နယူးယောက်မြို့မှ ဂျပိုးများ ဆိုးဆိုးရွားရွား ကူးစက်ပျံ့ပွားနေသော အဆောက်အအုံများ

နယူးယောက်မြို့မှ ဂျပိုးများ ဆိုးဆိုးရွားရွား ကူးစက်ပျံ့ပွားနေသော အဆောက်အအုံများ - Property News in Myanmar from iMyanmarHouse.com
22 Nov 2022 10:13 am တွင် တင်ခဲ့သည်
301 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

[Unicode]

နယူးယောက်မြို့သားတို့သည် ဂျပိုးအကြောင်း မတွေးလိုကြ။ ဂျပိုးအကြောင်းနှင့် ပတ်သက်လာလျှင် နယူးယောက်မြို့သားတို့သည် ၎င်းတို့၏ နာမည်ကိုပင် မပြောရဲကြ။

အိမ်ခြံမြေအငှားဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Rent Betta က တတိယ ၃ လပတ် လေ့လာချက်ကို ထုတ်ပြန်ခဲ့ရာ နယူးယောက်မြို့ကြီးတွင် ဂျပိုးများ ဆိုးဆိုးရွားရွား ပေါများနေသော အဆောက်အအုံများ စာရင်းကို ထုတ်ပြန်လာသည်။

အဆိုပါစာရင်းမှာ ယခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ အခြေအနေကို တင်ပြထားခြင်း ဖြစ်သည်။

အဆိုပါ အစီရင်ခံစာတွင် ဖော်ပြချက်အရ တတိယ ၃ လပတ်ကာလအတွင်း ဂျပိုးများ အဆိုးရွားဆုံး ပျံ့ပွားနေသည့် ထိပ်ဆုံးအဆောက်အအုံ ၃ ခုမှာ နယူးယောက်မြို့၊ ဘရွတ်ကလင်းအရပ်တွင် တည်ရှိသည်။

ဂျပိုးကူးစက်ခြင်း အနည်းအများ ခွဲခြားသတ်မှတ်ရာတွင် အိမ်ခြံမြေဝက်ဘ်ဆိုက် Rent Betta က ဆုံးဖြတ်ပုံမှာ နေအိမ်ခန်း အနည်းဆုံး ၁၀ ခန်းနှင့်အထက်ရှိပြီး အဆိုပါအခန်းအားလုံးက ၎င်းတို့အခန်းတွင် ဂျပိုးများ ပြန့်ပွားနေကြောင်းကို နယူးယောက်မြို့၊ အိမ်ရာထိန်းသိမ်းမှုနှင့် ဖွံ့ဖြိုးရေးဌာန (Housing Preservation & Development) သို့ တင်ပြကြသည့်စာရင်းအပေါ် အခြေခံခြင်း ဖြစ်သည်။

 

 

အဆောက်အအုံအများစုက ယခုပြဿနာကို ချက်ချင်းကိုင်တွယ်ဖြေရှင်းကာ ဂျပိုးပေါက်ဖွားနေသော အခန်းအားလုံးကို သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြပြီး ဂျပိုးပြန်လည်ပေါက်ဖွားသည့်သတင်း မကြားရချေ။

ဥပဒေအရဆိုလျှင် အဆောက်အအုံတစ်ခုသည် နေထိုင်သူများကို ကုန်ကျမှုမရှိစေဘဲ မိမိအစီအစဉ်ဖြင့် ဂျပိုးရှင်းမည့်သူ ငှားရမ်းဖြေရှင်းရမည် ဖြစ်သည်။

သို့သော် အချို့အိမ်ရှင်များကမူ လစ်လျူရှုထားကြခြင်း (သို့မဟုတ်) နေထိုင်သူများကို ငွေကြေးကောက်ခံမှုများ ပြုလုပ်ခြင်းတို့ ရှိသည်။

“ကျွန်တော် Queens အရပ်မှာနေတုန်းက အခန်းမှာ ဂျပိုးတွေအရမ်းသောင်းကျန်းတယ်။ ဂျပိုး လုံးဝပျောက်သွားအောင် ၂ လလောက်အချိန်ယူ ရှင်းလိုက်ရတယ်”ဟု Ze Xu ဆိုသူက New York Post သတင်းဌာနသို့ ပြောသည်။ သူက ယခုအခါ Upper West Side အရပ်တွင် နေထိုင်လျက်ရှိသည်။

၂၀၂၂ ခုနှစ်၊ တတိယ ၃ လပတ်ကာလအတွင်း နယူးယောက်မြို့တွင် အခန်းအားလုံး ဂျပိုးများရှိကြောင်း တင်ပြသည့် အဆောက်အအုံ ၁၃ လုံး ရှိသည်။

အဆိုပါ အဆောက်အအုံ ၁၃ လုံးအနက် အဆိုးရွားဆုံးအဖြစ် သတ်မှတ်ခံရသည့်အဆောက်အအုံမှာ ဘရွတ်ကလင်းမှ Borough Park အရပ်၊ ၄၂ လမ်းရှိ အမှတ် ၉၄၄ အဆောက်အအုံ ဖြစ်သည်။

ထိုအဆောက်အအုံတွင်ရှိသော အခန်းပေါင်း ၄၂ ခန်းတွင် အခန်းအားလုံး၌ ဂျပိုးများ ပြန့်ပွားနေကြောင်း တင်ပြခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ ဂျပိုးကူးစက်နေသော အခန်းများတွင် မည်သည့်အခန်းမှ ဂျပိုးရှင်းလင်းမှု မပြုလုပ်ခဲ့ကြသောကြောင့် အဆိုပါအဆောက်အအုံကို ၁၀၀ ရာခိုင်နှုန်း ဂျပိုးပေါက်ဖွားနေသော အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည်။

လက်ရှိအားဖြင့် အဆိုပါအဆောက်အအုံ၏ မည်သည့်အခန်းမှ အငှားဈေးကွက်တွင် မရှိချေ။

နောက်ဆုံး အငှားဈေးကွက်တင်ခဲ့ဖူးသည်မှာ ယခုနှစ် ဇူလိုင်လက ဖြစ်ပြီး အိပ်ခန်း ၂ ခန်းပါ လူနေခန်းကို တစ်လလျှင် ကန်ဒေါ်လာ ၂၁၀၀ ဖြင့် အငှားဈေးကွက်တင်ခဲ့ဖူးသည်။

ဒုတိယ အဆိုးရွားဆုံးကူးစက်ခံရသည်မှာ အိမ်ငှားအဆောက်အအုံတစ်ခုဖြစ်သော Clarkson Ave လမ်း၊ အမှတ် ၉၄၈ အဆောက်အအုံဖြစ်သည်။ ထိုအဆောက်အအုံ၏ မည်သည့်အခန်းမှ လက်ရှိအားဖြင့် အငှားဈေးကွက်တွင် မရှိချေ။

ယင်းအဆောက်အအုံ၏ အခန်း ၃၂ ခန်းတွင် အခန်းအားလုံး၌ ဂျပိုးပေါက်ဖွားနေပြီး မည်သည့်အခန်းမှ ဂျပိုးရှင်းလင်းရေး မလုပ်ထားကြောင်း Rent Betta ဝက်ဘ်ဆိုက်က ဖော်ပြသည်။

တတိယမြောက် အဆိုးရွားဆုံး ကူးစက်ခံရသည့်အဆောက်အအုံမှာ Bay ၁၆ လမ်း၊ အမှတ် ၈၆၀၉ အဆောက်အအုံဖြစ်ပြီး အဆောက်အအုံရှိ အခန်း ၃၃ ခန်းလုံး ဂျပိုးကူးစက်ခံရကာ မည်သည့်အခန်းမှ ဂျပိုးနှိမ်နင်းရေး မလုပ်ဆောင်ကြချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: These are the most bed bug-infested buildings in NYC: report (nypost)

 

 

 

 

[Zawgyi]

နယူးေယာက္ျမိဳ႕မွ ဂ်ပိုးမ်ား ဆိုးဆိုးရြားရြား ကူးစက္ပ်ံ႕ပြားေနေသာ အေဆာက္အအံုမ်ား

နယူးေယာက္ျမိဳ႕သားတို႔သည္ ဂ်ပိုးအေၾကာင္း မေတြးလိုၾက။ ဂ်ပိုးအေၾကာင္းႏွင့္ ပတ္သက္လာလွ်င္ နယူးေယာက္ျမိဳ႕သားတို႔သည္ ၎တို႔၏ နာမည္ကိုပင္ မေျပာရဲၾက။

အိမ္ျခံေျမအငွားဝက္ဘ္ဆိုက္တစ္ခုျဖစ္ေသာ Rent Betta က တတိယ ၃ လပတ္ ေလ့လာခ်က္ကို ထုတ္ျပန္ခဲ့ရာ နယူးေယာက္ျမိဳ႕ၾကီးတြင္ ဂ်ပိုးမ်ား ဆိုးဆိုးရြားရြား ေပါမ်ားေနေသာ အေဆာက္အအံုမ်ား စာရင္းကို ထုတ္ျပန္လာသည္။

အဆိုပါစာရင္းမွာ ယခုႏွစ္ ဇူလိုင္လမွ စက္တင္ဘာလအထိ အေျခအေနကို တင္ျပထားျခင္း ျဖစ္သည္။

အဆိုပါ အစီရင္ခံစာတြင္ ေဖာ္ျပခ်က္အရ တတိယ ၃ လပတ္ကာလအတြင္း ဂ်ပိုးမ်ား အဆိုးရြားဆံုး ပ်ံ႕ပြားေနသည့္ ထိပ္ဆံုးအေဆာက္အအံု ၃ ခုမွာ နယူးေယာက္ျမိဳ႕၊ ဘရြတ္ကလင္းအရပ္တြင္ တည္ရွိသည္။

ဂ်ပိုးကူးစက္ျခင္း အနည္းအမ်ား ခြဲျခားသတ္မွတ္ရာတြင္ အိမ္ျခံေျမဝက္ဘ္ဆိုက္ Rent Betta က ဆံုးျဖတ္ပံုမွာ ေနအိမ္ခန္း အနည္းဆံုး ၁၀ ခန္းႏွင့္အထက္ရွိျပီး အဆိုပါအခန္းအားလံုးက ၎တို႔အခန္းတြင္ ဂ်ပိုးမ်ား ျပန္႔ပြားေနေၾကာင္းကို နယူးေယာက္ျမိဳ႕၊ အိမ္ရာထိန္းသိမ္းမႈႏွင့္ ဖြံ႔ျဖိဳးေရးဌာန (Housing Preservation & Development) သို႔ တင္ျပၾကသည့္စာရင္းအေပၚ အေျခခံျခင္း ျဖစ္သည္။

အေဆာက္အအံုအမ်ားစုက ယခုျပႆနာကို ခ်က္ခ်င္းကိုင္တြယ္ေျဖရွင္းကာ ဂ်ပိုးေပါက္ဖြားေနေသာ အခန္းအားလံုးကို သန္႔ရွင္းေရးမ်ား ျပဳလုပ္ခဲ့ၾကျပီး ဂ်ပိုးျပန္လည္ေပါက္ဖြားသည့္သတင္း မၾကားရေခ်။

ဥပေဒအရဆိုလွ်င္ အေဆာက္အအံုတစ္ခုသည္ ေနထိုင္သူမ်ားကို ကုန္က်မႈမရွိေစဘဲ မိမိအစီအစဥ္ျဖင့္ ဂ်ပိုးရွင္းမည့္သူ ငွားရမ္းေျဖရွင္းရမည္ ျဖစ္သည္။ သို႔ေသာ္ အခ်ဳိ႕အိမ္ရွင္မ်ားကမူ လစ္လ်ဴရႈထားၾကျခင္း (သို႔မဟုတ္) ေနထိုင္သူမ်ားကို ေငြေၾကးေကာက္ခံမႈမ်ား ျပဳလုပ္ျခင္းတို႔ ရွိသည္။

“ကၽြန္ေတာ္ Queens အရပ္မွာေနတုန္းက အခန္းမွာ ဂ်ပိုးေတြအရမ္းေသာင္းက်န္းတယ္။ ဂ်ပိုး လံုးဝေပ်ာက္သြားေအာင္ ၂ လေလာက္အခ်ိန္ယူ ရွင္းလိုက္ရတယ္”ဟု Ze Xu ဆိုသူက New York Post သတင္းဌာနသို႔ ေျပာသည္။ သူက ယခုအခါ Upper West Side အရပ္တြင္ ေနထိုင္လ်က္ရွိသည္။

၂၀၂၂ ခုႏွစ္၊ တတိယ ၃ လပတ္ကာလအတြင္း နယူးေယာက္ျမိဳ႕တြင္ အခန္းအားလံုး ဂ်ပိုးမ်ားရွိေၾကာင္း တင္ျပသည့္ အေဆာက္အအံု ၁၃ လံုး ရွိသည္။ အဆိုပါ အေဆာက္အအံု ၁၃ လံုးအနက္ အဆိုးရြားဆံုးအျဖစ္ သတ္မွတ္ခံရသည့္အေဆာက္အအံုမွာ ဘရြတ္ကလင္းမွ Borough Park အရပ္၊ ၄၂ လမ္းရွိ အမွတ္ ၉၄၄ အေဆာက္အအံု ျဖစ္သည္။

ထိုအေဆာက္အအံုတြင္ရွိေသာ အခန္းေပါင္း ၄၂ ခန္းတြင္ အခန္းအားလံုး၌ ဂ်ပိုးမ်ား ျပန္႔ပြားေနေၾကာင္း တင္ျပခဲ့ၾကျခင္း ျဖစ္သည္။

ထိုသို႔ ဂ်ပိုးကူးစက္ေနေသာ အခန္းမ်ားတြင္ မည္သည့္အခန္းမွ ဂ်ပိုးရွင္းလင္းမႈ မျပဳလုပ္ခဲ့ၾကေသာေၾကာင့္ အဆိုပါအေဆာက္အအံုကို ၁၀၀ ရာခိုင္ႏႈန္း ဂ်ပိုးေပါက္ဖြားေနေသာ အေဆာက္အအံုအျဖစ္ သတ္မွတ္ခဲ့သည္။

လက္ရွိအားျဖင့္ အဆိုပါအေဆာက္အအံု၏ မည္သည့္အခန္းမွ အငွားေစ်းကြက္တြင္ မရွိေခ်။

ေနာက္ဆံုး အငွားေစ်းကြက္တင္ခဲ့ဖူးသည္မွာ ယခုႏွစ္ ဇူလိုင္လက ျဖစ္ျပီး အိပ္ခန္း ၂ ခန္းပါ လူေနခန္းကို တစ္လလွ်င္ ကန္ေဒၚလာ ၂၁၀၀ ျဖင့္ အငွားေစ်းကြက္တင္ခဲ့ဖူးသည္။

ဒုတိယ အဆိုးရြားဆံုးကူးစက္ခံရသည္မွာ အိမ္ငွားအေဆာက္အအံုတစ္ခုျဖစ္ေသာ Clarkson Ave လမ္း၊ အမွတ္ ၉၄၈ အေဆာက္အအံုျဖစ္သည္။ ထိုအေဆာက္အအံု၏ မည္သည့္အခန္းမွ လက္ရွိအားျဖင့္ အငွားေစ်းကြက္တြင္ မရွိေခ်။

ယင္းအေဆာက္အအံု၏ အခန္း ၃၂ ခန္းတြင္ အခန္းအားလံုး၌ ဂ်ပိုးေပါက္ဖြားေနျပီး မည္သည့္အခန္းမွ ဂ်ပိုးရွင္းလင္းေရး မလုပ္ထားေၾကာင္း Rent Betta ဝက္ဘ္ဆိုက္က ေဖာ္ျပသည္။

တတိယေျမာက္ အဆိုးရြားဆံုး ကူးစက္ခံရသည့္အေဆာက္အအံုမွာ Bay ၁၆ လမ္း၊ အမွတ္ ၈၆၀၉ အေဆာက္အအံုျဖစ္ျပီး အေဆာက္အအံုရွိ အခန္း ၃၃ ခန္းလံုး ဂ်ပိုးကူးစက္ခံရကာ မည္သည့္အခန္းမွ ဂ်ပိုးႏွိမ္နင္းေရး မလုပ္ေဆာင္ၾကေခ်။

 အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: These are the most bed bug-infested buildings in NYC: report (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလန်းစား Decoration များနှင့် အလှဆင်ထားတဲ့ Bar များ စုစည်းမှု
အလန်းစား Decoration များနှင့် အလှဆင်ထားတဲ့ Bar များ စုစည်းမှု
တိတ်ဆိတ်လှပတဲ့ ရွာငယ်လေး Shirakawa-go
တိတ်ဆိတ်လှပတဲ့ ရွာငယ်လေး Shirakawa-go
အင်္ဂလန်အသင်း အခြေစိုက်တည်းခိုလျက်ရှိသည့် ကာတာမှ ကမ်းခြေဟိုတယ်နှင့် လေ့ကျင့်ရေးကစားကွင်း...
အင်္ဂလန်အသင်း အခြေစိုက်တည်းခိုလျက်ရှိသည့် ကာတာမှ ကမ်းခြေဟိုတယ်နှင့် လေ့ကျင့်ရေးကစားကွင်း...
ဝိုင်ချက်စက်ရုံ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်တို့ပါဝင်သည့် ကျေးရွာတစ်ခုလုံးကို ပေါင် ၂ ဒသမ ၆ သန်းဖြင့် ရောင်းမည်...
ဝိုင်ချက်စက်ရုံ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်တို့ပါဝင်သည့် ကျေးရွာတစ်ခုလုံးကို ပေါင် ၂ ဒသမ ၆ သန်းဖြင့် ရောင်းမည်...
ကယ်လီဖိုးနီးယားပြည်နယ်မှ အပျော်စီးမီးပုံးပျံလုပ်ငန်းနှင့် ခြံဝန်း ၃ ခု ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းမည်...
ကယ်လီဖိုးနီးယားပြည်နယ်မှ အပျော်စီးမီးပုံးပျံလုပ်ငန်းနှင့် ခြံဝန်း ၃ ခု ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းမည်...
ဂျပန်အသင်း ကာတာတွင် တည်းခိုနေထိုင်သော Radisson Blu ဟိုတယ်
ဂျပန်အသင်း ကာတာတွင် တည်းခိုနေထိုင်သော Radisson Blu ဟိုတယ်
၁၆ သင်းရှုံးထွက်အဆင့်သို့ တက်သွားပြီဖြစ်သော နည်းပြ လူးဝစ်ဗန်ဂါး၏ နယ်သာလန်အသင်း ကမ္ဘာ့ဖလားတွင် တည်းခိုနေထိုင်သော St. Regis ဟိုတယ်...
၁၆ သင်းရှုံးထွက်အဆင့်သို့ တက်သွားပြီဖြစ်သော နည်းပြ လူးဝစ်ဗန်ဂါး၏ နယ်သာလန်အသင်း ကမ္ဘာ့ဖလားတွင် တည်းခိုနေထိုင်သော St. Regis ဟိုတယ်...
ခရစ္စတီယာနို ရော်နယ်ဒို ကာတာတွင် တည်းခိုနေထိုင်သော ဟိုတယ်
ခရစ္စတီယာနို ရော်နယ်ဒို ကာတာတွင် တည်းခိုနေထိုင်သော ဟိုတယ်
စပိန်နိုင်ငံက ကျောက်ဆောင်တွေကို ထွင်းပြီး မြို့တည်ထားတဲ့ ဆေတေနီးမြို့လေး
စပိန်နိုင်ငံက ကျောက်ဆောင်တွေကို ထွင်းပြီး မြို့တည်ထားတဲ့ ဆေတေနီးမြို့လေး
ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆောက်အအုံ...
ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆောက်အအုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ
အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ
ဇနီးအတွက် လေယာဉ်ပျံပုံအိမ်ကြီး ဆောက်လုပ်ပေးသူ၊ အချစ်အတွက်သာမက တိုင်းပြည်အတွက်ပါရည်ရွယ် ဟုဆို
ဇနီးအတွက် လေယာဉ်ပျံပုံအိမ်ကြီး ဆောက်လုပ်ပေးသူ၊ အချစ်အတွက်သာမက တိုင်းပြည်အတွက်ပါရည်ရွယ် ဟုဆို
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Amazon တည်ထောင်သူ Jeff Bezos က သူ၏ကြွယ်ဝမှု ကန်ဒေါ်လာ ၁၂၄ ဘီလီယံကို လှူဒါ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Amazon တည်ထောင်သူ Jeff Bezos က သူ၏ကြွယ်ဝမှု ကန်ဒေါ်လာ ၁၂၄ ဘီလီယံကို လှူဒါ
အီတလီနိုင်ငံ၊ Presicce မြို့လေးတွင် လာရောက်အခြေချနေထိုင်သူတိုင်းကို ဒေါ်လာ ၃၀၀၀၀ (မြန်မာငွေ သိန်း ၆၃၀) ပေးမည်
အီတလီနိုင်ငံ၊ Presicce မြို့လေးတွင် လာရောက်အခြေချနေထိုင်သူတိုင်းကို ဒေါ်လာ ၃၀၀၀၀ (မြန်မာငွေ သိန်း ၆၃၀) ပေးမည်
“လောဘရှိနေသေးသမျှ အလိမ်ခံနေရပါလိမ့်ဦးမည်”
“လောဘရှိနေသေးသမျှ အလိမ်ခံနေရပါလိမ့်ဦးမည်”
အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရတဲ့ အင်္ဂါအစိတ်အပိုင်းများ.....
အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရတဲ့ အင်္ဂါအစိတ်အပိုင်းများ.....
ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆော
ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆော
မလေးရှားရုပ်ရှင်မင်းသမီး မီရှဲယိုနှင့်တွဲဖက်သရုပ်ဆောင်ခဲ့သော Tomorrow never die ဖြင့် နာမည်ကြီးသူ ဂျိမ်းစ်ဘွန်းမင်းသားကြ
မလေးရှားရုပ်ရှင်မင်းသမီး မီရှဲယိုနှင့်တွဲဖက်သရုပ်ဆောင်ခဲ့သော Tomorrow never die ဖြင့် နာမည်ကြီးသူ ဂျိမ်းစ်ဘွန်းမင်းသားကြ
စင်္ကာပူမှ ဒေါ်လာ သန်း ၅၀၀ တန် စွန့်ပစ်ခံ စံအိမ်ကြီး
စင်္ကာပူမှ ဒေါ်လာ သန်း ၅၀၀ တန် စွန့်ပစ်ခံ စံအိမ်ကြီး
ကထိန်သင်္ကန်းလှူဒါန်းရခြင်းအကျိုးတရား (၅) ပါး
ကထိန်သင်္ကန်းလှူဒါန်းရခြင်းအကျိုးတရား (၅) ပါး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

61-residence
7mile

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store