ယောက္ခမဟောင်းကို ချဉ်နေသော ရှက်ကီရာက သူ့အိမ်နှင့် ယောက္ခမအိမ်ကြား အုတ်တံတိုင်းခတ်ခဲ့ သည့်အပြင် နေအိမ်ဝရံတာတွင် သရဲရုပ် ချိတ်ဆွဲကာ ယောက္ခမအား ခြောက်လှန့်

ယောက္ခမဟောင်းကို ချဉ်နေသော ရှက်ကီရာက သူ့အိမ်နှင့် ယောက္ခမအိမ်ကြား အုတ်တံတိုင်းခတ်ခဲ့ သည့်အပြင် နေအိမ်ဝရံတာတွင် သရဲရုပ် ချိတ်ဆွဲကာ ယောက္ခမအား ခြောက်လှန့် - Property News in Myanmar from iMyanmarHouse.com
19 Jan 2023 10:36 am တွင် တင်ခဲ့သည်
2121 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(ရှက်ကီရာသည် ဘေးခြံတွင် နေသော ခင်ပွန်းဟောင်း ပီကေး၏ မိဘများ နေအိမ်နှင့် သူ၏ နေအိမ်ကြား အုတ်တံတိုင်း ခတ်ခဲ့သည်။)

ရှက်ကီရာနှင့် ဂျရတ်ပီကေးတို့ လမ်းခွဲပြီးနောက်ပိုင်း ကိုလံဘီယာအဆိုတော် ရှက်ကီရာသည် နှစ်ဦးအတူ နေထိုင်ခဲ့သော နေအိမ်တွင် ဆက်လက်နေထိုင်ခဲ့ပြီး ဘောလုံးကြယ်ပွင့် ပီကေးမှာ ထိုအိမ်မှ ထွက်ခွာခဲ့သည်။

ပီကေး၏ မိဘများမှာ ဘေးအိမ်တွင် နေထိုင်ခြင်းဖြစ်ရာ ခင်ပွန်းနှင့် ကွာရှင်းပြီးနောက်ပိုင်း ပြဿနာများ ရှိလာသည်။

(ရှက်ကီရာက သူ၏ သီချင်းဖွင့်ကာ နေအိမ်အတွင်း ပါတီပွဲ ကျင်းပခဲ့ပုံ။)

ရှက်ကီရာသည် အမေရိကန်ပြည်ထောင်စု ၊ မိုင်အမ်မီ (Miami) သို့ ပြောင်းရွှေ့ရန် စီစဉ်ထားသော်လည်း လက်ရှိအချိန်အထိ စပိန်နိုင်ငံ ၊ ဘာစီလိုနာမြို့တွင် ခင်ပွန်းဟောင်း၏ မိဘများနှင့် အိမ်ဘေးချင်းကပ် ဆက်လက်နေထိုင်နေခြင်း ဖြစ်သည်။

ရှက်ကီရာသည် မကြာသေးမီက 'BZRP Music Sessions #53' အမည်ရှိ သီချင်းတစ်ပုဒ်ကို သီဆိုခဲ့ရာ အဆိုပါ သီချင်းအတွင်း ခင်ပွန်းဟောင်း ပီကေးအကြောင်း ဝေဖန်ထိုးနှက်ထားသည့် သီချင်းစာသားများ ပါဝင်ကာ အင်တာနက် သုံးစွဲသူများအကြား များစွာ ကျော်ကြားခဲ့သည်။

ထိုသီချင်းထွက်လာပြီး နောက်ရက်များတွင် ရှက်ကီရာနှင့် ယောက္ခမဟောင်း ၊ ပီကေး၏ မိခင် Montserrat Bernabeu တို့အကြား ပဋိပက္ခ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။

ယခုအခါ ရှက်ကီရာက ပီကေး၏ မိဘများနှင့် အဆက်ဖြတ်ရန်အတွက် နေအိမ်နှစ်လုံးကြား အုတ်တံတိုင်းတစ်ခု ခတ်လျှက်ရှိသည်။

နေအိမ်များမှာ သီးခြားစီ ဖြစ်သော်လည်း အချို့နေရာများတွင် ဆက်ဆက်နေသောကြောင့် ဖြစ်သည်။

စောင့်ကြည့် ကင်မရာများတွင် တွေ့ရှိရချက်အရ ရှက်ကီရာ၏ ခြံဝန်းအတွင်း ဘိလပ်မြေဖျော်စက်ကားကြီးတစ်စင်းဖြင့် ရှက်ကီရာက ခြံဝန်းခတ်နေပုံကို တွေ့ရသည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ယောက္ခမဟောင်းများနှင့်ပဋိပက္ခ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ရှက်ကီရာက ယခုကဲ့သို့ အုတ်တံတိုင်းခတ်လိုက်ခြင်းလည်း ဖြစ်သည်။

ပြဿနာဖြစ်ရခြင်း၏ အကြောင်းရင်းများတွင် ရှက်ကီရာက သူ့အိမ်ဝရံတာတွင် အနက်ရောင် သရဲရုပ်ကြီး ချိတ်ဆွဲထားခဲ့ခြင်းကြောင့်လည်း ပါဝင်သည်။

ထိုသရဲရုပ်ကြီးသည် ယောက္ခမဟောင်းများ၏ အိမ်ဘက်သို့ တိုက်ရိုက်မျက်နှာမူထားရာ ပီကေး၏ မိခင်က ထိုအရုပ်ကြီး ဖယ်ပေးရန် ပြောခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ရှက်ကီရာက ပီကေးကို ဝေဖန်ထိုးနှက်ထားသည့် သီချင်းစာသားများ ပါဝင်သော သူ၏ သီချင်းသစ်ကို ယောက္ခဟောင်းများ ကြားစေရန် နေအိမ်အတွင်းမှ ဆောင်းဘောက်များဖြင့် ကျယ်လောင်စွာ ဖွင့်ခဲ့သည်။

“ယောက္ခမဟောင်းတွေ ဒီသီချင်းကို ကြားရမယ် ထင်တာပဲ”ဟု ရှက်ကီရာက ပြောသည်။

နေအိမ်များမှာ အလွန်နီးကပ်လှသည့် အပြင် ပြတင်းပေါက်များမှာလည်း ဖွင့်လှစ်ထားလေ့ရှိရာ အလွယ်တကူကြားနိုင်မည်သာ ဖြစ်သည်။

(ရှက်ကီရာက သီချင်းကို အလွန်ကျယ်လောင်စွာ ဖွင့်လှစ်ရာ ပီကေး၏ မိခင်မှာ ရှောင်ပြေးရန် မဖြစ်နိုင်တော့ချေ။)

ထို့အပြင် ၂၀၁၂ ခုနှစ်ကတည်းက ဗွီဒီယိုဖိုင် တစ်ခုမှာလည်း လူမှုကွန်ရက်တွင် တစ်ဖန်ပြန်လည် ပျံ့နှံ့လာသည်။

ထိုဗွီဒီယိုဖိုင်အတွင်း ရှက်ကီရာက ပီကေး၏ မိခင် Montserrat Bernabeu ၏ အကြံပေးချက်အပေါ် ဝေဖန်ထားခြင်း ဖြစ်သည်။

ပီကေး၏ မိခင်က ရှက်ကီရာကို ဆံပင်တိုတိုညှပ်သင့်သည်ဟု အကြံပေးခဲ့ခြင်းဖြစ်သည်။

“ယောက္ခမရေ … ရှင့်အကြံကို ကျွန်မနောက်ထပ် ဘယ်တော့မှ နားမထောင်တော့ပါဘူး” ဟု ရှက်ကီရာက ဗွီဒီယိုဖိုင်အတွင်း ပြောကြားထားသည်။

ထိုဒေသတွင် နေထိုင်သော ဒေသခံများက ပြောသည်မှာ ရှက်ကီရာသည် သူ၏ နေအိမ်မှ သီချင်းကို အသံကုန်ဖွင့်လှစ်ထားသည်ကို ကြားရကြောင်း ၊ သီချင်းစာသားများတွင် ပီကေးနှင့် သူ၏ ချစ်သူသစ် မိန်းကလေးတို့ကို ရည်ညွှန်းသည့် စာသားများ ပါဝင်ကြောင်း ပြောသည်။

(ရှက်ကီရာ၏ နေအိမ်ဝရံတာတွင် လူအရွယ်အစားရှိ သရဲရုပ်ကြီး ချိတ်ဆွဲထားပုံ )

ရှက်ကီရာက သူ၏ သီချင်းထဲတွင် ခင်ပွန်းဟောင်း ပီကေးကို ရည်ညွှန်းသည့် သီချင်းစာသားများ ထည့်သွင်းသီဆိုခဲ့ရာ ပီကေးသည် ရှက်ကီရာနှင့် လမ်းမခွဲမီ တစ်နှစ်ခန့်အလိုကတည်းက ချစ်သူသစ်နှင့် စတွဲနေခဲ့ကြောင်း ရည်ညွှန်းထားသည်။

“ငါက ၂၂ နှစ် ၂ ယောက်စာ တန်တယ်…နင်က (အကောင်းစား) Ferrari ကားကို Twingo နဲ့ လဲလိုက်တယ်…နင်က ရိုးလက်စ်နာရီကို ကာစီယိုနဲ့ လဲလိုက်တယ်” ဟူသော စာသားများ ပါဝင်သည်။

(ရှက်ကီရာ၏ သီချင်းသစ်တွင် ပီကေးနှင့် ချစ်သူသစ် Clara Chia Marti တို့ကို ရည်ညွှန်းသည့် စာသားများအပြင် ယောက္ခမဟောင်းကို ရည်ညွှန်းသည့်စာသားများလည်း ပါဝင်သည်။ …နင်က ယောက္ခမကို အိမ်နီးချင်းအနေနဲ့ ထားခဲ့တယ်….အိမ်တံခါးဝမှာ သတင်းမီဒီယာ….အိမ်ထဲမှာက အကြွေးတွေနဲ့…)

သားဖြစ်သူ ပီကေး၏ ချစ်သူသစ်ကို အလွယ်တကူ လက်ခံသဘောတူခဲ့ပြီးနောက်ပိုင်း ရှက်ကီရာနှင့် ပီကေး၏မိခင် Montserrat Bernabeu တို့အကြားဆက်ဆံရေးမှာ ဆိုးရွားလာခဲ့သည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Shakira builds a wall to separate her house from Pique's parents, who are next-door neighbors (amp, nypost , dailymail)

[Zawgyi]

ေယာကၡမေဟာင္းကို ခ်ဥ္ေနေသာ ရွက္ကီရာက သူ႔အိမ္ႏွင့္ ေယာကၡမအိမ္ၾကား အုတ္တံတိုင္းခတ္ခဲ့ သည့္အျပင္ ေနအိမ္ဝရံတာတြင္ သရဲရုပ္ ခ်ိတ္ဆြဲကာ ေယာကၡမအား ေျခာက္လွန္႔

(ရွက္ကီရာသည္ ေဘးျခံတြင္ ေနေသာ ခင္ပြန္းေဟာင္း ပီေကး၏ မိဘမ်ား ေနအိမ္ႏွင့္ သူ၏ ေနအိမ္ၾကား အုတ္တံတုိင္း ခတ္ခဲ့သည္။)

ရွက္ကီရာႏွင့္ ဂ်ရတ္ပီေကးတို႔ လမ္းခြဲျပီးေနာက္ပိုင္း ကိုလံဘီယာအဆိုေတာ္ ရွက္ကီရာသည္ ႏွစ္ဦးအတူ ေနထုိင္ခဲ့ေသာ ေနအိမ္တြင္ ဆက္လက္ေနထုိင္ခဲ့ျပီး ေဘာလံုးၾကယ္ပြင့္ ပီေကးမွာ ထိုအိမ္မွ ထြက္ခြာခဲ့သည္။

ပီေကး၏ မိဘမ်ားမွာ ေဘးအိမ္တြင္ ေနထုိင္ျခင္းျဖစ္ရာ ခင္ပြန္းႏွင့္ ကြာရွင္းျပီးေနာက္ပုိင္း ျပႆနာမ်ား ရွိလာသည္။

(ရွက္ကီရာက သူ၏ သီခ်င္းဖြင့္ကာ ေနအိမ္အတြင္း ပါတီပြဲ က်င္းပခဲ့ပံု။) ရွက္ကီရာသည္ အေမရိကန္ျပည္ေထာင္စု ၊ မိုင္အမ္မီ (Miami) သို႔ ေျပာင္းေရႊ႕ရန္ စီစဥ္ထားေသာ္လည္း လက္ရွိအခ်ိန္အထိ စပိန္ႏုိင္ငံ ၊ ဘာစီလုိနာျမိဳ႕တြင္ ခင္ပြန္းေဟာင္း၏ မိဘမ်ားႏွင့္ အိမ္ေဘးခ်င္းကပ္ ဆက္လက္ေနထိုင္ေနျခင္း ျဖစ္သည္။

ရွက္ကီရာသည္ မၾကာေသးမီက 'BZRP Music Sessions #53' အမည္ရွိ သီခ်င္းတစ္ပုဒ္ကုိ သီဆိုခဲ့ရာ အဆိုပါ သီခ်င္းအတြင္း ခင္ပြန္းေဟာင္း ပီေကးအေၾကာင္း ေဝဖန္ထိုးႏွက္ထားသည့္ သီခ်င္းစာသားမ်ား ပါဝင္ကာ အင္တာနက္ သံုးစြဲသူမ်ားအၾကား မ်ားစြာ ေက်ာ္ၾကားခဲ့သည္။

ထိုသီခ်င္းထြက္လာျပီး ေနာက္ရက္မ်ားတြင္ ရွက္ကီရာႏွင့္ ေယာကၡမေဟာင္း ၊ ပီေကး၏ မိခင္ Montserrat Bernabeu တို႔အၾကား ပဋိပကၡ အၾကိမ္ၾကိမ္ ျဖစ္ပြားခဲ့သည္။

ယခုအခါ ရွက္ကီရာက ပီေကး၏ မိဘမ်ားႏွင့္ အဆက္ျဖတ္ရန္အတြက္ ေနအိမ္ႏွစ္လံုးၾကား အုတ္တံတိုင္းတစ္ခု ခတ္လွ်က္ရွိသည္။

ေနအိမ္မ်ားမွာ သီးျခားစီ ျဖစ္ေသာ္လည္း အခ်ဳိ႕ေနရာမ်ားတြင္ ဆက္ဆက္ေနေသာေၾကာင့္ ျဖစ္သည္။

ေစာင့္ၾကည့္ ကင္မရာမ်ားတြင္ ေတြ႔ရွိရခ်က္အရ ရွက္ကီရာ၏ ျခံဝန္းအတြင္း ဘိလပ္ေျမေဖ်ာ္စက္ကားၾကီးတစ္စင္းျဖင့္ ရွက္ကီရာက ျခံဝန္းခတ္ေနပံုကို ေတြ႔ရသည္။

ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း ေယာကၡမေဟာင္းမ်ားႏွင့္ပဋိပကၡ အၾကိမ္ၾကိမ္ ျဖစ္ပြားခဲ့ျပီး ေနာက္ပိုင္း ရွက္ကီရာက ယခုကဲ့သုိ႔ အုတ္တံတုိင္းခတ္လုိက္ျခင္းလည္း ျဖစ္သည္။

ျပႆနာျဖစ္ရျခင္း၏ အေၾကာင္းရင္းမ်ားတြင္ ရွက္ကီရာက သူ႔အိမ္ဝရံတာတြင္ အနက္ေရာင္ သရဲရုပ္ၾကီး ခ်ိတ္ဆြဲထားခဲ့ျခင္းေၾကာင့္လည္း ပါဝင္သည္။

ထုိသရဲရုပ္ၾကီးသည္ ေယာကၡမေဟာင္းမ်ား၏ အိမ္ဘက္သို႔ တိုက္ရုိက္မ်က္ႏွာမူထားရာ ပီေကး၏ မိခင္က ထုိအရုပ္ၾကီး ဖယ္ေပးရန္ ေျပာခဲ့သည္ဟု ဆိုသည္။

ထို႔အျပင္ ရွက္ကီရာက ပီေကးကို ေဝဖန္ထိုးႏွက္ထားသည့္ သီခ်င္းစာသားမ်ား ပါဝင္ေသာ သူ၏ သီခ်င္းသစ္ကို ေယာကၡေဟာင္းမ်ား ၾကားေစရန္ ေနအိမ္အတြင္းမွ ေဆာင္းေဘာက္မ်ားျဖင့္ က်ယ္ေလာင္စြာ ဖြင့္ခဲ့သည္။

“ေယာကၡမေဟာင္းေတြ ဒီသီခ်င္းကုိ ၾကားရမယ္ ထင္တာပဲ”ဟု ရွက္ကီရာက ေျပာသည္။

ေနအိမ္မ်ားမွာ အလြန္နီးကပ္လွသည့္ အျပင္ ျပတင္းေပါက္မ်ားမွာလည္း ဖြင့္လွစ္ထားေလ့ရွိရာ အလြယ္တကူၾကားႏိုင္မည္သာ ျဖစ္သည္။

(ရွက္ကီရာက သီခ်င္းကုိ အလြန္က်ယ္ေလာင္စြာ ဖြင့္လွစ္ရာ ပီေကး၏ မိခင္မွာ ေရွာင္ေျပးရန္ မျဖစ္ႏိုင္ေတာ့ေခ်။)

ထို႔အျပင္ ၂၀၁၂ ခုႏွစ္ကတည္းက ဗီြဒီယိုဖိုင္ တစ္ခုမွာလည္း လူမႈကြန္ရက္တြင္ တစ္ဖန္ျပန္လည္ ပ်ံံ႕ႏွံ႕လာသည္။

ထိုဗီြဒီယိုဖိုင္အတြင္း ရွက္ကီရာက ပီေကး၏ မိခင္ Montserrat Bernabeu ၏ အၾကံေပးခ်က္အေပၚ ေဝဖန္ထားျခင္း ျဖစ္သည္။

ပီေကး၏ မိခင္က ရွက္ကီရာကို ဆံပင္တိုတိုညွပ္သင့္သည္ဟု အၾကံေပးခဲ့ျခင္းျဖစ္သည္။

“ေယာကၡမေရ … ရွင့္အၾကံကို ကၽြန္မေနာက္ထပ္ ဘယ္ေတာ့မွ နားမေထာင္ေတာ့ပါဘူး” ဟု ရွက္ကီရာက ဗီြဒီယိုဖိုင္အတြင္း ေျပာၾကားထားသည္။

ထိုေဒသတြင္ ေနထုိင္ေသာ ေဒသခံမ်ားက ေျပာသည္မွာ ရွက္ကီရာသည္ သူ၏ ေနအိမ္မွ သီခ်င္းကို အသံကုန္ဖြင့္လွစ္ထားသည္ကုိ ၾကားရေၾကာင္း ၊ သီခ်င္းစာသားမ်ားတြင္ ပီေကးႏွင့္ သူ၏ ခ်စ္သူသစ္ မိန္းကေလးတို႔ကို ရည္ညႊန္းသည့္ စာသားမ်ား ပါဝင္ေၾကာင္း ေျပာသည္။

(ရွက္ကီရာ၏ ေနအိမ္ဝရံတာတြင္ လူအရြယ္အစားရွိ သရဲရုပ္ၾကီး ခ်ိတ္ဆြဲထားပံု )

ရွက္ကီရာက သူ၏ သီခ်င္းထဲတြင္ ခင္ပြန္းေဟာင္း ပီေကးကို ရည္ညႊန္းသည့္ သီခ်င္းစာသားမ်ား ထည့္သြင္းသီဆိုခဲ့ရာ ပီေကးသည္ ရွက္ကီရာႏွင့္ လမ္းမခြဲမီ တစ္ႏွစ္ခန္႔အလိုကတည္းက ခ်စ္သူသစ္ႏွင့္ စတြဲေနခဲ့ေၾကာင္း ရည္ညႊန္းထားသည္။

“ငါက ၂၂ ႏွစ္ ၂ ေယာက္စာ တန္တယ္…နင္က (အေကာင္းစား) Ferrari ကားကို Twingo နဲ႔ လဲလိုက္တယ္…နင္က ရိုးလက္စ္နာရီကို ကာစီယိုနဲ႔ လဲလိုက္တယ္” ဟူေသာ စာသားမ်ား ပါဝင္သည္။

(ရွက္ကီရာ၏ သီခ်င္းသစ္တြင္ ပီေကးႏွင့္ ခ်စ္သူသစ္ Clara Chia Marti တို႔ကို ရည္ညႊန္းသည့္ စာသားမ်ားအျပင္ ေယာကၡမေဟာင္းကို ရည္ညႊန္းသည့္စာသားမ်ားလည္း ပါဝင္သည္။ …နင္က ေယာကၡမကို အိမ္နီးခ်င္းအေနနဲ႔ ထားခဲ့တယ္….အိမ္တံခါးဝမွာ သတင္းမီဒီယာ….အိမ္ထဲမွာက အေၾကြးေတြနဲ႔…)

သားျဖစ္သူ ပီေကး၏ ခ်စ္သူသစ္ကို အလြယ္တကူ လက္ခံသေဘာတူခဲ့ျပီးေနာက္ပိုင္း ရွက္ကီရာႏွင့္ ပီေကး၏မိခင္ Montserrat Bernabeu တို႔အၾကားဆက္ဆံေရးမွာ ဆိုးရြားလာခဲ့သည္ဟု ဆိုသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Shakira builds a wall to separate her house from Pique's parents, who are next-door neighbors (amp, nypost , dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service