ကွန်ကရစ် ရေကူးကန် ဘယ်လိုတည်ဆောက်မလဲ ?

ကွန်ကရစ် ရေကူးကန် ဘယ်လိုတည်ဆောက်မလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
3 Dec 2022 1:24 pm တွင် တင်ခဲ့သည်
1734 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ရေကူးကန်များ တည်ဆောက်တဲ့ နေရာမှာ ကွန်ကရစ်သည် အသုံးအများဆုံး ဆောက်လုပ်ရေးသုံးပစ္စည်း ဖြစ်ပါတယ်။ ကွန်ကရစ် ရေကူးကန်တွေကို ထည့်သွင်းမယ့်ရေရဲ့ ၀န်အပြည့်ခံနိုင်ဖို့ ဒီဇိုင်းပြုလုပ်ကြရပါတယ်။ မဖြစ်မနေ ထည့်သွင်း စဉ်းစားရမဲ့ loads တွေကတော့ ရေကန်အပြင်ဘက်က မြေသားထုထည်ရဲ့ weight နဲ့ ရေကန်တွင်းထည့်သွင်းမဲ့ ရေရဲ့ weight တို့ ဖြစ်ပါတယ်။

ဒီစာစုကတော့ ကွန်ကရစ် ရေကူးကန် တည်ဆောက်ရတဲ့အခါ ထည့်သွင်းစဉ်းစားရမည့် step-by-step procedure တွေကို ရှင်းပြသွားမှာပါ။ စံသတ်မှတ်ချက်တွေကတော့ နေရာဒေသတွေပေါ် မူတည်ပြီး ကွဲပြားနို်င်သော်လည်း အခြေခံသဘောတရားတွေကတော့ တူညီကြပါတယ်။

ကွန်ကရစ် ရေကူးကန်တည်ဆောက်ခြင်း လုပ်ထုံးလုပ်နည်းများ (Procedure to Construct Concrete Swimming Pool ) ရေကန်ဘေးနံရံ တွေရဲ့ ဒီဇိုင်းတွေကတော့ တည်ဆောက်မဲ့ ဒေသရဲ့ စံနှုန်းတွေပေါ် မူတည်ပါတယ်။ ဒီဇိုင်းအတည် ပြုပြီးတာနဲ့ ဆောက်လုပ်ရေး စတင်ကြပါတယ်။ ဆောက်လုပ်တဲ့ အဆင့်တွေကတော့ .....

Step 1:တည်နေရာနဲ့ ဒီဇိုင်း ရွေးချယ်ခြင်း

ရေကူးကန် ဒီဇိုင်း ကတော့ ဆောက်လုပ်ရေး ပထမအဆင့် ဖြစ်ပါတယ်။ မြေသားအခြေအနေနဲ့ အကျယ်အဝန်းပေါ် မူတည်ပြီး သင့်တော်တဲ့ ဒီဇိုင်းကို ရွေးချယ်နိုင််ပါတယ်။ ဒီဇိုင်းတွေကတော့ အဓိကအားဖြင့် ပုံစံ ၊ အနက် ၊ ဧရိယာ နှင့် စစ်ထုတ်ခြင်း စနစ်တို့ ပါ၀င်ပါတယ်။

 

location ရွေးချယ်တဲ့နေရာမှာလည်း ပုံမှန် ထိန်းသိမ်းမှု လုပ်ငန်းများ ပြုလုပ်ဖို့ အသင့်တော်ဆုံးဖြစ်တဲ့ နေရာကို အဓိကထားရွေးရပါတယ်။ မြေထပ်တူးရခြင်းနှင့် မြေထပ်ဖြည့်ရခြင်း လုပ်ငန်းများအတွက် ကုန်ကျစရိတ် လျော့ချဖို့ မြေနေရာ ပြန့်ပြန့် (flat terrain) ကို ရွေးချယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။ သစ်ပင်တွေနဲ့ ဝေးတဲ့ မြေပြင်တွေက ရေကန်ထဲ အရွက်တွေ ကြွေကျခြင်းမှ ကာကွယ်နိုင်ပါတယ်။ နေကို မျက်နှာမူတဲ့ ရှုထောင့်က အကောင်းဆုံးပါပဲ ။

Step 2: မြေသားတူးခြင်း

တည်နေရာနဲ့ ဒီဇိုင်း အတည်ပြုပြီးတာနဲ့ နောက်ထပ်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ကတော့ ဆောက်လုပ်ရေးအတွက် မြေနေရာ တူးဖော်ဖို့ ဖြစ်ပါတယ်။ တူးဖော်တဲ့ အဆင့်တွေကတော့...

1. သစ်သားတိုင်များဖြင့် ရေကူးကန်ရဲ့ ပတ်ပတ်လည်ကို အမှတ်အသား ပြုလုပ်ပါတယ်။ ကန်ရဲ့ ဧရိယာ သေချာနေရာကျဖို့ ပတ်ပတ်လည်ကို ကြိုးများနဲ့ ဆက်ထားပါတယ်။

2. Backhoe (သို့မဟုတ်) မြေသားဖယ်ရှားတဲ့ စက်ယန္တရားများကို အသုံးပြုပြီး perimeter အတွင်းက မြေသားတွေကို ဖယ်ထုတ်ပါတယ်။ ဧရိယာအနီးအနားမှာ မြောင်းနှင့် ရေလိုင်းမီးလိုင်းများ မရှိစေရပါဘူး။

 

Step 3: ရေကူးကန် အောက်ခြေ ကြမ်းခင်းတည်ဆောက်ခြင်း

ကန်အောက်ခြေ အခင်း တည်ဆောက်ခြင်းက ကန်သက်တမ်းအပေါ် အများကြီး အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပါတယ်။ မြေတူးပြီးနောက်မှာ အောက်ခြေ မျက်နှာပြင်က ပြန့်ပြူး လာပါတယ်။ မြေသားပွတယ်ဆို ရင်တော့ ကျစ်လစ်တဲ့ မြေသားကောင်းနဲ့ ဖြည့်ပြီး သိပ်သည်းအောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Compaction ကိုတော့ သဘာဝမြေသား (သို့) ကျောက်စရစ်သုံးပြီး ပြုလုပ်နိုင်ပါတယ်။ aggregates အရွယ်အစားကို 12 to 40 mm ကြား အသုံးပြုကြပါတယ်။ လုံလောက်တဲ့ ပစ္စည်းတွေ ဖြည့်ပြီးပြီ ဆိုရင် roller နဲ့ compaction ပြုလုပ်ပါတယ်။

ကန်အောက်ခြေမြေသား ကို compaction သေချာပြုလုပ်ပေးပြီးတာနဲ့ အောက်ခြေကို ကွန်ကရစ်စလောင်း ပါတယ်။ ကွန်ကရစ်အလွှာ အထူကတော့ ပုံမှန်အားဖြင့် 5 cm ဖြစ်ပါတယ်။

ကန်ကို ရေလှယ်တဲ့ အခါမှာ ရှောရှော ရူရူ ရေဆင်းသွားစေဖို့ slope လေးထားရှိပေးရပါတယ်။ အများဆုံး gradient of 1 in 40 ကို ကလေးများနဲ့ ရေမကူးတတ်သူများအတွက် သတ်မှတ်ထားပါတယ်။

Step 4: သံယက်လုပ်ခြင်း ( Steel Cage Reinforcement)

အောက်ခြေ အခင်းပြီးစီးတာနဲ့ နောက်အဆင့်ကတော့ ကန်နံရံများအတွက် သံချောင်းထည့်သွင်းခြင်း ဖြစ်ပါတယ်။ သံဆင်ပြီးနောက် အတွင်းနံရံ တွေကို shotcrete မှုတ်ပါတယ်။ နံရံနဲ့ အောက်ခြေ ကြမ်းခင်းကြား Gap မရှိစေပဲ တစ်ဆက်ထဲ တည်ဆောက်ပါတယ်။

Step 5: ရေစုပ်ပန့် နှင့် Filter System များ ထည့်သွင်းခြင်း

filter systemနှင့် pump များကို အတူတကွ ကန်ထဲမှာ နေရာချပါတယ်။ကွန်ကရစ်မလောင်းခင် ရေကန်ထဲကရေများ ပြန်လည်သန့်စင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သည့် ပိုက်လိုင်းများကို အရင်ထားရှိပါတယ်။ filter system နဲ့ pump တွေကို ကန်ထဲကို ရေအသန့်များ ရရှိစေဖို့ ချိတ်ဆက်ပါတယ်။

Step 6: ကွန်ကရစ်လောင်းခြင်း

နံရံတွေနဲ့ ကြမ်းခင်းတွေကို စံသတ်မှတ်ထားတဲ့ ကွန်ကရစ်ကို လောင်းခြင်း၊မှုတ်သွင်းခြင်းများ ပြုလုပ်ပါတယ်။ ကွန်ကရစ်များကို အချောကိုင်ပြီးရင် curing ကို 14 days အတွက် တရက်နှစ်ကြိမ် ပြုလုပ်ပေးရ ပါတယ်။ ယေဘုယျအားဖြင့် ကွန်ကရစ် အောက်ခြေ နဲ့ ဘေးနံရံအထူ တွေက ပိုထူလေ အက်ကြောင်း ပိုခံန်ိုင်လေ ဖြစ်ပါတယ်။ များသောအားဖြင့် ကန်အောက်ခြေ အထူက နံရံအထူထက် ပိုများပါတယ်။

 

ဆောက်လုပ်ရေး နည်းလမ်းများထဲမှ ( formwork and shotcrete),ထဲမှာ ပိုအသုံးများတာက shotcreting ဖြစ်ပါတယ်။

Step 7: ကန်ရေလုံအောင် ပြုလုပ်ခြင်း (Waterproofing the Concrete Pool)

လူကြိုက်များတဲ့ ရေလုံစေတဲ့ နည်းလမ်းတွေကတော့ tiles, glass, ceramic (သို့) epoxy-cement system (သို့) waterproofing membrane တွေသုံးခြင်း ဖြစ်ပါတယ်။ နည်းလမ်းရွေးချယ်မှုကတော့ the water table level နဲ့ မြေအစိုဓာတ် အခြေအနေပေါ် မူတည်ပါတယ်။

 

 

Step 8: ကန်လျှောက်လမ်းတည်ဆောက်ခြင်း (Construction of Coping )

concrete, marble, tile, or stone တွေသုံးပြီး ကန်အစွန်းမှာ လူသွားလမ်းတည်ဆောက်ခြင်းဖြစ်ပါသည်။ coping တည်ဆောက်ပြီး သုံးလေးရက်ကြာမှ ကန်ထဲ ရေဖြည့်ခြင်း ဆောင်ရွက်သင့်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: Nay

 

 

 

[Zawgyi]

ကြန္ကရစ္ ေရကူးကန္ ဘယ္လိုတည္ေဆာက္မလဲ ?

 

ေရကူးကန္မ်ား တည္ေဆာက္တဲ့ ေနရာမွာ ကြန္ကရစ္သည္ အသုံးအမ်ားဆုံး ေဆာက္လုပ္ေရးသုံးပစၥည္း ျဖစ္ပါတယ္။ ကြန္ကရစ္ ေရကူးကန္ေတြကို ထည့္သြင္းမယ့္ေရရဲ႕ ၀န္အျပည့္ခံႏိုင္ဖို႔ ဒီဇိုင္းျပဳလုပ္ၾကရပါတယ္။ မျဖစ္မေန ထည့္သြင္း စဥ္းစားရမဲ့ loads ေတြကေတာ့ ေရကန္အျပင္ဘက္က ေျမသားထုထည္ရဲ႕ weight နဲ႔ ေရကန္တြင္းထည့္သြင္းမဲ့ ေရရဲ႕ weight တို႔ ျဖစ္ပါတယ္။

ဒီစာစုကေတာ့ ကြန္ကရစ္ ေရကူးကန္ တည္ေဆာက္ရတဲ့အခါ ထည့္သြင္းစဥ္းစားရမည့္ step-by-step procedure ေတြကို ႐ွင္းျပသြားမွာပါ။ စံသတ္မွတ္ခ်က္ေတြကေတာ့ ေနရာေဒသေတြေပၚ မူတည္ၿပီး ကြဲျပားႏို္င္ေသာ္လည္း အေျခခံသေဘာတရားေတြကေတာ့ တူညီၾကပါတယ္။

ကြန္ကရစ္ ေရကူးကန္တည္ေဆာက္ျခင္း လုပ္ထုံးလုပ္နည္းမ်ား (Procedure to Construct Concrete Swimming Pool ) ေရကန္ေဘးနံရံ ေတြရဲ႕ ဒီဇိုင္းေတြကေတာ့ တည္ေဆာက္မဲ့ ေဒသရဲ႕ စံႏႈန္းေတြေပၚ မူတည္ပါတယ္။ ဒီဇိုင္းအတည္ ျပဳၿပီးတာနဲ႔ ေဆာက္လုပ္ေရး စတင္ၾကပါတယ္။ ေဆာက္လုပ္တဲ့ အဆင့္ေတြကေတာ့ .....

Step 1:တည္ေနရာနဲ႔ ဒီဇိုင္း ေ႐ြးခ်ယ္ျခင္း

ေရကူးကန္ ဒီဇိုင္း ကေတာ့ ေဆာက္လုပ္ေရး ပထမအဆင့္ ျဖစ္ပါတယ္။ ေျမသားအေျခအေနနဲ႔ အက်ယ္အဝန္းေပၚ မူတည္ၿပီး သင့္ေတာ္တဲ့ ဒီဇိုင္းကို ေ႐ြးခ်ယ္ႏိုင္္ပါတယ္။ ဒီဇိုင္းေတြကေတာ့ အဓိကအားျဖင့္ ပုံစံ ၊ အနက္ ၊ ဧရိယာ ႏွင့္ စစ္ထုတ္ျခင္း စနစ္တို႔ ပါ၀င္ပါတယ္။

location ေ႐ြးခ်ယ္တဲ့ေနရာမွာလည္း ပုံမွန္ ထိန္းသိမ္းမႈ လုပ္ငန္းမ်ား ျပဳလုပ္ဖို႔ အသင့္ေတာ္ဆုံးျဖစ္တဲ့ ေနရာကို အဓိကထားေ႐ြးရပါတယ္။ ေျမထပ္တူးရျခင္းႏွင့္ ေျမထပ္ျဖည့္ရျခင္း လုပ္ငန္းမ်ားအတြက္ ကုန္က်စရိတ္ ေလ်ာ့ခ်ဖို႔ ေျမေနရာ ျပန္႔ျပန္႔ (flat terrain) ကို ေ႐ြးခ်ယ္တာ အေကာင္းဆုံး ျဖစ္ပါတယ္။ သစ္ပင္ေတြနဲ႔ ေဝးတဲ့ ေျမျပင္ေတြက ေရကန္ထဲ အ႐ြက္ေတြ ေႂကြက်ျခင္းမွ ကာကြယ္ႏိုင္ပါတယ္။ ေနကို မ်က္ႏွာမူတဲ့ ႐ႈေထာင့္က အေကာင္းဆုံးပါပဲ ။

Step 2: ေျမသားတူးျခင္း

တည္ေနရာနဲ႔ ဒီဇိုင္း အတည္ျပဳၿပီးတာနဲ႔ ေနာက္ထပ္လုပ္ေဆာင္ရမည့္ လုပ္ငန္းစဥ္ကေတာ့ ေဆာက္လုပ္ေရးအတြက္ ေျမေနရာ တူးေဖာ္ဖို႔ ျဖစ္ပါတယ္။ တူးေဖာ္တဲ့ အဆင့္ေတြကေတာ့...

1. သစ္သားတိုင္မ်ားျဖင့္ ေရကူးကန္ရဲ႕ ပတ္ပတ္လည္ကို အမွတ္အသား ျပဳလုပ္ပါတယ္။ ကန္ရဲ႕ ဧရိယာ ေသခ်ာေနရာက်ဖို႔ ပတ္ပတ္လည္ကို ႀကိဳးမ်ားနဲ႔ ဆက္ထားပါတယ္။

2. Backhoe (သို႔မဟုတ္) ေျမသားဖယ္႐ွားတဲ့ စက္ယႏၲရားမ်ားကို အသုံးျပဳၿပီး perimeter အတြင္းက ေျမသားေတြကို ဖယ္ထုတ္ပါတယ္။ ဧရိယာအနီးအနားမွာ ေျမာင္းႏွင့္ ေရလိုင္းမီးလိုင္းမ်ား မ႐ွိေစရပါဘူး။

Step 3: ေရကူးကန္ ေအာက္ေျခ ၾကမ္းခင္းတည္ေဆာက္ျခင္း

ကန္ေအာက္ေျခ အခင္း တည္ေဆာက္ျခင္းက ကန္သက္တမ္းအေပၚ အမ်ားႀကီး အက်ိဳးသက္ေရာက္မႈ ျဖစ္ေပၚေစပါတယ္။ ေျမတူးၿပီးေနာက္မွာ ေအာက္ေျခ မ်က္ႏွာျပင္က ျပန္႔ျပဴး လာပါတယ္။ ေျမသားပြတယ္ဆို ရင္ေတာ့ က်စ္လစ္တဲ့ ေျမသားေကာင္းနဲ႔ ျဖည့္ၿပီး သိပ္သည္းေအာင္ ျပဳလုပ္ရမွာ ျဖစ္ပါတယ္။

Compaction ကိုေတာ့ သဘာဝေျမသား (သို႔) ေက်ာက္စရစ္သုံးၿပီး ျပဳလုပ္ႏိုင္ပါတယ္။ aggregates အ႐ြယ္အစားကို 12 to 40 mm ၾကား အသုံးျပဳၾကပါတယ္။ လုံေလာက္တဲ့ ပစၥည္းေတြ ျဖည့္ၿပီးၿပီ ဆိုရင္ roller နဲ႔ compaction ျပဳလုပ္ပါတယ္။

ကန္ေအာက္ေျခေျမသား ကို compaction ေသခ်ာျပဳလုပ္ေပးၿပီးတာနဲ႔ ေအာက္ေျခကို ကြန္ကရစ္စေလာင္း ပါတယ္။ ကြန္ကရစ္အလႊာ အထူကေတာ့ ပုံမွန္အားျဖင့္ 5 cm ျဖစ္ပါတယ္။

ကန္ကို ေရလွယ္တဲ့ အခါမွာ ေ႐ွာေ႐ွာ ႐ူ႐ူ ေရဆင္းသြားေစဖို႔ slope ေလးထား႐ွိေပးရပါတယ္။ အမ်ားဆုံး gradient of 1 in 40 ကို ကေလးမ်ားနဲ႔ ေရမကူးတတ္သူမ်ားအတြက္ သတ္မွတ္ထားပါတယ္။

Step 4: သံယက္လုပ္ျခင္း ( Steel Cage Reinforcement)

ေအာက္ေျခ အခင္းၿပီးစီးတာနဲ႔ ေနာက္အဆင့္ကေတာ့ ကန္နံရံမ်ားအတြက္ သံေခ်ာင္းထည့္သြင္းျခင္း ျဖစ္ပါတယ္။ သံဆင္ၿပီးေနာက္ အတြင္းနံရံ ေတြကို shotcrete မႈတ္ပါတယ္။ နံရံနဲ႔ ေအာက္ေျခ ၾကမ္းခင္းၾကား Gap မ႐ွိေစပဲ တစ္ဆက္ထဲ တည္ေဆာက္ပါတယ္။

Step 5: ေရစုပ္ပန္႔ ႏွင့္ Filter System မ်ား ထည့္သြင္းျခင္း

filter systemႏွင့္ pump မ်ားကို အတူတကြ ကန္ထဲမွာ ေနရာခ်ပါတယ္။ကြန္ကရစ္မေလာင္းခင္ ေရကန္ထဲကေရမ်ား ျပန္လည္သန္႔စင္ျခင္း လုပ္ငန္းမ်ား ေဆာင္႐ြက္သည့္ ပိုက္လိုင္းမ်ားကို အရင္ထား႐ွိပါတယ္။ filter system နဲ႔ pump ေတြကို ကန္ထဲကို ေရအသန္႔မ်ား ရ႐ွိေစဖို႔ ခ်ိတ္ဆက္ပါတယ္။

Step 6: ကြန္ကရစ္ေလာင္းျခင္း

နံရံေတြနဲ႔ ၾကမ္းခင္းေတြကို စံသတ္မွတ္ထားတဲ့ ကြန္ကရစ္ကို ေလာင္းျခင္း၊မႈတ္သြင္းျခင္းမ်ား ျပဳလုပ္ပါတယ္။ ကြန္ကရစ္မ်ားကို အေခ်ာကိုင္ၿပီးရင္ curing ကို 14 days အတြက္ တရက္ႏွစ္ႀကိမ္ ျပဳလုပ္ေပးရ ပါတယ္။ ေယဘုယ်အားျဖင့္ ကြန္ကရစ္ ေအာက္ေျခ နဲ႔ ေဘးနံရံအထူ ေတြက ပိုထူေလ အက္ေၾကာင္း ပိုခံန္ိဳင္ေလ ျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ ကန္ေအာက္ေျခ အထူက နံရံအထူထက္ ပိုမ်ားပါတယ္။

ေဆာက္လုပ္ေရး နည္းလမ္းမ်ားထဲမွ ( formwork and shotcrete),ထဲမွာ ပိုအသုံးမ်ားတာက shotcreting ျဖစ္ပါတယ္။

Step 7: ကန္ေရလုံေအာင္ ျပဳလုပ္ျခင္း (Waterproofing the Concrete Pool)

လူႀကိဳက္မ်ားတဲ့ ေရလုံေစတဲ့ နည္းလမ္းေတြကေတာ့ tiles, glass, ceramic (သို႔) epoxy-cement system (သို႔) waterproofing membrane ေတြသုံးျခင္း ျဖစ္ပါတယ္။ နည္းလမ္းေ႐ြးခ်ယ္မႈကေတာ့ the water table level နဲ႔ ေျမအစိုဓာတ္ အေျခအေနေပၚ မူတည္ပါတယ္။

Step 8: ကန္ေလွ်ာက္လမ္းတည္ေဆာက္ျခင္း (Construction of Coping )

concrete, marble, tile, or stone ေတြသုံးၿပီး ကန္အစြန္းမွာ လူသြားလမ္းတည္ေဆာက္ျခင္းျဖစ္ပါသည္။ coping တည္ေဆာက္ၿပီး သုံးေလးရက္ၾကာမွ ကန္ထဲ ေရျဖည့္ျခင္း ေဆာင္႐ြက္သင့္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: Nay

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
kalaw-garden-valley
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service