အိမ်ရှင်အိမ်ငှား သူ့ဘက်ကိုယ့်ဘက် ထည့်စဉ်းစား

အိမ်ရှင်အိမ်ငှား သူ့ဘက်ကိုယ့်ဘက် ထည့်စဉ်းစား - Property Knowledge in Myanmar from iMyanmarHouse.com
28 Nov 2022 12:46 pm တွင် တင်ခဲ့သည်
645 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

နေထိုင်မှုအတွက် လူတွေလိုက်နာရမယ့် လောကကျင့်ဝတ်ဆိုတာ ရှိတယ်။အပြန်အလှန်ဆိုတာ တွေးတတ်ရင် စာနာခြင်းဆိုတာလည်း သိကြရမှာပါ။

အိမ်ရှင်နဲ့အိမ်ငှား အချင်းများစရာတွေ၊သံသယဖြစ်စရာတွေ နဲပါးပါမှ နေထိုင်မှုခက်ခဲနေကြတဲ့ အခုလိုကာလမှာ အဆင်ပြေပြေနေနိုင်ကြမှာပေါ့။

အိမ်ရှင်ဆိုတာ ပိုက်ဆံလေးတွေစုဆောင်းမိတော့ အိမ်ခြံမြေမှာ အရင်းအနှီးပြုတတ်ကြတယ်။ဒီလိုစုဆောင်းမှုနဲ့ ဝယ်ထားတဲ့အိမ်ရာ တိုက်ခန်းလေးတွေကို လူမနေသေးလို့ ပိတ်ထားတယ်ဆိုတာ မရှိပါဘူး။လိုချင်တဲ့ဈေးရရင် ပြန်ရောင်းတယ်။လိုချင်တဲ့ဈေးမရသေးရင် ငှားစားတယ်။ငှားစားရင်းနဲ့ အချိန်ကြာတော့ အရင်းကြေ အမြတ်ရ တာပေါ့။

ငွေရှိသူက ဝင်ငွေရပေါက်အတွက် မြို့ကြီးတွေမှာ တိုက်ခန်း၊ကွန်ဒို၊လုံးချင်းအိမ်ရာတွေကို ဝယ်ယူရင်းနှီးမြှုပ်နှံ ကြမှာပါပဲ။အရောင်းအဝယ်လုပ်မယ်၊အငှားချထားမယ်ကြမှာပဲလေ။ဒါကလည်း စီးပွားရေး လုပ်ငန်းတစ်ခုပဲ မို့လား။

နိုင်ငံခြားသားတွေအများဆုံး ငှားရမ်းနေထိုင်တဲ့ မြို့နယ်တွေမှာ အိမ်ရာပိုင်ဆိုင်တဲ့သူတွေအနေနဲ့ သူတို့ပိုင်ဆိုင် ရာ အဆောက်အအုံတွေကို သေချာပြုပြင်မွမ်းမံပြီး ငှားစားကြပါတယ်။ အဲဒီလုံးချင်းအိမ်၊ကွန်ဒို တိုက်ခန်း တွေရဲ့ တစ်လတစ်လငှားခဟာ မနဲမနောပါဘဲ။ဒါတွေကသီးခြား လူတန်းစားတစ်ရပ်အတွက်ပဲလို့ ပြောရမှာပါ။

အဓိကပြောလိုတာက လူလတ်တန်းစားတွေနဲ့ အောက်ခြေလူတန်းစားတွေအတွက်ပဲပြောချင်တာပါ။ နေမယ့်သူကလည်း နေလို့သင့်ပြီး ငှားခသက်သာတဲ့နေရာတွေမှာ နေလိုကြတာပေါ့။တစ်တိုက်ဆင်း၊ တစ်တိုက်တက် ရှာကြရပါတယ်။

အခန်းခက ကိုယ်တတ်နိုင်တဲ့ပမာဏ ဖြစ်ပေမယ့် တိုက်ခန်းအတော်များများမှာ ရေချိုးခန်းတံခါးတွေဟာ အတော်ကို ပျက်စီးနေတတ်ပြီး တံခါးရွက်တွေဟာ မလုံမခြုံနဲ့ ကြိုးပဲ့နေတာ၊ပြုတ်ထွက်နေတာတွေ တွေ့ရပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှုကိုလုပ်ပေးတဲ့ ရေချိုးခန်းကိုယ်တိုင်က ညစ်ပတ်ပေရေနေတာပါပဲ။ ဂျိုးတွေတတ်၊ဂျိုးတွေကပ်နေတဲ့ အခန်းမျိုးတွေကိုလည်း တွေ့ရပါတယ်။အိမ်သာတွေဆိုရင် ကွမ်းတံတွေးအပါ အဝင် သန့်ရှင်းရေးမလုပ်ထားလို့ အမှိုက်သရိုက်နဲ့ ချီးဂျိုးတတ်နေတာများ မြင်မကောင်းလောက်အောင်ပါပဲ။

ရှေ့ကနေသွားသူတွေရဲ့ စရိုက်လက္ခဏာက ဘယ်လို၊ဘယ်ပုံဆိုတာ သူ့ခြေရာလက်ရာက သက်သေခံနေတော့ တာပါပဲ။အိမ်ငှားတွေက ဒါမျိုးတွေကို လုပ်သွားတဲ့အတွက် အိမ်ရှင်တွေ အနေနဲ့လည်း စည်းကမ်းတွေ ထုတ်လာ ကြရတယ်လို့ ထင်ပါတယ်။အိမ်ငှားတွေအပေါ်အထင်သေးမှုတွေ များလာပါတယ်။ကန့်သက်ချက်တွေ လည်း များလာပါတယ်။ပိုက်ဆံရလို့ငှားတာဆိုပေမယ့် နေထိုင်သူတွေရဲ့ ပေါ့တန်မှုတွေကိုတော့ တားမြစ်ကြရမှာပါပဲ။

အခန်းပိုင်ရှင်တွေအနေနဲ့ ဝင်ငွေရလမ်းအတွက်မို့သာ ငှားစားနေရပေမယ့် ကိုယ့်အခန်းကိုငှားနေသူတွေက ကိုယ့်အခန်းမှာနေပြီး ဘာတွေလုပ်စားနေကြတယ်၊ဥပဒေနဲ့ မလွတ်ကင်းတဲ့ကိစ္စတွေကိုများ လုပ်နေသလား၊ မီးရေးထင်းရေးမှ စိတ်ချရပါမလားဆိုတဲ့ စိုးထိတ်မှုတွေနဲ့ အလုပ်လုပ်နေကြရတာပါ။

ယောက်ျားလေးတွေကြီး အဆောင်ပုံစံနေကြမယ်ဆိုရင် သူတို့က သိပ်မငှားချင်ကြပါဘူး။ ယောက်ျားလေးတွေကြီးနေမယ်ဆိုရင် အိမ်ရှေ့အိမ်နောက်၊ ရေချိုးခန်း၊အိမ်သာခန်းနဲ့ မီးဖို၊ဘေစင်နေရာ တွေဟာ သန့်ရှင်းရေးကို သူလုပ်နိုး၊ကိုယ်လုပ်နိုး၊ သူမလုပ် ကိုယ်မလုပ်နဲ့ ကြာလာတော့ တိုက်ခန်းဟာ ညစ်ပတ်ပေရေကုန်တာများပါတယ်။

ယောက်ျားတွေကြီးဆိုတော့ အသောက်အစားလေးတွေလုပ်လို့ မူးကြပြီ ဆိုရင် စားပြီးသားအကြွင်းအကျန်နဲ့ ပန်းကန်ခွက်ယောက်တွေဆိုတာ ဒီအတိုင်းထားလိုက်တော့တာပါပဲ။ နေ့တိုင်းသောက်တဲ့ ဇိုးတွေများပါလာရင် ပိုညစ်ပတ်တော့တာပါပဲ။မစွန့်သင့်တဲ့နေရာတွေမှာ အပေါ့အလေး စွန့်တဲ့အထိ ဖြစ်လာတတ်ပါတယ်။ လှေကားတစ်ခုတည်းနေကြသူတွေကိုတောင်မှ အနှောင့်အယှက်ပေးလာတဲ့အထိ ဖြစ်လာတတ်ပါတယ်။

ဒီတော့အိမ်ရှင်ဖြစ်တဲ့သူက သူ့တိုက်ခန်းကို ခဏခဏလာကြည့်တာဟာ အပြစ်ပြောစရာမရှိလောက်ပါဘူး။ သန့်သန့်ရှင်းရှင်း၊သပ်သပ်ရပ်ရပ်နေထိုင်ကြသူတွေကို ငှားမိရင်လည်း သူတို့စိတ်လည်းအေးချမ်းရတာပေါ့။ စိတ်ချလက်ချ ထားရဲတာပေါ့။တစ်ခါတစ်ရံ အိမ်ငှားမှာ နေစရိတ်အတွက် အခက်အခဲဖြစ်လို့ အိမ်ရှင်ကို အကျိုးအကြောင်းပြောပြီး ညှိနိုင်းမှုလုပ်ပေးဖို့ တောင်းဆိုတဲ့အခါမှာ အိမ်ရှင်တွေကလည်း ကျေကျေနပ်နပ် ကူညီပေးကြတာကိုတွေ့ရပါတယ်။

ဒီလိုပဲပေါ့ ခေတ်ဆိုးထဲမှာ လူတိုင်းဟာ နှစ်ဆကျော်ပေးပြီး စားနေရတဲ့ စားစရိတ်ကိုအတော်ဖြည့်စီးနေရတော့ နေစရိတ်အတွက် တစ်လုံးတစ်ခဲထဲပေးဖို့ဟာ အတော်ကို ခက်ခဲလာပါတယ်။အိမ်ရှင်ရဲ့ညှာတာမှုလေးရရင်တော့ နေထိုင်မှုအတွက် စိတ်ပင်ပန်းရတာလေးတွေ နဲနဲပါးပါးသက်သာတာပေါ့။

အိမ်ရှင်နဲ့ အိမ်ငှား သူ့ဘက်ကိုယ့်ဘက် စဉ်းစားပြီး မျှမျှတတနေထိုင်ကြမယ်ဆိုရင် ခေတ်ဆိုးနေပေမယ့် နေရတဲ့ ခဏတာမှာ နေပျော်တဲ့ ဘဝလေးတွေကိုရကြပါစေဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ တင်ပြလိုက်ရပါတယ်ဗျာ။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အိမ္ရွင္အိမ္ငွား သူ႔ဘက္ကိုယ့္ဘက္ ထည့္စဥ္းစား

ေနထိုင္မႈအတြက္ လူေတြလိုက္နာရမယ့္ ေလာကက်င့္ဝတ္ဆိုတာ ရွိတယ္။အျပန္အလွန္ဆိုတာ ေတြးတတ္ရင္ စာနာျခင္းဆိုတာလည္း သိၾကရမွာပါ။

အိမ္ရွင္နဲ႔အိမ္ငွား အခ်င္းမ်ားစရာေတြ၊သံသယျဖစ္စရာေတြ နဲပါးပါမွ ေနထိုင္မႈခက္ခဲေနၾကတဲ့ အခုလိုကာလမွာ အဆင္ေျပေျပေနႏိုင္ၾကမွာေပါ့။

အိမ္ရွင္ဆိုတာ ပိုက္ဆံေလးေတြစုေဆာင္းမိေတာ့ အိမ္ျခံေျမမွာ အရင္းအႏွီးျပဳတတ္ၾကတယ္။ဒီလိုစုေဆာင္းမႈနဲ႔ ဝယ္ထားတဲ့အိမ္ရာ တိုက္ခန္းေလးေတြကို လူမေနေသးလို႔ ပိတ္ထားတယ္ဆိုတာ မရွိပါဘူး။လိုခ်င္တဲ့ေဈးရရင္ ျပန္ေရာင္းတယ္။လိုခ်င္တဲ့ေဈးမရေသးရင္ ငွားစားတယ္။ငွားစားရင္းနဲ႔ အခ်ိန္ၾကာေတာ့ အရင္းေၾက အျမတ္ရ တာေပါ့။

ေငြရွိသူက ဝင္ေငြရေပါက္အတြက္ ၿမိဳ႕ႀကီးေတြမွာ တိုက္ခန္း၊ကြန္ဒို၊လုံးခ်င္းအိမ္ရာေတြကို ဝယ္ယူရင္းႏွီးျမွဳပ္ႏွံ ၾကမွာပါပဲ။အေရာင္းအဝယ္လုပ္မယ္၊အငွားခ်ထားမယ္ၾကမွာပဲေလ။ဒါကလည္း စီးပြားေရး လုပ္ငန္းတစ္ခုပဲ မို႔လား။

ႏိုင္ငံျခားသားေတြအမ်ားဆုံး ငွားရမ္းေနထိုင္တဲ့ ၿမိဳ႕နယ္ေတြမွာ အိမ္ရာပိုင္ဆိုင္တဲ့သူေတြအေနနဲ႔ သူတို႔ပိုင္ဆိုင္ ရာ အေဆာက္အအုံေတြကို ေသခ်ာျပဳျပင္မြမ္းမံၿပီး ငွားစားၾကပါတယ္။ အဲဒီလုံးခ်င္းအိမ္၊ကြန္ဒို တိုက္ခန္း ေတြရဲ႕ တစ္လတစ္လငွားခဟာ မနဲမေနာပါဘဲ။ဒါေတြကသီးျခား လူတန္းစားတစ္ရပ္အတြက္ပဲလို႔ ေျပာရမွာပါ။

အဓိကေျပာလိုတာက လူလတ္တန္းစားေတြနဲ႔ ေအာက္ေျခလူတန္းစားေတြအတြက္ပဲေျပာခ်င္တာပါ။ ေနမယ့္သူကလည္း ေနလို႔သင့္ၿပီး ငွားခသက္သာတဲ့ေနရာေတြမွာ ေနလိုၾကတာေပါ့။တစ္တုိက္ဆင္း၊ တစ္တိုက္တက္ ရွာၾကရပါတယ္။

အခန္းခက ကိုယ္တတ္ႏိုင္တဲ့ပမာဏ ျဖစ္ေပမယ့္ တိုက္ခန္းအေတာ္မ်ားမ်ားမွာ ေရခ်ိဳးခန္းတံခါးေတြဟာ အေတာ္ကို ပ်က္စီးေနတတ္ၿပီး တံခါးရြက္ေတြဟာ မလုံမျခဳံနဲ႔ ႀကိဳးပဲ့ေနတာ၊ျပဳတ္ထြက္ေနတာေတြ ေတြ႔ရပါတယ္။ တစ္ကိုယ္ေရ သန္႔ရွင္းမႈကိုလုပ္ေပးတဲ့ ေရခ်ိဳးခန္းကိုယ္တိုင္က ညစ္ပတ္ေပေရေနတာပါပဲ။ ဂ်ိဳးေတြတတ္၊ဂ်ိဳးေတြကပ္ေနတဲ့ အခန္းမ်ိဳးေတြကိုလည္း ေတြ႔ရပါတယ္။အိမ္သာေတြဆုိရင္ ကြမ္းတံေတြးအပါ အဝင္ သန္႔ရွင္းေရးမလုပ္ထားလို႔ အမႈိက္သရိုက္နဲ႔ ခ်ီးဂ်ိဳးတတ္ေနတာမ်ား ျမင္မေကာင္းေလာက္ေအာင္ပါပဲ။

ေရွ႕ကေနသြားသူေတြရဲ႕ စရိုက္လကၡဏာက ဘယ္လို၊ဘယ္ပုံဆိုတာ သူ႔ေျခရာလက္ရာက သက္ေသခံေနေတာ့ တာပါပဲ။အိမ္ငွားေတြက ဒါမ်ိဳးေတြကို လုပ္သြားတဲ့အတြက္ အိမ္ရွင္ေတြ အေနနဲ႔လည္း စည္းကမ္းေတြ ထုတ္လာ ၾကရတယ္လို႔ ထင္ပါတယ္။အိမ္ငွားေတြအေပၚအထင္ေသးမႈေတြ မ်ားလာပါတယ္။ကန္႔သက္ခ်က္ေတြ လည္း မ်ားလာပါတယ္။ပိုက္ဆံရလို႔ငွားတာဆိုေပမယ့္ ေနထိုင္သူေတြရဲ႕ ေပါ့တန္မႈေတြကိုေတာ့ တားျမစ္ၾကရမွာပါပဲ။

အခန္းပိုင္ရွင္ေတြအေနနဲ႔ ဝင္ေငြရလမ္းအတြက္မို႔သာ ငွားစားေနရေပမယ့္ ကိုယ့္အခန္းကိုငွားေနသူေတြက ကိုယ့္အခန္းမွာေနၿပီး ဘာေတြလုပ္စားေနၾကတယ္၊ဥပေဒနဲ႔ မလြတ္ကင္းတဲ့ကိစၥေတြကိုမ်ား လုပ္ေနသလား၊ မီးေရးထင္းေရးမွ စိတ္ခ်ရပါမလားဆိုတဲ့ စိုးထိတ္မႈေတြနဲ႔ အလုပ္လုပ္ေနၾကရတာပါ။

ေယာက္်ားေလးေတြႀကီး အေဆာင္ပုံစံေနၾကမယ္ဆိုရင္ သူတို႔က သိပ္မငွားခ်င္ၾကပါဘူး။ ေယာက္်ားေလးေတြႀကီးေနမယ္ဆိုရင္ အိမ္ေရွ႕အိမ္ေနာက္၊ ေရခ်ိဳးခန္း၊အိမ္သာခန္းနဲ႔ မီးဖို၊ေဘစင္ေနရာ ေတြဟာ သန္႔ရွင္းေရးကို သူလုပ္ႏိုး၊ကိုယ္လုပ္ႏိုး၊ သူမလုပ္ ကိုယ္မလုပ္နဲ႔ ၾကာလာေတာ့ တိုက္ခန္းဟာ ညစ္ပတ္ေပေရကုန္တာမ်ားပါတယ္။

ေယာက္်ားေတြႀကီးဆိုေတာ့ အေသာက္အစားေလးေတြလုပ္လို႔ မူးၾကၿပီ ဆိုရင္ စားၿပီးသားအၾကြင္းအက်န္နဲ႔ ပန္းကန္ခြက္ေယာက္ေတြဆိုတာ ဒီအတိုင္းထားလိုက္ေတာ့တာပါပဲ။ ေန႔တိုင္းေသာက္တဲ့ ဇိုးေတြမ်ားပါလာရင္ ပိုညစ္ပတ္ေတာ့တာပါပဲ။မစြန္႔သင့္တဲ့ေနရာေတြမွာ အေပါ့အေလး စြန္႔တဲ့အထိ ျဖစ္လာတတ္ပါတယ္။ ေလွကားတစ္ခုတည္းေနၾကသူေတြကိုေတာင္မွ အေႏွာင့္အယွက္ေပးလာတဲ့အထိ ျဖစ္လာတတ္ပါတယ္။

ဒီေတာ့အိမ္ရွင္ျဖစ္တဲ့သူက သူ႔တိုက္ခန္းကို ခဏခဏလာၾကည့္တာဟာ အျပစ္ေျပာစရာမရွိေလာက္ပါဘူး။ သန္႔သန္႔ရွင္းရွင္း၊သပ္သပ္ရပ္ရပ္ေနထိုင္ၾကသူေတြကို ငွားမိရင္လည္း သူတို႔စိတ္လည္းေအးခ်မ္းရတာေပါ့။ စိတ္ခ်လက္ခ် ထားရဲတာေပါ့။တစ္ခါတစ္ရံ အိမ္ငွားမွာ ေနစရိတ္အတြက္ အခက္အခဲျဖစ္လို႔ အိမ္ရွင္ကို အက်ိဳးအေၾကာင္းေျပာၿပီး ညိွႏိုင္းမႈလုပ္ေပးဖို႔ ေတာင္းဆိုတဲ့အခါမွာ အိမ္ရွင္ေတြကလည္း ေက်ေက်နပ္နပ္ ကူညီေပးၾကတာကိုေတြ႔ရပါတယ္။

ဒီလိုပဲေပါ့ ေခတ္ဆိုးထဲမွာ လူတိုင္းဟာ ႏွစ္ဆေက်ာ္ေပးၿပီး စားေနရတဲ့ စားစရိတ္ကိုအေတာ္ျဖည့္စီးေနရေတာ့ ေနစရိတ္အတြက္ တစ္လုံးတစ္ခဲထဲေပးဖို႔ဟာ အေတာ္ကို ခက္ခဲလာပါတယ္။အိမ္ရွင္ရဲ႕ညွာတာမႈေလးရရင္ေတာ့ ေနထိုင္မႈအတြက္ စိတ္ပင္ပန္းရတာေလးေတြ နဲနဲပါးပါးသက္သာတာေပါ့။

အိမ္ရွင္နဲ႔ အိမ္ငွား သူ႔ဘက္ကိုယ့္ဘက္ စဥ္းစားၿပီး မွ်မွ်တတေနထိုင္ၾကမယ္ဆိုရင္ ေခတ္ဆိုးေနေပမယ့္ ေနရတဲ့ ခဏတာမွာ ေနေပ်ာ္တဲ့ ဘဝေလးေတြကိုရၾကပါေစဆိုတဲ့ ရည္ရြယ္ခ်က္ေလးနဲ႔ တင္ျပလိုက္ရပါတယ္ဗ်ာ။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service