မိုက်ကယ်ဂျက်ဆင်က ဒေါ်လာ ၁၂ သန်းယူကာ သီးသန့်ဖျော်ဖြေပေးခဲ့ရသော ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမား၊ ဘရူနိုင်းတော်ဝင်မင်းသား၏ ခမ်းနားကြီးကျယ်သော ဘဝ

မိုက်ကယ်ဂျက်ဆင်က ဒေါ်လာ ၁၂ သန်းယူကာ သီးသန့်ဖျော်ဖြေပေးခဲ့ရသော ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမား၊ ဘရူနိုင်းတော်ဝင်မင်းသား၏ ခမ်းနားကြီးကျယ်သော ဘဝ - Property News in Myanmar from iMyanmarHouse.com
12 Jan 2023 11:03 am တွင် တင်ခဲ့သည်
1112 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမား ဖေယိ ဘိုကီယာသည် ဘရူနိုင်းဘုရင်၏ တူ၊ ဘရူနိုင်းတော်ဝင်မင်းသား ဖြစ်ပြီး ပေါင် ၁၃ ဘီလီယံခန့်ရှိသော ပိုင်ဆိုင်မှုများကို အမွေဆက်ခံမည့်သူလည်း ဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ဖေယိ ဘိုကီယာသည် ယခုအခါ ပေါ်တူဂီမှ Primeira Liga ကလပ်အသင်းတစ်ခု ဖြစ်သော Maritimo အသင်းတွင် ကစားလျက်ရှိသည်။

Maritimo သည် ပေါ်တူဂီနိုင်ငံ၊ Madeira ပြည်နယ်၊ Funchal မြို့တွင် အခြေစိုက်ပြီး Funchal မြို့သည် စီရော်နယ်ဒို၏ မွေးဖွားရာမြို့ဖြစ်သည်။

ဖေယိ ဘိုကီယာသည် လက်စတာစီးတီးအသင်းတွင် ကစားခဲ့သော်လည်း အောင်မြင်မှု မရခဲ့။

 

 

 

[ဖေယိ ဘိုကီယာ (အပြာရောင်ဖြင့်)သည် ကမ္ဘာပေါ်တွင် အချမ်းသားဆုံး ဘောလုံးသမားဖြစ်ပြီး လက်စတာစီးတီးအသင်းတွင် ကစားခဲ့သူ ဖြစ်သည်။ ဓာတ်ပုံ -Credit: Getty - Contributor)

 

 

(ဖေယိ ဘိုကီယာသည် ဘရူနိုင်းဘုရင်၏ တူတော်ဖြစ်သည်။ ဓာတ်ပုံ- Credit: Instagram @fjbolkiah)

 

သူသည် ဘရူနိုင်းဘုရင် ဟာစနာဘိုကီယာ ( Hassanal Bolkiah ) ၏ ကြွယ်ဝမှု ပေါင် ၁၃ ဘီလီယံကို အမွေဆက်ခံမည့်သူ တစ်ဦးလည်း ဖြစ်သည်။

ထို့ကြောင့် ဖေယိ ဘိုကီယာသည် ခရစ္စတီယာနို ရော်နယ်ဒိုနှင့် လီယိုနယ် မက်ဆီတို့ထက် များစွာကြွယ်ဝ ချမ်းသာသော ဘောလုံးသမား ဖြစ်သည်။

သူ၏ ဖခင်မှာ ဂျက်ဖရီ ဘိုကီယာဖြစ်ပြီး ဘရူနိုင်းဘုရင်နှင့် ညီအစ်ကို တော်စပ်သူဖြစ်သောကြောင့် ဖေယိသည် တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်သည်။ မိသားစု၏ ဘီလီယံနှင့်ချီသော ကြွယ်ဝမှုများက သူ့အား ဘောလုံးနယ်တွင် ခြေချနိုင်ရန် ကြိုးပမ်းမှုကို မဟန့်တားနိုင်ခဲ့ချေ။

သူ၏ ငယ်ရွယ်စဉ် နေ့ရက်များတွင် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်။

ဖေယိသည် ၂၀၀၉ ခုနှစ်တွင် ဆောက်သမ်တန်အသင်း၏ လူငယ်အကယ်ဒမီတွင် တစ်နှစ်စာချုပ် လက်မှတ်ရေးထိုး ခဲ့သည်။

ယင်းနောက် ၂၀၁၃ ခုနှစ်တွင် အာဆင်နယ်အသင်းတွင် စမ်းသပ်ခံခဲ့ပြီး 2013 Lion City ဖလားအတွက် အာဆင်နယ် အသင်းမှ ဝင်ရောက်ကစားပေးခဲ့သည်။

 

 

(ဖေယိ ဘိုကီယာသည် ဘရူနိုင်းဘုရင်ကဲ့သို့ နန်းတော်တစ်ခုတွင် နေထိုင်ခဲ့ဖွယ် ရှိသည်။ ဓာတ်ပုံ - Credit: Getty Images - Getty)

 

 

(ဖေယိ ဘိုကီယာသည် တစ်ချိန်က ချယ်ဆီးအသင်းမှ ခေါ်ယူမည့် စာရင်းတွင် ရှိခဲ့ဖူးသည်။ ဓာတ်ပုံ-Credit: Chelsea FC)

 

 

(ဖေယိ ဘိုကီယာသည် လက်စတာစီးတီးအသင်း၏ အရံလူနေရာမှ ကစားခဲ့သည်။ ဓာတ်ပုံ- Credit: Getty - Contributor)

 

 

(ဤကဲ့သို့သော ရိုးရွိုက်စ် ကားများသည် ဖေယိ ဘိုကီယာအတွက် ခြေစင်္ကြာ ဖြန့်စရာ ဖြစ်ခဲ့ဖွယ် ရှိသည်။ ဓာတ်ပုံ - Credit: Getty - Contributor)

ချယ်ဆီးအသင်းက ဖေယိအား ၂၀၁၄ ခုနှစ်တွင် ၂ နှစ်စာချုပ်ဖြင့် ကမ်းလှမ်းခဲ့သည်။

သို့သော် ဖေယိက ချယ်ဆီးအသင်းမှ ထိုနှစ်ဒီဇင်ဘာတွင် ထွက်ခွာခဲ့ကာ လက်စတာအသင်းနှင့် ၂၀၁၅ ခုနှစ်တွင် ၃ နှစ်စာချုပ် ချုပ်ခဲ့သည်။

ဖေယိ ဘိုကီယာသည် အင်္ဂလန်တွင် ပထမတန်း လူစာရင်းဖြင့် ပါဝင်ကစားခဲ့ဖူးခြင်း မရှိသော်လည်း ဘရူနိုင်း လက်ရွေးစင်အသင်းတွင် ၆ ကြိမ် ပါဝင်ကစားခဲ့ကာ တစ်ကြိမ်သာ ဂိုးပေါက် ရှာတွေ့ခဲ့ဖူးသည်။

 

 

 

(ဘရူနိုင်း လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် ဖေယိ ပါဝင်ကစားခဲ့ပုံ။ ဓာတ်ပုံ -Credit: Getty - Contributor)

 

ဖေယိသည် လော့စ်အိန်ဂျလိတွင် မွေးဖွားခဲ့သူ ဖြစ်သော်လည်း အမေရိကန် ကိုယ်စားပြု ဘောလုံးကစားခဲ့ခြင်း မရှိဘဲ မိသားစုအပေါ် သစ္စာရှိခဲ့သည်။

 

 

(ဖေယိ ဘိုကီယာ မိသားစု။ ဓာတ်ပုံ - Credit: AFP - Getty)

ဖေယိမှာ အပြစ်ကင်းစင်သူတစ်ဦး ဖြစ်နိုင်သော်လည်း သူ၏ ဖခင် ဂျက်ဖရီ ဘိုကီယာမှာမူ ဘရူနိုင်း တော်ဝင်မိသားစုတွင် ငွေသုံးဖြုန်းသူ တစ်ဦးအဖြစ် လူသိများသည်။

ဂျက်ဖရီသည် ၁၅ နှစ်တာအတွင်း ပေါင် ၁၅ ဘီလီယံခန့် သုံးဖြုန်းခဲ့သည်ဟု ဆိုသည်။

တစ်ခါတွင် တစ်လတာအတွင်း မော်တော်ကားများ ၊ နာရီများ ၊ ရွှေဖြူဘောပင်များအတွက် ပေါင် ၃၅ သန်းခန့် သုံးဖြုန်းခဲ့ပြီး ကာရာအိုကေ ပါတီပွဲတစ်ခုကို ပေါင် ၁ သန်း အကုန်အကျခံကာ မိန်းမလှလေးများနှင့် ကျင်းပခဲ့သည်ဟု ဆိုသည်။

 

(ဂျက်ဖရီက သူ၏ မွေးနေ့ကို သားဖြစ်သူနှင့် ဆင်နွှဲခဲ့သည်။ ဓာတ်ပုံ - Credit: Instagram @fjbolkiah)

 

 

(ဂျက်ဖရီ ဘိုကီယာမှာ ဘရူနိုင်း တော်ဝင်မိသားစုတွင် ငွေသုံးဖြုန်းသူ တစ်ဦးအဖြစ် လူသိများသည်။ ဓာတ်ပုံ- Credit: Rex Features)

 

 

(ဖေယိသည် ဘောလုံးသမားမလုပ်ဘဲ မင်းသားတစ်ပါးအဖြစ် နေထိုင်ပါက သူ၏ ဘဝမှာ ပိုမိုလွယ်ကူဖွယ်ရာ ရှိသည်။ ဓာတ်ပုံ -Credit: 1998 Julian Parker)

 

 

(ဖေယိ ဘိုကီယာ၏ ဝမ်းကွဲ မောင်နှမများသည် ဘရူနိုင်းတွင် ခမ်းနားသော ဘဝဖြင့် နေထိုင်လျှက် ရှိကြသည်။ ဓာတ်ပုံ- Credit: Getty - Contributor)

 

ဂျက်ဖရီသည် မော်တော်ကားပေါင် အစင်းရေ ၂၃၀၀ ကျော်ပိုင်ဆိုင်ထားပြီး Bentleys, Ferraris နှင့် Rolls-Royces ကားများ ပါဝင်ကာ Tits ဟုအမည်ပေးထားသော ရွက်လှေကြီး တစ်စင်းလည်း ပိုင်ဆိုင်ထားသည်။

 

 

(ဖေယိသည် Tits ရွက်လှေကြီး၏ အမွေဆက်ခံရမည့် သူဖြစ်သည်။ ဓာတ်ပုံ - Credit: Big Pictures)

 

 

(Tits ရွက်လှေကြီးကို Nipple 1 and Nipple 2 ဟုလည်း ခေါ်ကြသည်။ ဓာတ်ပုံ - Credit: Big Pictures)

 

 

( ဂျက်ဖရီ ဘိုကီယာ ဝယ်ယူခဲ့သော ပေါင် ၅ သန်းတန် ကော်ဇော။ ဓာတ်ပုံ - Credit: PA:Press Association)

 

 

(ဂျက်ဖရီ ပိုင်ဆိုင်သည့် ရွှေဖြူဘောပင်များ။ ဓာတ်ပုံ - Credit: PA:Press Association)

 

 

(ရွှေဖြူနှင့် ပလက်တီနမ်ဖြင့် ပြုလုပ်ထားသော နာရီ။ ဓာတ်ပုံ - Credit: PA:Press Association)

 

ဂျက်ဖရီက သူ၏ နှစ် ၅၀ ပြည့် မွေးနေ့ကို ကျင်းပရေးတွင် ၇ နှစ်အရွယ်သားဖြစ်သူကိုလည်း သဘောကျ ပျော်ရွှင်စေလိုသည်။

 

 

( မိုက်ကယ် ဂျက်ဆင်က ဖေယိ ဘိုကီယာအတွက် သီးသန့် ဖျော်ဖြေတင်ဆက်ခဲ့သည်။ ဓာတ်ပုံ -Credit: Getty - Contributor)

 

ထို့ကြောင့် ဂျက်ဖရီက ပေါ့ပ်ဂီတ၏ ဘုရင်အဖြစ် တင်စားကြသော မိုက်ကယ်ဂျက်ဆင်ကို သူနှင့်မိသားစုအတွက် သီးသန့် ဖျော်ဖြေပေးရန် ခေါ်ယူခဲ့သည်။

ထိုသို့ ဖျော်ဖြေပေးရန်အတွက် မိုက်ကယ်ဂျက်ဆင်အား ပေါင် ၁၂ ဒသမ ၅ သန်း ပေးခဲ့ရသည်ဟု ဆိုသည်။

(မိသားစုကို သီးသန့်ဖျော်ဖြေပေးရန် ဂျက်ဖရီက မိုက်ကယ်ဂျက်ဆင်အား ပေါင် ၁၂ ဒသမ ၅ သန်း ပေးခဲ့ရသည်။ ဓာတ်ပုံ- Credit: Reuters)

 

မိုက်ကယ် ဂျက်ဆင် ဖျော်ဖြေရန် အခမ်းအနား သက်သက်အတွက် ဂျက်ဖရီက ကွင်းကြီးတစ်ခု ဆောက်လုပ်ခဲ့သည်။

ဖေယိ ဘိုကီယာက ပြောသည်မှာ “ကျွန်တော် မှတ်မိသလောက် ငယ်ငယ်လေးကတည်းက ဘောလုံးကစားခဲ့တာ ဖြစ်ပါတယ်။ ကွင်းထဲကို သွားပြီး ခြေထောက်နဲ့ ဘောလုံးထိနေရရင် ကျွန်တော် အမြဲ ပျော်ရွှင် နေတတ်ပါတယ်။” ဟု ရှားရှားပါးပါး အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ဖူးသည်။

“ကျွန်တော်မိဘတွေက ကျွန်တော်ကို ဘောလုံးသမားတစ်ယောက်ဖြစ်လိုတဲ့ အိမ်မက်တွေ အောင်မြင်အောင် အမြဲတမ်း ပံ့ပိုးကူညီပေးခဲ့ပါတယ်။သူတို့က ကျွန်တော်ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ငယ်စဉ်ကတည်းက ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးခဲ့တယ်။ ဒါကြောင့် သူတို့က ကျွန်တော်ရဲ့ စံပြပုဂ္ဂိုလ်တွေလို့ ပြောလို့ရပါတယ်။”

 

 

( ဖေယိသည် ရွှေရောင်လွှမ်းကာ ခမ်းနားထည်ဝါသော သူ၏ နိုင်ငံမှ ဘဝကို ကျောခိုင်းထားသည်။ ဓာတ်ပုံ- Credit: Getty - Contributo)

 

 

(ဘရူနိုင်း ဘုရင်သည် ပေါင် ၂၂ ဘီလီယံခန့် ကြွယ်ဝချမ်းသာသည်။ ဓာတ်ပုံ -Credit: Reuters)

 

 

(သူ၏ အသက်မွေးဝမ်းကြောင်းအပေါ် မိသားစု၏ ကြီးမားသော သြဇာလွှမ်းမှုရှိကြောင်း ဖေယိ ဘိုကီယာကပြောသည်။ ဓာတ်ပုံ - Credit: AFP or licensors)

 

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Meet Faiq Bolkiah, the richest footballer in world, whose uncle is Sultan of Brunei, and is heir to £13bn fortune (thesun)

 

 

 

[Zawgyi]

 

မိုက္ကယ္ဂ်က္ဆင္က ေဒၚလာ ၁၂ သန္းယူကာ သီးသန္႔ေဖ်ာ္ေျဖေပးခဲ့ရေသာ ကမၻာ့အခ်မ္းသာဆံုး ေဘာလံုးသမား၊ ဘရူႏိုင္းေတာ္ဝင္မင္းသား၏ ခမ္းနားၾကီးက်ယ္ေသာ ဘဝ

 

ကမၻာ့အခ်မ္းသာဆံုး ေဘာလံုးသမား ေဖယိ ဘိုကီယာသည္ ဘရူႏိုင္းဘုရင္၏ တူ၊ ဘရူႏိုင္းေတာ္ဝင္မင္းသား ျဖစ္ျပီး ေပါင္ ၁၃ ဘီလီယံခန္႔ရွိေသာ ပိုင္ဆိုင္မႈမ်ားကို အေမြဆက္ခံမည့္သူလည္း ျဖစ္သည္။

အသက္ ၂၃ ႏွစ္အရြယ္ရွိ ေဖယိ ဘိုကီယာသည္ ယခုအခါ ေပၚတူဂီမွ Primeira Liga ကလပ္အသင္းတစ္ခု ျဖစ္ေသာ Maritimo အသင္းတြင္ ကစားလ်က္ရွိသည္။

Maritimo သည္ ေပၚတူဂီႏိုင္ငံ၊ Madeira ျပည္နယ္၊ Funchal ျမဳိ႕တြင္ အေျခစိုက္ျပီး Funchal ျမိဳ႕သည္ စီေရာ္နယ္ဒို၏ ေမြးဖြားရာျမိဳ႕ျဖစ္သည္။ ေဖယိ ဘိုကီယာသည္ လက္စတာစီးတီးအသင္းတြင္ ကစားခဲ့ေသာ္လည္း ေအာင္ျမင္မႈ မရခဲ့။

[ေဖယိ ဘိုကီယာ (အျပာေရာင္ျဖင့္)သည္ ကမၻာေပၚတြင္ အခ်မ္းသားဆံုး ေဘာလံုးသမားျဖစ္ျပီး လက္စတာစီးတီးအသင္းတြင္ ကစားခဲ့သူ ျဖစ္သည္။ ဓာတ္ပံု -Credit: Getty - Contributor)

(ေဖယိ ဘိုကီယာသည္ ဘရူႏိုင္းဘုရင္၏ တူေတာ္ျဖစ္သည္။ ဓာတ္ပံု- Credit: Instagram @fjbolkiah)

သူသည္ ဘရူႏိုင္းဘုရင္ ဟာစနာဘိုကီယာ ( Hassanal Bolkiah ) ၏ ၾကြယ္ဝမႈ ေပါင္ ၁၃ ဘီလီယံကို အေမြဆက္ခံမည့္သူ တစ္ဦးလည္း ျဖစ္သည္။

ထို႔ေၾကာင့္ ေဖယိ ဘုိကီယာသည္ ခရစၥတီယာႏို ေရာ္နယ္ဒိုႏွင့္ လီယိုနယ္ မက္ဆီတို႔ထက္ မ်ားစြာၾကြယ္ဝ ခ်မ္းသာေသာ ေဘာလံုးသမား ျဖစ္သည္။

သူ၏ ဖခင္မွာ ဂ်က္ဖရီ ဘုိကီယာျဖစ္ျပီး ဘရူႏုိင္းဘုရင္ႏွင့္ ညီအစ္ကို ေတာ္စပ္သူျဖစ္ေသာေၾကာင့္ ေဖယိသည္ ေတာ္ဝင္မိသားစုဝင္တစ္ဦး ျဖစ္သည္။ မိသားစု၏ ဘီလီယံႏွင့္ခ်ီေသာ ၾကြယ္ဝမႈမ်ားက သူ႔အား ေဘာလံုးနယ္တြင္ ေျခခ်ႏိုင္ရန္ ၾကိဳးပမ္းမႈကို မဟန္႔တားႏိုင္ခဲ့ေခ်။

သူ၏ ငယ္ရြယ္စဥ္ ေန႔ရက္မ်ားတြင္ ျပိဳင္ဆိုင္မႈ ျပင္းထန္ခဲ့သည္။

ေဖယိသည္ ၂၀၀၉ ခုႏွစ္တြင္ ေဆာက္သမ္တန္အသင္း၏ လူငယ္အကယ္ဒမီတြင္ တစ္ႏွစ္စာခ်ဳပ္ လက္မွတ္ေရးထိုး ခဲ့သည္။

ယင္းေနာက္ ၂၀၁၃ ခုႏွစ္တြင္ အာဆင္နယ္အသင္းတြင္ စမ္းသပ္ခံခဲ့ျပီး 2013 Lion City ဖလားအတြက္ အာဆင္နယ္ အသင္းမွ ဝင္ေရာက္ကစားေပးခဲ့သည္။

(ေဖယိ ဘုိကီယာသည္ ဘရူႏိုင္းဘုရင္ကဲ့သုိ႔ နန္းေတာ္တစ္ခုတြင္ ေနထိုင္ခဲ့ဖြယ္ ရွိသည္။ ဓာတ္ပံု - Credit: Getty Images - Getty)

(ေဖယိ ဘုိကီယာသည္ တစ္ခ်ိန္က ခ်ယ္ဆီးအသင္းမွ ေခၚယူမည့္ စာရင္းတြင္ ရွိခဲ့ဖူးသည္။ ဓာတ္ပံု-Credit: Chelsea FC)

(ေဖယိ ဘုိကီယာသည္ လက္စတာစီးတီးအသင္း၏ အရံလူေနရာမွ ကစားခဲ့သည္။ ဓာတ္ပံု- Credit: Getty - Contributor)

(ဤကဲ့သို႔ေသာ ရိုးရြိဳက္စ္ ကားမ်ားသည္ ေဖယိ ဘိုကီယာအတြက္ ေျခစၾကၤာ ျဖန္႔စရာ ျဖစ္ခဲ့ဖြယ္ ရွိသည္။ ဓာတ္ပံု - Credit: Getty - Contributor)

ခ်ယ္ဆီးအသင္းက ေဖယိအား ၂၀၁၄ ခုႏွစ္တြင္ ၂ ႏွစ္စာခ်ဳပ္ျဖင့္ ကမ္းလွမ္းခဲ့သည္။

သို႔ေသာ္ ေဖယိက ခ်ယ္ဆီးအသင္းမွ ထိုႏွစ္ဒီဇင္ဘာတြင္ ထြက္ခြာခဲ့ကာ လက္စတာအသင္းႏွင့္ ၂၀၁၅ ခုႏွစ္တြင္ ၃ ႏွစ္စာခ်ဳပ္ ခ်ဳပ္ခဲ့သည္။

ေဖယိ ဘုိကီယာသည္ အဂၤလန္တြင္ ပထမတန္း လူစာရင္းျဖင့္ ပါဝင္ကစားခဲ့ဖူးျခင္း မရွိေသာ္လည္း ဘရူႏိုင္း လက္ေရြးစင္အသင္းတြင္ ၆ ၾကိမ္ ပါဝင္ကစားခဲ့ကာ တစ္ၾကိမ္သာ ဂိုးေပါက္ ရွာေတြ႔ခဲ့ဖူးသည္။

(ဘရူႏိုင္း လက္ေရြးစင္အသင္းေခါင္းေဆာင္အျဖစ္ ေဖယိ ပါဝင္ကစားခဲ့ပံု။ ဓာတ္ပံု -Credit: Getty - Contributor)

ေဖယိသည္ ေလာ့စ္အိန္ဂ်လိတြင္ ေမြးဖြားခဲ့သူ ျဖစ္ေသာ္လည္း အေမရိကန္ ကိုယ္စားျပဳ ေဘာလံုးကစားခဲ့ျခင္း မရွိဘဲ မိသားစုအေပၚ သစၥာရွိခဲ့သည္။

(ေဖယိ ဘိုကီယာ မိသားစု။ ဓာတ္ပံု - Credit: AFP - Getty)

ေဖယိမွာ အျပစ္ကင္းစင္သူတစ္ဦး ျဖစ္ႏုိင္ေသာ္လည္း သူ၏ ဖခင္ ဂ်က္ဖရီ ဘိုကီယာမွာမူ ဘရူႏုိင္း ေတာ္ဝင္မိသားစုတြင္ ေငြသံုးျဖဳန္းသူ တစ္ဦးအျဖစ္ လူသိမ်ားသည္။

ဂ်က္ဖရီသည္ ၁၅ ႏွစ္တာအတြင္း ေပါင္ ၁၅ ဘီလီယံခန္႔ သံုးျဖဳန္းခဲ့သည္ဟု ဆိုသည္။

တစ္ခါတြင္ တစ္လတာအတြင္း ေမာ္ေတာ္ကားမ်ား ၊ နာရီမ်ား ၊ ေရႊျဖဴေဘာပင္မ်ားအတြက္ ေပါင္ ၃၅ သန္းခန္႔ သံုးျဖဳန္းခဲ့ျပီး ကာရာအိုေက ပါတီပြဲတစ္ခုကို ေပါင္ ၁ သန္း အကုန္အက်ခံကာ မိန္းမလွေလးမ်ားႏွင့္ က်င္းပခဲ့သည္ဟု ဆိုသည္။

(ဂ်က္ဖရီက သူ၏ ေမြးေန႔ကို သားျဖစ္သူႏွင့္ ဆင္ႏႊဲခဲ့သည္။ ဓာတ္ပံု - Credit: Instagram @fjbolkiah)

(ဂ်က္ဖရီ ဘိုကီယာမွာ ဘရူႏုိင္း ေတာ္ဝင္မိသားစုတြင္ ေငြသံုးျဖဳန္းသူ တစ္ဦးအျဖစ္ လူသိမ်ားသည္။ ဓာတ္ပံု- Credit: Rex Features)

(ေဖယိသည္ ေဘာလံုးသမားမလုပ္ဘဲ မင္းသားတစ္ပါးအျဖစ္ ေနထိုင္ပါက သူ၏ ဘဝမွာ ပိုမိုလြယ္ကူဖြယ္ရာ ရွိသည္။ ဓာတ္ပံု -Credit: 1998 Julian Parker)

(ေဖယိ ဘုိကီယာ၏ ဝမ္းကြဲ ေမာင္ႏွမမ်ားသည္ ဘရူႏုိင္းတြင္ ခမ္းနားေသာ ဘဝျဖင့္ ေနထိုင္လွ်က္ ရွိၾကသည္။ ဓာတ္ပံု- Credit: Getty - Contributor)

ဂ်က္ဖရီသည္ ေမာ္ေတာ္ကားေပါင္ အစင္းေရ ၂၃၀၀ ေက်ာ္ပိုင္ဆိုင္ထားျပီး Bentleys, Ferraris ႏွင့္ Rolls-Royces ကားမ်ား ပါဝင္ကာ Tits ဟုအမည္ေပးထားေသာ ရြက္ေလွၾကီး တစ္စင္းလည္း ပိုင္ဆိုင္ထားသည္။

(ေဖယိသည္ Tits ရြက္ေလွၾကီး၏ အေမြဆက္ခံရမည့္ သူျဖစ္သည္။ ဓာတ္ပံု - Credit: Big Pictures)

(Tits ရြက္ေလွၾကီးကုိ Nipple 1 and Nipple 2 ဟုလည္း ေခၚၾကသည္။ ဓာတ္ပံု - Credit: Big Pictures)

( ဂ်က္ဖရီ ဘိုကီယာ ဝယ္ယူခဲ့ေသာ ေပါင္ ၅ သန္းတန္ ေကာ္ေဇာ။ ဓာတ္ပံု - Credit: PA:Press Association)

(ဂ်က္ဖရီ ပိုင္ဆိုင္သည့္ ေရႊျဖဴေဘာပင္မ်ား။ ဓာတ္ပံု - Credit: PA:Press Association)

ေရႊျဖဴႏွင့္ ပလက္တီနမ္ျဖင့္ ျပဳလုပ္ထားေသာ နာရီ။ ဓာတ္ပံု - Credit: PA:Press Association)

ဂ်က္ဖရီက သူ၏ ႏွစ္ ၅၀ ျပည့္ ေမြးေန႔ကို က်င္းပေရးတြင္ ၇ ႏွစ္အရြယ္သားျဖစ္သူကိုလည္း သေဘာက် ေပ်ာ္ရႊင္ေစလုိသည္။

( မိုက္ကယ္ ဂ်က္ဆင္က ေဖယိ ဘုိကီယာအတြက္ သီးသန္႔ ေဖ်ာ္ေျဖတင္ဆက္ခဲ့သည္။ ဓာတ္ပံု -Credit: Getty - Contributor)

ထို႔ေၾကာင့္ ဂ်က္ဖရီက ေပါ့ပ္ဂီတ၏ ဘုရင္အျဖစ္ တင္စားၾကေသာ မိုက္ကယ္ဂ်က္ဆင္ကုိ သူႏွင့္မိသားစုအတြက္ သီးသန္႔ ေဖ်ာ္ေျဖေပးရန္ ေခၚယူခဲ့သည္။ ထိုသို႔ ေဖ်ာ္ေျဖေပးရန္အတြက္ မိုက္ကယ္ဂ်က္ဆင္အား ေပါင္ ၁၂ ဒသမ ၅ သန္း ေပးခဲ့ရသည္ဟု ဆိုသည္။

(မိသားစုကို သီးသန္႔ေဖ်ာ္ေျဖေပးရန္ ဂ်က္ဖရီက မိုက္ကယ္ဂ်က္ဆင္အား ေပါင္ ၁၂ ဒသမ ၅ သန္း ေပးခဲ့ရသည္။ ဓာတ္ပံု- Credit: Reuters)

(ဘရူႏိုင္းဘုရင္။ ဓာတ္ပံု - Credit: AFP - Getty)

မိုက္ကယ္ ဂ်က္ဆင္ ေဖ်ာ္ေျဖရန္ အခမ္းအနား သက္သက္အတြက္ ဂ်က္ဖရီက ကြင္းၾကီးတစ္ခု ေဆာက္လုပ္ခဲ့သည္။

ေဖယိ ဘုိကီယာက ေျပာသည္မွာ “ကၽြန္ေတာ္ မွတ္မိသေလာက္ ငယ္ငယ္ေလးကတည္းက ေဘာလံုးကစားခဲ့တာ ျဖစ္ပါတယ္။ ကြင္းထဲကို သြားျပီး ေျခေထာက္နဲ႔ ေဘာလံုးထိေနရရင္ ကၽြန္ေတာ္ အျမဲ ေပ်ာ္ရႊင္ ေနတတ္ပါတယ္။” ဟု ရွားရွားပါးပါး အင္တာဗ်ဴးတစ္ခုတြင္ ေျပာၾကားခဲ့ဖူးသည္။

“ကၽြန္ေတာ္မိဘေတြက ကၽြန္ေတာ္ကို ေဘာလံုးသမားတစ္ေယာက္ျဖစ္လုိတဲ့ အိမ္မက္ေတြ ေအာင္ျမင္ေအာင္ အျမဲတမ္း ပံ့ပိုးကူညီေပးခဲ့ပါတယ္။သူတို႔က ကၽြန္ေတာ္ကို စိတ္ပိုင္းဆိုင္ရာေရာ ရုပ္ပုိင္းဆိုင္ရာေရာ ငယ္စဥ္ကတည္းက ျပင္းျပင္းထန္ထန္ ေလ့က်င့္ေပးခဲ့တယ္။ ဒါေၾကာင့္ သူတို႔က ကၽြန္ေတာ္ရဲ႕ စံျပပုဂၢိဳလ္ေတြလို႔ ေျပာလို႔ရပါတယ္။”

( ေဖယိသည္ ေရႊေရာင္လႊမ္းကာ ခမ္းနားထည္ဝါေသာ သူ၏ ႏိုင္ငံမွ ဘဝကို ေက်ာခိုင္းထားသည္။ ဓာတ္ပံု- Credit: Getty - Contributo)

(ဘရူႏိုင္း ဘုရင္သည္ ေပါင္ ၂၂ ဘီလီယံခန္႔ ၾကြယ္ဝခ်မ္းသာသည္။ ဓာတ္ပံု -Credit: Reuters)

(သူ၏ အသက္ေမြးဝမ္းေၾကာင္းအေပၚ မိသားစု၏ ၾကီးမားေသာ ၾသဇာလႊမ္းမႈရွိေၾကာင္း ေဖယိ ဘိုကီယာကေျပာသည္။ ဓာတ္ပံု - Credit: AFP or licensors)

 

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႕) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးနိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္နွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ျပီး ျမန္မာႏိုင္ငံတဝွမ္းလံုးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ နွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္ရွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသံုးျပဳေနျပီး ျမန္မာတစ္ႏိုင္ငံလံုးတြင္ နံပါတ္(၁) လူသံုးအမ်ားဆံုး အိမ္ျခံေျမေရာင္း၀ယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၱေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္နိုင္ငံလံုးတြင္ရွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားအျပင္ ထိုင္း၊ စင္ကာပူ၊ မေလးရွား အစရွိေသာ ျပည္ပႏိုင္ငံမ်ားမွ အိမ္ျခံေျမစီမံကိန္းမ်ားကိုလည္း ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) နွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစံုစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Meet Faiq Bolkiah, the richest footballer in world, whose uncle is Sultan of Brunei, and is heir to £13bn fortune (thesun)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
taunggyi-garden-city
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service