မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကို ကန့်ကွက်သူရှိလာရင် ဘယ်လိုလုပ်ရမလဲ .......

မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကို ကန့်ကွက်သူရှိလာရင် ဘယ်လိုလုပ်ရမလဲ ....... - Property Knowledge in Myanmar from iMyanmarHouse.com
31 Oct 2022 9:45 am တွင် တင်ခဲ့သည်
731 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

မကြာသေးမီက “မောင်ကောင်းဖေ”၏ စာဖတ်ပရိသတ်တစ်ယောက်သည် ဖုန်းဆက်ပြီး “မောင်ကောင်းဖေ”၏ ရှေ့နေရုံးခန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။လာရင်းကိစ္စမှာ ကွယ်လွန်သူဂရန်အမည်ပေါက်၏ မိသားစုထဲမှ မြေနှင့်အိမ်ကို အရပ်ကတိအရောင်းအဝယ်စာချုပ်ဖြင့် ဝယ်ထားကြောင်းပြောသည်။ မိဘနှစ်ပါးမရှိတော့၍ သားသမီး( ၅)ယောက်က စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမွေဆက်ခံပိုင်ဆိုင်ကြောင်းပြောသည်။ မိဘနှစ်ပါးမရှိတော့၍ သားသမီး (၅) ယောက်က “ကိုလတ်”အား အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P )လွှဲပေးခဲ့သည်။ ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင် အရောင်းအဝယ်စာချုပ်ချုပ်ပေးရန် မြေပုံ/မြေရာဇဝင်ကူးပေးထားသည် စသည့်အဆင့်ဆင့်ဆောင်ရွက်ထားပြီးဖြစ်သည့် စာရွက်စာတမ်းများကိုတင်ပြသည်။ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်မှပေ (၄ဝ’x ၆ဝ’) ဂရန်မြေကွက်ဖြစ်နေသည်။ “ကိုလတ်”ပြသသောစာရွက်စာတမ်းများအရ အရောင်းအဝယ်စာချုပ်ချုပ်ဆိုလျှင် ပြည့်စုံနေပြီဖြစ်၍

“မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်လို့ ဘာအခက်အခဲရှိသေးလို့လဲ ရပြီလေ” ဟု”မောင်ကောင်းဖေ”ကမေးလိုက်ရာ

“ ဟုတ်ပါတယ်ဆရာ၊ ဆရာပြောသလို စာရွက်စာတမ်းပြည့်စုံနေတာပဲဆိုပြီး ကျွန်တော့်ဘက်က မှတ်ပုံတင်စာချုပ်မချုပ်သေးဘဲ ခပ်ပေါ့ပေါ့နေလိုက်မိတာ၊ (၆)လလောက်ကြာသွားတယ်၊ အခုတော့ဒုက္ခတွေ့ပါပြီဆရာ”

“ဘယ်လိုဖြစ်နေလို့လဲ ပြောပါဦး”

“အမွေဆိုင်သားသမီး (၅ )ဦးကပေးထားတဲ့အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ရယ်၊ အရောင်းအဝယ်စာချုပ်ဖို့ မြေပုံမြေရာဇဝင်ရယ်၊ (၅)ဦးစလုံးကပေးထားတဲ့အထွေထွေကိုယ်စားလှယ်လွှဲစာတွေရယ် ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ရဲ့မြေကွက်စံနှုန်းအတိုင်း ငွေလည်းသွင်းပြီးပြီ၊ဘဏ်ကငွေရပြေစာတွေလည်းရခဲ့ပြီ၊ မြို့နယ်အခွန်ရုံးက တံဆိပ်ခေါင်းတွေလည်းဝယ်ထားပြီးပြီ၊စာချုပ်စာတမ်းရုံးမှာ သွားပြီးစာချုပ်မယ်လို့ ဆုံးဖြတ်ထားကာမှ (၅) ဦးထဲက ညီအငယ်တစ် ယောက်က လှမ်းဖုန်းဆက်တယ်”

“အမွေဆိုင် (၅) ဦးထဲက အခုဖုန်းဆက်တဲ့ညီအငယ်ဆုံးဖြစ်သူက သူရမယ့်အမွေဝေစုကိုအကိုကြီးလုပ်သူက တစ်ဝက်ပဲပေးပြီး တစ်ဝက်ကို သူသုံးထားလို့ နောက်မှပေးမယ်ဆိုပြီးချန်ထားတယ်တဲ့။ အဲဒီညီအငယ်က အကိုကြီးကမပေးမှာစိုးလို့ ရန်ကုန်မြို့ စာချုပ်စာတမ်းရုံးမှာ ကန့်ကွက်ထားတယ်တဲ့ ဆရာ။ ကျွန်တော်လည်း ကျွန်တော်ဝယ်ထားတဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းပြပြီး စာချုပ်ရုံးမှာပြကြည့်တော့ အမှန်ဖြစ်နေတယ်။ ဒီလိုဆိုရင် စာချုပ်လို့မရတော့ဘူးလား”

“ဒါကတော့ အခက်အခဲမရှိပါဘူး “ကိုလတ်”ရယ်၊ ဒီလောက်ကြီးလည်းစိတ်မညစ်နေပါနဲ့” ဟု”မောင်ကောင်းဖေ”အားပေးလိုက်ရာ

“အဲဒီလိုကန့်ကွက်ချက်ရှိရင်လည်း စာချုပ်လို့ရလား ဆရာ” ဟုဝမ်းသာစွာဖြင့်မေးသည်။

“ရတာပေါ့၊ အိမ်ခြံမြေအရောင်းအဝယ်စာချုပ်ရယ်၊ အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ရယ်၊ အရောင်းမြေပုံမြေရာဇဝင်ရယ်၊ သူတို့ (၅)ဦးထံက လက်ခံထားတဲ့အထွေထွေကိုယ်စားလှယ်လွှဲစာရယ်၊ ပြီးတော့ သူတို့ (၅ )ဦးစလုံး အသက်ထင်ရှားရှိတဲ့အကြောင်းနဲ့ “ကိုလတ်”ကို လွှဲထားတဲ့ (G.P )ပါဝါကို ပြန်လည်ရုတ်သိမ်းခြင်းမရှိသေးတဲ့အကြောင်း ကျမ်းကျိန်တစ်စောင်ရယ်၊နောက်ပြီး ဝယ်သူ၊ ရောင်းသူနဲ့ အသိအသက်သေ(၂)ဦးရဲ့ နိုင်ငံသားကတ်ပြားများပြပြီး စာချုပ်ရုံးမှာချုပ်ဆိုလို့ရပါတယ်”

“အဲဒီနေ့မှာ စာချုပ်စာတမ်းဌာနမှူးက အားလုံးပြည့်စုံမှန်ကန်မှုရှိ/မရှိ စစ်ဆေးမယ်၊ ပြီးတော့လိုအပ်တဲ့စာချုပ်အထောက်အထားတွေယူထားလိမ့်မယ်။ မူရင်းတွေအားလုံးကတော့ကြည့်ပြီးရင် ပြန်ပေးလိုက်ပါတယ်”

“ဒါပေမယ့် ညီအငယ်တစ်ယောက်ရဲ့ကန့်ကွက်ချက်ရှိတော့ နှစ်ပတ်အတွင်းစာချုပ်တော့ထုတ်ပေးမှာမဟုတ်ဘူး။ အဲဒီကန့်ကွက်သူကို စာချုပ်ရုံးကိုလာဖို့၊ ဌာနမှူးကအကြောင်းကြားစာ ထုတ်လိမ့်မယ်။ “ကိုလတ်”ဆီကိုလည်း အကြောင်းကြားစာမိတ္တူတစ်စောင်ပို့လိမ့်မယ်။ စာချုပ်ရုံးရဲ့ကြော်ငြာသင်ပုန်းမှာလည်း တစ်စောင်ကပ်ထားတယ်”

“အကြောင်းကြားစာမှာပါတဲ့အချက်တွေကတော့ ကန့်ကွက်သူအနေနဲ့ အရောင်းအဝယ်ပြုလုပ်တဲ့ မြေနဲ့အိမ်တို့နဲ့ ပတ်သက်ပြီး မိမိပိုင်ဆိုင်မှုရှိတယ်ဆိုရင် သက်ဆိုင်ရာတရားရုံးကထုတ်ပေးထားတဲ့ အရောင်းအဝယ်မပြုလုပ်ရန် ယာယီတားဝရမ်းကို လာရောက်တင်ပြရန်အကြောင်းကြားခြင်းပါပဲ။ ယာယီတားဝရမ်းရဲ့လာရောက်ကန့်ကွက်ရင်လည်း ရက်ပေါင်း (၆၀)အတွင်း လာရောက်ကန့်ကွက်ဖို့ အကြောင်းကြားစာမှာပါတယ်။ အဲဒီလိုသတ်မှတ်ရက်မှာ ယာယီတားဝရမ်းမပြနိုင်ဘူးဆိုရင် အရောင်းအဝယ်စာချုပ်ကိုစာချုပ်ရုံးက မှတ်ပုံတင်ပေးတယ်။ မှတ်ပုံတင်ကြေးပေးသွင်းပြီးရင် စာချုပ်ကိုထုတ်ယူလို့ရပြီပေါ့။ဘာခက်လဲ ကိုလတ်ရယ်”

“ဆရာပြောတော့လည်း အလွယ်လေးပါလား။ တကယ်လို့ကန့်ကွက်သူက တရားရုံးယာယီတားဝရမ်းနဲ့ လာပြီးကန့်ကွက်ရင် ဘယ်လိုလုပ်မလဲဆရာ”

“အဲဒီလိုယာယီတားဝရမ်းကို တရားရုံးကရဖို့ဆိုတာ လွယ်တယ်များမှတ်နေသလား။ အဲဒီကန့်ကွက်သူက အခုအရောင်းအဝယ်ပြုလုပ်တဲ့ မြေနဲ့အိမ်ကို သူလည်းပိုင်ဆိုင်ပါတယ်ဆိုပြီး ဂရန်မူရင်း၊ စာချုပ်မူရင်း အထောက်အထားပြပြီးတရားစွဲရတယ်။ တရားရုံးက သူတင်ပြချက်တွေပြည့်စုံပြီး မူရင်းတွေသက်သေအဖြစ်လက်ခံပြီးမှ ယာယီတားဝရမ်းဆိုတာ လျှောက်ယူလို့ရတာ။ အခုလိုစာချုပ်ရုံးမှာ သူ့လက်ထဲမှာအသင့်ဆောင်ထားတဲ့ ဂရန်/စာချုပ်မိတ္တူတွေပြပြီး တရားသူကြီးကန့်ကွက်တာ ခွင့်ပြုပေမယ့် တရားရုံးကနှစ်ဖက်ရှေ့နေတွေနဲ့ လျှောက်လဲချက်ကြားနာပြီးတရားရုံးက ယာယီတားဝရမ်းရဖို့ဆိုတာ အဆင့် ဆင့်ဆောင်ရွက်ပြီး အမိန့်ချမှထုတ်ယူခွင့်ရတာဆိုတော့ ရဖို့အလွန်ခဲယဉ်းပါတယ်”

‘‘အဲဒီတော့ကိုလတ်ရယ်၊ မင်းလက်ထဲမှာဂရန်၊ စာချုပ်စာတမ်းမူရင်းတွေ အပြည့်အစုံရှိတယ်။ အိမ်ကိုလည်း လက်ရောက်ရထားဟယ်။ဘာလိုသေးလဲ။ မင်းရဲ့အမည်ပေါက်မပြောင်းရသေးတာတစ်ခုပဲရှိတယ်။ ဒါလည်းစိတ်မပူနဲ့။ ကန့်ကွက်သူက ဘာတားဝရမ်းမှလည်းလာပြီးတင်ပြနိုင်မှာမဟုတ်ဘူး။ တင်ပြနိုင်ရအောင်သူ့မှာ ဘာ

ဂရန်/စာချုပ်မူရင်းရှိလို့လဲ။ နောက်ဆုံးမင်းကိုတောင် (General Power) ပေးစဉ်က သူလည်းပေးထားပြီးသားပဲ။ အဲဒီတော့ အရေင်းအဝယ်စာချုပ်သာ တရားရုံးမှာသွားချုပ်လိုက်။ အချိန်တန်ရင် မှတ်ပုံတင်စာချုပ်ရုံးက မှတ်ပုံတင်စာချုပ်ထုတ်ပေးမှာသေချာပါတယ်ကွာ ရှင်းပြီလား”

“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဆရာ” ဟုဆိုကာ “ကိုလတ်”တစ်ယောက် ကြည်လင်ရွှင်ပြသော မျက်နှာဖြင့် နှုတ်ဆက်ကာ ပြန်သွားလေတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ကို ကန္႔ကြက္သူ႐ွိလာရင္ ဘယ္လိုလုပ္ရမလဲ .......

 

မၾကာေသးမီက “ေမာင္ေကာင္းေဖ”၏ စာဖတ္ပရိသတ္တစ္ေယာက္သည္ ဖုန္းဆက္ၿပီး “ေမာင္ေကာင္းေဖ”၏ ေ႐ွ႕ေန႐ုံးခန္းသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာသည္။လာရင္းကိစၥမွာ ကြယ္လြန္သူဂရန္အမည္ေပါက္၏ မိသားစုထဲမွ ေျမႏွင့္အိမ္ကို အရပ္ကတိအေရာင္းအဝယ္စာခ်ဳပ္ျဖင့္ ဝယ္ထားေၾကာင္းေျပာသည္။ မိဘႏွစ္ပါးမ႐ွိေတာ့၍ သားသမီး( ၅)ေယာက္က စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္းေျပာသည္။ မိဘႏွစ္ပါးမ႐ွိေတာ့၍ သားသမီး (၅) ေယာက္က “ကိုလတ္”အား အေထြေထြကိုယ္စားလွယ္လႊဲစာ (G.P )လႊဲေပးခဲ့သည္။ ထို႔ျပင္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနတြင္ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ေပးရန္ ေျမပုံ/ေျမရာဇဝင္ကူးေပးထားသည္ စသည့္အဆင့္ဆင့္ေဆာင္႐ြက္ထားၿပီးျဖစ္သည့္ စာ႐ြက္စာတမ္းမ်ားကိုတင္ျပသည္။ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေဝဘာဂီၿမိဳ႕သစ္မွေပ (၄ဝ’x ၆ဝ’) ဂရန္ေျမကြက္ျဖစ္ေနသည္။ “ကိုလတ္”ျပသေသာစာ႐ြက္စာတမ္းမ်ားအရ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုလွ်င္ ျပည့္စုံေနၿပီျဖစ္၍

“မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္လို႔ ဘာအခက္အခဲ႐ွိေသးလို႔လဲ ရၿပီေလ” ဟု”ေမာင္ေကာင္းေဖ”ကေမးလိုက္ရာ

“ ဟုတ္ပါတယ္ဆရာ၊ ဆရာေျပာသလို စာ႐ြက္စာတမ္းျပည့္စုံေနတာပဲဆိုၿပီး ကြၽန္ေတာ့္ဘက္က မွတ္ပုံတင္စာခ်ဳပ္မခ်ဳပ္ေသးဘဲ ခပ္ေပါ့ေပါ့ေနလိုက္မိတာ၊ (၆)လေလာက္ၾကာသြားတယ္၊ အခုေတာ့ဒုကၡေတြ႕ပါၿပီဆရာ”

“ဘယ္လိုျဖစ္ေနလို႔လဲ ေျပာပါဦး”

“အေမြဆိုင္သားသမီး (၅ )ဦးကေပးထားတဲ့အေမြဆက္ခံပိုင္ဆိုင္ေၾကာင္းစာခ်ဳပ္ရယ္၊ အေရာင္းအဝယ္စာခ်ဳပ္ဖို႔ ေျမပုံေျမရာဇဝင္ရယ္၊ (၅)ဦးစလုံးကေပးထားတဲ့အေထြေထြကိုယ္စားလွယ္လႊဲစာေတြရယ္ ကာလတန္ဖိုးစိစစ္သတ္မွတ္ေရးအဖြဲ႕ရဲ႕ေျမကြက္စံႏႈန္းအတိုင္း ေငြလည္းသြင္းၿပီးၿပီ၊ဘဏ္ကေငြရေျပစာေတြလည္းရခဲ့ၿပီ၊ ၿမိဳ႕နယ္အခြန္႐ုံးက တံဆိပ္ေခါင္းေတြလည္းဝယ္ထားၿပီးၿပီ၊စာခ်ဳပ္စာတမ္း႐ုံးမွာ သြားၿပီးစာခ်ဳပ္မယ္လို႔ ဆုံးျဖတ္ထားကာမွ (၅) ဦးထဲက ညီအငယ္တစ္ ေယာက္က လွမ္းဖုန္းဆက္တယ္”

“အေမြဆိုင္ (၅) ဦးထဲက အခုဖုန္းဆက္တဲ့ညီအငယ္ဆုံးျဖစ္သူက သူရမယ့္အေမြေဝစုကိုအကိုႀကီးလုပ္သူက တစ္ဝက္ပဲေပးၿပီး တစ္ဝက္ကို သူသုံးထားလို႔ ေနာက္မွေပးမယ္ဆိုၿပီးခ်န္ထားတယ္တဲ့။ အဲဒီညီအငယ္က အကိုႀကီးကမေပးမွာစိုးလို႔ ရန္ကုန္ၿမိဳ႕ စာခ်ဳပ္စာတမ္း႐ုံးမွာ ကန္႔ကြက္ထားတယ္တဲ့ ဆရာ။ ကြၽန္ေတာ္လည္း ကြၽန္ေတာ္ဝယ္ထားတဲ့ ပိုင္ဆိုင္မႈစာ႐ြက္စာတမ္းျပၿပီး စာခ်ဳပ္႐ုံးမွာျပၾကည့္ေတာ့ အမွန္ျဖစ္ေနတယ္။ ဒီလိုဆိုရင္ စာခ်ဳပ္လို႔မရေတာ့ဘူးလား”

“ဒါကေတာ့ အခက္အခဲမ႐ွိပါဘူး “ကိုလတ္”ရယ္၊ ဒီေလာက္ႀကီးလည္းစိတ္မညစ္ေနပါနဲ႔” ဟု”ေမာင္ေကာင္းေဖ”အားေပးလိုက္ရာ

“အဲဒီလိုကန္႔ကြက္ခ်က္႐ွိရင္လည္း စာခ်ဳပ္လို႔ရလား ဆရာ” ဟုဝမ္းသာစြာျဖင့္ေမးသည္။

“ရတာေပါ့၊ အိမ္ျခံေျမအေရာင္းအဝယ္စာခ်ဳပ္ရယ္၊ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္းစာခ်ဳပ္ရယ္၊ အေရာင္းေျမပုံေျမရာဇဝင္ရယ္၊ သူတို႔ (၅)ဦးထံက လက္ခံထားတဲ့အေထြေထြကိုယ္စားလွယ္လႊဲစာရယ္၊ ၿပီးေတာ့ သူတို႔ (၅ )ဦးစလုံး အသက္ထင္႐ွား႐ွိတဲ့အေၾကာင္းနဲ႔ “ကိုလတ္”ကို လႊဲထားတဲ့ (G.P )ပါဝါကို ျပန္လည္႐ုတ္သိမ္းျခင္းမ႐ွိေသးတဲ့အေၾကာင္း က်မ္းက်ိန္တစ္ေစာင္ရယ္၊ေနာက္ၿပီး ဝယ္သူ၊ ေရာင္းသူနဲ႔ အသိအသက္ေသ(၂)ဦးရဲ႕ ႏိုင္ငံသားကတ္ျပားမ်ားျပၿပီး စာခ်ဳပ္႐ုံးမွာခ်ဳပ္ဆိုလို႔ရပါတယ္”

“အဲဒီေန႔မွာ စာခ်ဳပ္စာတမ္းဌာနမႉးက အားလုံးျပည့္စုံမွန္ကန္မႈ႐ွိ/မ႐ွိ စစ္ေဆးမယ္၊ ၿပီးေတာ့လိုအပ္တဲ့စာခ်ဳပ္အေထာက္အထားေတြယူထားလိမ့္မယ္။ မူရင္းေတြအားလုံးကေတာ့ၾကည့္ၿပီးရင္ ျပန္ေပးလိုက္ပါတယ္”

“ဒါေပမယ့္ ညီအငယ္တစ္ေယာက္ရဲ႕ကန္႔ကြက္ခ်က္႐ွိေတာ့ ႏွစ္ပတ္အတြင္းစာခ်ဳပ္ေတာ့ထုတ္ေပးမွာမဟုတ္ဘူး။ အဲဒီကန္႔ကြက္သူကို စာခ်ဳပ္႐ုံးကိုလာဖို႔၊ ဌာနမႉးကအေၾကာင္းၾကားစာ ထုတ္လိမ့္မယ္။ “ကိုလတ္”ဆီကိုလည္း အေၾကာင္းၾကားစာမိတၱဴတစ္ေစာင္ပို႔လိမ့္မယ္။ စာခ်ဳပ္႐ုံးရဲ႕ေၾကာ္ျငာသင္ပုန္းမွာလည္း တစ္ေစာင္ကပ္ထားတယ္”

“အေၾကာင္းၾကားစာမွာပါတဲ့အခ်က္ေတြကေတာ့ ကန္႔ကြက္သူအေနနဲ႔ အေရာင္းအဝယ္ျပဳလုပ္တဲ့ ေျမနဲ႔အိမ္တို႔နဲ႔ ပတ္သက္ၿပီး မိမိပိုင္ဆိုင္မႈ႐ွိတယ္ဆိုရင္ သက္ဆိုင္ရာတရား႐ုံးကထုတ္ေပးထားတဲ့ အေရာင္းအဝယ္မျပဳလုပ္ရန္ ယာယီတားဝရမ္းကို လာေရာက္တင္ျပရန္အေၾကာင္းၾကားျခင္းပါပဲ။ ယာယီတားဝရမ္းရဲ႕လာေရာက္ကန္႔ကြက္ရင္လည္း ရက္ေပါင္း (၆၀)အတြင္း လာေရာက္ကန္႔ကြက္ဖို႔ အေၾကာင္းၾကားစာမွာပါတယ္။ အဲဒီလိုသတ္မွတ္ရက္မွာ ယာယီတားဝရမ္းမျပႏိုင္ဘူးဆိုရင္ အေရာင္းအဝယ္စာခ်ဳပ္ကိုစာခ်ဳပ္႐ုံးက မွတ္ပုံတင္ေပးတယ္။ မွတ္ပုံတင္ေၾကးေပးသြင္းၿပီးရင္ စာခ်ဳပ္ကိုထုတ္ယူလို႔ရၿပီေပါ့။ဘာခက္လဲ ကိုလတ္ရယ္”

“ဆရာေျပာေတာ့လည္း အလြယ္ေလးပါလား။ တကယ္လို႔ကန္႔ကြက္သူက တရား႐ုံးယာယီတားဝရမ္းနဲ႔ လာၿပီးကန္႔ကြက္ရင္ ဘယ္လိုလုပ္မလဲဆရာ”

“အဲဒီလိုယာယီတားဝရမ္းကို တရား႐ုံးကရဖို႔ဆိုတာ လြယ္တယ္မ်ားမွတ္ေနသလား။ အဲဒီကန္႔ကြက္သူက အခုအေရာင္းအဝယ္ျပဳလုပ္တဲ့ ေျမနဲ႔အိမ္ကို သူလည္းပိုင္ဆိုင္ပါတယ္ဆိုၿပီး ဂရန္မူရင္း၊ စာခ်ဳပ္မူရင္း အေထာက္အထားျပၿပီးတရားစြဲရတယ္။ တရား႐ုံးက သူတင္ျပခ်က္ေတြ ျပည့္စုံၿပီး မူရင္းေတြသက္ေသအျဖစ္လက္ခံၿပီးမွ ယာယီတားဝရမ္းဆိုတာ ေလွ်ာက္ယူလို႔ရတာ။ အခုလိုစာခ်ဳပ္႐ုံးမွာ သူ႕လက္ထဲမွာအသင့္ေဆာင္ထားတဲ့ ဂရန္/စာခ်ဳပ္မိတၱဴေတြျပၿပီး တရားသူႀကီးကန္႔ကြက္တာ ခြင့္ျပဳေပမယ့္ တရား႐ုံးကႏွစ္ဖက္ေ႐ွ႕ေနေတြနဲ႔ ေလွ်ာက္လဲခ်က္ၾကားနာၿပီးတရား႐ုံးက ယာယီတားဝရမ္းရဖို႔ဆိုတာ အဆင့္ ဆင့္ေဆာင္႐ြက္ၿပီး အမိန္႔ခ်မွထုတ္ယူခြင့္ရတာဆိုေတာ့ ရဖို႔အလြန္ခဲယဥ္းပါတယ္”

‘‘အဲဒီေတာ့ကိုလတ္ရယ္၊ မင္းလက္ထဲမွာဂရန္၊ စာခ်ဳပ္စာတမ္းမူရင္းေတြ အျပည့္အစုံ႐ွိတယ္။ အိမ္ကိုလည္း လက္ေရာက္ရထားဟယ္။ဘာလိုေသးလဲ။ မင္းရဲ႕အမည္ေပါက္မေျပာင္းရေသးတာတစ္ခုပဲ႐ွိတယ္။ ဒါလည္းစိတ္မပူနဲ႔။ ကန္႔ကြက္သူက ဘာတားဝရမ္းမွလည္းလာၿပီးတင္ျပႏိုင္မွာမဟုတ္ဘူး။ တင္ျပႏိုင္ရေအာင္သူ႕မွာ ဘာ ဂရန္/စာခ်ဳပ္မူရင္း႐ွိလို႔လဲ။ ေနာက္ဆုံးမင္းကိုေတာင္ (General Power) ေပးစဥ္က သူလည္းေပးထားၿပီးသားပဲ။ အဲဒီေတာ့ အေရင္းအဝယ္စာခ်ဳပ္သာ တရား႐ုံးမွာသြားခ်ဳပ္လိုက္။ အခ်ိန္တန္ရင္ မွတ္ပုံတင္စာခ်ဳပ္႐ုံးက မွတ္ပုံတင္စာခ်ဳပ္ထုတ္ေပးမွာေသခ်ာပါတယ္ကြာ ႐ွင္းၿပီလား”

“ဟုတ္ကဲ့၊ ေက်းဇူးတင္ပါတယ္ ဆရာ” ဟုဆိုကာ “ကိုလတ္”တစ္ေယာက္ ၾကည္လင္႐ႊင္ျပေသာ မ်က္ႏွာျဖင့္ ႏႈတ္ဆက္ကာ ျပန္သြားေလေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
taunggyi-garden-city
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service