ပါမစ်ပျောက်ဂရန်ကို ဝယ်မိလို့ လက်လွတ်ဆုံးရှုံးရတော့မယ်။

ပါမစ်ပျောက်ဂရန်ကို ဝယ်မိလို့ လက်လွတ်ဆုံးရှုံးရတော့မယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
21 Nov 2022 9:44 am တွင် တင်ခဲ့သည်
735 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

အိမ်ခြံမြေ  အရောင်းအဝယ်လောက ဇာတ်ခုံပေါ်မှာကြည့်လိုက်ရင် ရောင်းချခြင်း  ၊ ပေါင်နှံခြင်း ဝယ်ယူခြင်း စတဲ့ လုပ်ငန်းတွေဟာ လုပ်ရိုးလုပ်စဉ်တွေလို့ဆိုရင် မမှားပါဘူး။ ဒါပေမဲ့ တစ်ခါတစ်ခါတော့လည်း ရောင်းဝယ်ပေါင်နှံတာမျိုး မလုပ်ဘဲ  မြေကွက်  ချင်း လဲလှယ်ကြတာမျိုးကိုလည်း  တွေ့ရတယ်။

အလဲအထပ်လုပ်သူတို့ရဲ့ ရည်ရွယ်ချက်

ဒီလို လဲလှယ်တဲ့ အခါမှာ လဲလှယ်သူ အချင်းချင်း နစ်နာမှုမရှိနိုင်ဘူးထင်လို့ လဲလှယ်ကြတာပဲ။ တန်ဖိုးချင်းလည်းအတူတူပဲထင်လို့ လဲလှယ်ကြတာပေါ့။ လဲလှယ်ကြခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒီလို အပြန်အလှန်လဲလှယ်လိုက်ခြင်းအားဖြင့် စီးပွားရေးတွေ ပိုကောင်းလာမယ်။ ကျန်းမာရေးတွေ ပိုကောင်းလာမယ်။ စသည်ဖြင့် ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့လေ။

လူချင်းတူသော်လည်း ကံချင်းမတူပါ။

ဒါပေမဲ့ တစ်ခါတစ်ခါကျရင် တစ်ဦးနဲ့တစ်ဦး လူချင်တူပေမဲ့ ကံဇာတာချင်းက မတူကြတဲ့အတွက် တစ်ဖက်လူမှာ ကောင်းကျိုးတွေရသွားသော်လည်း တစ်ဖက်လူမှာတော့ မမျှော်လင့်တဲ့ ဆိုးကျိုးတွေ ခံစားသွားရတတ်ပါတယ်။

အောင်မြင်သူ အိမ်ခြံမြေ အကျိုးဆောင် (၂)ယောက်အကြောင်း

“လူဇော်” နဲ့ “လူမော်” တို့ဟာ ဒဂုံဆိပ်ကမ်းမြို့နယ်က မြေကွက်တွေကို ဝယ်ရောင်းလုပ်နေကြတဲ့ အိမ်ခြံမြေ ဝယ်ရောင်းအကျိုးဆောင်တွေပါ တစ်ဦးစီးမှာ မြေကွက် (၁၀)ကွက်လောက်ဝယ်ထားကြပြီး ဈေးကစားနေကြသူတွေပေါ့။ တစ်ယောက်ထံမှာ ဝယ်သူကြိုက်တဲ့ မြေကွက်မရှိရင် တစ်ယောက်ထံမှာရှိတဲ့ မြေကွက်ကို ကူရောင်းပေးတတ်ကြလို့ စိတ်ဓာတ်ချင်းတူညီပြီး ညီအစ်ကိုအရင်းတွေလိုဘဲ အရမ်းချစ်ကြတယ်။ အိမ်ခြံမြေအရောင်းအဝယ်တွေကောင်းခဲ့တဲ့ကာလကဆိုရင် နှစ်ဦးစလုံးတော်တော်လေး စုဆောင်းမိခဲ့ကြတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ကားနဲ့ လက်ရှိနေထိုင်တဲ့ တိုက်ကိုကြည့်ခြင်းအားဖြင့် လက်ဖျားငွေသီးခဲ့သူတွေဆိုတာ အကဲခတ်လို့ ရပါတယ်။

တစ်ဦးက စေတနာ တစ်ဦးက မေတ္တာ အချစ်ပိုကြတော့

တစ်ခါမှာတော့ “လူဇော် ”က ငွေလိုလို့ သူ့မြေကွက်ကို ရောင်းတယ် ဝယ်မယ့်သူလည်ရှိတယ်။ ဒါပေမယ့် ဝယ်မယ့်သူက အနှစ် ၆၀ ဂရန်ဆိုရင် မကြိုက်ဘူး။ မြေချပါမစ် ဖြစ်မှ ဝယ်မယ်ဆိုတော့ “လူဇော် ”မှာ အခက်တွေ့တာပေါ့. နောက်တော့ အကြံတစ်ခုရတယ်။ သူ့ရဲ့ မြေကွက်က ထောင့်ကွက်ဖြစ်လို့ ကြိုက်တဲ့ အကြောင်းသူငယ်ချင်း လူမော်က ပြောဘူးတယ်။ ဒီတော့ လူမော် ပါမစ်မြေကွက်နဲ့ အမည်ပေါက်သူရဲ့ ဂရန်မြေကွက်ကို အလိုက်မယူဘဲ အလဲအထပ်လုပ်ဖို့ ညှိနှိုင်းကြတဲ့အခါ “လူမော်” ကလည်း သဘောတူတယ်လေ။ တစ်ယောက်အခက်အခဲ တစ်ယောက်က ကူညီတာပေါ့။

“လူဇော် ” ငွေလိုလို့ ရောင်းတာဖြစ်ပေမဲ့ “လူမော်” ကတော့ လမ်းမကြီးနဲ့ နီးပြီး ထောင့်ကွက်ဖြစ်လို့ကြိုက်တာပါ။ အလဲအထပ်လုပ်တယ် ဆိုပေမဲ့ လုပ်ငန်းသဘောအရ အပြန်အလှန်အရောင်းအဝယ်စာချုပ်ချုပ်ပြီး မြေကွက်ချင်းလဲလှယ်လိုက်ကြတာပါ။ ဘာဘဲဖြစ်ဖြစ် “လူဇော် ”က ငွေလိုသူဆိုတော့ လဲလို့ရတဲ့ ပါမစ်မြေကွက်ကို ဝယ်သူကိုပြလိုက်တဲ့အခါ ဝယ်သူကလည်း နေရာကိုလည်း ကြိုက်တယ်။ ပါမစ်မြေကွက်လည်းဖြစ်တယ်ဆိုတော့ ဝယ်သူက ဝယ်သွားတယ်လေ။ ဒါနဲ့ လူဇော်လည်း ငွေကြေးအဆင်ပြေသွားတာပေါ့။

သူငယ်ချင်း “လူမော် ”ကတော့ ပြန်မရောင်းတော့ဘဲ အိမ်ခန်းတွဲတွေဆောက်ပြီး အငှါးချထားလိုက်တယ်လေ။ နှစ်ဦးစလုံးအဆင်ပြေသွားကြပါတယ်။ ဒါပေမဲ့ ကံကြမ္မာအလှည့်အပြောင်းက အံ့သြစရာပဲဗျာ။ အခုလို မြေကွက်ဈေးတွေကျတဲ့ အချိန်မှာ အရောင်းအဝယ်မကောင်းကြတော့ မြေချပါမစ်ဝယ်ပြီး ကိုင်ထားသူတွေက ပြန်မရောင်းတော့ဘဲ အနှစ်(၆၀) ဂရန်သစ်လုပ်တဲ့သူတွေများလာတာကို ကြေးမုံသတင်းစာမှာ ဖတ်ရတယ်။

သက်ဆိုင်ရာဌာနက အကြောင်းကြားစာ ရင်တွေတုန်လိုက်တာ

အဲဒီလို ပါမစ်ကနေ ဂရန်သစ်လျှောက်ထားကြလို့လားမသိပါဘူး။ မကြာမီမှာ ဂရန်မြေပေါ်မှာ အခန်းတွဲဆောက်ပြီးနေတဲ့ လူမော်ရဲ့ ထံကို အကြောင်းကြားစာတစ်စောင်ရောက်လာတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာနက ပို့တာပါ။ အကြောင်းကတော့ လူကြီးမင်းကို ထုတ်ပေးလိုက်တဲ့ အနှစ် (၆၀) ဂရန်မြေကွက်နေရာမှာ မြေချပါမစ်မူရင်း ကိုင်ထားသူက နောက်ထပ်အနှစ် (၆၀) ဂရန် အသစ်လာလျှောက်နေပါတယ်။

အဲ့ဒါ မြို့တော်ခန်းမမြေစီမံဌာနမှာ လာရောက်ပြီး ဖြေရှင်းပါရန်ဆိုပြီး အကြောင်းကြာလာခြင်းပါပဲ။

ဟိုက်… အဲ့ဒါမှ ဒုက္ခပဲ မြေချပါမစ်ကိုင်ထားတာနဲ့ စာရင် ဂရန်စာအုပ်ကိုင်ထားတာ ပိုပြီးခိုင်မာတယ်ထင်လို့ အလဲအလှယ်လုပ်ခဲ့မိတာ အခုတော့မှားပြီး ထင်ပါရဲ့လို့ လူမော် တွေးလိုက်မိတယ်။ ဒါနဲ့ အကျိုးအကြောင်းသိချင်တာနဲ့ ချိန်းတဲ့နေ့မှာ လူမော်လည်း မြို့တော်ခန်းမမှာ သွားရောက်တွေ့ဆုံလိုက်တယ်။ ဌာနမှူးရှေ့ရောက်တော့ ဂရန်သစ်လျှောက်သူက စာချုပ်အဆင့်ဆင့်နဲ့ ဝယ်ထားတဲ့ မြေချပါမစ်မူရင်းကြီး ပြတယ်။ လူမော်ကလည်း မိမိဝယ်ထားတဲ့ သူများအမည်ပေါက် ဂရန် စာအုပ်ကြီးကို ထုတ်ပြလိုက်တယ်။ ဒီဂရန် စာအုပ်ကြီးကလည်း ဒီမြို့တော်စည်ပင်ကပဲ ထုတ်ပေးတားတာဆိုတော့ ဂရန်အစစ်ပဲလေ။ ဂရန် အတုလားလို့ အဲဒီ တာဝန်ခံလူကြီးတွေကို ပြကြည့်လိုက်တော့ သူတို့ကလည်း အစစ်ဖြစ်တယ်ဆိုတာ မငြင်းပါဘူး။

ဆုပ်လည်းစူး စားလည်းစူး ပဒိုင်းသီး စားမိသူနဲ့တူ

ဒီလို ထုတ်ပေးရခြင်း အကြောင်းကတော့ မြေချပါမစ် အမည်ပေါက်ရသူက သူ့ရဲ့ မြေချပါမစ်ကိုရောင်းချလိုက်တာကို ထိန်ချန်ပြီး ပါမစ်ပျောက်နဲ့ ဂရန်သစ်လာလျှောက်တဲ့ အခါ ရဲစခန်းထောက်ခံချက် ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ပါမစ်ပျောက်ဆုံးကြောင်း တရားရုံး ကျမ်းကျိန်လွှာတွေနဲ့ တင်ပြတော့ ဌာနက အမှန်ထင်ပြီး ဂရန်သစ်ထုတ်ပေးလိုက်မိတဲ့ အကြောင်းပြောပြပါတယ်။ ဒါကြောင့် အခု မြေချပါမစ် မူရင်းတင်ပြပြီး ဂရန်သစ်လျှောက်သူရှိလာပြီဆိုတော့ ပါမစ်ပျောက်နဲ့ ထုတ်ပေးထားတဲ့ ဂရန်မူရင်းကို ပယ်ဖျက်ပြီး ပါမစ်မူရင်းရှိသူကို ဂရန်သစ်ထုတ်ပေးတော့မဲ့အကြောင်း သိခဲ့ရပါတော့တယ်။

ပါမစ် ပျောက်နဲ့ ဂရန်သစ်ရတာလား မှတ်ချက်ရှိမရှိ စစ်ဆေးကြည့်ပါ

ဒီအတိုင်းသာဆိုရင်တော့ အနှစ် (၆၀) ဂရန်ဝယ်ထားရင်လည်း စိတ်မချရတော့ဘူးပေါ့။ စည်ပင်က ထုတ်ပေးတာချင်းတူပါလျက် ဂ၇န်အစစ်က အတုဖြစ်သွားရပြီ။ ဒါကြောင့် ကိုလူမော် လို အဖြစ်မျိုး မကြုံကြရအောင်။ အနှစ် (၆၀) ဂရန် အမည်ပေါက် မြေကွက်ကို ဝယ်ရင်လည်း ပါမစ်မူရင်းကိုင်ထားသူက ဂရန်သစ်လျှောက်ပြီး ရောင်းတာလား ၊ ဒါမှမဟုတ် ပါမစ်အမည်ပေါက်သူက ပါမစ်ပျောက်သွားပါတယ်ဆိုကာ လိမ်လည်ပြီးလျှောက် ယူထားတဲ့ ဂရန်လားဆိုတာကို ဂရန်စာအုပ်နောက်ကျောမှာ မှတ်ချက်တွေ ရှိ /မရှိ အသေအချာစစ်ဆေးပြီး မှ ဝယ်ယူကြပါလို့ အကြံပေးရေးသားလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

ပါမစ္ေပ်ာက္ဂရန္ကို ဝယ္မိလို႕ လက္လြတ္ဆံုးရႈံးရေတာ့မယ္။

 

အိမ္ျခံေျမ   အေရာင္းအဝယ္ေလာက ဇာတ္ခုံေပၚမွာၾကည့္လိုက္ရင္ ေရာင္းခ်ျခင္း၊  ေပါင္ႏွံျခင္း ဝယ္ယူျခင္း  စတဲ့ လုပ္ငန္းေတြဟာ လုပ္႐ိုးလုပ္စဥ္ေတြလို႔ဆိုရင္ မမွားပါဘူး။ ဒါေပမဲ့ တစ္ခါတစ္ခါေတာ့လည္း ေရာင္းဝယ္ေပါင္ႏွံတာမ်ိဳး မလုပ္ဘဲ ေျမကြက္  ခ်င္း လဲလွယ္ၾကတာမ်ိဳးကိုလည္း   ေတြ႕ရတယ္။

အလဲအထပ္လုပ္သူတို႕ရဲ႕ ရည္ရြယ္ခ်က္

ဒီလို လဲလွယ္တဲ့ အခါမွာ လဲလွယ္သူ အခ်င္းခ်င္း နစ္နာမႈမရွိႏိုင္ဘူးထင္လို႕ လဲလွယ္ၾကတာပဲ။ တန္ဖိုးခ်င္းလည္းအတူတူပဲထင္လို႔ လဲလွယ္ၾကတာေပါ့။ လဲလွယ္ၾကျခင္းရဲ႕ ရည္ရြယ္ခ်က္ကေတာ့ အမ်ိဳးမ်ိဳး ရွိႏိုင္ပါတယ္။ ဒီလို အျပန္အလွန္လဲလွယ္လိုက္ျခင္းအားျဖင့္ စီးပြားေရးေတြ ပိုေကာင္းလာမယ္။ က်န္းမာေရးေတြ ပိုေကာင္းလာမယ္။ စသည္ျဖင့္ ကိုယ့္အေတြးနဲ႔ ကိုယ္ေပါ့ေလ။

လူခ်င္းတူေသာ္လည္း ကံခ်င္းမတူပါ။

ဒါေပမဲ့ တစ္ခါတစ္ခါက်ရင္ တစ္ဦးနဲ႕တစ္ဦး လူခ်င္တူေပမဲ့ ကံဇာတာခ်င္းက မတူၾကတဲ့အတြက္ တစ္ဖက္လူမွာ ေကာင္းက်ိဳးေတြရသြားေသာ္လည္း တစ္ဖက္လူမွာေတာ့ မေမွ်ာ္လင့္တဲ့ ဆိုးက်ိဳးေတြ ခံစားသြားရတတ္ပါတယ္။

ေအာင္ျမင္သူ အိမ္ျခံေျမ အက်ိဳးေဆာင္ (၂)ေယာက္အေၾကာင္း

“လူေဇာ္” နဲ႕ “လူေမာ္” တို႕ဟာ ဒဂံုဆိပ္ကမ္းျမိဳ႕နယ္က ေျမကြက္ေတြကို ဝယ္ေရာင္းလုပ္ေနၾကတဲ့ အိမ္ျခံေျမ ဝယ္ေရာင္းအက်ိဳးေဆာင္ေတြပါ တစ္ဦးစီးမွာ ေျမကြက္ (၁၀)ကြက္ေလာက္ဝယ္ထားၾကျပီး ေဈးကစားေနၾကသူေတြေပါ့။ တစ္ေယာက္ထံမွာ ဝယ္သူၾကိဳက္တဲ့ ေျမကြက္မရွိရင္ တစ္ေယာက္ထံမွာရွိတဲ့ ေျမကြက္ကို ကူေရာင္းေပးတတ္ၾကလို႕ စိတ္ဓာတ္ခ်င္းတူညီျပီး ညီအစ္ကိုအရင္းေတြလိုဘဲ အရမ္းခ်စ္ၾကတယ္။ အိမ္ျခံေျမအေရာင္းအဝယ္ေတြေကာင္းခဲ့တဲ့ကာလကဆိုရင္ နွစ္ဦးစလံုးေတာ္ေတာ္ေလး စုေဆာင္းမိခဲ့ၾကတယ္။ သူတို႕ရဲ႕ ကိုယ္ပိုင္ကားနဲ႔ လက္ရွိေနထိုင္တဲ့ တိုက္ကိုၾကည့္ျခင္းအားျဖင့္ လက္ဖ်ားေငြသီးခဲ့သူေတြဆိုတာ အကဲခတ္လို႕ ရပါတယ္။

တစ္ဦးက ေစတနာ တစ္ဦးက ေမတၱာ အခ်စ္ပိုၾကေတာ့

တစ္ခါမွာေတာ့ “လူေဇာ္ ”က ေငြလိုလို႔ သူ႔ေျမကြက္ကို ေရာင္းတယ္ ဝယ္မယ့္သူလည္ရွိတယ္။ ဒါေပမယ့္ ဝယ္မယ့္သူက အနွစ္ ၆၀ ဂရန္ဆိုရင္ မၾကိဳက္ဘူး။ ေျမခ်ပါမစ္ ျဖစ္မွ ဝယ္မယ္ဆိုေတာ့ “လူေဇာ္ ”မွာ အခက္ေတြ႔တာေပါ့. ေနာက္ေတာ့ အၾကံတစ္ခုရတယ္။ သူ႔ရဲ႕ ေျမကြက္က ေထာင့္ကြက္ျဖစ္လို႔ ၾကိဳက္တဲ့ အေၾကာင္းသူငယ္ခ်င္း လူေမာ္က ေျပာဘူးတယ္။ ဒီေတာ့ လူေမာ္ ပါမစ္ေျမကြက္နဲ႕ အမည္ေပါက္သူရဲ႕ ဂရန္ေျမကြက္ကို အလိုက္မယူဘဲ အလဲအထပ္လုပ္ဖို႔ ညွိႏိႈင္းၾကတဲ့အခါ “လူေမာ္” ကလည္း သေဘာတူတယ္ေလ။ တစ္ေယာက္အခက္အခဲ တစ္ေယာက္က ကူညီတာေပါ့။

“လူေဇာ္ ” ေငြလိုလို႕ ေရာင္းတာျဖစ္ေပမဲ့ “လူေမာ္” ကေတာ့ လမ္းမၾကီးနဲ႕ နီးျပီး ေထာင့္ကြက္ျဖစ္လို႕ၾကိဳက္တာပါ။ အလဲအထပ္လုပ္တယ္ ဆိုေပမဲ့ လုပ္ငန္းသေဘာအရ အျပန္အလွန္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ျပီး ေျမကြက္ခ်င္းလဲလွယ္လိုက္ၾကတာပါ။ ဘာဘဲျဖစ္ျဖစ္ “လူေဇာ္ ”က ေငြလိုသူဆိုေတာ့ လဲလို႕ရတဲ့ ပါမစ္ေျမကြက္ကို ဝယ္သူကိုျပလိုက္တဲ့အခါ ဝယ္သူကလည္း ေနရာကိုလည္း ၾကိဳက္တယ္။ ပါမစ္ေျမကြက္လည္းျဖစ္တယ္ဆိုေတာ့ ဝယ္သူက ဝယ္သြားတယ္ေလ။ ဒါနဲ႕ လူေဇာ္လည္း ေငြေၾကးအဆင္ေျပသြားတာေပါ့။

သူငယ္ခ်င္း “လူေမာ္ ”ကေတာ့ ျပန္မေရာင္းေတာ့ဘဲ အိမ္ခန္းတြဲေတြေဆာက္ျပီး အငွါးခ်ထားလိုက္တယ္ေလ။ နွစ္ဦးစလံုးအဆင္ေျပသြားၾကပါတယ္။ ဒါေပမဲ့ ကံၾကမၼာအလွည့္အေျပာင္းက အံ့ၾသစရာပဲဗ်ာ။ အခုလို ေျမကြက္ေဈးေတြက်တဲ့ အခ်ိန္မွာ အေရာင္းအဝယ္မေကာင္းၾကေတာ့ ေျမခ်ပါမစ္ဝယ္ျပီး ကိုင္ထားသူေတြက ျပန္မေရာင္းေတာ့ဘဲ အနွစ္(၆၀) ဂရန္သစ္လုပ္တဲ့သူေတြမ်ားလာတာကို ေၾကးမံုသတင္းစာမွာ ဖတ္ရတယ္။

သက္ဆိုင္ရာဌာနက အေၾကာင္းၾကားစာ ရင္ေတြတုန္လိုက္တာ

အဲဒီလို ပါမစ္ကေန ဂရန္သစ္ေလွ်ာက္ထားၾကလို႔လားမသိပါဘူး။ မၾကာမီမွာ ဂရန္ေျမေပၚမွာ အခန္းတြဲေဆာက္ျပီးေနတဲ့ လူေမာ္ရဲ႕ ထံကို အေၾကာင္းၾကားစာတစ္ေစာင္ေရာက္လာတယ္။ ရန္ကုန္ျမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ျမိဳ႕ျပစီမံကိန္းနဲ႕ ေျမစီမံခန္႔ခြဲမႈဌာနက ပို႔တာပါ။ အေၾကာင္းကေတာ့ လူၾကီးမင္းကို ထုတ္ေပးလိုက္တဲ့ အနွစ္ (၆၀) ဂရန္ေျမကြက္ေနရာမွာ ေျမခ်ပါမစ္မူရင္း ကိုင္ထားသူက ေနာက္ထပ္အနွစ္ (၆၀) ဂရန္ အသစ္လာေလွ်ာက္ေနပါတယ္။

အဲ့ဒါ ျမိဳ႕ေတာ္ခန္းမေျမစီမံဌာနမွာ လာေရာက္ျပီး ေျဖရွင္းပါရန္ဆိုျပီး အေၾကာင္းၾကာလာျခင္းပါပဲ။

ဟိုက္… အဲ့ဒါမွ ဒုကၡပဲ ေျမခ်ပါမစ္ကိုင္ထားတာနဲ႕ စာရင္ ဂရန္စာအုပ္ကိုင္ထားတာ ပိုျပီးခိုင္မာတယ္ထင္လို႔ အလဲအလွယ္လုပ္ခဲ့မိတာ အခုေတာ့မွားျပီး ထင္ပါရဲ႕လို႕ လူေမာ္ ေတြးလိုက္မိတယ္။ ဒါနဲ႕ အက်ိဳးအေၾကာင္းသိခ်င္တာနဲ႕ ခ်ိန္းတဲ့ေန႔မွာ လူေမာ္လည္း ျမိဳ႕ေတာ္ခန္းမမွာ သြားေရာက္ေတြ႔ဆံုလိုက္တယ္။ ဌာနမွဴးေရွ႕ေရာက္ေတာ့ ဂရန္သစ္ေလွ်ာက္သူက စာခ်ဳပ္အဆင့္ဆင့္နဲ႕ ဝယ္ထားတဲ့ ေျမခ်ပါမစ္မူရင္းၾကီး ျပတယ္။ လူေမာ္ကလည္း မိမိဝယ္ထားတဲ့ သူမ်ားအမည္ေပါက္ ဂရန္ စာအုပ္ၾကီးကို ထုတ္ျပလိုက္တယ္။ ဒီဂရန္ စာအုပ္ၾကီးကလည္း ဒီျမိဳ႕ေတာ္စည္ပင္ကပဲ ထုတ္ေပးတားတာဆိုေတာ့ ဂရန္အစစ္ပဲေလ။ ဂရန္ အတုလားလို႕ အဲဒီ တာဝန္ခံလူၾကီးေတြကို ျပၾကည့္လိုက္ေတာ့ သူတုိ႔ကလည္း အစစ္ျဖစ္တယ္ဆိုတာ မျငင္းပါဘူး။

ဆုပ္လည္းစူး စားလည္းစူး ပဒိုင္းသီး စားမိသူနဲ႕တူ

ဒီလို ထုတ္ေပးရျခင္း အေၾကာင္းကေတာ့ ေျမခ်ပါမစ္ အမည္ေပါက္ရသူက သူ႕ရဲ႕ ေျမခ်ပါမစ္ကိုေရာင္းခ်လိုက္တာကို ထိန္ခ်န္ျပီး ပါမစ္ေပ်ာက္နဲ႕ ဂရန္သစ္လာေလွ်ာက္တဲ့ အခါ ရဲစခန္းေထာက္ခံခ်က္ ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ေထာက္ခံခ်က္၊ ပါမစ္ေပ်ာက္ဆံုးေၾကာင္း တရားရုံး က်မ္းက်ိန္လႊာေတြနဲ႕ တင္ျပေတာ့ ဌာနက အမွန္ထင္ျပီး ဂရန္သစ္ထုတ္ေပးလိုက္မိတဲ့ အေၾကာင္းေျပာျပပါတယ္။ ဒါေၾကာင့္ အခု ေျမခ်ပါမစ္ မူရင္းတင္ျပျပီး ဂရန္သစ္ေလွ်ာက္သူရွိလာျပီဆိုေတာ့ ပါမစ္ေပ်ာက္နဲ႕ ထုတ္ေပးထားတဲ့ ဂရန္မူရင္းကို ပယ္ဖ်က္ျပီး ပါမစ္မူရင္းရွိသူကို ဂရန္သစ္ထုတ္ေပးေတာ့မဲ့အေၾကာင္း သိခဲ့ရပါေတာ့တယ္။

ပါမစ္ ေပ်ာက္နဲ႔ ဂရန္သစ္ရတာလား မွတ္ခ်က္႐ွိမ႐ွိ စစ္ေဆးၾကည့္ပါ

ဒီအတိုင္းသာဆိုရင္ေတာ့ အနွစ္ (၆၀) ဂရန္ဝယ္ထားရင္လည္း စိတ္မခ်ရေတာ့ဘူးေပါ့။ စည္ပင္က ထုတ္ေပးတာခ်င္းတူပါလ်က္ ဂ၇န္အစစ္က အတုျဖစ္သြားရျပီ။ ဒါေၾကာင့္ ကိုလူေမာ္ လို အျဖစ္မ်ိဳး မၾကံဳၾကရေအာင္။ အနွစ္ (၆၀) ဂရန္ အမည္ေပါက္ ေျမကြက္ကို ဝယ္ရင္လည္း ပါမစ္မူရင္းကိုင္ထားသူက ဂရန္သစ္ေလွ်ာက္ျပီး ေရာင္းတာလား ၊ ဒါမွမဟုတ္ ပါမစ္အမည္ေပါက္သူက ပါမစ္ေပ်ာက္သြားပါတယ္ဆိုကာ လိမ္လည္ျပီးေလွ်ာက္ ယူထားတဲ့ ဂရန္လားဆိုတာကို ဂရန္စာအုပ္ေနာက္ေက်ာမွာ မွတ္ခ်က္ေတြ ရွိ /မရွိ အေသအခ်ာစစ္ေဆးျပီး မွ ဝယ္ယူၾကပါလို႔ အၾကံေပးေရးသားလိုက္ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
thukha-garden-residence
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service