နိုဝင်ဘာ ၂၀ တွင် စတင်ကျင်းပတော့မည့် ၂၀၂၂ ကာတာကမ္ဘာ့ဖလား ကစားကွင်းသစ်ကြီးများ
နိုဝင်ဘာ ၂၀ တွင် စတင်ကျင်းပတော့မည့် ၂၀၂၂ ကာတာကမ္ဘာ့ဖလား ကစားကွင်းသစ်ကြီးများ - Property News in Myanmar from iMyanmarHouse.com
9 Nov 2022 12:34 pm တွင် တင်ခဲ့သည်
1344 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲကြီးကို လာမည့် နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာလ ၁၈ ရက်အထိ ကာတာနိုင်ငံတွင် ကျင်းပတော့မည် ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဖီဖာကမ္ဘာ့ဖလားသည် အာရပ်ဒေသတွင် ပထမဆုံးလက်ခံကျင်းပမည့် ဘောလုံးပွဲဖြစ်ရုံမျှမက ကစားကွင်းတစ်ခုနှင့်တစ်ခု များစွာကွာဝေးခြင်းမရှိရာ ဘောလုံးပရိသတ်များအနေဖြင့် တစ်နေ့တာအတွင်း ဘောလုံးပွဲတစ်ပွဲထက်ပို၍ သွားရောက်ကြည့်ရှုနိုင်မည်လည်း ဖြစ်သည်။
ဘောလုံးပွဲတွင် ပရိသတ်များကို စောင့်ကြည့်ကင်မရာပေါင်း ၁၅၀၀၀ ဖြင့် စောင့်ကြပ်သွားမည့်အပြင် facial-recognition နည်းပညာကိုလည်း အသုံးပြုသွားမည်ဟု ဆိုသည်။
ထိုသို့စောင့်ကြောင့်ရခြင်းမှာ ကမ္ဘာ့ဖလားပွဲစဉ်များအတွင်း အကြမ်းဖက်မှုများနှင့် ရမ်းကားမှုများပြုလုပ်ခြင်းအား ထိန်းချုပ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ကို ကာတာက ၂၀၁၀ ပြည့်နှစ်ကတည်းက ရရှိခဲ့သည်။
ယင်းနောက်ပိုင်းကတည်းက ကာတာသည် ကမ္ဘာ့ဖလားလက်ခံကျင်းပရန် ကန်ဒေါ်လာ ၃၀၀ ဘီလီယံအထိ အသုံးပြုကာ ကစားကွင်းသစ်ကြီး ၇ ခုအပါအဝင် အခြားလိုအပ်မည့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ခဲ့သည်။
ကွပ်ကဲရေးစောင့်ကြည့်စင်တာတစ်ခုမှတဆင့် ပြိုင်ပွဲများအားလုံးကို စောင့်ကြည့်သွားမည် ဖြစ်ပြီး ထိန်းချုပ်ခန်းမကြီးမှာ နာဆာအဖွဲ့ကြီး၏ ဂြိုဟ်တုလွှတ်တင်ရေးစခန်းနှင့် တူညီနေသည်။
ကမ္ဘာ့ဖလားကျင်းပရာပွဲစဉ်များဝန်းကျင်ရှိ ရထားများ၊ ကားများအပြင် လမ်းများပေါ်ရှိ လူပမာဏကို ခန့်မှန်းရန် ကာတာတက္ကသိုလ်မှ ပညာရှင်များက မောင်းသူမဲ့လေယာဉ်များလည်း ထုတ်လုပ်ပေးထားသည်။
ကစားကွင်းတိုင်းတွင် လေ့ကျင့်ရေးနေရာနှင့် ပရိသတ်များနှင့်တွေ့ဆုံရာနေရာတို့ကို နေစွမ်းအင်သုံး လေအေးပေးနည်းပညာအသုံးပြုကာ အပူချိန်ကို ထိန်းညှိပေးမည် ဖြစ်သည်။
ကာတာသည် လူဦးရေ ၃ သန်းအောက်သာရှိသည့်နိုင်ငံဖြစ်ရာ ကမ္ဘာ့ဖလားဘောလုံးပွဲ၏ ကြီးမားစွာ ကျန်ရစ်မည့် အဆောက်အအုံနှင့် ပစ္စည်းများကို ဂရုတစိုက် ပြန်လည်စီမံခန့်ခွဲရန် လိုအပ်မည် ဖြစ်သည်။
ထို့ကြောင့် ပွဲစီစဉ်သူတို့က ကစားကွင်းများကို ပြန်လည်ဖြုတ်သိမ်းနိုင်စေမည့် ပစ္စည်းများဖြင့် ဆောက်လုပ်ရန် ကတိပြုခဲ့ကြပြီး ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ကျန်ရစ်မည့်အရာများကို ကာတာနိုင်ငံအပြင် အခြားနိုင်ငံများကိုပါ ပေးနိုင်ရန် ပြန်လည်အသုံးပြုခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးပါက ကစားကွင်းများမှ ထိုင်ခုံများကို လျှော့ချသွားမည်ဖြစ်ပြီး ထိုင်ခုံပေါင်း ၁၇၀၀၀၀ ကို ဖြုတ်သိမ်းကာ ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ပေးအပ်ပြီး အားကစားအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေရန် ကူညီပေးသွားမည် ဖြစ်သည်။
(Al Bayt ဘောလုံးကွင်း)
တည်ရှိရာမြို့- Al Khor
ထိုင်ခုံပမာဏ- ၆၀၀၀၀
လက်ခံကျင်းပမည့်ကစားပွဲများ- ကမ္ဘာ့ဖလား ပထမဆုံးပွဲစဉ်နှင့် ဆီမီးဖိုင်နယ်အထိ ပွဲစဉ်တစ်လျှောက် အသုံးပြုမည်
Al Bayt အားကစားကွင်းသည် ပရိသတ် ၆၀၀၀၀ ဆန့်သော ကွင်းကြီးဖြစ်သည်။
ဤကစားကွင်းသည် ကြီးမားသော tent ဖွဲ့စည်းပုံဖြင့် ဆောက်လုပ်ထားပြီး ကာတာနှင့် ပင်လယ်ကွေ့ဒေသတွင် nomaidc နိုင်ငံများမှ လာရောက်ဆောက်လုပ်လေ့ရှိသည့် တဲပုံသဏ္ဍာန်ကို ခေါ်ဝေါ်သည့်အမည်ဖြစ်သော bayt al sha’ar ကို အစွဲပြုကာ အမည်ပေးထားခြင်း ဖြစ်သည်။
ကမ္ဘာ့ဖလားဘောလုံးပွဲ ပြီးဆုံးပါက Al Bayt ကစားကွင်း ထိုင်ခုံပမာဏကို ၃၂၀၀၀ သို့ လျှော့ချသွားမည် ဖြစ်သည်။
(Ahmad Bin Ali ဘောလုံးကွင်း)
တည်ရှိရာမြို့- Umm Al Afaei
ထိုင်ခုံပမာဏ- ၄၀၀၀၀
လက်ခံကျင်းပမည့်ကစားပွဲများ- အုပ်စုပွဲများ၊ ၁၆ သင်းပတ်လည်ပွဲများ
ဒိုဟာ၏ အနောက်ဘက် Umm Al Afaei တွင် တည်ရှိသော Ahmad bin Ali ကစားကွင်းသည် ပရိသတ် ၄၀၀၀၀ ဝင်ဆန့်ပြီး အလွယ်တကူ ဖြုတ်နိုင်တပ်နိုင်သည့်ပစ္စည်းများဖြင့် ၂၀၂၂ ဖီဖာကမ္ဘာ့ဖလားပွဲအမီ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဖလားပြီးဆုံးပါက ထိုင်ခုံ ၂၀၀၀၀ နီးပါးအထိ လျှော့ချသွားမည် ဖြစ်သည်။
ကစားကွင်း၏ ဒီဇိုင်းနှင့် ဝန်းကျင်အဆောက်အအုံများက ကာတာ၏ အငွေ့အသက်များ ရစေသည်။
ပြင်ပမျက်နှာစာမှာ သဲတောင်ကုန်းများ၏ လှိုင်းတွန့်များသဏ္ဍာန်ပုံဖော်ထားပြီး ထူးခြားသည့် ဂဲသြမေထရီပုံများမှာ သဲကန္တာရ၏အလှ၊ ဒေသမျိုးရင်း ပန်းများနှင့် တိရ စ္ဆာန်များကို ကိုယ်စားပြုထားသည်။
(Al Janoub အားကစားကွင်း)
တည်ရှိရာမြို့- Al Wakrah
ထိုင်ခုံပမာဏ- ၄၀၀၀၀
လက်ခံကျင်းပမည့်ကစားပွဲများ-အုပ်စုပွဲစဉ်များနှင့် ၁၆ သင်းပတ်လည်ပွဲများ
Al Janoub အားကစားကွင်းသည် Al Wakrah မြို့၏ တောင်ဘက်တွင် တည်ရှိပြီး ပရိသတ် ၄၀၀၀၀ ဝင်ဆန့်သည်။
Al Wakrah ၏ ရှေးအခါက ငါးဖမ်းလုပ်ငန်းနှင့် ပုလဲငုပ်ခြင်းတို့ကို ဂုဏ်ပြုသောအားဖြင့် ကာတာရိုးရာ dhow ရွက်လှေကြီးများ၏ ဒီဇိုင်းအတိုင်း ကစားကွင်းကို ပုံဖော်ထားသည်။
ကမ္ဘာ့ဖလားပြီးဆုံးပါက Al Janoub အားကစားကွင်း၏ ထိုင်ခုံပမာဏကို လျှော့ချကာ ကမ္ဘာတစ်ဝန်းရှိ အားကစားအဆောက်အအုံစီမံကိန်းများသို့ လှူဒါန်းသွားမည် ဖြစ်သည်။
(Khalifa နိုင်ငံတကာ အားကစားကွင်း)
တည်ရှိရာမြို့- ဒိုဟာ
ထိုင်ခုံပမာဏ- ၄၀၀၀၀
လက်ခံကျင်းပမည့်ကစားပွဲများ-အုပ်စုပွဲများ၊ ၁၆ သင်းပတ်လည်ပွဲများ၊ တတိယနေရာလုမည့် ရှုံးထွက်ပွဲစဉ်
Khalifa နိုင်ငံတကာ အားကစားကွင်းမှာမူ ကွင်းဟောင်းတစ်ခုဖြစ်ပြီး ၁၉၇၆ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့သည်။
ယင်းနောက်ပိုင်း ကာတာက လက်ခံကျင်းပခဲ့သည့် ၂၀၀၆ ခုနှစ်၊ အာရှအားကစားပွဲတော် ကျင်းပရန် ၂၀၀၅ ခုနှစ်အတွင်း ပြန်လည်မွမ်းမံခြင်းနှင့် တိုးချဲ့ဆောက်လုပ်ခြင်းများ ပြုလုပ်ခဲ့သည်။
(Education City အားကစားကွင်း)
တည်ရှိရာမြို့- Al Rayyan (Education City)
ထိုင်ခုံပမာဏ- ၄၀၀၀၀
လက်ခံကျင်းပမည့်ကစားပွဲများ-အုပ်စုပွဲစဉ်များ၊ ၁၆ သင်းပတ်လည်ပွဲစဉ်များ၊ ကွာတားဖိုင်နယ်ပွဲများ
Education City အားကစားကွင်းသစ်သည် ကမ္ဘာ့အဆင့် တက္ကသိုလ်ကျောင်းဝန်းများရှိရာ Education City ၏ အလယ်တွင် တည်ရှိသည်။
ကမ္ဘာ့ဖလားပြီးဆုံးပါက ထိုင်ခုံပမာဏ ထက်ဝက်ခန့် လျှော့ချသွားမည် ဖြစ်သည်။
(Lusail အားကစားကွင်း)
တည်ရှိရာမြို့- Lusail
ထိုင်ခုံပမာဏ- ၈၀၀၀၀
လက်ခံကျင်းပမည့်ကစားပွဲများ- ဗိုလ်လုပွဲအထိ ပွဲစဉ်တစ်လျှောက် ကစားပွဲများ
Lusail မြို့တွင်တည်ရှိသော Lusail ကစားကွင်းသစ်ကြီးသည် ကာတာကမ္ဘာ့ဖလား၏ အဓိက ကစားကွင်းဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလား၏ ပိတ်ပွဲအခမ်းအနားကိုလည်း ဤကွင်းတွင် ကျင်းပမည် ဖြစ်သည်။
ကမ္ဘာ့ဖလားပြီးဆုံးပါက Lusail အားကစားကွင်းကို စာသင်ကျောင်းများ၊ ဈေးဆိုင်များ၊ ကော်ဖီဆိုင်များ၊ အားကစား အဆောက်အအုံများ၊ ဆေးခန်းများအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
(974 အားကစားကွင်း)
တည်ရှိရာမြို့- ဒိုဟာ
ထိုင်ခုံပမာဏ- ၄၀၀၀၀
လက်ခံကျင်းပမည့်ကစားပွဲများ-အုပ်စုပွဲစဉ်များနှင့် ၁၆ သင်းပတ်လည်ပွဲစဉ်များ
974 အားကစားကွင်းသည် အားကစားကွင်းဆောက်လုပ်ရေးနယ်ပယ်၏ ကမ္ဘာ့ရှေ့ဆောင်စီမံကိန်းတစ်ခုလည်း ဖြစ်သည်။
သင်္ဘောကွန်တိန်နာများဖြင့် ဆောက်လုပ်ထားသော ကစားကွင်းကို ကမ္ဘာ့ဖလားပြီးဆုံးပါက အားလုံးဖြုတ်သိမ်းကာ အခြားနေရာတွင် ပြန်လည်အသုံးပြုသွားမည် ဖြစ်သည်။
974 သည် ကာတာသို့ နိုင်ငံတကာမှ ဖုန်းခေါ်ဆိုသည့် ကုတ်နံပါတ်ဖြစ်သည့်အပြင် ကစားကွင်းဆောက်လုပ်ရာတွင် အသုံးပြုထားသည့် ကွန်တိန်နာပုံး အရေအတွက် ပမာဏလည်း ဖြစ်သည်။
(Al Thumama အားကစားကွင်း)
တည်ရှိရာမြို့- ဒိုဟာ
ထိုင်ခုံပမာဏ- ၄၀၀၀၀
လက်ခံကျင်းပမည့်ကစားပွဲများ- အုပ်စုပွဲစဉ်များ၊ ၁၆ သင်းပတ်လည်ပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပွဲစဉ်များ
Al Thumama အားကစားကွင်းသည် အထင်ကရ အာရပ်ဗိသုကာပြယုဂ်တစ်ခုဖြစ်ပြီး အာရပ်ကမ္ဘာတွင် ဝတ်ဆင်လေ့ရှိသည့် ရိုးရာဦးထုပ်အသွင် ပုံဖော်ထားသည်။
ကမ္ဘာ့ဖလားပွဲ ပြီးဆုံးပါက ထိုင်ခုံပမာဏ ၂၀၀၀၀ သို့ လျှော့ချသွားမည် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: World Cup Stadiums in Qatar 2022 (hukoomi.gov.qa , insider)
[Zawgyi]
(Al Bayt ဘောလုံးကွင်း)
တည်ရှိရာမြို့- Al Khor
ထိုင်ခုံပမာဏ- ၆၀၀၀၀
ထိုင်ခုံပမာဏ- ၄၀၀၀၀
ထိုင်ခုံပမာဏ- ၄၀၀၀၀
တည်ရှိရာမြို့- ဒိုဟာ
ထိုင်ခုံပမာဏ- ၄၀၀၀၀
ထိုင်ခုံပမာဏ- ၄၀၀၀၀
(Lusail အားကစားကွင်း)
တည်ရှိရာမြို့- Lusail
ထိုင်ခုံပမာဏ- ၈၀၀၀၀
(974 အားကစားကွင်း)
တည်ရှိရာမြို့- ဒိုဟာ
ထိုင်ခုံပမာဏ- ၄၀၀၀၀
တည်ရှိရာမြို့- ဒိုဟာ
ထိုင်ခုံပမာဏ- ၄၀၀၀၀
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
area-one-business-complex
kalaw-garden-valley
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service