မန်ချက်စတာယူနိုက်တက်အသင်းကို ရောင်းချရန် အတည်ပြုလိုက်သူ ဂလေဇာမိသားစုက ဖလော်ရီဒါပြည်နယ်မှ ကမ်းခြေစံအိမ်ကြီးကိုလည်း ဒေါ်လာ ၅၅ သန်းဖြင့် အရောင်းဈေးကွက်တင်ထား

မန်ချက်စတာယူနိုက်တက်အသင်းကို ရောင်းချရန် အတည်ပြုလိုက်သူ ဂလေဇာမိသားစုက ဖလော်ရီဒါပြည်နယ်မှ ကမ်းခြေစံအိမ်ကြီးကိုလည်း ဒေါ်လာ ၅၅ သန်းဖြင့် အရောင်းဈေးကွက်တင်ထား - Property News in Myanmar from iMyanmarHouse.com
23 Nov 2022 10:01 am တွင် တင်ခဲ့သည်
810 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မန်ချက်စတာ ယူနိုက်တက်အသင်းကို ၁၇ နှစ်ကြာ ပိုင်ဆိုင်ခဲ့ပြီးနောက် ဂလေဇာမိသားစုက ရောင်းချရန် အတည်ပြုလိုက်သည်။ ဂလေဇာမိသားစုသည် မန်ယူအသင်းကို ၂၀၀၅ ခုနှစ်တွင် ဝယ်ယူခဲ့ပြီးနောက်ပိုင်း ယခင်က ကြွေးမြီမရှိခဲ့သော အသင်းမှာ ပေါင် သန်း ၆၆၀ အကြွေးတင်ခဲ့သည်။

လက်ရှိ အသင်း၏ကြွေးမြီမှာ ပေါင် ၅၁၄ ဒသမ ၉ သန်းဖြစ်သည်။ မန်ယူအသင်း ပရိသတ်များက ဂလေဇာမိသားစုကို ၎င်းတို့ပိုင်ဆိုင်ထားသည့် ၁၇ နှစ်တာအတွင်း ဆန္ဒပြမှုပေါင်း များစွာပြုလုပ်ခဲ့ကြသည်။

ကလပ်ကို ဝယ်ယူပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု မရှိခဲ့ကြသည့်အပေါ် ပရိသတ်များက ရတက်မအေးဖြစ်ခဲ့ကြ ရသည်။ အိုးထရက်ဖို့ဒ်ကွင်းတွင် ကျင်းပသော ကစားပွဲများတွင် မန်ယူပရိသတ်များက “မန်ယူကိုချစ်တယ်။ ဂလေဇာကိုမုန်းတယ်”ဟူသော ကြွေးကြော်သံ အမြဲဟစ်အော်လေ့ရှိကြသည်။

ဂလေဇာမိသားစုက မန်ယူအသင်းကို ရောင်းချရာတွင် ပေါင် ၉ ဘီလီယံ ရလိုသည်ဟု ဆိုသည်။

ယခုနှစ် မေလအတွင်း ရိုမန်အဘရာမိုဗစ်ချ်က အမေရိကန်လုပ်ငန်းရှင် Todd Boehly ထံ ချယ်ဆီးအသင်းကို ရောင်းချရာတွင် ပေါင် ၄ ဒသမ ၂၅ ဘီလီယံ ရရှိခဲ့သည်။

(ဂလေဇာ ညီအစ်ကိုများမှ အငယ်ဆုံးဖြစ်သူ Joel Glazer က ဖလော်ရီဒါပြည်နယ်ရှိ ကမ်းခြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၅၅ သန်းဖြင့် အရောင်းဈေးကွက်တင်)

မဲလ်ကွန် ဂလေဇာ၏ သား ၃ ဦးတွင် Avram Glazer (သားကြီး)၊ Bryan Glazer (သားလတ်) နှင့် Joel Glazer (သားငယ်) တို့ ဖြစ်သည်။

ဂလေဇာမိသားစုသည် အမေရိကန် National Football လိဂ် မှ ဘောလုံးကလပ်ဖြစ်သော Tampa Bay Buccaneers နှင့် အင်္ဂလန် ပရီးမီးယားလိဂ်မှ မန်ချက်စတာ ယူနိုက်တက်အသင်းများကို ပိုင်ဆိုင်ထားသည်။

ယခုအခါ Joel ဂလေဇာနှင့် ဇနီးဖြစ်သူတို့က အမေရိကန်ပြည်ထောင်စု၏ နာမည်အကြီးဆုံး တန်ဖိုးကြီးစံအိမ်ကြီးများ တည်ရှိရာဖြစ်သည့် ဖလော်ရီဒါပြည်နယ်၊ Palm Beach မှ စံအိမ်ကြီးကို အရောင်းဈေးကွက်တင်ထားကြသည်။

ဒေါ်လာ ၅၅ သန်းဈေးခေါ်ထားသော ယခုစံအိမ်ကို ဈေးကွက်အတွင်း ရှားပါးသည့်စံအိမ်အဖြစ် သတ်မှတ်ကြသည်။

“Palm Beach မှာ ဒီလို ၂ ဧကခြံ ရှာလို့ မရနိုင်ပါဘူး။ Palm Beach ဆိုတာ နေအိမ်ခြံဝန်း ကျဉ်းကျဉ်းလေးတွေ နဲ့ ဖွဲ့စည်းထားတဲ့နေရာတစ်ခုပါ။ ဒီလောက်ကျယ်ဝန်းတဲ့ ခြံမျိုးဆိုတာ ကြားဖူးကြမှာ မဟုတ်ပါဘူး” ဟု ဈေးကွက်တင်ပေးခဲ့သော Douglas Elliman အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Gary Pohrer က ပြောသည်။

စံအိမ်အကျယ်အဝန်း ၁၀၁၇၁ စတုရန်းပေရှိပြီး ရေပြင်နှင့် ထိစပ်မှု ပေ ၂၂၀ ရှိသည်။

Joel တို့စုံတွဲသည် ယခုစံအိမ်ကို ၂၀၁၈ ခုနှစ်ကတည်းက ပိုင်ဆိုင်ခဲ့ကြခြင်းဖြစ်ပြီး စံအိမ်၏ တကိုယ်ရေလုံခြုံမှု ကောင်းမွန်ခြင်းကို ၎င်းတို့ဇနီးမောင်နှံ အထူးနှစ်သက်ခဲ့ကြကြောင်း Pohrer က ပြောသည်။

Palm Beach တွင် ခြံဝန်းအနည်းငယ်ကျယ်ပါက ခြံဝန်းအတွင်း နေအိမ်တစ်လုံးထက် ပိုမိုဆောက်လုပ်လေ့ရှိ ကြသည်။

“မြောက်ဘက်မှာရှိတဲ့ အိမ်နီးချင်းခြံမှာဆို ခြံထဲမှာ အိမ် ၂ လုံးရှိတယ်။ တောင်ဘက်က အိမ်မှာ အိမ် ၃ လုံး ရှိတယ်”ဟု Pohrer က ပြောသည်။

(စံအိမ်၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ -Giles Bradford/Douglas Elliman)

(အပြင်ဘက်မြင်ကွင်း။ ဓာတ်ပုံ -Giles Bradford/Douglas Elliman)

(အတွင်းပိုင်း မြင်ကွင်း။ ဓာတ်ပုံ -Giles Bradford/Douglas Elliman)

(အတွင်းပိုင်း မြင်ကွင်း။ ဓာတ်ပုံ -Giles Bradford/Douglas Elliman)

(အတွင်းပိုင်း မြင်ကွင်း။ ဓာတ်ပုံ -Giles Bradford/Douglas Elliman)

စံအိမ်ကြီးကို ၁၉၃၆ ခုနှစ်တွင် Barron Gift Collier ၏ ချွေးမ Isabel Collier Read အတွက် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

Barron Gift Collier သည် အထင်ကရ အိမ်ခြံမြေ Developer တစ်ဦးဖြစ်ပြီး ဖလော်ရီဒါပြည်နယ်မှ Collier ခရိုင်မှာ သူ့အားအစွဲပြုကာ အမည်ပေးထားခြင်း ဖြစ်သည်။

Isabel Collier Read သည် ၂၀၀၈ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ်ရှိပြီ ဖြစ်သည်။

Joel တို့စုံတွဲသည် လွန်ခဲ့သော ၄ နှစ်က ဤစံအိမ်ကို ဝယ်ယူခဲ့ပြီးနောက်ပိုင်း ပြုပြင်မွမ်းမံမှု များစွာပြုလုပ်ခဲ့သည်။

မီးဖိုဆောင်၊ အပေါ်ထပ်မှ ရေချိုးခန်းများ၊ ရုံးခန်းနှင့် ရုပ်ရှင်ရုံခန်းတို့ကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

စံအိမ်အတွင်း အိပ်ခန်း ၄ ခန်းပါဝင်ပြီး ညအိပ်ညနေတည်းခိုမည့် ဧည့်သည်များအတွက် အိပ်ခန်း ၂ ခန်းပါ ဧည့်ဂေဟာအိမ်တစ်လုံးရှိသည်။

ချစ်စရာကောင်းသော ဧည့်ခန်းမှာ ရှေ့နောက် ၂ ဘက်လုံးတွင် သာယာသော ရှုခင်းများ ပိုင်ဆိုင်ထားသည်။

ရှေ့ဘက်တွင် ကြီးမားသည့် ရေကူးကန်ကို တွေ့ရပြီးဖြစ်ပြီး နောက်ဘက်တွင်မူ ပင်လယ်ရေပြင်ကို တွေ့ရမည် ဖြစ်သည်။

(ရေကူးကန်။ ဓာတ်ပုံ -Giles Bradford/Douglas Elliman)

မဲလ်ကွန် ဂလေဇာသည် Tampa Bay Buccaneers ဘောလုံးအသင်းကို ၁၉၉၅ ခုနှစ်တွင် ဝယ်ယူခဲ့ပြီး လက်ရှိတွင် ဂလေဇာ၏ သားသမီး ၆ ဦးက ပူးတွဲပိုင်ဆိုင်ထားကြသည်။

Joel တို့ စုံတွဲသည် Tampa ဒေသတွင် ပိုမိုနေထိုင်ဖြစ်သောကြောင့် ယခုစံအိမ်ကို ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု Pohrer က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(ဆိပ်ခံတံတား။ ဓာတ်ပုံ -Giles Bradford/Douglas Elliman)

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tampa Bay Buccaneers co-owner asking $55 million for Palm Beach mansion (metro, realtor)

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေရာင္းခ်ရန္ အတည္ျပဳလိုက္သူ ဂေလဇာမိသားစုက ဖေလာ္ရီဒါျပည္နယ္မွ ကမ္းေျခစံအိမ္ၾကီးကိုလည္း ေဒၚလာ ၅၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ထား

မန္ခ်က္စတာ ယူႏိုက္တက္အသင္းကို ၁၇ ႏွစ္ၾကာ ပိုင္ဆိုင္ခဲ့ျပီးေနာက္ ဂေလဇာမိသားစုက ေရာင္းခ်ရန္ အတည္ျပဳလုိက္သည္။ ဂေလဇာမိသားစုသည္ မန္ယူအသင္းကို ၂၀၀၅ ခုႏွစ္တြင္ ဝယ္ယူခဲ့ျပီးေနာက္ပိုင္း ယခင္က ေၾကြးျမီမရွိခဲ့ေသာ အသင္းမွာ ေပါင္ သန္း ၆၆၀ အေၾကြးတင္ခဲ့သည္။

လက္ရွိ အသင္း၏ေၾကြးျမီမွာ ေပါင္ ၅၁၄ ဒသမ ၉ သန္းျဖစ္သည္။ မန္ယူအသင္း ပရိသတ္မ်ားက ဂေလဇာမိသားစုကို ၎တို႔ပိုင္ဆိုင္ထားသည့္ ၁၇ ႏွစ္တာအတြင္း ဆႏၵျပမႈေပါင္း မ်ားစြာျပဳလုပ္ခဲ့ၾကသည္။

ကလပ္ကို ဝယ္ယူျပီးေနာက္ပိုင္း ရင္းႏွီးျမွဳပ္ႏွံမႈ မရွိခဲ့ၾကသည့္အေပၚ ပရိသတ္မ်ားက ရတက္မေအးျဖစ္ခဲ့ၾက ရသည္။ အိုးထရက္ဖို႔ဒ္ကြင္းတြင္ က်င္းပေသာ ကစားပြဲမ်ားတြင္ မန္ယူပရိသတ္မ်ားက “မန္ယူကိုခ်စ္တယ္။ ဂေလဇာကိုမုန္းတယ္”ဟူေသာ ေၾကြးေၾကာ္သံ အျမဲဟစ္ေအာ္ေလ့ရွိၾကသည္။

ဂေလဇာမိသားစုက မန္ယူအသင္းကို ေရာင္းခ်ရာတြင္ ေပါင္ ၉ ဘီလီယံ ရလိုသည္ဟု ဆိုသည္။

ယခုႏွစ္ ေမလအတြင္း ရိုမန္အဘရာမိုဗစ္ခ်္က အေမရိကန္လုပ္ငန္းရွင္ Todd Boehly ထံ ခ်ယ္ဆီးအသင္းကို ေရာင္းခ်ရာတြင္ ေပါင္ ၄ ဒသမ ၂၅ ဘီလီယံ ရရွိခဲ့သည္။

(ဂေလဇာ ညီအစ္ကိုမ်ားမွ အငယ္ဆံုးျဖစ္သူ Joel Glazer က ဖေလာ္ရီဒါျပည္နယ္ရွိ ကမ္းေျခစံအိမ္ၾကီးကို ကန္ေဒၚလာ ၅၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္)

မဲလ္ကြန္ ဂေလဇာ၏ သား ၃ ဦးတြင္ Avram Glazer (သားၾကီး)၊ Bryan Glazer (သားလတ္) ႏွင့္ Joel Glazer (သားငယ္) တို႔ ျဖစ္သည္။

ဂေလဇာမိသားစုသည္ အေမရိကန္ National Football လိဂ္ မွ ေဘာလံုးကလပ္ျဖစ္ေသာ Tampa Bay Buccaneers ႏွင့္ အဂၤလန္ ပရီးမီးယားလိဂ္မွ မန္ခ်က္စတာ ယူႏိုက္တက္အသင္းမ်ားကို ပိုင္ဆိုင္ထားသည္။

ယခုအခါ Joel ဂေလဇာႏွင့္ ဇနီးျဖစ္သူတို႔က အေမရိကန္ျပည္ေထာင္စု၏ နာမည္အၾကီးဆံုး တန္ဖိုးၾကီးစံအိမ္ၾကီးမ်ား တည္ရွိရာျဖစ္သည့္ ဖေလာ္ရီဒါျပည္နယ္၊ Palm Beach မွ စံအိမ္ၾကီးကို အေရာင္းေစ်းကြက္တင္ထားၾကသည္။

ေဒၚလာ ၅၅ သန္းေစ်းေခၚထားေသာ ယခုစံအိမ္ကို ေစ်းကြက္အတြင္း ရွားပါးသည့္စံအိမ္အျဖစ္ သတ္မွတ္ၾကသည္။

“Palm Beach မွာ ဒီလို ၂ ဧကျခံ ရွာလို႔ မရႏိုင္ပါဘူး။ Palm Beach ဆိုတာ ေနအိမ္ျခံဝန္း က်ဥ္းက်ဥ္းေလးေတြ နဲ႔ ဖြဲ႔စည္းထားတဲ့ေနရာတစ္ခုပါ။ ဒီေလာက္က်ယ္ဝန္းတဲ့ ျခံမ်ဳိးဆိုတာ ၾကားဖူးၾကမွာ မဟုတ္ပါဘူး” ဟု ေစ်းကြက္တင္ေပးခဲ့ေသာ Douglas Elliman အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Gary Pohrer က ေျပာသည္။ စံအိမ္အက်ယ္အဝန္း ၁၀၁၇၁ စတုရန္းေပရွိျပီး ေရျပင္ႏွင့္ ထိစပ္မႈ ေပ ၂၂၀ ရွိသည္။

Joel တုိ႔စံုတြဲသည္ ယခုစံအိမ္ကို ၂၀၁၈ ခုႏွစ္ကတည္းက ပိုင္ဆိုင္ခဲ့ၾကျခင္းျဖစ္ျပီး စံအိမ္၏ တကိုယ္ေရလံုျခံဳမႈ ေကာင္းမြန္ျခင္းကို ၎တို႔ဇနီးေမာင္ႏွံ အထူးႏွစ္သက္ခဲ့ၾကေၾကာင္း Pohrer က ေျပာသည္။

Palm Beach တြင္ ျခံဝန္းအနည္းငယ္က်ယ္ပါက ျခံဝန္းအတြင္း ေနအိမ္တစ္လံုးထက္ ပိုမိုေဆာက္လုပ္ေလ့ရွိ ၾကသည္။

“ေျမာက္ဘက္မွာရွိတဲ့ အိမ္နီးခ်င္းျခံမွာဆို ျခံထဲမွာ အိမ္ ၂ လံုးရွိတယ္။ ေတာင္ဘက္က အိမ္မွာ အိမ္ ၃ လံုး ရွိတယ္”ဟု Pohrer က ေျပာသည္။

(စံအိမ္၏ ေကာင္းကင္ျမင္ကြင္း။ ဓာတ္ပံု -Giles Bradford/Douglas Elliman)

(အျပင္ဘက္ျမင္ကြင္း။ ဓာတ္ပံု -Giles Bradford/Douglas Elliman)

(အတြင္းပိုင္း ျမင္ကြင္း။ ဓာတ္ပံု -Giles Bradford/Douglas Elliman)

(အတြင္းပိုင္း ျမင္ကြင္း။ ဓာတ္ပံု -Giles Bradford/Douglas Elliman)

စံအိမ္ၾကီးကို ၁၉၃၆ ခုႏွစ္တြင္ Barron Gift Collier ၏ ေခၽြးမ Isabel Collier Read အတြက္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။ Barron Gift Collier သည္ အထင္ကရ အိမ္ျခံေျမ Developer တစ္ဦးျဖစ္ျပီး ဖေလာ္ရီဒါျပည္နယ္မွ Collier ခရိုင္မွာ သူ႔အားအစြဲျပဳကာ အမည္ေပးထားျခင္း ျဖစ္သည္။

Isabel Collier Read သည္ ၂၀၀၈ ခုႏွစ္တြင္ ကြယ္လြန္ခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၈၉ ႏွစ္ရွိျပီ ျဖစ္သည္။

Joel တုိ႔စံုတြဲသည္ လြန္ခဲ့ေသာ ၄ ႏွစ္က ဤစံအိမ္ကို ဝယ္ယူခဲ့ျပီးေနာက္ပိုင္း ျပဳျပင္မြမ္းမံမႈ မ်ားစြာျပဳလုပ္ခဲ့သည္။

မီးဖိုေဆာင္၊ အေပၚထပ္မွ ေရခ်ဳိးခန္းမ်ား၊ ရံုးခန္းႏွင့္ ရုပ္ရွင္ရံုခန္းတို႔ကို ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

စံအိမ္အတြင္း အိပ္ခန္း ၄ ခန္းပါဝင္ျပီး ညအိပ္ညေနတည္းခိုမည့္ ဧည့္သည္မ်ားအတြက္ အိပ္ခန္း ၂ ခန္းပါ ဧည့္ေဂဟာအိမ္တစ္လံုးရွိသည္။

ခ်စ္စရာေကာင္းေသာ ဧည့္ခန္းမွာ ေရွ႕ေနာက္ ၂ ဘက္လံုးတြင္ သာယာေသာ ရႈခင္းမ်ား ပိုင္ဆိုင္ထားသည္။

ေရွ႕ဘက္တြင္ ၾကီးမားသည့္ ေရကူးကန္ကို ေတြ႔ရျပီးျဖစ္ျပီး ေနာက္ဘက္တြင္မူ ပင္လယ္ေရျပင္ကို ေတြ႔ရမည္ ျဖစ္သည္။

(ေရကူးကန္။ ဓာတ္ပံု -Giles Bradford/Douglas Elliman) မဲလ္ကြန္ ဂေလဇာသည္ Tampa Bay Buccaneers ေဘာလံုးအသင္းကို ၁၉၉၅ ခုႏွစ္တြင္ ဝယ္ယူခဲ့ျပီး လက္ရွိတြင္ ဂေလဇာ၏ သားသမီး ၆ ဦးက ပူးတြဲပိုင္ဆိုင္ထားၾကသည္။

Joel တုိ႔ စံုတြဲသည္ Tampa ေဒသတြင္ ပိုမိုေနထိုင္ျဖစ္ေသာေၾကာင့္ ယခုစံအိမ္ကို ေရာင္းခ်ရန္ ဆံုးျဖတ္ခဲ့ျခင္းျဖစ္သည္ဟု Pohrer က ေျပာသည္။

(ဆိပ္ခံတံတား။ ဓာတ္ပံု -Giles Bradford/Douglas Elliman)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Tampa Bay Buccaneers co-owner asking $55 million for Palm Beach mansion (metro, realtor)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service