တစ်ဦးက စေတနာ..တစ်ဦးကမေတ္တာ (သို့မဟုတ်) အမေရိကန် Delta လေကြောင်းလိုင်းပိုင် ဘိုးအင်း 767 လေယာဉ်ကြီး၏ နောက်ကွယ်မှ လေးစား ကြည်နူးဖွယ်ဇာတ်လမ်း

တစ်ဦးက စေတနာ..တစ်ဦးကမေတ္တာ (သို့မဟုတ်) အမေရိကန် Delta လေကြောင်းလိုင်းပိုင် ဘိုးအင်း 767 လေယာဉ်ကြီး၏ နောက်ကွယ်မှ လေးစား ကြည်နူးဖွယ်ဇာတ်လမ်း - Property News in Myanmar from iMyanmarHouse.com
9 Jan 2023 12:01 pm တွင် တင်ခဲ့သည်
808 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိက၏ နာမည်ကြီးလေကြောင်းလိုင်းဖြစ်သော Delta လေကြောင်းလိုင်း၏ ပထမဆုံး ဘိုးအင်း 767 ဂျက်လေယာဉ်ကြီးမှာ ၁၉၈၂ ခုနှစ်တွင် ကန်ဒေါ်လာ သန်း ၃၀ ဖြင့် လေကြောင်းလိုင်း၏ ဝန်ထမ်းများနှင့် ပြည်သူတို့က စုပေါင်းကာ ဝယ်ယူပေးခဲ့ကြခြင်း ဖြစ်သည်။

Delta လေကြောင်းလိုင်း၏ ပထမဆုံး ဘိုးအင်း 767 လေယာဉ်ကြီး၏ နောက်ကွယ်မှ တမူထူးသော ကြည်နူးဖွယ် ဇာတ်လမ်းအပြည့်အစုံကို အောက်တွင် ဆက်လက်ဖတ်ရှုကြည့်ပါ။

 

(The Spirit of Delta လေယာဉ်ကြီး။ ဓာတ်ပုံ - Delta Air Lines)

 

အမေရိကန်သမ္မတ ဂျင်မီကာတာသည် ၁၉၇၈ ခုနှစ်တွင် လေကြောင်းလိုင်း ကန့်သတ်ထိန်းချုပ်မှု ကင်းလွတ်ခွင့်ပြုသည့်အက်ဥပဒေကို လက်မှတ်ရေးထိုးအတည်ပြုခဲ့ပြီးနောက် လေကြောင်းလိုင်း အများစုနည်းတူ Delta လေကြောင်းလိုင်းသည်လည်း ဘဏ္ဍာရေးအထိနာခဲ့သည်။

 

 

(၁၉၇၈ လေကြောင်းလိုင်း ကန့်သတ်ထိန်းချုပ်မှု ကင်းလွတ်ခွင့်ပြုသည့်အက်ဥပဒေကို ဂျင်မီကာတာက လက်မှတ်ရေးထိုးနေပုံ)

 

ထိုဥပဒေအရ လေကြောင်းလိုင်းတစ်ခုသည် ခရီးစဉ်များကို ဖျက်သိမ်းခွင့်မပြုရာ Delta သည် ပျံသန်းမည့် စာရင်းအတွက် မြို့ ၃ မြို့ကိုသာ ရွေးချယ်ခဲ့သည်။

ယင်းသို့ဖြစ်ရသည့် အကြောင်းတစ်ခုမှာ စရိတ်သက်သာသည့် လေကြောင်းလိုင်းများ၏ ယှဉ်ပြိုင်မှုများ မြင့်တက်လာခြင်းကြောင့် လည်း ဖြစ်သည်။ ထိုဥပဒေကြောင့် တန်ဖိုးနည်းလေကြောင်းလိုင်းများမှာ ဈေးကွက်သို့ လွယ်လင့်တကူ ဝင်ရောက်လာနိုင်ကြခြင်း ဖြစ်သည်။

၁၉၈၀ အစောပိုင်းကာလများတွင် ဖြစ်ပွားခဲ့သော စီးပွားကျမှုမှာလည်း လေကြောင်းလိုင်း၏ အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။

 

(ဥပဒေအတည်ပြုပြီးနောက် စရိတ်နည်းလေကြောင်းလိုင်းများအနက်တစ်ခုဖြစ်သော Southwest Airlines မှာ လျင်မြန်စွာ ချဲ့ထွင်လာခဲ့သည်။ ဓာတ်ပုံမှာ Southwest Airlines ၏ ဝန်ထမ်းများဖြစ်ပြီး ၁၉၆၈ ခုနှစ်တွင် ရိုက်ကူးခဲ့သည့်ဓာတ်ပုံဖြစ်သည်။ ဓာတ်ပုံ- Alan Band/Keystone/Getty Images)

 

ထိုသို့သောအခြေအနေမျိုးတွင် အမေရိက၏ အကြီးမားဆုံးလေကြောင်းလိုင်းကြီးများဖြစ်သော Pan Am နှင့် Eastern Airlines တို့ကဲ့သို့ လေကြောင်းလိုင်းကြီးများသည်ပင်လျှင် ဆက်လက်မရပ်တည်နိုင်ခဲ့တော့ချေ။

သို့သော် Delta, American Airlines နှင့် United Airlines လေကြောင်းလိုင်းများမှာမူ စီမံခန့်ခွဲမှု အလွန်ကောင်းခြင်းနှင့် ငွေကြေးထောက်ပံ့မှုများကြောင်း ဆက်လက်ရှင်သန်နိုင်ခဲ့ကြသည်။

 

(ထိပ်သီးလေကြောင်းလိုင်းကြီးဖြစ်သော Braniff International Airways မှာလည်း ဥပဒေအတည်ပြုပြီး နောက် ကျဆုံးသွားခဲ့ရသည်။ ဓာတ်ပုံ- Tim Rees/Airliners.net)

 

သို့သော် ယင်းကုမ္ပဏီများ အရှုံးမပေါ်ဟု ဆိုလိုခြင်းမဟုတ်ချေ။

၁၉၈၂ ခုနှစ်တွင် Delta သည် ကန်ဒေါ်လာ ၁၇ သန်းအရှုံးပေါ်ခဲ့ကာ ၁၉၅၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

United လေကြောင်းလိုင်းမှာမူ ကန်ဒေါ်လာ ၆၇ သန်းခန့် အရှုံးပေါ်ခဲ့၏။

 

(United လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း။ ဓာတ်ပုံ- Alex Wong/Getty Images)

 

လေကြောင်းလိုင်းအများစုမှာ အခြေအနေကို ထိန်းသိမ်းရန်အတွက် ဝန်ထမ်းများလျှော့ချသည့်နည်းလမ်းကို ရွေးချယ်ခဲ့သော်လည်း Delta လေကြောင်းလိုင်းမှာမူ အံ့အားသင့်ဖွယ်ခြေလှမ်းကို လှမ်းခဲ့ရာ ထိုနှစ်က ဝန်ထမ်းတိုင်းကို လစာ ၈ ဒသမ ၅ ရာခိုင်နှုန်း တိုးပေးခဲ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

လေကြောင်းလိုင်း၏ ဆုံးဖြတ်ချက်ကို အများက ဝေဖန်ခဲ့ကြသည်။

 

(Delta လေကြောင်းလိုင်းမှ လေယာဉ်မှူးများကို ဘိုးအင်း 747 လေယာဉ်ကြီး၏ လေယာဉ်ထိန်းချုပ်ခန်းအတွင်း ၁၉၇၃ ခုနှစ်က တွေ့ရပုံ ဖြစ်သည်။ ဓာတ်ပုံ -Delta Flight Museum)

 

သို့သော် ထိုဝေဖန်မှုများက လေကြောင်းမယ် ၃ ဦးဖြစ်သော ဒိုင်ယန် ခါဗဲလီ (Diane Carvelli)၊ ဂျင်နီ အောက်စ်ဖို့ဒ် (Ginny Oxford) နှင့် ဂျင်း အိုဝင်စ် (Jean Owens) တို့အနေဖြင့် ကုမ္ပဏီအပေါ် ပြန်လည်ပေးဆပ်မှုများ လုပ်သွားရန် စိတ်ဆန္ဒများ ပေါ်ပေါက်လာစေ ခဲ့သည်။

 

(Delta လေကြောင်းလိုင်း၏ CEO အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေ့ဗ် ဂဲရက်ထ် (Dave Garrett) ။ ဓာတ်ပုံ -Delta Air Lines)

 

 

၁၉၈၂ ခုနှစ်၊ စက်တင်ဘာလတွင် ထိုအမျိုးသမီး ၃ ဦးက ကျေးဇူးတင်ကြောင်းပြယုဂ်အဖြစ် Delta ကုမ္ပဏီအတွက် လေယာဉ်ကြီးတစ်စင်း ဝယ်ပေးကြရန် ဆုံးဖြတ်ခဲ့သည်။

 

 

(The Spirit of Delta လေယာဉ်ကြီး။ ဓာတ်ပုံ - Delta Air Lines)

 

လေယာဉ်ကြီးဝယ်ယူနိုင်ရေးအတွက် Delta ကုမ္ပဏီ၏ ဝန်ထမ်းပေါင်း ၁၈၀၀၀ ကျော်က ၎င်းတို့ လစာ၏ အနည်းဆုံး ၂ ဒသမ ၅ ရာခိုင်နှုန်းကို တစ်နှစ်တာလှူဒါန်းခဲ့ကြသည့်အပြင် ဝန်ထမ်းဟောင်းများနှင့် မိတ်ဆွေသူငယ်ချင်းများထံမှလည်း အလှူခံခဲ့ကြသည်။

 

 

(The Spirit of Delta လေယာဉ်ကြီး။ ဓာတ်ပုံ - Delta Air Lines)

 

၃ လတာအတွင်း လေယာဉ်ဝန်ထမ်းများသည် Delta လေကြောင်းလိုင်း၏ ပထမဆုံး ဘိုးအင်း 767-200 လေယာဉ်ကြီးအတွက် ဒေါ်လာ သန်း ၃၀ စုဆောင်းနိုင်ခဲ့သည်။

 

 

(The Spirit of Delta လေယာဉ်ကြီး။ ဓာတ်ပုံ - Delta Air Lines)

 

“လူအများကြီး ပါဝင်လာကြတဲ့အပေါ် ကျွန်မတို့ အံ့အားသင့်ခဲ့ကြရပါတယ်”ဟု လေယာဉ်မယ် Carvelli က ၂၀၂၂ ခုနှစ်၊ သတင်းမီဒီယာများသို့ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

Delta လေကြောင်းလိုင်း၏ ဌာနတိုင်းက ဝန်ထမ်းများပေါင်းစည်းကာ အံ့အားသင့်ဖွယ် လုပ်ဆောင်နိုင်ခဲ့ကြ ကြောင်း သူမက ဆိုသည်။

ဝန်ထမ်းများ စုပေါင်း ဝယ်ယူပေးခဲ့ကြသော လေယာဉ်ကြီးကို The Spirit of Delta ဟု အမည်ပေးထားပြီး ဝန်ထမ်းများ၊ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုဝင်များနှင့် မိသားစုတို့က လေယာဉ်မိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

လေယာဉ်မှာ ကျယ်ဝန်းသော ကိုယ်ထည်ရှိပြီး အမေရိကန်ပြည်ထောင်စု၊ အတ္တလန္တာပြည်နယ်ရှိ လေယာဉ်ရုံ တစ်ခုတွင် မိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မကြာမီတွင် အဆိုပါလေယာဉ်သည် Delta လေကြောင်းလိုင်း၏ အဓိကရုန်းကန်ပေးသော လေယာဉ်ကြီး ဖြစ်လာသည်။

 

(The Spirit of Delta လေယာဉ်ကြီး။ ဓာတ်ပုံ - Delta Air Lines)

 

“The Spirit of Delta လေယာဉ်ကြီးဟာ ကုမ္ပဏီရဲ့သမိုင်းမှာ ခက်ခဲတဲ့ကာလတစ်ခုအတွင်း ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို တက်ကြွအောင်လှုံ့ဆော်မှု ပေးနိုင်ခဲ့ပါတယ်”ဟု Delta ကုမ္ပဏီက Business Insider သတင်းဌာနသို့ ပြောသည်။

 

(၁၉၈၂ ခုနှစ်က ကျင်းပခဲ့သော 767 လေယာဉ်ကြီး မိတ်ဆက်ပွဲအခမ်းအနားတွင် Delta ၏ ဝန်ထမ်းများကို တွေ့ရပုံ။ ဓာတ်ပုံ- Delta Air Lines)

 

ခက်ခဲသော ကာလများအတွင်း 767 လေယာဉ်ကြီးသည် Delta ကုမ္ပဏီကို မည်သို့ ကူညီခဲ့ပုံနှင့်စပ်လျဉ်းပြီး ကုမ္ပဏီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက Insider သို့ ပြောသည်မှာ ထိုလေယာဉ်သည် ကုမ္ပဏီ၏ စီးပွားရေး ပြန်လည်နာလံထူလာစေရေးအတွက် အခရာဖြစ်ခဲ့ကြောင်း၊ လေကြောင်းလိုင်း ဆက်လက်တိုးတက်ရေး အတွက် အထောက်အပံ့ဖြစ်စေခဲ့ကြောင်း ပြောသည်။

 

(၁၉၈၂ ခုနှစ်က Delta 767 လေယာဉ်ကြီး၏ လက်ကမ်းကြော်ငြာတစ်ခု။ ဓာတ်ပုံ - Delta Air Lines)

 

အထူးသဖြင့် ကိုယ်ထည်ကျယ်ဝန်းသော ထိုလေယာဉ်မှာ လေကြောင်းလိုင်း၏ ခရီးလတ်နှင့် တိုက်ချင်းဖြတ် ခရီးရှည်များအတွက် အကူအညီဖြစ်ခဲ့ပြီး ဖောက်သည်များအတွက် လေယာဉ်ဟောင်းများနှင့် ယှဉ်လျှင် ကောင်းမွန်သော နေရာထိုင်ခင်း ဝန်ဆောင်မှုနှင့် ၃၀ ရာခိုင်နှုန်း ပိုမိုထိရောက်မှု ပေးစွမ်းကြောင်း Delta လေကြောင်းလိုင်းက ပြောကြားသည်။

 

(၂၀၀၆ ခုနှစ်အတွင်း The Spirit of Delta လေယာဉ်ကြီးကို အနားပေးမည့် အခမ်းအနားတွင် တွေ့ရပုံ။ ဓာတ်ပုံ- Delta Air Lines)

 

 

 

(လေယာဉ်အတွင်းပိုင်း။ ဓာတ်ပုံ- Delta Air Lines)

 

လေယာဉ်၏ လေယာဉ်မှူးအခန်းမှာ Delta လေကြောင်းလိုင်းက ၁၉၈၄ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည့် ဘိုးအင်း ၇၅၇ လေယာဉ်များနှင့် တူညီရာ လေယာဉ်မှူးများအဖို့ လေယာဉ် ၂ မျိုး မောင်းနှင်ရန် ထပ်မံ လေ့ကျင့်သင်ယူရန် မလိုတော့ချေ။

 

(The Spirit of Delta လေယာဉ်ကြီး၏ လေယာဉ်မှူးများနှင့် လေယာဉ်မောင်/မယ်များကို ၁၉၈၂ ခုနှစ်တွင် တွေ့ရပုံ။ ဓာတ်ပုံ- Delta Air Lines)

 

အသုံးပြုခဲ့သည့် ၂၃ နှစ်တာကာလအတွင်း The Spirit of Delta လေယာဉ်ကြီးသည် နာရီပေါင်း ၇၀၇၀၀ ခန့် ပျံသန်းခဲ့သည်။

ဆယ်စုနှစ် ၂ ခုကျော်ကာလအတွင်း လေယာဉ်ကြီးသည် ၁၉၉၆ ခုနှစ်၊ အတ္တလန္တာအိုလံပစ်ပွဲတော်နှင့် ၂၀၀၄ ခုနှစ်တွင် ကျရောက်သော Delta လေကြောင်းလိုင်း ၇၅ နှစ်ပြည့်ကဲ့သို့ သမိုင်းဝင်ပွဲလမ်းများကျင်းပမှု အထိမ်းအမှတ်များအတွက် ဆေးခြယ်ပုံဖော်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။

 

 

(The Spirit of Delta လေယာဉ်ကြီးကို ၁၉၉၆ ခုနှစ် အတ္တလန္တာအိုလံပစ်ပွဲတော်အထိမ်းအမှတ် ဆေးခြယ် ထားပုံ။ ဓာတ်ပုံ- Delta Air Lines)

 

 

(The Spirit of Delta လေယာဉ်ကြီးကို Delta လေကြောင်းလိုင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် ဆေးခြယ်ထား ပုံ။ ဓာတ်ပုံ- Delta Air Lines)

 

The Spirit of Delta လေယာဉ်ကြီးသည် ၂၀၀၆ ခုနှစ်တွင် အနားပေးခြင်းခံရပြီး အနားပေးလိုက်ချိန်တွင် ၁၉၈၂ ခုနှစ်က မူရင်းဆေးရောင်အတိုင်းဖြစ်သည်။

အနားမပေးမီတွင် နှုတ်ဆက်သည့်ခရီးစဉ် ရက်သတ္တ ၂ ပတ်ခန့် ထွက်ခွာခဲ့ပြီး လမ်းခရီးတွင် မြို့ပေါင်း ၁၂ မြို့တွင် ဆင်းသက်ရပ်နားခဲ့သည်။

 

 

(The Spirit of Delta လေယာဉ်ကြီးကို အနားပေးချိန်တွင် မူရင်းဆေးရောင်အတိုင်း ပြန်လည်မွမ်းမံထား ခဲ့သည်။ ဓာတ်ပုံ - Delta Air Lines)

 

၂၀၀၆ ခုနှစ်အတွင်း အတ္တလန္တာမြို့ရှိ Delta လေကြောင်းလိုင်း၏ လေကြောင်းပြတိုက်တွင် The Spirit of Delta လေယာဉ်ကြီးထားရှိပြသမည့်နေရာ ပြုလုပ်ကာ ပြသထားခဲ့သည်။

 

(၂၀၀၆ ခုနှစ်တွင် The Spirit of Delta လေယာဉ်ကြီးကို အမြဲထားရှိမည့်နေရာသို့ ရွှေ့ပြောင်းခဲ့သည်။ ဓာတ်ပုံ- Delta Air Lines)

 

လေယာဉ်ကြီးပေါ်သို့ လည်ပတ်ကြည့်ရှုသူများအနေဖြင့် ထိုခေတ်က လေယာဉ်မယ်တို့၏ ဝတ်စုံများ၊ ဓာတ်ပုံများ၊ ပိုစတာများ၊ ဖန်ထည်ပစ္စည်းများနှင့် အခြားသော အမှတ်ရဖွယ်များ ရှုစားရမည် ဖြစ်သည်။

 

 

 

(The Spirit of Delta လေယာဉ်ကြီးကို အတ္တလန္တာမြို့တွင် ပြသထားပုံ။ ဓာတ်ပုံ-Delta Flight Museum)

 

 

 

(The Spirit of Delta လေယာဉ်ကြီးကို ၂၀၀၆ ခုနှစ်က တွေ့ရပုံ။ ဓာတ်ပုံ -Delta Air Lines)

 

 

ပြီးခဲ့သော ဒီဇင်ဘာလ ၁၅ ရက်သည် လေယာဉ်ကြီး၏ နှစ် ၄၀ ပြည့် မွေးနေ့လည်း ဖြစ်သည်။

လေယာဉ်ကြီး၏ သမိုင်းအမွေကို ဂုဏ်ပြုသောအားဖြင့် CEO ဖြစ်သူ အက်ဒ် ဘာ့စတီယန် (Ed Bastian) က အကူအညီလိုအပ်သော ကုမ္ပဏီဝန်ထမ်းများအား ကူညီမှုများပြုလုပ်သည့် Delta Care Fund ရန်ပုံငွေသို့ ဒေါ်လာ ၃၀၀၀၀၀ စိုက်ထူရန် ကတိပြုခဲ့သည်။

ရန်ပုံငွေကို ဒေါ်လာ သန်း ၃၀ အထိ ထူထောင်သွားရန် ရည်မှန်းထားသည်။

ထိုငွေပမာဏမှာ ကုမ္ပဏီ၏ ပထမဆုံး ဘိုးအင်း ၇၆၇ လေယာဉ်ကြီးကို ဝယ်ရန် ၁၉၈၂ ခုနှစ်တွင် လေကြောင်းလိုင်းဝန်ထမ်းများ လှူဒါန်းခဲ့ကြသည့်ငွေနှင့် တူညီသော ပမာဏလည်း ဖြစ်လေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Delta's first-ever Boeing 767 jet was bought for $30 million in 1982 with the help of employees and the public. See the historic plane's full history (businessinsider)

 

 

[Zawgyi]

 

တစ္ဦးက ေစတနာ..တစ္ဦးကေမတၱာ (သို႔မဟုတ္) အေမရိကန္ Delta ေလေၾကာင္းလိုင္းပိုင္ ဘိုးအင္း 767 ေလယာဥ္ၾကီး၏ ေနာက္ကြယ္မွ ေလးစား ၾကည္ႏူးဖြယ္ဇာတ္လမ္း

 

အေမရိက၏ နာမည္ၾကီးေလေၾကာင္းလိုင္းျဖစ္ေသာ Delta ေလေၾကာင္းလိုင္း၏ ပထမဆံုး ဘိုးအင္း 767 ဂ်က္ေလယာဥ္ၾကီးမွာ ၁၉၈၂ ခုႏွစ္တြင္ ကန္ေဒၚလာ သန္း ၃၀ ျဖင့္ ေလေၾကာင္းလိုင္း၏ ဝန္ထမ္းမ်ားႏွင့္ ျပည္သူတို႔က စုေပါင္းကာ ဝယ္ယူေပးခဲ့ၾကျခင္း ျဖစ္သည္။

Delta ေလေၾကာင္းလိုင္း၏ ပထမဆံုး ဘိုးအင္း 767 ေလယာဥ္ၾကီး၏ ေနာက္ကြယ္မွ တမူထူးေသာ ၾကည္ႏူးဖြယ္ ဇာတ္လမ္းအျပည့္အစံုကို ေအာက္တြင္ ဆက္လက္ဖတ္ရႈၾကည့္ပါ။

(The Spirit of Delta ေလယာဥ္ၾကီး။ ဓာတ္ပံု - Delta Air Lines)

အေမရိကန္သမၼတ ဂ်င္မီကာတာသည္ ၁၉၇၈ ခုႏွစ္တြင္ ေလေၾကာင္းလိုင္း ကန္႔သတ္ထိန္းခ်ဳပ္မႈ ကင္းလြတ္ခြင့္ျပဳသည့္အက္ဥပေဒကို လက္မွတ္ေရးထုိးအတည္ျပဳခဲ့ျပီးေနာက္ ေလေၾကာင္းလိုင္း အမ်ားစုနည္းတူ Delta ေလေၾကာင္းလိုင္းသည္လည္း ဘ႑ာေရးအထိနာခဲ့သည္။

(၁၉၇၈ ေလေၾကာင္းလိုင္း ကန္႔သတ္ထိန္းခ်ဳပ္မႈ ကင္းလြတ္ခြင့္ျပဳသည့္အက္ဥပေဒကို ဂ်င္မီကာတာက လက္မွတ္ေရးထိုးေနပံု)

ထိုဥပေဒအရ ေလေၾကာင္းလိုင္းတစ္ခုသည္ ခရီးစဥ္မ်ားကို ဖ်က္သိမ္းခြင့္မျပဳရာ Delta သည္ ပ်ံသန္းမည့္ စာရင္းအတြက္ ျမိဳ႕ ၃ ျမိဳ႕ကိုသာ ေရြးခ်ယ္ခဲ့သည္။

ယင္းသို႔ျဖစ္ရသည့္ အေၾကာင္းတစ္ခုမွာ စရိတ္သက္သာသည့္ ေလေၾကာင္းလိုင္းမ်ား၏ ယွဥ္ျပိဳင္မႈမ်ား ျမင့္တက္လာျခင္းေၾကာင့္ လည္း ျဖစ္သည္။ ထိုဥပေဒေၾကာင့္ တန္ဖိုးနည္းေလေၾကာင္းလိုင္းမ်ားမွာ ေစ်းကြက္သို႔ လြယ္လင့္တကူ ဝင္ေရာက္လာႏိုင္ၾကျခင္း ျဖစ္သည္။

၁၉၈၀ အေစာပိုင္းကာလမ်ားတြင္ ျဖစ္ပြားခဲ့ေသာ စီးပြားက်မႈမွာလည္း ေလေၾကာင္းလိုင္း၏ အေျခအေနကို ပိုမိုဆိုးရြားေစခဲ့သည္။

(ဥပေဒအတည္ျပဳျပီးေနာက္ စရိတ္နည္းေလေၾကာင္းလိုင္းမ်ားအနက္တစ္ခုျဖစ္ေသာ Southwest Airlines မွာ လ်င္ျမန္စြာ ခ်ဲ႕ထြင္လာခဲ့သည္။ ဓာတ္ပံုမွာ Southwest Airlines ၏ ဝန္ထမ္းမ်ားျဖစ္ျပီး ၁၉၆၈ ခုႏွစ္တြင္ ရိုက္ကူးခဲ့သည့္ဓာတ္ပံုျဖစ္သည္။ ဓာတ္ပံု- Alan Band/Keystone/Getty Images)

ထိုသို႔ေသာအေျခအေနမ်ဳိးတြင္ အေမရိက၏ အၾကီးမားဆံုးေလေၾကာင္းလိုင္းၾကီးမ်ားျဖစ္ေသာ Pan Am ႏွင့္ Eastern Airlines တို႔ကဲ့သို႔ ေလေၾကာင္းလိုင္းၾကီးမ်ားသည္ပင္လွ်င္ ဆက္လက္မရပ္တည္ႏိုင္ခဲ့ေတာ့ေခ်။

သို႔ေသာ္ Delta, American Airlines ႏွင့္ United Airlines ေလေၾကာင္းလိုင္းမ်ားမွာမူ စီမံခန္႔ခြဲမႈ အလြန္ေကာင္းျခင္းႏွင့္ ေငြေၾကးေထာက္ပံ့မႈမ်ားေၾကာင္း ဆက္လက္ရွင္သန္ႏိုင္ခဲ့ၾကသည္။

(ထိပ္သီးေလေၾကာင္းလိုင္းၾကီးျဖစ္ေသာ Braniff International Airways မွာလည္း ဥပေဒအတည္ျပဳျပီး ေနာက္ က်ဆံုးသြားခဲ့ရသည္။ ဓာတ္ပံု- Tim Rees/Airliners.net)

သို႔ေသာ္ ယင္းကုမၸဏီမ်ား အရံႈးမေပၚဟု ဆိုလိုျခင္းမဟုတ္ေခ်။

၁၉၈၂ ခုႏွစ္တြင္ Delta သည္ ကန္ေဒၚလာ ၁၇ သန္းအရံႈးေပၚခဲ့ကာ ၁၉၅၇ ခုႏွစ္ေနာက္ပိုင္း ပထမဆံုးအၾကိမ္လည္း ျဖစ္သည္။

United ေလေၾကာင္းလိုင္းမွာမူ ကန္ေဒၚလာ ၆၇ သန္းခန္႔ အရံႈးေပၚခဲ့၏။

(United ေလေၾကာင္းလိုင္းမွ ေလယာဥ္တစ္စင္း။ ဓာတ္ပံု- Alex Wong/Getty Images)

ေလေၾကာင္းလိုင္းအမ်ားစုမွာ အေျခအေနကို ထိန္းသိမ္းရန္အတြက္ ဝန္ထမ္းမ်ားေလွ်ာ့ခ်သည့္နည္းလမ္းကို ေရြးခ်ယ္ခဲ့ေသာ္လည္း Delta ေလေၾကာင္းလိုင္းမွာမူ အံ့အားသင့္ဖြယ္ေျခလွမ္းကို လွမ္းခဲ့ရာ ထိုႏွစ္က ဝန္ထမ္းတိုင္းကို လစာ ၈ ဒသမ ၅ ရာခိုင္ႏႈန္း တိုးေပးခဲ့ရန္ ဆံုးျဖတ္ခဲ့ျခင္း ျဖစ္၏။

ေလေၾကာင္းလိုင္း၏ ဆံုးျဖတ္ခ်က္ကို အမ်ားက ေဝဖန္ခဲ့ၾကသည္။

(Delta ေလေၾကာင္းလိုင္းမွ ေလယာဥ္မွဴးမ်ားကို ဘိုးအင္း 747 ေလယာဥ္ၾကီး၏ ေလယာဥ္ထိန္းခ်ဳပ္ခန္းအတြင္း ၁၉၇၃ ခုႏွစ္က ေတြ႔ရပံု ျဖစ္သည္။ ဓာတ္ပံု -Delta Flight Museum)

သို႔ေသာ္ ထိုေဝဖန္မႈမ်ားက ေလေၾကာင္းမယ္ ၃ ဦးျဖစ္ေသာ ဒိုင္ယန္ ခါဗဲလီ (Diane Carvelli)၊ ဂ်င္နီ ေအာက္စ္ဖို႔ဒ္ (Ginny Oxford) ႏွင့္ ဂ်င္း အိုဝင္စ္ (Jean Owens) တို႔အေနျဖင့္ ကုမၸဏီအေပၚ ျပန္လည္ေပးဆပ္မႈမ်ား လုပ္သြားရန္ စိတ္ဆႏၵမ်ား ေပၚေပါက္လာေစ ခဲ့သည္။

(Delta ေလေၾကာင္းလိုင္း၏ CEO အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ေဒ့ဗ္ ဂဲရက္ထ္ (Dave Garrett) ။ ဓာတ္ပံု -Delta Air Lines)

၁၉၈၂ ခုႏွစ္၊ စက္တင္ဘာလတြင္ ထိုအမ်ဳိးသမီး ၃ ဦးက ေက်းဇူးတင္ေၾကာင္းျပယုဂ္အျဖစ္ Delta ကုမၸဏီအတြက္ ေလယာဥ္ၾကီးတစ္စင္း ဝယ္ေပးၾကရန္ ဆံုးျဖတ္ခဲ့သည္။

(The Spirit of Delta ေလယာဥ္ၾကီး။ ဓာတ္ပံု - Delta Air Lines)

ေလယာဥ္ၾကီးဝယ္ယူႏိုင္ေရးအတြက္ Delta ကုမၸဏီ၏ ဝန္ထမ္းေပါင္း ၁၈၀၀၀ ေက်ာ္က ၎တို႔ လစာ၏ အနည္းဆံုး ၂ ဒသမ ၅ ရာခိုင္ႏႈန္းကို တစ္ႏွစ္တာလွဴဒါန္းခဲ့ၾကသည့္အျပင္ ဝန္ထမ္းေဟာင္းမ်ားႏွင့္ မိတ္ေဆြသူငယ္ခ်င္းမ်ားထံမွလည္း အလွဴခံခဲ့ၾကသည္။

(The Spirit of Delta ေလယာဥ္ၾကီး။ ဓာတ္ပံု - Delta Air Lines)

၃ လတာအတြင္း ေလယာဥ္ဝန္ထမ္းမ်ားသည္ Delta ေလေၾကာင္းလိုင္း၏ ပထမဆံုး ဘိုးအင္း 767-200 ေလယာဥ္ၾကီးအတြက္ ေဒၚလာ သန္း ၃၀ စုေဆာင္းႏိုင္ခဲ့သည္။

(The Spirit of Delta ေလယာဥ္ၾကီး။ ဓာတ္ပံု - Delta Air Lines)

“လူအမ်ားၾကီး ပါဝင္လာၾကတဲ့အေပၚ ကၽြန္မတို႔ အံ့အားသင့္ခဲ့ၾကရပါတယ္”ဟု ေလယာဥ္မယ္ Carvelli က ၂၀၂၂ ခုႏွစ္၊ သတင္းမီဒီယာမ်ားသို႔ ထုတ္ျပန္ခ်က္တြင္ ေျပာၾကားခဲ့သည္။

Delta ေလေၾကာင္းလိုင္း၏ ဌာနတိုင္းက ဝန္ထမ္းမ်ားေပါင္းစည္းကာ အံ့အားသင့္ဖြယ္ လုပ္ေဆာင္ႏိုင္ခဲ့ၾက ေၾကာင္း သူမက ဆိုသည္။

ဝန္ထမ္းမ်ား စုေပါင္း ဝယ္ယူေပးခဲ့ၾကေသာ ေလယာဥ္ၾကီးကို The Spirit of Delta ဟု အမည္ေပးထားျပီး ဝန္ထမ္းမ်ား၊ မိတ္ေဆြသူငယ္ခ်င္းမ်ား၊ မိသားစုဝင္မ်ားႏွင့္ မိသားစုတို႔က ေလယာဥ္မိတ္ဆက္ပြဲ အခမ္းအနားသို႔ တက္ေရာက္ခဲ့ၾကသည္။

ေလယာဥ္မွာ က်ယ္ဝန္းေသာ ကိုယ္ထည္ရွိျပီး အေမရိကန္ျပည္ေထာင္စု၊ အတၱလႏၱာျပည္နယ္ရွိ ေလယာဥ္ရံု တစ္ခုတြင္ မိတ္ဆက္ပြဲအခမ္းအနား ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

မၾကာမီတြင္ အဆိုပါေလယာဥ္သည္ Delta ေလေၾကာင္းလိုင္း၏ အဓိကရုန္းကန္ေပးေသာ ေလယာဥ္ၾကီး ျဖစ္လာသည္။

(The Spirit of Delta ေလယာဥ္ၾကီး။ ဓာတ္ပံု - Delta Air Lines)

“The Spirit of Delta ေလယာဥ္ၾကီးဟာ ကုမၸဏီရဲ႕သမိုင္းမွာ ခက္ခဲတဲ့ကာလတစ္ခုအတြင္း ကၽြန္ေတာ္တု႔ိရဲ႕ ဝန္ထမ္းေတြကို တက္ၾကြေအာင္လႈံ႔ေဆာ္မႈ ေပးႏိုင္ခဲ့ပါတယ္”ဟု Delta ကုမၸဏီက Business Insider သတင္းဌာနသို႔ ေျပာသည္။

(၁၉၈၂ ခုႏွစ္က က်င္းပခဲ့ေသာ 767 ေလယာဥ္ၾကီး မိတ္ဆက္ပြဲအခမ္းအနားတြင္ Delta ၏ ဝန္ထမ္းမ်ားကို ေတြ႔ရပံု။ ဓာတ္ပံု- Delta Air Lines)

ခက္ခဲေသာ ကာလမ်ားအတြင္း 767 ေလယာဥ္ၾကီးသည္ Delta ကုမၸဏီကို မည္သို႔ ကူညီခဲ့ပံုႏွင့္စပ္လ်ဥ္းျပီး ကုမၸဏီ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္တစ္ဦးက Insider သို႔ ေျပာသည္မွာ ထိုေလယာဥ္သည္ ကုမၸဏီ၏ စီးပြားေရး ျပန္လည္နာလံထူလာေစေရးအတြက္ အခရာျဖစ္ခဲ့ေၾကာင္း၊ ေလေၾကာင္းလိုင္း ဆက္လက္တိုးတက္ေရး အတြက္ အေထာက္အပံ့ျဖစ္ေစခဲ့ေၾကာင္း ေျပာသည္။

(၁၉၈၂ ခုႏွစ္က Delta 767 ေလယာဥ္ၾကီး၏ လက္ကမ္းေၾကာ္ျငာတစ္ခု။ ဓာတ္ပံု - Delta Air Lines)

အထူးသျဖင့္ ကိုယ္ထည္က်ယ္ဝန္းေသာ ထိုေလယာဥ္မွာ ေလေၾကာင္းလုိင္း၏ ခရီးလတ္ႏွင့္ တိုက္ခ်င္းျဖတ္ ခရီးရွည္မ်ားအတြက္ အကူအညီျဖစ္ခဲ့ျပီး ေဖာက္သည္မ်ားအတြက္ ေလယာဥ္ေဟာင္းမ်ားႏွင့္ ယွဥ္လွ်င္ ေကာင္းမြန္ေသာ ေနရာထိုင္ခင္း ဝန္ေဆာင္မႈႏွင့္ ၃၀ ရာခိုင္ႏႈန္း ပိုမိုထိေရာက္မႈ ေပးစြမ္းေၾကာင္း Delta ေလေၾကာင္းလိုင္းက ေျပာၾကားသည္။

(၂၀၀၆ ခုႏွစ္အတြင္း The Spirit of Delta ေလယာဥ္ၾကီးကို အနားေပးမည့္ အခမ္းအနားတြင္ ေတြ႔ရပံု။ ဓာတ္ပံု- Delta Air Lines)

(ေလယာဥ္အတြင္းပိုင္း။ ဓာတ္ပံု- Delta Air Lines)

ေလယာဥ္၏ ေလယာဥ္မွဴးအခန္းမွာ Delta ေလေၾကာင္းလိုင္းက ၁၉၈၄ ခုႏွစ္တြင္ စတင္အသံုးျပဳခဲ့သည့္ ဘိုးအင္း ၇၅၇ ေလယာဥ္မ်ားႏွင့္ တူညီရာ ေလယာဥ္မွဴးမ်ားအဖို႔ ေလယာဥ္ ၂ မ်ဳိး ေမာင္းႏွင္ရန္ ထပ္မံ ေလ့က်င့္သင္ယူရန္ မလိုေတာ့ေခ်။

(The Spirit of Delta ေလယာဥ္ၾကီး၏ ေလယာဥ္မွဴးမ်ားႏွင့္ ေလယာဥ္ေမာင္/မယ္မ်ားကို ၁၉၈၂ ခုႏွစ္တြင္ ေတြ႔ရပံု။ ဓာတ္ပံု- Delta Air Lines)

အသံုးျပဳခဲ့သည့္ ၂၃ ႏွစ္တာကာလအတြင္း The Spirit of Delta ေလယာဥ္ၾကီးသည္ နာရီေပါင္း ၇၀၇၀၀ ခန္႔ ပ်ံသန္းခဲ့သည္။

ဆယ္စုႏွစ္ ၂ ခုေက်ာ္ကာလအတြင္း ေလယာဥ္ၾကီးသည္ ၁၉၉၆ ခုႏွစ္၊ အတၱလႏၱာအိုလံပစ္ပြဲေတာ္ႏွင့္ ၂၀၀၄ ခုႏွစ္တြင္ က်ေရာက္ေသာ Delta ေလေၾကာင္းလိုင္း ၇၅ ႏွစ္ျပည့္ကဲ့သို႔ သမုိင္းဝင္ပြဲလမ္းမ်ားက်င္းပမႈ အထိမ္းအမွတ္မ်ားအတြက္ ေဆးျခယ္ပံုေဖာ္မႈ အၾကိမ္ၾကိမ္ ျပဳလုပ္ခဲ့သည္။

(The Spirit of Delta ေလယာဥ္ၾကီးကို ၁၉၉၆ ခုႏွစ္ အတၱလႏၱာအိုလံပစ္ပြဲေတာ္အထိမ္းအမွတ္ ေဆးျခယ္ ထားပံု။ ဓာတ္ပံု- Delta Air Lines)

(The Spirit of Delta ေလယာဥ္ၾကီးကို Delta ေလေၾကာင္းလိုင္း ၇၅ ႏွစ္ျပည့္ အထိမ္းအမွတ္ ေဆးျခယ္ထား ပံု။ ဓာတ္ပံု- Delta Air Lines)

The Spirit of Delta ေလယာဥ္ၾကီးသည္ ၂၀၀၆ ခုႏွစ္တြင္ အနားေပးျခင္းခံရျပီး အနားေပးလုိက္ခ်ိန္တြင္ ၁၉၈၂ ခုႏွစ္က မူရင္းေဆးေရာင္အတိုင္းျဖစ္သည္။

အနားမေပးမီတြင္ ႏႈတ္ဆက္သည့္ခရီးစဥ္ ရက္သတၱ ၂ ပတ္ခန္႔ ထြက္ခြာခဲ့ျပီး လမ္းခရီးတြင္ ျမိဳ႕ေပါင္း ၁၂ ျမိဳ႕တြင္ ဆင္းသက္ရပ္နားခဲ့သည္။

(The Spirit of Delta ေလယာဥ္ၾကီးကို အနားေပးခ်ိန္တြင္ မူရင္းေဆးေရာင္အတိုင္း ျပန္လည္မြမ္းမံထား ခဲ့သည္။ ဓာတ္ပံု - Delta Air Lines)

၂၀၀၆ ခုႏွစ္အတြင္း အတၱလႏၱာျမိဳ႕ရွိ Delta ေလေၾကာင္းလိုင္း၏ ေလေၾကာင္းျပတိုက္တြင္ The Spirit of Delta ေလယာဥ္ၾကီးထားရွိျပသမည့္ေနရာ ျပဳလုပ္ကာ ျပသထားခဲ့သည္။

(၂၀၀၆ ခုႏွစ္တြင္ The Spirit of Delta ေလယာဥ္ၾကီးကို အျမဲထားရွိမည့္ေနရာသို႔ ေရႊ႕ေျပာင္းခဲ့သည္။ ဓာတ္ပံု- Delta Air Lines)

ေလယာဥ္ၾကီးေပၚသုိ႔ လည္ပတ္ၾကည့္ရႈသူမ်ားအေနျဖင့္ ထိုေခတ္က ေလယာဥ္မယ္တို႔၏ ဝတ္စံုမ်ား၊ ဓာတ္ပံုမ်ား၊ ပိုစတာမ်ား၊ ဖန္ထည္ပစၥည္းမ်ားႏွင့္ အျခားေသာ အမွတ္ရဖြယ္မ်ား ရႈစားရမည္ ျဖစ္သည္။

(The Spirit of Delta ေလယာဥ္ၾကီးကို အတၱလႏၱာျမိဳ႕တြင္ ျပသထားပံု။ ဓာတ္ပံု-Delta Flight Museum)

(The Spirit of Delta ေလယာဥ္ၾကီးကို ၂၀၀၆ ခုႏွစ္က ေတြ႔ရပံု။ ဓာတ္ပံု -Delta Air Lines)

ျပီးခဲ့ေသာ ဒီဇင္ဘာလ ၁၅ ရက္သည္ ေလယာဥ္ၾကီး၏ ႏွစ္ ၄၀ ျပည့္ ေမြးေန႔လည္း ျဖစ္သည္။

ေလယာဥ္ၾကီး၏ သမိုင္းအေမြကို ဂုဏ္ျပဳေသာအားျဖင့္ CEO ျဖစ္သူ အက္ဒ္ ဘာ့စတီယန္ (Ed Bastian) က အကူအညီလိုအပ္ေသာ ကုမၸဏီဝန္ထမ္းမ်ားအား ကူညီမႈမ်ားျပဳလုပ္သည့္ Delta Care Fund ရန္ပံုေငြသို႔ ေဒၚလာ ၃၀၀၀၀၀ စိုက္ထူရန္ ကတိျပဳခဲ့သည္။

ရန္ပံုေငြကို ေဒၚလာ သန္း ၃၀ အထိ ထူေထာင္သြားရန္ ရည္မွန္းထားသည္။

ထုိေငြပမာဏမွာ ကုမၸဏီ၏ ပထမဆံုး ဘိုးအင္း ၇၆၇ ေလယာဥ္ၾကီးကို ဝယ္ရန္ ၁၉၈၂ ခုႏွစ္တြင္ ေလေၾကာင္းလိုင္းဝန္ထမ္းမ်ား လွဴဒါန္းခဲ့ၾကသည့္ေငြႏွင့္ တူညီေသာ ပမာဏလည္း ျဖစ္ေလသည္။

 

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Delta's first-ever Boeing 767 jet was bought for $30 million in 1982 with the help of employees and the public. See the historic plane's full history (businessinsider)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
taunggyi-garden-city
shwe-moe-kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service