ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆောက်အအုံ

ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆောက်အအုံ - Property News in Myanmar from iMyanmarHouse.com
29 Nov 2022 10:48 am တွင် တင်ခဲ့သည်
943 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အာဂျင်တီးနား လက်ရွေးစင်အသင်းသည် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲကြီးတွင် ဗိုလ်စွဲရန် ရေပန်းစားသည့်အသင်းများအနက် နံပါတ် ၁ နေရာတွင် ရပ်တည်လျက်ရှိသည်။

နည်းပြ စကာလိုနီက ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ကာတာ၏ အထင်ရှားဆုံး တက္ကသိုလ်ဝန်းထဲတွင် အာဂျင်းတီးနားအသင်း အခြေစိုက်နေထိုင်ရန် ရွေးချယ်ခဲ့သည်။

သို့အတွက် မက်ဆီနှင့် အသင်းဖော်များ နေထိုင်ရမည့် တက္ကသိုလ်ဝန်းအကြောင်း လေ့လာကြပါစို့။

 

 

ကမ္ဘာ့ဖလားတွင် ချန်ပီယံဆုနှင့် ၃၆ နှစ်ကြာမိုးခေါင်နေမှုကို အဆုံးသတ်ရန်အတွက် မက်ဆီနှင့် အာဂျင်းတီးနားအသင်းအနေဖြင့် ၂၀၂၀ ကာတာတွင် အပြည့်အဝနီးပါး ခြေစွမ်းပြနိုင်ရန် လိုအပ်နေသည်။

ထို့အတွက်ပင် ကမ္ဘာ့ဖလားကာလအတွင်း စာသင်ခန်းများထံ ပြန်သွားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ၉၂ နှစ်တာ သမိုင်းတစ်လျှောက် ဗိုလ်လုပွဲသို့ အများဆူံးရောက်ခဲ့သည့်အသင်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် အာဂျင်တီးနားသည် ချန်ပီယံဆုကို ၂ ကြိမ်ရရှိထားသည်။

ဗိုလ်လုပွဲသို့ ရောက်ရှိခဲ့သည့်ခုနှစ်များကား ၁၉၃၀၊ ၁၉၇၈၊ ၁၉၈၆ ၊ ၁၉၉၀ နှင့် ၂၀၁၄ ပြိုင်ပွဲများ ဖြစ်သည်။

အဆိုပါနောက်ခံအကြောင်းတရားများကြောင့် အာဂျင်တီးနားအနေဖြင့် ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားတွင် အောင်ပွဲကို ရည်မှန်းရန်အတွက် မက်ဆီနှင့်အဖွဲ့အား ဖြစ်နိုင်သမျှ အကောင်းဆုံးအခြေအနေများ ထောက်ပံ့ပေးနိုင်ရန် လိုအပ်နေသည်။

ထိုသို့ပံ့ပိုးမှုများတွင် တမူထူးသော အခြေစိုက်နေရာအဖြစ် ကာတာတက္ကသိုလ်ကို ရွေးချယ်ခဲ့ခြင်းလည်း ပါဝင်သည်။

အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က လီယိုနယ်မက်ဆီဦးဆောင်သောအသင်း ကာတာတွင် အခြေစိုက် နေထိုင်ရန်အတွက် ကြယ်ငါးပွင့်အဆင့် ဟိုတယ်များကို မရွေးချယ်ဘဲ ကာတာတက္ကသိုလ်ကို ရွေးချယ်ခဲ့ခြင်းမှာ ထူးဆန်းနေသည်ကား အမှန်ပင်။

သို့သော် ကာတာတက္ကသိုလ်တွင် နေထိုင်ရန် ရွေးချယ်လိုက်ခြင်း၌ အားသာချက်များရှိနေသည်။ တက္ကသိုလ်ဝန်းထဲတွင် နေရေးထိုင်ရေးအပြင် လေ့ကျင့်ရေးအတွက် ဘောလုံးကွင်းများသို့ သွားရန်မလိုဘဲ ကျောင်းဝန်းအတွင်းတွင်ပင် ဘောလုံးကွင်းရှိနေရာ နေထိုင်ရေး၊ လေ့ကျင့်ရေး ၂ ခုလုံးအတွက် အဆင်ပြေသည့် ရှားရှားပါးပါးနေရာလည်း ဖြစ်သည်။

 

 

(အာဂျင်တီးနားအသင်း အခြေစိုက်သည့် ကာတာတက္ကသိုလ်။ ဓာတ်ပုံ-Qatar University)

 

၁၉၇၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ကာတာတက္ကသိုလ်သည် ကာတာ၏ အကြီးမားဆုံးနှင့် အရေးအပါဆုံး တက္ကသိုလ်ကြီး ဖြစ်သည်။

အစိုးရတက္ကသိုလ်ဖြစ်သောကြောင့် အခြေခံအဆောက်အအုံများ ညံ့ဖျင်းမည်ဟု တွေးထင်နိုင်သော်လည်း အခြားမည်သည့်ပုဂ္ဂလိက တက္ကသိုလ်များနှင့်ယှဉ်သည်ဖြစ်စေ မနိမ့်ကျချေ။

တက္ကသိုလ်ဝန်းမှာ အလွန်ကျယ်ဝန်းလှပြီး ၈ ဒသမ ၁ စတုရန်းကီလိုမီတာရှိသည်။ မဟာဌာနကြီး ၁၀ ခုရှိကာ ဘွဲ့အမျိုးအစား ၄၈ မျိုးပေးအပ်လျက်ရှိပြီး ကျောင်းသားဦးရေ ၂၃၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း တက္ကသိုလ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တက္ကသိုလ်တည်နေရာမှာ ဒိုဟာမြို့၏ အနောက်မြောက်ဘက်တွင် ဖြစ်သည်။

 

 

(ကာတာတက္ကသိုလ်နှင့် အားကစားကွင်းများအကွာအဝေး)

-ကာတာတက္ကသိုလ်မှ Lusail အားကစားကွင်း (အာဂျင်တီးနားနှင့် ဆော်ဒီအာရေးဘီးယား၊ အာဂျင်တီးနားနှင့် မက္ကဆီကို ပွဲစဉ်များ ကစားမည့်ကွင်း) ၁၃ ကီလိုမီတာ -ကာတာတက္ကသိုလ်မှ 974 အားကစားကွင်း အကွာအဝေး( ပိုလန်နှင့် အာဂျင်တီးနား ကစားမည့်ကွင်း)- ၂၀ ကီလိုမီတာ

 

(တက္ကသိုလ်ဝန်းအတွင်း အာဂျင်တီးနားအသင်း အသုံးပြုနိုင်မည့် Jacuzzi များအနက် တစ်ခု။ ဓာတ်ပုံ-Twitter: AFA @afa)

တက္ကသိုလ်ဝန်းအတွင်း မက်ဆီနှင့်အသင်းဖော်များ အသုံးပြုနိုင်မည့် Facility များ များစွာပါဝင်ရာ ပြန်လည်ထူထောင်ရေးနှင့် အနှိပ်ခန်းများ ၊ ရေကိုအသုံးပြု၍ နှိပ်နယ်သည့် ကုထုံးခန်းမတစ်ခု ၊ ဝတ်ပြုခန်း ၊ ညစာစားခန်း ၊ အားကစားလေ့ကျင့်ရေးခန်းမ ၊ ဗီဒီယိုခန်းမများ ၊ ဆေးကုသရေးနေရာ ၊ အုပ်ချုပ်ရေးရုံးနေရာများ ၊ ပြိုင်ပွဲသုံးအရွယ်အစား ရေကူးကန် ၂ ခုပါဝင်သော ရေကစားရန် နေရာ ၊ Jacuzzi များပါဝင်သော အဝတ်လဲခန်းများ ၊ ကြီးမားသော ကုတင်များ ရုပ်မြင်သံကြားစက်များ ပါဝင်သော ကစားသမား အိပ်ခန်းများ ပါဝင်သည်။

ကမ္ဘာ့ဖလားကာလအတွင်း ကာတာတက္ကသိုလ်တွင် အခြေချနေထိုင်မည်မှာ အာဂျင်တီးနား တစ်သင်းတည်းကား မဟုတ်။

 

နည်းပြ လူးဝစ် အင်းနရစ်၏ စပိန်အသင်းလည်း ကာတာတက္ကသိုလ်တွင် အခြေစိုက် နေထိုင်လျှက်ရှိသည်။

သို့သော် တက္ကသိုလ်ဝန်းမှာ အလွန်ကျယ်ပြောလှရာ တည်းခိုရာနေရာ မတူညီသည့် အပြင် လေ့ကျင့်ရာနေရာလည်း မျှဝေသုံးစွဲကြရခြင်းမရှိသောကြောင့် အဆိုပါ ၂ သင်း ဆုံစည်းကြရန်မရှိ။

 

(ကာတာတက္ကသိုလ်၏ အားကစားလေ့ကျင့်ရေး ခန်းမ။ ဓာတ်ပုံ- AFA's president Twitter: @tapiachiqui)

အာဂျင်တီးနားအသင်း၏ လေ့ကျင့်ရေးနေရာ

နည်းပြ လီယိုနယ် စကာလိုနီ၏ အာဂျင်တီးနားအသင်းသည် အခြားအသင်းများကဲ့သို့ ဟိုတယ်မှ လေ့ကျင့်ရေးကွင်းသို့ သွားရာခြင်းကြောင့် ခရီးပန်းရသည့် ပြဿနာရင်ဆိုင် ရမည်မဟုတ်ချေ။ တည်းခိုရာ နေရာနှင့် ကစားကွင်းမှာ မီတာ ၁၀၀ ပင်မကွာဝေး။ ထို့ကြောင့် လမ်းဖြတ်ကူးရုံသဘောမျှသာဖြစ်သည်။

ထို့ကြောင့်လည်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ကာတာတက္ကသိုလ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အာဂျင်တီးနားအသင်း အသုံးပြုမည့် လေ့ကျင့်ရေးကွင်းများတွင် အားကောင်းသော ဆလိုက်မီးများ တပ်ဆင်ထားရာ နည်းပြ စကာလိုနီအနေဖြင့် ကာတာ၏ အပူဒဏ်ကို ရှောင်ရှားရန် ညဘက်တွင် လေ့ကျင့်နိုင်မည်ဖြစ်သည်။

အာဂျင်တီးနားအသင်းအနေဖြင့် ကာတာတက္ကသိုလ် အားကစားကွင်းကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါကွင်းသည် ပရိသတ် ၁၀၀၀၀ ဆန့်သော ကွင်းဖြစ်သည်။

အာဂျင်တီးနား၏ လေ့ကျင့်ရေးကွင်းတွင် ပြိုင်ပွဲဝင်အားကစားကွင်းများ၌ ခင်းကျင်းထားသည့် မြက်များအတိုင်း ခင်းထားသည်ဖြစ်ရာ ပြိုင်ပွဲသို့ရောက်ပါက အလေ့အကျင့်ရပြီးဖြစ်သည့် အားသာချက်ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Qatar 2022: Lionel Messi and Argentina to be based in university facilities during the World Cup (bolavip)

 

 

 

[Zawgyi]

 

ကမၻာ့ဖလားတြင္ ဗိုလ္စြဲရန္ နံပါတ္ ၁ ေနရာမွ ေရပန္းစားေနေသာ မက္ဆီ၏ အာဂ်င္တီးနားအသင္း တည္းခို ေနထုိင္သည့္ ကာတာတကၠသိုလ္အေဆာက္အအံု

 

အာဂ်င္တီးနား လက္ေရြးစင္အသင္းသည္ ၂၀၂၂ ခုႏွစ္ ကမၻာ့ဖလားေဘာလံုးပြဲၾကီးတြင္ ဗိုလ္စြဲရန္ ေရပန္းစားသည့္အသင္းမ်ားအနက္ နံပါတ္ ၁ ေနရာတြင္ ရပ္တည္လ်က္ရွိသည္။

နည္းျပ စကာလိုနီက ဖီဖာကမၻာ့ဖလားျပိဳင္ပြဲကာလအတြင္း ကာတာ၏ အထင္ရွားဆံုး တကၠသိုလ္ဝန္းထဲတြင္ အာဂ်င္းတီးနားအသင္း အေျခစိုက္ေနထိုင္ရန္ ေရြးခ်ယ္ခဲ့သည္။

သို႔အတြက္ မက္ဆီႏွင့္ အသင္းေဖာ္မ်ား ေနထိုင္ရမည့္ တကၠသိုလ္ဝန္းအေၾကာင္း ေလ့လာၾကပါစို႔။

ကမၻာ့ဖလားတြင္ ခ်န္ပီယံဆုႏွင့္ ၃၆ ႏွစ္ၾကာမိုးေခါင္ေနမႈကို အဆံုးသတ္ရန္အတြက္ မက္ဆီႏွင့္ အာဂ်င္းတီးနားအသင္းအေနျဖင့္ ၂၀၂၀ ကာတာတြင္ အျပည့္အဝနီးပါး ေျခစြမ္းျပႏိုင္ရန္ လိုအပ္ေနသည္။

ထို႔အတြက္ပင္ ကမၻာ့ဖလားကာလအတြင္း စာသင္ခန္းမ်ားထံ ျပန္သြားရန္ ေရြးခ်ယ္ခဲ့ျခင္း ျဖစ္ႏိုင္သည္။

ကမၻာ့ဖလားျပိဳင္ပြဲ ၉၂ ႏွစ္တာ သမိုင္းတစ္ေလွ်ာက္ ဗိုလ္လုပြဲသုိ႔ အမ်ားဆံုူးေရာက္ခဲ့သည့္အသင္းမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္သည့္ အာဂ်င္တီးနားသည္ ခ်န္ပီယံဆုကို ၂ ၾကိမ္ရရွိထားသည္။

ဗိုလ္လုပြဲသို႔ ေရာက္ရွိခဲ့သည့္ခုႏွစ္မ်ားကား ၁၉၃၀၊ ၁၉၇၈၊ ၁၉၈၆ ၊ ၁၉၉၀ ႏွင့္ ၂၀၁၄ ျပိဳင္ပြဲမ်ား ျဖစ္သည္။

အဆိုပါေနာက္ခံအေၾကာင္းတရားမ်ားေၾကာင့္ အာဂ်င္တီးနားအေနျဖင့္ ၂၀၂၂ ခုႏွစ္ ကာတာကမၻာ့ဖလားတြင္ ေအာင္ပြဲကို ရည္မွန္းရန္အတြက္ မက္ဆီႏွင့္အဖြဲ႔အား ျဖစ္ႏိုင္သမွ် အေကာင္းဆံုးအေျခအေနမ်ား ေထာက္ပံ့ေပးႏိုင္ရန္ လိုအပ္ေနသည္။

ထိုသို႔ပံ့ပိုးမႈမ်ားတြင္ တမူထူးေသာ အေျခစိုက္ေနရာအျဖစ္ ကာတာတကၠသိုလ္ကို ေရြးခ်ယ္ခဲ့ျခင္းလည္း ပါဝင္သည္။

အာဂ်င္တီးနား ေဘာလံုးအဖြဲ႔ခ်ဳပ္က လီယိုနယ္မက္ဆီဦးေဆာင္ေသာအသင္း ကာတာတြင္ အေျခစိုက္ ေနထိုင္ရန္အတြက္ ၾကယ္ငါးပြင့္အဆင့္ ဟိုတယ္မ်ားကို မေရြးခ်ယ္ဘဲ ကာတာတကၠသိုလ္ကို ေရြးခ်ယ္ခဲ့ျခင္းမွာ ထူးဆန္းေနသည္ကား အမွန္ပင္။

သို႔ေသာ္ ကာတာတကၠသိုလ္တြင္ ေနထုိင္ရန္ ေရြးခ်ယ္လိုက္ျခင္း၌ အားသာခ်က္မ်ားရွိေနသည္။ တကၠသိုလ္ဝန္းထဲတြင္ ေနေရးထိုင္ေရးအျပင္ ေလ့က်င့္ေရးအတြက္ ေဘာလံုးကြင္းမ်ားသို႔ သြားရန္မလိုဘဲ ေက်ာင္းဝန္းအတြင္းတြင္ပင္ ေဘာလံုးကြင္းရွိေနရာ ေနထိုင္ေရး၊ ေလ့က်င့္ေရး ၂ ခုလံုးအတြက္ အဆင္ေျပသည့္ ရွားရွားပါးပါးေနရာလည္း ျဖစ္သည္။

(အာဂ်င္တီးနားအသင္း အေျခစိုက္သည့္ ကာတာတကၠသိုလ္။ ဓာတ္ပံု-Qatar University)

၁၉၇၁ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့သည့္ ကာတာတကၠသိုလ္သည္ ကာတာ၏ အၾကီးမားဆံုးႏွင့္ အေရးအပါဆံုး တကၠသိုလ္ၾကီး ျဖစ္သည္။

အစိုးရတကၠသိုလ္ျဖစ္ေသာေၾကာင့္ အေျခခံအေဆာက္အအံုမ်ား ညံ့ဖ်င္းမည္ဟု ေတြးထင္ႏိုင္ေသာ္လည္း အျခားမည္သည့္ပုဂၢလိက တကၠသိုလ္မ်ားႏွင့္ယွဥ္သည္ျဖစ္ေစ မနိမ့္က်ေခ်။

တကၠသိုလ္ဝန္းမွာ အလြန္က်ယ္ဝန္းလွျပီး ၈ ဒသမ ၁ စတုရန္းကီလိုမီတာရွိသည္။ မဟာဌာနၾကီး ၁၀ ခုရွိကာ ဘြဲ႔အမ်ဳိးအစား ၄၈ မ်ဳိးေပးအပ္လ်က္ရွိျပီး ေက်ာင္းသားဦးေရ ၂၃၀၀၀ ဝန္းက်င္ခန္႔ရွိေၾကာင္း တကၠသိုလ္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

တကၠသိုလ္တည္ေနရာမွာ ဒိုဟာျမိဳ႕၏ အေနာက္ေျမာက္ဘက္တြင္ ျဖစ္သည္။

(ကာတာတကၠသိုလ္ႏွင့္ အားကစားကြင္းမ်ားအကြာအေဝး)

-ကာတာတကၠသိုလ္မွ Lusail အားကစားကြင္း (အာဂ်င္တီးနားႏွင့္ ေဆာ္ဒီအာေရးဘီးယား၊ အာဂ်င္တီးနားႏွင့္ မကၠဆီကို ပြဲစဥ္မ်ား ကစားမည့္ကြင္း) ၁၃ ကီလိုမီတာ -ကာတာတကၠသိုလ္မွ 974 အားကစားကြင္း အကြာအေဝး( ပိုလန္ႏွင့္ အာဂ်င္တီးနား ကစားမည့္ကြင္း)- ၂၀ ကီလိုမီတာ

(တကၠသိုလ္ဝန္းအတြင္း အာဂ်င္တီးနားအသင္း အသံုးျပဳႏိုင္မည့္ Jacuzzi မ်ားအနက္ တစ္ခု။ ဓာတ္ပံု-Twitter: AFA @afa)

တကၠသိုလ္ဝန္းအတြင္း မက္ဆီႏွင့္အသင္းေဖာ္မ်ား အသံုးျပဳႏိုင္မည့္ Facility မ်ား မ်ားစြာပါဝင္ရာ ျပန္လည္ထူေထာင္ေရးႏွင့္ အႏွိပ္ခန္းမ်ား ၊ ေရကိုအသံုးျပဳ၍ ႏွိပ္နယ္သည့္ ကုထံုးခန္းမတစ္ခု ၊ ဝတ္ျပဳခန္း ၊ ညစာစားခန္း ၊ အားကစားေလ့က်င့္ေရးခန္းမ ၊ ဗီဒီယိုခန္းမမ်ား ၊ ေဆးကုသေရးေနရာ ၊ အုပ္ခ်ဳပ္ေရးရံုးေနရာမ်ား ၊ ျပဳိင္ပြဲသံုးအရြယ္အစား ေရကူးကန္ ၂ ခုပါဝင္ေသာ ေရကစားရန္ ေနရာ ၊ Jacuzzi မ်ားပါဝင္ေသာ အဝတ္လဲခန္းမ်ား ၊ ၾကီးမားေသာ ကုတင္မ်ား ရုပ္ျမင္သံၾကားစက္မ်ား ပါဝင္ေသာ ကစားသမား အိပ္ခန္းမ်ား ပါဝင္သည္။

ကမၻာ့ဖလားကာလအတြင္း ကာတာတကၠသိုလ္တြင္ အေျခခ်ေနထုိင္မည္မွာ အာဂ်င္တီးနား တစ္သင္းတည္းကား မဟုတ္။

နည္းျပ လူးဝစ္ အင္းနရစ္၏ စပိန္အသင္းလည္း ကာတာတကၠသိုလ္တြင္ အေျခစိုက္ ေနထိုင္လွ်က္ရွိသည္။

သို႔ေသာ္ တကၠသိုလ္ဝန္းမွာ အလြန္က်ယ္ေျပာလွရာ တည္းခိုရာေနရာ မတူညီသည့္ အျပင္ ေလ့က်င့္ရာေနရာလည္း မွ်ေဝသံုးစြဲၾကရျခင္းမရွိေသာေၾကာင့္ အဆိုပါ ၂ သင္း ဆံုစည္းၾကရန္မရွိ။

(ကာတာတကၠသိုလ္၏ အားကစားေလ့က်င့္ေရး ခန္းမ။ ဓာတ္ပံု- AFA's president Twitter: @tapiachiqui)

အာဂ်င္တီးနားအသင္း၏ ေလ့က်င့္ေရးေနရာ

နည္းျပ လီယိုနယ္ စကာလုိနီ၏ အာဂ်င္တီးနားအသင္းသည္ အျခားအသင္းမ်ားကဲ့သုိ႔ ဟိုတယ္မွ ေလ့က်င့္ေရးကြင္းသို႔ သြားရာျခင္းေၾကာင့္ ခရီးပန္းရသည့္ ျပႆနာရင္ဆုိင္ ရမည္မဟုတ္ေခ်။ တည္းခုိရာ ေနရာႏွင့္ ကစားကြင္းမွာ မီတာ ၁၀၀ ပင္မကြာေဝး။ ထို႔ေၾကာင့္ လမ္းျဖတ္ကူးရံုသေဘာမွ်သာျဖစ္သည္။

ထို႔ေၾကာင့္လည္း အာဂ်င္တီးနားေဘာလံုးအဖြဲ႔ခ်ဳပ္က ကာတာတကၠသိုလ္ကို ေရြးခ်ယ္ခဲ့ျခင္းျဖစ္သည္။

အာဂ်င္တီးနားအသင္း အသံုးျပဳမည့္ ေလ့က်င့္ေရးကြင္းမ်ားတြင္ အားေကာင္းေသာ ဆလုိက္မီးမ်ား တပ္ဆင္ထားရာ နည္းျပ စကာလုိနီအေနျဖင့္ ကာတာ၏ အပူဒဏ္ကို ေရွာင္ရွားရန္ ညဘက္တြင္ ေလ့က်င့္ႏိုင္မည္ျဖစ္သည္။

အာဂ်င္တီးနားအသင္းအေနျဖင့္ ကာတာတကၠသိုလ္ အားကစားကြင္းကိုလည္း အသံုးျပဳႏုိင္မည္ျဖစ္သည္။

အဆိုပါကြင္းသည္ ပရိသတ္ ၁၀၀၀၀ ဆန္႔ေသာ ကြင္းျဖစ္သည္။

အာဂ်င္တီးနား၏ ေလ့က်င့္ေရးကြင္းတြင္ ျပဳိင္ပြဲဝင္အားကစားကြင္းမ်ား၌ ခင္းက်င္းထားသည့္ ျမက္မ်ားအတိုင္း ခင္းထားသည္ျဖစ္ရာ ျပဳိင္ပြဲသို႔ေရာက္ပါက အေလ့အက်င့္ရျပီးျဖစ္သည့္ အားသာခ်က္ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Qatar 2022: Lionel Messi and Argentina to be based in university facilities during the World Cup (bolavip)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
area-one-business-complex
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service