ခံစားဖူးသဖြင့် စာနာတတ်သည်

ခံစားဖူးသဖြင့် စာနာတတ်သည် - Property Knowledge in Myanmar from iMyanmarHouse.com
7 Dec 2022 2:05 pm တွင် တင်ခဲ့သည်
463 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

လူအတော်များများသည် အကျိုးမရှိဘဲ ကိုယ့်ပိုင်ဆိုင်မှုကို အယုတ်အလျော့ အစွန်းအထင်း အဖြစ်မခံလိုကြပေ။

ကိုယ်ဟာသူတောင်းစား မဟုတ်သော်လည်း သူတစ်ပါးဆီက လက်ဖြန့် အကူအညီတောင်းဖို့ တစ်ခါတစ်ရံ ကြုံခဲ့ဖူးပါလိမ့်မည်။

ကျွန်တော်လည်းကြုံခဲ့ဘူးသည်။သူတစ်ပါးအိမ်နေခဲ့တုန်းက ငယ်စဉ်ကအဖြစ်ပါ။ကျွန်တော်နေသည့်နေရာနှင့် ဈေးသည် လေးမှတ်တိုင်လောက် ကားစီး၍ သွားရသည်။တစ်ရက်အိမ်ရှင်နှင့်အတူ ဈေးသို့သွားခဲ့သည်။ ကျွန်တော့်မှာပိုက်ဆံမပါပေ။အိမ်ရှင်ကပဲ ကားခရှင်းသည်။ဈေးဝယ်ပြီး အထုပ်အပိုးများကိုဆွဲကာ ကားဂိတ်သို့ ပြန်ထွက်လာခဲ့သည်။ ကားဂိတ်ရောက်မှ အိမ်ရှင်သည် သတင်းစာမဝယ်ရသေးသဖြင့် ကားခတစ်ကျပ်ကို လိုရမယ်ရ ကျွန်တော့ကိုပေးခဲ့ပြီး သတင်းစာသွားဝယ်သည်။

ထိုအချိန်တွင် ကျွန်တော်တို့စီးရမည့်ကားက ရောက်လာသည်။ကျွန်တော်လည်း အထုပ်တွေကိုဆွဲကာ တက်လိုက်သွားသည်။တစ်မှတ်တိုင်လောက်မရောက်ခင် အုန်းနို့ကြိတ်ထားသော ပုံးတစ်ပုံးက ကားမှတ်တိုင် တွင် ကျန်ခဲ့သည်ကို သတိရသည်။။ထို့ကြောင့် ရှေ့မှတ်တိုင်အရောက်တွင် ဆင်းလိုက်ပြီး အုန်းနို့ပုံးယူရန် လုပ်ရသည်။သို့သော်လည်း လက်ထဲတွင်ကားထပ်စီးဖို့ ပိုက်ဆံက မရှိတော့ပေ။ လမ်းလျှောက်သွားလိုက်ပါသည်။

အုန်းနို့ပုံးတော့ ရှိတန်ကောင်းပါသေးရဲ့ဟု ဆုတောင်းရသည်။မြန်မြန်သုတ်သုတ်လမ်းကိုလျှောက်ရင်း ဖြတ်သွားသမျှလိုင်းကားတို့ကိုကြည့်ရာ လိုင်းကားတစ်စီး၏ နောက်ဖက်အပေါက်နားတွင် အိမ်ရှင်အစ်ကိုကြီးမှာ ထိုင်ပြီးပါသွားသည်။သူကအုန်းနို့ပုံးကို ကိုင်ပြီးမြှောက်ပြသည်။သွားနှင့်မည်ဟု လက်ဟန်ပြသည်။ တော်ပါသေးရဲ့လို့ သက်ပြင်းချလိုက်မိသည်။

သို့သော်လည်း အိမ်အရောက်ကားစီးသွားဖို့က လက်ထဲတွင် ပိုက်ဆံမရှိတော့။ဈေးမှတ်တိုင်သို့သွား၍ အသိများတွေ့မလားဟု ဟိုကြည့်ဒီကြည့်ရှာရသည်။ခဏအကြာတွင် ရပ်ကွက်ထဲတွင် ပဲပြုပ်ရောင်းသော အစ်မကြီးလည်း ဈေးဝယ်ပြီး ပြန်လာသည်ကိုတွေ့ရသည်။သူ့ထံကနေ ကားခကို ချေးရသည်။ အိမ်ရောက်ရင် လာပေးပါမည့်အကြောင်းပြောရသည်။လိုလိုချင်ချင် ထုတ်ပေးပါသည်။

 

ဒီလိုအကူအညီတောင်ခဲ့ဘူးရာ ကိုယ့်ကို အကူအညီလို၍ တောင်းသူများရှိရာတွင်လည်း ကိုယ့်မှာရှိနေသည့် အခါတွင် ရှိနေရက်နဲ့ မရှိဘူးဟု ငြင်းလိုက်ရမှာကို ရှက်မိသည်။တစ်ထောင်ရှိလျှင် တစ်ရာလောက်တော့ အကူအညီပေးနိုင်ဖို့ကြိုးစားခဲ့သည်။ အလှူခံပုဂ္ဂိုလ်တို့နှင့်ကြုံသည့်အခါတွင်လည်း လိမ်ပြီးပဲ အလှူခံခံ၊ တကယ်လို၍အလှူခံခံ လှူနိုင် ပေးကမ်းနိုင်သည့် အခြေအနေတွင် ပေးဖြစ်အောင်ကြိုးစားခဲ့သည်။

တစ်ခါက ဆေးရုံကြီးရှေ့တွင် မွေးကင်းစသားငယ်ကို ရင်မှာပိုက်ပြီး မိခင်ဖြစ်သူက မှော်ဘီလိုနေရာမျိုး ပြန်ဖို့အတွက် ကားခအကူအညီတောင်းနေသဖြင့် ခြောက်ရာပေးခဲ့သည်။ကျွန်တော်စိတ်ထဲတွင် ပေးလိုက်တာ နည်းများနည်းသွားသလားဟု စိတ်မကောင်းလည်းဖြစ်မိခဲ့ဘူးသည်။

တစ်ခါကလည်း ဘားလမ်းကနေ ကျွန်တော်နေရာ အဆောင်သို့ ည ဆယ့်တစ်နာရီလောက်တွင်ပြန်ခဲ့သည်။ ထိုအချိန်က လူခြေပြတ်သည့်အချိန် ကျွန်တော်နောက်ခပ်လှမ်းလှမ်းမှ လူတစ်ယောက်ပြေးလိုက်လာသည်။ အန္တရာယ်ထင်သဖြင့် သတိထားလိုက်သည်။ထိုသူက အမောတကောဖြင့် ဒလဘက်သွားရမှာမို့ သမ္ဗာန်ခ တစ်ထောင်မှာ တစ်ရာလိုနေလို့ဗျာ ရှိရင်အကူအညီပေးပါလားအစ်ကိုဟု ကျိုးနွံခယပြောရှာသည်။

ပိုက်ဆံပါသဖြင့် ပေးလိုက်သည်။ဒီလောက်နဲ့ရသလားဟုမေးရာ ရပြီဖြစ်ကြောင်းသူကပြောသဖြင့် ကျွန်တော်လည်း ရှေ့ဆက်ခဲ့သည်။သွားရင်းနဲ့စဉ်းစားမိသည်။ဒလဘက်လို့သာ သူကပြောသည်။တစ်ခါတစ်ရံ ဒလကနေ ဆိုင်ကယ်တတန် ကားတတန်တို့ဖြင့် ရှေ့ဆက်ရသူတို့ရှိသည်။မပြည့်မစုံကူညီလိုက်ရသည်ကို စိတ်မကောင်းဖြစ်မိရသည်။ပိုပေးလိုက်ဖို့ကောင်းသည်ဟု နောင်တရမိသည်။အကူအညီပေးလိုက်ရ၍ ကိုယ့်အတွက်ထူးပြီး ယုတ်လျော့သွားစရာမရှိပါပဲ လိုသူအတွက် အထောက်အပံ့ကောင်းလေးတစ်ခုဖြစ်ခဲ့ရင် ဆိုတဲ့အတွေးများ ဖြစ်ခဲ့ရဘူးသည်။

စာနာခြင်းဆိုတဲ့စိတ်က ကိုယ်တိုင်ကြုံခဲ့ဘူးသူတွေအတွက် တကယ်ကို ခံစားရစေပါသည်။ဒီစိတ်လေးကို မပျောက်ပျက်စေဘဲ ကိုယ်နဲ့ထပ်တူဆိုတဲ့ ခံစားချက်လေးနဲ့ အားလုံးဟာထားတတ်ရင် လောကကြီးဟာ အတော်ကိုနေပျော်မှာပါပဲ။

ဒီသဘောပါပဲ Youtube မှာလည်း လူတွေရဲ့ စာနာမှုနဲ့ပတ်သက်ပြီး သိလိုတာကြောင့် အကူအညီလိုတဲ့သူ ပုံစံဟန်ဆောင်ပြီး အကူအညီတောင်းကြည့်သည်။ထိုအခါ အတော်အသင့်ရှိတဲ့သူတွေက ပေးစွန့်ခြင်းကို မပြုကြဘဲ လက်ရှိလမ်းဘေးမှာ အိမ်ရာမဲ့ဘဝနဲ့ တောင်းစားနေရတဲ့သူတွေက ပေးကမ်းကြတာကိုလည်း အံ့ဩဖွယ်တွေ့ရ ပါတယ်။ထို့အတွက် ဟန်ဆောင်အလှူခံသူက လှူသူ၏ငွေပမာဏထက် အဆများစွာကို ထိုသူတွေအတွက် ဂုဏ်ပြုခဲ့ကြသည်ကိုလည်းတွေ့ရသည်။

ခံစားဘူး၍ စာနာတတ်ခြင်းများပင်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ခံစားဖူးသျဖင့္ စာနာတတ္သည္

 

လူအေတာ္မ်ားမ်ားသည္ အက်ိဳးမရွိဘဲ ကိုယ့္ပိုင္ဆိုင္မႈကို အယုတ္အေလ်ာ့ အစြန္းအထင္း အျဖစ္မခံလိုၾကေပ။

ကိုယ္ဟာသူေတာင္းစား မဟုတ္ေသာ္လည္း သူတစ္ပါးဆီက လက္ျဖန္႔ အကူအညီေတာင္းဖို႔ တစ္ခါတစ္ရံ ႀကဳံခဲ့ဖူးပါလိမ့္မည္။

ကၽြန္ေတာ္လည္းႀကဳံခဲ့ဘူးသည္။သူတစ္ပါးအိမ္ေနခဲ့တုန္းက ငယ္စဥ္ကအျဖစ္ပါ။ကၽြန္ေတာ္ေနသည့္ေနရာႏွင့္ ေဈးသည္ ေလးမွတ္တိုင္ေလာက္ ကားစီး၍ သြားရသည္။တစ္ရက္အိမ္ရွင္ႏွင့္အတူ ေဈးသို႔သြားခဲ့သည္။ ကၽြန္ေတာ့္မွာပိုက္ဆံမပါေပ။အိမ္ရွင္ကပဲ ကားခရွင္းသည္။ေဈးဝယ္ၿပီး အထုပ္အပိုးမ်ားကိုဆြဲကာ ကားဂိတ္သို႔ ျပန္ထြက္လာခဲ့သည္။ ကားဂိတ္ေရာက္မွ အိမ္ရွင္သည္ သတင္းစာမဝယ္ရေသးသျဖင့္ ကားခတစ္က်ပ္ကို လိုရမယ္ရ ကၽြန္ေတာ့ကိုေပးခဲ့ၿပီး သတင္းစာသြားဝယ္သည္။

ထိုအခ်ိန္တြင္ ကၽြန္ေတာ္တို႔စီးရမည့္ကားက ေရာက္လာသည္။ကၽြန္ေတာ္လည္း အထုပ္ေတြကိုဆြဲကာ တက္လိုက္သြားသည္။တစ္မွတ္တိုင္ေလာက္မေရာက္ခင္ အုန္းႏို႔ႀကိတ္ထားေသာ ပုံးတစ္ပုံးက ကားမွတ္တိုင္ တြင္ က်န္ခဲ့သည္ကို သတိရသည္။။ထို႔ေၾကာင့္ ေရွ႕မွတ္တိုင္အေရာက္တြင္ ဆင္းလိုက္ၿပီး အုန္းႏို႔ပုံးယူရန္ လုပ္ရသည္။သို႔ေသာ္လည္း လက္ထဲတြင္ကားထပ္စီးဖို႔ ပိုက္ဆံက မရွိေတာ့ေပ။ လမ္းေလွ်ာက္သြားလိုက္ပါသည္။

အုန္းႏို႔ပုံးေတာ့ ရွိတန္ေကာင္းပါေသးရဲ႕ဟု ဆုေတာင္းရသည္။ျမန္ျမန္သုတ္သုတ္လမ္းကိုေလွ်ာက္ရင္း ျဖတ္သြားသမွ်လိုင္းကားတို႔ကိုၾကည့္ရာ လိုင္းကားတစ္စီး၏ ေနာက္ဖက္အေပါက္နားတြင္ အိမ္ရွင္အစ္ကိုႀကီးမွာ ထိုင္ၿပီးပါသြားသည္။သူကအုန္းႏို႔ပုံးကို ကိုင္ၿပီးေျမွာက္ျပသည္။သြားႏွင့္မည္ဟု လက္ဟန္ျပသည္။ ေတာ္ပါေသးရဲ႕လို႔ သက္ျပင္းခ်လိုက္မိသည္။

သို႔ေသာ္လည္း အိမ္အေရာက္ကားစီးသြားဖို႔က လက္ထဲတြင္ ပိုက္ဆံမရွိေတာ့။ေဈးမွတ္တိုင္သို႔သြား၍ အသိမ်ားေတြ႔မလားဟု ဟိုၾကည့္ဒီၾကည့္ရွာရသည္။ခဏအၾကာတြင္ ရပ္ကြက္ထဲတြင္ ပဲျပဳပ္ေရာင္းေသာ အစ္မႀကီးလည္း ေဈးဝယ္ၿပီး ျပန္လာသည္ကိုေတြ႔ရသည္။သူ႔ထံကေန ကားခကို ေခ်းရသည္။ အိမ္ေရာက္ရင္ လာေပးပါမည့္အေၾကာင္းေျပာရသည္။လိုလိုခ်င္ခ်င္ ထုတ္ေပးပါသည္။

ဒီလိုအကူအညီေတာင္ခဲ့ဘူးရာ ကိုယ့္ကို အကူအညီလို၍ ေတာင္းသူမ်ားရွိရာတြင္လည္း ကိုယ့္မွာရွိေနသည့္ အခါတြင္ ရွိေနရက္နဲ႔ မရွိဘူးဟု ျငင္းလိုက္ရမွာကို ရွက္မိသည္။တစ္ေထာင္ရွိလွ်င္ တစ္ရာေလာက္ေတာ့ အကူအညီေပးႏိုင္ဖို႔ႀကိဳးစားခဲ့သည္။ အလွဴခံပုဂၢိဳလ္တို႔ႏွင့္ႀကဳံသည့္အခါတြင္လည္း လိမ္ၿပီးပဲ အလွဴခံခံ၊ တကယ္လို၍အလွဴခံခံ လွဴႏိုင္ ေပးကမ္းႏိုင္သည့္ အေျခအေနတြင္ ေပးျဖစ္ေအာင္ႀကိဳးစားခဲ့သည္။

တစ္ခါက ေဆးရုံႀကီးေရွ႔တြင္ ေမြးကင္းစသားငယ္ကို ရင္မွာပိုက္ၿပီး မိခင္ျဖစ္သူက ေမွာ္ဘီလိုေနရာမ်ိဳး ျပန္ဖို႔အတြက္ ကားခအကူအညီေတာင္းေနသျဖင့္ ေျခာက္ရာေပးခဲ့သည္။ကၽြန္ေတာ္စိတ္ထဲတြင္ ေပးလိုက္တာ နည္းမ်ားနည္းသြားသလားဟု စိတ္မေကာင္းလည္းျဖစ္မိခဲ့ဘူးသည္။

တစ္ခါကလည္း ဘားလမ္းကေန ကၽြန္ေတာ္ေနရာ အေဆာင္သို႔ ည ဆယ့္တစ္နာရီေလာက္တြင္ျပန္ခဲ့သည္။ ထိုအခ်ိန္က လူေျချပတ္သည့္အခ်ိန္ ကၽြန္ေတာ္ေနာက္ခပ္လွမ္းလွမ္းမွ လူတစ္ေယာက္ေျပးလိုက္လာသည္။ အႏၱရာယ္ထင္သျဖင့္ သတိထားလိုက္သည္။ထိုသူက အေမာတေကာျဖင့္ ဒလဘက္သြားရမွာမို႔ သမၺာန္ခ တစ္ေထာင္မွာ တစ္ရာလိုေနလို႔ဗ်ာ ရွိရင္အကူအညီေပးပါလားအစ္ကိုဟု က်ိဳးႏြံခယေျပာရွာသည္။

ပိုက္ဆံပါသျဖင့္ ေပးလိုက္သည္။ဒီေလာက္နဲ႕ရသလားဟုေမးရာ ရၿပီျဖစ္ေၾကာင္းသူကေျပာသျဖင့္ ကၽြန္ေတာ္လည္း ေရွ႕ဆက္ခဲ့သည္။သြားရင္းနဲ႔စဥ္းစားမိသည္။ဒလဘက္လို႔သာ သူကေျပာသည္။တစ္ခါတစ္ရံ ဒလကေန ဆိုင္ကယ္တတန္ ကားတတန္တို႔ျဖင့္ ေရွ႕ဆက္ရသူတို႔ရွိသည္။မျပည့္မစုံကူညီလိုက္ရသည္ကို စိတ္မေကာင္းျဖစ္မိရသည္။ပိုေပးလိုက္ဖို႔ေကာင္းသည္ဟု ေနာင္တရမိသည္။အကူအညီေပးလိုက္ရ၍ ကိုယ့္အတြက္ထူးၿပီး ယုတ္ေလ်ာ့သြားစရာမရွိပါပဲ လိုသူအတြက္ အေထာက္အပ့ံေကာင္းေလးတစ္ခုျဖစ္ခဲ့ရင္ ဆိုတဲ့အေတြးမ်ား ျဖစ္ခဲ့ရဘူးသည္။

စာနာျခင္းဆိုတဲ့စိတ္က ကိုယ္တိုင္ႀကဳံခဲ့ဘူးသူေတြအတြက္ တကယ္ကို ခံစားရေစပါသည္။ဒီစိတ္ေလးကို မေပ်ာက္ပ်က္ေစဘဲ ကိုယ္နဲ႔ထပ္တူဆိုတဲ့ ခံစားခ်က္ေလးနဲ႔ အားလုံးဟာထားတတ္ရင္ ေလာကႀကီးဟာ အေတာ္ကိုေနေပ်ာ္မွာပါပဲ။

ဒီသေဘာပါပဲ Youtube မွာလည္း လူေတြရဲ႕ စာနာမႈနဲ႔ပတ္သက္ၿပီး သိလိုတာေၾကာင့္ အကူအညီလိုတဲ့သူ ပုံစံဟန္ေဆာင္ၿပီး အကူအညီေတာင္းၾကည့္သည္။ထိုအခါ အေတာ္အသင့္ရွိတဲ့သူေတြက ေပးစြန္႔ျခင္းကို မျပဳၾကဘဲ လက္ရွိလမ္းေဘးမွာ အိမ္ရာမဲ့ဘဝနဲ႔ ေတာင္းစားေနရတဲ့သူေတြက ေပးကမ္းၾကတာကိုလည္း အံ႔ဩဖြယ္ေတြ႔ရ ပါတယ္။ထို႔အတြက္ ဟန္ေဆာင္အလွဴခံသူက လွဴသူ၏ေငြပမာဏထက္ အဆမ်ားစြာကို ထိုသူေတြအတြက္ ဂုဏ္ျပဳခဲ့ၾကသည္ကိုလည္းေတြ႔ရသည္။

ခံစားဘူး၍ စာနာတတ္ျခင္းမ်ားပင္ျဖစ္ပါသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
mya-villa
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service