အင်္ဂလန်လက်ရွေးစင်ဘောလုံးသမားများ၏ ချစ်သူ၊ ဇနီးများ ကာတာကမ္ဘာ့ဖလားတွင် တည်းခိုလျက်ရှိသည့် တိုက်တန်းနစ်သင်္ဘောထက် ၄ ဆကြီးမားသော ဇိမ်ခံသင်္ဘောကြီး

အင်္ဂလန်လက်ရွေးစင်ဘောလုံးသမားများ၏ ချစ်သူ၊ ဇနီးများ ကာတာကမ္ဘာ့ဖလားတွင် တည်းခိုလျက်ရှိသည့် တိုက်တန်းနစ်သင်္ဘောထက် ၄ ဆကြီးမားသော ဇိမ်ခံသင်္ဘောကြီး - Property News in Myanmar from iMyanmarHouse.com
23 Nov 2022 10:52 am တွင် တင်ခဲ့သည်
1901 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးတွင် အင်္ဂလန်လက်ရွေးစင်အသင်း ဘောလုံးသမားများ၏ ချစ်သူများ၊ ဇနီးများ (WAGs) တို့သည် ကာတာတွင် ဆိုက်ကပ်ထားသည့် MSC World Europa အမည်ရှိ ဇိမ်ခံသင်္ဘောကြီးပေါ်တွင် တည်းခိုနေထိုင်ရင်း ကမ္ဘာ့ဖလားဘောလုံးပွဲကာလကို ဖြတ်သန်းကြမည် ဖြစ်သည်။

 

MSC World Europa သည် တန်ကြေး ပေါင် ၁ ဘီလီယံရှိပြီး တိုက်တန်းနစ်သင်္ဘောကြီးထက် ၄ ဆကြီးမားကာ ၂၀၂၂ ခုနှစ်ကမှ ဆောက်လုပ်ပြီးစီးခဲ့သည့် သင်္ဘောသစ်ကြီး ဖြစ်သည်။

 

 

 

 

 

 

(MSC World Europa သင်္ဘောကြီး အချက်အလက်များ)

 

 

ဆောက်လုပ်ပြီးစီးသည့်ခုနှစ်- ၂၀၂၂

လွှင့်ထူထားသောအလံ- မာလ်တာနိုင်ငံ

ဆောက်လုပ်သည့်ကုမ္ပဏီ- Chantiers de l’Atlantique (Saint-Nazaire, STX France)

ဆောက်လုပ်မှုကုန်ကျစရိတ်- ယူရို ၁ ဒသမ ၁၂၅ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၂၅၅ ဘီလီယံ)

မြန်နှုန်း- တစ်နာရီလျှင် ရေမိုင် ၂၃ မိုင်

အလျား- ၁၀၉၃ ပေ

ဗျက်- ၁၅၄ ပေ

အလေးချိန်- ၂၀၅၇၀၀ တန်

လိုက်ပါနိုင်သောခရီးသည်- ၅၂၄၀ မှ ၆၇၈၂ ကြား

သင်္ဘောအမှုထမ်းပမာဏ- ၂၁၃၈

ခရီးသည်အခန်းပေါင်း- ၂၆၃၃ ခန်း

ပိုင်ရှင်- Mediterranean Shipping Company (MSC)

 

 (ကာတာကမ္ဘာ့ဖလားတွင် ရေပေါ်ဟိုတယ်အဖြစ် အသုံးပြုလျက်ရှိသည့် အပျော်စီးသင်္ဘောကြီး၏ အခန်းခများမှာ အနည်းဆုံး တစ်ညလျှင် ဒေါ်လာ ၂၂၀ မှ စတင်သည်)

 

MSC Cruises ကုမ္ပဏီက ယခုနှစ်တွင် စတင်ရေချလိုက်သော အပျော်စီးသင်္ဘောသစ်ကြီး the MSC World Europa သည် လက်ရှိအားဖြင့် ကာတာနိုင်ငံ ၊ ဒိုဟာမြို့ဆိပ်ကမ်းတွင် ကျောက်ချရပ်နားထားပြီး ကမ္ဘာ့ဖလား ဘောလုံးပွဲကာလအတွင်း ဘောလုံးပရိသတ် ထောင်ပေါင်းများစွာကို လက်ခံတည်းခိုခွင့်ပေးသွားမည် ဖြစ်သည်။

 

 

(ကာတာနိုင်ငံတွင် ဆိုက်ကပ်ထားသော MSC World Europa အပျော်စီးသင်္ဘောကြီး။ ဓာတ်ပုံ-hasan zaidi/Getty Images)

ကမ္ဘာ့အကြီးမားဆုံး သင်္ဘောကျင်းကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သည့် Chantiers de l'Atlantique သင်္ဘောကျင်း (ပြင်သစ်နိုင်ငံ) တွင် MSC World Europa အပျော်စီးသင်္ဘောကြီးကို ၂၀၁၉ ခုနှစ်မှ စတင်ကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် အောက်တိုဘာလတွင် သင်္ဘောကြီးကို အပြီးသတ်ဆောက်လုပ်ပြီးစီးခဲ့ကာ MSC Cruises ကုမ္ပဏီထံ အောက်တိုဘာလအတွင်း လွှဲပြောင်းပေးအပ်ခဲ့သည်။

MSC World Europa အပျော်စီးသင်္ဘောကြီးသည် ဒီဇင်ဘာလအတွင်း အရှေ့အလယ်ပိုင်းဒေသဝန်းကျင်တွင် ပထမဆုံးခရီးစဉ်ကို ထွက်ခွာရန် စီစဉ်ထားသည်။

MSC World Europa သင်္ဘောကြီးကို ကာတာကမ္ဘာ့ဖလားတွင် ဘောလုံးပွဲပရိသတ်များအတွက် နိုဝင်ဘာလ ၁၉ ရက်မှ ဒီဇင်ဘာလ ၁၉ ရက်အထိ ဟိုတယ်အဖြစ် အသုံးပြုကြစေရန် ရွေးချယ်ခြင်းခံခဲ့ရသည်။

MSC World Europa သင်္ဘောကြီးသည် အပျော်စီးသင်္ဘောများအနက် ကမ္ဘာပေါ်တွင် အကြီးမားဆုံးဖြစ်ပြီး တန်ချိန် ၂၁၅၈၆၃ ရှိသည်။

နှိုင်းယှဉ်ချက်အားဖြင့် ကြည့်မည်ဆိုလျှင် တိုက်တန်းနစ်သင်္ဘောကြီး၏ တန်ချိန်မှာ ၄၆၃၂၈ ဖြစ်ရာ MSC World Europa မှာ တိုက်တန်းနစ်ထက် ၄ ဆပိုမိုကြီးမားသည်။

 

 

(MSC World Europa အပျော်စီးသင်္ဘောကြီးပေါ်ရှိ ရေကူးကန်ဘေးတွင် ဧည့်သည်များ အနားယူနေကြပုံ။ကာတာနိုင်ငံ ၊ ဒိုဟာမြို့၊ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၁၂ ရက် ။ဓာတ်ပုံ-Anthony Devlin/Getty Images/MSC Cruises)

 

MSC ကုမ္ပဏီပိုင် အခြားအပျော်စီး သင်္ဘော ၂ စင်း ဖြစ်သော MSC Poesia နှင့် MSC Opera တို့သည်လည်း လက်ရှိအားဖြင့် ကမ္ဘာ့ဖလားဘောလုံးပွဲ ပရိသတ်များ တည်းခိုနိုင်ရန် ဒိုဟာမြို့တွင် ဆိုက်ကပ်ထားသည်။

MSC ကုမ္ပဏီတွင် အပျော်စီးသင်္ဘော ၂၂ စင်းရှိသည်။

အလွန်တရာကြီးမားလှသော MSC World Europa သင်္ဘောကြီးတွင် အထပ်ပေါင်း ၂၂ ထပ်ရှိပြီး အိပ်စက်ခန်းပေါင်း ၂၆၂၆ ရှိရာ ဧည့်သည်ပေါင်း ၆၇၀၀ ကျော် တပြိုင်နက်တည်း တည်းခိုနိုင်သည်။

 

(MSC World Europa သင်္ဘောကြီးမှ အထပ်တစ်ထပ်။ ဓာတ်ပုံ-MSC Cruises)

 

သင်္ဘောကြီးတွင် သင်္ဘောအမှုထမ်းပေါင်း ၂၁၃၈ ဦးအတွက် လုံလောက်သည့် နေရာအကျယ်အဝန်းရှိသည်။

 

(သင်္ဘောကြီးတွင် ရွက်လှေ ကလပ်တစ်ခု ထားရှိပြီး အရေးကြီးပုဂ္ဂိုလ် ဧည့်သည်တော်များအတွက် သီးသန့်နေရာဖြစ်သည်။)(အပေါ်ဆုံးထပ်နှင့် ရွက်လှေကလပ်။ ဓာတ်ပုံ-MSC Cruises)

 

ရွက်လှေကလပ်တွင် အိပ်ခန်းပေါင်း ၁၅၂ ခန်းပါဝင်ကာ သီးသန့်ရေကူးကန် ၁ ခုနှင့် ၂၄ နာရီ အခန်းဝန်ဆောင်မှုတို့ ပါဝင်သည်။

MSC World Europa သင်္ဘောကြီး ပထမဆုံးထွက်ရှိမည့် ၉ ရက်ကြာ ခရီးစဉ်တွင် ရွက်လှေကလပ်အခန်းမှ လိုက်ပါမည်ဆိုပါက အနည်းဆုံး ၂၂၉၀ ဒေါ်လာမှ စတင်ကျသင့်မည်ဖြစ်သည်။

 

(သင်္ဘောပေါ်မှ Junior suite အခန်းတစ်ခန်း။ ဓာတ်ပုံ- MSC Cruises)

MSC World Europa သင်္ဘောကြီးပေါ်တွင် ငှားရမ်းတည်းခိုနိုင်မည့် အခန်းအမျိုးအစား ၄ မျိုးရှိရာ interior, balcony, suite နှင့် yacht club တို့ ဖြစ်ကြသည်။

Interior အမျိုးအစား အခန်းများတွင် ပြတင်းပေါက်များ မပါဝင်ချေ။

ကမ္ဘာ့ဖလားကာလအတွင်း သင်္ဘောကြီးကို ဒိုဟာမြို့တွင် ဆိုက်ကပ်ထားမည်ဖြစ်ကာ ရေပေါ်ဟိုတယ်တစ်လုံး အဖြစ် အသုံးပြုသွားမည် ဖြစ်သည်။

MSC World Europa အပျော်စီးသင်္ဘောကြီးပေါ်တွင် တစ်ညတာတည်းခိုခမှာ အနည်းဆုံး ဒေါ်လာ ၂၂၀ မှစသည်။

ကမ္ဘာ့ဖလားပွဲစဉ်များ အပေါ်မူတည်ကာ ဈေးနှုန်းအတက်အကျ ရှိမည်ဖြစ်သည်။

သင်္ဘောကြီးပေါ်တွင် ကမ္ဘာ့ရှည်လျားဆုံး လျှောစီးဆလိုက်ကြီးတစ်ခု ရှိပြီး အထပ်ပေါင်း ၁၁ ထပ်အမြင့်ရှိသည်။

 

(သင်္ဘောကြီးပေါ်မှ နာမည်ကြီး လျှောစီးဆလိုက်ကြီး ။ ဓာတ်ပုံ-MSC Cruises)

 

(သင်္ဘောကြီး၏ အပေါ်ထပ်။ ဓာတ်ပုံ-MSC Cruises)

သင်္ဘောပေါ်တွင် အပူပေးစနစ်သုံး ရေစိမ်ကန်များပါသော Spa တစ်ခု ၊ လူကြီးသီးသန့် ရေကူးကန်များနှင့် ကလေးများအတွက် ရေကစားရန်နေရာများလည်း ရှိသည်။

ထို့အပြင် ညစာစားရန်နေရာ ၁၀ ခု ၊ ပင်မစားသောက်ဆိုင် ၄ ခု ၊ ဘူဖေးနေရာ ၃ ခုနှင့် အထူးစားသောက်ဆိုင် ၆ ခုတို့လည်း ရှိသည်။

(MSC World Europa သင်္ဘောကြီးပေါ်မှ စားသောက်ဆိုင်။ ဓာတ်ပုံ-MSC Cruises)

သင်္ဘောပေါ်တွင် အရက်ဘား ၂၁ ခုအပြင် ကာစီနို တစ်ခုလည်း ပါဝင်သည်။

 

(သင်္ဘောပေါ်မှ အရက်ဘား။ ဓာတ်ပုံ-MSC Cruises)

MSC World Europa အပျော်စီးသင်္ဘောကြီးသည် ဆောင်းရာသီခရီးစဉ် ပြီးဆုံးပါက မြေထဲပင်လယ်တွင် ကျင်လည်သွားလာမည်ဟု ခန့်မှန်းရသည်။

 

(သင်္ဘောပေါ်မှ ရုပ်ရှင်ရုံ။ ဓာတ်ပုံ-MSC Cruises)

MSC World Europa အပျော်စီးသင်္ဘောကြီးသည် ဧပြီလ ၁၆ ရက်မှစတင်ကာ နွေရာသီခရီးစဉ်များ ပြေးဆွဲမည်ဖြစ်သည်။

ဥရောပ ၆ နေရာဖြစ်သော Barcelona, Marseille, Genoa, Naples, Messina နှင့် Malta တို့အကြား ၈ ရက်ကြာခရီးစဉ်များ ပြေးဆွဲသွားမည်ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: England's WAGs land in Qatar ahead of World Cup opener and head to £1billion cruise (dailystar)

 

 

[Zawgyi]

အဂၤလန္လက္ေရြးစင္ေဘာလံုးသမားမ်ား၏ ခ်စ္သူ၊ ဇနီးမ်ား ကာတာကမၻာ့ဖလားတြင္ တည္းခိုလ်က္ရွိသည့္ တိုက္တန္းနစ္သေဘၤာထက္ ၄ ဆၾကီးမားေသာ ဇိမ္ခံသေဘၤာၾကီး

၂၀၂၂ ကာတာ ကမၻာ့ဖလားေဘာလံုးျပိဳင္ပဲြၾကီးတြင္ အဂၤလန္လက္ေရြးစင္အသင္း ေဘာလံုးသမားမ်ား၏ ခ်စ္သူမ်ား၊ ဇနီးမ်ား (WAGs) တို႔သည္ ကာတာတြင္ ဆိုက္ကပ္ထားသည့္ MSC World Europa အမည္ရွိ ဇိမ္ခံသေဘၤာၾကီးေပၚတြင္ တည္းခိုေနထိုင္ရင္း ကမၻာ့ဖလားေဘာလံုးပြဲကာလကို ျဖတ္သန္းၾကမည္ ျဖစ္သည္။

MSC World Europa သည္ တန္ေၾကး ေပါင္ ၁ ဘီလီယံရွိျပီး တိုက္တန္းနစ္သေဘၤာၾကီးထက္ ၄ ဆၾကီးမားကာ ၂၀၂၂ ခုႏွစ္ကမွ ေဆာက္လုပ္ျပီးစီးခဲ့သည့္ သေဘၤာသစ္ၾကီး ျဖစ္သည္။

(MSC World Europa သေဘၤာၾကီး အခ်က္အလက္မ်ား)

ေဆာက္လုပ္ျပီးစီးသည့္ခုႏွစ္- ၂၀၂၂

လႊင့္ထူထားေသာအလံ- မာလ္တာႏိုင္ငံ

ေဆာက္လုပ္သည့္ကုမၸဏီ- Chantiers de l’Atlantique (Saint-Nazaire, STX France)

ေဆာက္လုပ္မႈကုန္က်စရိတ္- ယူရို ၁ ဒသမ ၁၂၅ ဘီလီယံ (ကန္ေဒၚလာ ၁ ဒသမ ၂၅၅ ဘီလီယံ)

ျမန္ႏႈန္း- တစ္နာရီလွ်င္ ေရမိုင္ ၂၃ မိုင္

အလ်ား- ၁၀၉၃ ေပ

ဗ်က္- ၁၅၄ ေပ

အေလးခ်ိန္- ၂၀၅၇၀၀ တန္

လိုက္ပါႏိုင္ေသာခရီးသည္- ၅၂၄၀ မွ ၆၇၈၂ ၾကား

သေဘၤာအမႈထမ္းပမာဏ- ၂၁၃၈

ခရီးသည္အခန္းေပါင္း- ၂၆၃၃ ခန္း

ပိုင္ရွင္- Mediterranean Shipping Company (MSC)

(ကာတာကမၻာ့ဖလားတြင္ ေရေပၚဟိုတယ္အျဖစ္ အသံုးျပဳလ်က္ရွိသည့္ အေပ်ာ္စီးသေဘၤာၾကီး၏ အခန္းခမ်ားမွာ အနည္းဆံုး တစ္ညလွ်င္ ေဒၚလာ ၂၂၀ မွ စတင္သည္)

MSC Cruises ကုမၸဏီက ယခုႏွစ္တြင္ စတင္ေရခ်လိုက္ေသာ အေပ်ာ္စီးသေဘၤာသစ္ၾကီး the MSC World Europa သည္ လက္ရွိအားျဖင့္ ကာတာႏိုင္ငံ ၊ ဒိုဟာျမိဳ႕ဆိပ္ကမ္းတြင္ ေက်ာက္ခ်ရပ္နားထားျပီး ကမၻာ့ဖလား ေဘာလံုးပြဲကာလအတြင္း ေဘာလံုးပရိသတ္ ေထာင္ေပါင္းမ်ားစြာကို လက္ခံတည္းခိုခြင့္ေပးသြားမည္ ျဖစ္သည္။

(ကာတာႏိုင္ငံတြင္ ဆိုက္ကပ္ထားေသာ MSC World Europa အေပ်ာ္စီးသေဘၤာၾကီး။ ဓာတ္ပံု-hasan zaidi/Getty Images)

ကမၻာ့အၾကီးမားဆံုး သေဘၤာက်င္းၾကီးမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္သည့္ Chantiers de l'Atlantique သေဘၤာက်င္း (ျပင္သစ္ႏိုင္ငံ) တြင္ MSC World Europa အေပ်ာ္စီးသေဘၤာၾကီးကို ၂၀၁၉ ခုႏွစ္မွ စတင္ကာ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ယခုႏွစ္ ေအာက္တိုဘာလတြင္ သေဘၤာၾကီးကို အျပီးသတ္ေဆာက္လုပ္ျပီးစီးခဲ့ကာ MSC Cruises ကုမၸဏီထံ ေအာက္တိုဘာလအတြင္း လႊဲေျပာင္းေပးအပ္ခဲ့သည္။

MSC World Europa အေပ်ာ္စီးသေဘၤာၾကီးသည္ ဒီဇင္ဘာလအတြင္း အေရွ႕အလယ္ပိုင္းေဒသဝန္းက်င္တြင္ ပထမဆံုးခရီးစဥ္ကို ထြက္ခြာရန္ စီစဥ္ထားသည္။

MSC World Europa သေဘၤာၾကီးကို ကာတာကမၻာ့ဖလားတြင္ ေဘာလံုးပြဲပရိသတ္မ်ားအတြက္ ႏိုဝင္ဘာလ ၁၉ ရက္မွ ဒီဇင္ဘာလ ၁၉ ရက္အထိ ဟိုတယ္အျဖစ္ အသံုးျပဳၾကေစရန္ ေရြးခ်ယ္ျခင္းခံခဲ့ရသည္။

MSC World Europa သေဘၤာၾကီးသည္ အေပ်ာ္စီးသေဘၤာမ်ားအနက္ ကမၻာေပၚတြင္ အၾကီးမားဆံုးျဖစ္ျပီး တန္ခ်ိန္ ၂၁၅၈၆၃ ရွိသည္။

ႏႈိင္းယွဥ္ခ်က္အားျဖင့္ ၾကည့္မည္ဆိုလွ်င္ တိုက္တန္းနစ္သေဘၤာၾကီး၏ တန္ခ်ိန္မွာ ၄၆၃၂၈ ျဖစ္ရာ MSC World Europa မွာ တိုက္တန္းနစ္ထက္ ၄ ဆပိုမိုၾကီးမားသည္။

(MSC World Europa အေပ်ာ္စီးသေဘၤာၾကီးေပၚရွိ ေရကူးကန္ေဘးတြင္ ဧည့္သည္မ်ား အနားယူေနၾကပံု။ကာတာႏိုင္ငံ ၊ ဒိုဟာျမဳိ႕၊ ၂၀၂၂ ခုႏွစ္ ၊ ႏိုဝင္ဘာလ ၁၂ ရက္ ။ဓာတ္ပံု-Anthony Devlin/Getty Images/MSC Cruises)

MSC ကုမၸဏီပိုင္ အျခားအေပ်ာ္စီး သေဘၤာ ၂ စင္း ျဖစ္ေသာ MSC Poesia ႏွင့္ MSC Opera တို႔သည္လည္း လက္ရွိအားျဖင့္ ကမၻာ့ဖလားေဘာလံုးပြဲ ပရိသတ္မ်ား တည္းခုိႏိုင္ရန္ ဒိုဟာျမဳိ႕တြင္ ဆိုက္ကပ္ထားသည္။

MSC ကုမၸဏီတြင္ အေပ်ာ္စီးသေဘၤာ ၂၂ စင္းရွိသည္။

အလြန္တရာၾကီးမားလွေသာ MSC World Europa သေဘၤာၾကီးတြင္ အထပ္ေပါင္း ၂၂ ထပ္ရွိျပီး အိပ္စက္ခန္းေပါင္း ၂၆၂၆ ရွိရာ ဧည့္သည္ေပါင္း ၆၇၀၀ ေက်ာ္ တျပဳိင္နက္တည္း တည္းခုိႏိုင္သည္။

(MSC World Europa သေဘၤာၾကီးမွ အထပ္တစ္ထပ္။ ဓာတ္ပံု-MSC Cruises)

သေဘၤာၾကီးတြင္ သေဘၤာအမႈထမ္းေပါင္း ၂၁၃၈ ဦးအတြက္ လံုေလာက္သည့္ ေနရာအက်ယ္အဝန္းရွိသည္။

(သေဘၤာၾကီးတြင္ ရြက္ေလွ ကလပ္တစ္ခု ထားရွိျပီး အေရးၾကီးပုဂၢိဳလ္ ဧည့္သည္ေတာ္မ်ားအတြက္ သီးသန္႔ေနရာျဖစ္သည္။)

(အေပၚဆံုးထပ္ႏွင့္ ရြက္ေလွကလပ္။ ဓာတ္ပံု-MSC Cruises)

ရြက္ေလွကလပ္တြင္ အိပ္ခန္းေပါင္း ၁၅၂ ခန္းပါဝင္ကာ သီးသန္႔ေရကူးကန္ ၁ ခုႏွင့္ ၂၄ နာရီ အခန္းဝန္ေဆာင္မႈတို႔ ပါဝင္သည္။

MSC World Europa သေဘၤာၾကီး ပထမဆံုးထြက္ရွိမည့္ ၉ ရက္ၾကာ ခရီးစဥ္တြင္ ရြက္ေလွကလပ္အခန္းမွ လိုက္ပါမည္ဆိုပါက အနည္းဆံုး ၂၂၉၀ ေဒၚလာမွ စတင္က်သင့္မည္ျဖစ္သည္။

(သေဘၤာေပၚမွ Junior suite အခန္းတစ္ခန္း။ ဓာတ္ပံု- MSC Cruises)

MSC World Europa သေဘၤာၾကီးေပၚတြင္ ငွားရမ္းတည္းခိုႏိုင္မည့္ အခန္းအမ်ဳိးအစား ၄ မ်ဳိးရွိရာ interior, balcony, suite ႏွင့္ yacht club တို႔ ျဖစ္ၾကသည္။

Interior အမ်ဳိးအစား အခန္းမ်ားတြင္ ျပတင္းေပါက္မ်ား မပါဝင္ေခ်။

ကမၻာ့ဖလားကာလအတြင္း သေဘၤာၾကီးကို ဒိုဟာျမဳိ႕တြင္ ဆိုက္ကပ္ထားမည္ျဖစ္ကာ ေရေပၚဟိုတယ္တစ္လံုး အျဖစ္ အသံုးျပဳသြားမည္ ျဖစ္သည္။

MSC World Europa အေပ်ာ္စီးသေဘၤာၾကီးေပၚတြင္ တစ္ညတာတည္းခိုခမွာ အနည္းဆံုး ေဒၚလာ ၂၂၀ မွစသည္။

ကမၻာ့ဖလားပြဲစဥ္မ်ား အေပၚမူတည္ကာ ေစ်းႏႈန္းအတက္အက် ရွိမည္ျဖစ္သည္။

သေဘၤာၾကီးေပၚတြင္ ကမၻာ့ရွည္လ်ားဆံုး ေလွ်ာစီးဆလိုက္ၾကီးတစ္ခု ရွိျပီး အထပ္ေပါင္း ၁၁ ထပ္အျမင့္ရွိသည္။

(သေဘၤာၾကီးေပၚမွ နာမည္ၾကီး ေလွ်ာစီးဆလုိက္ၾကီး ။ ဓာတ္ပံု-MSC Cruises)

(သေဘၤာၾကီး၏ အေပၚထပ္။ ဓာတ္ပံု-MSC Cruises)

သေဘၤာေပၚတြင္ အပူေပးစနစ္သံုး ေရစိမ္ကန္မ်ားပါေသာ Spa တစ္ခု ၊ လူၾကီးသီးသန္႔ ေရကူးကန္မ်ားႏွင့္ ကေလးမ်ားအတြက္ ေရကစားရန္ေနရာမ်ားလည္း ရွိသည္။

ထို႔အျပင္ ညစာစားရန္ေနရာ ၁၀ ခု ၊ ပင္မစားေသာက္ဆိုင္ ၄ ခု ၊ ဘူေဖးေနရာ ၃ ခုႏွင့္ အထူးစားေသာက္ဆိုင္ ၆ ခုတို႔လည္း ရွိသည္။

(MSC World Europa သေဘၤာၾကီးေပၚမွ စားေသာက္ဆိုင္။ ဓာတ္ပံု-MSC Cruises)

သေဘၤာေပၚတြင္ အရက္ဘား ၂၁ ခုအျပင္ ကာစီႏို တစ္ခုလည္း ပါဝင္သည္။

(သေဘၤာေပၚမွ အရက္ဘား။ ဓာတ္ပံု-MSC Cruises)

MSC World Europa အေပ်ာ္စီးသေဘၤာၾကီးသည္ ေဆာင္းရာသီခရီးစဥ္ ျပီးဆံုးပါက ေျမထဲပင္လယ္တြင္ က်င္လည္သြားလာမည္ဟု ခန္႔မွန္းရသည္။

(သေဘၤာေပၚမွ ရုပ္ရွင္ရံု။ ဓာတ္ပံု-MSC Cruises)

MSC World Europa အေပ်ာ္စီးသေဘၤာၾကီးသည္ ဧျပီလ ၁၆ ရက္မွစတင္ကာ ေႏြရာသီခရီးစဥ္မ်ား ေျပးဆြဲမည္ျဖစ္သည္။

ဥေရာပ ၆ ေနရာျဖစ္ေသာ Barcelona, Marseille, Genoa, Naples, Messina ႏွင့္ Malta တို႔အၾကား ၈ ရက္ၾကာခရီးစဥ္မ်ား ေျပးဆြဲသြားမည္ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: England's WAGs land in Qatar ahead of World Cup opener and head to £1billion cruise (dailystar)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
shwe-moe-kaung
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service