ပြည့်စုံအောင်မြင်ခဲ့ကြပါသော်လည်း

ပြည့်စုံအောင်မြင်ခဲ့ကြပါသော်လည်း - Property Knowledge in Myanmar from iMyanmarHouse.com
3 Jan 2023 3:25 pm တွင် တင်ခဲ့သည်
860 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ဘဝဆိုတာ ရေရာသေချာတယ်ဆိုပြီး ကျိန်းသေတွက်ထားလို့ ရကောင်းသော အရာတော့မဟုတ်ပါဘူး။ အောင်မြင်ပြည့်စုံမှုတွေနဲ့ လျှမ်းလျှမ်းတောက် ဖြစ်နေရာကနေ ရုတ်တရက် ဆုံးဆုံးမြုပ်အောင် လုပ်သွားတတ်ကြတဲ့ ကိစ္စတွေကိုလည်းတွေ့ကြရပါတယ်။အောင်မြင်ကြွယ်ဝခြင်းနဲ့ စိတ်အေးချမ်းမှုက တွဲဆက် ရောယှက်နေပါမှ နေပျော်စရာ ဘဝတစ်ခုဖြစ်လာမှာပေါ့။

ဒီလိုမှ မဟုတ်ဘဲ အောင်မြင်မှုတွေ ကြွယ်ဝမှုတွေက တရှိန်ရှိန်တက်လာတာနဲ့ အတူ စိတ်ရဲ့ပျော်ရွှင်မှုတွေက တရှိန်ထိုး ထိုးကျနေပြန်ရင်လည်း ဘဝက မပြည့်မစုံနဲ့ နေပျော်ဖွယ်ရာဖြစ်လာမှာမဟုတ်ပါဘူး။

“စိတ်ချမ်းသာမှ ကိုယ်လည်းကျန်းမာ”မယ်ဆိုတဲ့စကားက အလကားပြောနေတဲ့ စကားတော့မဟုတ်ပါဘူး။ အောင်မြင်ကြွယ်ဝမှု တွေကနေ ရုတ်တရက် ဆန့်ကျင်ဘက်လုပ်ရပ်တွေကို လုပ်သွားကြတာက စိတ်မှာသိမ်းဆည်းသိုဝှက်ထားရတဲ့ စိတ်မချမ်းမြေ့စရာ ကိစ္စတွေကို မဖြေဖျောက်နိုင်တော့တဲ့နောက်မှာ လုပ်သွားကြတဲ့ လုပ်ရပ်တွေပါပဲ။

လတ်တလော နာမည်ကြီးနေတဲ့ သတင်းနှစ်ခုက အောင်မြင်နေတဲ့ ဘောလိဝုဒ်မင်းသမီး တူနီရှရှားရ်မား အကြောင်းနဲ့ ဂရိလူမျိုး အိမ်ခြံမြေလုပ်ငန်းရှင်ကြီး အသန်နာ စီယို့စ် တာ့မိကျိတို့ အကြောင်းက အောင်မြင်ပြည့်စုံ နေရာကနေ မသိနိုင်တဲ့ အကြောင်းတွေက သူတို့စိတ်မှာ ဘယ်လိုအနှောင့်အယှက်တွေကြောင့် အခုလို လက်ရှိလောကကနေ ပြည်ဖုံးကားချ ဇာတ်သိမ်းသွားခဲ့ကြသလဲ။စိတ်ဝင်စားစရာ သိပ်ကိုကောင်းလှပါတယ်။

 

သတ္တဝါတွေဟာ ဖြစ်တည်ရာဘဝကို ဖက်တွယ်ထားလိုကြပါတယ်။ဘယ်လိုအကြောင်းတရားတွေက နှိပ်စက်နေပေဦးတော့ ရလာတဲ့ ဘဝကို ခုံခုံမင်မင်တပ်တပ်မက်မက် ရယူထားလိုတတ်ကြပါတယ်။ ဒီလိုမှမဟုတ်ဘဲ ရလာတဲ့ ဘဝကြီးကို စွန့်ခွာဖို့ဆိုတာက စိတ်မှာဘယ်လိုပြင်းထန်တဲ့ အကြောင်းတွေကြောင့် အဆုံးစွန်သောလမ်းကို ရွေးချယ်လိုက်ကြရတာလဲ။

ကြွယ်ဝချမ်းသာမှုတွေ အောင်မြင်မှုတွေ အတော်ကိုပြည့်စုံနေကြပေမယ့် ဒီထက်စိတ်ကို ထိခိုက်ခံစားစေတဲ့ အကြောင်းတွေက စိတ်မှာ ကပ်ညိလာကြလို့သာ ထွက်ပေါက်လို့ထင်တဲ့ လုပ်ရပ်ကို လုပ်သွားကြတာပါပဲ။

တူနီရှ ရှားရ်မားဆိုတဲ့ သရုပ်ဆောင်မိန်းမပျိုဟာ အသက် ၂၀ ပဲရှိပါသေးတယ်။ဒီအသက်၂၀ မှာပဲ အဆုံးစွန်သောလမ်းကို ရွေးချယ်သွားခဲ့တာကို တွေ့ရပါတယ်။နုပျိုငွားစွင့်ခြင်းတွေနဲ့ သူ့ရဲ့ အအောင်မြင်ဆုံးအချိန်ကို ရောက်နေပါမှ ခရီးလမ်းကို ဆက်လျှောက်လှမ်းဖို့ ဘာတွေက ဟန့်တားခဲ့ပါလိမ့်။ဘာတွေက ရပ်တန့်စေခဲ့ပါလိမ့်။

 

 

ပြေပြစ်လှပတဲ့ ရုပ်ရည်က ကြည့်ရှုရသူတွေရဲ့စိတ်ကို နှစ်လိုဖွယ်တွေ ပေးနိုင်ပေမယ့် သူ့ရဲ့စိတ်ကို တော့ ပျော်ရွှင်မှုတွေရမလာဘဲ ဘာတွေက ညစ်ထေးစေခဲ့သလဲ။ခံစားချက်တွေ ဘယ်လောက်တောင် ပြင်းထန်စေခဲ့လို့ ဒီလိုလုပ်ရပ်မျိုးကို လုပ်ခဲ့ပါလိမ့်။

အင်္ဂလန်နိုင်ငံက ဂရိလူမျိုး အိမ်ခြံမြေလုပ်ငန်းရှင်ကြီး အသန်နာ စီယို့စ် တာ့မိကျိရဲ့ အကြောင်းကလည်း ရုတ်တရက် ရပ်တန့်သွားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ အောင်မြင်ကြွယ်ခြင်းတွေနဲ့ ပိုင်ဆိုင်မှုတွေကို စွန့်ပစ်ပြီး ပျောက်ကွယ်သွားရလောက်အောင် ဘယ်လိုအခြေအနေဆိုး တွေက သူတို့မိသားစုဆီ ရောက်လာခဲ့လို့လဲ။တွေးစရာ အလွန်ကောင်းတဲ့ ဖြစ်ရပ်တွေပါပဲ။

 

 

ပိုင်ဆိုင်မှုတိုင်းဟာ လုံခြုံမှုမရှိဘူးလို့ ခံစားနေရရင်လည်း ဒီပိုင်ဆိုင်မှုတွေကပဲ စိတ်ကို အနှောင့်အယှက် ပေးတော့တာပါပဲ။ပိုင်ဆိုင်မှုတွေနဲ့ ပြည့်စုံအောင်မြင် ကြွယ်ဝနေပေမယ့် အကောင်အထည်အားဖြင့် ပြောရခက်တဲ့စိတ်မှာ စိုးထိတ်ရွံ့ကြောက်စရာတွေ၊မလုံမခြုံ၊ မပျော်မွေ့စရာတွေနဲ့ နှလုံးသားရေးရာ မလှပခြင်းတွေ ဖြစ်လာရင်တော့ ရွေးချယ်စရာ နောက်ဆုံး အခြေအနေတွေကို ရွေးချယ်သွားတတ်ကြပါတယ်။

“ယောနိသော မနသိကာရ”ဆိုတဲ့ စကား ဒီနေရာမှာ ထားရှိတတ်ရင် ရှင်သန်နေပျော်လာမယ်လို့ ယူဆမိတယ်။“ယောနိသော မနသိကာရ”ဆိုတာ “သင့်လျော်အောင် စဉ်းစားတတ်တာ”ကို ပြောတာပါ။ လူတွေနေစဉ်တွေ့ကြုံနေရမယ့် အာရုံနှစ်ခုရှိပါတယ်။နှစ်သက်စရာနဲ့ မနှစ်သက်စရာ အာရုံနှစ်ခုပါ။

ဒီအာရုံနှစ်ခုအပေါ် သင့်လျော်အောင်စဉ်းစားတတ်ခြင်းအားဖြင့် အခုလိုဆိုးရွားတဲ့ ဖြစ်စဉ်တွေဟာ အတော်ကို နည်းပါးသွားလိမ့်မယ်လို့ ယုံကြည်မိလို့ပါ။ကြွယ်ဝပြည့်စုံမှုတွေ ဘယ်လောက်ရှိရှိ လောကြီးမှာနေပျော်ဖို့ အတွက်က ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ ဒီတရားလေးလက်ကိုင်ထားနိုင်ရင် အလွန်ကို ပြည့်စုံပျော်ရွှင်ဖွယ် ကောင်းလာလိမ့်မယ်လို့ ယူဆမိလို့ တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit to Photo

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]


 
















 

Credit to Photo



 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
kalaw-garden-valley
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service