ဆိုက်ဘေးရီးယားတွင် နှစ်ပေါင်း ၄၈၅၀၀ ရေခဲနေသော ပန်ဒိုရာဗိုင်းရပ်စ်ဟု အမည်ပေးထားသော ရှေးခေတ် ဗိုင်းရပ် ပြန်လည်အသက်ဝင်လာ၊ ကမ္ဘာ့ရောဂါ ကပ်ဘေးကြီး နောက်တစ်ခု အာတိတ်ဒေသမှ စတင်လာမည် လော

ဆိုက်ဘေးရီးယားတွင် နှစ်ပေါင်း ၄၈၅၀၀ ရေခဲနေသော ပန်ဒိုရာဗိုင်းရပ်စ်ဟု အမည်ပေးထားသော ရှေးခေတ် ဗိုင်းရပ် ပြန်လည်အသက်ဝင်လာ၊ ကမ္ဘာ့ရောဂါ ကပ်ဘေးကြီး နောက်တစ်ခု အာတိတ်ဒေသမှ စတင်လာမည် လော - Property News in Myanmar from iMyanmarHouse.com
5 Dec 2022 9:52 am တွင် တင်ခဲ့သည်
954 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမြဲရေခဲနေသော ဆိုက်ဘေးရီးယားဒေသတွင် နှစ်ပေါင်း ၄၈၅၀၀ ကျော် ရေခဲပြင်ထုကြီးအောက် အေးခဲနေ ခဲ့သော ရှေးဟောင်းဗိုင်းရပ်စ်တစ်မျိုးသည် ပြန်လည်အသက်ဝင်ရှင်သန်လာရာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဗိုင်းရပ်စ် ဖြစ်ကြောင်း သိပ္ပံပညာရှင်တို့က ပြောသည်။

အမြဲရေခဲနေသည့် ရေခဲပြင်မှ နှစ်ထောင်သောင်းချီကာလဖြတ်သန်းကာ ပြန်လည်ရှင်သန်လာသည့် ဗိုင်းရပ်စ် ၇ မျိုးရှိသည်။

သက်တမ်းအနုဆုံး ဗိုင်းရပ်စ်သည်ပင် နှစ်ပေါင်း ၂၇၀၀၀ ကျော် ရေခဲနေခဲ့ခြင်းဖြစ်ပြီး သက်တမ်းအရင့်ဆုံး ဗိုင်းရပ်စ် Pandoravirus yedoma ၏ အေးခဲနေခဲ့သော သက်တမ်းမှာ နှစ်ပေါင်း ၄၈၅၀၀ ရှိသည်။

ယခုတွေ့ရှိသည့်ဗိုင်းရပ်စ်များသည် လူတို့အတွက် အန္တရာယ်မရှိနိုင်သော်လည်း ရေခဲပြင်များ အရည်ပျော်မှု ကြောင့် ပြန်လည်ရှင်သန်လာမည့် အခြားဗိုင်းရပ်စ်များကြောင့် ရောဂါကပ်ဘေးကြီးများ ဆိုက်နိုင်ကြောင်း သိပ္ပံပညာရှင်တို့က သတိပေးသည်။

 

 

(ပြန်လည်ရှင်သန်လာသော ဗိုင်းရပ်စ်များအနက် နှစ်ပေါင်း ၄၈၅၀၀ သက်တမ်းရှိသည့် ပန်ဒိုရာဗိုင်းရပ်စ်သည် အမီးဘားဟု လူသိများသော ဆဲလ်တစ်ခုရှိ သက်ရှိများကို ကူးစက်သည်။ ဓာတ်ပုံ A တွင် သီးခြားခွဲထုတ်ထား သည့် ဘဲဥပုံ ပန်ဒိုရာဗိုုင်းရပ်စ်ကို ostiole ဟုခေါ်သော အပေါက်ငယ်တစ်ခုဖြင့် တွေ့ရပုံ ဖြစ်သည်။ဓာတ်ပုံ B တွင် ပန်ဒိုရာဗိုင်းရပ်စ်မှုန်တစ်ခုနှင့် အဖြူရောင်ကြယ်ငါးသဏ္ဍာန် မီဂါဗိုင်းရပ်စ်တို့ ပေါင်းစည်း ထားသည့်ပုံ ဖြစ်သည်။ မီဂါဗိုင်းရပ်စ်မှာလည်း ပြန်လည်ရှင်သန်လာသည့် ဗိုင်းရပ်စ်များထဲတွင် ပါဝင်သည်)

 

 

(ပန်ဒိုရာဗိုင်းရပ်စ် Yedoma ကို ရုရှားနိုင်ငံ၊ Yakutia ပြည်နယ်၊ Yukechi Alas ဒေသရှိ အမြဲအေးခဲနေသော ရေကန်တစ်ခု၏ အောက်ခြေ ၅၂ ပေတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ Yakutia ပြည်နယ်တွင် ကမ္ဘာမြောက်ခြမ်းတွင် အအေးဆုံးဒေသဖြစ်ပြီး ဆောင်းကာလများတွင် အနှုတ် ၃၅ ဒီဂရီ စင်တီဂရိတ် ( အနှုတ် ၃၁ ဒီဂရီဖာရင်ဟိုက်) အထိ အေးခဲနေလေ့ရှိသည်)

 

(ပြန်လည်ရှင်သန်လာသော ဗိုင်းရပ်စ်များ)

- Pandoravirus

- Cedratvirus

- Megavirus

- Pacmanvirus

- Pithovirus

 

“နှစ်ပေါင်း ၄၈၅၀၀ ဆိုတာ ကမ္ဘာ့စံချိန်တစ်ခုပါပဲ” ဟု ပြင်သစ်နိုင်ငံ၊ Aix-Marseille တက္ကသိုလ်မှ ဗိုင်းရပ်စ် ပညာရှင် Jean-Michel Claverie က New Scientist သိပ္ပံသတင်းဌာနသို့ ပြောသည်။

ပန်ဒိုရာ၏သေတ္တာကို အစွဲပြုကာ အမည်ပေးထားသည့် ပန်ဒိုရာဗိုင်းရပ်စ်သည် ၂၀၁၃ ခုနှစ်တွင် ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည့် ဗိုင်းရပ်စ်ဖြစ်ပြီး pithovirus ပြီးလျှင် ဗိုင်းရပ်စ်အားလုံးအနက် အရွယ်အစား ဒုတိယ အကြီးမားဆုံးဗိုင်းရပ်စ်ဖြစ်သည်။

(မှတ်ချက်။ ပန်ဒိုရာ၏ သေတ္တာဟူသည်မှာ ရှေးခေတ်ဂရိဒဏ္ဍာရီမှ ဆင်းသက်လာသည့်အသုံးအနှုန်းဖြစ်ပြီး ပန်ဒိုရာမှာ ဇူးနတ်မင်းကြီးက ကမ္ဘာမြေကို လူသားအဖြစ်လွှတ်လိုက်သည့် မိန်းကလေးတစ်ဦးဖြစ်သည်။)

ပန်ဒိုရာဗိုင်းရပ်စ်သည် အလျား ၁ မိုက္ကရိုမီတာရှိပြီး ဗျက်မှာ ၀ ဒသမ ၅ မိုက္ကရိုမီတာရှိရာ သာမန်အနုကြည့် မှန်ပြောင်းဖြင့် မြင်ရနိုင်သည်။

ပန်ဒိုရာဗိုင်းရပ်စ် Yedoma ကို ရုရှားနိုင်ငံ၊ Yakutia ပြည်နယ်၊ Yukechi Alas ဒေသရှိ အမြဲအေးခဲနေသော ရေကန်တစ်ခု၏ အောက်ခြေ ၅၂ ပေတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပါမောက္ခ Claverie နှင့်အဖွဲ့သည် ယခင်ကလည်း နှစ်ပေါင်း ၃၀၀၀၀ သက်တမ်းရှိ ဗိုင်းရပ်စ် ၂ ခုကို ပြန်လည် အသက်ဝင်အောင်ပြုလုပ်နိုင်ခဲ့ပြီး ထိုအကြောင်းကို ၂၀၁၄ ခုနှစ်က ထုတ်ဖော်ကြေညာခဲ့ပြီးလည်း ဖြစ်သည်။

ယနေ့အထိ ပြန်လည်အသက်ရှင်လာသော ဗိုင်းရပ် ၉ မျိုးလုံးမှာ အမီးဘားဟု လူသိများသော ဆဲလ်တစ်ခုရှိ သက်ရှိများကို ကူးစက်နိုင်သော်လည်း အပင်များနှင့် တိရ စ္ဆာန်များကိုမူ မကူးစက်နိုင်ချေ။

သို့သော် ရေခဲပြင်များအောက်တွင် နှစ်ပေါင်းထောင်သောင်းချီ အေးခဲနေခဲ့သော အခြားသောဗိုင်းရပ်စ်များ ပြန်လည်အသက်ဝင်လာပါက အပင်များ၊ တိရ စ္ဆာန်များအပြင် လူသားများအတွက်ပါ အန္တရာယ်ကြီးမားနိုင်သည်။

 

(ဝင်ရိုးစွန်းမှ မြေလွှာတို့သည် အစဉ်ထာဝရအေးခဲနေပြီး နွေကာလများတွင်လည်း အေးခဲနေလေ့သာရှိသည်။ ပုံတွင်ကား ကမ္ဘာကြီးပူနွေးမှုကြောင့် အာတိတ်ဒေသတွင် ရေခဲများ အရည်ပျော်နေမှုကို တွေ့ရမည် ဖြစ်သည်)

(ဝင်ရိုးစွန်းဒေသ အရည်ပျော်ခြင်းနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများ)

အာတိတ်ဒေသ၏ အမြဲအေးခဲနေသော မြေလွှာတို့အောက်တွင် ကာဗွန်ဓာတ်များရှိပြီး အေးခဲလျက်ရှိနေကြ သည်။

အာတိတ်ဒေသ၏ မြေလွှာများသည် အနှုတ် ၃၂ ဒီဂရီဖာရင်ဟိုက်အောက်ပင် အမြဲအေးခဲနေလေ့ရှိ၏။

သိပ္ပံပညာရှင်တို့က ရတက်မအေးဖြစ်ကြသည်မှာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲများအရည်ပျော်ပါက အမြဲအေးခဲနေသော အာတိတ်မြေလွှာများအောက်မှ ကာဗွန်တို့သည် ကာဗွန်ဒိုင်အောက်ဆိုက် (သို့မဟုတ်) မီသိန်းဓာတ်ငွေ့များအဖြစ် ထွက်လာကြမည်ကို စိုးရိမ်ကြသည်။

အဆိုပါဓာတ်ငွေ့များ လေထုအတွင်း များပြားလာပါက ကမ္ဘာကြီးပူနွေးမှုမှာ ပိုမိုအခြေအနေဆိုးသွားနိုင်သည်။

ရုရှားနိုင်ငံ၏ ၆၅ ရာခိုင်နှုန်းမှာ အမြဲအေးခဲနေလေ့ရှိသောနေရာများချည်းသာဖြစ်ပြီး နွေလများတွင်ပင် အေးခဲနေလေ့ရှိသည်။

သို့သော် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့အပူချိန်မြင့်တက်လာရာ ရုရှားမှ ရေခဲလွှာများသည်လည်း စတင်အရည်ပျော်လာလျက်ရှိနေသည်။ သို့အတွက် နှစ်ထောင်ပေါင်းများစွာ ရေခဲပြင်အောက် အေးခဲနေခဲ့သော ဗိုင်းရပ်စ်များနှင့် အခြားအရာဝတ္ထုများ ပေါ်ထွက်လာလျက်ရှိနေကြသည်။

လွန်ခဲ့သောနှစ်ပေါင်း ၁၄၀၀၀ ခန့်က တိမ်ကောပျောက်ကွယ်သွားခဲ့သော အမွေးရှည်ကြံ့များ၏ အရိုးစုများနှင့် နှစ်ပေါင်း ၄၀၀၀၀ သက်တမ်းရှိ ဝံပုလွေ၏ ဦးခေါင်းတို့ကို မကြာသေးမီနှစ်များအတွင်း ရေခဲပြင်များ အရည်ပျော် မှုကြောင့် ပေါ်ပေါက်လာမှုတွင် အကောင်းအတိုင်းရှိနေဆဲဖြစ်ပြီး အမွှေးအမျှင်များပင် ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀၀ ခန့်က ပေါ်ပေါက်ခဲ့သော အမွှေးရှည်ဆင်ကြီးများ၏ အရိုးစုများကို ရှာဖွေကြကာ ဆင်စွယ်များကို ရောင်းဝယ်မှုများပင် ပေါ်ပေါက်လာသည်။

သို့သော် ယင်းသို့ရှာဖွေတွေ့ရှိမှုမျိုးမှတဆင့် ရတက်မအေးဖြစ်ရမှုတစ်ခုလည်း ပေါ်ပေါက်လာရာ အဆိုပါ တိရ စ္ဆာန်များတွင် ရှိနေခဲ့သော ရောဂါများသည်လည်း ရေခဲများအရည်ပျော်မှုနှင့်အတူ ပြန်လည်ပေါ်ပေါက် အသက်ဝင်ကာ ရောဂါသစ်များ ပျံ့နှံ့လာမည်ကို စိုးရိမ်လာကြသည်။

ပါမောက္ခ Claverie က ပြီးခဲ့သောနှစ်ကတည်းက သတိပေးမှုတစ်ခုပြုလုပ်ခဲ့သည်မှာ အမြဲအေးခဲနေသော ဒေသများမှ ဘက်တီးရီးယားများ ပြန်လည်အသက်ဝင်လာနိုင်ကြောင်း သတိပေးခဲ့သည်။

ပါမောက္ခ Claverie ကိုယ်တိုင်လည်း အမြဲအေးခဲနေသောဒေသမှ ပြန်လည်အသက်ဝင်လာသော pithovirus အမည်ရှိ ဗိုင်းရပ်စ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ရာ အဆိုပါဗိုင်းရပ်စ်သည် အမီးဘားများ (amoebas ) ကို တိုက်ခိုက်သတ်ဖြတ်နိုင်စွမ်းရှိသည်ဟု ဆိုသည်။

၎င်းရှာဖွေတွေ့ရှိခဲ့သော pithovirus မှာ နှစ်ပေါင်း ၃၀၀၀၀ ခန့် ရေခဲပြင်အောက်တွင် ရှိနေခဲ့ခြင်းဖြစ်သည်။

ပါမောက္ခ Claverie က ပြောရာတွင် အဆိုပါဗိုင်းရပ်စ်မှာ လူသားတို့အတွက် အန္တရာယ်မရှိသော်လည်း နှစ်ထောင်ချီ အေးခဲနေခဲ့သော ဗိုင်းရပ်စ်များ ပြန်လည်အသက်ဝင်ကာ ကူးစက်နိုင်စွမ်းရှိသည့် သက်သေတစ်ခုဖြစ်ကြောင်း ပြောသည်။

သိပ္ပံပညာရှင်တို့အကြား အာတိတ်ရေခဲပြင်၏ သက်တမ်း၊ ရေခဲပြင်အောက်တွင် အမြဲအေးခဲနေဖွယ်ရှိသည့် အရာတို့၏ သက်တမ်းနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ရှိသည်။

 

(အလျား ၁ ဒသမ ၉ မိုက္ကရိုမီတာရှိသော pithovirus ၏ ဓာတ်ပုံ)

သို့သော် ရေခဲပြင်အရည်ပျော်မှုကြောင့် ရှာဖွေတွေ့ရှိလာသည့်အရာများ၏ သက်တမ်းမှာ ရေခဲခေတ်ဖြစ်သော လွန်ခဲ့သောနှစ်ပေါင်း ၁၁၅၀၀၀ မှ ၁၁၇၀၀ အကြား သက်တမ်းရှိသည်ဟု ဆိုသည်။

ပါမောက္ခ Claverie နှင့်အဖွဲ့က ၎င်းတို့၏ သုတေသနစာတမ်းတွင် ရေးသားဖော်ပြခဲ့သည်မှာ အမြဲရေခဲနေသည့် ရေခဲပြင်အောက်တွင် နှစ်ပေါင်းထောင်သောင်းချီ မလှုပ်မရှား အေးခဲနေခဲ့သော ဘက်တီးရီးယားနှင့် archaea အနုဇီဝများ ပြန်လည်ပေါ်ပေါက်အသက်ဝင်လာခြင်းမှာ လူသားတို့ကျန်းမာရေးအတွက် ရတက်မအေးဖွယ် အလားအလာရှိကြောင်း ရေးသားဖော်ပြထားသည်။

ရှေးခေတ်အမည်မသိဗိုင်းရပ်စ်များ ပြန်လည်အသက်ဝင်လာမှုတွင် အပင်၊ တိရ စ္ဆာန်နှင့် လူများကို ရောဂါဘယဖြစ်စေပါက ကပ်ဘေးကြီးများ ပေါ်ပေါက်လာနိုင်ကြောင်း ၎င်းတို့က ပြောသည်။

အာတိတ်ဒေသသည် ကမ္ဘာ့အခြားနေရာများနှင့်ယှဉ်လျှင် လူနေထိုင်မှု ကျဲပါးသည်။

သို့သော် ပါမောက္ခ Claverie က ပြောသည်မှာ ယနေ့အခါတွင် အာတိတ်ဒေသသို့ လူများသွားရောက်မှုများပြား လာကြောင်း၊ ရွှေနှင့် စိန်ကဲ့သို့ သဘာဝတွင်းထွက်ပစ္စည်းများ ရှာဖွေရန် သွားရောက်ကြခြင်းဖြစ်ကြောင်း ပြောသည်။

သဘာဝတွင်းထွက်များရှာဖွေရန် ပထမဆုံးလုပ်ဆောင်ရသည်မှာ အမြဲရေခဲနေသည့် အပေါ်လွှာများကို တူးဖော်ဖယ်ရှားပစ်ရခြင်းဖြစ်ရာ ရှေးခေတ်ဗိုင်းရပ်စ်များ ပြန်လည်ပေါ်ထွက်လာနိုင်သည့် အန္တရာယ်ရှိနေသည်။

ကမ္ဘာကြီးပူနွေးလာမှုကြောင့် အာတိတ်ဒေသမှ ရေခဲတောင်များ အရည်ပျော်လာနေခြင်းမှာလည်း ရောဂါကပ်ဆိုးကြီးများ ထပ်မံပေါ်ပေါက်လာမည့်အကြောင်းရင်းတစ်ခုဖြစ်လာနိုင်နေသည်။

 

(အာတိတ်ဒေသမှ Lake Hazen ရေကန်ကြီးကို နာဆာမှ ရိုက်ကူးထားသော ဓာတ်ပုံ)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Will the next pandemic come from the Arctic? Ancient virus that has lain frozen in Siberian permafrost for 48,500 YEARS is revived (dailymail)

 

 

 

[Zawgyi]

 

 

ဆိုက္ေဘးရီးယားတြင္ ႏွစ္ေပါင္း ၄၈၅၀၀ ေရခဲေနေသာ ပန္ဒိုရာဗုိင္းရပ္စ္ဟု အမည္ေပးထားေသာ ေရွးေခတ္ ဗိုင္းရပ္ ျပန္လည္အသက္ဝင္လာ၊ ကမၻာ့ေရာဂါ ကပ္ေဘးၾကီး ေနာက္တစ္ခု အာတိတ္ေဒသမွ စတင္လာမည္ ေလာ

 

 

အျမဲေရခဲေနေသာ ဆိုက္ေဘးရီးယားေဒသတြင္ ႏွစ္ေပါင္း ၄၈၅၀၀ ေက်ာ္ ေရခဲျပင္ထုၾကီးေအာက္ ေအးခဲေန ခဲ့ေသာ ေရွးေဟာင္းဗိုင္းရပ္စ္တစ္မ်ဳိးသည္ ျပန္လည္အသက္ဝင္ရွင္သန္လာရာ ကမၻာ့သက္တမ္းအရင့္ဆံုး ဗုိင္းရပ္စ္ ျဖစ္ေၾကာင္း သိပၸံပညာရွင္တို႔က ေျပာသည္။

အျမဲေရခဲေနသည့္ ေရခဲျပင္မွ ႏွစ္ေထာင္ေသာင္းခ်ီကာလျဖတ္သန္းကာ ျပန္လည္ရွင္သန္လာသည့္ ဗိုင္းရပ္စ္ ၇ မ်ဳိးရွိသည္။

သက္တမ္းအႏုဆံုး ဗိုင္းရပ္စ္သည္ပင္ ႏွစ္ေပါင္း ၂၇၀၀၀ ေက်ာ္ ေရခဲေနခဲ့ျခင္းျဖစ္ျပီး သက္တမ္းအရင့္ဆံုး ဗိုင္းရပ္စ္ Pandoravirus yedoma ၏ ေအးခဲေနခဲ့ေသာ သက္တမ္းမွာ ႏွစ္ေပါင္း ၄၈၅၀၀ ရွိသည္။

ယခုေတြ႔ရွိသည့္ဗိုင္းရပ္စ္မ်ားသည္ လူတို႔အတြက္ အႏၱရာယ္မရွိႏိုင္ေသာ္လည္း ေရခဲျပင္မ်ား အရည္ေပ်ာ္မႈ ေၾကာင့္ ျပန္လည္ရွင္သန္လာမည့္ အျခားဗိုင္းရပ္စ္မ်ားေၾကာင့္ ေရာဂါကပ္ေဘးၾကီးမ်ား ဆိုက္ႏိုင္ေၾကာင္း သိပၸံပညာရွင္တို႔က သတိေပးသည္။

(ျပန္လည္ရွင္သန္လာေသာ ဗိုင္းရပ္စ္မ်ားအနက္ ႏွစ္ေပါင္း ၄၈၅၀၀ သက္တမ္းရွိသည့္ ပန္ဒိုရာဗိုင္းရပ္စ္သည္ အမီးဘားဟု လူသိမ်ားေသာ ဆဲလ္တစ္ခုရွိ သက္ရွိမ်ားကို ကူးစက္သည္။ ဓာတ္ပံု A တြင္ သီးျခားခြဲထုတ္ထား သည့္ ဘဲဥပံု ပန္ဒိုရာဗုိုင္းရပ္စ္ကို ostiole ဟုေခၚေသာ အေပါက္ငယ္တစ္ခုျဖင့္ ေတြ႔ရပံု ျဖစ္သည္။ဓာတ္ပံု B တြင္ ပန္ဒိုရာဗိုင္းရပ္စ္မႈန္တစ္ခုႏွင့္ အျဖဴေရာင္ၾကယ္ငါးသ႑ာန္ မီဂါဗိုင္းရပ္စ္တို႔ ေပါင္းစည္း ထားသည့္ပံု ျဖစ္သည္။ မီဂါဗိုင္းရပ္စ္မွာလည္း ျပန္လည္ရွင္သန္လာသည့္ ဗိုင္းရပ္စ္မ်ားထဲတြင္ ပါဝင္သည္)

 

(ပန္ဒိုရာဗိုင္းရပ္စ္ Yedoma ကို ရုရွားႏိုင္ငံ၊ Yakutia ျပည္နယ္၊ Yukechi Alas ေဒသရွိ အျမဲေအးခဲေနေသာ ေရကန္တစ္ခု၏ ေအာက္ေျခ ၅၂ ေပတြင္ ေတြ႔ရွိခဲ့ျခင္းျဖစ္သည္။ Yakutia ျပည္နယ္တြင္ ကမၻာေျမာက္ျခမ္းတြင္ အေအးဆံုးေဒသျဖစ္ျပီး ေဆာင္းကာလမ်ားတြင္ အႏႈတ္ ၃၅ ဒီဂရီ စင္တီဂရိတ္ ( အႏႈတ္ ၃၁ ဒီဂရီဖာရင္ဟိုက္) အထိ ေအးခဲေနေလ့ရွိသည္)

 

(ျပန္လည္ရွင္သန္လာေသာ ဗိုင္းရပ္စ္မ်ား)

- Pandoravirus

- Cedratvirus

- Megavirus

- Pacmanvirus

- Pithovirus

“ႏွစ္ေပါင္း ၄၈၅၀၀ ဆိုတာ ကမၻာ့စံခ်ိန္တစ္ခုပါပဲ” ဟု ျပင္သစ္ႏိုင္ငံ၊ Aix-Marseille တကၠသိုလ္မွ ဗိုင္းရပ္စ္ ပညာရွင္ Jean-Michel Claverie က New Scientist သိပၸံသတင္းဌာနသို႔ ေျပာသည္။

ပန္ဒိုရာ၏ေသတၱာကို အစြဲျပဳကာ အမည္ေပးထားသည့္ ပန္ဒိုရာဗိုင္းရပ္စ္သည္ ၂၀၁၃ ခုႏွစ္တြင္ ပထမဆံုး ရွာေဖြေတြ႔ရွိခဲ့သည့္ ဗိုင္းရပ္စ္ျဖစ္ျပီး pithovirus ျပီးလွ်င္ ဗိုင္းရပ္စ္အားလံုးအနက္ အရြယ္အစား ဒုတိယ အၾကီးမားဆံုးဗိုင္းရပ္စ္ျဖစ္သည္။

(မွတ္ခ်က္။ ပန္ဒိုရာ၏ ေသတၱာဟူသည္မွာ ေရွးေခတ္ဂရိဒ႑ာရီမွ ဆင္းသက္လာသည့္အသံုးအႏႈန္းျဖစ္ျပီး ပန္ဒိုရာမွာ ဇူးနတ္မင္းၾကီးက ကမၻာေျမကို လူသားအျဖစ္လႊတ္လိုက္သည့္ မိန္းကေလးတစ္ဦးျဖစ္သည္။)

ပန္ဒိုရာဗိုင္းရပ္စ္သည္ အလ်ား ၁ မိုကၠရိုမီတာရွိျပီး ဗ်က္မွာ ၀ ဒသမ ၅ မိုကၠရိုမီတာရွိရာ သာမန္အႏုၾကည့္ မွန္ေျပာင္းျဖင့္ ျမင္ရႏိုင္သည္။

ပန္ဒိုရာဗိုင္းရပ္စ္ Yedoma ကို ရုရွားႏိုင္ငံ၊ Yakutia ျပည္နယ္၊ Yukechi Alas ေဒသရွိ အျမဲေအးခဲေနေသာ ေရကန္တစ္ခု၏ ေအာက္ေျခ ၅၂ ေပတြင္ ေတြ႔ရွိခဲ့ျခင္းျဖစ္သည္။

ပါေမာကၡ Claverie ႏွင့္အဖြဲ႔သည္ ယခင္ကလည္း ႏွစ္ေပါင္း ၃၀၀၀၀ သက္တမ္းရွိ ဗိုင္းရပ္စ္ ၂ ခုကို ျပန္လည္ အသက္ဝင္ေအာင္ျပဳလုပ္ႏိုင္ခဲ့ျပီး ထိုအေၾကာင္းကို ၂၀၁၄ ခုႏွစ္က ထုတ္ေဖာ္ေၾကညာခဲ့ျပီးလည္း ျဖစ္သည္။

ယေန႔အထိ ျပန္လည္အသက္ရွင္လာေသာ ဗိုင္းရပ္ ၉ မ်ဳိးလံုးမွာ အမီးဘားဟု လူသိမ်ားေသာ ဆဲလ္တစ္ခုရွိ သက္ရွိမ်ားကို ကူးစက္ႏိုင္ေသာ္လည္း အပင္မ်ားႏွင့္ တိရ စၦာန္မ်ားကိုမူ မကူးစက္ႏိုင္ေခ်။

သို႔ေသာ္ ေရခဲျပင္မ်ားေအာက္တြင္ ႏွစ္ေပါင္းေထာင္ေသာင္းခ်ီ ေအးခဲေနခဲ့ေသာ အျခားေသာဗိုင္းရပ္စ္မ်ား ျပန္လည္အသက္ဝင္လာပါက အပင္မ်ား၊ တိရ စၦာန္မ်ားအျပင္ လူသားမ်ားအတြက္ပါ အႏၱရာယ္ၾကီးမားႏိုင္သည္။

(ဝင္ရိုးစြန္းမွ ေျမလႊာတို႔သည္ အစဥ္ထာဝရေအးခဲေနျပီး ေႏြကာလမ်ားတြင္လည္း ေအးခဲေနေလ့သာရွိသည္။ ပံုတြင္ကား ကမၻာၾကီးပူေႏြးမႈေၾကာင့္ အာတိတ္ေဒသတြင္ ေရခဲမ်ား အရည္ေပ်ာ္ေနမႈကို ေတြ႔ရမည္ ျဖစ္သည္)

(ဝင္ရိုးစြန္းေဒသ အရည္ေပ်ာ္ျခင္းႏွင့္ ဖန္လံုအိမ္ဓာတ္ေငြ႔ထုတ္လႊတ္မႈမ်ား)

အာတိတ္ေဒသ၏ အျမဲေအးခဲေနေသာ ေျမလႊာတို႔ေအာက္တြင္ ကာဗြန္ဓာတ္မ်ားရွိျပီး ေအးခဲလ်က္ရွိေနၾက သည္။

အာတိတ္ေဒသ၏ ေျမလႊာမ်ားသည္ အႏႈတ္ ၃၂ ဒီဂရီဖာရင္ဟိုက္ေအာက္ပင္ အျမဲေအးခဲေနေလ့ရွိ၏။

သိပၸံပညာရွင္တို႔က ရတက္မေအးျဖစ္ၾကသည္မွာ ကမၻာၾကီးပူေႏြးလာမႈေၾကာင့္ ေရခဲမ်ားအရည္ေပ်ာ္ပါက အျမဲေအးခဲေနေသာ အာတိတ္ေျမလႊာမ်ားေအာက္မွ ကာဗြန္တို႔သည္ ကာဗြန္ဒိုင္ေအာက္ဆိုက္ (သို႔မဟုတ္) မီသိန္းဓာတ္ေငြ႔မ်ားအျဖစ္ ထြက္လာၾကမည္ကို စိုးရိမ္ၾကသည္။

အဆိုပါဓာတ္ေငြ႔မ်ား ေလထုအတြင္း မ်ားျပားလာပါက ကမၻာၾကီးပူေႏြးမႈမွာ ပိုမိုအေျခအေနဆိုးသြားႏိုင္သည္။

ရုရွားႏိုင္ငံ၏ ၆၅ ရာခိုင္ႏႈန္းမွာ အျမဲေအးခဲေနေလ့ရွိေသာေနရာမ်ားခ်ည္းသာျဖစ္ျပီး ေႏြလမ်ားတြင္ပင္ ေအးခဲေနေလ့ရွိသည္။

သို႔ေသာ္ ကမၻာၾကီးပူေႏြးလာမႈေၾကာင့္ ကမၻာ့အပူခ်ိန္ျမင့္တက္လာရာ ရုရွားမွ ေရခဲလႊာမ်ားသည္လည္း စတင္အရည္ေပ်ာ္လာလ်က္ရွိေနသည္။ သို႔အတြက္ ႏွစ္ေထာင္ေပါင္းမ်ားစြာ ေရခဲျပင္ေအာက္ ေအးခဲေနခဲ့ေသာ ဗိုင္းရပ္စ္မ်ားႏွင့္ အျခားအရာဝတၳဳမ်ား ေပၚထြက္လာလ်က္ရွိေနၾကသည္။

လြန္ခဲ့ေသာႏွစ္ေပါင္း ၁၄၀၀၀ ခန္႔က တိမ္ေကာေပ်ာက္ကြယ္သြားခဲ့ေသာ အေမြးရွည္ၾကံ႕မ်ား၏ အရိုးစုမ်ားႏွင့္ ႏွစ္ေပါင္း ၄၀၀၀၀ သက္တမ္းရွိ ဝံပုေလြ၏ ဦးေခါင္းတို႔ကို မၾကာေသးမီႏွစ္မ်ားအတြင္း ေရခဲျပင္မ်ား အရည္ေပ်ာ္ မႈေၾကာင့္ ေပၚေပါက္လာမႈတြင္ အေကာင္းအတိုင္းရွိေနဆဲျဖစ္ျပီး အေမႊးအမွ်င္မ်ားပင္ ရွိေနဆဲျဖစ္သည္ဟု ဆိုသည္။

လြန္ခဲ့ေသာႏွစ္ေပါင္း ၁၀၀၀၀ ခန္႔က ေပၚေပါက္ခဲ့ေသာ အေမႊးရွည္ဆင္ၾကီးမ်ား၏ အရိုးစုမ်ားကို ရွာေဖြၾကကာ ဆင္စြယ္မ်ားကို ေရာင္းဝယ္မႈမ်ားပင္ ေပၚေပါက္လာသည္။

သို႔ေသာ္ ယင္းသို႔ရွာေဖြေတြ႔ရွိမႈမ်ဳိးမွတဆင့္ ရတက္မေအးျဖစ္ရမႈတစ္ခုလည္း ေပၚေပါက္လာရာ အဆိုပါ တိရ စၦာန္မ်ားတြင္ ရွိေနခဲ့ေသာ ေရာဂါမ်ားသည္လည္း ေရခဲမ်ားအရည္ေပ်ာ္မႈႏွင့္အတူ ျပန္လည္ေပၚေပါက္ အသက္ဝင္ကာ ေရာဂါသစ္မ်ား ပ်ံ႕ႏွံ႔လာမည္ကို စိုးရိမ္လာၾကသည္။

ပါေမာကၡ Claverie က ျပီးခဲ့ေသာႏွစ္ကတည္းက သတိေပးမႈတစ္ခုျပဳလုပ္ခဲ့သည္မွာ အျမဲေအးခဲေနေသာ ေဒသမ်ားမွ ဘက္တီးရီးယားမ်ား ျပန္လည္အသက္ဝင္လာႏိုင္ေၾကာင္း သတိေပးခဲ့သည္။

ပါေမာကၡ Claverie ကုိယ္တုိင္လည္း အျမဲေအးခဲေနေသာေဒသမွ ျပန္လည္အသက္ဝင္လာေသာ pithovirus အမည္ရွိ ဗုိင္းရပ္စ္တစ္မ်ဳိးကို ရွာေဖြေတြ႔ရွိခဲ့ရာ အဆိုပါဗိုင္းရပ္စ္သည္ အမီးဘားမ်ား (amoebas ) ကို တိုက္ခိုက္သတ္ျဖတ္ႏိုင္စြမ္းရွိသည္ဟု ဆိုသည္။

၎ရွာေဖြေတြ႔ရွိခဲ့ေသာ pithovirus မွာ ႏွစ္ေပါင္း ၃၀၀၀၀ ခန္႔ ေရခဲျပင္ေအာက္တြင္ ရွိေနခဲ့ျခင္းျဖစ္သည္။

ပါေမာကၡ Claverie က ေျပာရာတြင္ အဆိုပါဗိုင္းရပ္စ္မွာ လူသားတို႔အတြက္ အႏၱရာယ္မရွိေသာ္လည္း ႏွစ္ေထာင္ခ်ီ ေအးခဲေနခဲ့ေသာ ဗိုင္းရပ္စ္မ်ား ျပန္လည္အသက္ဝင္ကာ ကူးစက္ႏိုင္စြမ္းရွိသည့္ သက္ေသတစ္ခုျဖစ္ေၾကာင္း ေျပာသည္။

သိပၸံပညာရွင္တို႔အၾကား အာတိတ္ေရခဲျပင္၏ သက္တမ္း၊ ေရခဲျပင္ေအာက္တြင္ အျမဲေအးခဲေနဖြယ္ရွိသည့္ အရာတို႔၏ သက္တမ္းႏွင့္ ပတ္သက္ျပီး သေဘာထားကြဲလြဲမႈမ်ား ရွိသည္။

(အလ်ား ၁ ဒသမ ၉ မိုကၠရိုမီတာရွိေသာ pithovirus ၏ ဓာတ္ပံု)

သို႔ေသာ္ ေရခဲျပင္အရည္ေပ်ာ္မႈေၾကာင့္ ရွာေဖြေတြ႔ရွိလာသည့္အရာမ်ား၏ သက္တမ္းမွာ ေရခဲေခတ္ျဖစ္ေသာ လြန္ခဲ့ေသာႏွစ္ေပါင္း ၁၁၅၀၀၀ မွ ၁၁၇၀၀ အၾကား သက္တမ္းရွိသည္ဟု ဆိုသည္။

ပါေမာကၡ Claverie ႏွင့္အဖြဲ႔က ၎တို႔၏ သုေတသနစာတမ္းတြင္ ေရးသားေဖာ္ျပခဲ့သည္မွာ အျမဲေရခဲေနသည့္ ေရခဲျပင္ေအာက္တြင္ ႏွစ္ေပါင္းေထာင္ေသာင္းခ်ီ မလႈပ္မရွား ေအးခဲေနခဲ့ေသာ ဘက္တီးရီးယားႏွင့္ archaea အႏုဇီဝမ်ား ျပန္လည္ေပၚေပါက္အသက္ဝင္လာျခင္းမွာ လူသားတို႔က်န္းမာေရးအတြက္ ရတက္မေအးဖြယ္ အလားအလာရွိေၾကာင္း ေရးသားေဖာ္ျပထားသည္။

ေရွးေခတ္အမည္မသိဗိုင္းရပ္စ္မ်ား ျပန္လည္အသက္ဝင္လာမႈတြင္ အပင္၊ တိရ စၦာန္ႏွင့္ လူမ်ားကို ေရာဂါဘယျဖစ္ေစပါက ကပ္ေဘးၾကီးမ်ား ေပၚေပါက္လာႏိုင္ေၾကာင္း ၎တို႔က ေျပာသည္။

အာတိတ္ေဒသသည္ ကမၻာ့အျခားေနရာမ်ားႏွင့္ယွဥ္လွ်င္ လူေနထုိင္မႈ က်ဲပါးသည္။

သို႔ေသာ္ ပါေမာကၡ Claverie က ေျပာသည္မွာ ယေန႔အခါတြင္ အာတိတ္ေဒသသို႔ လူမ်ားသြားေရာက္မႈမ်ားျပား လာေၾကာင္း၊ ေရႊႏွင့္ စိန္ကဲ့သို႔ သဘာဝတြင္းထြက္ပစၥည္းမ်ား ရွာေဖြရန္ သြားေရာက္ၾကျခင္းျဖစ္ေၾကာင္း ေျပာသည္။

သဘာဝတြင္းထြက္မ်ားရွာေဖြရန္ ပထမဆံုးလုပ္ေဆာင္ရသည္မွာ အျမဲေရခဲေနသည့္ အေပၚလႊာမ်ားကို တူးေဖာ္ဖယ္ရွားပစ္ရျခင္းျဖစ္ရာ ေရွးေခတ္ဗိုင္းရပ္စ္မ်ား ျပန္လည္ေပၚထြက္လာႏိုင္သည့္ အႏၱရာယ္ရွိေနသည္။

ကမၻာၾကီးပူေႏြးလာမႈေၾကာင့္ အာတိတ္ေဒသမွ ေရခဲေတာင္မ်ား အရည္ေပ်ာ္လာေနျခင္းမွာလည္း ေရာဂါကပ္ဆိုးၾကီးမ်ား ထပ္မံေပၚေပါက္လာမည့္အေၾကာင္းရင္းတစ္ခုျဖစ္လာႏိုင္ေနသည္။

(အာတိတ္ေဒသမွ Lake Hazen ေရကန္ၾကီးကို နာဆာမွ ရိုက္ကူးထားေသာ ဓာတ္ပံု)

 

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Will the next pandemic come from the Arctic? Ancient virus that has lain frozen in Siberian permafrost for 48,500 YEARS is revived (dailymail)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
taunggyi-garden-city
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service