အရှိန်လေးနှင့်ဆက်သွားပါ....

အရှိန်လေးနှင့်ဆက်သွားပါ.... - Property Knowledge in Myanmar from iMyanmarHouse.com
5 Oct 2022 3:15 pm တွင် တင်ခဲ့သည်
572 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ကောင်းသည့်အလုပ်တစ်ခုကို လူတွေကစွဲစွဲမြဲမြဲလုပ်ဖို့ မနည်းကြိုးစားရသည်။ တွန်းအားပေးရသည်။ တိုက်တွန်းရသည်။မိမိကိုယ်တိုင်လည်း နှိုးဆော်ရမည်။သူတစ်ပါးကိုလည်း တိုက်တွန်းနှိုးဆော်ပေးကြရပါသည်။

ဖဲရိုက်လျှင်သာ တစ်နေကုန်တစ်နေခန်း မထတမ်းရိုက်နိုင်သည်။တနေ့ တစ်ကြိမ်လောက် ငါးမိနစ်ခန့် တရားထိုင်ဖို့ကိုတော့ လူတွေဟာတွန့်နေတတ်ကြသည်။ရုပ်ရှင်ကြည့်ဖို့ တီဗီကြည့်ဆိုလျှင် တစ်နေကုန် တစ်နေခန်း ကြည့်ကြမည်။

စိတ်သည်ဖိအားမရှိရာတွင် မွေ့လျှော်သည်။ယခုတော့အချိန်တို့ကုန်ဆုံးဖို့ လူမှုကွန်ရက်စာမျက်နှာတစ်ခုက ထပ်တိုးလာသည်။အအိပ်ပျက်ခံပြီးတောင် အချိန်တို့ဖြုန်းရင်းအသုံးပြုကြသည်။လူမှုကွန်ရက်စာမျက်နှာကို အကျိုးရှိရှိ အသုံးပြုသူတွေက နည်းလှပါသေးသည်။ဒါမျိုးတွေလည်းရှိနေမှာပါပဲ။

ကောင်းတဲ့အမူအကျင့်ကို အစပျိုးဖြစ်လျှင် ထိုစလိုက်သည့်အရှိန်လေးကို မပျောက်ပျက်ဘဲ ဆက်သွားနေအောင် ကြိုးစားဖို့လိုပါသည်။

ကျွန်တော်နေ့စဉ် ဘုရားရှိခိုးသည်။ပထမတွင် ပရိတ်ကြီး ၁၁ သုတ်မှ တိုပြီးရွတ်ဆိုရလွယ်ကူသည့် ပရိတ်တော် လေးငါးခြောက်သုတ်ကိုသာ ရွတ်ကျင့်ရအောင်ကြိုးစားသည်။ထိုအကျင့်လေးကိုပင် အရှိန်လေးလေးနဲနဲရလိုက် ၊ ပျက်သွားလိုက်နှင့်ရွတ်ဖြစ်လိုက် မရွတ်ဖြစ်လိုက်နှင့်အရှိန်တို့ပျက်ပျက်သွားသည်။

ပျက်ရခြင်းအကြောင်းကလည်း ရုပ်သံလိုင်းများကလွှင့်သည့် ဇာတ်လမ်းတွဲများအပါအဝင်မှ ဇာတ်ကား ကောင်းများကို ကြည့်ဖြစ်မိခြင်းကစသည်။တီဗီချန်နယ်အစုံကို လိုက်လှန်ပြီးဇာတ်လမ်းကောင်းလျှင် ထိုဇာတ်လမ်းများကိုကြည့်သည်။တချို့ဇာတ်ကားတွေက ညဉ့်နက်သွားသည်။ ညဉ့်နက်သွားလျှင် ဘုရားရှိခိုးဖို့ နောက်ကျသွားသည်။အရှိန်လေးရနေသော ဘုရားဝတ်ပြုရှိခိုးခြင်းကို စိတ်အလိုက ကောင်းမှုမှန်း သိပါလျက်နှင့် ဖျက်ပစ်မိတတ်သည်။

တစ်ခါပျက်လိုက်လျှင် နောက်တစ်ခါပျက်ဖို့ ဝန်မလေးတော့။ အကြောင်းအမျိုးမျိုးပြပြီးပျက်တော့သည်။ အရှိန်တို့ရပ်တန့်သွားသည်။တီဗီရှေ့မှာ လေးငါးနာရီ အချိန်ပေး ထိုင်နိုင်ပေမဲ့ အိပ်ခါနီး အိပ်ရာထဲအရောက် တစ်မိနစ်တောင်မကြာသည့် ဘုရား၊တရား၊သံဃာရွတ်ဆိုပြီး ဦးသုံးကြိမ်လေးချဖို့ကို အချိန်မပေးနိုင်သူတွေ အများကြီးရှိနေသည်ကိုတော့ငြင်းနိုင်မည်မထင်ပါ။

ကောင်းသော အမူအကျင့်ကောင်းလေးများကို စတင်ပြီးလျှင် အရှိန်မပျက်သွားနိုင်အောင်လုပ်ရမည်ဖြစ်သည်။ ပရိတ်တော်လေးငါးသုတ်ကို အရှိန်မပြတ်အောင် လုပ်ဆောင်လာနိုင်ပြီးနောက်တွင် ပရိတ်ကြီး ၁၁ သုတ်အပြင် မဟာပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်၊မဟာသမယသုတ်၊ဓမ္မစကြာသုတ်အပါအဝင် အခြားသောဂုဏ်တော်၊ ဂါထာတော်တို့အပါအဝင် ဘုရားဝတ်ပြုသည့်အချိန်ကို ၂ နာရီကျော်ပေးပြီး ရွတ်ဖတ်ပူဇော်လာနိုင်သည်။

ထိုသို့ ပြုရသော ကုသိုလ်ကောင်းမှုလေးများ အရှိန်ရလာသောအခါ အရှိန်ထပ်တင်သည့်အနေဖြင့် အခြားသောပရိတ်တော်တို့ကိုပါ ထပ်တိုးပြီးရွတ်ဆိုပူဇော်လိုစိတ်ဖြစ်လာသည်။

ထို့ကြောင့် အရှိန်တို့ကိုထပ်တိုးလိုက်သည့် အနေဖြင့် တစ်ကြိမ်တစ်ခါမှ ရွတ်ဖတ်ပူဇော်ဘူးခြင်းမရှိသော ပရိတ်တော်နှစ်ခုသုံးခုပါ တိုးပြီးပူဇော်လာနိုင်သည်။ထို့အတွက် ထူးပြီးပင်ပန်းသည်ဟု မခံစားရပါ။ ကြည်နူးပီတိကသာ စိတ်မှာပိုဖြစ်လာသည်။

ကုသိုလ်ကောင်းမှုပြုရန် သတ်မှတ်ထားသည့် အချိန်ရောက်လာပြီဆိုလျှင် အခြားသောအကြောင်းတို့၏ အနှောင့်အယှက်ကို မခံဘဲ ပြုမြဲဝတ္တရားတို့ကို ပြုဖြစ်အောင်၊ကောင်းသည့်အရှိန်လေး ရပ်တန့်မသွားအောင် အခုတော့ကျွန်တော်ကြိုးစားနိုင်နေပြီဖြစ်သည်။

ဒီလိုပါပဲ ကုသိုလ်ကောင်းမှုမှမဟုတ်ပါဘူး၊ပညာလိုသူတွေအနေနှင့်လည်း ဘယ်ပညာရပ်ကိုမဆို လေ့လာသင်ယူပါက အရှိန်လေးအတော်ရလာမှ ရပ်တန့်ပစ်လိုက်သည်မျိုး ရှိတတ်သည်။နိုင်ငံခြားသွားဖို့ သက်ဆိုင်ရာနိုင်ငံ၏ ဘာသာစကားကိုလေ့လာကြသည်။အတော်လေးအရှိန်ရနေပါလျက် အကြောင်းကြောင်းကြောင့် မသွားဖြစ်တော့သည့်အခါ ရပ်တန့်ပစ်လိုက်သည်။နှမြောဖွယ်ကောင်းလှပါသည်။ ပညာရပ်တိုင်းသည် ယခုအသုံးမတည့်သေးသော်လည်း တတ်မြောက်ထားလျှင် တစ်ချိန်မှာ အသုံးဝင်လာပါလိမ့်မည်။

ဒါကြောင့် ကုသိုလ်ပဲလုပ်လုပ်၊ပညာပဲသင်သင် အရှိန်လေးရလာပြီဆိုမှဖြင့် ရပ်တန့်မနေဘဲ ပိုပိုပြီးအရှိန်မြှင့်လို့ သွားနိုင်ပါစေကြောင်း ရည်ရွယ်လိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

  [Zawgyi]

အရွိန္ေလးႏွင့္ဆက္သြားပါ....

ေကာင္းသည့္အလုပ္တစ္ခုကို လူေတြကစြဲစြဲျမဲျမဲလုပ္ဖို႔ မနည္းႀကိဳးစားရသည္။ တြန္းအားေပးရသည္။ တိုက္တြန္းရသည္။မိမိကိုယ္တိုင္လည္း ႏႈိးေဆာ္ရမည္။သူတစ္ပါးကိုလည္း တိုက္တြန္းႏိႈးေဆာ္ေပးၾကရပါသည္။

ဖဲရိုက္လွ်င္သာ တစ္ေနကုန္တစ္ေနခန္း မထတမ္းရိုက္ႏိုင္သည္။တေန႔ တစ္ႀကိမ္ေလာက္ ငါးမိနစ္ခန္႔ တရားထိုင္ဖို႔ကိုေတာ့ လူေတြဟာတြန္႔ေနတတ္ၾကသည္။ရုပ္ရွင္ၾကည့္ဖို႔ တီဗီၾကည့္ဆိုလွ်င္ တစ္ေနကုန္ တစ္ေနခန္း ၾကည့္ၾကမည္။

စိတ္သည္ဖိအားမရွိရာတြင္ ေမြ႔ေလွ်ာ္သည္။ယခုေတာ့အခ်ိန္တို႔ကုန္ဆုံးဖို႔ လူမႈကြန္ရက္စာမ်က္ႏွာတစ္ခုက ထပ္တိုးလာသည္။အအိပ္ပ်က္ခံၿပီးေတာင္ အခ်ိန္တို႔ျဖဳန္းရင္းအသုံးျပဳၾကသည္။လူမႈကြန္ရက္စာမ်က္ႏွာကို အက်ိဳးရွိရွိ အသုံးျပဳသူေတြက နည္းလွပါေသးသည္။ဒါမ်ိဳးေတြလည္းရွိေနမွာပါပဲ။

ေကာင္းတဲ့အမူအက်င့္ကို အစပ်ိဳးျဖစ္လွ်င္ ထိုစလိုက္သည့္အရွိန္ေလးကို မေပ်ာက္ပ်က္ဘဲ ဆက္သြားေနေအာင္ ႀကိဳးစားဖို႔လိုပါသည္။

ကၽြန္ေတာ္ေန႔စဥ္ ဘုရားရွိခိုးသည္။ပထမတြင္ ပရိတ္ႀကီး ၁၁ သုတ္မွ တိုၿပီးရြတ္ဆိုရလြယ္ကူသည့္ ပရိတ္ေတာ္ ေလးငါးေျခာက္သုတ္ကိုသာ ရြတ္က်င့္ရေအာင္ႀကိဳးစားသည္။ထိုအက်င့္ေလးကိုပင္ အရွိန္ေလးေလးနဲနဲရလိုက္ ၊ ပ်က္သြားလိုက္ႏွင့္ရြတ္ျဖစ္လိုက္ မရြတ္ျဖစ္လိုက္ႏွင့္အရွိန္တို႔ပ်က္ပ်က္သြားသည္။

ပ်က္ရျခင္းအေၾကာင္းကလည္း ရုပ္သံလိုင္းမ်ားကလႊင့္သည့္ ဇာတ္လမ္းတြဲမ်ားအပါအဝင္မွ ဇာတ္ကား ေကာင္းမ်ားကို ၾကည့္ျဖစ္မိျခင္းကစသည္။တီဗီခ်န္နယ္အစုံကို လိုက္လွန္ၿပီးဇာတ္လမ္းေကာင္းလွ်င္ ထိုဇာတ္လမ္းမ်ားကိုၾကည့္သည္။တခ်ိဳ႔ဇာတ္ကားေတြက ညဥ္႔နက္သြားသည္။ ညဥ္႔နက္သြားလွ်င္ ဘုရားရွိခိုးဖို႔ ေနာက္က်သြားသည္။အရွိန္ေလးရေနေသာ ဘုရားဝတ္ျပဳရွိခိုးျခင္းကို စိတ္အလိုက ေကာင္းမႈမွန္း သိပါလ်က္ႏွင့္ ဖ်က္ပစ္မိတတ္သည္။

တစ္ခါပ်က္လိုက္လွ်င္ ေနာက္တစ္ခါပ်က္ဖို႔ ဝန္မေလးေတာ့။ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီးပ်က္ေတာ့သည္။ အရွိန္တို႔ရပ္တန္႔သြားသည္။တီဗီေရွ႕မွာ ေလးငါးနာရီ အခ်ိန္ေပး ထိုင္ႏိုင္ေပမဲ့ အိပ္ခါနီး အိပ္ရာထဲအေရာက္ တစ္မိနစ္ေတာင္မၾကာသည့္ ဘုရား၊တရား၊သံဃာရြတ္ဆိုၿပီး ဦးသုံးႀကိမ္ေလးခ်ဖို႔ကို အခ်ိန္မေပးႏိုင္သူေတြ အမ်ားႀကီးရွိေနသည္ကိုေတာ့ျငင္းႏိုင္မည္မထင္ပါ။

ေကာင္းေသာ အမူအက်င့္ေကာင္းေလးမ်ားကို စတင္ၿပီးလွ်င္ အရွိန္မပ်က္သြားႏိုင္ေအာင္လုပ္ရမည္ျဖစ္သည္။ ပရိတ္ေတာ္ေလးငါးသုတ္ကို အရွိန္မျပတ္ေအာင္ လုပ္ေဆာင္လာႏိုင္ၿပီးေနာက္တြင္ ပရိတ္ႀကီး ၁၁ သုတ္အျပင္ မဟာပ႒ာန္းပစၥယနိေဒၵသပါဠိေတာ္၊မဟာသမယသုတ္၊ဓမၼစၾကာသုတ္အပါအဝင္ အျခားေသာဂုဏ္ေတာ္၊ ဂါထာေတာ္တို႔အပါအဝင္ ဘုရားဝတ္ျပဳသည့္အခ်ိန္ကို ၂ နာရီေက်ာ္ေပးၿပီး ရြတ္ဖတ္ပူေဇာ္လာႏိုင္သည္။

ထိုသို႔ ျပဳရေသာ ကုသိုလ္ေကာင္းမႈေလးမ်ား အရွိန္ရလာေသာအခါ အရွိန္ထပ္တင္သည့္အေနျဖင့္ အျခားေသာပရိတ္ေတာ္တို႔ကုိပါ ထပ္တိုးၿပီးရြတ္ဆိုပူေဇာ္လိုစိတ္ျဖစ္လာသည္။

ထို႔ေၾကာင့္ အရွိန္တို႔ကိုထပ္တိုးလိုက္သည့္ အေနျဖင့္ တစ္ႀကိမ္တစ္ခါမွ ရြတ္ဖတ္ပူေဇာ္ဘူးျခင္းမရွိေသာ ပရိတ္ေတာ္ႏွစ္ခုသုံးခုပါ တိုးၿပီးပူေဇာ္လာႏိုင္သည္။ထို႔အတြက္ ထူးၿပီးပင္ပန္းသည္ဟု မခံစားရပါ။ ၾကည္ႏူးပီတိကသာ စိတ္မွာပိုျဖစ္လာသည္။

ကုသိုလ္ေကာင္းမႈျပဳရန္ သတ္မွတ္ထားသည့္ အခ်ိန္ေရာက္လာၿပီဆိုလွ်င္ အျခားေသာအေၾကာင္းတို႔၏ အေႏွာင့္အယွက္ကို မခံဘဲ ျပဳျမဲဝတၱရားတို႔ကို ျပဳျဖစ္ေအာင္၊ေကာင္းသည့္အရွိန္ေလး ရပ္တန္႔မသြားေအာင္ အခုေတာ့ကၽြန္ေတာ္ႀကိဳးစားႏိုင္ေနၿပီျဖစ္သည္။

ဒီလိုပါပဲ ကုသိုလ္ေကာင္းမႈမွမဟုတ္ပါဘူး၊ပညာလိုသူေတြအေနႏွင့္လည္း ဘယ္ပညာရပ္ကိုမဆို ေလ့လာသင္ယူပါက အရွိန္ေလးအေတာ္ရလာမွ ရပ္တန္႔ပစ္လိုက္သည္မ်ိဳး ရွိတတ္သည္။ႏိုင္ငံျခားသြားဖို႔ သက္ဆိုင္ရာႏိုင္ငံ၏ ဘာသာစကားကိုေလ့လာၾကသည္။အေတာ္ေလးအရွိန္ရေနပါလ်က္ အေၾကာင္းေၾကာင္းေၾကာင့္ မသြားျဖစ္ေတာ့သည့္အခါ ရပ္တန္႔ပစ္လိုက္သည္။ႏွေျမာဖြယ္ေကာင္းလွပါသည္။ ပညာရပ္တိုင္းသည္ ယခုအသုံးမတည့္ေသးေသာ္လည္း တတ္ေျမာက္ထားလွ်င္ တစ္ခ်ိန္မွာ အသုံးဝင္လာပါလိမ့္မည္။

ဒါေၾကာင့္ ကုသိုလ္ပဲလုပ္လုပ္၊ပညာပဲသင္သင္ အရွိန္ေလးရလာၿပီဆိုမွျဖင့္ ရပ္တန္႔မေနဘဲ ပိုပိုၿပီးအရွိန္ျမွင့္လို႔ သြားႏိုင္ပါေစေၾကာင္း ရည္ရြယ္လိုက္ရပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
area-one-business-complex
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service