ကြောက်မက်ဖွယ်အသံကြီးများ ကြားနေရသည့် ကမ္ဘာ့သရဲအခြောက်ဆုံး စွန့်ပစ်ခံ အပန်းဖြေကစားကွင်း

ကြောက်မက်ဖွယ်အသံကြီးများ ကြားနေရသည့် ကမ္ဘာ့သရဲအခြောက်ဆုံး စွန့်ပစ်ခံ အပန်းဖြေကစားကွင်း - Property News in Myanmar from iMyanmarHouse.com
28 Dec 2022 9:55 am တွင် တင်ခဲ့သည်
1054 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စုရှိ စွန့်ပစ်ခံ အပန်းဖြေကစားကွင်းကြီးတစ်ခုရှေ့တွင် ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားပြီး “မုန်တိုင်းကြောင့် ပိတ်သိမ်းထားသည်” ဟု ရေးသားထားကာ ဆိုင်းဘုတ်မှာ ဟောင်းနွမ်းယိုယွင်းနေလေပြီ။

သတ္တိကောင်းသူများက ကစားကွင်းအတွင်း ဝင်ကြည့်ကြရာ ခြောက်ခြားဖွယ် အသံကြီးများ ၊ တဖျတ်ဖျတ် အလင်းများ ၊ ကြားရတွေ့ရသည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စု ၊ လူဝီစီယားနားပြည်နယ် ၊နယူးအော်လင်းစ်မြို့တွင် လွန်ခဲ့သော ၁၇ နှစ်က အဆင့် ၅ ရှိ ကက်ထရီးနား ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ လူပေါင်း ၁၈၀၀ ခန့် သေဆုံးခဲ့ရသည်။

ယင်းနောက်ပိုင်း Six Flags အမည်ရှိ အပန်းဖြေကစားကွင်းမှာလည်း ပိတ်သိမ်းလိုက်ပြီး စွန့်ပစ်ခံ ဖြစ်သွားကာ ကမ္ဘာပေါ်တွင် သရဲအခြောက်ဆုံး အပန်းဖြေကစားကွင်းများတွင် တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။

 

 

(Six Flags အပန်းဖြေကစားကွင်းအကြောင်း မှတ်တမ်းရုပ်ရှင်တစ်ခုပင် ရိုက်ကူးထားမှု ရှိသည်။ ဓာတ်ပုံ- Credit :Rex)

 

(ကစားကွင်းကို ရေလွှမ်းမိုးခဲ့ပြီး နောက်ပိုင်း ဦးခေါင်းပိုင်း ပြတ်ကျနေသော လူရွှင်တော် ရုပ်တု တစ်ခု)

 

(လူသူကင်းမဲ့သော ကစားကွင်းအတွင်း ချားရဟတ်စီးသံများ ကြားရသည်ဟု ဆိုသည်။ ဓာတ်ပုံ-Credit: Alamy)

ပန်းခြံအတွင်း ဝင်ရောက်ကြည်ရှုသူတို့၏ ပြောကြားချက်အရ ၎င်းတို့အား တစ်ဦးဦးက စောင့်ကြည့်နေသကဲ့သို့ ခံစားရသည်ဟု ဆိုသည်။

ကစားကွင်းသို့ လျှပ်စစ်မီး သွယ်တန်းမထားတော့သော်လည်း အချို့သူများက တဖျတ်ဖျတ်အလင်းများ ကြားရပြီး အချို့သူများကမူ ချားရဟတ်များ လည်ပတ်သကဲ့သို့ တချွင်ချွင်မြည်သံများ ကြားရသည်ဟု ဆိုသည်။

ကနေဒါလူမျိုး ရုပ်ရှင်ဒါရိုက်တာ တစ်ဦးဖြစ်သူ Jake Williams က The Sun Online သတင်းဌာနသို့ ပြောသည်မှာ ကမ္ဘာအကြီးမားဆုံး စွန့်ပစ်ခံ ကစားကွင်းများတွင် တစ်ခုပါဝင်သော ဤကစားကွင်းသို့ ဝင်ရောက်လေ့လာရန် ခွင့်ပြုချက်ရယူခဲ့ကြောင်း ပြောပြသည်။

Jake Williams ၏ YouTube ချန်နယ်တစ်ခုဖြစ်သော Bright Sun Films တွင် Abandoned အမည်ဖြင့် စွန့်ပစ်ခံ နေရာများအကြောင်း ရိုက်ကူးတင်ပြထားမှုမှာ အထူးလူကြိုက်များသည်။

Closed for Storm ဟု အမည်ပေးထားသော ရှည်လျားသည့် မှတ်တမ်းရုပ်ရှင်အတွင်း ၎င်းက ရှင်းပြသည်မှာ တစ်ချိန်က ပျော်ရွှင်စွာဖြင့် ရယ်မောသံများ ဝေစည်ခဲ့သည့် ကစားကွင်းကြီးသည် ၂၀၀၅ ခုနှစ်၊ သြဂုတ်လတွင် တိုက်ခတ်ခဲ့သော ဟာရီကိန်းမုန်တိုင်းကြောင့် ကြေကွဲဖွယ်နိဂုံးသို့ ရောက်ရှိသွားပုံကို ရှင်းပြထားသည်။

အဆိုပါမုန်တိုင်းကြောင့် လူပေါင်း ၁၈၀၀ ခန့် ရေနစ်သေဆုံးခဲ့ပြီး လူပေါင်း ၄၀၀,၀၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရကာ ပိုင်ဆိုင်သည့်အရာအားလုံး ရေအောက်တွင် နစ်မြှုပ်သွားခဲ့သည်။

လူပေါင်းများစွာမှာ ယနေ့တိုင် ဆင်းရဲမွဲတေလျက်ရှိနေကြသည်ဟု ဆိုသည်။ Jake နှင့် သူ၏အဖွဲ့ ရိုက်ကူးခဲ့သော ဓာတ်ပုံများတွင် တွေ့မြင်ရမှုအရ ၁၄၆ ဧက ကျယ်ဝန်းသော ကစားကွင်း၏ ရိုလာကိုစတာများမှာ ပျက်စီးနေပြီဖြစ်ပြီး ကစားကွင်းကြီး၏ ပင်မလမ်းမှာ တစ္ဆေမြို့တော်ကြီးတစ်ခုနှင့် တူနေသည်။

 

(ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့သော ဝက်ဝံရုပ်တစ်ရုပ်ကို တွေ့ရပုံ။ ဓာတ်ပုံ-Credit: Alamy)

 

(သရဲခြောက်သည်ဟု နာမည်ကြီးသော အပန်းဖြေကစားကွင်း။ ဓာတ်ပုံ-Credit: Rex )

 

(မှတ်တမ်းရုပ်ရှင်၏ အမည်မှာ ကစားကွင်းအဝတွင် ချိတ်ဆွဲထားသော … မုန်တိုင်းကြောင့် ပိတ်ထားသည်… ဟူသော ဆိုင်းဘုတ်မှ ရယူထားခြင်း ဖြစ်သည်။)

 

(မှတ်တမ်းရုပ်ရှင်အတွင်း အပန်းဖြေကစားကွင်း၏ ကြေကွဲခြောက်ခြားဖွယ် အကြောင်းအရာများကို ပြသထားသည်။)

“အပန်းဖြေ ကစားကွင်းတွေဆိုတာ လူတွေတိုးကြိတ်စည်ကားနေလေ့ရှိပါတယ်။ခုလိုမျိုး စွန့်ပစ်ထားတာ တွေ့တော့ ကျွန်တော် စိတ်ဝင်စားသွားတယ်။ Six Flags ကစားကွင်းဟာ အမေရိကမှာ စွန့်ပစ်ခံထားရတဲ့ ကစားကွင်းတွေအနက် အကြီးမားဆုံး ကစားကွင်းပါပဲ။ ကုမ္ပဏီကြီးတစ်ခုက ပိုင်ဆိုင်ထားခဲ့တာ ဖြစ်တာကြောင့် စွန့်ပစ်ထားရခြင်းရဲ့ နောက်ကွယ်မှာ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုရှိရမယ်လို့ ကျွန်တော်ယူဆခဲ့ တယ်။ အဲဒီနောက်မှာ အခုလို အဖြစ်အပျက်တွေ သိလိုက်ရတာပါပဲ။”

Six Flags ကစားကွင်းကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၅ နှစ်သာ ဖွင့်လှစ်နိုင်ခဲ့သည်။

နယူးအော်လင်းမြို့၏ ၈၀ ရာခိုင်နှုန်းမှာ ရေမြုပ်သွားခဲ့ပြီး ကစားကွင်းမှာ ရေအနက် ပေ ၂၀ ခန့်အထိ ရေအောက်နစ်မြုပ်သွားခဲ့သည်။ နောက်တစ်လအကြာတွင် ရေများ ကျဆင်းသွားခဲ့သော်လည်း ကစားကွင်းမှာ အကြီးအကျယ် ပျက်စီးသွားခဲ့ရာ ပိတ်သိမ်းရန် ဆုံးဖြတ်လိုက်ရတော့သည်။

 

(ရိုလာကိုစတာမှ တွဲများမှာ ကစားကွင်းအနှံ့ ပြန့်ကျဲ လဲလျောင်းလျက် ရှိနေသည်။)

 

(လူသူကင်းမဲ့နေသော အပန်းဖြေကစားကွင်းမှာ တစ္ဆေမြို့တော်ကြီးတစ်ခုအလားပင်။)

 

 

(မုန်တိုင်းကြောင့် ကစားကွင်းတစ်ခုလုံးအပြင် နယူးအော်လင်းမြို့ကြီး ရေနစ်မြုပ်သွားခဲ့သည်။ ဓာတ်ပုံ-Credit: Alamy)

 

(ကစားကွင်းအတွင်း လာရောက်လည်ပတ်ပျော်ရွှင်ခဲ့ဖူးသော ဒေသခံများစွာမှာ ရေနစ်မြုပ်သေဆုံးခြင်း (သို့မဟုတ်) အိုးအိမ်မဲ့ဖြစ်ရခြင်းများ ရင်ဆိုင်ခဲ့ရသည်။ ဓာတ်ပုံ -Credit: Getty)

 

ယခုအခါ ကစားကွင်းမှာ ခြုံနွယ်များနှင့် ရာသီဥတုဒဏ်ကြောင့် များစွာပျက်စီးလျက်ရှိနေပြီ ဖြစ်သည်။

ခြောက်ခြားဖွယ် လူရွှင်တော်ရုပ်များ၊ ရေသူမရုပ်တုများမှာ ပျက်စီးကာ ညစ်ပတ်နေလေပြီ။

ရေကြီးရာမှ ကျန်ရစ်ခဲ့သော အမှိုက်သရိုက်များ၊ အပျက်အစီးများဖြင့် ရှုပ်ပွနေသည့်အပြင် အဆောက်အအုံ အများစုတွင် လက်သရမ်းထားသော နံရံဆေးမှုတ် ဂရာဖစ်တီများကို တွေ့ရသည်။

Six Flags ကစားကွင်း ဖွင့်လှစ်ခဲ့ချိန် ၂၀၀၃ ခုနှစ်က တစ်ရာသီစာ ဝင်ခွင့်လက်မှတ်ဈေးနှုန်းမှာ ၃၄ ဒသမ ၉၉ ဒေါ်လာ မျှသာ ကျသင့်ခဲ့သည်။

(စွန့်ပစ်ခံ ကစားကွင်း၏ အနာဂတ် လိပ်ခဲတည်းလည်းဖြစ်နေ)

စွန့်ပစ်ခံ အပန်းဖြေကစားကွင်းကို မည်သို့ဆက်လက်စီမံမည်ကို ယနေ့တိုင် မဆုံးဖြတ်နိုင်ကြသေးချေ။

ယခင်က စီစဉ်ခဲ့ကြဖူးသည်မှာ အပန်းဖြေကစားကွင်းတစ်ခုအဖြစ်ပင် ပြန်လည်ဖွင့်လှစ်ပြီး Legend City Adventure Park (သို့မဟုတ်) Dreamlanding Festival Park ဟု အမည်ပြောင်းလဲရန် သုံးသပ်ခဲ့ကြ သော်လည်း အကောင်အထည်မဖော်ဖြစ်ခဲ့။

လက်ရှိ အစီအစဉ်များတွင် ကစားကွင်းကို ဖျက်သိမ်းမည့် အစီအစဉ်ပါဝင်သော်လည်း ဖျက်သိမ်းလျှင် ခန့်မှန်းချေ ကုန်ကျစရိတ် ဒေါ်လာ ၁ သန်းကျော် ကုန်မည်ဖြစ်သောကြောင့် ဖျက်သိမ်းရေးကိစ္စမှာလည်း ဝေ့လည်ကြောင်ပတ် ဖြစ်နေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Inside ‘world’s most haunted’ theme park plagued by ‘phantom noises’ years after it was shut down by Hurricane Katrina (thesun)

 

 

[Zawgyi]

 

ေၾကာက္မက္ဖြယ္အသံၾကီးမ်ား ၾကားေနရသည့္ ကမၻာ့သရဲအေျခာက္ဆံုး စြန္႔ပစ္ခံ အပန္းေျဖကစားကြင္း

 

အေမရိကန္ျပည္ေထာင္စုရွိ စြန္႔ပစ္ခံ အပန္းေျဖကစားကြင္းၾကီးတစ္ခုေရွ႕တြင္ ဆိုင္းဘုတ္တစ္ခု ခ်ိတ္ဆြဲထားျပီး “မုန္တိုင္းေၾကာင့္ ပိတ္သိမ္းထားသည္” ဟု ေရးသားထားကာ ဆိုင္းဘုတ္မွာ ေဟာင္းႏြမ္းယိုယြင္းေနေလျပီ။

သတၱိေကာင္းသူမ်ားက ကစားကြင္းအတြင္း ဝင္ၾကည့္ၾကရာ ေျခာက္ျခားဖြယ္ အသံၾကီးမ်ား ၊ တဖ်တ္ဖ်တ္ အလင္းမ်ား ၊ ၾကားရေတြ႔ရသည္ဟု ဆိုသည္။

အေမရိကန္ျပည္ေထာင္စု ၊ လူဝီစီယားနားျပည္နယ္ ၊နယူးေအာ္လင္းစ္ျမိဳ႕တြင္ လြန္ခဲ့ေသာ ၁၇ ႏွစ္က အဆင့္ ၅ ရွိ ကက္ထရီးနား ဟာရီကိန္းမုန္တိုင္း တိုက္ခတ္ခဲ့ရာ လူေပါင္း ၁၈၀၀ ခန္႔ ေသဆံုးခဲ့ရသည္။

ယင္းေနာက္ပိုင္း Six Flags အမည္ရွိ အပန္းေျဖကစားကြင္းမွာလည္း ပိတ္သိမ္းလုိက္ျပီး စြန္႔ပစ္ခံ ျဖစ္သြားကာ ကမၻာေပၚတြင္ သရဲအေျခာက္ဆံုး အပန္းေျဖကစားကြင္းမ်ားတြင္ တစ္ခုအပါအဝင္အျဖစ္ သတ္မွတ္ျခင္း ခံထားရသည္။

(Six Flags အပန္းေျဖကစားကြင္းအေၾကာင္း မွတ္တမ္းရုပ္ရွင္တစ္ခုပင္ ရိုက္ကူးထားမႈ ရွိသည္။ ဓာတ္ပံု- Credit :Rex)

(ကစားကြင္းကို ေရလႊမ္းမိုးခဲ့ျပီး ေနာက္ပိုင္း ဦးေခါင္းပိုင္း ျပတ္က်ေနေသာ လူရႊင္ေတာ္ ရုပ္တု တစ္ခု)

(လူသူကင္းမဲ့ေသာ ကစားကြင္းအတြင္း ခ်ားရဟတ္စီးသံမ်ား ၾကားရသည္ဟု ဆိုသည္။ ဓာတ္ပံု-Credit: Alamy)

ပန္းျခံအတြင္း ဝင္ေရာက္ၾကည္ရႈသူတို႔၏ ေျပာၾကားခ်က္အရ ၎တို႔အား တစ္ဦးဦးက ေစာင့္ၾကည့္ေနသကဲ့သို႔ ခံစားရသည္ဟု ဆိုသည္။

ကစားကြင္းသို႔ လွ်ပ္စစ္မီး သြယ္တန္းမထားေတာ့ေသာ္လည္း အခ်ိဳ႕သူမ်ားက တဖ်တ္ဖ်တ္အလင္းမ်ား ၾကားရျပီး အခ်ိဳ႕သူမ်ားကမူ ခ်ားရဟတ္မ်ား လည္ပတ္သကဲ့သုိ႔ တခၽြင္ခၽြင္ျမည္သံမ်ား ၾကားရသည္ဟု ဆိုသည္။

ကေနဒါလူမ်ိဳး ရုပ္ရွင္ဒါရိုက္တာ တစ္ဦးျဖစ္သူ Jake Williams က The Sun Online သတင္းဌာနသို႔ ေျပာသည္မွာ ကမၻာအၾကီးမားဆံုး စြန္႔ပစ္ခံ ကစားကြင္းမ်ားတြင္ တစ္ခုပါဝင္ေသာ ဤကစားကြင္းသို႔ ဝင္ေရာက္ေလ့လာရန္ ခြင့္ျပဳခ်က္ရယူခဲ့ေၾကာင္း ေျပာျပသည္။

Jake Williams ၏ YouTube ခ်န္နယ္တစ္ခုျဖစ္ေသာ Bright Sun Films တြင္ Abandoned အမည္ျဖင့္ စြန္႔ပစ္ခံ ေနရာမ်ားအေၾကာင္း ရုိက္ကူးတင္ျပထားမႈမွာ အထူးလူၾကိဳက္မ်ားသည္။

Closed for Storm ဟု အမည္ေပးထားေသာ ရွည္လ်ားသည့္ မွတ္တမ္းရုပ္ရွင္အတြင္း ၎က ရွင္းျပသည္မွာ တစ္ခ်ိန္က ေပ်ာ္ရႊင္စြာျဖင့္ ရယ္ေမာသံမ်ား ေဝစည္ခဲ့သည့္ ကစားကြင္းၾကီးသည္ ၂၀၀၅ ခုႏွစ္၊ ၾသဂုတ္လတြင္ တိုက္ခတ္ခဲ့ေသာ ဟာရီကိန္းမုန္တိုင္းေၾကာင့္ ေၾကကြဲဖြယ္နိဂံုးသို႔ ေရာက္ရွိသြားပံုကို ရွင္းျပထားသည္။

အဆိုပါမုန္တိုင္းေၾကာင့္ လူေပါင္း ၁၈၀၀ ခန္႔ ေရနစ္ေသဆံုးခဲ့ျပီး လူေပါင္း ၄၀၀,၀၀၀ ေက်ာ္ အိုးအိမ္မဲ့ ျဖစ္ခဲ့ရကာ ပိုင္ဆိုင္သည့္အရာအားလံုး ေရေအာက္တြင္ နစ္ျမွဳပ္သြားခဲ့သည္။

လူေပါင္းမ်ားစြာမွာ ယေန႔တုိင္ ဆင္းရဲမြဲေတလ်က္ရွိေနၾကသည္ဟု ဆိုသည္။ Jake ႏွင့္ သူ၏အဖြဲ႔ ရိုက္ကူးခဲ့ေသာ ဓာတ္ပံုမ်ားတြင္ ေတြ႔ျမင္ရမႈအရ ၁၄၆ ဧက က်ယ္ဝန္းေသာ ကစားကြင္း၏ ရိုလာကိုစတာမ်ားမွာ ပ်က္စီးေနျပီျဖစ္ျပီး ကစားကြင္းၾကီး၏ ပင္မလမ္းမွာ တေစၦျမိဳ႕ေတာ္ၾကီးတစ္ခုႏွင့္ တူေနသည္။

(ကေလးငယ္တစ္ဦး က်န္ရစ္ခဲ့ေသာ ဝက္ဝံရုပ္တစ္ရုပ္ကို ေတြ႔ရပံု။ ဓာတ္ပံု-Credit: Alamy)

(သရဲေျခာက္သည္ဟု နာမည္ၾကီးေသာ အပန္းေျဖကစားကြင္း။ ဓာတ္ပံု-Credit: Rex )

(မွတ္တမ္းရုပ္ရွင္၏ အမည္မွာ ကစားကြင္းအဝတြင္ ခ်ိတ္ဆြဲထားေသာ … မုန္တိုုင္းေၾကာင့္ ပိတ္ထားသည္… ဟူေသာ ဆိုင္းဘုတ္မွ ရယူထားျခင္း ျဖစ္သည္။)

(မွတ္တမ္းရုပ္ရွင္အတြင္း အပန္းေျဖကစားကြင္း၏ ေၾကကြဲေျခာက္ျခားဖြယ္ အေၾကာင္းအရာမ်ားကို ျပသထားသည္။)

“အပန္းေျဖ ကစားကြင္းေတြဆိုတာ လူေတြတိုးၾကိတ္စည္ကားေနေလ့ရွိပါတယ္။ခုလိုမ်ိဳး စြန္႔ပစ္ထားတာ ေတြ႔ေတာ့ ကၽြန္ေတာ္ စိတ္ဝင္စားသြားတယ္။ Six Flags ကစားကြင္းဟာ အေမရိကမွာ စြန္႔ပစ္ခံထားရတဲ့ ကစားကြင္းေတြအနက္ အၾကီးမားဆံုး ကစားကြင္းပါပဲ။ ကုမၸဏီၾကီးတစ္ခုက ပိုင္ဆုိင္ထားခဲ့တာ ျဖစ္တာေၾကာင့္ စြန္႔ပစ္ထားရျခင္းရဲ႕ ေနာက္ကြယ္မွာ စိတ္ဝင္စားစရာေကာင္းတဲ့ ဇာတ္လမ္းတစ္ခုရွိရမယ္လို႔ ကၽြန္ေတာ္ယူဆခဲ့ တယ္။ အဲဒီေနာက္မွာ အခုလုိ အျဖစ္အပ်က္ေတြ သိလုိက္ရတာပါပဲ။”

Six Flags ကစားကြင္းကို ၂၀၀၀ ျပည့္ႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့ျပီး ၅ ႏွစ္သာ ဖြင့္လွစ္ႏိုင္ခဲ့သည္။

နယူးေအာ္လင္းျမိဳ႕၏ ၈၀ ရာခိုင္ႏႈန္းမွာ ေရျမဳပ္သြားခဲ့ျပီး ကစားကြင္းမွာ ေရအနက္ ေပ ၂၀ ခန္႔အထိ ေရေအာက္နစ္ျမဳပ္သြားခဲ့သည္။ ေနာက္တစ္လအၾကာတြင္ ေရမ်ား က်ဆင္းသြားခဲ့ေသာ္လည္း ကစားကြင္းမွာ အၾကီးအက်ယ္ ပ်က္စီးသြားခဲ့ရာ ပိတ္သိမ္းရန္ ဆံုးျဖတ္လုိက္ရေတာ့သည္။

(ရိုလာကိုစတာမွ တြဲမ်ားမွာ ကစားကြင္းအႏွံ႔ ျပန္႔က်ဲ လဲေလ်ာင္းလ်က္ ရွိေနသည္။)

(လူသူကင္းမဲ့ေနေသာ အပန္းေျဖကစားကြင္းမွာ တေစၦျမိဳ႕ေတာ္ၾကီးတစ္ခုအလားပင္။)

(မုန္တိုင္းေၾကာင့္ ကစားကြင္းတစ္ခုလံုးအျပင္ နယူးေအာ္လင္းျမိဳ႕ၾကီး ေရနစ္ျမဳပ္သြားခဲ့သည္။ ဓာတ္ပံု-Credit: Alamy)

(ကစားကြင္းအတြင္း လာေရာက္လည္ပတ္ေပ်ာ္ရႊင္ခဲ့ဖူးေသာ ေဒသခံမ်ားစြာမွာ ေရနစ္ျမဳပ္ေသဆံုးျခင္း (သို႔မဟုတ္) အိုးအိမ္မဲ့ျဖစ္ရျခင္းမ်ား ရင္ဆိုင္ခဲ့ရသည္။ ဓာတ္ပံု -Credit: Getty)

ယခုအခါ ကစားကြင္းမွာ ျခံဳႏြယ္မ်ားႏွင့္ ရာသီဥတုဒဏ္ေၾကာင့္ မ်ားစြာပ်က္စီးလ်က္ရွိေနျပီ ျဖစ္သည္။

ေျခာက္ျခားဖြယ္ လူရႊင္ေတာ္ရုပ္မ်ား၊ ေရသူမရုပ္တုမ်ားမွာ ပ်က္စီးကာ ညစ္ပတ္ေနေလျပီ။

ေရၾကီးရာမွ က်န္ရစ္ခဲ့ေသာ အမႈိက္သရိုက္မ်ား၊ အပ်က္အစီးမ်ားျဖင့္ ရႈပ္ပြေနသည့္အျပင္ အေဆာက္အအံု အမ်ားစုတြင္ လက္သရမ္းထားေသာ နံရံေဆးမႈတ္ ဂရာဖစ္တီမ်ားကို ေတြ႔ရသည္။

Six Flags ကစားကြင္း ဖြင့္လွစ္ခဲ့ခ်ိန္ ၂၀၀၃ ခုႏွစ္က တစ္ရာသီစာ ဝင္ခြင့္လက္မွတ္ေစ်းႏႈန္းမွာ ၃၄ ဒသမ ၉၉ ေဒၚလာ မွ်သာ က်သင့္ခဲ့သည္။

(စြန္႔ပစ္ခံ ကစားကြင္း၏ အနာဂတ္ လိပ္ခဲတည္းလည္းျဖစ္ေန)

စြန္႔ပစ္ခံ အပန္းေျဖကစားကြင္းကို မည္သို႔ဆက္လက္စီမံမည္ကို ယေန႔တုိင္ မဆံုးျဖတ္ႏိုင္ၾကေသးေခ်။

ယခင္က စီစဥ္ခဲ့ၾကဖူးသည္မွာ အပန္းေျဖကစားကြင္းတစ္ခုအျဖစ္ပင္ ျပန္လည္ဖြင့္လွစ္ျပီး Legend City Adventure Park (သို႔မဟုတ္) Dreamlanding Festival Park ဟု အမည္ေျပာင္းလဲရန္ သံုးသပ္ခဲ့ၾက ေသာ္လည္း အေကာင္အထည္မေဖာ္ျဖစ္ခဲ့။

လက္ရွိ အစီအစဥ္မ်ားတြင္ ကစားကြင္းကို ဖ်က္သိမ္းမည့္ အစီအစဥ္ပါဝင္ေသာ္လည္း ဖ်က္သိမ္းလွ်င္ ခန္႔မွန္းေခ် ကုန္က်စရိတ္ ေဒၚလာ ၁ သန္းေက်ာ္ ကုန္မည္ျဖစ္ေသာေၾကာင့္ ဖ်က္သိမ္းေရးကိစၥမွာလည္း ေဝ့လည္ေၾကာင္ပတ္ ျဖစ္ေနသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Inside ‘world’s most haunted’ theme park plagued by ‘phantom noises’ years after it was shut down by Hurricane Katrina (thesun)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service