ကြက်သွန်မြိတ်တွေ ကြာရှည်အထားခံစေမယ့် နည်းလမ်းကောင်းနှစ်သွယ်

ကြက်သွန်မြိတ်တွေ ကြာရှည်အထားခံစေမယ့် နည်းလမ်းကောင်းနှစ်သွယ် - Property Knowledge in Myanmar from iMyanmarHouse.com
29 Oct 2022 11:00 am တွင် တင်ခဲ့သည်
3281 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ကြက်သွန်မြိတ်ဆိုတာ အထိခိုက်မခံတဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဈေးထဲက ဝယ်လာတဲ့ ကြက်သွန်မြိတ်တွေကို သိမ်းဆည်းနည်း မမှန်လို့ကတော့ ခဏလေးနဲ နွမ်းသွားမှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ ကြာရှည်အထားခံအောင် ကြက်သွန်မြိတ်တွေကို ဘယ်လိုသိမ်းရင် ကောင်းမလဲ။

ကြက်သွန်နီဥတွေက အခန်းအပူချိန်မှာ ထားရတာ ဖြစ်ပေမဲ့ ကြက်သွန်မြိတ်ကတော့ ရေခဲသေတ္တာထဲမှာမှ အထားခံတာပါ။ ဒါကြောင့် နည်းမှန်လမ်းမှန် သိမ်းဆည်းနည်းလေးကို ပြောပြပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့ ကြက်သွန်မြိတ်တွေကို စည်းထားတဲ့ သားရေကွင်းကို ဖယ်ပါ။ ကြက်သွန်မြိတ်တွေကို အတိုအရှည် ညီအောင်စီပြီး အမြစ်ဖြတ်ပါ။ ဇစ်အိတ်ထဲမှာ အံကိုက် ထည့်လို့ရအောင် ထက်ဝက်ပိုင်းပါ။ ဇစ်အိတ်ထဲ ထည့်ကြည့်လို့မှ ထိုးထွက်နေတာတွေရှိရင် အဖျားတွေကို ညီအောင်လေး တိလိုက်ပါ။ ရေဆေးပြီးသားဖြစ်လို့ နည်းနည်းလေး ရေတင်နေတယ်လို့ထင်ရင် စက္ကူပုဝါလေးနဲ့ ညင်ညင်သာသာ သုတ်ပေးပါ။ ပြီးတာနဲ့ စက္ကူပုဝါအသစ်ထဲမှာ ကြက်သွန်မြိတ်အဖြူပိုင်းနဲ့ အစိမ်းပိုင်းတို့ကို သပ်သပ်စီ ထုတ်ပြီး ဇစ်အိတ်ထဲထည့်ပိတ်ကာ ရေခဲသေတ္တာအောက်ဆုံး ဟင်းရွက်ထည့်တဲ့အထပ်မှာ ထားလိုက်ရုံပါပဲ။

 

နောက်တစ်နည်းကတော့ ကြက်သွန်မြိတ်တွေကို ဖန်ပုလင်းထဲထည့်ပြီး အောက်ခြေတစ်လက်မ နှစ်လက်မ မြုပ်ရုံ ရေထည့်ပါ။ ပြီးရင် မီးဖိုချောင်ထဲက ပြတင်းပေါက်ဘောင်လေးနားမှာ ချထားပါ။ ဒါဆို အလင်းရောင် ထိတွေ့မှု ရတဲ့အတွက် ကြက်သွန်မြိတ်တွေက လတ်ဆတ်ပြီး ကြီးထွားမှာ ဖြစ်ပါတယ်။ နေ့တိုင်း ရေလဲပေးဖို့တော့ မေ့လို့မရပါဘူးနော်။

ဒီနည်းလမ်း ၂ ခုကတော့ အိမ်ရှင်မတွေအတွက် ကျိန်းသေပေါက် အထောက်အကူ ဖြစ်စေမှာပါ။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ရိုးရာလေး

 

[Zawgyi]


 









Credit: ရိုးရာလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service