သွေးပေါင်ချိန်တက်ခြင်းအား ဆေးဝါးမပါဘဲ ထိန်းချုပ်ရန် နည်းလမ်း ၁၀ ခု - အပိုင်း (၂)

သွေးပေါင်ချိန်တက်ခြင်းအား ဆေးဝါးမပါဘဲ ထိန်းချုပ်ရန် နည်းလမ်း ၁၀ ခု - အပိုင်း (၂) - Property Knowledge in Myanmar from iMyanmarHouse.com
30 Nov 2022 9:39 am တွင် တင်ခဲ့သည်
5037 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အကယ်၍ သင့်သွေးပေါင်ချိန်က တက်နေတယ်ဆိုရင် ၎င်းသွေးပေါင်ချိန်ကိန်းဂဏန်းတွေကျဆင်းဖို့အတွက် ဆေးဝါးအကူအညီလိုအပ်ခြင်းရှိမရှိကို သိချင်ပါလိမ့်မယ်။ တကယ်တော့ သွေးဖိအားမြင့်မားခြင်း (သို့) သွေးပေါင်ချိန်တက်ခြင်းကို ကုသရာမှာ ဘဝနေထိုင်မှုဟန်ပန်ပုံစံက အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ သွေးဖိအားကို ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံဖြင့် ထိန်းချုပ်ခြင်းက ဆေးဝါးအကူအညီလိုအပ်မှုကို နည်းစေနိုင်ပါတယ်။

အောက်ဖော်ပြပါဘဝနေထိုင်မှုပုံစံပြောင်းလဲမှုတွေ လုပ်ဆောင်ခြင်းဖြင့် သင်ဟာ သွေးဖိအားမြင့်မားခြင်းကို နိမ့်ကျစေနိုင်ပြီး နှလုံးရောဂါအန္တရာယ်ကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။

၆။ ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်ခြင်းက သွေးဖိအားကို တိုးစေပါတယ်။ ဆေးလိပ်ဖြတ်ခြင်းက သွေးဖိအားကို ကူညီလျော့ကျစေပါတယ်။ နှလုံးရောဂါအန္တရာယ်ကိုလည်း လျှော့ချနိုင်ကာ အလုံးစုံသောကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပြီး အသက်ကိုပင်ရှည်စေနိုင်ပါတယ်။

၇။ ညဘက်အိပ်ရေးဝဝအိပ်ခြင်း

အိပ်ရေးမဝခြင်း (သီတင်းပတ်အတန်ကြာ ညဘက်အိပ်ချိန် ခြောက်နာရီအောက် လျော့နည်းခြင်း) က သွေးတိုးရောဂါကိုပင် ရစေနိုင်ပါတယ်။ အကြောင်းအရာပေါင်းများစွာကြောင့်အိပ်ရေးပျက်နိုင်ပါတယ်။

အိပ်ချိန်ကို သတ်မှတ်ထားပြီး အချိန်မှန်မှန်အိပ်ရာဝင်နိုင်ဖို့ ကြိုးစားပါ၊ အိပ်စက်တဲ့နေရာကို သန့်သန့်ရှင်းရှင်း ရာသီဥတုနဲ့လျော်ညီစေကာ အလင်းမများစေပါနဲ့၊ အစားအသောက်များကို ဆင်ဆင်ခြင်ခြင်စားသောက်ပါ၊ နေ့ခင်းဘက် ခဏတာမှေးစက်အနားယူချိန်ကို မိနစ် ၃၀ အဖြစ် ကန့်သတ်ပါ။ စသဖြင့် ဘဝနေထိုင်မှုပုံစံကိုလည်း ပြောင်းလဲတဲ့တိုင်၊ အခြားသော ကျန်းမာရေးပြဿနာလည်း မရှိသည့်အခြေအနေ တစ်နည်းဆိုရသော် အိပ်ရေးပျက်ရန် အကြောင်းအရင်းမည်မည်ရရမရှိတဲ့ အခြေအနေတွေမှာ သက်ဆိုင်ရာကျန်းမာရေးပညာရှင်နဲ့ ဆွေးတွေးတိုင်ပင်ကုသမှုခံယူပါ။

၈။ စိတ်ဖိစီးမှု လျှော့ချခြင်း

ရေရှည် (နာတာရှည်) ဖြစ်နေတဲ့ စိတ်ဖိစီးမှုဟာ သွေးဖိအားကို မြင့်မားစေနိုင်ပါတယ်။ အလုပ်၊ မိသားစု၊ ငွေရေးကြေးရေး၊ ကျန်းမာရေး စသဖြင့် ဘယ်အရာတွေက ကိုယ့်ကို စိတ်ဖိစီးစေတာလဲဆိုတာကို သိအောင်လုပ်ပြီး စိတ်ဖိစီးမှုကို လျှော့ချဖို့ နည်းလမ်းရှာပါ။

အခုပြောပြမယ့်နည်းလမ်းတွေကိုလည်း စမ်းကြည့်နိုင်ပါတယ်။ - အလွန်အကျွံ/သိပ်ကိုအများကြီး လုပ်ဆောင်ဖို့ ကြိုးပမ်းခြင်းမှ ရှောင်ကြဉ်ပါ။ - ကိုင်တွယ်ဖြေရှင်ဖို့ရာ သင့်အနေနဲ့ အစီအစဉ်ဆွဲထိန်းချုပ်နိုင်တဲ့ ကိစ္စရပ်တွေအပေါ်သာ အာရုံစိုက်ပါ။ - စိတ်ဖိစီးမှုကို အစပျိုးပေးတဲ့အရာတွေအား ရှောင်ရှားပါ (ဥပမာ - ယာဉ်ကြောပိတ်ချိန်က စိတ်ဖိစီးစေတယ်ဆိုရင် အခြားအချိန်မှာ ပြောင်းသွားပါ။ စိတ်ဖိစီးမှုဖြစ်စေသူတွေကို ဖြစ်နိုင်ရင် ရှောင်ပါ)။ - စိတ်အပန်းဖြေအနားယူဖို့ အချိန်ယူပါ။ ကျေးဇူးသိကြောင်း ဖော်ပြပါ (သူတစ်ပါးရဲ့ ကျေးဇူးကို သိကြောင်း ထုတ်ဖော်ပြခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေဖို့ အထောက်အကူဖြစ်ပါတယ်)

၉။ အိမ်မှာ သွေးပေါင်ချိန်ကို စောင့်ကြည့်တိုင်းတာကာ ပုံမှန်စစ်ဆေးကုသမှုများ ခံယူပါ

အိမ်မှာ စောင့်ကြည့်ခြင်းက သွေးပေါင်ချိန်ကို မျက်ခြည်မပြတ်စောင့်ကြည့်နိုင်စေဖို့ ကူညီပေးပါတယ်။ သင့်ရဲ့ ဆေးဝါးနဲ့ ဘဝနေထိုင်မှုပုံစံအပြောင်းအလဲတွေက အလုပ်ဖြစ်စေတာ သေချာအောင်လည်း လုပ်ဆောင်နိုင်ပါတယ်။

နေအိမ်သုံးသွေးပေါင်ချိန်တိုင်းစက်တွေကို ဆရာဝန်ရဲ့ညွှန်ကြားစာမလိုဘဲ ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ပါတယ်။ ဒီလိုမျိုး နေအိမ်မှာစောင့်ကြည့်မှုကို မစတင်မီမှာ ဆရာဝန်ဖြစ်ဖြစ် သင့်အား ကျန်းမာ‌ရေးစောင့်ရှောက်မှုပေးသူကို ပြောပြပါ။ ၎င်းစောင့်ကြည့်မှုကို လုပ်ရမယ့်အနေအထားကို သူက မှာကြားပါလိမ့်မယ်။

၁၀။ အကူအညီရယူပါ

အထောက်အကူပေးကြတဲ့ မိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေဟာ ကျန်းမာရေးကောင်းမွန်ဖို့အတွက် အရေးပါလှပါတယ်။ သူတို့တွေဟာ သင့်ကိုယ်သင် ဂရုစိုက်ဖို့၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့၊ သွေးပေါင်ချိန်မတက်စေရေး ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်တစ်ခု လုပ်ဆောင်ဖို့ သင့်ကို အားပေးအားမြှောက်ပြုကြပါလိမ့်မယ်။

အကယ်၍ သင်က သူတို့တွေရဲ့ အားပေးကူညီမှုတွေနဲ့တင် မလုံလောက်ဘူးဆိုရင် အကူအညီပေးရေးအဖွဲ့တစ်ဖွဲ့ဖွဲ့နဲ့ လက်တွဲဖို့ရာ စဉ်းစားပါ။ အဲဒီလိုအဖွဲ့အစည်းတွေနဲ့ လက်တွဲပါဝင်လိုက်ခြင်းအားဖြင့် သင့်ဟာ သင့်ကို သင့်အခြေအနေဖြေရှင်းရေးလက်တွေ့နည်းလမ်းတွေ ပြသပေးနိုင်၊ စိတ်ဓာတ်ရေးရာမြှင့်တင်ပေးနိုင်သူတွေနဲ့ အမြဲမပြတ်ထိတွေ့နေရနိုင်ပါတယ်။

သွေးပေါင်ချိန်တက်ခြင်း/သွေးဖိအားမြင့်မားခြင်းကို ဆေးဝါးအကူအညီမလိုဘဲကုသတဲ့ နည်းလမ်း ၁၀ ခုရဲ့ အပိုင်း (၂) ကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ သွေးပေါင်ချိန်တက်ခြင်းအား ဆေးဝါးမပါဘဲ ထိန်းချုပ်ရန် နည်းလမ်း ၁၀ ခု - အပိုင်း (၁) ကိုတော့ ဤလင့်ခ် https://www.imyanmarhouse.com/news/read/1044277  မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါကြောင်း iMyanmarHouse.com ရဲ့ စာဖတ်ပရိသတ်တွေအတွက် သတင်းကောင်းပါးလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 10 ways to control high blood pressure without medication (mayoclinic.com)

 

 

[Zawgyi]

ေသြးေပါင္ခ်ိန္တက္ျခင္းအား ေဆးဝါးမပါဘဲ ထိန္းခ်ဳပ္ရန္ နည္းလမ္း ၁၀ ခု - အပိုင္း (၂)

 

အကယ္၍ သင့္ေသြးေပါင္ခ်ိန္က တက္ေနတယ္ဆိုရင္ ၎ေသြးေပါင္ခ်ိန္ကိန္းဂဏန္းေတြက်ဆင္းဖို႔အတြက္ ေဆးဝါးအကူအညီလိုအပ္ျခင္း႐ွိမ႐ွိကို သိခ်င္ပါလိမ့္မယ္။ တကယ္ေတာ့ ေသြးဖိအားျမင့္မားျခင္း (သို႔) ေသြးေပါင္ခ်ိန္တက္ျခင္းကို ကုသရာမွာ ဘဝေနထိုင္မႈဟန္ပန္ပုံစံက အဓိကအခန္းက႑ကေန ပါဝင္ပါတယ္။ ေသြးဖိအားကို က်န္းမာတဲ့ဘဝေနထိုင္မႈပုံစံျဖင့္ ထိန္းခ်ဳပ္ျခင္းက ေဆးဝါးအကူအညီလိုအပ္မႈကို နည္းေစႏိုင္ပါတယ္။

ေအာက္ေဖာ္ျပပါဘဝေနထိုင္မႈပုံစံေျပာင္းလဲမႈေတြ လုပ္ေဆာင္ျခင္းျဖင့္ သင္ဟာ ေသြးဖိအားျမင့္မားျခင္းကို နိမ့္က်ေစႏိုင္ၿပီး ႏွလုံးေရာဂါအႏၲရာယ္ကိုလည္း ေလွ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။

၆။ ေဆးလိပ္ျဖတ္ျခင္း

ေဆးလိပ္ေသာက္ျခင္းက ေသြးဖိအားကို တိုးေစပါတယ္။ ေဆးလိပ္ျဖတ္ျခင္းက ေသြးဖိအားကို ကူညီေလ်ာ့က်ေစပါတယ္။ ႏွလုံးေရာဂါအႏၲရာယ္ကိုလည္း ေလွ်ာ့ခ်ႏိုင္ကာ အလုံးစုံေသာက်န္းမာေရးကို တိုးတက္ေကာင္းမြန္ေစၿပီး အသက္ကိုပင္႐ွည္ေစႏိုင္ပါတယ္။

၇။ ညဘက္အိပ္ေရးဝဝအိပ္ျခင္း

အိပ္ေရးမဝျခင္း (သီတင္းပတ္အတန္ၾကာ ညဘက္အိပ္ခ်ိန္ ေျခာက္နာရီေအာက္ ေလ်ာ့နည္းျခင္း) က ေသြးတိုးေရာဂါကိုပင္ ရေစႏိုင္ပါတယ္။ အေၾကာင္းအရာေပါင္းမ်ားစြာေၾကာင့္အိပ္ေရးပ်က္ႏိုင္ပါတယ္။

အိပ္ခ်ိန္ကို သတ္မွတ္ထားၿပီး အခ်ိန္မွန္မွန္အိပ္ရာဝင္ႏိုင္ဖို႔ ႀကိဳးစားပါ၊ အိပ္စက္တဲ့ေနရာကို သန္႔သန္႔႐ွင္း႐ွင္း ရာသီဥတုနဲ႔ေလ်ာ္ညီေစကာ အလင္းမမ်ားေစပါနဲ႔၊ အစားအေသာက္မ်ားကို ဆင္ဆင္ျခင္ျခင္စားေသာက္ပါ၊ ေန႔ခင္းဘက္ ခဏတာေမွးစက္အနားယူခ်ိန္ကို မိနစ္ ၃၀ အျဖစ္ ကန္႔သတ္ပါ။ စသျဖင့္ ဘဝေနထိုင္မႈပုံစံကိုလည္း ေျပာင္းလဲတဲ့တိုင္၊ အျခားေသာ က်န္းမာေရးျပႆနာလည္း မ႐ွိသည့္အေျခအေန တစ္နည္းဆိုရေသာ္ အိပ္ေရးပ်က္ရန္ အေၾကာင္းအရင္းမည္မည္ရရမ႐ွိတဲ့ အေျခအေနေတြမွာ သက္ဆိုင္ရာက်န္းမာေရးပညာ႐ွင္နဲ႔ ေဆြးေတြးတိုင္ပင္ကုသမႈခံယူပါ။

၈။ စိတ္ဖိစီးမႈ ေလွ်ာ့ခ်ျခင္း

ေရ႐ွည္ (နာတာ႐ွည္) ျဖစ္ေနတဲ့ စိတ္ဖိစီးမႈဟာ ေသြးဖိအားကို ျမင့္မားေစႏိုင္ပါတယ္။ အလုပ္၊ မိသားစု၊ ေငြေရးေၾကးေရး၊ က်န္းမာေရး စသျဖင့္ ဘယ္အရာေတြက ကိုယ့္ကို စိတ္ဖိစီးေစတာလဲဆိုတာကို သိေအာင္လုပ္ၿပီး စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ဖို႔ နည္းလမ္း႐ွာပါ။

အခုေျပာျပမယ့္နည္းလမ္းေတြကိုလည္း စမ္းၾကည့္ႏိုင္ပါတယ္။ - အလြန္အကြၽံ/သိပ္ကိုအမ်ားႀကီး လုပ္ေဆာင္ဖို႔ ႀကိဳးပမ္းျခင္းမွ ေ႐ွာင္ၾကဥ္ပါ။ - ကိုင္တြယ္ေျဖ႐ွင္ဖို႔ရာ သင့္အေနနဲ႔ အစီအစဥ္ဆြဲထိန္းခ်ဳပ္ႏိုင္တဲ့ ကိစၥရပ္ေတြအေပၚသာ အာ႐ုံစိုက္ပါ။ - စိတ္ဖိစီးမႈကို အစပ်ိဳးေပးတဲ့အရာေတြအား ေ႐ွာင္႐ွားပါ (ဥပမာ - ယာဥ္ေၾကာပိတ္ခ်ိန္က စိတ္ဖိစီးေစတယ္ဆိုရင္ အျခားအခ်ိန္မွာ ေျပာင္းသြားပါ။ စိတ္ဖိစီးမႈျဖစ္ေစသူေတြကို ျဖစ္ႏိုင္ရင္ ေ႐ွာင္ပါ)။ - စိတ္အပန္းေျဖအနားယူဖို႔ အခ်ိန္ယူပါ။ ေက်းဇူးသိေၾကာင္း ေဖာ္ျပပါ (သူတစ္ပါးရဲ႕ ေက်းဇူးကို သိေၾကာင္း ထုတ္ေဖာ္ျပျခင္းက စိတ္ဖိစီးမႈကို ေလ်ာ့က်ေစဖို႔ အေထာက္အကူျဖစ္ပါတယ္)

၉။ အိမ္မွာ ေသြးေပါင္ခ်ိန္ကို ေစာင့္ၾကည့္တိုင္းတာကာ ပုံမွန္စစ္ေဆးကုသမႈမ်ား ခံယူပါ

အိမ္မွာ ေစာင့္ၾကည့္ျခင္းက ေသြးေပါင္ခ်ိန္ကို မ်က္ျခည္မျပတ္ေစာင့္ၾကည့္ႏိုင္ေစဖို႔ ကူညီေပးပါတယ္။ သင့္ရဲ႕ ေဆးဝါးနဲ႔ ဘဝေနထိုင္မႈပုံစံအေျပာင္းအလဲေတြက အလုပ္ျဖစ္ေစတာ ေသခ်ာေအာင္လည္း လုပ္ေဆာင္ႏိုင္ပါတယ္။

ေနအိမ္သုံးေသြးေပါင္ခ်ိန္တိုင္းစက္ေတြကို ဆရာဝန္ရဲ႕ၫႊန္ၾကားစာမလိုဘဲ က်ယ္က်ယ္ျပန္႔ျပန္႔ရ႐ွိႏိုင္ပါတယ္။ ဒီလိုမ်ိဳး ေနအိမ္မွာေစာင့္ၾကည့္မႈကို မစတင္မီမွာ ဆရာဝန္ျဖစ္ျဖစ္ သင့္အား က်န္းမာ‌ေရးေစာင့္ေ႐ွာက္မႈေပးသူကို ေျပာျပပါ။ ၎ေစာင့္ၾကည့္မႈကို လုပ္ရမယ့္အေနအထားကို သူက မွာၾကားပါလိမ့္မယ္။

၁၀။ အကူအညီရယူပါ

အေထာက္အကူေပးၾကတဲ့ မိသားစုနဲ႔ သူငယ္ခ်င္းမိတ္ေဆြေတြဟာ က်န္းမာေရးေကာင္းမြန္ဖို႔အတြက္ အေရးပါလွပါတယ္။ သူတို႔ေတြဟာ သင့္ကိုယ္သင္ ဂ႐ုစိုက္ဖို႔၊ က်န္းမာေရးေစာင့္ေ႐ွာက္မႈခံယူဖို႔၊ ေသြးေပါင္ခ်ိန္မတက္ေစေရး ကိုယ္လက္လႈပ္႐ွားမႈအစီအစဥ္တစ္ခု လုပ္ေဆာင္ဖို႔ သင့္ကို အားေပးအားေျမႇာက္ျပဳၾကပါလိမ့္မယ္။

အကယ္၍ သင္က သူတို႔ေတြရဲ႕ အားေပးကူညီမႈေတြနဲ႔တင္ မလုံေလာက္ဘူးဆိုရင္ အကူအညီေပးေရးအဖြဲ႕တစ္ဖြဲ႕ဖြဲ႕နဲ႔ လက္တြဲဖို႔ရာ စဥ္းစားပါ။ အဲဒီလိုအဖြဲ႕အစည္းေတြနဲ႔ လက္တြဲပါဝင္လိုက္ျခင္းအားျဖင့္ သင့္ဟာ သင့္ကို သင့္အေျခအေနေျဖ႐ွင္းေရးလက္ေတြ႕နည္းလမ္းေတြ ျပသေပးႏိုင္၊ စိတ္ဓာတ္ေရးရာျမႇင့္တင္ေပးႏိုင္သူေတြနဲ႔ အၿမဲမျပတ္ထိေတြ႕ေနရႏိုင္ပါတယ္။

ေသြးေပါင္ခ်ိန္တက္ျခင္း/ေသြးဖိအားျမင့္မားျခင္းကို ေဆးဝါးအကူအညီမလိုဘဲကုသတဲ့ နည္းလမ္း ၁၀ ခုရဲ႕ အပိုင္း (၂) ကို ေဖာ္ျပေပးခဲ့တာျဖစ္ပါတယ္။ ေသြးေပါင္ခ်ိန္တက္ျခင္းအား ေဆးဝါးမပါဘဲ ထိန္းခ်ဳပ္ရန္ နည္းလမ္း ၁၀ ခု - အပိုင္း (၁) ကိုေတာ့ ဤလင့္ခ္ https://www.imyanmarhouse.com/news/read/1044277 မွာ ဝင္ေရာက္ဖတ္႐ႈႏိုင္ပါေၾကာင္း iMyanmarHouse.com ရဲ႕ စာဖတ္ပရိသတ္ေတြအတြက္ သတင္းေကာင္းပါးလိုက္ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 10 ways to control high blood pressure without medication (mayoclinic.com)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
area-one-business-complex
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service