စုံတွဲအိပ်ယာပါ ပထမတန်းအခန်းများပါသည့် စင်္ကာပူလေကြောင်းလိုင်းမှ Airbus A380 လေယာဉ်ကြီး

စုံတွဲအိပ်ယာပါ ပထမတန်းအခန်းများပါသည့် စင်္ကာပူလေကြောင်းလိုင်းမှ Airbus A380 လေယာဉ်ကြီး - Property News in Myanmar from iMyanmarHouse.com
10 Jan 2023 11:50 am တွင် တင်ခဲ့သည်
792 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူလေကြောင်းလိုင်းမှ Airbus A380 အမျိုးအစားလေယာဉ်ကြီးသည် ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်တွင် နယူးယောက်တွင် ပြေးဆွဲတော့မည် မဟုတ်ချေ။

လေယာဉ်အတွင်း စုံတွဲအိပ်စက်နိုင်သော ကုတင်၊ လက်တင်ကုလားထိုင်ခုံ၊ ကြီးမားသော အိမ်သာများပါဝင်ပြီး အမေရိကတွင် ခရီးသည်များ စီးနင်းနိုင်တော့မည် မဟုတ်ချေ။

A380 လေယာဉ်ကြီးသည် ဥရောပ၊ အာရှနှင့် သြစတေးလျနိုင်ငံများသို့ လေယာဉ်ခရီးစဉ်များ ပျံသန်းပေးလျက် ရှိရာ အဆိုပါလမ်းကြောင်းများရှိ ခရီးသည်များ စီးနင်းလိုက်ပါနိုင်မည် ဖြစ်သည်။

(စင်္ကာပူလေကြောင်းလိုင်း၏ Airbus A380 လေယာဉ်။ ဓာတ်ပုံ Vytautas Kielaitis/Shutterstock)

A380 သည် စင်္ကာပူ၏ အထင်ကရ ပထမတန်းလူနေခန်းပါ လေယာဉ်ကြီးဖြစ်ပြီး လူနေဧရိယာ စတုရန်းပေ ၁၀၀ ကျော် ကျယ်ဝန်းသည်။

(Airbus A380 ၏ ပထမတန်းလူနေခန်း။ ဓာတ်ပုံ- စင်္ကာပူလေကြောင်းလိုင်း)

A380 ကို ၂၀၀၇ ခုနှစ်က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး လူနေခန်းမှာ မူလအခန်းကို အဆင့်မြှင့်တင်ထားခြင်းလည်း ဖြစ်သည်။

(A380 ၏ မူလ ပထမတန်းခရီးသည်အခန်း။ ဓာတ်ပုံ-Agent Wolf/Shutterstock)

နောက်ပိုင်းတွင် A380 များကို အခန်းသစ်များဖြင့် အစားထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် စတင်မိတ်ဆက်ပေးခဲ့သည်။

သို့သော် အဆိုပါအခန်းပါသည့်လေယာဉ် အမေရိကသို့ ခရီးစဉ်ရောက်ရှိသည်မှာ ၂၀၂၂ မေလကမှ ပထမဆုံး ရောက်ရှိခဲ့ခြင်းလည်း ဖြစ်သည်။

(ခရီးသည်အခန်းများမှ စင်္ကြန်လမ်း။ ဓာတ်ပုံ-Taylor Rains/Insider)

သို့သော် တစ်နှစ်မပြည့်မီတွင်ပင် လေယာဉ်များကို JFK လေဆိပ်မှ ပြန်လည်ခေါ်ယူနေပြီ ဖြစ်သည်။

(ဓာတ်ပုံ- Mike Fuchslocher/Shutterstock)

နိုဝင်ဘာလအတွင်း စင်္ကာပူလေကြောင်းလိုင်းမှ ထုတ်ပြန်သည်မှာ A380 လေယာဉ်ကြီးကို JFK လေဆိပ်မှ ကာလအကန့်အသတ်မရှိ ရပ်ဆိုင်းသွားမည်ဖြစ်ပြီး စင်္ကာပူနှင့် သြစတေးလျနိုင်ငံများအကြား လမ်းကြောင်းများကို အစားထိုးပြေးဆွဲသွားမည်ဖြစ်ကာ လာမည့် ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်တွင် စတင်မည်ဟု ဆိုသည်။

(ဓာတ်ပုံ- EQRoy/Shutterstock.com)

စင်္ကာပူသည် A 380 လေယာဉ်အစား ၂၆၄ ခုံဆန့် ဘိုးအင်း 777-300ER အမျိုးအစားလေယာဉ်ဖြင့် အစားထိုး ပြေးဆွဲလျှက်ရှိကာ ဝန်ဆောင်မှုမှာ ထက်ဝက်နီးပါး လျော့ကျသွားသည်။

(စင်္ကာပူလေကြောင်းလိုင်း ဘိုးအင်း 777-300ER လေယာဉ်ကြီး။ ဓာတ်ပုံ- Thiago B Trevisan/Shutterstock.com)

အဆိုပါ လေယာဉ်တွင်လည်း ပထမတန်း ခရီးသည်ခန်း တစ်ခန်း ပါဝင်သော်လည်း တစ်ကိုယ်ရည်လုံခြုံမှု ရှိခြင်းနှင့် A 380 လေယာဉ်ကြီးကဲ့သို့မျိုး အချို့သော Facilities များ မရှိချေ။

(ဓာတ်ပုံ - စင်္ကာပူလေကြောင်းလိုင်း)

နယူးယောက်မြို့မှ A380 လေယာဉ်များ ပြန်လည် ရုပ်သိမ်းလိုက်သောကြောင့် အဆိုပါ လေယာဉ်ကြီး၏ ဇိမ်ကျလှသော ပထမတန်း ခရီးသည်ခန်းကို အမေရိကန် တစ်နိုင်ငံလုံးတွင် ခရီးသည်များ စီးနင်းနိုင်တော့မည် မဟုတ်ချေ။

(ဓာတ်ပုံ - စင်္ကာပူလေကြောင်းလိုင်း)

စင်္ကာပူ ပြည်သူ့ဆက်ဆံရေးလက်ထောက်ဥက္ကဌ James Boyd က JFK လေဆိပ်တွင် A380 လေယာဉ်ကြီး၏ ပထမတန်းခရီးသည်ခန်းသို့ အမေရိကကို ကျောမခိုင်းမီ Business Insider သတင်းဌာနသို့ ဝင်ရောက်ကြည့်ရှုခွင့် ပြုခဲ့သည်။

အခန်းအသီးသီး၏ အရွယ်အစားနှင့် အသေးစိတ်အချက်အလက်များကို အောက်တွင် ဆက်လက်ကြည့်ရှုနိုင် ပါသည်။

(ဓာတ်ပုံ-Taylor Rains/Insider)

ပထမတန်း အခန်း ၆ ခန်း တည်ရှိရာမှာ A380 လေယာဉ်၏ ဒုတိယထပ် လေယာဉ်ရှေ့ပိုင်းတွင်ဖြစ်ပြီး ထည်ဝါခန့်ညားသော လှေကားတစ်ခုမှတဆင့် ရောက်ရှိနိုင်သည်။

(ဓာတ်ပုံ-Taylor Rains/Insider)

လမ်းလျှောက်ကြည့်ရှုမည်ဆိုပါက အခန်းတိုင်း၏ အရွယ်အစားက သင့်အား စိတ်လှုပ်ရှားစေမည်ဖြစ်သည်။

ခရီးသည်စီး လေယာဉ်ခုံဆိုသည်ထက် ဟိုတယ်ခန်းအသေးစားတစ်ခုအသွင် ဖြစ်၏။

(ဓာတ်ပုံ-Taylor Rains/Insider)

အခန်းအတွင်း နောက်သို့လှန်ချနိုင်သည့် ကြီးမားသော သားရေလက်တင်ထိုင်ခုံတစ်ခုရှိသည်။

(ဓာတ်ပုံ-Taylor Rains/Insider)

၃၂ လက်မ touchscreen ရုပ်မြင်သံကြားတစ်ခု……..

(ဓာတ်ပုံ-Taylor Rains/Insider)

ပစ္စည်းထားသိုရန် နေရာများစွာ…..

(ဓာတ်ပုံ-Taylor Rains/Insider)

မှန်တစ်ချပ်၊ ဆူညံသံများ ကာကွယ်သည့် နားကြပ်များ…..

(ဓာတ်ပုံ-Taylor Rains/Insider)

ချိန်ညှိနိုင်သော ပြတင်းများ….

(ဓာတ်ပုံ-Taylor Rains/Insider)

စာဖတ်မီးလုံးတစ်ခု…….

(ဓာတ်ပုံ-Taylor Rains/Insider)

မီးများနှင့် ပြတင်းလိုက်ကာတို့ကို ထိန်းချုပ်နိုင်သည့် tablet တစ်ခု…..

(ဓာတ်ပုံ-Taylor Rains/Insider)

အဝတ်ဗီရိုတစ်ခုနှင့် မှန်….

(ဓာတ်ပုံ-Taylor Rains/Insider)

ညစာစား စားပွဲတစ်ခု

(ဓာတ်ပုံ-Taylor Rains/Insider)

ဝါဂွမ်းအိပ်ယာခင်းများနှင့် အမွှေးပွခေါင်းအုံးများရှိသော အိပ်ယာတစ်ခု

(စင်္ကာပူလေကြောင်းလိုင်းမှ A380 လေယာဉ်ကြီး၏ ပထမတန်းအခန်းတစ်ခု။ ဓာတ်ပုံ- Singapore Airlines)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Singapore Airlines' Airbus A380 and its famous first-class suite are leaving NYC — see inside the luxurious cabin (businessinsider)

[Zawgyi]

စံုတြဲအိပ္ယာပါ ပထမတန္းအခန္းမ်ားပါသည့္ စကၤာပူေလေၾကာင္းလိုင္းမွ Airbus A380 ေလယာဥ္ၾကီး

စကၤာပူေလေၾကာင္းလိုင္းမွ Airbus A380 အမ်ဳိးအစားေလယာဥ္ၾကီးသည္ ၂၀၂၃ ခုႏွစ္၊ ေမလ ၁၅ ရက္တြင္ နယူးေယာက္တြင္ ေျပးဆြဲေတာ့မည္ မဟုတ္ေခ်။

ေလယာဥ္အတြင္း စုံတြဲအိပ္စက္ႏိုင္ေသာ ကုတင္၊ လက္တင္ကုလားထုိင္ခံု၊ ၾကီးမားေသာ အိမ္သာမ်ားပါဝင္ျပီး အေမရိကတြင္ ခရီးသည္မ်ား စီးနင္းႏိုင္ေတာ့မည္ မဟုတ္ေခ်။

A380 ေလယာဥ္ၾကီးသည္ ဥေရာပ၊ အာရွႏွင့္ ၾသစေတးလ်ႏိုင္ငံမ်ားသို႔ ေလယာဥ္ခရီးစဥ္မ်ား ပ်ံသန္းေပးလ်က္ ရွိရာ အဆိုပါလမ္းေၾကာင္းမ်ားရွိ ခရီးသည္မ်ား စီးနင္းလိုက္ပါႏိုင္မည္ ျဖစ္သည္။

(စကၤာပူေလေၾကာင္းလိုင္း၏ Airbus A380 ေလယာဥ္။ ဓာတ္ပုံ Vytautas Kielaitis/Shutterstock)

A380 သည္ စကၤာပူ၏ အထင္ကရ ပထမတန္းလူေနခန္းပါ ေလယာဥ္ၾကီးျဖစ္ျပီး လူေနဧရိယာ စတုရန္းေပ ၁၀၀ ေက်ာ္ က်ယ္ဝန္းသည္။

(Airbus A380 ၏ ပထမတန္းလူေနခန္း။ ဓာတ္ပံု- စကၤာပူေလေၾကာင္းလိုင္း)

A380 ကို ၂၀၀၇ ခုႏွစ္က ထုတ္လုပ္ခဲ့ျခင္းျဖစ္ျပီး လူေနခန္းမွာ မူလအခန္းကို အဆင့္ျမွင့္တင္ထားျခင္းလည္း ျဖစ္သည္။

(A380 ၏ မူလ ပထမတန္းခရီးသည္အခန္း။ ဓာတ္ပံု-Agent Wolf/Shutterstock)

ေနာက္ပိုင္းတြင္ A380 မ်ားကို အခန္းသစ္မ်ားျဖင့္ အစားထိုးခဲ့ျပီး ၂၀၁၇ ခုႏွစ္တြင္ စတင္မိတ္ဆက္ေပးခဲ့သည္။

သို႔ေသာ္ အဆိုပါအခန္းပါသည့္ေလယာဥ္ အေမရိကသို႔ ခရီးစဥ္ေရာက္ရွိသည္မွာ ၂၀၂၂ ေမလကမွ ပထမဆံုး ေရာက္ရွိခဲ့ျခင္းလည္း ျဖစ္သည္။

(ခရီးသည္အခန္းမ်ားမွ စၾကၤန္လမ္း။ ဓာတ္ပံု-Taylor Rains/Insider)

သို႔ေသာ္ တစ္ႏွစ္မျပည့္မီတြင္ပင္ ေလယာဥ္မ်ားကို JFK ေလဆိပ္မွ ျပန္လည္ေခၚယူေနျပီ ျဖစ္သည္။

(ဓာတ္ပံု- Mike Fuchslocher/Shutterstock)

ႏိုဝင္ဘာလအတြင္း စကၤာပူေလေၾကာင္းလိုင္းမွ ထုတ္ျပန္သည္မွာ A380 ေလယာဥ္ၾကီးကို JFK ေလဆိပ္မွ ကာလအကန္႔အသတ္မရွိ ရပ္ဆိုင္းသြားမည္ျဖစ္ျပီး စကၤာပူႏွင့္ ၾသစေတးလ်ႏိုင္ငံမ်ားအၾကား လမ္းေၾကာင္းမ်ားကို အစားထိုးေျပးဆြဲသြားမည္ျဖစ္ကာ လာမည့္ ၂၀၂၃ ခုႏွစ္၊ ေမလ ၁၅ ရက္တြင္ စတင္မည္ဟု ဆိုသည္။

(ဓာတ္ပံု- EQRoy/Shutterstock.com)

စကၤာပူသည္ A 380 ေလယာဥ္အစား ၂၆၄ ခံုဆန္႔ ဘိုးအင္း 777-300ER အမ်ဳိးအစားေလယာဥ္ျဖင့္ အစားထိုး ေျပးဆြဲလွ်က္ရွိကာ ဝန္ေဆာင္မႈမွာ ထက္ဝက္နီးပါး ေလ်ာ့က်သြားသည္။

(စကၤာပူေလေၾကာင္းလိုင္း ဘိုးအင္း 777-300ER ေလယာဥ္ၾကီး။ ဓာတ္ပံု- Thiago B Trevisan/Shutterstock.com)

အဆိုပါ ေလယာဥ္တြင္လည္း ပထမတန္း ခရီးသည္ခန္း တစ္ခန္း ပါဝင္ေသာ္လည္း တစ္ကိုယ္ရည္လံုျခံဳမႈ ရွိျခင္းႏွင့္ A 380 ေလယာဥ္ၾကီးကဲ့သို႔မ်ဳိး အခ်ဳိ႕ေသာ Facilities မ်ား မရွိေခ်။

(ဓာတ္ပံု - စကၤာပူေလေၾကာင္းလိုင္း)

နယူးေယာက္ျမိဳ႕မွ A380 ေလယာဥ္မ်ား ျပန္လည္ ရုပ္သိမ္းလိုက္ေသာေၾကာင့္ အဆိုပါ ေလယာဥ္ၾကီး၏ ဇိမ္က်လွေသာ ပထမတန္း ခရီးသည္ခန္းကို အေမရိကန္ တစ္ႏိုင္ငံလံုးတြင္ ခရီးသည္မ်ား စီးနင္းႏိုင္ေတာ့မည္ မဟုတ္ေခ်။

(ဓာတ္ပံု - စကၤာပူေလေၾကာင္းလိုင္း)

စကၤာပူ ျပည္သူ႔ဆက္ဆံေရးလက္ေထာက္ဥကၠဌ James Boyd က JFK ေလဆိပ္တြင္ A380 ေလယာဥ္ၾကီး၏ ပထမတန္းခရီးသည္ခန္းသို႔ အေမရိကကို ေက်ာမခိုင္းမီ Business Insider သတင္းဌာနသို႔ ဝင္ေရာက္ၾကည့္ရႈခြင့္ ျပဳခဲ့သည္။

အခန္းအသီးသီး၏ အရြယ္အစားႏွင့္ အေသးစိတ္အခ်က္အလက္မ်ားကို ေအာက္တြင္ ဆက္လက္ၾကည့္ရႈႏိုင္ ပါသည္။

(ဓာတ္ပံု-Taylor Rains/Insider)

ပထမတန္း အခန္း ၆ ခန္း တည္ရွိရာမွာ A380 ေလယာဥ္၏ ဒုတိယထပ္ ေလယာဥ္ေရွ႕ပုိင္းတြင္ျဖစ္ျပီး ထည္ဝါခန္႔ညားေသာ ေလွကားတစ္ခုမွတဆင့္ ေရာက္ရွိႏိုင္သည္။

(ဓာတ္ပံု-Taylor Rains/Insider)

လမ္းေလွ်ာက္ၾကည့္ရႈမည္ဆိုပါက အခန္းတိုင္း၏ အရြယ္အစားက သင့္အား စိတ္လႈပ္ရွားေစမည္ျဖစ္သည္။

ခရီးသည္စီး ေလယာဥ္ခံုဆိုသည္ထက္ ဟိုတယ္ခန္းအေသးစားတစ္ခုအသြင္ ျဖစ္၏။

(ဓာတ္ပံု-Taylor Rains/Insider)

အခန္းအတြင္း ေနာက္သို႔လွန္ခ်ႏိုင္သည့္ ၾကီးမားေသာ သားေရလက္တင္ထိုင္ခံုတစ္ခုရွိသည္။

(ဓာတ္ပံု-Taylor Rains/Insider)

၃၂ လက္မ touchscreen ရုပ္ျမင္သံၾကားတစ္ခု……..

(ဓာတ္ပံု-Taylor Rains/Insider)

ပစၥည္းထားသိုရန္ ေနရာမ်ားစြာ…..

(ဓာတ္ပံု-Taylor Rains/Insider)

မွန္တစ္ခ်ပ္၊ ဆူညံသံမ်ား ကာကြယ္သည့္ နားၾကပ္မ်ား…..

(ဓာတ္ပံု-Taylor Rains/Insider)

ခ်ိန္ညွိႏိုင္ေသာ ျပတင္းမ်ား….

(ဓာတ္ပံု-Taylor Rains/Insider)

စာဖတ္မီးလံုးတစ္ခု…….

(ဓာတ္ပံု-Taylor Rains/Insider)

မီးမ်ားႏွင့္ ျပတင္းလိုက္ကာတို႔ကို ထိန္းခ်ဳပ္ႏိုင္သည့္ tablet တစ္ခု…..

(ဓာတ္ပံု-Taylor Rains/Insider)

အဝတ္ဗီရိုတစ္ခုႏွင့္ မွန္….

(ဓာတ္ပံု-Taylor Rains/Insider)

ညစာစား စားပြဲတစ္ခု

(ဓာတ္ပံု-Taylor Rains/Insider)

ဝါဂြမ္းအိပ္ယာခင္းမ်ားႏွင့္ အေမႊးပြေခါင္းအံုးမ်ားရွိေသာ အိပ္ယာတစ္ခု

(စကၤာပူေလေၾကာင္းလိုင္းမွ A380 ေလယာဥ္ၾကီး၏ ပထမတန္းအခန္းတစ္ခု။ ဓာတ္ပံု- Singapore Airlines)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Singapore Airlines' Airbus A380 and its famous first-class suite are leaving NYC — see inside the luxurious cabin (businessinsider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
shwe-moe-kaung
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service