ဂျပန်အသင်း ကာတာတွင် တည်းခိုနေထိုင်သော Radisson Blu ဟိုတယ်

ဂျပန်အသင်း ကာတာတွင် တည်းခိုနေထိုင်သော Radisson Blu ဟိုတယ် - Property News in Myanmar from iMyanmarHouse.com
30 Nov 2022 12:32 pm တွင် တင်ခဲ့သည်
563 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျပန်အသင်းသည် ဒိုဟာမြို့ရှိ သက်တမ်းအရင့်ဆုံးနှင့် အကောင်းဆုံးဟိုတယ်များတွင် အပါအဝင်ဖြစ်သော ဟိုတယ်တစ်ခုတွင် တည်းခ်ိုနေထိုင်လျက်ရှိသည်။

အားသစ်များမွေးဖွားရန်နှင့် ဖြေလျှော့ရန် နေရာများစွာပါဝင်ပြီး စားသောက်ဆိုင်ပေါင်း ၂၀ ကျော်နှင့် အရက်ဘားများပါဝင်ရာ ဂျပန်အသင်းအပြင် ဘောလုံးပရိသတ်များ အကြိုက်ဆုံးနေရာ ဖြစ်လာဖွယ်ရှိသည်။

(Radisson Blu မှ ဆာမူရိုင်းပြာ)

ဂျပန်သည် ၂၀၂၂ ကမ္ဘာ့ဖလားအတွက် ကာတာသို့ ပထမဆုံးရောက်ရှိလာခဲ့သည့် အသင်းဖြစ်ပြီး နိုဝင်ဘာလ ၈ ရက် မနက်အစောပိုင်းတွင် ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။

ဂျပန်အသင်းသည် ဒိုဟာမြို့ရှိ Radisson Blu ဟိုတယ်တွင် အခြေစိုက်တည်းခိုနေထိုင်လျက်ရှိပြီး ကာတာမှ Al Sadd ကလပ်အသင်း၏ လေ့ကျင့်ရေးကွင်းအမှတ် ၁ တွင် လေ့ကျင့်ရေးဆင်းမှုများ ပြုလုပ်ကြသည်။

ဂျပန်အသင်းသည် နိုဝင်ဘာလ ၂၃ ရက်က ဂျာမနီနှင့် ပထမဆုံး စတင်ရင်ဆိုင်ခဲ့ရာ အံ့အားသင့်ဖွယ် အောင်ပွဲခံခဲ့ကြသည်။

နိုဝင်ဘာ ၂၇ တွင် ကော်စတာရီကာနှင့် ပွဲစဉ်၌မူ ၀-၁ ဖြင့် အရေးနိမ့်ခဲ့သည်။ အုပ်စု E ၏ နောက်ဆုံးပွဲစဉ်အဖြစ် စပိန်နှင့် ဒီဇင်ဘာလ ၁ ရက်တွင် ရင်ဆိုင်ရမည် ဖြစ်သည်။

(ဂျပန်အသင်းတွင် ပါဝင်သူများ)

ဂိုးသမားများ- Eiji Kawashima (Strasbourg), Shuichi Gonda (Shimizu S-Pulse), Daniel Schmidt (Sint-Truiden)

နောက်တန်းခံစစ်- Yuto Nagatomo (FC Tokyo), Maya Yoshida (Schalke), Hiroki Sakai (Urawa Reds), Shogo Taniguchi (Kawasaki Frontale), Miki Yamane (Kawasaki Frontale), Ko Itakura (Borussia Monchengladbach), Yuta Nakayama (Huddersfield), Hiroki Ito (Stuttgart), Takehiro Tomiyasu (Arsenal)

ကွင်းလယ်၊ ရှေ့တန်း- Gaku Shibasaki (Leganes), Wataru Endo (Stuttgart), Junya Ito (Reims), Takuma Asano (Bochum), Takumi Minamino (Monaco), Hidemasa Morita (Sporting Lisbon), Daichi Kamada (Eintracht Frankfurt), Yuki Soma (Nagoya Grampus), Kaoru Mitoma (Brighton), Daizen Maeda (Celtic), Ritsu Doan (Freiburg), Ayase Ueda (Cercle Brugge), Ao Tanaka (Fortuna Dusseldorf), Takefusa Kubo (Real Sociedad)

(Radisson Blu ဟိုတယ်)

Radisson Blu ဟိုတယ်တွင် အစားအသောက်နှင့် အဖျော်ယမကာ ၂၁ နေရာပါဝင်ပြီး ကမ္ဘာ့ဖလားကာလ အတွင်း ၁၉ ခုကို အများပြည်သူအတွက် ဖွင့်လှစ်ပေးထားပြီး ၂ ခုကိုမူ ဂျပန်လက်ရွေးစင်အသင်းအတွက် သီးသန့် ထားရှိသည်။

(Bubbles on Two ဘား)

ငါးဥကို သင်အကြိုက်ဆုံးအဖျော်ယမကာဖြင့် မြည်းစမ်းလိုပါသလား။ Bubbles on Two သည် စတိုင်ကျအဆင့်မြင့်သည့် ဟန်ပန်ရှိကာ လှပသော အတွင်းပိုင်းပြင်ဆင်မှုများ ရှိသည်။

ကြက်သွေးရောင်ခုံတန်းများမှတစ်ခုတွင်ထိုင်ကာ ပွဲလမ်းများတွင် စီးမြောပါဝင်လိုက်ပါ။

နေရာ- ထပ်ခိုးနှင့် ပထမထပ်၊ East Wing

အချိန်- ညနေ ၅ နာရီမှ ည ၁၂ နာရီအထိ

(မန်ဟက်တန် ဘား)

မန်ဟက်တန်အရက်ဘားတွင် ဆန်းပြားမှုနှင့် နယူးယောက်သားတို့၏ စွဲလမ်းဖွယ် အတွေ့အကြုံကို ခံစားကြည့်ပါ။

အထူးအဖျော်ယမကာများကို အရသာခံကာ ဒိုဟာ၏ နာမည်ကြီးနေရာတွင် လိုက်ပါစီးမြောနိုင်ပါသည်။

နေရာအခင်းအကျင်းမှာ သက်တောင့်သက်သာရှိပြီး အခြားသူများနှင့် အနီးကပ်ထိတွေ့ဆက်ဆံနိုင်မည့် ဖွဲ့စည်းပုံမျိုးဖြစ်ရာ အခြားသော ဘောလုံးပရိသတ်များနှင့် ကမ္ဘာ့ဖလားကစားပွဲများအကြောင်း စကားစမြည်ပြောရန် ပြီးပြည့်စုံသည့်နေရာဖြစ်သည်။

တည်နေရာ- Lobby, East Wing

အချိန်- ညနေ ၅ နာရီမှ မနက် ၁ နာရီအထိ

(Orion ဘား)

Orion ကား ဘောလုံးပွဲစဉ်ပြီးဆုံးပြီးနောက်ပိုင်း အောင်ပွဲခံသည့် အခမ်းအနားများ ဆက်လက်ပြုလုပ်လိုသူများ၊ မြူးကြွမှု ရှာဖွေသူများအတွက် နေရာဖြစ်သည်။

မြူးကြွသော ဤဖျော်ဖြေရေးနေရာတွင် ဂီတနှင့် ဖန်တီးမှုကောင်းသော အဖျော်ယမကာတို့ ပေါင်းစပ်မှုတို့ကို ခံစားကာ အောင်ပွဲခံလိုက်ပါ။

နေရာ- ၉ လွှာ ၊ East Wing

အချိန်- ညနေ ၅ နာရီမှ နံနက် ၂ နာရီအထိ

(Shehrazad ဘား)

(ဓာတ်ပုံ credit: Radisson Blu Hotel, Doha)

ဘောလုံးပရိသတ်များအတွက် Shehrazad ဘားမှာ နေအိမ်တွင်ရှိနေရသကဲ့သို့ ခံစားရစေမည် ဖြစ်သည်။

ဘောလုံးပွဲစဉ်များကို ထုတ်လွှင့်ပြသနေသည့် ရုပ်မြင်သံကြားစက်ပေါင်းများစွာ တပ်ဆင်ပေးထားရာ ဤဘားတွင် ကမ္ဘာ့ဖလားအငွေ့အသက်များ လွှမ်းထုံနေသည်။

ကစားပွဲနေ့များအတွက် အရသာရှိသည့် စားသောက်ဖွယ်များ မှာယူကာ ဂိုးဝင်မှုတိုင်းအတွက် အောင်ပွဲခံနိုင်ပါသည်။

နေရာ- ပထမထပ်၊ , West Wing

အချိန်- မနက် ၁၁ နာရီမှ ညသန်းခေါင်ကျော် ၂ နာရီအထိ

(The Cabana Hop Garden ဘား)

Cabana Hop Garden ဘားသည် ရေကူးကန်ဘေးကပ်လျက်တည်ရှိသည့် outdoor ဘားတစ်ခုဖြစ်ကာ ဘောလုံးပွဲများကို ကြီးမားသည့်ဖန်သားပြင်ကြီးတစ်ခုဖြင့် ထုတ်လွှင့်ပြသပေးသည်။

ပွဲစဉ်မရှိသောနေ့များတွင် Live DJ အစီအစဉ်များရှိရာ မည်သည့်နေ့မဆို သက်ဝင်လှုပ်ရှားနေသည့်နေရာတစ်ခု ဖြစ်သည်။

နေရာ-West Wing

အချိန်- နိုဝင်ဘာ ၂၀ မှ ဒီဇင်ဘာ ၂၀ အထိ။ မနက် ၁၁ နာရီမှ ညသန်းခေါင်ကျော် ၂ နာရီ

(စာကြည့်တိုက်)

(ဓာတ်ပုံ=credit: Radisson Blu Hotel, Doha)

ဘောလုံးပွဲစဉ်များအပြီး ဖြေလျှော့ရန်နေရာတစ်ခု ရှာနေပါသလား။ စာကြည့်တိုက်သို့သွားကာ စာကြည့်တိုက်မှ စာအုပ်တစ်အုပ်ယူပြီး အဖော်ပြုနိုင်ပါသည်။

ညိမ့်ညောင်းသည့်ဂီတသံအကြား အရသာရှိသည့် အစားအသောက်များကိုလည်း အရသာခံကြည့်နိုင်သည်။

နေရာ- ၁၁ ထပ်၊ West Wing

အချိန်- ညနေ ၅ နာရီမှ မနက် ၁ နာရီ

(Qube ဖျော်ဖြေရေးနေရာ)

(ဓာတ်ပုံ- credit: Radisson Blu Hotel, Doha)

ဘောလုံးပွဲနေ့ အရှိန်မကျသေးပါကလည်း Qube သို့သွားကာ တီးဝိုင်းများ၏ တီးခတ်ဖျော်မှု၊ ဒီဂျေများ၏ ဂီတများအကြား ကခုန်နိုင်ပါသည်။

ထူးကဲသော အဖျော်ယမကာနှင့် အရသာရှိသော ဟင်းလျာတို့က သင့်အားတစ်ညလုံး ခွန်အားပေးစွမ်းထားနိုင်မည် ဖြစ်သည်။

နေရာ- West Wing

အချိန်- မနက် ၁၁ နာရီမှ ညသန်းခေါင်ကျော် ၂ နာရီအထိ

ဟိုတယ်ဖုန်းနံပါတ်- +974 4428 1555

Email: fbreservations.doha@radissonblu.com

Instagram: @radissonbluhoteldoha

Location: Salwa Road, Intersection of C-Ring Road, Al Muntazah, Doha

Website: www.radissonhotels.com/en-us/hotels/radisson-blu-doha

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Japan’s Samurai Blue at Radisson Blu (bestlifeqatar)

[Zawgyi]

ဂ်ပန္အသင္း ကာတာတြင္ တည္းခိုေနထိုင္ေသာ Radisson Blu ဟိုတယ္

၂၀၂၂ ကာတာ ကမၻာ့ဖလားျပိဳင္ပြဲဝင္ ဂ်ပန္အသင္းသည္ ဒိုဟာျမိဳ႕ရွိ သက္တမ္းအရင့္ဆံုးႏွင့္ အေကာင္းဆံုးဟိုတယ္မ်ားတြင္ အပါအဝင္ျဖစ္ေသာ ဟိုတယ္တစ္ခုတြင္ တည္းခို္ေနထိုင္လ်က္ရွိသည္။

အားသစ္မ်ားေမြးဖြားရန္ႏွင့္ ေျဖေလွ်ာ့ရန္ ေနရာမ်ားစြာပါဝင္ျပီး စားေသာက္ဆိုင္ေပါင္း ၂၀ ေက်ာ္ႏွင့္ အရက္ဘားမ်ားပါဝင္ရာ ဂ်ပန္အသင္းအျပင္ ေဘာလံုးပရိသတ္မ်ား အၾကိဳက္ဆံုးေနရာ ျဖစ္လာဖြယ္ရွိသည္။

(Radisson Blu မွ ဆာမူရိုင္းျပာ)

ဂ်ပန္သည္ ၂၀၂၂ ကမၻာ့ဖလားအတြက္ ကာတာသို႔ ပထမဆံုးေရာက္ရွိလာခဲ့သည့္ အသင္းျဖစ္ျပီး ႏိုဝင္ဘာလ ၈ ရက္ မနက္အေစာပိုင္းတြင္ ေရာက္ရွိခဲ့ၾကျခင္း ျဖစ္သည္။

ဂ်ပန္အသင္းသည္ ဒိုဟာျမိဳ႕ရွိ Radisson Blu ဟိုတယ္တြင္ အေျခစိုက္တည္းခိုေနထိုင္လ်က္ရွိျပီး ကာတာမွ Al Sadd ကလပ္အသင္း၏ ေလ့က်င့္ေရးကြင္းအမွတ္ ၁ တြင္ ေလ့က်င့္ေရးဆင္းမႈမ်ား ျပဳလုပ္ၾကသည္။

ဂ်ပန္အသင္းသည္ ႏိုဝင္ဘာလ ၂၃ ရက္က ဂ်ာမနီႏွင့္ ပထမဆံုး စတင္ရင္ဆိုင္ခဲ့ရာ အံ့အားသင့္ဖြယ္ ေအာင္ပြဲခံခဲ့ၾကသည္။

ႏိုဝင္ဘာ ၂၇ တြင္ ေကာ္စတာရီကာႏွင့္ ပြဲစဥ္၌မူ ၀-၁ ျဖင့္ အေရးနိမ့္ခဲ့သည္။ အုပ္စု E ၏ ေနာက္ဆံုးပြဲစဥ္အျဖစ္ စပိန္ႏွင့္ ဒီဇင္ဘာလ ၁ ရက္တြင္ ရင္ဆိုင္ရမည္ ျဖစ္သည္။

(ဂ်ပန္အသင္းတြင္ ပါဝင္သူမ်ား)

ဂိုးသမားမ်ား- Eiji Kawashima (Strasbourg), Shuichi Gonda (Shimizu S-Pulse), Daniel Schmidt (Sint-Truiden)

ေနာက္တန္းခံစစ္- Yuto Nagatomo (FC Tokyo), Maya Yoshida (Schalke), Hiroki Sakai (Urawa Reds), Shogo Taniguchi (Kawasaki Frontale), Miki Yamane (Kawasaki Frontale), Ko Itakura (Borussia Monchengladbach), Yuta Nakayama (Huddersfield), Hiroki Ito (Stuttgart), Takehiro Tomiyasu (Arsenal)

ကြင္းလယ္၊ ေရွ႕တန္း- Gaku Shibasaki (Leganes), Wataru Endo (Stuttgart), Junya Ito (Reims), Takuma Asano (Bochum), Takumi Minamino (Monaco), Hidemasa Morita (Sporting Lisbon), Daichi Kamada (Eintracht Frankfurt), Yuki Soma (Nagoya Grampus), Kaoru Mitoma (Brighton), Daizen Maeda (Celtic), Ritsu Doan (Freiburg), Ayase Ueda (Cercle Brugge), Ao Tanaka (Fortuna Dusseldorf), Takefusa Kubo (Real Sociedad)

(Radisson Blu ဟိုတယ္)

Radisson Blu ဟိုတယ္တြင္ အစားအေသာက္ႏွင့္ အေဖ်ာ္ယမကာ ၂၁ ေနရာပါဝင္ျပီး ကမၻာ့ဖလားကာလ အတြင္း ၁၉ ခုကို အမ်ားျပည္သူအတြက္ ဖြင့္လွစ္ေပးထားျပီး ၂ ခုကိုမူ ဂ်ပန္လက္ေရြးစင္အသင္းအတြက္ သီးသန္႔ ထားရွိသည္။

(Bubbles on Two ဘား)

ငါးဥကို သင္အၾကိဳက္ဆံုးအေဖ်ာ္ယမကာျဖင့္ ျမည္းစမ္းလိုပါသလား။ Bubbles on Two သည္ စတိုင္က်အဆင့္ျမင့္သည့္ ဟန္ပန္ရွိကာ လွပေသာ အတြင္းပိုင္းျပင္ဆင္မႈမ်ား ရွိသည္။

ၾကက္ေသြးေရာင္ခံုတန္းမ်ားမွတစ္ခုတြင္ထိုင္ကာ ပြဲလမ္းမ်ားတြင္ စီးေျမာပါဝင္လိုက္ပါ။

ေနရာ- ထပ္ခိုးႏွင့္ ပထမထပ္၊ East Wing

အခ်ိန္- ညေန ၅ နာရီမွ ည ၁၂ နာရီအထိ

(မန္ဟက္တန္ ဘား)

မန္ဟက္တန္အရက္ဘားတြင္ ဆန္းျပားမႈႏွင့္ နယူးေယာက္သားတို႔၏ စြဲလမ္းဖြယ္ အေတြ႔အၾကံဳကို ခံစားၾကည့္ပါ။

အထူးအေဖ်ာ္ယမကာမ်ားကို အရသာခံကာ ဒိုဟာ၏ နာမည္ၾကီးေနရာတြင္ လိုက္ပါစီးေျမာႏိုင္ပါသည္။

ေနရာအခင္းအက်င္းမွာ သက္ေတာင့္သက္သာရွိျပီး အျခားသူမ်ားႏွင့္ အနီးကပ္ထိေတြ႔ဆက္ဆံႏိုင္မည့္ ဖြဲ႔စည္းပံုမ်ဳိးျဖစ္ရာ အျခားေသာ ေဘာလံုးပရိသတ္မ်ားႏွင့္ ကမၻာ့ဖလားကစားပြဲမ်ားအေၾကာင္း စကားစျမည္ေျပာရန္ ျပီးျပည့္စံုသည့္ေနရာျဖစ္သည္။

တည္ေနရာ- Lobby, East Wing

အခ်ိန္- ညေန ၅ နာရီမွ မနက္ ၁ နာရီအထိ

(Orion ဘား)

Orion ကား ေဘာလံုးပြဲစဥ္ျပီးဆံုးျပီးေနာက္ပိုင္း ေအာင္ပြဲခံသည့္ အခမ္းအနားမ်ား ဆက္လက္ျပဳလုပ္လိုသူမ်ား၊ ျမဴးၾကြမႈ ရွာေဖြသူမ်ားအတြက္ ေနရာျဖစ္သည္။

ျမဴးၾကြေသာ ဤေဖ်ာ္ေျဖေရးေနရာတြင္ ဂီတႏွင့္ ဖန္တီးမႈေကာင္းေသာ အေဖ်ာ္ယမကာတို႔ ေပါင္းစပ္မႈတို႔ကို ခံစားကာ ေအာင္ပြဲခံလိုက္ပါ။

ေနရာ- ၉ လႊာ ၊ East Wing

အခ်ိန္- ညေန ၅ နာရီမွ နံနက္ ၂ နာရီအထိ

(Shehrazad ဘား)

(ဓာတ္ပံု credit: Radisson Blu Hotel, Doha)

ေဘာလံုးပရိသတ္မ်ားအတြက္ Shehrazad ဘားမွာ ေနအိမ္တြင္ရွိေနရသကဲ့သို႔ ခံစားရေစမည္ ျဖစ္သည္။

ေဘာလံုးပြဲစဥ္မ်ားကို ထုတ္လႊင့္ျပသေနသည့္ ရုပ္ျမင္သံၾကားစက္ေပါင္းမ်ားစြာ တပ္ဆင္ေပးထားရာ ဤဘားတြင္ ကမၻာ့ဖလားအေငြ႔အသက္မ်ား လႊမ္းထံုေနသည္။

ကစားပြဲေန႔မ်ားအတြက္ အရသာရွိသည့္ စားေသာက္ဖြယ္မ်ား မွာယူကာ ဂိုးဝင္မႈတိုင္းအတြက္ ေအာင္ပြဲခံႏိုင္ပါသည္။

ေနရာ- ပထမထပ္၊ , West Wing

အခ်ိန္- မနက္ ၁၁ နာရီမွ ညသန္းေခါင္ေက်ာ္ ၂ နာရီအထိ

(The Cabana Hop Garden ဘား)

Cabana Hop Garden ဘားသည္ ေရကူးကန္ေဘးကပ္လ်က္တည္ရွိသည့္ outdoor ဘားတစ္ခုျဖစ္ကာ ေဘာလံုးပြဲမ်ားကို ၾကီးမားသည့္ဖန္သားျပင္ၾကီးတစ္ခုျဖင့္ ထုတ္လႊင့္ျပသေပးသည္။

ပြဲစဥ္မရွိေသာေန႔မ်ားတြင္ Live DJ အစီအစဥ္မ်ားရွိရာ မည္သည့္ေန႔မဆို သက္ဝင္လႈပ္ရွားေနသည့္ေနရာတစ္ခု ျဖစ္သည္။

ေနရာ-West Wing

အခ်ိန္- ႏိုဝင္ဘာ ၂၀ မွ ဒီဇင္ဘာ ၂၀ အထိ။ မနက္ ၁၁ နာရီမွ ညသန္းေခါင္ေက်ာ္ ၂ နာရီ

(စာၾကည့္တိုက္)

(ဓာတ္ပံု=credit: Radisson Blu Hotel, Doha)

ေဘာလံုးပြဲစဥ္မ်ားအျပီး ေျဖေလွ်ာ့ရန္ေနရာတစ္ခု ရွာေနပါသလား။ စာၾကည့္တိုက္သို႔သြားကာ စာၾကည့္တုိက္မွ စာအုပ္တစ္အုပ္ယူျပီး အေဖာ္ျပဳႏိုင္ပါသည္။

ညိမ့္ေညာင္းသည့္ဂီတသံအၾကား အရသာရွိသည့္ အစားအေသာက္မ်ားကိုလည္း အရသာခံၾကည့္ႏိုင္သည္။

ေနရာ- ၁၁ ထပ္၊ West Wing

အခ်ိန္- ညေန ၅ နာရီမွ မနက္ ၁ နာရီ

(Qube ေဖ်ာ္ေျဖေရးေနရာ)

(ဓာတ္ပံု- credit: Radisson Blu Hotel, Doha)

ေဘာလံုးပြဲေန႔ အရွိန္မက်ေသးပါကလည္း Qube သို႔သြားကာ တီးဝိုင္းမ်ား၏ တီးခတ္ေဖ်ာ္မႈ၊ ဒီေဂ်မ်ား၏ ဂီတမ်ားအၾကား ကခုန္ႏိုင္ပါသည္။

ထူးကဲေသာ အေဖ်ာ္ယမကာႏွင့္ အရသာရွိေသာ ဟင္းလ်ာတို႔က သင့္အားတစ္ညလံုး ခြန္အားေပးစြမ္းထားႏိုင္မည္ ျဖစ္သည္။

ေနရာ- West Wing

အခ်ိန္- မနက္ ၁၁ နာရီမွ ညသန္းေခါင္ေက်ာ္ ၂ နာရီအထိ

ဟိုတယ္ဖုန္းနံပါတ္- +974 4428 1555

Email: fbreservations.doha@radissonblu.com

Instagram: @radissonbluhoteldoha

Location: Salwa Road, Intersection of C-Ring Road, Al Muntazah, Doha

Website: www.radissonhotels.com/en-us/hotels/radisson-blu-doha

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Japan’s Samurai Blue at Radisson Blu (bestlifeqatar)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
pan-swal-taw
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service