အင်္ဂလန်အသင်း အခြေစိုက်တည်းခိုလျက်ရှိသည့် ကာတာမှ ကမ်းခြေဟိုတယ်နှင့် လေ့ကျင့်ရေးကစားကွင်း

အင်္ဂလန်အသင်း အခြေစိုက်တည်းခိုလျက်ရှိသည့် ကာတာမှ ကမ်းခြေဟိုတယ်နှင့် လေ့ကျင့်ရေးကစားကွင်း - Property News in Myanmar from iMyanmarHouse.com
2 Dec 2022 11:25 am တွင် တင်ခဲ့သည်
480 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးအတွက် ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ရောက်ရှိနေသော အင်္ဂလန်အသင်းသည် ကမ်းခြေဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်လျက်ရှိသည်။

ခြင်္သေ့ကြီး ၃ ကောင်ဟု တင်စားခေါ်ဝေါ်ကြသော အင်္ဂလန်အသင်း တည်းခိုလျက်ရှိသည်မှာ Souq Al-Wakra ဟိုတယ်တွင်ဖြစ်ပြီး လေ့ကျင့်ရေးဆင်းသည့် ကစားကွင်းမှာ Saoud Bin Abdulrahman အမည်ရှိ ကစားကွင်းတွင် ဖြစ်သည်။

(ကမ္ဘာ့ဖလားကာလအတွင်း အင်္ဂလန်အသင်းနေထိုင်လျက်ရှိသည့် Souq al-Wakra ဟိုတယ်)

(Souq al-Wakra ဟိုတယ်)

(အင်္ဂလန်အသင်းသည် Souq al-Wakra ဟိုတယ်တွင် ဒီဇင်ဘာလကုန်အထိ တည်းခ်ိုနေထိုင်ရန် မျှော်လင့်ထားကြသည်)

အင်္ဂလန်အသင်းပါဝင်သော အုပ်စုတွင် အီရန်၊ အမေရိကန်၊ ဝေလတို့ ပါဝင်ခဲ့သည်။ အင်္ဂလန်မှာ ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ကာတာရှိ အားကစားကွင်း ၁၀ ခုတွင် ကျင်းပလျက်ရှိကာ ယခုဟိုတယ်မှာ အားကစားကွင်း ၈ ခုနှင့် မော်တော်ကားဖြင့်သွားလျှင် အချိန်တိုအတွင်းရောက်ရှိနိုင်သည့် အကောင်းဆုံး နေရာတွင် တည်ရှိသည်။ Souq Al-Wakra ဟိုတယ်မှာ ကြယ်ငါးပွင့်အဆင့်ဟိုတယ်တစ်လုံးဖြစ်ပြီး ဒိုဟာမြို့ပြင် ၁၀ မိုင်ခန့်အကွာတွင်ရှိသော Al-Wakra အမည်ရှိ ငါးဖမ်းရွာကလေးတွင် တည်ရှိသည်။

အင်္ဂလန်အသင်း၏ ကစားသမားများနှင့် အခြားဝန်ထမ်းများအတွက် သီးသန့်ကမ်းခြေတစ်ခုအပြင် ဟိုတယ်အတွင်း စားသောက်ဆိုင်များစွာလည်း ပါဝင်သည်။

ဟိုတယ်တွင် spa တစ်ခုလည်းပါဝင်ရာ အင်္ဂလန်အသင်းအနေဖြင့် လေ့ကျင့်ရေးနှင့် ပွဲစဉ်များကစားပြီးလျှင် အနားယူဖြေလျှော့မှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။

ထို့အပြင် ယောဂလေ့ကျင့်ရန်နေရာများနှင့် အားကစားလေ့ကျင့်ခန်းမများလည်းရှိရာ ကမ္ဘာ့ဖလားကာလ တစ်လျှောက် အင်္ဂလန်အသင်းက အသုံးပြုဖွယ်ရာ ရှိသည်။

ဟိုတယ်တွင် နောက်ဆုံးပေါ်အဆင့်မြင့်အသံစနစ်များတပ်ဆင်ထားသည့် အထူးအစည်းအဝေးခန်းများရှိရာ အင်္ဂလန်နည်းပြကြီး ဂါရက်သ် ဆောက်ဂိတ်အနေဖြင့် အသင်းနှင့်အစည်းအဝေးများ ပြုလုပ်နိုင်မည် ဖြစ်သည်။

အင်္ဂလန်ဘောလုံးကြယ်ပွင့်များ အခြေချတည်းခိုလျက်ရှိသောကြောင့် ဟိုတယ်ကို ကုလားအုတ်ကင်းလှည့် အစောင့်အဖွဲ့များဖြင့် လုံခြုံရေးပေးထားကြောင့် The Sun သတင်းဌာနက ရေးသားဖော်ပြသည်။

အင်္ဂလန်ကစားသမားများအနေဖြင့် မိမိအိမ်တွင်ရှိနေသကဲ့သို့ သက်တောင့်သက်သာရှိစေရန် ဟိုတယ်က နေအိမ်အသွင်စီစဉ်ပေးထားမှုများစွာရှိရာ ၎င်းတို့နေထိုင်မည့်အခန်းများတွင် မိသားစုဓာတ်ပုံများ ထားရှိပေးထား ခြင်းလည်း ပါဝင်သည်။

(ကာတာ၏ ကုလားအုတ်အစောင့်အဖွဲ့)

(အင်္ဂလန်အသင်းကာတာတွင် လေ့ကျင့်ခန်းဆင်းနေပုံ)

(Eric Dier နှင့် Trent Alexander-Arnold တို့ ကာတာရှိ လေ့ကျင့်ရေးကွင်းတွင် အကြောလျှော့နေကြပုံ)

(အင်္ဂလန်ကစားသမားများ ကာတာတွင် အနားယူနေကြပုံ)

ဤဟိုတယ်ကို ရွေးချယ်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုတွင် တည်နေရာကြောင့်လည်း ပါသည်။ ဤဟိုတယ်သည် ကမ္ဘာ့ဖလားကျင်းပသည့် အားကစားကွင်း ၁၀ ခုအနက် ၈ ခုနှင့် နီးကပ်စွာ တည်ရှိသည်။

ကာတာနိုင်ငံ၊ မြို့တော်၏ မြို့ပြင်တွင် တည်ရှိခြင်းကြောင့် ခြင်္သေ့ကြီး ၃ ကောင်အဖွဲ့အနေဖြင့် ကမ္ဘာ့ဖလားကာလအတွင်း လူသူရှုပ်ထွေးလှသောနေရာများမှ အဝေးတွင် အေးချမ်းစွာနားနေနိုင်မည် ဖြစ်သည်။

လေ့ကျင့်ရေးပြုလုပ်မည့် Saoud Bin Abdulrahman အားကစားကွင်းမှာ Al-Wakrah ကလပ်အသင်း၏ အိမ်ကွင်း ဖြစ်သည်။

Saoud Bin Abdulrahman ကစားကွင်းတွင် ဘတ်စ်ကက်ဘောကွင်း၊ ကြီးမားသည့် ရေကူးကန်တစ်ခုနှင့် လေအေးပေးစက်စနစ်များ ရှိသည်။

(Al-Wakrah ကလပ်အသင်း၏ ကစားကွင်းတွင် အင်္ဂလန်ကစားသမားများ လေ့ကျင့်ရေးဆင်းနေပုံ)

(Al-Wakrah အသင်း၏ ကစားကွင်းမှာ ပထမတန်းစားတစ်ခု ဖြစ်သည်) (လေ့ကျင့်ရေးဆင်းနေသော အင်္ဂလန်အသင်း)

အင်္ဂလန်သည် ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်လှမ်းသွားခဲ့ပြီလည်း ဖြစ်သည်။

အင်္ဂလန်သည် ကမ္ဘာ့ဖလားဗိုလ်စွဲရန် ရေပန်းအစားဆုံး တတိယနေရာတွင် ရပ်တည်နေသည်။

(အချက်အလက်များ)

ဟိုတယ်- Souq Al Wakra

အခန်းအရေအတွက်- ၁၀၁

တည်းခိုခ- တစ်ညလျှင် ပေါင် ၃၀၀

Cool features- Spa နှင့် ပင်လယ်ကမ်းခြေရှိ

စားဖွယ်ရာ- အမဲကင်နှင့် အာလူးချောင်းကြော် ၂၅ ပေါင်

သောက်သုံးဖွယ်ရာ- သရက်၊ ရှောက်၊ ရပ်စ်ဘယ်ရီ ပူရီ၊ အုန်းရေ၊ အာကာဝတီသီး- ဈေးနှုန်း ၇ ပေါင်

(နည်းပြ ဂါရက်သ်ဆောက်ဂိတ်က ကမ္ဘာ့ဖလားကာလအတွင်း Souq Al Wakra ဟိုတယ်တွင် အခြေစိုက်ရန် ရွေးချယ်ခဲ့သည်)

(ဤဟိုတယ်သည် ကြယ်ငါးပွင့်အဆင့်အတန်းရှိဟိုတယ်ဖြစ်သော်လည်း အခြားဟိုတယ်များနှင့်ယှဉ်လျှင် တည်းခိုခ ဈေးနည်းသည်)

(ကာတာသို့ ရောက်ရှိလာသော ဆောက်ဂိတ်နှင့် အင်္ဂလန်အသင်းကို ရာပေါင်းများစွာသော ဒေသခံဘောလုံးပရိသတ်တို့က ကြိုဆိုခဲ့ကြသည်)

(Souq Al Wakra ဟိုတယ်သို့ ဝင်ရောက်လာသော အင်္ဂလန်အသင်းကို သူရဲကောင်းများသဖွယ် ကြိုဆိုခဲ့ကြသည်)

(ဟိုတယ်ဝန်ထမ်းများသည် ဧည့်ကြိုဌာနနေရာတွင် တန်းစီစုဝေးနေခဲ့ကြပြီး အင်္ဂလန်အသင်းဟိုတယ်အတွင်းသို့ ဝင်ရောက်လာချိန်တွင် လက်ခုပ်သြဘာပေးကာ ကြိုဆိုခဲ့ကြသည်)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(ကမ္ဘာ့ဖလားအတွက် အင်္ဂလန်အသင်းသားများမှာ စိတ်ဓာတ်တက်ကြွနေခဲ့ကြသည်)

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: England World Cup base: Guards on camels, yoga space and family touches make it home from home (talksport, dailymail)

[Zawgyi]

အဂၤလန္အသင္း အေျခစိုက္တည္းခိုလ်က္ရွိသည့္ ကာတာမွ ကမ္းေျခဟိုတယ္ႏွင့္ ေလ့က်င့္ေရးကစားကြင္း

၂၀၂၂ ကမၻာ့ဖလားေဘာလံုးျပိဳင္ပြဲၾကီးအတြက္ ကာတာႏိုင္ငံ၊ ဒိုဟာျမိဳ႕တြင္ ေရာက္ရွိေနေသာ အဂၤလန္အသင္းသည္ ကမ္းေျခဟိုတယ္တစ္ခုတြင္ တည္းခိုေနထိုင္လ်က္ရွိသည္။

ျခေသၤ့ၾကီး ၃ ေကာင္ဟု တင္စားေခၚေဝၚၾကေသာ အဂၤလန္အသင္း တည္းခိုလ်က္ရွိသည္မွာ Souq Al-Wakra ဟိုတယ္တြင္ျဖစ္ျပီး ေလ့က်င့္ေရးဆင္းသည့္ ကစားကြင္းမွာ Saoud Bin Abdulrahman အမည္ရွိ ကစားကြင္းတြင္ ျဖစ္သည္။

(ကမၻာ့ဖလားကာလအတြင္း အဂၤလန္အသင္းေနထိုင္လ်က္ရွိသည့္ Souq al-Wakra ဟိုတယ္)

(Souq al-Wakra ဟိုတယ္)

(အဂၤလန္အသင္းသည္ Souq al-Wakra ဟိုတယ္တြင္ ဒီဇင္ဘာလကုန္အထိ တည္းခို္ေနထိုင္ရန္ ေမွ်ာ္လင့္ထားၾကသည္)

အဂၤလန္အသင္းပါဝင္ေသာ အုပ္စုတြင္ အီရန္၊ အေမရိကန္၊ ေဝလတို႔ ပါဝင္ခဲ့သည္။ အဂၤလန္မွာ ၁၆ သင္းရံႈးထြက္အဆင့္သို႔ တက္လွမ္းသြားခဲ့ျပီ ျဖစ္သည္။

ကမၻာ့ဖလားျပိဳင္ပြဲၾကီးကို ကာတာရွိ အားကစားကြင္း ၁၀ ခုတြင္ က်င္းပလ်က္ရွိကာ ယခုဟိုတယ္မွာ အားကစားကြင္း ၈ ခုႏွင့္ ေမာ္ေတာ္ကားျဖင့္သြားလွ်င္ အခ်ိန္တိုအတြင္းေရာက္ရွိႏိုင္သည့္ အေကာင္းဆံုး ေနရာတြင္ တည္ရွိသည္။ Souq Al-Wakra ဟိုတယ္မွာ ၾကယ္ငါးပြင့္အဆင့္ဟိုတယ္တစ္လံုးျဖစ္ျပီး ဒိုဟာျမိဳ႕ျပင္ ၁၀ မိုင္ခန္႔အကြာတြင္ရွိေသာ Al-Wakra အမည္ရွိ ငါးဖမ္းရြာကေလးတြင္ တည္ရွိသည္။

အဂၤလန္အသင္း၏ ကစားသမားမ်ားႏွင့္ အျခားဝန္ထမ္းမ်ားအတြက္ သီးသန္႔ကမ္းေျခတစ္ခုအျပင္ ဟိုတယ္အတြင္း စားေသာက္ဆိုင္မ်ားစြာလည္း ပါဝင္သည္။

ဟိုတယ္တြင္ spa တစ္ခုလည္းပါဝင္ရာ အဂၤလန္အသင္းအေနျဖင့္ ေလ့က်င့္ေရးႏွင့္ ပြဲစဥ္မ်ားကစားျပီးလွ်င္ အနားယူေျဖေလွ်ာ့မႈမ်ား ျပဳလုပ္ႏိုင္မည္ ျဖစ္သည္။

ထို႔အျပင္ ေယာဂေလ့က်င့္ရန္ေနရာမ်ားႏွင့္ အားကစားေလ့က်င့္ခန္းမမ်ားလည္းရွိရာ ကမၻာ့ဖလားကာလ တစ္ေလွ်ာက္ အဂၤလန္အသင္းက အသံုးျပဳဖြယ္ရာ ရွိသည္။

ဟိုတယ္တြင္ ေနာက္ဆံုးေပၚအဆင့္ျမင့္အသံစနစ္မ်ားတပ္ဆင္ထားသည့္ အထူးအစည္းအေဝးခန္းမ်ားရွိရာ အဂၤလန္နည္းျပၾကီး ဂါရက္သ္ ေဆာက္ဂိတ္အေနျဖင့္ အသင္းႏွင့္အစည္းအေဝးမ်ား ျပဳလုပ္ႏိုင္မည္ ျဖစ္သည္။

အဂၤလန္ေဘာလံုးၾကယ္ပြင့္မ်ား အေျခခ်တည္းခိုလ်က္ရွိေသာေၾကာင့္ ဟိုတယ္ကို ကုလားအုတ္ကင္းလွည့္ အေစာင့္အဖြဲ႔မ်ားျဖင့္ လံုျခံဳေရးေပးထားေၾကာင့္ The Sun သတင္းဌာနက ေရးသားေဖာ္ျပသည္။

အဂၤလန္ကစားသမားမ်ားအေနျဖင့္ မိမိအိမ္တြင္ရွိေနသကဲ့သို႔ သက္ေတာင့္သက္သာရွိေစရန္ ဟိုတယ္က ေနအိမ္အသြင္စီစဥ္ေပးထားမႈမ်ားစြာရွိရာ ၎တုိ႔ေနထိုင္မည့္အခန္းမ်ားတြင္ မိသားစုဓာတ္ပံုမ်ား ထားရွိေပးထား ျခင္းလည္း ပါဝင္သည္။

(ကာတာ၏ ကုလားအုတ္အေစာင့္အဖြဲ႔)

(အဂၤလန္အသင္းကာတာတြင္ ေလ့က်င့္ခန္းဆင္းေနပံု)

(Eric Dier ႏွင့္ Trent Alexander-Arnold တို႔ ကာတာရွိ ေလ့က်င့္ေရးကြင္းတြင္ အေၾကာေလွ်ာ့ေနၾကပံု)

(အဂၤလန္ကစားသမားမ်ား ကာတာတြင္ အနားယူေနၾကပံု)

ဤဟိုတယ္ကို ေရြးခ်ယ္ရျခင္း၏ အဓိကအေၾကာင္းရင္းတစ္ခုတြင္ တည္ေနရာေၾကာင့္လည္း ပါသည္။ ဤဟိုတယ္သည္ ကမၻာ့ဖလားက်င္းပသည့္ အားကစားကြင္း ၁၀ ခုအနက္ ၈ ခုႏွင့္ နီးကပ္စြာ တည္ရွိသည္။

ကာတာႏိုင္ငံ၊ ျမိဳ႕ေတာ္၏ ျမိဳ႕ျပင္တြင္ တည္ရွိျခင္းေၾကာင့္ ျခေသၤ့ၾကီး ၃ ေကာင္အဖြဲ႔အေနျဖင့္ ကမၻာ့ဖလားကာလအတြင္း လူသူရႈပ္ေထြးလွေသာေနရာမ်ားမွ အေဝးတြင္ ေအးခ်မ္းစြာနားေနႏိုင္မည္ ျဖစ္သည္။

ေလ့က်င့္ေရးျပဳလုပ္မည့္ Saoud Bin Abdulrahman အားကစားကြင္းမွာ Al-Wakrah ကလပ္အသင္း၏ အိမ္ကြင္း ျဖစ္သည္။

Saoud Bin Abdulrahman ကစားကြင္းတြင္ ဘတ္စ္ကက္ေဘာကြင္း၊ ၾကီးမားသည့္ ေရကူးကန္တစ္ခုႏွင့္ ေလေအးေပးစက္စနစ္မ်ား ရွိသည္။

(Al-Wakrah ကလပ္အသင္း၏ ကစားကြင္းတြင္ အဂၤလန္ကစားသမားမ်ား ေလ့က်င့္ေရးဆင္းေနပံု)

(Al-Wakrah အသင္း၏ ကစားကြင္းမွာ ပထမတန္းစားတစ္ခု ျဖစ္သည္) (ေလ့က်င့္ေရးဆင္းေနေသာ အဂၤလန္အသင္း)

အဂၤလန္သည္ ၁၆ သင္းရံႈးထြက္အဆင့္သို႔ တက္လွမ္းသြားခဲ့ျပီလည္း ျဖစ္သည္။

အဂၤလန္သည္ ကမၻာ့ဖလားဗိုလ္စြဲရန္ ေရပန္းအစားဆံုး တတိယေနရာတြင္ ရပ္တည္ေနသည္။

(အခ်က္အလက္မ်ား)

ဟိုတယ္- Souq Al Wakra

အခန္းအေရအတြက္- ၁၀၁

တည္းခိုခ- တစ္ညလွ်င္ ေပါင္ ၃၀၀

Cool features- Spa ႏွင့္ ပင္လယ္ကမ္းေျခရွိ

စားဖြယ္ရာ- အမဲကင္ႏွင့္ အာလူးေခ်ာင္းေၾကာ္ ၂၅ ေပါင္

ေသာက္သံုးဖြယ္ရာ- သရက္၊ ေရွာက္၊ ရပ္စ္ဘယ္ရီ ပူရီ၊ အုန္းေရ၊ အာကာဝတီသီး- ေစ်းႏႈန္း ၇ ေပါင္

(နည္းျပ ဂါရက္သ္ေဆာက္ဂိတ္က ကမၻာ့ဖလားကာလအတြင္း Souq Al Wakra ဟိုတယ္တြင္ အေျခစိုက္ရန္ ေရြးခ်ယ္ခဲ့သည္)

(ဤဟိုတယ္သည္ ၾကယ္ငါးပြင့္အဆင့္အတန္းရွိဟိုတယ္ျဖစ္ေသာ္လည္း အျခားဟိုတယ္မ်ားႏွင့္ယွဥ္လွ်င္ တည္းခိုခ ေစ်းနည္းသည္)

(ကာတာသို႔ ေရာက္ရွိလာေသာ ေဆာက္ဂိတ္ႏွင့္ အဂၤလန္အသင္းကို ရာေပါင္းမ်ားစြာေသာ ေဒသခံေဘာလံုးပရိသတ္တို႔က ၾကိဳဆိုခဲ့ၾကသည္)

(Souq Al Wakra ဟိုတယ္သို႔ ဝင္ေရာက္လာေသာ အဂၤလန္အသင္းကို သူရဲေကာင္းမ်ားသဖြယ္ ၾကိဳဆိုခဲ့ၾကသည္)

(ဟိုတယ္ဝန္ထမ္းမ်ားသည္ ဧည့္ၾကိဳဌာနေနရာတြင္ တန္းစီစုေဝးေနခဲ့ၾကျပီး အဂၤလန္အသင္းဟိုတယ္အတြင္းသို႔ ဝင္ေရာက္လာခ်ိန္တြင္ လက္ခုပ္ၾသဘာေပးကာ ၾကိဳဆိုခဲ့ၾကသည္)

(ကမၻာ့ဖလားအတြက္ အဂၤလန္အသင္းသားမ်ားမွာ စိတ္ဓာတ္တက္ၾကြေနခဲ့ၾကသည္)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: England World Cup base: Guards on camels, yoga space and family touches make it home from home (talksport, dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
taunggyi-garden-city
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service