အမျိုးသမီးများ နနွင်းစားသုံးသင့်သည့် အကြောင်းရင်း (၇) ခု
အမျိုးသမီးများ နနွင်းစားသုံးသင့်သည့် အကြောင်းရင်း (၇) ခု - Property Knowledge in Myanmar from iMyanmarHouse.com
1 Nov 2022 3:29 pm တွင် တင်ခဲ့သည်
925 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
 [Unicode]
အမျိုးသမီးတွေကိုဆို နနွင်းစားဖို့ အရပ်ထဲမှာ ပြောလေ့ရှိကြပါတယ်။ ဘာကြောင့်များပါလိမ့်? ဒါကြောင့် သိပ္ပံနည်းကျလေ့လာတွေ့ရှိထားပြီး လူပြောများတဲ့ နနွင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေလဲဆိုတာကို ကြည့်လိုက်ကြရအောင်။
အမျိုးသမီးများအတွက် နနွင်း၏ ကျန်းမာရေးအကျိုးကျေးဇူး ၇ ခု
၁။ ရောင်ရမ်းခြင်းမှ ကာကွယ်ပေးခြင်း
နနွင်းကို ရောင်ရမ်းခြင်းမှ ကာကွယ်ပေးဖို့ အသုံးများပါတယ်။ နနွင်းမှာပါတဲ့ curcumin ဒြပ်ပေါင်းက ibuprofen နဲ့ aspirin တို့လိုမျိုး အရောင်ကျဆေးတွေထက်တောင် ပိုလို့အစွမ်းထက်ကောင်းထက်နိုင်ကြောင်း လေ့လာမှုတစ်ခုက တွေ့ရှိထားပါတယ်။
၂။ အရေပြားကျန်းမာရေး ကောင်းမွန်စေခြင်း
သူ့ရဲ့ ရောင်ရမ်းခြင်းမှ ကာကွယ်ပေးခြင်း၊ အဏုဇီဝပိုးမွှားငယ်လေးတွေရန်မှ ကာကွယ်ပေးခြင်း၊ နဲ့ ဓာတ်တိုးဆန့်ကျင်ခြင်း ဂုဏ်သတ္တိတို့ကြောင့် နနွင်းဟာ ဝက်ခြံ၊ နှင်းခူနာ၊ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အိုမင်းရင့်ရော်ခြင်း၊ psoriasis (ကြမ်းထော်သော အနီပိမ့်များထသည့် အရေပြားရောဂါတစ်မျိုး) အပါအဝင် အရေပြားပြဿနာမျိုးစုံအတွက် ထိရောက်ရေပန်းစားတဲ့ကုသမှုတစ်မျိုးဖြစ်တာကို တွေ့ရှိထားကြပါတယ်။
၃။ အဆစ်ရောင်နာလက္ခဏာများ သက်သာစေနိုင်ခြင်း
နနွင်းဟာ အရိုးအဆစ်ရောင်ရမ်းနာ၊ အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲသည့်ရောဂါတို့နဲ့ ဆက်စပ်နဲ့ နာကျင်ခြင်း၊ တောင့်တင်းခြင်းတို့ကို သက်သာပြေပျောက်စေနိုင်ကြောင်း လေ့လာမှုတွေက ပြနေပါတယ်။
၄။ အရေပြားအနာများကို မြန်မြန်ဆန်ဆန်အနာကျက်စေနိုင်ခြင်း
နနွင်းမှာပါဝင်တဲ့ curcumin ဒြပ်ပေါင်းက အရေပြားအနာကျက်ခြင်းဖြစ်စဉ်ကို အရှိန်မြန်စေနိုင်ကြောင်း လေ့လာမှုများက သက်သေပြနေပါတယ်။
၅။ နှလုံးရောဂါကို တားဆီးနိုင်ခြင်း
နနွင်းမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်နိုင်စွမ်းက သွေးတွင်း LDL ပမာဏ လျော့နည်းခြင်းနဲ့ နှလုံးသွေးလွှတ်ကြောယိုယွင်းမှုရောဂါအန္တရာယ်လျော့နည်းခြင်းတို့နဲ့ အပြန်အလှန်အားဖြင့် ဆက်နွှယ်နေကြောင်း အတည်ပြုတွေ့ရှိထားပြီးဖြစ်ပါတယ်။
၆။ စိတ်ကျရောဂါ တားဆီးနိုင်ခြင်း
စိတ်ကျရောဂါဟာ brain-derived neurotrophic factor ခေါ် BNDF ပမာဏနည်းခြင်းနဲ့ ဆက်စပ်နေပါတယ်။ နနွင်းကတော့ ဦးနှောက်ထဲက BNDF ပမာဏကို မြှင့်တင်ပေးကြောင်း တွေ့ရှိထားပါတယ်။
၇။ အိုမင်းရင့်‌ရော်ခြင်းမှ ကာကွယ်ပေးသော ဖြည့်စွက်စာတစ်မျိုးအဖြစ် အသုံးပြုနိုင်ခြင်
နနွင်းကို အိုမင်းရင့်ရော်မှုကာကွယ်ရေးဖြည့်စွက်စာအဖြစ် ဈေးကွက်မတင်ကြပေမဲ့ သူ့ရဲ့ ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်တဲ့အစွမ်းသတ္တိကြောင့် သင့်ခန္ဓာကိုယ်ကို အိုမင်းရင့်ရော်စေတဲ့ free radical တွေရန်ကနေ ကာကွယ်စောင့်ရှောက်ပေးပြီး ဦးနှောက်ယိုယွင်းဆုတ်ယုတ်လာခြင်းနဲ့ အခြားအသက်အရွယ်ဆိုင်ရာရောဂါတွေကို နှောင့်နှေးစေကာ အိုမင်းရင့်ရော်ခြင်းတားဆီးပေးတဲ့ ဖြည့်စွက်စာအဖြစ် ထိရောက်နိုင်ကြောင်း သုတေသနတွေအရ သိရပါတယ်။
ဒါကြောင့် iMyanmarHouse.com ရဲ့ ပရိသတ်တွေအနေနဲ့ နေ့စဉ် နနွင်းကို ထမင်းစားဇွန်းရဲ့ လေးပုံတစ်ပုံလောက်တော့ အနည်းဆုံးစားသုံးပေးသင့်ပါတယ်။ ဖျော်ရည်တွေထဲထည့်သောက်နိုင်သလိုအုတ်ဂျုံအစားအစာထဲလည်း ထည့်စားနိုင်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 7 reasons women should consume turmeric (lifewelllived.fitness)
[Zawgyi]
၇။ အိုမင်းရင့်‌ရော်ခြင်းမှ ကာကွယ်ပေးသော ဖြည့်စွက်စာတစ်မျိုးအဖြစ် အသုံးပြုနိုင်ခြင်း
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
mya-villa
shwe-moe-kaung
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service