ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)
[Unicode]
(Song Joong Ki ၏ အချစ်သစ်)
Descendants of the Sun ဇာတ်လမ်းတွဲ သရုပ်ဆောင်မင်းသား Song Joong Ki သည် ဆောင်းဟေကိုနှင့် လမ်းခွဲပြီးနောက် အချစ်ကို တဖန်ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပြီ ဖြစ်သည်။
သတင်းများအရ Joong Ki သည် ဗြိတိန်မှ သာမာန်အရပ်သူ မိန်းကလေးတစ်ဦးနှင့် ချစ်ကြိုက်နေသည်ဟု ဆိုသည်။
Song Joong Ki ၏ အချစ်ရေးနှင့်ပတ်သက်ပြီး သူ၏ အေဂျင်စီက ထုတ်ပြန်ခဲ့သည်မှာ “သရုပ်ဆောင် Song Joong Ki သည် လက်ရှိတွင် မိန်းကလေးတစ်ဦးနှင့် အပြုသဘောဆောင်သော စိတ်ခံစားချက်များ ရှိနေပါသည်။ သူတို့၏ အချစ်ရေးကို နွေးထွေးစွာ အားလုံးတွေ့မြင်လာကြရလိမ့်မည်ဟု ကျွန်တော်တို့ မျှော်လင့်ပါသည်” ဟု ထုတ်ပြန်ထားသည်။
“၎င်းတို့နှစ်ဦးချစ်ကြိုက်လျက်ရှိသည်ဆိုခြင်းမှလွဲပြီး အခြားအချက်အလက်များအား အတည်ပြုမပေးနိုင်သည့်အပေါ် နားလည်ပေးပါရန် တောင်းဆိုပါသည်။ ခန့်မှန်းချက်များ (သို့မဟုတ်) အတည်မပြုနိုင်သော သတင်းများ ရေးသားခြင်းမျိုး ရှောင်ကြဉ်မည်ဆိုပါက ကျွန်တော်တို့အနေဖြင့် များစွာ ကျေးဇူးတင်ပါသည်။”ဟု အဆိုပါကုမ္ပဏီက ထုတ်ပြန်ထားသည်။
ဤသည်ကား ဆောင်းဟေကိုနှင့် လမ်းခွဲပြီးနောက်ပိုင်း Song Joong Ki ၏ ပထမဆုံးသော တရားဝင် relationship လည်း ဖြစ်သည်။
(နေမင်း၏ မျိုးဆက်သစ်များ)
Descendants of the Sun သည် အပိုင်း ၁၆ ပိုင်းပါ ကိုရီးယားရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး မြန်မာပရိသတ်များကြား “နေမင်း၏ မျိုးဆက်သစ်များ” ဟု နာမည်ကြီးသည်။
(ဇာတ်လမ်းအညွှန်း)
အာရှအလယ်ပိုင်း Urak (ဇာတ်ညွှန်းဆရာ စိတ်ကူးထဲကနိုင်ငံ) ကို နောက်ခံထားပြီး စစ်ဘေးနှင့် ရောဂါကပ်ဘေးများ ကျရောက်နေသော အချိန်တွင် လူသားအချင်းချင်း ရိုင်းပင်းမှု၊ စည်းလုံးမှုများကို ဖော်ညွှန်းပြီး ဒုက္ခများအကြား အချစ်စစ်တစ်ခုပေါက်ဖွားလာပုံကို ဇာတ်အိမ်တည် ရိုက်ကူးထားခြင်း ဖြစ်သည်။
Alpha အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ယိုရှီဂျင်နှင့် Volunteer ဆရာဝန်မလေး ဂန်မိုယွန်းတို့ အမှတ်မထင်ဘဲ ဟဲဆောင်ဆေးရုံတွင် စတင်တွေ့ရှိခဲ့ရာကစပြီး ရိုက်ကူးထားသည့် ဟာသ၊ အချစ်ဇာတ်မြူးကို ရှုစားရမည် ဖြစ်သည်။
ထို့အပြင် ငယ်စဉ်ကတည်းက ဘဝနာခဲ့သော ဒုအရာခံဗိုလ်လေး ဆိုးဒယ်ယောင်းနှင့် ဗိုလ်မှူးချုပ် သမီးဖြစ်ငေည စစ်ဆရာဝန်မလေး ယွန်မြောင်ဂျိုတို့၏ အခြေခံမတူသော အချစ်ဇာတ်လမ်းကိုလည်း ကြည့်ရှုခံစားရမည် ဖြစ်သည်။
Descendants of the Sun ဇာတ်လမ်းတွဲသည် ထိုင်း၊ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများတွင် နာမည်အလွန်ကြီးခဲ့သော ဇာတ်လမ်းတွဲလည်း ဖြစ်သည်။
(ဇနီးဟောင်း ဆောင်းဟေကိုနှင့် အတူနေခဲ့သော အိမ်ကို ဖြိုချခြင်း)
Descendants of the Sun မှ သရုပ်ဆောင် Song Joong Ki နှင့် ဆောင်းဟေကိုတို့သည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် လက်ထပ်ခဲ့ပြီးနောက် ၁ နှစ်နှင့် ၈ လမျှသာ ကြာမြင့်သေးချိန်တွင် ကွာရှင်းပြတ်စဲတော့မည်ဖြစ်ကြောင်း ကြေညာလိုက်ရာ ရုပ်ရှင်ပရိသတ်များအားလုံး အံ့အားသင့် မင်သက်သွားကြသည်။
ချစ်ဗိမ္မာန်- ဆောင်းဟေကိုနှင့် လက်မထပ်မီတွင် Song Joong Ki က ဆိုးလ်မြို့တော်၏ လူစည်ကားရာ၊ အိမ်ခြံမြေတန်ဖိုးကြီးသည့်နေရာဖြစ်သော Itaewon အရပ်တွင် ဝယ်ယူခဲ့ပြီး နှစ်ဦးအတူနေထိုင်ရန် ရည်ရွယ်ခဲ့သည်။
သတင်းများ၏ ဖော်ပြချက်အရ Song Joong Ki က ထိုစံအိမ်ကို ကိုရီးယားဝမ်ငွေ ၁၀ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သူတို့နှစ်ဦးလမ်းခွဲကြောင်း အတည်မပြုမီ လများစွာကတည်းက ၎င်းတို့၏ အိမ်ထောင်ရေး အဆင်မပြေကြောင်း ကောလာဟလများစွာ ထွက်ပေါ်နေခဲ့သည်။
အိမ်နီးချင်းများ၏ ပြောဆိုချက်အရ အဆိုပါအိမ်တွင် သူတို့နှစ်ဦး မည်သူမျှ မနေကြတော့ကြောင်း ပြောကြသည်။
ယင်းနောက်ပိုင်းတွင် လမ်းခွဲကြောင်းသတင်းများ ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် သူတို့နှစ်ဦး အပြီးသတ်ကွာရှင်းပြတ်စဲခဲ့ကြသည်။
(အချစ်ဗိမ္မာန်နိဂုံး)
ကိုရီးယားသတင်းမီဒီယာတို့၏ ဖော်ပြချက်အရ Song Joong Ki နှင့် ဆောင်းဟေကိုတို့နှစ်ဦး နေထိုင်ခဲ့သည့်အိမ်ကို ဖြိုချကာ အသစ်တစ်လုံးဆောက်လုပ်တော့မည်ဖြစ်ကြောင်း ဖော်ပြကြသည်။
မြေနေရာမှာ Joong Ki ၏ အမည်ဖြင့် ဆက်လက်ရှိနေကြောင်း သတင်းမီဒီယာတို့က အတည်ပြုရာ နေအိမ်သစ်ဆောက်လုပ်ပြီးပါက အဆိုပါအိမ်တွင် Joong Ki နေထိုင်ဖွယ်ရာ ရှိသည်။
ခြံဝန်းရှေ့ရှိ ဆိုင်းဘုတ်တွင် ဖော်ပြထားချက်အရ မြေပေါ် ၂ ထပ်နှင့် မြေအောက် ၃ ထပ်ဆောက်လုပ်ခွင့် ရရှိထားကြောင်း ဖော်ပြထားသည်။
(ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှေ့မှ ဆိုင်းဘုတ်ကို တွေ့ရပုံ)
အဆောက်အအုံသစ်ပြန်လည်ဆောက်လုပ်မှုနှင့်ပတ်သက်ပြီး ထဲထဲဝင်ဝင်သိသော အတွင်းလူတစ်ဦးက ပြောသည်မှာ စမ်းစစ်လေ့လာမှုများစွာ ပြုလုပ်ရန်လိုအပ်သောကြောင့် လပေါင်းများစွာကြာမြင့်ပြီးမှ အဆောက်အအုံသစ်ဆောက်လုပ်ခွင့် ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
Song Joong Ki က မြေအောက် ၃ ထပ်ဆောက်လုပ်ရန် တင်ပြထားခြင်းဖြစ်ရာ မြေအနက် ၅ မီတာ (၁၆ ပေ) နှင့်အထက် တူးဖော်ရမည် ဖြစ်သည်။
စမ်းသပ်လေ့လာခဲ့မှုများတွင် Song Joong Ki ၏ အသစ်ဆောက်လုပ်မည့်နေအိမ်ဘေးရှိ ဝဲယာနေအိမ်များ၏ ကြံ့ခိုင်မှုကို စစ်ဆေးရခြင်းလည်း ပါဝင်သည်။
မြေတူးဖော်မှုမှာ အနီးရှိအိမ်များကို ထိခိုက်မှုများ ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Descendants of the Sun actor Song Joong Ki confirms relationship, three years after divorce from Song Hye Kyo ( 8days ,hindustantimes)
[Zawgyi]
အင်္ဂလန်သူ မိန်းကလေးနှင့် ချစ်ကြိုက်လျက်ရှိသော ကိုရီးယားမင်းသား (သို့မဟုတ်) ဆောင်းဟေကိုနှင့် လမ်းခွဲပြီး နှစ်ဦးအတူနေခဲ့သည့်အိမ်ကို ဖြိုချခဲ့သူ Song Joong Ki
(ဇာတ်လမ်းအညွှန်း)
(အချစ်ဗိမ္မာန်နိဂုံး)