နာမည်ကြီး ထိုင်းမင်းသား Win Metawin ၏ စံအိမ်

နာမည်ကြီး ထိုင်းမင်းသား Win Metawin ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
25 Nov 2022 10:16 am တွင် တင်ခဲ့သည်
2344 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းမင်းသား Win Metawin ၏ အမည်ရင်းမှာ Metawin Opas-iamkajorn (ထိုင်းဘာသာအားဖြင့် เมธวิน โอภาสเอี่ยมขจร) ဖြစ်ပြီး ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ မွေးဖွားသည်။

Win Metawin သည် ကမ္ဘာ့အဆင့်နာမည်ကြီးလူသိများသော ထိုင်းရုပ်ရှင်မင်းသား၊ မော်ဒယ်၊ အဆိုတော်တစ်ဦးဖြစ်သည်။ အနုပညာလောကသို့ ၂၀၂၀ ပြည့်နှစ်တွင် စတင်ဝင်ရောက်ခဲ့သူ ဖြစ်သည်။

Win Metawin ကို နာမည်ကြီးစေခဲ့သည့် ရုပ်ရှင်ဇာတ်လမ်းတွဲများကား 2gether ဇာတ်လမ်းတွဲနှင့် ထိုင်း F4 ဇာတ်လမ်းတွဲ Boys Over Flowers တွင် Kevin အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းများ ဖြစ်သည်။

ချမ်းသာသော မိသားစုမှ မွေးဖွားပြီး မွေးချင်း ၄ ယောက်အနက် တတိယမြောက်သား ဖြစ်သည်။

၁၁ တန်း (အထက်တန်း) ကျောင်းသားဘဝတွင် student exchange အစီအစဉ်ဖြင့် အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်ရှိ Belmond–Klemme Community School District တွင် တက်ရောက်ခွင့်ရခဲ့သည်။

အမေရိကမှ ထိုင်းသို့ ပြန်ရောက်ချိန်တွင် ၁၂ တန်းကို ကျော်ကာ Thammasat တက္ကသိုလ် စီးပွားရေးပညာဌာနသို့ တိုက်ရိုက်တက်ရောက်ခွင့်ရခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကျောင်းပြီးခဲ့သည်။

ဘွဲ့နှင်းသဘင်အခမ်းအနားမှာ Covid-19 ကြောင့် ဆိုင်းငံ့ထားခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ဘွဲ့ယူနိုင်ခဲ့သည်။

Win Metawin သည် ထိုင်း၊ အင်္ဂလိပ်နှင့် တရုတ်စကားများ ကျွမ်းကျင်စွာ ပြောနိုင်သည်။

ကလေးဘဝကတည်းက ပြိုင်ပွဲဝင်အဆင့် ဂေါ့ဖ်ရိုက်ခဲ့ပြီး ပြိုင်ပွဲများစွာ အနိုင်ရခဲ့သော်လည်း နောက်ပိုင်းတွင် ထိခိုက်ဒဏ်ရာရရှိမှုကြောင့် အားကစားလောကမှ နှုတ်ထွက်လိုက်ရသည်။

သို့သော် အပန်းဖြေသည့်အနေဖြင့် ဆက်လက်ကစားနေဆဲဖြစ်ပြီး သူ၏ လူမှုကွန်ရက်ပို့စ်များတွင် မကြာခဏတွေ့ရသည်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် Win Metawin သည် ကိုယ်ပိုင် ဖက်ရှင်အမှတ်တံဆိပ် Velence ဟူသော အမည်ဖြင့် အဝတ်အစားနှင့် ဦးထုပ်များ ထုတ်လုပ်ခဲ့ကာ အမြတ်အစွန်းများမှ တစိတ်တပိုင်းကို မိဘမဲ့ကလေးများအား လှူဒါန်းခဲ့၏။

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် Win Metawin သည် အဖွဲ့အစည်း ၅ ခုသို့ ဒေါ်လာ ၁၀၀၀၀၀ စီ လှူဒါန်းခဲ့သည်။

Win Metawin တို့ မိသားစုသည် Charlotte အမည်ရှိ ချီဟွားဟွားခွေးမလေးတစ်ကောင် မွေးထားပြီး ၂၀၂၁ ခုနှစ်တွင်လည်း Shetland Sheepdog ခွေး ၂ ကောင်မွေးခဲ့ကာ Bentley နှင့် Cartier ဟု အမည်ပေးထားသည်။

Win Metawin သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်တွင် Velato အမည်ဖြင့် ရေခဲမုန့်အမှတ်တံဆိပ် တစ်ခု ထုတ်လုပ်ခဲ့သည်။

Win Metawin သည် နိုဝင်ဘာလ ၈ ရက်က ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော "Omega Her Time" ပွဲတွင် ကိုရီးယားကြယ်ပွင့် Han So Hee နှင့်အတူရှိနေခဲ့သော ဓာတ်ပုံမှာ ကိုရီးယားသတင်းမီဒီယာများတွင် ဟိုးလေးတကြော်ဖြစ်ကာ ပျံ့နှံ့ခဲ့သေးသည်။

(Win Metawin ၏ စံအိမ်)

Win Metawin သည် သူ၏ စံအိမ်အကြောင်း သတင်းမီဒီယာများအား သီးခြားထုတ်ဖော်ပြောဆိုလေ့ မရှိသော်လည်း သူ၏ အင်စတာဂရမ် လူမှုကွန်ရက်အကောင့်တွင်မူ နေအိမ်အတွင်း ရိုက်ကူးလေ့ရှိသည့် သူ၏ဓာတ်ပုံများမှတဆင့် နေအိမ်မြင်ကွင်းများကို ပရိသတ်များ တွေ့ခွင့်ရကြသည်။

ထို့အပြင် Win Metawin က သူ၏ နေအိမ်ပုံကို လူမှုကွန်ရက်တွင် တင်ခဲ့ရာ လူမှုကွန်ရက် သုံးစွဲသူ အချို့ကမူ Win Metawin သည် သူ၏စံအိမ်ကို ထုတ်ကြွားသည်ဟု ဝေဖန်ကြသည်။

ထိုသို့ ဝေဖန်ကြမှုအပေါ် Win Metawin က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှတဆင့် ဖြေရှင်းခဲ့ပုံမှာ လူမှုကွန်ရက် တွင် တင်ခဲ့သော သူ၏ အိမ်မှာ သာမန်အိမ်တစ်လုံးသာဖြစ်ကြောင်း၊ ခမ်းနားကြီးကျယ်လှသော စံအိမ်ကြီး မဟုတ်ကြောင်း၊ ထို့အပြင် မိမိမှာလည်း သာမန်လူတစ်ဦးသာဖြစ်ကြောင်း၊ ပိုမိုကောင်းမွန်သည့် ဘဝမျိုး ရောက်ရန် များစွာကြိုးစားရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Win Metawin ၏ အင်စတာဂရမ်အကောင့်မှာ Follower ၂ သန်းကျော် ရှိသည်။

Win Metawin ကို တရုတ်အမည် လင်ဟန်ကျိုး (Lin Hanzhou) ဟုလည်း ခေါ်ကြသည်။

အဆိုပါ တရုတ်အမည်မှာ မိသားစုထဲမှ လူကြီးများက ပေးခဲ့ခြင်းဖြစ်ပြီး Cui Hao ၏ ရှေးဟောင်းတရုတ်ကဗျာ အဝါရောင်ကြိုးကြားမျှော်စင်ဟူသော ကဗျာမှ နာမည်ကြီးကဗျာစာသားများမှ ရယူထားခြင်းဖြစ်သည်ဟု ဆိုသည်။

သူ၏ ထိုင်းဒရာမာ ဇာတ်ကားဖြစ်သော "Fake Puppets Tiancheng (Just Because We Are Born to Be a Couple)" မှာ ထိုင်းတွင် နေ့ချင်းညချင်း နာမည်ကြီးခဲ့ရုံမျှမက တရုတ်ပြည်မှ ရုပ်ရှင်ပရိသတ်များကလည်း များစွာနှစ်သက်ခဲ့ကြသည်။

Win Metawin သည် အခြား ရုပ်ရှင်သရုပ်ဆောင်တစ်ဦးနှင့်အတူ "ยังคู่กัน/ Still Old" အမည်ရှိ သီချင်းတစ်ပုဒ် သီဆိုခဲ့ရာတွင်လည်း လူကြိုက်များခဲ့သည်။

သူ၏ ကျော်ကြားမှုမှာ တစထက်တစကြီးထွားလာကာ လူအများ၏ အာရုံစိုက်မှုပမာဏ အလွန်မြင့်မားလာ သောကြောင့် လုပ်ငန်းရှင်များစွာကလည်း အာရုံစိုက်လာကြသည်။

Win Metawin သည် လက်ရှိအားဖြင့် ကုန်စည်အမှတ်တံဆိပ်များစွာကို ကြော်ငြာပေးလျက်ရှိသည်။

Win Metawin သည် ချောမော၊ နှစ်လိုဖွယ်ကောင်း၏။ modest and polite ၏။

လူမှုကွန်ရက်သုံးစွဲသူအချို့က သူ့ကို ဘန်ကောက်၏ မြင့်မြတ်သောသားဟု ခေါ်ကြသည်။

သူ၏ သူငယ်ချင်းများကမူ သခင်လေးဟု ခေါ်ကြသည်။

Win Metawin တို့တွင် မိသားစုဝင် ၆ ဦးရှိပြီး ချစ်ခင်ပျော်ရွှင်စွာ နေထိုင်ကြသည်။

ရုံးဖွင့်ရက်များတွင် အားလုံးမအားလပ်ကြ။ ရုံးပိတ်ရက်များတွင် တမိသားစုလုံး တစုတဝေးတည်း ဈေးဝယ်ထွက်ကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I will show you to Win Metawin, a noble son in Bangkok, Thailand, Lin Hanzhou

[Zawgyi]

နာမည္ၾကီး ထိုင္းမင္းသား Win Metawin ၏ စံအိမ္

ထိုင္းမင္းသား Win Metawin ၏ အမည္ရင္းမွာ Metawin Opas-iamkajorn (ထိုင္းဘာသာအားျဖင့္ เมธวิน โอภาสเอี่ยมขจร) ျဖစ္ျပီး ၁၉၉၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၁ ရက္တြင္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ျမိဳ႕၌ ေမြးဖြားသည္။

Win Metawin သည္ ကမၻာ့အဆင့္နာမည္ၾကီးလူသိမ်ားေသာ ထိုင္းရုပ္ရွင္မင္းသား၊ ေမာ္ဒယ္၊ အဆိုေတာ္တစ္ဦးျဖစ္သည္။ အႏုပညာေလာကသို႔ ၂၀၂၀ ျပည့္ႏွစ္တြင္ စတင္ဝင္ေရာက္ခဲ့သူ ျဖစ္သည္။

Win Metawin ကို နာမည္ၾကီးေစခဲ့သည့္ ရုပ္ရွင္ဇာတ္လမ္းတြဲမ်ားကား 2gether ဇာတ္လမ္းတြဲႏွင့္ ထိုင္း F4 ဇာတ္လမ္းတြဲ Boys Over Flowers တြင္ Kevin အျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့ျခင္းမ်ား ျဖစ္သည္။

ခ်မ္းသာေသာ မိသားစုမွ ေမြးဖြားျပီး ေမြးခ်င္း ၄ ေယာက္အနက္ တတိယေျမာက္သား ျဖစ္သည္။

၁၁ တန္း (အထက္တန္း) ေက်ာင္းသားဘဝတြင္ student exchange အစီအစဥ္ျဖင့္ အေမရိကန္ျပည္ေထာင္စု၊ အိုင္အိုဝါျပည္နယ္ရွိ Belmond–Klemme Community School District တြင္ တက္ေရာက္ခြင့္ရခဲ့သည္။

အေမရိကမွ ထိုင္းသို႔ ျပန္ေရာက္ခ်ိန္တြင္ ၁၂ တန္းကို ေက်ာ္ကာ Thammasat တကၠသိုလ္ စီးပြားေရးပညာဌာနသို႔ တိုက္ရိုက္တက္ေရာက္ခြင့္ရခဲ့ျပီး ၂၀၂၀ ျပည့္ႏွစ္တြင္ ေက်ာင္းျပီးခဲ့သည္။

ဘြဲ႔ႏွင္းသဘင္အခမ္းအနားမွာ Covid-19 ေၾကာင့္ ဆိုင္းင့့ံထားခဲ့ရျပီး ၂၀၂၂ ခုႏွစ္၊ မတ္လ ၂၇ ရက္တြင္ ဘြဲ႔ယူႏိုင္ခဲ့သည္။

Win Metawin သည္ ထိုင္း၊ အဂၤလိပ္ႏွင့္ တရုတ္စကားမ်ား ကၽြမ္းက်င္စြာ ေျပာႏိုင္သည္။

ကေလးဘဝကတည္းက ျပိဳင္ပြဲဝင္အဆင့္ ေဂါ့ဖ္ရိုက္ခဲ့ျပီး ျပိဳင္ပြဲမ်ားစြာ အႏုိင္ရခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ထိခိုက္ဒဏ္ရာရရွိမႈေၾကာင့္ အားကစားေလာကမွ ႏႈတ္ထြက္လိုက္ရသည္။

သို႔ေသာ္ အပန္းေျဖသည့္အေနျဖင့္ ဆက္လက္ကစားေနဆဲျဖစ္ျပီး သူ၏ လူမႈကြန္ရက္ပို႔စ္မ်ားတြင္ မၾကာခဏေတြ႔ရသည္။

၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လတြင္ Win Metawin သည္ ကိုယ္ပိုင္ ဖက္ရွင္အမွတ္တံဆိပ္ Velence ဟူေသာ အမည္ျဖင့္ အဝတ္အစားႏွင့္ ဦးထုပ္မ်ား ထုတ္လုပ္ခဲ့ကာ အျမတ္အစြန္းမ်ားမွ တစိတ္တပိုင္းကို မိဘမဲ့ကေလးမ်ားအား လွဴဒါန္းခဲ့၏။

၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလတြင္ Win Metawin သည္ အဖြဲ႔အစည္း ၅ ခုသို႔ ေဒၚလာ ၁၀၀၀၀၀ စီ လွဴဒါန္းခဲ့သည္။

Win Metawin တို႔ မိသားစုသည္ Charlotte အမည္ရွိ ခ်ီဟြားဟြားေခြးမေလးတစ္ေကာင္ ေမြးထားျပီး ၂၀၂၁ ခုႏွစ္တြင္လည္း Shetland Sheepdog ေခြး ၂ ေကာင္ေမြးခဲ့ကာ Bentley ႏွင့္ Cartier ဟု အမည္ေပးထားသည္။

Win Metawin သည္ ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္တြင္ Velato အမည္ျဖင့္ ေရခဲမုန္႔အမွတ္တံဆိပ္ တစ္ခု ထုတ္လုပ္ခဲ့သည္။

Win Metawin သည္ ႏိုဝင္ဘာလ ၈ ရက္က ဘန္ေကာက္ျမိဳ႕တြင္ က်င္းပခဲ့ေသာ "Omega Her Time" ပြဲတြင္ ကိုရီးယားၾကယ္ပြင့္ Han So Hee ႏွင့္အတူရွိေနခဲ့ေသာ ဓာတ္ပံုမွာ ကိုရီးယားသတင္းမီဒီယာမ်ားတြင္ ဟိုးေလးတေၾကာ္ျဖစ္ကာ ပ်ံ႕ႏွံ႔ခဲ့ေသးသည္။

(Win Metawin ၏ စံအိမ္)

Win Metawin သည္ သူ၏ စံအိမ္အေၾကာင္း သတင္းမီဒီယာမ်ားအား သီးျခားထုတ္ေဖာ္ေျပာဆိုေလ့ မရွိေသာ္လည္း သူ၏ အင္စတာဂရမ္ လူမႈကြန္ရက္အေကာင့္တြင္မူ ေနအိမ္အတြင္း ရိုက္ကူးေလ့ရွိသည့္ သူ၏ဓာတ္ပံုမ်ားမွတဆင့္ ေနအိမ္ျမင္ကြင္းမ်ားကို ပရိသတ္မ်ား ေတြ႔ခြင့္ရၾကသည္။

ထို႔အျပင္ Win Metawin က သူ၏ ေနအိမ္ပံုကို လူမႈကြန္ရက္တြင္ တင္ခဲ့ရာ လူမႈကြန္ရက္ သံုးစြဲသူ အခ်ဳိ႕ကမူ Win Metawin သည္ သူ၏စံအိမ္ကို ထုတ္ၾကြားသည္ဟု ေဝဖန္ၾကသည္။

ထိုသို႔ ေဝဖန္ၾကမႈအေပၚ Win Metawin က ေတြ႔ဆံုေမးျမန္းခန္းတစ္ခုမွတဆင့္ ေျဖရွင္းခဲ့ပံုမွာ လူမႈကြန္ရက္ တြင္ တင္ခဲ့ေသာ သူ၏ အိမ္မွာ သာမန္အိမ္တစ္လံုးသာျဖစ္ေၾကာင္း၊ ခမ္းနားၾကီးက်ယ္လွေသာ စံအိမ္ၾကီး မဟုတ္ေၾကာင္း၊ ထို႔အျပင္ မိမိမွာလည္း သာမန္လူတစ္ဦးသာျဖစ္ေၾကာင္း၊ ပိုမိုေကာင္းမြန္သည့္ ဘဝမ်ဳိး ေရာက္ရန္ မ်ားစြာၾကိဳးစားရဦးမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

Win Metawin ၏ အင္စတာဂရမ္အေကာင့္မွာ Follower ၂ သန္းေက်ာ္ ရွိသည္။

Win Metawin ကို တရုတ္အမည္ လင္ဟန္က်ဳိး (Lin Hanzhou) ဟုလည္း ေခၚၾကသည္။

အဆိုပါ တရုတ္အမည္မွာ မိသားစုထဲမွ လူၾကီးမ်ားက ေပးခဲ့ျခင္းျဖစ္ျပီး Cui Hao ၏ ေရွးေဟာင္းတရုတ္ကဗ်ာ အဝါေရာင္ၾကိဳးၾကားေမွ်ာ္စင္ဟူေသာ ကဗ်ာမွ နာမည္ၾကီးကဗ်ာစာသားမ်ားမွ ရယူထားျခင္းျဖစ္သည္ဟု ဆိုသည္။

သူ၏ ထိုင္းဒရာမာ ဇာတ္ကားျဖစ္ေသာ "Fake Puppets Tiancheng (Just Because We Are Born to Be a Couple)" မွာ ထိုင္းတြင္ ေန႔ခ်င္းညခ်င္း နာမည္ၾကီးခဲ့ရံုမွ်မက တရုတ္ျပည္မွ ရုပ္ရွင္ပရိသတ္မ်ားကလည္း မ်ားစြာႏွစ္သက္ခဲ့ၾကသည္။

Win Metawin သည္ အျခား ရုပ္ရွင္သရုပ္ေဆာင္တစ္ဦးႏွင့္အတူ "ยังคู่กัน/ Still Old" အမည္ရွိ သီခ်င္းတစ္ပုဒ္ သီဆိုခဲ့ရာတြင္လည္း လူၾကိဳက္မ်ားခဲ့သည္။

သူ၏ ေက်ာ္ၾကားမႈမွာ တစထက္တစၾကီးထြားလာကာ လူအမ်ား၏ အာရံုစိုက္မႈပမာဏ အလြန္ျမင့္မားလာ ေသာေၾကာင့္ လုပ္ငန္းရွင္မ်ားစြာကလည္း အာရံုစိုက္လာၾကသည္။

Win Metawin သည္ လက္ရွိအားျဖင့္ ကုန္စည္အမွတ္တံဆိပ္မ်ားစြာကို ေၾကာ္ျငာေပးလ်က္ရွိသည္။

Win Metawin သည္ ေခ်ာေမာ၊ ႏွစ္လိုဖြယ္ေကာင္း၏။ modest and polite ၏။

လူမႈကြန္ရက္သံုးစြဲသူအခ်ဳိ႕က သူ႔ကို ဘန္ေကာက္၏ ျမင့္ျမတ္ေသာသားဟု ေခၚၾကသည္။

သူ၏ သူငယ္ခ်င္းမ်ားကမူ သခင္ေလးဟု ေခၚၾကသည္။

Win Metawin တုိ႔တြင္ မိသားစုဝင္ ၆ ဦးရွိျပီး ခ်စ္ခင္ေပ်ာ္ရႊင္စြာ ေနထုိင္ၾကသည္။

ရံုးဖြင့္ရက္မ်ားတြင္ အားလံုးမအားလပ္ၾက။ ရံုးပိတ္ရက္မ်ားတြင္ တမိသားစုလံုး တစုတေဝးတည္း ေစ်းဝယ္ထြက္ၾကသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I will show you to Win Metawin, a noble son in Bangkok, Thailand, Lin Hanzhou

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
kalaw-garden-valley
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service