက္ကယ္ဂေရးက Business Insider သို႔ေျပာသည္မွာ ေကာလိပ္ဘြဲ႔ရတစ္ဦး ျဖစ္ေသာ္လည္း ဒက္ထရိုက္တြင္ အလုပ္ရွာမရခဲ့ေၾကာင္း ေျပာသည္။

(မိုက္ကယ္ ဂေရး)

ဂေရးသည္ Spring Arbor တကၠသိုလ္မွ ၁၉၈၆ ခုႏွစ္တြင္ ဘြဲ႔ရခဲ့သည္။ ဂေရးသည္ အဂၤလိပ္စာ ၊ စိတ္ပညာ ၊ ႏွစ္ဘာသာ အဓိကျဖင့္ ေက်ာင္းျပီးခဲ့ျခင္း ျဖစ္သည္။

တူမ၏ ေျမေအာက္ခန္းတြင္ ေနထိုင္စဥ္ ေန႔စားအလုပ္သမားတစ္ဦးအျဖစ္ လုပ္ကိုင္ခဲ့ေၾကာင္း Business Insider သို႔ ဂေရးက ေျပာသည္။

သို႔ေသာ္ ၂၀၀၈ ခုႏွစ္တြင္ သူ၏ ဘဝ အခ်ိဳးအေကြ႔တစ္ခု ေျပာင္းလဲရန္ ၾကံဳလာခဲ့သည္။

ဂေရး စက္ဘီးစီးေနစဥ္အတြင္း ကားတစ္စီး၏ ဝင္တိုက္ျခင္း ခံရသည္။

ကားတိုက္ခံရမႈေၾကာင့္ ရရွိလာသည့္ ေလ်ာ္ေၾကးေငြကို သံုးကာ ဂေရးက စြန္႔ပစ္ထားေသာ ေနအိမ္တစ္လံုးကို ဝယ္ယူႏိုင္ခဲ့ျခင္း ျဖစ္သည္။

(ဧည့္ခန္းအတြင္းမွ မ်က္ႏွာၾကက္ေဟာင္းကို ဖ်က္သိမ္းခဲ့ပံု။ ဓာတ္ပံု- Michael Gray)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A homeless Detroit man bought an abandoned house for $1,500 and spent 10 years renovating it for his wife. Here's how he did it — and what it looks like now (businessinsider)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service