ဆန်းကြယ်စွာ အသားမိုးရွာခဲ့တဲ့ အမေရိကန်ပြည်က အိုလံပီယာမြို့လေး

ဆန်းကြယ်စွာ အသားမိုးရွာခဲ့တဲ့ အမေရိကန်ပြည်က အိုလံပီယာမြို့လေး - Property News in Myanmar from iMyanmarHouse.com
25 Nov 2022 11:07 am တွင် တင်ခဲ့သည်
426 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ကင်တပ်ကီပြည်နယ်ရှိ အိုလံပီယာ စပရင်းစ်မြို့ကလေး၏ ရာသီဥတု သာယာသော နေ့တစ်နေ့တွင်ဖြစ်သည်။ အချိန်ကား ၁၈၇၆ ခုနှစ်က ဖြစ်၏။

မြို့လေး၏ ကောင်းကင်ဆီမှ အသားတုံးများ ရုတ်တရက် မိုးရွာကျလာသည်။ အသားတုံးများ မိုးရွာနေသည်ကို တွေ့ခဲ့သူမှာ မှတ်တမ်းမှတ်ရာများအရ မစ္စက် ခရို့ချ် (Mrs. Crouch) ဆိုသူ ဖြစ်၏။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဖြစ်နိုင်ပါ့မလားဟု မေးခွန်းထုတ်မှုများရှိသည်။ နောက်ပြောင်ကျီစယ်သည့် သတင်းတုလား။ ဘုရားသခင်ထံမှ သတင်းစကားတစ်ခုပေလား။

မစ္စက် ခရို့ချ်၏ ယာတောသို့ အဘယ်ကြောင့် အသားတုံးများ မိုးရွာကျခဲ့သည်ကို ယနေ့တိုင် အတိအကျ မသိရသေးချေ။

(ကောင်းကင်မှ အသားတုံးများ မိုးရွာကျသောနေ့)

 

 

 

(နေသာသောနေ့တစ်နေ့ ဆင်ဝင်တစ်ခုရှေ့ မြင်ကွင်း။ ဓာတ်ပုံ Credit: Alissa De Leva / Pixabay)

 

 

ထိုမနက်က မစ္စက် ခရို့ချ်သည် သူ၏ နေအိမ်ဆင်ဝင်တွင်ထိုင်ကာ ဆပ်ပြာလုပ်နေချိန် ဖြစ်သည်။

သူ၏ ခြံဝန်းအတွင်းသို့ အရာဝတ္ထုများ ကျနေသည့်အသံကို ကြားခဲ့သောကြောင့် မစ္စက်ခရို့ချ် ကြည့်လိုက်သော အခါ အသားတုံးများ ကောင်းကင်မှ မိုးရွာကျနေကာ သူ၏ ခြံဝန်းနှင့် ခြံစည်းရိုးများပေါ် ကျဆင်းနေသည်ကို တွေ့ခဲ့သည်။

အဆိုပါအသားများသည် အမဲသားနှင့် တူကြောင်း ၊ မိမိနေအိမ်ဝန်းကျင်တွင် နှင်းခဲနှင်းဖတ်ကြီးများသဖွယ် ကျဆင်းနေခဲ့ခြင်းဖြစ်ကြောင်း မစ္စက်ခရို့ချ်က ပြောသည်။

မိမိမှာ အလွန်တုန်လှုပ်ခဲ့ရကြောင်းလည်း သူမကပြောသည်။

လူအများက ယူဆခဲ့ကြသည်မှာ မစ္စက်ခရို့ချ်သည် နာမည်ကြီးလိုသောကြောင့် လုပ်ကြံဇာတ်လမ်းများ ဆင်နေခြင်းဖြစ်သည်ဟု ယူဆကြသည်။

မစ္စက်ခရို့ချ်က ပြောသည်မှာ အသားတုံးတစ်တုံး၏ အရွယ်အစားမှာ ၁၀ စင်တီမီတာပတ်လည်ခန့်ရှိကြောင်း ပြောသည်။

ရာသီဥတုသာယာကာ တိမ်ကင်းစင်နေသောနေ့တွင် မစ္စက်ခရို့ချ်၏ ယာတောသို့ အသားတုံးများ မိုးရွာကျသည်ဆိုခြင်းမှာ ယုံကြည်နိုင်ရန် ခက်ခဲသည့် အကြောင်းရပ်တစ်ခု ဖြစ်သည်။

ထိုသို့ အသားမိုးရွာသွန်းပြီး နောက်ရက်များတွင် ကောင်းကင်မှ ကျလာသည့် ဆန်းကြယ်သည့် အသားများကို ကြည့်ရှုရန်အတွက် မစ္စက်ခရို့ချ်၏ ယာတောသို့ လူများအလုံးအရင်း ရောက်လာကြသည်။

အသားတုံးများမှာ တစ်ညလုံး ကွင်းပြင်အတွင်း ရှိနေခဲ့ခြင်းကြောင့် နောက်ရက်များတွင် ပုတ်သိုးနေခဲ့ပြီ ဖြစ်သည်။

ကြည့်ရှုရုံမျှဖြင့် မည်သည့့်အသားဖြစ်ကြောင်း သိရန် မလွယ်သောကြောင့် သတ္တိကောင်းသော အမျိုးသား ၂ ဦးက စကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။

စားသုံးကြည့်သူတို့၏ အဆိုအရ အရသာမှာ သိုးသား (သို့မဟုတ်) သမင်သားအရသာမျိုးဖြစ်သည်ဟု ဆိုသည်။

 

(အဆုတ်တစ်သျှူးကို လေ့လာနေပုံ - ဤဖြစ်ရပ်နှင့်သက်ဆိုင်ခြင်းမရှိပါ။ဓာတ်ပုံ-Credit: SSPL/Getty Images)

 

 

အဆိုပါ အသားတုံးနမူနာများကို သိပ္ပံပညာရှင်အများအပြားထံပေးပို့ကာ မည်သည့်အသားဖြစ်ကြောင်း ဖော်ထုတ်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။

အသားတုံးနမူနာ လက်ခံရရှိသူများတွင် အတွေ့အကြုံရှိ ပညာရှင်တစ်ဦးဖြစ်သော Dr. A. Mead Edwards လည်းပါဝင်သည်။

၎င်းက အသားတုံးနမူနာကို အသေးစိတ်လေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် ပြောကြားခဲ့သည်မှာ အဆိုပါ အသားတုံးသည် အမဲသား ၊ သိုးသား ၊ သမင်သားများ မဟုတ်ကြောင်း ၊ လူသားခလေးငယ် (သို့မဟုတ်) မြင်းတစ်ကောင်၏ အဆုတ်တစ်သျှူးများ ဖြစ်ကြောင်း တွေ့ရသည်ဟု ဆိုသည်။

အခြားသော သိပ္ပံပညာရှင်များ၏ စမ်းသပ်ချက်များအရ အသားတုံးများမှာ ခန္ဓာကိုယ်အစိတ်အပိုင်း နေရာအမျိုးမျိုးမှဖြစ်ပြီး အဆုတ်တစ်သျှူးများ၊ ကြွက်သားတစ်သျှူးများနှင့် အရိုးနုများကို တွေ့ရသည်။

(သုံးသပ်ချက်များ)

 

(အမည်မသိ Nostoc ဘက်တီးရီးယားမျိုးစိတ်- နော်မန်ဒီ၊ ပြင်သစ်နိုင်ငံ၊ ပင်လယ်ထုံးကျောက် ချောက်ကမ်းပါးများ အနီး။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ။ ဓာတ်ပုံ- Creative Commons Attribution)

မစ္စက် ခရို့ချ် ထိုနေ့က ကြုံတွေ့ခဲ့ရသည့်ဖြစ်ရပ်နှင့် စပ်လျဉ်းပြီး ဖြစ်တန်ရာချေရှိသည့် အယူအဆ သုံးသပ်ချက် အမျိုးမျိုးရှိသည်။

ပထမ အယူအဆမှာ ဘုရားသခင်ထံမှ သတင်းစကားဖြစ်သည်ဟူသော အယူအဆဖြစ်သည်။ ထိုအယူအဆကို မစ္စက်ခရို့ချ်က ယုံကြည်သည်။ သို့သော် မေးခွန်းထုတ်ဖွယ်ရှိသည်မှာ ယခုသုံးသပ်ချက် မှန်ကန်သည်ဆိုလျှင်ပင် ဘုရားသခင်၏ သတင်းစကားသည် အဘယ်ကြောင့် မစ္စက်ခရို့ချ်ထံ ပို့ဆောင်ပေးသည်ဆိုသည့်အချက်မှာမူ မရှင်းချေ။

Leopold Brandeis ၏ သုံးသပ်ချက်မှာမူ ထိုအရာများမှာ အသားမဟုတ်ကြောင်း၊ nostoc ဘက်တီးရီးယားများသာ ဖြစ်ကြောင်း ပြောသည်။

Nostoc သည် ဂျယ်လီကဲ့သို့ ချွဲပြစ်ပြစ်အရာမျိုးဖြစ်ပြီး မိုးရွာကျသောအခါတွင် ဖောင်းပွလာခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

မည်သည့်နေရာကမှ ရောက်လာခြင်းမဟုတ်ကြောင်း ပြောသည်။ သို့သော် ထိုနေ့က မိုးရွာခြင်းမရှိရာ သူ၏ သုံးသပ်ချက်မှာလည်း ဟာကွက်ရှိနေသည်။

William Livingston Alden သုံးသပ်သည့် အခြားသီအိုရီတစ်ခုလည်းရှိသည်။

သူ၏ ယူဆချက်မှာ ကင်တပ်ကီတွင် ဖြစ်ပွားခဲ့သော အသားမိုးသည် စင်စစ်အားဖြင့် ဥက္ကာခဲမိုး ရွာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သိပ္ပံပညာရှင်များ၏ အယူအဆများတွင် ဥက္ကာခဲများသည် နေ၏ ဝန်းကျင်တွင် လှည့်ပတ်နေကြသည်ဟူသော သီအိုရီပါဝင်ပြီး အဆိုပါဥက္ကာခဲများသည် ဂြိုဟ်များပေါက်ကွဲရာမှာ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုသည်။

Alden က ပြောသည်မှာ ဂြိုဟ်များပေါက်ကွဲချိန်တွင် သမင်၊ ဒရယ်၊ ချေ၊ သိုးနှင့် အခြားသော အသားစများ သည်လည်း ခါးပတ်ကွင်းတစ်ခုသဖွယ် စုဝေးလည်ပတ်ကာ ကမ္ဘာဆီသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောကြားသည်။

(လက်ခံနိုင်ဖွယ်အရှိဆုံး အယူအဆ)

 

(ပျံသန်းနေသော တူရကီ လင်းတတစ်ကောင်။ ဖော့က်လန်ကျွန်းစု။ ဓာတ်ပုံ - Credit: Sergio Pitamitz / VWPics / Universal Images Group / Getty Images)

 

လူအများစု လက်ခံသည့် ဖြစ်နိုင်ဖွယ်အရှိဆုံး အယူအဆကို တင်ပြသူမှာ ဒေါက်တာ L. D. Kastenbine ဖြစ်သည်။

ဒေါက်တာ L. D. Kastenbine က ပြောသည်မှာ ကောင်းကင်မှ အသားမိုးရွာချမှု ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ လင်းတများ ကောင်းကင်တွင် ပျံသန်းနေရင်း အန်ချခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

သူ၏ ပြောကြားချက်မှာ ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်ရပ်မျိုး ဖြစ်သည်။

လင်းတများသည် ပျံသန်းနေရင်း ရုတ်တရက်တစုံတရာကို ထိတ်လန့်သွားပါက ခန္ဓာကိုယ်ပေါ့ပါးကာ လျင်မြန်စွာ ပျံသန်းနိုင်စေရန် အစာအိမ်ထဲတွင်ရှိသောအရာများကို အန်ချလေ့ရှိကြသည်။

သို့သော် မစ္စက်ခရို့ချ်၏ ယာတောတွင် တွေ့ရသော အသားများမှာ လင်းတများ အန်ချခြင်းကြောင့် မဖြစ်နိုင်သည်ကိုလည်း တွေ့ရသည်။

အသားတုံးများမှာ ပုပ်သိုးနေပြီး ကိုက်ဝါးထားသည့် အနာအဆာများလည်း မတွေ့ရရာ ဒေါက်တာ L. D. Kastenbine ၏ လင်းတအယူအဆနှင့် မကိုက်ညီ။

သို့အတွက် ၁၈၇၆ ခုနှစ်က ကင်တပ်ကီပြည်နယ်တွင် ရွာချခဲ့သော အသားမိုးမှာ ယနေ့တိုင် အဖြေမရှာနိုင်သေးချေ။

ထိုစဉ်က တွေ့ရှိခဲ့သည့် အသားတုံးအချို့ကို ဂလစ်စရင်းပုလင်းများထဲတွင် သိမ်းဆည်းထားကာ ယနေ့တိုင် တွေ့ရနိုင်သည်။

 

သို့သော် အသားတုံးများမှာ သက်တမ်းအလွန်ရင့်နေပြီဖြစ်ပြီး ပျက်စီးနေပြီဖြစ်ရာ မည်သည့်အသားဖြစ်ကြောင်း ဖော်ထုတ်ရန် မဖြစ်နိုင်တော့ချေ။

Olympia Springs မြို့လေးမှာ မြို့သားများမှာမူ ယခုပု စ္ဆာ အဖြေရှာမရသေးသည့်အပေါ် စိတ်အနှောင့်အယှက် မရှိကြ။

မြို့ကလေးမှာ ပုံမှန်အတိုင်းဆက်လက်လည်ပတ်နေပြီး အသားမိုးအကြောင်းမှာ သတင်းဟောင်းတစ်ပုဒ် အဖြစ်နှင့်သာ ရှိနေတော့သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: The Mysterious Meat Shower That Rained Down on Kentucky in 1876 (thevintagenews)

 

 

[Zawgyi]

ဆန္းၾကယ္စြာ အသားမိုးရြာခဲ့တဲ့ အေမရိကန္ျပည္က အိုလံပီယာျမိဳ႕ေလး

 

အေမရိကန္ျပည္ေထာင္စု၊ ကင္တပ္ကီျပည္နယ္ရွိ အိုလံပီယာ စပရင္းစ္ျမိဳ႕ကေလး၏ ရာသီဥတု သာယာေသာ ေန႔တစ္ေန႔တြင္ျဖစ္သည္။ အခ်ိန္ကား ၁၈၇၆ ခုႏွစ္က ျဖစ္၏။

ျမိဳ႕ေလး၏ ေကာင္းကင္ဆီမွ အသားတံုးမ်ား ရုတ္တရက္ မိုးရြာက်လာသည္။ အသားတံုးမ်ား မိုးရြာေနသည္ကို ေတြ႔ခဲ့သူမွာ မွတ္တမ္းမွတ္ရာမ်ားအရ မစၥက္ ခရို႕ခ်္ (Mrs. Crouch) ဆိုသူ ျဖစ္၏။

ထိုျဖစ္ရပ္ႏွင့္ ပတ္သက္ျပီး ျဖစ္ႏိုင္ပါ့မလားဟု ေမးခြန္းထုတ္မႈမ်ားရွိသည္။ ေနာက္ေျပာင္က်ီစယ္သည့္ သတင္းတုလား။ ဘုရားသခင္ထံမွ သတင္းစကားတစ္ခုေပလား။

မစၥက္ ခရို႕ခ်္၏ ယာေတာသို႔ အဘယ္ေၾကာင့္ အသားတံုးမ်ား မိုးရြာက်ခဲ့သည္ကို ယေန႔တုိင္ အတိအက် မသိရေသးေခ်။

(ေကာင္းကင္မွ အသားတံုးမ်ား မိုးရြာက်ေသာေန႔)

(ေနသာေသာေန႔တစ္ေန႔ ဆင္ဝင္တစ္ခုေရွ႕ ျမင္ကြင္း။ ဓာတ္ပံု Credit: Alissa De Leva / Pixabay)

ထိုမနက္က မစၥက္ ခရို႕ခ်္သည္ သူ၏ ေနအိမ္ဆင္ဝင္တြင္ထိုင္ကာ ဆပ္ျပာလုပ္ေနခ်ိန္ ျဖစ္သည္။

သူ၏ ျခံဝန္းအတြင္းသို႔ အရာဝတၳဳမ်ား က်ေနသည့္အသံကို ၾကားခဲ့ေသာေၾကာင့္ မစၥက္ခရို႕ခ်္ ၾကည့္လိုက္ေသာ အခါ အသားတံုးမ်ား ေကာင္းကင္မွ မိုးရြာက်ေနကာ သူ၏ ျခံဝန္းႏွင့္ ျခံစည္းရိုးမ်ားေပၚ က်ဆင္းေနသည္ကို ေတြ႔ခဲ့သည္။

အဆိုပါအသားမ်ားသည္ အမဲသားႏွင့္ တူေၾကာင္း ၊ မိမိေနအိမ္ဝန္းက်င္တြင္ ႏွင္းခဲႏွင္းဖတ္ၾကီးမ်ားသဖြယ္ က်ဆင္းေနခဲ့ျခင္းျဖစ္ေၾကာင္း မစၥက္ခရို႕ခ်္က ေျပာသည္။

မိမိမွာ အလြန္တုန္လႈပ္ခဲ့ရေၾကာင္းလည္း သူမကေျပာသည္။

လူအမ်ားက ယူဆခဲ့ၾကသည္မွာ မစၥက္ခရို႕ခ်္သည္ နာမည္ၾကီးလိုေသာေၾကာင့္ လုပ္ၾကံဇာတ္လမ္းမ်ား ဆင္ေနျခင္းျဖစ္သည္ဟု ယူဆၾကသည္။

မစၥက္ခရို႕ခ်္က ေျပာသည္မွာ အသားတံုးတစ္တံုး၏ အရြယ္အစားမွာ ၁၀ စင္တီမီတာပတ္လည္ခန္႔ရွိေၾကာင္း ေျပာသည္။

ရာသီဥတုသာယာကာ တိမ္ကင္းစင္ေနေသာေန႔တြင္ မစၥက္ခရို႕ခ်္၏ ယာေတာသို႔ အသားတံုးမ်ား မိုးရြာက်သည္ဆိုျခင္းမွာ ယံုၾကည္ႏိုင္ရန္ ခက္ခဲသည့္ အေၾကာင္းရပ္တစ္ခု ျဖစ္သည္။

ထိုသို႔ အသားမိုးရြာသြန္းျပီး ေနာက္ရက္မ်ားတြင္ ေကာင္းကင္မွ က်လာသည့္ ဆန္းၾကယ္သည့္ အသားမ်ားကို ၾကည့္ရႈရန္အတြက္ မစၥက္ခရုိ႕ခ်္၏ ယာေတာသို႔ လူမ်ားအလံုးအရင္း ေရာက္လာၾကသည္။

အသားတံုးမ်ားမွာ တစ္ညလံုး ကြင္းျပင္အတြင္း ရွိေနခဲ့ျခင္းေၾကာင့္ ေနာက္ရက္မ်ားတြင္ ပုတ္သုိးေနခဲ့ျပီ ျဖစ္သည္။

ၾကည့္ရႈရံုမွ်ျဖင့္ မည္သည့့္အသားျဖစ္ေၾကာင္း သိရန္ မလြယ္ေသာေၾကာင့္ သတၱိေကာင္းေသာ အမ်ဳိးသား ၂ ဦးက စၾကည့္ရန္ ဆံုးျဖတ္ခဲ့ၾကသည္။

စားသံုးၾကည့္သူတို႔၏ အဆိုအရ အရသာမွာ သုိးသား (သို႔မဟုတ္) သမင္သားအရသာမ်ိဳးျဖစ္သည္ဟု ဆိုသည္။

(အဆုတ္တစ္သွ်ဴးကို ေလ့လာေနပံု - ဤျဖစ္ရပ္ႏွင့္သက္ဆုိင္ျခင္းမရွိပါ။ဓာတ္ပံု-Credit: SSPL/Getty Images)

အဆိုပါ အသားတံုးနမူနာမ်ားကို သိပၸံပညာရွင္အမ်ားအျပားထံေပးပို႔ကာ မည္သည့္အသားျဖစ္ေၾကာင္း ေဖာ္ထုတ္ႏိုင္ရန္ ၾကဳိးပမ္းခဲ့ၾကသည္။

အသားတံုးနမူနာ လက္ခံရရွိသူမ်ားတြင္ အေတြ႔အၾကံဳရွိ ပညာရွင္တစ္ဦးျဖစ္ေသာ Dr. A. Mead Edwards လည္းပါဝင္သည္။

၎က အသားတံုးနမူနာကို အေသးစိတ္ေလ့လာမႈမ်ား ျပဳလုပ္ခဲ့ျပီးေနာက္ ေျပာၾကားခဲ့သည္မွာ အဆိုပါ အသားတံုးသည္ အမဲသား ၊ သိုးသား ၊ သမင္သားမ်ား မဟုတ္ေၾကာင္း ၊ လူသားခေလးငယ္ (သို႔မဟုတ္) ျမင္းတစ္ေကာင္၏ အဆုတ္တစ္သွ်ဴးမ်ား ျဖစ္ေၾကာင္း ေတြ႔ရသည္ဟု ဆိုသည္။

အျခားေသာ သိပၸံပညာရွင္မ်ား၏ စမ္းသပ္ခ်က္မ်ားအရ အသားတံုးမ်ားမွာ ခႏၶာကိုယ္အစိတ္အပိုင္း ေနရာအမ်ဳိးမ်ဳိးမွျဖစ္ျပီး အဆုတ္တစ္သွ်ဴးမ်ား၊ ၾကြက္သားတစ္သွ်ဴးမ်ားႏွင့္ အရိုးႏုမ်ားကို ေတြ႔ရသည္။

(သံုးသပ္ခ်က္မ်ား)

(အမည္မသိ Nostoc ဘက္တီးရီးယားမ်ဳိးစိတ္- ေနာ္မန္ဒီ၊ ျပင္သစ္ႏိုင္ငံ၊ ပင္လယ္ထံုးေက်ာက္ ေခ်ာက္ကမ္းပါးမ်ား အနီး။ ၂၀၁၂ ခုႏွစ္၊ ဇန္နဝါရီလ ။ ဓာတ္ပံု- Creative Commons Attribution)

မစၥက္ ခရို႕ခ်္ ထိုေန႔က ၾကံဳေတြ႔ခဲ့ရသည့္ျဖစ္ရပ္ႏွင့္ စပ္လ်ဥ္းျပီး ျဖစ္တန္ရာေခ်ရွိသည့္ အယူအဆ သံုးသပ္ခ်က္ အမ်ဳိးမ်ဳိးရွိသည္။

ပထမ အယူအဆမွာ ဘုရားသခင္ထံမွ သတင္းစကားျဖစ္သည္ဟူေသာ အယူအဆျဖစ္သည္။ ထိုအယူအဆကို မစၥက္ခရို႕ခ်္က ယံုၾကည္သည္။ သို႔ေသာ္ ေမးခြန္းထုတ္ဖြယ္ရွိသည္မွာ ယခုသံုးသပ္ခ်က္ မွန္ကန္သည္ဆိုလွ်င္ပင္ ဘုရားသခင္၏ သတင္းစကားသည္ အဘယ္ေၾကာင့္ မစၥက္ခရို႕ခ်္ထံ ပို႔ေဆာင္ေပးသည္ဆိုသည့္အခ်က္မွာမူ မရွင္းေခ်။

Leopold Brandeis ၏ သံုးသပ္ခ်က္မွာမူ ထိုအရာမ်ားမွာ အသားမဟုတ္ေၾကာင္း၊ nostoc ဘက္တီးရီးယားမ်ားသာ ျဖစ္ေၾကာင္း ေျပာသည္။

Nostoc သည္ ဂ်ယ္လီကဲ့သို႔ ခၽြဲျပစ္ျပစ္အရာမ်ဳိးျဖစ္ျပီး မိုးရြာက်ေသာအခါတြင္ ေဖာင္းပြလာျခင္းသာ ျဖစ္သည္ဟု ဆိုသည္။

မည္သည့္ေနရာကမွ ေရာက္လာျခင္းမဟုတ္ေၾကာင္း ေျပာသည္။ သို႔ေသာ္ ထိုေန႔က မိုးရြာျခင္းမရွိရာ သူ၏ သံုးသပ္ခ်က္မွာလည္း ဟာကြက္ရွိေနသည္။ William Livingston Alden သံုးသပ္သည့္ အျခားသီအိုရီတစ္ခုလည္းရွိသည္။

သူ၏ ယူဆခ်က္မွာ ကင္တပ္ကီတြင္ ျဖစ္ပြားခဲ့ေသာ အသားမိုးသည္ စင္စစ္အားျဖင့္ ဥကၠာခဲမိုး ရြာခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

သိပၸံပညာရွင္မ်ား၏ အယူအဆမ်ားတြင္ ဥကၠာခဲမ်ားသည္ ေန၏ ဝန္းက်င္တြင္ လွည့္ပတ္ေနၾကသည္ဟူေသာ သီအိုရီပါဝင္ျပီး အဆိုပါဥကၠာခဲမ်ားသည္ ျဂိဳဟ္မ်ားေပါက္ကြဲရာမွာ ျဖစ္ေပၚလာျခင္းျဖစ္သည္ဟု ဆိုသည္။

Alden က ေျပာသည္မွာ ျဂိဳဟ္မ်ားေပါက္ကြဲခ်ိန္တြင္ သမင္၊ ဒရယ္၊ ေခ်၊ သိုးႏွင့္ အျခားေသာ အသားစမ်ား သည္လည္း ခါးပတ္ကြင္းတစ္ခုသဖြယ္ စုေဝးလည္ပတ္ကာ ကမၻာဆီသို႔ ေရာက္ရွိလာျခင္းျဖစ္္ေၾကာင္း ေျပာၾကားသည္။

(လက္ခံႏိုင္ဖြယ္အရွိဆံုး အယူအဆ)

(ပ်ံသန္းေနေသာ တူရကီ လင္းတတစ္ေကာင္။ ေဖာ့က္လန္ကၽြန္းစု။ ဓာတ္ပံု - Credit: Sergio Pitamitz / VWPics / Universal Images Group / Getty Images)

လူအမ်ားစု လက္ခံသည့္ ျဖစ္ႏိုင္ဖြယ္အရွိဆံုး အယူအဆကို တင္ျပသူမွာ ေဒါက္တာ L. D. Kastenbine ျဖစ္သည္။

ေဒါက္တာ L. D. Kastenbine က ေျပာသည္မွာ ေကာင္းကင္မွ အသားမိုးရြာခ်မႈ ျဖစ္ရျခင္း၏ အေၾကာင္းရင္းမွာ လင္းတမ်ား ေကာင္းကင္တြင္ ပ်ံသန္းေနရင္း အန္ခ်ခဲ့ျခင္းေၾကာင့္ ျဖစ္သည္ဟု ဆိုသည္။

သူ၏ ေျပာၾကားခ်က္မွာ ျဖစ္ေလ့ျဖစ္ထရွိေသာ ျဖစ္ရပ္မ်ဳိး ျဖစ္သည္။

လင္းတမ်ားသည္ ပ်ံသန္းေနရင္း ရုတ္တရက္တစံုတရာကို ထိတ္လန္႔သြားပါက ခႏၶာကိုယ္ေပါ့ပါးကာ လ်င္ျမန္စြာ ပ်ံသန္းႏိုင္ေစရန္ အစာအိမ္ထဲတြင္ရွိေသာအရာမ်ားကို အန္ခ်ေလ့ရွိၾကသည္။

သို႔ေသာ္ မစၥက္ခရို႕ခ်္၏ ယာေတာတြင္ ေတြ႔ရေသာ အသားမ်ားမွာ လင္းတမ်ား အန္ခ်ျခင္းေၾကာင့္ မျဖစ္ႏိုင္သည္ကိုလည္း ေတြ႔ရသည္။

အသားတံုးမ်ားမွာ ပုပ္သိုးေနျပီး ကိုက္ဝါးထားသည့္ အနာအဆာမ်ားလည္း မေတြ႔ရရာ ေဒါက္တာ L. D. Kastenbine ၏ လင္းတအယူအဆႏွင့္ မကိုက္ညီ။

သို႔အတြက္ ၁၈၇၆ ခုႏွစ္က ကင္တပ္ကီျပည္နယ္တြင္ ရြာခ်ခဲ့ေသာ အသားမိုးမွာ ယေန႔တုိင္ အေျဖမရွာႏိုင္ေသးေခ်။

ထိုစဥ္က ေတြ႔ရွိခဲ့သည့္ အသားတံုးအခ်ဳိ႕ကို ဂလစ္စရင္းပုလင္းမ်ားထဲတြင္ သိမ္းဆည္းထားကာ ယေန႔တိုင္ ေတြ႔ရႏိုင္သည္။

သို႔ေသာ္ အသားတံုးမ်ားမွာ သက္တမ္းအလြန္ရင့္ေနျပီျဖစ္ျပီး ပ်က္စီးေနျပီျဖစ္ရာ မည္သည့္အသားျဖစ္ေၾကာင္း ေဖာ္ထုတ္ရန္ မျဖစ္ႏိုင္ေတာ့ေခ်။

Olympia Springs ျမိဳ႕ေလးမွာ ျမိဳ႕သားမ်ားမွာမူ ယခုပု စၦာ အေျဖရွာမရေသးသည့္အေပၚ စိတ္အေႏွာင့္အယွက္ မရွိၾက။

ျမိဳ႕ကေလးမွာ ပံုမွန္အတိုင္းဆက္လက္လည္ပတ္ေနျပီး အသားမိုးအေၾကာင္းမွာ သတင္းေဟာင္းတစ္ပုဒ္ အျဖစ္ႏွင့္သာ ရွိေနေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The Mysterious Meat Shower That Rained Down on Kentucky in 1876 (thevintagenews)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service