ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Amazon တည်ထောင်သူ Jeff Bezos က သူ၏ကြွယ်ဝမှု ကန်ဒေါ်လာ ၁၂၄ ဘီလီယံကို လှူဒါန်းမည်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Amazon တည်ထောင်သူ Jeff Bezos က သူ၏ကြွယ်ဝမှု ကန်ဒေါ်လာ ၁၂၄ ဘီလီယံကို လှူဒါန်းမည် - Property News in Myanmar from iMyanmarHouse.com
15 Nov 2022 10:10 am တွင် တင်ခဲ့သည်
1291 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Amazon တည်ထောင်သူ ဘီလျံနာ Jeff Bezos သည် သူ၏အလွန်တရာ ကြီးမားများပြားလှသော ပိုင်ဆိုင်မှု အရပ်ရပ်၏ အများစုကို လှူဒါန်းသွားတော့မည်ဟု ကြေညာလိုက်သည်။
Investopedia ၏ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ထုတ်ပြန်မှုအရ Jeff Bezos သည် ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ၁၀ ဦးစာရင်းတွင် နံပါတ် ၄ နေရာ၌ ရပ်တည်နေသူ ဖြစ်သည်။
Jeff Bezos သည် လက်ရှိတွင် Blue Origin အာကာသ ကုမ္ပဏီကို ဦးဆောင်လည်ပတ် ရှိသည်။
CNN သတင်းတွင် ဖော်ပြချက်အရ Jeff Bezos သည် သူကြွယ်ဝသော ကန်ဒေါ်လာ ၁၂၄ ဘီလီယံမှ အများစုကို လှူဒါန်းသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။
သူ၏ ချမ်းသာကြွယ်ဝမှုများကို မည်သို့ စီစဉ်ခဲ့မည်ဆိုသော မေးခွန်းနှင့် စပ်လျဉ်း၍ Bezos က ဖြေဆိုရန် အမြဲရှောင်လွှဲခဲ့သော်လည်း ယခုအခါတွင်မူ သူသက်ရှိထင်ရှားရှိနေစဉ်အတွင်း ပိုင်ဆိုင်မှုအများစုကို လှူဒါန်းသွားမည်ဖြစ်ကြောင်း CNN သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။
သူ၏ ချမ်းသာကြွယ်ဝမှုများကို ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး၊ လူမှုရေးနှင့် နိုင်ငံရေးတို့ကြောင့် ကွဲပြားနေသော လူသားတို့ကို စည်းလုံးအောင် လုပ်ဆောင်ပေးနိုင်မည့်သူများအား ထောက်ပံ့ကူညီပေးသွားမည် ဖြစ်သည်။
Giving Pledge အစီအစဉ်တွင် Bezos အဘယ်ကြောင့် မပါဝင်ခဲ့သည်ကို လူအများက မေးမြန်းမှုများ ရှိသည်။
Giving Pledge အစီအစဉ်ဟူသည်မှာ ဘီလ်ဂိတ်နှင့် ဝါရင်ဘူဖေးတို့ကဲ့သို့ ကမ္ဘာပေါ်တွင် အလွန်အမင်း ချမ်းသာကြွယ်ဝသူများက မိမိတို့၏ ပိုင်ဆိုင်မှုများကို လှူဒါန်းသွားရန် ကတိပြုကြခြင်း ဖြစ်သည်။
အဆိုပါ အစီအစဉ်တွင် မပါဝင်ဘဲ Bezos က ၎င်းဘာသာ သီးခြားလုပ်ဆောင်လိုဟန် ရှိသည်။
(Jeff Bezos နှင့် သူ၏လက်တွဲဖော် Lauren Sanchez ။ ဓာတ်ပုံ Credits: James Veysey/Shutterstock)
သူ၏ လက်တွဲဖော် Lauren Sanchez နှင့်အတူ Bezos က ရှင်းပြခဲ့သည်မှာ ငွေကြေးများ လှူဒါန်းသွားနိုင်ရန်အတွက် ‘building the capacity CNN သတင်းဌာနမှ Chloe Melas က Bezos ၏ ဘဝသက်တမ်းအတွင်း ပိုင်ဆိုင်မှုအများစုကို လှူဒါန်းရန် ရည်ရွယ်ချက် ရှိ၊ မရှိ ဒဲ့တိုးမေးမြန်းခဲ့ရာတွင် Bezos က “ဟုတ်ပါတယ်။ ကျွန်တော်လှူဒါန်းသွားမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
သို့သော် လှူဒါန်းမည့်အချိန်နှင့် အခြားအသေးစိတ်အချက်အလက်များကိုမူ မပြောကြားခဲ့ချေ။
“ခက်ခဲတဲ့အပိုင်းကတော့ ဒါကို ထိရောက်တဲ့နည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားရတဲ့အပိုင်းပါ”ဟု Bezos က ပြောသည်။ “Amazon ကို တည်ထောင်ရတာ မလွယ်ကူခဲ့ပါဘူး။ အလုပ်တွေ အများကြီးကြိုးစားခဲ့ရတယ်။ အလွန်ထက်မြက်တဲ့ လုပ်ဖော်ကိုင်ဖက်အဖွဲ့သားတွေ၊ အလုပ်ကြိုးစားတဲ့ အဖွဲ့သားတွေနဲ့ ကြိုးစားခဲ့ရတယ်။ ကျွန်တော်တွေ့လာတာတစ်ခုက …ကျွန်တော်ထင်ပါတယ်၊ Lauren လည်း ဒီတိုင်းပဲ ယူဆမယ်လို့… မရှိဆင်းရဲသားတွေကို လှူဒါန်းတာနဲ့ ပရဟိတအလုပ်က အတူတူပဲဆိုတာပါ”
“မထိရောက်တဲ့ နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ ဒါကြောင့် သေသေချာချာ တွေးဖို့လိုပါတယ်။”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
(Jeff Bezos ၏ ကြွယ်ဝမှု)
Jeff Bezos သည် အွန်လိုင်းစာအုပ်ဆိုင်အဖြစ် Amazon ကို ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နှစ်အနည်းငယ်အကြာမှာပင် ဘီလျံနာတစ်ဦးဖြစ်လာခဲ့သည်။
၁၉၉၈ ခုနှစ်က သူ၏ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ဖြစ်သည်။
၂၀၁၀ ပြည့်နှစ်တွင်ကား သူ၏ ကြွယ်ဝမှုမှာ ပေါင် ၁၂ ဒသမ ၆ ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြသည်။
အွန်လိုင်းစာအုပ်ဆိုင်အဖြစ် Amazon ကို ၁၉၉၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီးနောက် ၂၃ နှစ်အကြာ ၂၀၁၇ ခုနှစ်တွင်ကား Bezos မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
(Bezos ၏ ကြွယ်ဝမှုမှာ အဓိကအားဖြင့် Amazon နှင့် ဆက်နွှယ်သည်။ ဓာတ်ပုံ- John Keeble/Getty Images)
၂၀၁၈ ခုနှစ်တွင် သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၆၀ ဘီလီယံရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်မူ ၁၁၄ ဘီလီယံသို့ ကျဆင်းသွားသည်။ သို့သော် ထိုအချိန်ထိ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။
နောက် ၂ နှစ်အကြာ ၂၀၂၀ ပြည့်နှစ်တွင်ကား SpaceX တည်ထောင်သူ Elon Musk က Bezos ကို ဖြတ်ကျော်ကာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။
Bezos ၏ ကြွယ်ဝမှုမှာ Amazon ၏ ရှယ်ယာဈေးနှုန်းနှင့် ဆက်နွှယ်နေသည်။
Amazon ၏ CEO အဖြစ်မှ နှုတ်ထွက်ခဲ့သော်လည်း အကြီးမားဆုံးရှယ်ယာရှင်အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်သည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Amazon founder Jeff Bezos plans to give away most of £110,000,000,000 fortune (metro)
[Zawgyi]
(Jeff Bezos ၏ ကြွယ်ဝမှု)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
taunggyi-garden-city
kalaw-garden-valley
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service