ဗြူရာနိုသွား တောလား (သို့မဟုတ်) အီတလီက ရောင်စုံခြယ်ကျွန်းကလေး

ဗြူရာနိုသွား တောလား (သို့မဟုတ်) အီတလီက ရောင်စုံခြယ်ကျွန်းကလေး - Property News in Myanmar from iMyanmarHouse.com
7 Oct 2022 9:56 am တွင် တင်ခဲ့သည်
628 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အီတလီနိုင်ငံမြောက်ပိုင်း ဗင်းနစ်မြို့၏ မြောက်ဘက်သို့ မိနစ် ၄၀ ခန့် ကားမောင်းသွားလျှင် Venetian ရေကန်ကြီးအလယ်တွင် ဗြူရားနို (Burano) အမည်ရှိ ကမ္ဘာကျော် တံငါရွာငယ်ကလေးတည်ရှိရာ ကျွန်းကလေးတစ်ခု တည်ရှိသည်။

ရှေးကနဦးက ရောမတို့ အခြေချနေထိုင်ခဲ့သည့်နေရာဖြစ်ဖွယ်ရှိပြီး ၆ ရာစုနှစ်တွင် Altino မှ လူများ လာရောက် အခြေချကြသည်။

မိုနာလီဇာပန်းချီကားကို ရေးဆွဲခဲ့သူ ကမ္ဘာကျော် ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချီက ဤရွာကလေးသို့ ၁၄၈၁ ခုနှစ်တွင် လာရောက်လည်ပတ်ခဲ့ဖူးသည်။

ရွာကလေးမှာ ဇာခြည်ထည်လုပ်ငန်း၊ တောက်ပသည့် ရောင်စုံခြယ်အိမ်ကလေးများဖြင့် ကမ္ဘာကျော်သည်။

ပင်မစီးပွားရေးမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ဝင်ငွေရခြင်း ဖြစ်သည်။ ရွာကလေးရှိ အိမ်များမှာ တစ်အိမ်လျှင် တစ်ရောင်ဖြင့် အရောင်စုံဆေးခြယ်ထားရာ လှပသည့် သက်တန့်ကြီးတစ်ခုကို တွေ့မြင်ရသကဲ့သို့ပင်။ လည်ပတ်လေ့လာရန် ကောင်းမွန်လှပြီး ပဉ္စလက်ဆန်သည့် နေရာလေးတစ်ခုပင်။

ဗင်းနစ်မြို့နှင့် နီးသောကြောင့် ကမ္ဘာလှည့်ခရီးသည်များစွာ လာရောက်လည်ပတ်ကြသည်။ ဗင်းနစ်မြို့မှ ၇ ကီလိုမီတာ (၄ မိုင်) သာ ကွာဝေးသည်။

ကမ္ဘာလုံးဆိုင်ရာ ရောဂါကပ်ဘေးကြီးမကျရောက်မီက အီတလီမှ တမူထူးသော ဤကျွန်းလေးသို့ လူတိုင်းသွားရောက်ကြကာ အရောင်သွေးစုံ လှပသောအိမ်လေးများကို အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

ပန်း၊ အပြာ၊ အဝါ၊ အစိမ်း၊ ခရမ်း အစရှိသဖြင့် အရောင်သွေးစုံလှသည်။ ကျွန်းကလေးပေါ်တွင် တူးမြောင်းကွန်ရက်စနစ်လည်း ရှိသည်။

(ဗြူရားနိုကျွန်း၏ ကောင်းကင်မြင်ကွင်း)

 

 

(ဗင်းနစ်ကဲ့သို့ တူးမြောင်းများရှိသည်)

 

(ဗြူရားနို၏ ထူးခြားချက်)

 

ဗြူရားနိုမြို့ကလေးအတွင်း လှည့်လည်ကြည့်ရှုမည်ဆိုပါက ပင်းမင်းဆိုင်မှ အမျိုးသမီးကြီးများက အဝတ်အစား များ နေလှန်းလျက်ရှိခြင်း (သို့မဟုတ်) ပန်းမန်များ ဝန်းပတ်နေသော အရောင်သွေးစုံ ပြတင်းပေါက်များမှတဆင့် ကလေးများနှင့် ကမ္ဘာလှည့်ခရီးသည်များအား ငုံ့ကြည့်လျက်ရှိသည်ကို တွေ့ရနိုင်သည်။

 

(ဗြူရားနိုမှ တံငါတို့သည် မနက်ဝေလီဝေလင်းတွင် လှေများထုတ်ကာ ထွက်ခွာကြပြီး ညနေစောင်းတွင် လတ်လတ်ဆတ်ဆတ် ငါးများနှင့်အတူ ပြန်လာလေ့ရှိကြသည်)

 

တူးမြောင်းကလေးများပေါ်တွင် တံတားငယ်လေးများဖြတ်သန်းကာ လမ်းများကို ဆက်သွယ်ပေးထားသည်။

ကျွန်းကလေး၏ ပင်မရင်ပြင် Piazza Galuppi တွင် အမှတ်တရပစ္စည်းဆိုင်များ၊ ပင်လယ်စာ စားသောက်ဆိုင်များ၊ အရက်ဘားများဖြင့် ပြည့်နှက်နေသည်။

(ဗြူရားနိုတွင် ကားမရှိ)

ဗြူရားနိုတွင် မော်တော်ကားများ မရှိချေ။ ဒေသခံများသည် ခြေလျင်၊ စက်ဘီး (သို့မဟုတ်) လှေဖြင့်သာ သွားလာကြသည်။

 

(အေးအေးလူလူ ဟိုဟိုဒီဒီ…)

 

(သခင် ကိုတံငါတို့ ပြန်အလာကို မျှော်နေတဲ့ ကြောင်လေးတွေ…)

 

(နေရာတကာ ရောင်စုံဖြာ…)

 

(ရောင်စုံဝေဖြာ အိမ်ဂေဟာလေးများ…)

 

(ဗြူရားနိုကအိမ်လေးတွေကို ဘာကြောင့် တောက်တောက်ပပ ရောင်စုံခြယ်ကြလဲ)

နေအိမ်များကို တောက်တောက်ပပ ဆေးရောင်ခြယ်ထားသောကြောင့် ရှေးအခါက တံငါတို့သည် မြူထုများ ထူထပ်နေချိန်တွင် နေအိမ်ကို ရှာရမခက်တော့ချေ။

ငါးဖမ်းရာမှ ပြန်လာသော ကိုတံငါတို့ကို မိမိတို့၏အိမ်နေရာအား ရေပြင်ထဲမှ လွယ်ကူစွာ လှမ်းမျှော်တွေ့မြင်နိုင် သည်။

အခြားတစ်ချက်မှာ အဆောက်အအုံတို့မှာ တစ်ခုနှင့်တစ်ခု ထိစပ်၊ ဆက်စပ်ဆောက်လုပ်ထားသည့်အတွက် နေအိမ်ပိုင်နက်ကို သိနိုင်ရန်လည်း ဖြစ်နိုင်သည်။

ဗြူရားနိုရှိ နေအိမ်အရောင်များကို ဥပဒေဖြင့် အကာအကွယ်ပေးထားသည်။ သင်သည် ဗြူရားနိုမှ အိမ်ပိုင်ရှင်တစ်ဦးဆိုပါက သင့်အိမ်ကို အရောင်ပြောင်းရန် အစိုးရထံ လျှောက်ထားရမည် ဖြစ်သည်။

ထိုအခါ အစိုးရက သင်ရွေးချယ်နိုင်မည့် အရောင်စာရင်းပေးပို့မည်ဖြစ်ပြီး သတ်မှတ်ပေးသော အရောင်များထဲမှသာ ရွေးချယ်ရမည် ဖြစ်သည်။ ကျွန်းကလေးရှိ လူဦးရေမှာ ၂၀၀၀ ဝန်းကျင်ခန့်ရှိပြီး ယနေ့ကာလ အဓိကဝင်ငွေမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မှ ရရှိသည်။

ဗင်းနစ်မြို့သို့ ရောက်သူတိုင်း ဤကျွန်းလေးရှိ ရောင်စုံအိမ်ကလေးများကို အမှတ်တရဓာတ်ပုံရိုက်ရန် တစ်နေ့ခရီး အလည်အပတ်လာလေ့ရှိကြသည်။ ကမ္ဘာလှည့်ခရီးသည်အလုံးအရင်းကြား ဓာတ်ပုံမရိုက်လိုဘဲ လူသူရှင်းစွာ ဓာတ်ပုံရိုက်လိုပါက ကျွန်းလေးပေါ်တွင် တစ်ညတာ တည်းခိုပါ။

ကျွန်းလေးသို့ လာရောက်လည်ပတ်သူအများစုမှာ နေမြင့်ချိန်မှ ရောက်လာလေ့ရှိကြပြီး ဗင်းနစ်ရှိ တည်းခိုရာ ဟိုတယ်များသို့ပြန်ရန် မွန်းလွဲချိန်တွင် ကျွန်းမှ ပြန်လည်ထွက်ခွာကြရာ ကျွန်းပေါ်တွင် လည်ပတ်ရန် နာရီပိုင်းသာ အချိန်ရသည်။

 

(ဗြူရားနို၏ ပင်မရင်ပြင်နေရာ)

 

(နေလှန်းစနစ်သုံး ပင်မင်းဆိုင်)

 

(သင့်အိမ်သာဆိုလျှင် မည်သည့်အရောင်ခြယ်မည်နည်း)

 

 

(ဗြူရားနိုမှာ လုပ်ဆောင်စရာ)

ရိုးရိုးသားသားဆိုရလျှင် ဗြူရားနိုကျွန်းတွင် လှပသောအိမ်ကလေးများကို ဓာတ်ပုံရိုက်ခြင်းမှလွဲ၍ အခြားလုပ်ဆောင်ဖွယ်ရာ မရှိချေ။

သို့သော် ထိုတစ်မျိုးတည်းအတွက်ပင်လျှင် သွားရောက်လည်ပတ်ရသည်မှာ ထိုက်တန်ပါသည်။

(ဆန် မာတီနို ဘုရားကျောင်း)

ကျွန်းပေါ် ဗဟိုအချက်အခြာနေရာ ပင်မရင်ပြင်တွင် ဆန် မာတီနိုဘုရားကျောင်း၏ စောင်းနေသော ခေါင်းလောင်းမျှော်စင်ကြီး ရှိသည်။

ထို ခေါင်းလောင်းမျှော်စင်သည် စွတ်စိုသောမြေထုထဲသို့ တဖြည်းဖြည်းနစ်မြုပ်လျက်ရှိသည်။ ထိုမျှော်စင်ကို ကျွန်းပေါ် နေရာများစွာမှ တွေ့မြင်နိုင်သည်။

(အီတလီ ပင်လယ်စာ စားကြည့်ပါ)

တံငါတို့ အခြေချရာကျွန်းဖြစ်သောကြောင့် လတ်လတ်ဆတ်ဆတ်ငါးများကား အလျှံပယ်ပင်။

ဗြူရားနိုသို့ ရောက်လျှင် စားကြည့်သင့်သည့်အရာကား Risotto ဟုခေါ်သော အီတလီ ပင်လယ်စာပင်။

ကြက်ဥ၊ ခေါက်ဆွဲ၊ ပြည်ကြီးငါးမှင်ဟုခေါ်သော အရည်တို့ဖြင့် ချက်ပြုတ်ထားသည့် စားဖွယ်တစ်မျိုးပင်။

ပြည်ကြီးငါးမှင်ဟူသည်ကား ပြည်ကြီးငါးတို့သည် အန္တရာယ်ပြုမည့်သတ္တဝါများနှင့် တွေ့ချိန်တွင် မြင်ကွင်းကွယ်သွားစေရန် မှုတ်ထုတ်သည့် အမည်းရောင်အရည်တစ်မျိုး ဖြစ်သည်။

ပင်လယ်စာ သို့မဟုတ် ပြည်ကြီးငါးနှင့် ဓာတ်မတည့်သူများ မစားသင့်ချေ။ ဗြူရားနို၏ မိန်းလမ်းမကြီးတွင် နာမည်ကြီး Al Gatto Nero da Ruggero နှင့် Trattoria da Primo e Paolo တို့အပါအဝင် စားသောက်ဆိုင်များ ပြည့်နှက်လျက်ရှိသည်။

(လမ်းသွယ်ကလေးများထဲ လည်ပတ်ခြင်း)

 

ဗြူရားနိုသည် သေးငယ်သောကျွန်းငယ်လေးတစ်ခုသာဖြစ်ပြီး လမ်းမကြီး ၂ ခု၊ ၃ ခုသာ ရှိသည်။

သို့သော် လမ်းသွယ်ကလေးပေါင်းများစွာရှိပြီး ထိုလမ်းသွယ်လေးများတွင်လည်း ရောင်စုံခြယ် အိမ်ကလေးများချည်းသာ ဖြစ်သည်။

(အီတလီမှ ရောင်စုံခြယ်ကျွန်း)

 

(ဗြူရားနို၏ နာမည်ကျော် ဇာခြည်ထည်)

 

ဗြူရားနိုသည် အနုစိတ် ဇာခြည်ထည်လုပ်ငန်းဖြင့်လည်း နာမည်ကျော်သည်။ ဗြူရားနိုကျွန်းတွင် ၁၆ ရာစုကစပြီး အမျိုးသမီးတို့သည် ထူးခြားသော ဇာခြည်ထည်များ ထုတ်လုပ်ကာ ကမ္ဘာတစ်ဝန်းသို့ တင်ပို့ရောင်းချခဲ့သည်။

ဇာခြည်ထည်ထုတ်လုပ်ရသည့်အလုပ်မှာ အလွန်အချိန်ယူရပြီး လူများစွာ ပါဝင်ရသည်။

ဥပမာ- စားပွဲအလယ်တွင်အလှဆင်ထားရှိသည့် ဇာခြည်ထည်ကလေးတစ်ခုလုပ်ရန် အမျိုးသမီး ၇ ဦးက တစ်လခန့်အချိန်ယူပြုလုပ်ရသည်။

ဗြူရားနိုတွင် ဇာခြည်အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ ရောင်းချသည့်ဆိုင်ပေါင်းများစွာရှိသည်။

သို့သော် ဇာခြည်ထည်အများစုမှာ hand-made မဟုတ်ကြတော့။ လက်ရှိအားဖြင့် ကျွန်းပေါ်တွင် ရိုးရာဇာခြည်ထည်လုပ်ငန်း လက်တစ်ဆုပ်စာသာရှိတော့ရာ Emilia Burano နှင့် La Perla Gallery တို့ ပါဝင်သည်။

ဗြူရားနို၏ ဇာခြည်ထည်သမိုင်းကို လေ့လာလိုပါက ကျွန်းပေါ်ရှိ ဇာခြည်ပြတိုက်ဖြစ်သော Museo de Murletto သို့ ဝင်ရောက်လေ့လာရန် အကြံပြုလိုပါသည်။

ပြတိုက်မှာ အသေးစားကလေးသာဖြစ်ရာ ၁၅ မိနစ်အတွင်း လေ့လာပြီးစီးနိုင်သည်။

 

(လူသူကင်းသော ညနေလမ်းများ……….)

 

(ဗြူရာနိုကျွန်းကို ဘယ်လိုသွားမလဲ)

 

ဗြူရာနိုသို့ လှေဖြင့်သာ သွားနိုင်သည်။

သီးသန့်လှေငှား၍ သွားလျှင်လည်း ရသည်။ သို့သော် ဈေးကြီးသည်။ အများပြည်သူစီးသော Vaporetto သင်္ဘောဖြင့် ဗင်းနစ်မြို့မှသွား၍ ရသည်။

ဗြူရားနိုသို့ လှေစီးလျှင် မိနစ် ၄၀ ခန့်ကြာသည်။

Vaporetto ဖြင့်သွားမည်ဆိုလျှင် လက်မှတ်တစ်စောင်လျှင် ၇ ဒသမ ၅၀ ယူရိုကျသင့်မည်ဖြစ်သည်။

သို့သော် ဗင်းနစ်တွင် ရက်အနည်းငယ်တည်းခိုကာ ကမ္ဘာလှည့်ခရီးစဉ်လက်မှတ်ဝယ်ယူမည်ဆိုပါက အကုန်အကျသက်သာမည်ဖြစ်ပြီး တစ်ရက်တာ ခရီးစဉ်အတွက် ယူရို ၂၀၊ ၂ ရက်ခရီးစဉ်ဆိုလျှင် ယူရို ၃၀ နှင့် ၃ ရက် ခရီးစဉ်အတွက် ယူရို ၄၀ ပေးလျှင် အခြားနေရာများစွာသို့ပါ လည်ပတ်နိုင်မည် ဖြစ်သည်။

 

(ဗြူရားနိုမှ တည်းခိုရာနေရာတစ်ခု)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Getting Lost On Burano: Italy’s Rainbow Island (wikipedia, expertvagabond, untoldmorsels)

 

 

[Zawgyi]

 

ျဗဴရာႏိုသြား ေတာလား (သို႔မဟုတ္) အီတလီက ေရာင္စံုျခယ္ကၽြန္းကေလး

 

အီတလီႏိုင္ငံေျမာက္ပိုင္း ဗင္းနစ္ျမိဳ႕၏ ေျမာက္ဘက္သို႔ မိနစ္ ၄၀ ခန္႔ ကားေမာင္းသြားလွ်င္ Venetian ေရကန္ၾကီးအလယ္တြင္ ျဗဴရားႏို (Burano) အမည္ရွိ ကမၻာေက်ာ္ တံငါရြာငယ္ကေလးတည္ရွိရာ ကၽြန္းကေလးတစ္ခု တည္ရွိသည္။

ေရွးကနဦးက ေရာမတို႔ အေျခခ်ေနထိုင္ခဲ့သည့္ေနရာျဖစ္ဖြယ္ရွိျပီး ၆ ရာစုႏွစ္တြင္ Altino မွ လူမ်ား လာေရာက္ အေျခခ်ၾကသည္။

မိုနာလီဇာပန္းခ်ီကားကို ေရးဆြဲခဲ့သူ ကမ႓ာေက်ာ္ ပန္းခ်ီဆရာႀကီး လီယိုနာဒို ဒါဗင္ခ်ီက ဤ႐ြာကေလးသို႔ ၁၄၈၁ ခုႏွစ္တြင္ လာေရာက္လည္ပတ္ခဲ့ဖူးသည္။

ရြာကေလးမွာ ဇာျခည္ထည္လုပ္ငန္း၊ ေတာက္ပသည့္ ေရာင္စံုျခယ္အိမ္ကေလးမ်ားျဖင့္ ကမၻာေက်ာ္သည္။

ပင္မစီးပြားေရးမွာ ကမၻာလွည့္ခရီးသြားလုပ္ငန္းမွ ဝင္ေငြရျခင္း ျဖစ္သည္။ ရြာကေလးရွိ အိမ္မ်ားမွာ တစ္အိမ္လွ်င္ တစ္ေရာင္ျဖင့္ အေရာင္စံုေဆးျခယ္ထားရာ လွပသည့္ သက္တန္႔ၾကီးတစ္ခုကို ေတြ႔ျမင္ရသကဲ့သို႔ပင္။ လည္ပတ္ေလ့လာရန္ ေကာင္းမြန္လွျပီး ပဥၥလက္ဆန္သည့္ ေနရာေလးတစ္ခုပင္။ ဗင္းနစ္ျမိဳ႕ႏွင့္ နီးေသာေၾကာင့္ ကမၻာလွည့္ခရီးသည္မ်ားစြာ လာေရာက္လည္ပတ္ၾကသည္။ ဗင္းနစ္ျမိဳ႕မွ ၇ ကီလိုမီတာ (၄ မိုင္) သာ ကြာေဝးသည္။

ကမၻာလံုးဆိုင္ရာ ေရာဂါကပ္ေဘးၾကီးမက်ေရာက္မီက အီတလီမွ တမူထူးေသာ ဤကၽြန္းေလးသို႔ လူတိုင္းသြားေရာက္ၾကကာ အေရာင္ေသြးစံု လွပေသာအိမ္ေလးမ်ားကို အမွတ္တရ ဓာတ္ပံုရိုက္ၾကသည္။

ပန္း၊ အျပာ၊ အဝါ၊ အစိမ္း၊ ခရမ္း အစရွိသျဖင့္ အေရာင္ေသြးစံုလွသည္။ ကၽြန္းကေလးေပၚတြင္ တူးေျမာင္းကြန္ရက္စနစ္လည္း ရွိသည္။

(ျဗဴရားႏိုကၽြန္း၏ ေကာင္းကင္ျမင္ကြင္း)

(ဗင္းနစ္ကဲ့သို႔ တူးေျမာင္းမ်ားရွိသည္)

(ျဗဴရားႏို၏ ထူးျခားခ်က္)

ျဗဴရားႏိုျမိဳ႕ကေလးအတြင္း လွည့္လည္ၾကည့္ရႈမည္ဆိုပါက ပင္းမင္းဆိုင္မွ အမ်ဳိးသမီးၾကီးမ်ားက အဝတ္အစား မ်ား ေနလွန္းလ်က္ရွိျခင္း (သို႔မဟုတ္) ပန္းမန္မ်ား ဝန္းပတ္ေနေသာ အေရာင္ေသြးစံု ျပတင္းေပါက္မ်ားမွတဆင့္ ကေလးမ်ားႏွင့္ ကမၻာလွည့္ခရီးသည္မ်ားအား ငံု႔ၾကည့္လ်က္ရွိသည္ကို ေတြ႔ရႏိုင္သည္။

(ျဗဴရားႏိုမွ တံငါတို႔သည္ မနက္ေဝလီေဝလင္းတြင္ ေလွမ်ားထုတ္ကာ ထြက္ခြာၾကျပီး ညေနေစာင္းတြင္ လတ္လတ္ဆတ္ဆတ္ ငါးမ်ားႏွင့္အတူ ျပန္လာေလ့ရွိၾကသည္)

တူးေျမာင္းကေလးမ်ားေပၚတြင္ တံတားငယ္ေလးမ်ားျဖတ္သန္းကာ လမ္းမ်ားကုိ ဆက္သြယ္ေပးထားသည္။

ကၽြန္းကေလး၏ ပင္မရင္ျပင္ Piazza Galuppi တြင္ အမွတ္တရပစၥည္းဆိုင္မ်ား၊ ပင္လယ္စာ စားေသာက္ဆိုင္မ်ား၊ အရက္ဘားမ်ားျဖင့္ ျပည့္ႏွက္ေနသည္။

(ျဗဴရားႏိုတြင္ ကားမရွိ)

ျဗဴရားႏိုတြင္ ေမာ္ေတာ္ကားမ်ား မရွိေခ်။ ေဒသခံမ်ားသည္ ေျခလ်င္၊ စက္ဘီး (သို႔မဟုတ္) ေလွျဖင့္သာ သြားလာၾကသည္။

(ေအးေအးလူလူ ဟိုဟိုဒီဒီ…)

(သခင္ ကိုတံငါတို႔ ျပန္အလာကို ေမွ်ာ္ေနတဲ့ ေၾကာင္ေလးေတြ…)

(ေနရာတကာ ေရာင္စံုျဖာ…)

(ေရာင္စံုေဝျဖာ အိမ္ေဂဟာေလးမ်ား…)

(ျဗဴရားႏိုကအိမ္ေလးေတြကို ဘာေၾကာင့္ ေတာက္ေတာက္ပပ ေရာင္စံုျခယ္ၾကလဲ)

ေနအိမ္မ်ားကို ေတာက္ေတာက္ပပ ေဆးေရာင္ျခယ္ထားေသာေၾကာင့္ ေရွးအခါက တံငါတို႔သည္ ျမဴထုမ်ား ထူထပ္ေနခ်ိန္တြင္ ေနအိမ္ကို ရွာရမခက္ေတာ့ေခ်။

ငါးဖမ္းရာမွ ျပန္လာေသာ ကိုတံငါတို႔ကို မိမိတို႔၏အိမ္ေနရာအား ေရျပင္ထဲမွ လြယ္ကူစြာ လွမ္းေမွ်ာ္ေတြ႔ျမင္ႏိုင္ သည္။

အျခားတစ္ခ်က္မွာ အေဆာက္အအံုတို႔မွာ တစ္ခုႏွင့္တစ္ခု ထိစပ္၊ ဆက္စပ္ေဆာက္လုပ္ထားသည့္အတြက္ ေနအိမ္ပိုင္နက္ကို သိႏိုင္ရန္လည္း ျဖစ္ႏိုင္သည္။

ျဗဴရားႏိုရွိ ေနအိမ္အေရာင္မ်ားကို ဥပေဒျဖင့္ အကာအကြယ္ေပးထားသည္။ သင္သည္ ျဗဴရားႏိုမွ အိမ္ပိုင္ရွင္တစ္ဦးဆိုပါက သင့္အိမ္ကို အေရာင္ေျပာင္းရန္ အစိုးရထံ ေလွ်ာက္ထားရမည္ ျဖစ္သည္။

ထိုအခါ အစိုးရက သင္ေရြးခ်ယ္ႏိုင္မည့္ အေရာင္စာရင္းေပးပို႔မည္ျဖစ္ျပီး သတ္မွတ္ေပးေသာ အေရာင္မ်ားထဲမွသာ ေရြးခ်ယ္ရမည္ ျဖစ္သည္။ ကၽြန္းကေလးရွိ လူဦးေရမွာ ၂၀၀၀ ဝန္းက်င္ခန္႔ရွိျပီး ယေန႔ကာလ အဓိကဝင္ေငြမွာ ကမၻာလွည့္ခရီးသြားလုပ္ငန္း မွ ရရွိသည္။

ဗင္းနစ္ျမိဳ႕သို႔ ေရာက္သူတိုင္း ဤကၽြန္းေလးရွိ ေရာင္စံုအိမ္ကေလးမ်ားကို အမွတ္တရဓာတ္ပံုရိုက္ရန္ တစ္ေန႔ခရီး အလည္အပတ္လာေလ့ရွိၾကသည္။ ကမၻာလွည့္ခရီးသည္အလံုးအရင္းၾကား ဓာတ္ပံုမရိုက္လိုဘဲ လူသူရွင္းစြာ ဓာတ္ပံုရိုက္လိုပါက ကၽြန္းေလးေပၚတြင္ တစ္ညတာ တည္းခိုပါ။

ကၽြန္းေလးသို႔ လာေရာက္လည္ပတ္သူအမ်ားစုမွာ ေနျမင့္ခ်ိန္မွ ေရာက္လာေလ့ရွိၾကျပီး ဗင္းနစ္ရွိ တည္းခိုရာ ဟိုတယ္မ်ားသို႔ျပန္ရန္ မြန္းလြဲခ်ိန္တြင္ ကၽြန္းမွ ျပန္လည္ထြက္ခြာၾကရာ ကၽြန္းေပၚတြင္ လည္ပတ္ရန္ နာရီပိုင္းသာ အခ်ိန္ရသည္။

(ျဗဴရားႏို၏ ပင္မရင္ျပင္ေနရာ)

(ေနလွန္းစနစ္သံုး ပင္မင္းဆိုင္)

(သင့္အိမ္သာဆုိလွ်င္ မည္သည့္အေရာင္ျခယ္မည္နည္း)

(ျဗဴရားႏိုမွာ လုပ္ေဆာင္စရာ)

ရိုးရိုးသားသားဆိုရလွ်င္ ျဗဴရားႏိုကၽြန္းတြင္ လွပေသာအိမ္ကေလးမ်ားကို ဓာတ္ပံုရိုက္ျခင္းမွလဲြ၍ အျခားလုပ္ေဆာင္ဖြယ္ရာ မရွိေခ်။

သို႔ေသာ္ ထိုတစ္မ်ဳိးတည္းအတြက္ပင္လွ်င္ သြားေရာက္လည္ပတ္ရသည္မွာ ထိုက္တန္ပါသည္။

(ဆန္ မာတီႏို ဘုရားေက်ာင္း)

ကၽြန္းေပၚ ဗဟိုအခ်က္အျခာေနရာ ပင္မရင္ျပင္တြင္ ဆန္ မာတီႏိုဘုရားေက်ာင္း၏ ေစာင္းေနေသာ ေခါင္းေလာင္းေမွ်ာ္စင္ၾကီး ရွိသည္။

ထို ေခါင္းေလာင္းေမွ်ာ္စင္သည္ စြတ္စိုေသာေျမထုထဲသို႔ တျဖည္းျဖည္းနစ္ျမဳပ္လ်က္ရွိသည္။ ထုိေမွ်ာ္စင္ကို ကၽြန္းေပၚ ေနရာမ်ားစြာမွ ေတြ႔ျမင္ႏိုင္သည္။

(အီတလီ ပင္လယ္စာ စားၾကည့္ပါ)

တံငါတို႔ အေျခခ်ရာကၽြန္းျဖစ္ေသာေၾကာင့္ လတ္လတ္ဆတ္ဆတ္ငါးမ်ားကား အလွ်ံပယ္ပင္။

ျဗဴရားႏိုသို႔ ေရာက္လွ်င္ စားၾကည့္သင့္သည့္အရာကား Risotto ဟုေခၚေသာ အီတလီ ပင္လယ္စာပင္။

ၾကက္ဥ၊ ေခါက္ဆြဲ၊ ျပည္ၾကီးငါးမွင္ဟုေခၚေသာ အရည္တို႔ျဖင့္ ခ်က္ျပဳတ္ထားသည့္ စားဖြယ္တစ္မ်ဳိးပင္။

ျပည္ၾကီးငါးမွင္ဟူသည္ကား ျပည္ၾကီးငါးတုိ႔သည္ အႏၱရာယ္ျပဳမည့္သတၱဝါမ်ားႏွင့္ ေတြ႔ခ်ိန္တြင္ ျမင္ကြင္းကြယ္သြားေစရန္ မႈတ္ထုတ္သည့္ အမည္းေရာင္အရည္တစ္မ်ဳိး ျဖစ္သည္။

ပင္လယ္စာ သို႔မဟုတ္ ျပည္ၾကီးငါးႏွင့္ ဓာတ္မတည့္သူမ်ား မစားသင့္ေခ်။ ျဗဴရားႏို၏ မိန္းလမ္းမၾကီးတြင္ နာမည္ၾကီး Al Gatto Nero da Ruggero ႏွင့္ Trattoria da Primo e Paolo တို႔အပါအဝင္ စားေသာက္ဆိုင္မ်ား ျပည့္ႏွက္လ်က္ရွိသည္။

(လမ္းသြယ္ကေလးမ်ားထဲ လည္ပတ္ျခင္း)

ျဗဴရားႏိုသည္ ေသးငယ္ေသာကၽြန္းငယ္ေလးတစ္ခုသာျဖစ္ျပီး လမ္းမၾကီး ၂ ခု၊ ၃ ခုသာ ရွိသည္။

သို႔ေသာ္ လမ္းသြယ္ကေလးေပါင္းမ်ားစြာရွိျပီး ထိုလမ္းသြယ္ေလးမ်ားတြင္လည္း ေရာင္စံုျခယ္ အိမ္ကေလးမ်ားခ်ည္းသာ ျဖစ္သည္။

(အီတလီမွ ေရာင္စံုျခယ္ကၽြန္း)

(ျဗဴရားႏို၏ နာမည္ေက်ာ္ ဇာျခည္ထည္)

(ျဗဴရားႏို၏ ဇာျခည္ထည္လုပ္ငန္း)

ျဗဴရားႏိုသည္ အႏုစိတ္ ဇာျခည္ထည္လုပ္ငန္းျဖင့္လည္း နာမည္ေက်ာ္သည္။ ျဗဴရားႏိုကၽြန္းတြင္ ၁၆ ရာစုကစျပီး အမ်ဳိးသမီးတို႔သည္ ထူးျခားေသာ ဇာျခည္ထည္မ်ား ထုတ္လုပ္ကာ ကမၻာတစ္ဝန္းသို႔ တင္ပို႔ေရာင္းခ်ခဲ့သည္။

ဇာျခည္ထည္ထုတ္လုပ္ရသည့္အလုပ္မွာ အလြန္အခ်ိန္ယူရျပီး လူမ်ားစြာ ပါဝင္ရသည္။

ဥပမာ- စားပြဲအလယ္တြင္အလွဆင္ထားရွိသည့္ ဇာျခည္ထည္ကေလးတစ္ခုလုပ္ရန္ အမ်ဳိးသမီး ၇ ဦးက တစ္လခန္႔အခ်ိန္ယူျပဳလုပ္ရသည္။

ျဗဴရားႏိုတြင္ ဇာျခည္အဝတ္အထည္မ်ားႏွင့္ အသံုးအေဆာင္ပစၥည္းမ်ား ေရာင္းခ်သည့္ဆိုင္ေပါင္းမ်ားစြာရွိသည္။

သို႔ေသာ္ ဇာျခည္ထည္အမ်ားစုမွာ hand-made မဟုတ္ၾကေတာ့။ လက္ရွိအားျဖင့္ ကၽြန္းေပၚတြင္ ရိုးရာဇာျခည္ထည္လုပ္ငန္း လက္တစ္ဆုပ္စာသာရွိေတာ့ရာ Emilia Burano ႏွင့္ La Perla Gallery တို႔ ပါဝင္သည္။

ျဗဴရားႏို၏ ဇာျခည္ထည္သမိုင္းကို ေလ့လာလိုပါက ကၽြန္းေပၚရွိ ဇာျခည္ျပတိုက္ျဖစ္ေသာ Museo de Murletto သို႔ ဝင္ေရာက္ေလ့လာရန္ အၾကံျပဳလုိပါသည္။

ျပတိုက္မွာ အေသးစားကေလးသာျဖစ္ရာ ၁၅ မိနစ္အတြင္း ေလ့လာျပီးစီးႏိုင္သည္။

(လူသူကင္းေသာ ညေနလမ္းမ်ား……….)

(ျဗဴရာႏိုကၽြန္းကို ဘယ္လိုသြားမလဲ)

ျဗဴရာႏိုသို႔ ေလွျဖင့္သာ သြားႏိုင္သည္။

သီးသန္႔ေလွငွား၍ သြားလွ်င္လည္း ရသည္။ သို႔ေသာ္ ေစ်းၾကီးသည္။ အမ်ားျပည္သူစီးေသာ Vaporetto သေဘၤာျဖင့္ ဗင္းနစ္ျမိဳ႕မွသြား၍ ရသည္။

ျဗဴရားႏိုသို႔ ေလွစီးလွ်င္ မိနစ္ ၄၀ ခန္႔ၾကာသည္။

Vaporetto ျဖင့္သြားမည္ဆိုလွ်င္ လက္မွတ္တစ္ေစာင္လွ်င္ ၇ ဒသမ ၅၀ ယူရိုက်သင့္မည္ျဖစ္သည္။

သို႔ေသာ္ ဗင္းနစ္တြင္ ရက္အနည္းငယ္တည္းခိုကာ ကမၻာလွည့္ခရီးစဥ္လက္မွတ္ဝယ္ယူမည္ဆုိပါက အကုန္အက်သက္သာမည္ျဖစ္ျပီး တစ္ရက္တာ ခရီးစဥ္အတြက္ ယူရို ၂၀၊ ၂ ရက္ခရီးစဥ္ဆိုလွ်င္ ယူရို ၃၀ ႏွင့္ ၃ ရက္ ခရီးစဥ္အတြက္ ယူရို ၄၀ ေပးလွ်င္ အျခားေနရာမ်ားစြာသို႔ပါ လည္ပတ္ႏိုင္မည္ ျဖစ္သည္။

(ျဗဴရားႏိုမွ တည္းခိုရာေနရာတစ္ခု)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Getting Lost On Burano: Italy’s Rainbow Island (wikipedia, expertvagabond, untoldmorsels)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service