ဒီဇင်ဘာ ၂၉ ရက်က ကွယ်လွန်သွားသော ကမ္ဘာ့အကောင်းဆုံး ဘောလုံးကြယ်ပွင့် ပီလီ နယူးယောက်မြို့ စံအိမ်ကို မကွယ်လွန်မီ ရောင်းချသွားခဲ့

ဒီဇင်ဘာ ၂၉ ရက်က ကွယ်လွန်သွားသော ကမ္ဘာ့အကောင်းဆုံး ဘောလုံးကြယ်ပွင့် ပီလီ နယူးယောက်မြို့ စံအိမ်ကို မကွယ်လွန်မီ ရောင်းချသွားခဲ့ - Property News in Myanmar from iMyanmarHouse.com
3 Jan 2023 11:21 am တွင် တင်ခဲ့သည်
790 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဟု အများကလက်ခံထားသူ ဘရာဇီး ဘောလုံးကြယ်ပွင့် ပီလီ (မွေး -၁၉၄၀ - ကွယ်လွန် ၂၀၂၂) ၏ အမည်ရင်းမှာ Edson Arantes do Nascimento ဖြစ်ပြီး ပီလီဟုသာ လူသိများသည်။

ပီလီကို သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားတစ်ဦးအဖြစ် ဖီဖာက သတ်မှတ်ထားသည်။

ပီလီသည် ၂၀ ရာစု၏ အောင်မြင်မှုအရဆုံးနှင့် အကျော်ကြားဆုံး ဘောလုံးသမားများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

တိုင်းမ်မဂ္ဂဇင်းကြီး၏ ၂၀ ရာစု အရေးကြီးဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ထည့်သွင်းဖော်ပြခံရသည်။

ပီလီသည် ကစားပွဲပေါင်း ၁၃၆၃ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၂၇၉ ဂိုးသွင်းထားကာ ဂင်းနက်စံချိန် တင်ထားသည်။

ကမ္ဘာ့ဖလားပထမဆုံး ရရှိခဲ့ချိန်က ပီလီ၏ အသက်မှာ ၁၇ နှစ်သာရှိသေးသည်။

ပီလီ ကွယ်လွန်ခါနီးတွင် နှစ်ပေါင်း ၄၀ နေထိုင်ခဲ့သော နယူးယောက်စံအိမ်ကို ကန်ဒေါ်လာ ၂ ဒသမ ၈၅ သန်းဖြင့် ရောင်းချသွားခဲ့သည်။

ပီလီသည် ကမ္ဘာ့ဖလားချန်ပီယံ ၃ ကြိမ် ရရှိခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၂ နှစ်အရွယ်ရှိပြီ ဖြစ်သည်။

ပီလီသည် နယူးယောက်မြို့၊ East End မြို့နယ်ရှိ ကမ်းခြေမွေးမြူရေးခြံကို ၁၉၇၉ ခုနှစ်တွင် ကန်ဒေါ်လာ ၁၅၆၀၀၀ ဖြင့်ဝယ်ယူခဲ့ပြီး ယနေ့ခေတ် ငွေတန်ဖိုးအရ ဆိုလျှင် ကန်ဒေါ်လာ ၆၈၀၀၀၀ ဖြစ်သည်။

စတုရန်းပေ ၃၄၀၀ ကျယ်ဝန်းသော စံအိမ်ကို ပီလီက နှစ်စဉ် နွေရာသီ အပန်းဖြေရာ နေရာအဖြစ် အသုံးပြုခဲ့သည်။

သူ၏ သမီး ၂ ဦးမှာ နယူးယောက်မြို့တွင် နေထိုင်သောကြောင့်လည်း ဖြစ်သည်။

သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကျန်းမာရေးချို့ယွင်းလာမှုကြောင့် ပီလီသည် ဇာတိမြေ ဘရာဇီးနိုင်ငံတွင်သာ အခြေချနေထိုင် တော့သည်။

ပီလီက ယခုစံအိမ်ကို ရောင်းမထုတ်မီ တစ်လလျှင် ကန်ဒေါ်လာ ၄၅၀၀၀ ဖြင့် ခေတ္တအငှား ဈေးကွက်တင်ခဲ့သေးသည်။

ပီလီက ဤစံအိမ်ကို ၂ ထပ်စံအိမ်အဖြစ် တိုးချဲ့ဆောက်လုပ်ခဲ့သည်။

ခြံအကျယ်မှာ တစ်ဧကခန့်ရှိပြီး ခြံဝန်းအတွင်း မြေယာအလှပြင်ဆင်မှုများ ပြုလုပ်ထားသည်။

စံအိမ်တွင် ရေကူးကန် ၁ ကန်၊ outdoor ရေပန်းတစ်ခုနှင့် ကမ်းခြေများ ပိုင်ဆိုင်ထားသည်။

(၁၉၇၀ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ပီလီကို တွေ့ရပုံ။ ဓာတ်ပုံ- Credit: Popperfoto via Getty Images )

(ပီလီ၏ နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၃၄၀၀ ရှိသည်။ ဓာတ်ပုံ-Credit: Craig Macnaughton/The Corcoran Group)

(ပီလီ၏ ဧည့်ခန်းတွင် ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော ပြတင်းများ တပ်ဆင်ထားရာ အလင်းရောင် ကောင်းစွာ ရရှိသည်။ ဓာတ်ပုံ-Credit: Craig Macnaughton/The Corcoran Group)

(ပီလီက မီးဖိုဆောင်ကို ပြန်လည် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ထားသည်။ ဓာတ်ပုံ-Credit: Craig Macnaughton/The Corcoran Group)

(ပီလီ၏ ဒုတိယထပ် စင်္ကြန်။ ဓာတ်ပုံ-Credit: Craig Macnaughton/The Corcoran Group)

(ပီလီ၏ အိပ်ခန်း ၆ ခန်းအနက်မှ တစ်ခန်း ။ ဓာတ်ပုံ-Credit: Craig Macnaughton/The Corcoran Group)

(ပီလီ၏ ရေကန်ဘေးနားနေစင်နှင့် ရေကူးကန်။ ဓာတ်ပုံ-Credit: Craig Macnaughton/The Corcoran Group)

ပီလီ၏ နယူးယောက်အိမ်တွင် အိပ်ခန်း ၆ ခန်းနှင့်ရေချိုးခန်း ၇ ခန်းပါဝင်ပြီး မျက်နှာကြက်မြင့်မားသော ဧည့်ခန်း ၊ အခန်းဖွင့်ခင်းကျင်းထားသော ညစာစားနေရာ ၊ မကြာသေးမီကမှ ပြန်လည်မွမ်းမံထားသော မီးဖိုဆောင်တို့ဖြင့် ဖွဲ့စည်းထားသည်။

ပီလီသည် ဆောပေါ်လိုမြို့ရှိ အဲလ်ဗတ် အိုင်စတိုင်းဆေးရုံတွင် ကင်ဆာရောဂါနှင့် တိုက်ပွဲ၌ ရှုံးနိမ့်သွားခဲ့သည်။

အဆိုပါ ဆေးရုံသည် တောင်အမေရိကတိုက်၏ အကောင်းဆုံးဆေးရုံဖြစ်သည့် အပြင် ကမ္ဘာပေါ်တွင် အကောင်းဆုံးဆေးရုံများ၌ တစ်ခုအပါအဝင် ဖြစ်သည်။

ပီလီသည် ၂၀၂၁ ခုနှစ်ကတည်းက ကင်ဆာဆဲလ်များ ပြန့်နှံ့သည့် ဝေဒနာအတွက် ဆေးကုသမှုများ ခံယူနေရသူဖြစ်သည်။

ကင်ဆာဆေးများမှာလည်း မတိုးတော့ချေ။

(ခရစ်စမတ်မတိုင်မီ တစ်ရက်က ပီလီ၏ သမီး Kely Nascimento က ဆေးရုံကုတင်ပေါ်မှ ဖခင်ဖြစ်သူအား ဖက်ထားပုံ စိတ်ထိခိုက်ဖွယ် ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်တွင် တင်ခဲ့သေးသည်။ ဓာတ်ပုံ- Instagram )

(စံအိမ်အတွင်းမှ မြင့်မားသော မျက်နှာကြက်။ ဓာတ်ပုံ-Credit: Craig Macnaughton/The Corcoran Group)

(ပီလီ၏ တတိယမြောက် အိပ်ခန်း ၁ ခန်း ။ ဓာတ်ပုံ-Credit: Craig Macnaughton/The Corcoran Group)

(အခန်းဖွင့် ခင်းကျင်းထားသော ညစာစားနေရာ။ ဓာတ်ပုံ-Credit: Craig Macnaughton/The Corcoran Group)

(ပီလီ၏ ဒုတိယမြောက်အိပ်ခန်းတစ်ခန်း။ ဓာတ်ပုံ-Credit: Craig Macnaughton/The Corcoran Group)

(ဂိမ်းကစားခန်း။ ဓာတ်ပုံ-Credit: Craig Macnaughton/The Corcoran Group)

ပီလီသည် သူ့ဘဝအချိန်အများစုကို ဆောပေါ်လိုပြည်နယ် ၊ Guarujá ကမ်းခြေမြို့ရှိ စံအိမ်တွင် နေထိုင် ဖြတ်သန်းခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Pelé’s 40-year Hamptons home he sold near the end of his life (nypost)

[Zawgyi]

ဒီဇင္ဘာ ၂၉ ရက္က ကြယ္လြန္သြားေသာ ကမၻာ့အေကာင္းဆံုး ေဘာလံုးၾကယ္ပြင့္ ပီလီ နယူးေယာက္ျမဳိ႕ စံအိမ္ကုိ မကြယ္လြန္မီ ေရာင္းခ်သြားခဲ့

ကမၻာ့အေကာင္းဆံုး ေဘာလံုးသမားဟု အမ်ားကလက္ခံထားသူ ဘရာဇီး ေဘာလံုးၾကယ္ပြင့္ ပီလီ (ေမြး -၁၉၄၀ - ကြယ္လြန္ ၂၀၂၂) ၏ အမည္ရင္းမွာ Edson Arantes do Nascimento ျဖစ္ျပီး ပီလီဟုသာ လူသိမ်ားသည္။

ပီလီကို သမုိင္းတေလွ်ာက္ အၾကီးျမတ္ဆံုး ေဘာလံုးသမားတစ္ဦးအျဖစ္ ဖီဖာက သတ္မွတ္ထားသည္။

ပီလီသည္ ၂၀ ရာစု၏ ေအာင္ျမင္မႈအရဆံုးႏွင့္ အေက်ာ္ၾကားဆံုး ေဘာလံုးသမားမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သည္။

တိုင္းမ္မဂၢဇင္းၾကီး၏ ၂၀ ရာစု အေရးၾကီးဆံုးပုဂၢိဳလ္ ၁၀၀ စာရင္းတြင္ ထည့္သြင္းေဖာ္ျပခံရသည္။

ပီလီသည္ ကစားပြဲေပါင္း ၁၃၆၃ ပြဲ ပါဝင္ကစားခဲ့ျပီး ၁၂၇၉ ဂိုးသြင္းထားကာ ဂင္းနက္စံခ်ိန္ တင္ထားသည္။

ကမၻာ့ဖလားပထမဆံုး ရရွိခဲ့ခ်ိန္က ပီလီ၏ အသက္မွာ ၁၇ ႏွစ္သာရွိေသးသည္။

ပီလီ ကြယ္လြန္ခါနီးတြင္ ႏွစ္ေပါင္း ၄၀ ေနထိုင္ခဲ့ေသာ နယူးေယာက္စံအိမ္ကို ကန္ေဒၚလာ ၂ ဒသမ ၈၅ သန္းျဖင့္ ေရာင္းခ်သြားခဲ့သည္။

ပီလီသည္ ကမၻာ့ဖလားခ်န္ပီယံ ၃ ၾကိမ္ ရရွိခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၈၂ ႏွစ္အရြယ္ရွိျပီ ျဖစ္သည္။

ပီလီသည္ နယူးေယာက္ျမိဳ႕၊ East End ျမိဳ႕နယ္ရိွ ကမ္းေျခေမြးျမဴေရးျခံကို ၁၉၇၉ ခုႏွစ္တြင္ ကန္ေဒၚလာ ၁၅၆၀၀၀ ျဖင့္ဝယ္ယူခဲ့ျပီး ယေန႔ေခတ္ ေငြတန္ဖိုးအရ ဆိုလွ်င္ ကန္ေဒၚလာ ၆၈၀၀၀၀ ျဖစ္သည္။

စတုရန္းေပ ၃၄၀၀ က်ယ္ဝန္းေသာ စံအိမ္ကို ပီလီက ႏွစ္စဥ္ ေႏြရာသီ အပန္းေျဖရာ ေနရာအျဖစ္ အသံုးျပဳခဲ့သည္။

သူ၏ သမီး ၂ ဦးမွာ နယူးေယာက္ျမိဳ႕တြင္ ေနထိုင္ေသာေၾကာင့္လည္း ျဖစ္သည္။

သို႔ေသာ္ လြန္ခဲ့ေသာ ႏွစ္အနည္းငယ္အတြင္း က်န္းမာေရးခ်ဳိ႕ယြင္းလာမႈေၾကာင့္ ပီလီသည္ ဇာတိေျမ ဘရာဇီးႏိုင္ငံတြင္သာ အေျခခ်ေနထိုင္ ေတာ့သည္။

ပီလီက ယခုစံအိမ္ကုိ ေရာင္းမထုတ္မီ တစ္လလွ်င္ ကန္ေဒၚလာ ၄၅၀၀၀ ျဖင့္ ေခတၱအငွား ေစ်းကြက္တင္ခဲ့ေသးသည္။

ပီလီက ဤစံအိမ္ကို ၂ ထပ္စံအိမ္အျဖစ္ တိုးခ်ဲ႕ေဆာက္လုပ္ခဲ့သည္။

ျခံအက်ယ္မွာ တစ္ဧကခန္႔ရွိျပီး ျခံဝန္းအတြင္း ေျမယာအလွျပင္ဆင္မႈမ်ား ျပဳလုပ္ထားသည္။

စံအိမ္တြင္ ေရကူးကန္ ၁ ကန္၊ outdoor ေရပန္းတစ္ခုႏွင့္ ကမ္းေျခမ်ား ပိုင္ဆိုင္ထားသည္။

(၁၉၇၀ ကမၻာ့ဖလား ဗိုလ္လုပြဲတြင္ ပီလီကုိ ေတြ႔ရပံု။ ဓာတ္ပံု- Credit: Popperfoto via Getty Images )

(ပီလီ၏ ေနအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၃၄၀၀ ရွိသည္။ ဓာတ္ပံု-Credit: Craig Macnaughton/The Corcoran Group)

(ပီလီ၏ ဧည့္ခန္းတြင္ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိ ျမင့္မားေသာ ျပတင္းမ်ား တပ္ဆင္ထားရာ အလင္းေရာင္ ေကာင္းစြာ ရရွိသည္။ ဓာတ္ပံု-Credit: Craig Macnaughton/The Corcoran Group)

(ပီလီက မီးဖိုေဆာင္ကို ျပန္လည္ မြမ္းမံျပင္ဆင္မႈမ်ား ျပဳလုပ္ထားသည္။ ဓာတ္ပံု-Credit: Craig Macnaughton/The Corcoran Group)

(ပီလီ၏ ဒုတိယထပ္ စၾကၤန္။ ဓာတ္ပံု-Credit: Craig Macnaughton/The Corcoran Group)

(ပီလီ၏ အိပ္ခန္း ၆ ခန္းအနက္မွ တစ္ခန္း ။ ဓာတ္ပံု-Credit: Craig Macnaughton/The Corcoran Group)

(ပီလီ၏ ေရကန္ေဘးနားေနစင္ႏွင့္ ေရကူးကန္။ ဓာတ္ပံု-Credit: Craig Macnaughton/The Corcoran Group)

ပီလီ၏ နယူးေယာက္အိမ္တြင္ အိပ္ခန္း ၆ ခန္းႏွင့္ေရခ်ဳိးခန္း ၇ ခန္းပါဝင္ျပီး မ်က္ႏွာၾကက္ျမင့္မားေသာ ဧည့္ခန္း ၊ အခန္းဖြင့္ခင္းက်င္းထားေသာ ညစာစားေနရာ ၊ မၾကာေသးမီကမွ ျပန္လည္မြမ္းမံထားေသာ မီးဖိုေဆာင္တို႔ျဖင့္ ဖြဲ႔စည္းထားသည္။

ပီလီသည္ ေဆာေပၚလိုျမဳိ႕ရွိ အဲလ္ဗတ္ အိုင္စတိုင္းေဆးရံုတြင္ ကင္ဆာေရာဂါႏွင့္ တိုက္ပြဲ၌ ရံႈးနိမ့္သြားခဲ့သည္။

အဆိုပါ ေဆးရံုသည္ ေတာင္အေမရိကတိုက္၏ အေကာင္းဆံုးေဆးရံုျဖစ္သည့္ အျပင္ ကမၻာေပၚတြင္ အေကာင္းဆံုးေဆးရံုမ်ား၌ တစ္ခုအပါအဝင္ ျဖစ္သည္။

ပီလီသည္ ၂၀၂၁ ခုႏွစ္ကတည္းက ကင္ဆာဆဲလ္မ်ား ျပန္႔ႏွံ႔သည့္ ေဝဒနာအတြက္ ေဆးကုသမႈမ်ား ခံယူေနရသူျဖစ္သည္။

ကင္ဆာေဆးမ်ားမွာလည္း မတိုးေတာ့ေခ်။

(ခရစ္စမတ္မတိုင္မီ တစ္ရက္က ပီလီ၏ သမီး Kely Nascimento က ေဆးရံုကုတင္ေပၚမွ ဖခင္ျဖစ္သူအား ဖက္ထားပံု စိတ္ထိခိုက္ဖြယ္ ဓာတ္ပံုတစ္ပံုကို လူမႈကြန္ရက္တြင္ တင္ခဲ့ေသးသည္။ ဓာတ္ပံု- Instagram )

(စံအိမ္အတြင္းမွ ျမင့္မားေသာ မ်က္ႏွာၾကက္။ ဓာတ္ပံု-Credit: Craig Macnaughton/The Corcoran Group)

(ပီလီ၏ တတိယေျမာက္ အိပ္ခန္း ၁ ခန္း ။ ဓာတ္ပံု-Credit: Craig Macnaughton/The Corcoran Group)

(အခန္းဖြင့္ ခင္းက်င္းထားေသာ ညစာစားေနရာ။ ဓာတ္ပံု-Credit: Craig Macnaughton/The Corcoran Group)

(ပီလီ၏ ဒုတိယေျမာက္အိပ္ခန္းတစ္ခန္း။ ဓာတ္ပံု-Credit: Craig Macnaughton/The Corcoran Group)

(ဂိမ္းကစားခန္း။ ဓာတ္ပံု-Credit: Craig Macnaughton/The Corcoran Group)

ပီလီသည္ သူ႔ဘဝအခ်ိန္အမ်ားစုကို ေဆာေပၚလုိျပည္နယ္ ၊ Guarujá ကမ္းေျချမဳိ႕ရွိ စံအိမ္တြင္ ေနထုိင္ ျဖတ္သန္းခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside Pelé’s 40-year Hamptons home he sold near the end of his life (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service