အင်္ဂလန်တွင် အိမ်နောက်ဘက်၌ ကိုယ်ပိုင်ရထားလမ်းပါသည့် စံအိမ် ပေါင် ၅၅၀၀၀၀ ဖြင့် အရောင်းဈေးကွက် ဝင်လာ

အင်္ဂလန်တွင် အိမ်နောက်ဘက်၌ ကိုယ်ပိုင်ရထားလမ်းပါသည့် စံအိမ် ပေါင် ၅၅၀၀၀၀ ဖြင့် အရောင်းဈေးကွက် ဝင်လာ - Property News in Myanmar from iMyanmarHouse.com
6 Jan 2023 10:48 am တွင် တင်ခဲ့သည်
704 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်တွင် အိပ်ခန်း ၄ ခန်းပါ စံအိမ်တစ်လုံး အရောင်းဈေးကွက်ဝင်လာရာ ဝယ်ယူမည့် ပိုင်ရှင်သစ်အနေဖြင့် ကိုယ်ပိုင်ရထားလမ်းတစ်ခု ပိုင်ဆိုင်မည်လည်း ဖြစ်သည်။

အံ့သြမင်သက်ဖွယ်စံအိမ်တည်ရှိသည့်နေရာမှာ အင်္ဂလန်နိုင်ငံတောင်ပိုင်း၊ ဟမ့်ပ်ရှိုင်းယားခရိုင်ရှိ သာယာ လှပသော Rownhams ကျေးရွာတွင် တည်ရှိပြီး ပေါင် ၅၅၀၀၀၀ မျှဖြင့် အရောင်းဈေးကွက်တင် လာခြင်း ဖြစ်သည်။

(စံအိမ်တွင် အိပ်ခန်း ၄ ခန်း၊ ပစ္စည်းပစ္စယများ ခေတ္တထားသိုခန်း၊ အဝင်ခန်းမ၊ မိသားစုနားနေခန်းများ၊ ညစာစားခန်းနှင့် ရေချိုးခန်းတို့ပါဝင်သည်။ ဓာတ်ပုံ- Credit: Deadline)

(စံအိမ်ပန်းဥယျာဉ်အတွင်းမှ ရထားလမ်း။ ရထားရူးသွပ်သူတို့အတွက် ပြီးပြည့်စုံသောနေရာ။ ဓာတ်ပုံ- Credit: Deadline)

စံအိမ်အတွင်း အတော်ကျယ်ဝန်းသော အိပ်ခန်း ၄ ခန်း ပါဝင်ပြီး အဆိုပါအိပ်ခန်းများမှတဆင့် ဧကဝက်ခန့် ရှိသော ပန်းဥယျာဉ်တစ်ခုကို အပေါ်စီးမှ စီးမိုးတွေ့မြင်နေရသည်။

ပိုင်ရှင်သစ်အနေဖြင့် ကိုယ်ပိုင်ရထားလမ်းတစ်ခုလည်း ပိုင်ဆိုင်လာမည်ဖြစ်သည်။ သို့သော် သတိပြုဖွယ်အချက်တစ်ခုကားရှိနေသည်။

ရထားလမ်းမှာ နမူနာလမ်းမျိုးတစ်ခုသာဖြစ်ပြီး ကစားစရာရထားများသွားရန်အကျယ်အဝန်းခန့်သာ ရှိသည်။

သို့သော် ရထားရူးသွပ်သူများအတွက် ပြီးပြည့်စုံမှု ရှိပါသည်။

Pearsons အိမ်ခြံမြေကုမ္ပဏီက Rightmove ဝက်ဘ်ဆိုက်မှတဆင့် အရောင်းဈေးကွက်တင်ပေးခဲ့ခြင်းဖြစ်ပြီး ဈေးကွက်တင်ကြော်ငြာတွင် အိမ်ဘေးနှင့် နောက်ဘက်တွင် သက်ရင့်ပန်းဥယျာဉ်များရှိပြီး အကျယ်အဝန်း ဧကဝက်ခန့်ရှိကြောင်း ဖော်ပြထားသည်။

စံအိမ်အတွင်း ရိုးစင်းသော ပရိဘောဂများနှင့် သစ်သားများကို လှစ်ဟဖော်ထုတ်ဆောက်လုပ်ထားမှုများကို တွေ့ရမည်ဖြစ်ရာ ရှေးခေတ်ခံစားချက်ကို ပေးစွမ်းသည်။

စံအိမ်အတွင်းအိပ်ခန်း ၄ ခန်း၊ အဝင်ခန်းမ၊ ပစ္စည်းယာယီထားသိုခန်း၊ ညစာစားခန်းနှင့် မိသားစုနားနေခန်း တို့လည်း တွေ့ရမည် ဖြစ်သည်။

မီးဖိုဆောင်တွင် မျက်လုံးအမြင့်ခန့်ရှိသောနံရံ၊ ကြွေပြားများ၊ စတီးလက်ဆေးကန်တို့ ရှိသည်။

တမူထူးသော ပန်းဥယျာဉ်တွင်းမှ ရထားလမ်းမှာ ဤစံအိမ်ကို အရောင်းဈေးကွက်အတွင်းရှိ အခြားအိမ်များနှင့် ကွဲထွက်နေစေပြီး မိသားစုနေအိမ်အဖြစ်သုံးရန် ပြီးပြည့်စုံသောနေရာလေး ဖြစ်လာနိုင်သည်။

(ပန်းဥယျာဉ်အတွင်းမှ ရထားလမ်း။ ဓာတ်ပုံ- Credit: Deadline)

(ခေတ်မီအသုံးအဆောင်ပစ္စည်းများ ထည့်သွင်းထားသော ကျယ်ဝန်းသည့် မီးဖိုဆောင်။ ဓာတ်ပုံ- Credit: Deadline)

(လင်းလင်းချင်းချင်းရှိကာ လေဝင်လေထွက်ကောင်းသည့် အလုပ်လုပ်ရာနေရာ။ ဓာတ်ပုံ- Credit: Deadline)

(နေအိမ်အတွင်း မိသားစုနားနေခန်းနှင့် ညစာစားခန်းတို့လည်း ရှိသည်။ ဓာတ်ပုံ- Credit: Deadline)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Four bedroom home with its own TRAIN TRACK in the back garden on sale for £550k… but there’s a catch (thesun)

[Zawgyi]

အဂၤလန္တြင္ အိမ္ေနာက္ဘက္၌ ကိုယ္ပိုင္ရထားလမ္းပါသည့္ စံအိမ္ ေပါင္ ၅၅၀၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ ဝင္လာ

အဂၤလန္တြင္ အိပ္ခန္း ၄ ခန္းပါ စံအိမ္တစ္လံုး အေရာင္းေစ်းကြက္ဝင္လာရာ ဝယ္ယူမည့္ ပိုင္ရွင္သစ္အေနျဖင့္ ကိုယ္ပိုင္ရထားလမ္းတစ္ခု ပိုင္ဆိုင္မည္လည္း ျဖစ္သည္။

အံ့ၾသမင္သက္ဖြယ္စံအိမ္တည္ရွိသည့္ေနရာမွာ အဂၤလန္ႏိုင္ငံေတာင္ပိုင္း၊ ဟမ့္ပ္ရႈိင္းယားခရိုင္ရွိ သာယာ လွပေသာ Rownhams ေက်းရြာတြင္ တည္ရွိျပီး ေပါင္ ၅၅၀၀၀၀ မွ်ျဖင့္ အေရာင္းေစ်းကြက္တင္ လာျခင္း ျဖစ္သည္။

(စံအိမ္တြင္ အိပ္ခန္း ၄ ခန္း၊ ပစၥည္းပစၥယမ်ား ေခတၱထားသိုခန္း၊ အဝင္ခန္းမ၊ မိသားစုနားေနခန္းမ်ား၊ ညစာစားခန္းႏွင့္ ေရခ်ဳိးခန္းတို႔ပါဝင္သည္။ ဓာတ္ပံု- Credit: Deadline)

(စံအိမ္ပန္းဥယ်ာဥ္အတြင္းမွ ရထားလမ္း။ ရထားရူးသြပ္သူတို႔အတြက္ ျပီးျပည့္စံုေသာေနရာ။ ဓာတ္ပံု- Credit: Deadline)

စံအိမ္အတြင္း အေတာ္က်ယ္ဝန္းေသာ အိပ္ခန္း ၄ ခန္း ပါဝင္ျပီး အဆိုပါအိပ္ခန္းမ်ားမွတဆင့္ ဧကဝက္ခန္႔ ရွိေသာ ပန္းဥယ်ာဥ္တစ္ခုကို အေပၚစီးမွ စီးမိုးေတြ႔ျမင္ေနရသည္။

ပိုင္ရွင္သစ္အေနျဖင့္ ကိုယ္ပိုင္ရထားလမ္းတစ္ခုလည္း ပိုင္ဆိုင္လာမည္ျဖစ္သည္။ သို႔ေသာ္ သတိျပဳဖြယ္အခ်က္တစ္ခုကားရွိေနသည္။

ရထားလမ္းမွာ နမူနာလမ္းမ်ဳိးတစ္ခုသာျဖစ္ျပီး ကစားစရာရထားမ်ားသြားရန္အက်ယ္အဝန္းခန္႔သာ ရွိသည္။

သို႔ေသာ္ ရထားရူးသြပ္သူမ်ားအတြက္ ျပီးျပည့္စံုမႈ ရွိပါသည္။

Pearsons အိမ္ျခံေျမကုမၸဏီက Rightmove ဝက္ဘ္ဆိုက္မွတဆင့္ အေရာင္းေစ်းကြက္တင္ေပးခဲ့ျခင္းျဖစ္ျပီး ေစ်းကြက္တင္ေၾကာ္ျငာတြင္ အိမ္ေဘးႏွင့္ ေနာက္ဘက္တြင္ သက္ရင့္ပန္းဥယ်ာဥ္မ်ားရွိျပီး အက်ယ္အဝန္း ဧကဝက္ခန္႔ရွိေၾကာင္း ေဖာ္ျပထားသည္။

စံအိမ္အတြင္း ရိုးစင္းေသာ ပရိေဘာဂမ်ားႏွင့္ သစ္သားမ်ားကို လွစ္ဟေဖာ္ထုတ္ေဆာက္လုပ္ထားမႈမ်ားကို ေတြ႔ရမည္ျဖစ္ရာ ေရွးေခတ္ခံစားခ်က္ကို ေပးစြမ္းသည္။

စံအိမ္အတြင္းအိပ္ခန္း ၄ ခန္း၊ အဝင္ခန္းမ၊ ပစၥည္းယာယီထားသိုခန္း၊ ညစာစားခန္းႏွင့္ မိသားစုနားေနခန္း တို႔လည္း ေတြ႔ရမည္ ျဖစ္သည္။

မီးဖိုေဆာင္တြင္ မ်က္လံုးအျမင့္ခန္႔ရွိေသာနံရံ၊ ေၾကြျပားမ်ား၊ စတီးလက္ေဆးကန္တို႔ ရွိသည္။

တမူထူးေသာ ပန္းဥယ်ာဥ္တြင္းမွ ရထားလမ္းမွာ ဤစံအိမ္ကို အေရာင္းေစ်းကြက္အတြင္းရွိ အျခားအိမ္မ်ားႏွင့္ ကြဲထြက္ေနေစျပီး မိသားစုေနအိမ္အျဖစ္သံုးရန္ ျပီးျပည့္စံုေသာေနရာေလး ျဖစ္လာႏိုင္သည္။

(ပန္းဥယ်ာဥ္အတြင္းမွ ရထားလမ္း။ ဓာတ္ပံု- Credit: Deadline)

(ေခတ္မီအသံုးအေဆာင္ပစၥည္းမ်ား ထည့္သြင္းထားေသာ က်ယ္ဝန္းသည့္ မီးဖိုေဆာင္။ ဓာတ္ပံု- Credit: Deadline)

(လင္းလင္းခ်င္းခ်င္းရွိကာ ေလဝင္ေလထြက္ေကာင္းသည့္ အလုပ္လုပ္ရာေနရာ။ ဓာတ္ပံု- Credit: Deadline)

(ေနအိမ္အတြင္း မိသားစုနားေနခန္းႏွင့္ ညစာစားခန္းတို႔လည္း ရွိသည္။ ဓာတ္ပံု- Credit: Deadline)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Four bedroom home with its own TRAIN TRACK in the back garden on sale for £550k… but there’s a catch (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း
ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
thukha-garden-residence
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service