မိန်းကလေးများကို ကောင်းကင်ကြိုးတန်းလျှောက်ကာ ပိုးပန်းကြရသည့် ရုရှားနိုင်ငံက ကျေးရွာ

မိန်းကလေးများကို ကောင်းကင်ကြိုးတန်းလျှောက်ကာ ပိုးပန်းကြရသည့် ရုရှားနိုင်ငံက ကျေးရွာ - Property News in Myanmar from iMyanmarHouse.com
6 Dec 2022 11:14 am တွင် တင်ခဲ့သည်
534 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရုရှားနိုင်ငံ၊ Dagestan ပြည်နယ်၊ Kulinsky ခရိုင်တွင် Tsovkra-1 အမည်ရှိ ကျေးရွာလေးတစ်ခု ရှိသည်။

၂၀၁၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄၁၀ သာရှိပြီး ရွာကလေးတွင် လမ်း ၇ လမ်းသာ ရှိသည်။

ရွာကလေးမှာ ခရိုင်အုပ်ချုပ်ရေးရုံး၏ အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာတွင် တည်ရှိသည်။

 

(ထူးဆန်းသော ဓလေ့ထုံးစံရှိသည့် ရွာကလေး)

 

 

(ဓာတ်ပုံ- Sean Benesh/Unsplash)

Tsovkra-1 ရွာကလေးတွင် ကြိုးဘားတန်းလျှောက်သည့်အလေ့အထမှာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီဟု ဆိုသည်။

နာမည်တွင် ၁ ဟူသော နံပါတ်ပါဝင်နေခြင်းမှာ အနီးရှိ အမည်တူကျေးရွာနှင့် ကွဲပြားစေရန် ဖြစ်သည်။

အဆိုပါရွာလေးမှ ဆိုဗီယက်ခေတ်အတွင်း ဆပ်ကပ်များတွင် ကောင်းကင်ကြိုးဘားတန်းလျှောက်သည့် ထင်ရှားသူ အမျိုးသား၊ အမျိုးသမီး ၁၇ ဦးခန့် ထွက်ပေါ်ခဲ့သည်။

လက်ရှိအားဖြင့် ရွာလေးတွင် လူဦးရေ ၄၀၀ အောက်သာရှိသော်လည်း ကျောင်းနေအရွယ် ကလေးအားလုံးမှာ ကြိုးတန်းလမ်းလျှောက်မှု လေ့ကျင့်ကြသည့်အပြင် လူကြီးလူငယ်အားလုံး မည်သည့်ရာသီဥတုအခြေအနေမဆို လေ့ကျင့်ကြသည်ဟု ဆိုသည်။

လူတစ်ဦးက ပြောသည်မှာ ရွာလေးတွင် ကြိုးတန်းလျှောက်သည့်အလေ့အကျင့် ပေါ်ပေါက်လာရခြင်းမှာ ဤဒေသ၏ ဆောင်းကာလများတွင် ရာသီဥတုဆိုးရွားမှုကြောင့်ဖြစ်သည်ဟု ပြောသည်။

တံတားများမှာ မကြာခဏ ပျက်စီးလေ့ရှိရာ တံတားကို ပြင်ဆင်နေစဉ်ကာလအတွင်း ရွာသားများမှာ ကြိုးတန်းမှ လမ်းလျှောက်ကာ သွားလာကြသည်ဟု ဆိုသည်။

၁၉ ရာစုအစောပိုင်းတွင် ရွာသားများသည် ၎င်းတို့၏ ကျွမ်းကျင်မှုကို ပြသရန် အနီးဝန်းကျင်ကျေးရွာများသို့ သွားရောက်ကာ ကောင်းကင်ကြိုးတန်းလျှောက်ပြကြလေ့ရှိကြောင်း The Independent သတင်းဌာနက ဖော်ပြသည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် ဆယ်စုနှစ်များသည်ကား Tsovkra-1 ရွာလေး၏ ရွှေရောင်ကာလများ ဖြစ်သည်။

 

ထိုကာလတွင် ဆိုဗီယက်မှ ဆပ်ကပ်များ များစွာနာမည်ကြီးလာရာ အဆိုပါဆပ်ကပ်တို့က Tsovkra-1 မှ အတော်ဆုံး ကောင်းကင်ကြိုးတန်းလျှောက်နိုင်သူတို့ကို ခေါ်ယူခဲ့ရာ ရွာလေးမှာ နာမည်ကြီးလာသည်။

မျက်မှောက်ခေတ်တွင်ကား Tsovkra-1 ရွာလေး၏ ရွှေရောင်နေ့ရက်များ ကုန်ဆုံးသွားခဲ့ရာ ရွာမှ ကြိုးတန်းလျှောက်သူတို့အတွက် အထိနာစေခဲ့သည်။ ကောင်းကင်ကြိုးတန်းလျှောက်ခြင်းကို လေ့ကျင့်သူများအတွက် အနာဂတ်မရှိ။

ငယ်ရွယ်သူအများစုမှာ မြို့ကြီးပြကြီးများသို့ထွက်ကာ အခြားအလုပ်များ ရှာဖွေလုပ်ကိုင်ကြသည်။

ကောင်းကင်ကြိုးတန်းလျှောက်ခြင်းကို ဝါသနာတစ်ရပ်အနေဖြင့်သာ လေ့ကျင့်ကြတော့သည်။

သို့သော် Tsovkra-1 ရွာကလေးတွင် နေထိုင်သူအားလုံးမှာ ကောင်းကင်ကြိုး ကောင်းကောင်းလျှောက်နိုင်ကြ သေးသည်ဟု ဆိုသည်။

“လူတိုင်းတော့ ကြိုးတန်းပေါ်မှာ မလျှောက်နိုင်ကြပါဘူး။အသက်ကြီးပိုင်း ရောက်သွားတဲ့လူတွေက မလုပ်နိုင်ကြတော့ဘူး။ဘာကြောင့်လဲဆိုတော့ သူတို့အတွက် အရမ်းခက်တယ်လေ။ ဒါပေမဲ့ ရွာမှာရှိတဲ့ ကျန်းမာကြံ့ခိုင်တဲ့လူတိုင်း ကြိုးတန်းပေါ်မှာ လမ်းလျှောက်နိုင်ကြပါတယ်။” ဟု Tsovkra-1 ရွာလေးမှ ကောင်းကင်ကြိုးတန်းလျှောက် သင်တန်းကျောင်းမှ ဆရာတစ်ဦးဖြစ်သူ Ramazan Gadzhiyev က The Independent သတင်းဌာနသို့ ပြောသည်။

ယခုကာလများတွင် Tsovkra-1 ရွာကလေး၏ ကြိုးတန်းလျှောက်သင်တန်းကျောင်းအတွက် ရန်ပုံငွေ နည်းပါးခြင်းနှင့် လူငယ်များစွာ ရွာကို ကျောခိုင်းထွက်ခွာသွားခြင်းတို့ကြောင့် ရွာကလေး၏ တမူထူးသော အလေ့အထမှာ ပျောက်ကွယ်သွားကာ ဒဏ္ဍာရီဆန်ဆန်သာ ရှိနေတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။

 

(ယောက်ျားပီသမှု စစ်ဆေးခြင်း)

Tsovkra-1 ရွာလေးတွင် ကြိုးတန်းလျှောက်သည့်အလေ့အထ စတင်ပေါ်ပေါက်လာပုံမှာ အချစ်ရေးအတွက် ဖြစ်သည်ဟု ဒဏ္ဍာရီများက ဆိုသည်။

ရွာလေးရှိလူငယ်များသည် အနီးရှိ တောင်ဘေးမှ ရွာတစ်ရွာရှိ မိန်းကလေးများကို ပိုးပန်းရန် ရက်ပေါင်း များစွာ လမ်းလျှောက်နေရခြင်းကို ပျင်းသောကြောင့် ခရီးတိုအတွင်း လျှင်မြန်စွာရောက်နိုင်ရန် ကောင်းကင် ကြိုးတန်း ဖြင့် သွားကြခြင်းဖြစ်ကြောင်း Smithsonian မဂ္ဂဇင်းကြီးက ဖော်ပြသည်။

သူတို့သည် တောင်ကြားတစ်ဖက်မှ အခြားတစ်ဖက်စီသို့ ကြိုးဖြင့် သွယ်တန်းကာ ထိုကြိုးမှတစ်ဆင့် လျှောစီးသွားကြသည်။

အစွမ်းပြလိုသည့် ရဲဝံ့သူများကမူ အဆိုပါ ကြိုးတန်းပေါ်တွင် လမ်းလျှောက်ကာ အစွမ်းပြကြသည်။

ထိုသို့ ကျွမ်းကျင်မှုမှာ ယောက်ျားပီသမှု၏ ဆန်းစစ်ချက်တစ်ခု ဖြစ်လာခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြသည်။

 

ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း ဤရွာကလေးမှ ရွာသားများစွာမှာ ဆိုဗီယက်ဆပ်ကပ်များနှင့်လိုက်ပါကာ ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးများတွင် ကောင်းကင်ကြိုးတန်းဘား ပြသမှုများဖြင့် ပရိသတ်များကို ဖျော်ဖြေခဲ့ကြသည်။

“အရင်ခေတ်က ကျွန်တော်တို့တွေဟာ ပင်ပန်းဆင်းရဲကြီးစွာ အလုပ်လုပ်ကြရတယ်။ဒီတော့ ကောင်းကင်ကြိုးတန်း လျှောက်တာက ဒုက္ခတွေကနေ လွတ်မြောက်ရာ လမ်းတစ်ခု ဖြစ်ခဲ့တယ်။ ” ဟု ပါးရေနားရေ တွန့်နေပြီဖြစ်သော Isayev အမည်ရှိ အဖိုးအိုက ပြုံးရင်း ပြောသည်။

“ဒါပေမယ့် အခုခေတ်မှာ ရွာကနေ အများစု ထွက်သွားချင်တဲ့အကြောင်းက ခုခေတ်မှာ အခြေအနေအရမ်းကောင်းနေပြီလေ။ အလွယ်တကူ နေထိုင်စားသောက် အသက်ရှင် ရပ်တည်လို့ရနေကြပြီ။”

Isayev က ထိုသို့ပြောနေချိန်တွင် ခါးကိုင်းကိုင်း အဖွားအိုတစ်ဦးက ကောက်ရိုးထုံးများ တင်လာသည့် မြည်းတစ်ကောင်ကို မောင်းရင်း ဖြတ်သွားသည်။ မိန်းကလေး ၂ ဦးမှာ သစ်သားတံခါးဝများမှ ဝင်ချည်ထွက်ချည် ပြေးလွှားနေကြသည်။

နေလောင်ထားသော အမျိုးသားတစ်ဦးမှာ ကွင်းပြင်ထဲတွင် ကောက်ဆွတစ်ခုဖြင့် အလုပ်လုပ်နေ၏။

Tsovkra – 1 ရွာကလေးသည် ၁၉၈၀ ပြည့်လွန်ကာလများတွင် လူဦးရေ ၃၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ ယနေ့အခါတွင် ၄၀၀ ဦးခန့်အထိ ကျဆင်းသွားခဲ့သည်။

အသက် ၄၅ နှစ်အရွယ်ရှိ Ramazan Gadzhiyev က အရာအားလုံးကို ပြောင်းလဲကာ Tsovkra-1 ရွာလေး၏ ကျော်ကြားမှုကို ပြန်လည်ရှင်သန်လာစေရန် ကြိုးစားအားထုတ်လျှက်ရှိသည်။

သူသည် လွန်ခဲ့သော ၈ နှစ်က ရွာကလေးတွင် ကောင်းကင်ကြိုးတန်းလျှောက်သင်တန်းကျောင်း ပြန်လည် ဖွင့်လှစ်ခဲ့သည်။

“ကမ္ဘာ့အကောင်းဆုံး ကောင်းကင်ကြိုးတန်းလျှောက်သူတွေဟာ Tsovkra -1 ရွာကလေးကနေ လာတဲ့သူတွေ ဖြစ်တာများတယ်။ ခုနောက်ပိုင်းမှာတော့ တရုတ်နဲ့ ဂျပန်ကချည်းပဲ ဖြစ်နေတယ်”ဟု ကြိုးတန်းပေါ်လမ်းလျှောက် နေသော လူငယ်တစ်ဦးကို ကြည့်ရင်း Ramazan ကပြောသည်။

ကြိုးတန်းပေါ်မှ လူငယ်သည် ကြိုးတန်းအလယ်တွင် ခုန်ဆွခုန်ဆွ လုပ်နေ၏။ ထို့နောက် ထိုင်လိုက်ကာ ကြိုးတန်းပေါ်တွင် ပက်လက်လန်ကာ အိပ်နေပြန်သည်။

ယင်းနောက် တစ်ဖန်ထရပ်ကာ ကြိုးတန်းအစွန်းသို့ လမ်းလျှောက်သွား၏။ “တစ်နေ့မှာ သူတို့တွေ တဖန်ပြန်လည် ကြီးကျယ်ခမ်းနားလာကြလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ Tsovkra-1 ရဲ့ ကောင်းကင်ကြိုးလျှောက်သူတွေဟာ အမေရိက ၊ ဗြိတိန်နဲ့ ဂျပန်နိုင်ငံတွေမှာ ပြန်လည် တင်ဆက်ဖျော်ဖြေကြပါလိမ့်ဦးမယ်။”

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tsovkra-1 – Amazing Russian Village With Talented Tightrope Walkers (vietnamtimes)

 

 

[Zawgyi]

မိန္းကေလးမ်ားကို ေကာင္းကင္ၾကိဳးတန္းေလွ်ာက္ကာ ပိုးပန္းၾကရသည့္ ရုရွားႏိုင္ငံက ေက်းရြာ

 

ရုရွားႏိုင္ငံ၊ Dagestan ျပည္နယ္၊ Kulinsky ခရိုင္တြင္ Tsovkra-1 အမည္ရွိ ေက်းရြာေလးတစ္ခု ရွိသည္။

၂၀၁၀ ျပည့္ႏွစ္ သန္းေခါင္စာရင္းအရ လူဦးေရ ၄၁၀ သာရွိျပီး ရြာကေလးတြင္ လမ္း ၇ လမ္းသာ ရွိသည္။

ရြာကေလးမွာ ခရိုင္အုပ္ခ်ဳပ္ေရးရံုး၏ အေရွ႕ေတာင္ဘက္ ၈ မိုင္ခန္႔အကြာတြင္ တည္ရွိသည္။

 

(ထူးဆန္းေသာ ဓေလ့ထံုးစံရွိသည့္ ရြာကေလး)

(ဓာတ္ပံု- Sean Benesh/Unsplash)

Tsovkra-1 ရြာကေလးတြင္ ၾကိဳးဘားတန္းေလွ်ာက္သည့္အေလ့အထမွာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ခဲ့ျပီဟု ဆိုသည္။

နာမည္တြင္ ၁ ဟူေသာ နံပါတ္ပါဝင္ေနျခင္းမွာ အနီးရွိ အမည္တူေက်းရြာႏွင့္ ကြဲျပားေစရန္ ျဖစ္သည္။

အဆိုပါရြာေလးမွ ဆိုဗီယက္ေခတ္အတြင္း ဆပ္ကပ္မ်ားတြင္ ေကာင္းကင္ၾကိဳးဘားတန္းေလွ်ာက္သည့္ ထင္ရွားသူ အမ်ဳိးသား၊ အမ်ဳိးသမီး ၁၇ ဦးခန္႔ ထြက္ေပၚခဲ့သည္။

လက္ရွိအားျဖင့္ ရြာေလးတြင္ လူဦးေရ ၄၀၀ ေအာက္သာရွိေသာ္လည္း ေက်ာင္းေနအရြယ္ ကေလးအားလံုးမွာ ၾကိဳးတန္းလမ္းေလွ်ာက္မႈ ေလ့က်င့္ၾကသည့္အျပင္ လူၾကီးလူငယ္အားလံုး မည္သည့္ရာသီဥတုအေျခအေနမဆို ေလ့က်င့္ၾကသည္ဟု ဆိုသည္။

လူတစ္ဦးက ေျပာသည္မွာ ရြာေလးတြင္ ၾကိဳးတန္းေလွ်ာက္သည့္အေလ့အက်င့္ ေပၚေပါက္လာရျခင္းမွာ ဤေဒသ၏ ေဆာင္းကာလမ်ားတြင္ ရာသီဥတုဆုိးရြားမႈေၾကာင့္ျဖစ္သည္ဟု ေျပာသည္။

တံတားမ်ားမွာ မၾကာခဏ ပ်က္စီးေလ့ရွိရာ တံတားကို ျပင္ဆင္ေနစဥ္ကာလအတြင္း ရြာသားမ်ားမွာ ၾကိဳးတန္းမွ လမ္းေလွ်ာက္ကာ သြားလာၾကသည္ဟု ဆိုသည္။

၁၉ ရာစုအေစာပိုင္းတြင္ ရြာသားမ်ားသည္ ၎တို႔၏ ကၽြမ္းက်င္မႈကို ျပသရန္ အနီးဝန္းက်င္ေက်းရြာမ်ားသို႔ သြားေရာက္ကာ ေကာင္းကင္ၾကိဳးတန္းေလွ်ာက္ျပၾကေလ့ရွိေၾကာင္း The Independent သတင္းဌာနက ေဖာ္ျပသည္။ ဒုတိယကမၻာစစ္ၾကီးျပီးဆံုးျပီးေနာက္ ဆယ္စုႏွစ္မ်ားသည္ကား Tsovkra-1 ရြာေလး၏ ေရႊေရာင္ကာလမ်ား ျဖစ္သည္။

ထိုကာလတြင္ ဆိုဗီယက္မွ ဆပ္ကပ္မ်ား မ်ားစြာနာမည္ၾကီးလာရာ အဆိုပါဆပ္ကပ္တို႔က Tsovkra-1 မွ အေတာ္ဆံုး ေကာင္းကင္ၾကိဳးတန္းေလွ်ာက္ႏိုင္သူတို႔ကို ေခၚယူခဲ့ရာ ရြာေလးမွာ နာမည္ၾကီးလာသည္။

မ်က္ေမွာက္ေခတ္တြင္ကား Tsovkra-1 ရြာေလး၏ ေရႊေရာင္ေန႔ရက္မ်ား ကုန္ဆံုးသြားခဲ့ရာ ရြာမွ ၾကိဳးတန္းေလွ်ာက္သူတို႔အတြက္ အထိနာေစခဲ့သည္။ ေကာင္းကင္ၾကိဳးတန္းေလွ်ာက္ျခင္းကို ေလ့က်င့္သူမ်ားအတြက္ အနာဂတ္မရွိ။

ငယ္ရြယ္သူအမ်ားစုမွာ ျမဳိ႕ၾကီးျပၾကီးမ်ားသို႔ထြက္ကာ အျခားအလုပ္မ်ား ရွာေဖြလုပ္ကိုင္ၾကသည္။

ေကာင္းကင္ၾကိဳးတန္းေလွ်ာက္ျခင္းကို ဝါသနာတစ္ရပ္အေနျဖင့္သာ ေလ့က်င့္ၾကေတာ့သည္။

သို႔ေသာ္ Tsovkra-1 ရြာကေလးတြင္ ေနထုိင္သူအားလံုးမွာ ေကာင္းကင္ၾကိဳး ေကာင္းေကာင္းေလွ်ာက္ႏိုင္ၾက ေသးသည္ဟု ဆိုသည္။

“လူတိုင္းေတာ့ ၾကိဳးတန္းေပၚမွာ မေလွ်ာက္ႏုိင္ၾကပါဘူး။အသက္ၾကီးပိုင္း ေရာက္သြားတဲ့လူေတြက မလုပ္ႏိုင္ၾကေတာ့ဘူး။ဘာေၾကာင့္လဲဆိုေတာ့ သူတို႔အတြက္ အရမ္းခက္တယ္ေလ။ ဒါေပမဲ့ ရြာမွာရွိတဲ့ က်န္းမာၾကံ႕ခုိင္တဲ့လူတိုင္း ၾကိဳးတန္းေပၚမွာ လမ္းေလွ်ာက္ႏုိင္ၾကပါတယ္။” ဟု Tsovkra-1 ရြာေလးမွ ေကာင္းကင္ၾကိဳးတန္းေလွ်ာက္ သင္တန္းေက်ာင္းမွ ဆရာတစ္ဦးျဖစ္သူ Ramazan Gadzhiyev က The Independent သတင္းဌာနသို႔ ေျပာသည္။

ယခုကာလမ်ားတြင္ Tsovkra-1 ရြာကေလး၏ ၾကိဳးတန္းေလွ်ာက္သင္တန္းေက်ာင္းအတြက္ ရန္ပံုေငြ နည္းပါးျခင္းႏွင့္ လူငယ္မ်ားစြာ ရြာကို ေက်ာခိုင္းထြက္ခြာသြားျခင္းတို႔ေၾကာင့္ ရြာကေလး၏ တမူထူးေသာ အေလ့အထမွာ ေပ်ာက္ကြယ္သြားကာ ဒ႑ာရီဆန္ဆန္သာ ရွိေနေတာ့မည့္ အေျခအေနသို႔ ဆိုက္ေရာက္ေနသည္။

 

(ေယာက္်ားပီသမႈ စစ္ေဆးျခင္း)

Tsovkra-1 ရြာေလးတြင္ ၾကိဳးတန္းေလွ်ာက္သည့္အေလ့အထ စတင္ေပၚေပါက္လာပံုမွာ အခ်စ္ေရးအတြက္ ျဖစ္သည္ဟု ဒ႑ာရီမ်ားက ဆိုသည္။

ရြာေလးရွိလူငယ္မ်ားသည္ အနီးရွိ ေတာင္ေဘးမွ ရြာတစ္ရြာရွိ မိန္းကေလးမ်ားကို ပိုးပန္းရန္ ရက္ေပါင္း မ်ားစြာ လမ္းေလွ်ာက္ေနရျခင္းကို ပ်င္းေသာေၾကာင့္ ခရီးတိုအတြင္း လွ်င္ျမန္စြာေရာက္ႏိုင္ရန္ ေကာင္းကင္ ၾကိဳးတန္း ျဖင့္ သြားၾကျခင္းျဖစ္ေၾကာင္း Smithsonian မဂၢဇင္းၾကီးက ေဖာ္ျပသည္။

သူတို႔သည္ ေတာင္ၾကားတစ္ဖက္မွ အျခားတစ္ဖက္စီသို႔ ၾကိဳးျဖင့္ သြယ္တန္းကာ ထိုၾကိဳးမွတစ္ဆင့္ ေလွ်ာစီးသြားၾကသည္။

အစြမ္းျပလုိသည့္ ရဲဝံ့သူမ်ားကမူ အဆိုပါ ၾကိဳးတန္းေပၚတြင္ လမ္းေလွ်ာက္ကာ အစြမ္းျပၾကသည္။

ထိုသုိ႔ ကၽြမ္းက်င္မႈမွာ ေယာက္်ားပီသမႈ၏ ဆန္းစစ္ခ်က္တစ္ခု ျဖစ္လာခဲ့ေၾကာင္း ရိုက္တာ သတင္းဌာနက ေဖာ္ျပသည္။

ဒုတိယကမၻာစစ္ၾကီးေနာက္ပုိင္း ဤရြာကေလးမွ ရြာသားမ်ားစြာမွာ ဆိုဗီယက္ဆပ္ကပ္မ်ားႏွင့္လိုက္ပါကာ ကမၻာတစ္ဝန္းရွိ ျမဳိ႕ၾကီးမ်ားတြင္ ေကာင္းကင္ၾကိဳးတန္းဘား ျပသမႈမ်ားျဖင့္ ပရိသတ္မ်ားကို ေဖ်ာ္ေျဖခဲ့ၾကသည္။

“အရင္ေခတ္က ကၽြန္ေတာ္တို႔ေတြဟာ ပင္ပန္းဆင္းရဲၾကီးစြာ အလုပ္လုပ္ၾကရတယ္။ဒီေတာ့ ေကာင္းကင္ၾကိဳးတန္း ေလွ်ာက္တာက ဒုကၡေတြကေန လြတ္ေျမာက္ရာ လမ္းတစ္ခု ျဖစ္ခဲ့တယ္။ ” ဟု ပါးေရနားေရ တြန္႔ေနျပီျဖစ္ေသာ Isayev အမည္ရွိ အဖိုးအိုက ျပံဳးရင္း ေျပာသည္။

“ဒါေပမယ့္ အခုေခတ္မွာ ရြာကေန အမ်ားစု ထြက္သြားခ်င္တဲ့အေၾကာင္းက ခုေခတ္မွာ အေျခအေနအရမ္းေကာင္းေနျပီေလ။ အလြယ္တကူ ေနထိုင္စားေသာက္ အသက္ရွင္ ရပ္တည္လို႔ရေနၾကျပီ။”

Isayev က ထိုသုိ႔ေျပာေနခ်ိန္တြင္ ခါးကိုင္းကိုင္း အဖြားအိုတစ္ဦးက ေကာက္ရိုးထံုးမ်ား တင္လာသည့္ ျမည္းတစ္ေကာင္ကို ေမာင္းရင္း ျဖတ္သြားသည္။ မိန္းကေလး ၂ ဦးမွာ သစ္သားတံခါးဝမ်ားမွ ဝင္ခ်ည္ထြက္ခ်ည္ ေျပးလႊားေနၾကသည္။

ေနေလာင္ထားေသာ အမ်ဳိးသားတစ္ဦးမွာ ကြင္းျပင္ထဲတြင္ ေကာက္ဆြတစ္ခုျဖင့္ အလုပ္လုပ္ေန၏။

Tsovkra – 1 ရြာကေလးသည္ ၁၉၈၀ ျပည့္လြန္ကာလမ်ားတြင္ လူဦးေရ ၃၀၀၀ ဝန္းက်င္ရွိခဲ့ရာမွ ယေန႔အခါတြင္ ၄၀၀ ဦးခန္႔အထိ က်ဆင္းသြားခဲ့သည္။

အသက္ ၄၅ ႏွစ္အရြယ္ရွိ Ramazan Gadzhiyev က အရာအားလံုးကို ေျပာင္းလဲကာ Tsovkra-1 ရြာေလး၏ ေက်ာ္ၾကားမႈကို ျပန္လည္ရွင္သန္လာေစရန္ ၾကိဳးစားအားထုတ္လွ်က္ရွိသည္။

သူသည္ လြန္ခဲ့ေသာ ၈ ႏွစ္က ရြာကေလးတြင္ ေကာင္းကင္ၾကိဳးတန္းေလွ်ာက္သင္တန္းေက်ာင္း ျပန္လည္ ဖြင့္လွစ္ခ့ဲသည္။

“ကမၻာ့အေကာင္းဆံုး ေကာင္းကင္ၾကိဳးတန္းေလွ်ာက္သူေတြဟာ Tsovkra -1 ရြာကေလးကေန လာတဲ့သူေတြ ျဖစ္တာမ်ားတယ္။ ခုေနာက္ပုိင္းမွာေတာ့ တရုတ္နဲ႔ ဂ်ပန္ကခ်ည္းပဲ ျဖစ္ေနတယ္”ဟု ၾကိဳးတန္းေပၚလမ္းေလွ်ာက္ ေနေသာ လူငယ္တစ္ဦးကို ၾကည့္ရင္း Ramazan ကေျပာသည္။

ၾကိဳးတန္းေပၚမွ လူငယ္သည္ ၾကိဳးတန္းအလယ္တြင္ ခုန္ဆြခုန္ဆြ လုပ္ေန၏။ ထို႔ေနာက္ ထုိင္လုိက္ကာ ၾကိဳးတန္းေပၚတြင္ ပက္လက္လန္ကာ အိပ္ေနျပန္သည္။

ယင္းေနာက္ တစ္ဖန္ထရပ္ကာ ၾကိဳးတန္းအစြန္းသုိ႔ လမ္းေလွ်ာက္သြား၏။ “တစ္ေန႔မွာ သူတို႔ေတြ တဖန္ျပန္လည္ ၾကီးက်ယ္ခမ္းနားလာၾကလိမ့္မယ္လို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္။ Tsovkra-1 ရဲ႕ ေကာင္းကင္ၾကိဳးေလွ်ာက္သူေတြဟာ အေမရိက ၊ ျဗိတိန္နဲ႔ ဂ်ပန္ႏိုင္ငံေတြမွာ ျပန္လည္ တင္ဆက္ေဖ်ာ္ေျဖၾကပါလိမ့္ဦးမယ္။”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Tsovkra-1 – Amazing Russian Village With Talented Tightrope Walkers (vietnamtimes)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
mya-villa
shwe-moe-kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service