လေရူးသုန်သုန်တွင် စကားလက်အဖြစ်သရုပ်ဆောင်ခဲ့သူ ဗီဗီယန်လေးက ခင်ပွန်းအတွက် ရွေးချယ်ပေးခဲ့သော အင်္ဂလန်ကျေးလက်စံအိမ်

လေရူးသုန်သုန်တွင် စကားလက်အဖြစ်သရုပ်ဆောင်ခဲ့သူ ဗီဗီယန်လေးက ခင်ပွန်းအတွက် ရွေးချယ်ပေးခဲ့သော အင်္ဂလန်ကျေးလက်စံအိမ် - Property News in Myanmar from iMyanmarHouse.com
5 Oct 2022 11:48 am တွင် တင်ခဲ့သည်
598 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရုပ်ရှင်မင်းသမီး ဗီဗီယန်လေး (Vivien Leigh) သည် ကမ္ဘာကျော်လေရူးသုန်သုန်ရုပ်ရှင်ဇာတ်ကားကြီး (Gone with the Wind) တွင် စကားလက်အိုဟားရားအဖြစ် သရုပ်ဆောင်ခဲ့မှုဖြင့် ကမ္ဘာကျော်ခဲ့သူ ဖြစ်သည်။

အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း Wiltshire ခရိုင်တွင် Manor Farm House အမည်ရှိ ကျေးလက်စံအိမ်ကြီး တစ်လုံးရှိ၏။

ဟောလိဝုဒ်ကြယ်ပွင့် ဗီဗီယန်လေးသည် သူ၏ ပထမခင်ပွန်း လေးဟိုးမန် (Leigh Holman) နေအိမ်ဝယ်ယူရန် ရှာဖွေရာတွင် ယခုစံအိမ်ကို ရွေးချယ်ပေးခဲ့သည်။

သူ၏ အနုပညာအမည် ဗီဗီယန်လေးမှ “လေး” မှာ ခင်ပွန်း၏ နာမည်မှ ရယူထားခြင်းဖြစ်သည်။

ခင်ပွန်းနှင့် ကွာရှင်းပြီးသည့်တိုင် ဘဝတလျှောက်လုံး နီးကပ်စွာနေထိုင်ခဲ့ပြီး ယခုအိမ်သို့လည်း မကြာခဏသွားရောက်လည်ပတ်ခဲ့သည်။

ဤအိမ်တွင်နေထိုင်ရခြင်းမှာ ငြိမ်းချမ်းကြောင်း ဗီဗီယန်လေးက ပြောဖူးသည်။

Wiltshire ခရိုင်၊ Zeals ကျေးရွာတွင်တည်ရှိသော Manor Farm House စံအိမ်ကို ယခုအခါ ဗီဗီယန်လေး၏ မြေးက ပိုင်ဆိုင်ထားသည်။

၁၇ ရာစုအတွင်း Queen Anne ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်ပြီး အိပ်ခန်း ၇ ခန်းပါဝင်ကာ စံအိမ်ဘေးတွင် လှပသော အလယ်ခေတ် ကျောက်တုံးစပါးကျီများ ဝန်းပတ်ထားသည်။

ခြံဝန်းအတွင်း သီးခြားတစ်ထပ်အိမ် ၂ လုံးနှင့် တင်းနစ်ကွင်းတို့ ပါဝင်ပြီး ခြံအကျယ်မှာ ၁၅ ဧက ရှိသည်။

သမိုင်းဝင်အမွေအနှစ်အဖြစ် သတ်မှတ်ခံရသော စံအိမ်အတွင်း မီးလင်းဖိုများ၊ ကောင်းမွန်သေးသော ပြတင်းကာများ ၊ ဘဲဥပုံပြတင်းများနှင့် အထူးမွမ်းမံထားသော ဝက်သစ်ချသား လှေကားတစ်ခုတို့ ပါဝင်သည်။

ထို့အပြင် ရေချိုးခန်း ၄ ခန်း၊ ဧည့်ကြိုခန်းများစွာ ပါဝင်ကာ ကျေးလက်ရိုးရာဟန် မွမ်းမံထားသည်။

တစ်ဧကခန့်ကျယ်သော ပန်းဥယျာဉ်များအတွင်း တံတိုင်းကာ ပန်းဥယျာဉ် ၁ ခု၊ တိဖြတ်ထားသည့် စည်းရိုး ၊ နားနေဆောင်တစ်ခု ၊ခရိုးကေး ကစားကွင်း (Croquet) ၊ Wisteria (ရေတံခွန်ပန်း) ပန်းကာတံတိုင်းများ ၊ ငါးကန်တစ်ခုနှင့် နှင်းဆီပန်းများ လွှမ်းခြုံထားသော ပေါင်းမိုးများ ပါဝင်သည်။

ဗီဗီယန်လေးက ခင်ပွန်းဖြစ်သူနှင့် ပေါင်းသင်းခြင်းမရှိတော့သော်လည်း ၁၉၅၉ ခုနှစ်တွင် ယခုစံအိမ်ကို ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဗီဗီယန်လေးနှင့် ဟိုးမန်းတို့၏ တစ်ဦးတည်းသော သမီးက ဆက်ခံသည်။

ဗီဗီယန်လေး၏ မြေးဖြစ်သူ နဗီး ဖာရင်တန်က ပြောသည်မှာ “ကျွန်တော့်အမေ ဆူဇန် ဖာရင်တန် (ဗီဗီယန်လေး၏ သမီး) ဟာ ဒီစံအိမ်မှာ ကွယ်လွန်ချိန်အထိ နေထိုင်ခဲ့ပါတယ်။ ကျွန်တော့်အကိုတွေနဲ့ ကျွန်တော့်မှာက မိသားစုတွေနဲ့ ကိုယ်ပိုင်အိမ်တွေရှိကြပါတယ်။ ဒါကြောင့်ဒီအိမ်ကို ရောင်းဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့နောက် ၂၀၁၂ ခုနှစ်အတွင်း ပေါင် ၂ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၃ ဒသမ ၄သန်း) ဖြင့် အရောင်းဈေးကွက် တင်ခဲ့ဖူးသည်။

ဗီဗီယန်လေးနှင့်ဟိုးမန်းတို့၏ အိမ်ထောင်သက်တမ်းမှာ ၈ နှစ်ကြာပြီး ၁၉၄၀ တွင် ခင်ပွန်းနှင့်ကွာရှင်းကာ လောရန့်အိုလီဗီယာနှင့် လက်ထပ်ခဲ့သည်။

ဟိုးမန်းနှင့်ကွာရှင်းပြီးနောက်ပိုင်းတွင်လည်း ဗီဗီယန်လေးသည် အဆိုပါ စံအိမ်သို့ မကြာခဏ သွားရောက် လည်ပတ်လေ့ ရှိသည်။

စံအိမ်မှ ဧည့်သည်တော်စာအုပ်၏ စာမျက်နှာတိုင်းနီးပါးတွင် ဗီဗီယန်လေး၏ လက်မှတ်ကို တွေ့ရသည်။

၁၉၆၇ ခုနှစ်၊ အသက် ၅၃ နှစ်အရွယ်တွင် အဆုတ်ရောဂါဖြင့် ဗီဗီယန်လေး ကွယ်လွန်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Vivien Leigh chose this English country house for her husband (housebeautiful)

[Zawgyi]

ေလရူးသုန္သုန္တြင္ စကားလက္အျဖစ္သရုပ္ေဆာင္ခဲ့သူ ဗီဗီယန္ေလးက ခင္ပြန္းအတြက္ ေရြးခ်ယ္ေပးခဲ့ေသာ အဂၤလန္ေက်းလက္စံအိမ္

ရုပ္ရွင္မင္းသမီး ဗီဗီယန္ေလး (Vivien Leigh) သည္ ကမၻာေက်ာ္ေလရူးသုန္သုန္ရုပ္ရွင္ဇာတ္ကားၾကီး (Gone with the Wind) တြင္ စကားလက္အိုဟားရားအျဖစ္ သရုပ္ေဆာင္ခဲ့မႈျဖင့္ ကမၻာေက်ာ္ခဲ့သူ ျဖစ္သည္။

အဂၤလန္ႏိုင္ငံ အေနာက္ေတာင္ပိုင္း Wiltshire ခရိုင္တြင္ Manor Farm House အမည္ရွိ ေက်းလက္စံအိမ္ၾကီး တစ္လံုးရွိ၏။ ေဟာလိဝုဒ္ၾကယ္ပြင့္ ဗီဗီယန္ေလးသည္ သူ၏ ပထမခင္ပြန္း ေလးဟိုးမန္ (Leigh Holman) ေနအိမ္ဝယ္ယူရန္ ရွာေဖြရာတြင္ ယခုစံအိမ္ကို ေရြးခ်ယ္ေပးခဲ့သည္။

သူ၏ အႏုပညာအမည္ ဗီဗီယန္ေလးမွ “ေလး” မွာ ခင္ပြန္း၏ နာမည္မွ ရယူထားျခင္းျဖစ္သည္။

ခင္ပြန္းႏွင့္ ကြာရွင္းျပီးသည့္တိုင္ ဘဝတေလွ်ာက္လံုး နီးကပ္စြာေနထိုင္ခဲ့ျပီး ယခုအိမ္သို႔လည္း မၾကာခဏသြားေရာက္လည္ပတ္ခဲ့သည္။

ဤအိမ္တြင္ေနထိုင္ရျခင္းမွာ ျငိမ္းခ်မ္းေၾကာင္း ဗီဗီယန္ေလးက ေျပာဖူးသည္။

Wiltshire ခရုိင္၊ Zeals ေက်းရြာတြင္တည္ရွိေသာ Manor Farm House စံအိမ္ကို ယခုအခါ ဗီဗီယန္ေလး၏ ေျမးက ပိုင္ဆိုုင္ထားသည္။

၁၇ ရာစုအတြင္း Queen Anne ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ခဲ့ေသာ စံအိမ္ျဖစ္ျပီး အိပ္ခန္း ၇ ခန္းပါဝင္ကာ စံအိမ္ေဘးတြင္ လွပေသာ အလယ္ေခတ္ ေက်ာက္တုံးစပါးက်ီမ်ား ဝန္းပတ္ထားသည္။ ျခံဝန္းအတြင္း သီးျခားတစ္ထပ္အိမ္ ၂ လံုးႏွင့္ တင္းနစ္ကြင္းတို႔ ပါဝင္ျပီး ျခံအက်ယ္မွာ ၁၅ ဧက ရွိသည္။

သမိုင္းဝင္အေမြအႏွစ္အျဖစ္ သတ္မွတ္ခံရေသာ စံအိမ္အတြင္း မီးလင္းဖိုမ်ား၊ ေကာင္းမြန္ေသးေသာ ျပတင္းကာမ်ား ၊ ဘဲဥပံုျပတင္းမ်ားႏွင့္ အထူးမြမ္းမံထားေသာ ဝက္သစ္ခ်သား ေလွကားတစ္ခုတို႔ ပါဝင္သည္။

ထို႔အျပင္ ေရခ်ိဳးခန္း ၄ ခန္း၊ ဧည့္ၾကဳိခန္းမ်ားစြာ ပါဝင္ကာ ေက်းလက္ရိုးရာဟန္ မြမ္းမံထားသည္။

တစ္ဧကခန္႔က်ယ္ေသာ ပန္းဥယ်ာဥ္မ်ားအတြင္း တံတိုင္းကာ ပန္းဥယ်ာဥ္ ၁ ခု၊ တိျဖတ္ထားသည့္ စည္းရိုး ၊ နားေနေဆာင္တစ္ခု ၊ခရိုးေကး ကစားကြင္း (Croquet) ၊ Wisteria (ေရတံခြန္ပန္း) ပန္းကာတံတိုင္းမ်ား ၊ ငါးကန္တစ္ခုႏွင့္ ႏွင္းဆီပန္းမ်ား လႊမ္းျခံဳထားေသာ ေပါင္းမိုးမ်ား ပါဝင္သည္။

ဗီဗီယန္ေလးက ခင္ပြန္းျဖစ္သူႏွင့္ ေပါင္းသင္းျခင္းမရွိေတာ့ေသာ္လည္း ၁၉၅၉ ခုႏွစ္တြင္ ယခုစံအိမ္ကို ေရြးခ်ယ္ေပးခဲ့ျခင္းျဖစ္သည္။ ေနာက္ပိုင္းတြင္ ဗီဗီယန္ေလးႏွင့္ ဟိုးမန္းတို႔၏ တစ္ဦးတည္းေသာ သမီးက ဆက္ခံသည္။

ဗီဗီယန္ေလး၏ ေျမးျဖစ္သူ နဗီး ဖာရင္တန္က ေျပာသည္မွာ “ကၽြန္ေတာ့္အေမ ဆူဇန္ ဖာရင္တန္ (ဗီဗီယန္ေလး၏ သမီး) ဟာ ဒီစံအိမ္မွာ ကြယ္လြန္ခ်ိန္အထိ ေနထိုင္ခဲ့ပါတယ္။ ကၽြန္ေတာ့္အကိုေတြနဲ႔ ကၽြန္ေတာ့္မွာက မိသားစုေတြနဲ႔ ကိုယ္ပိုင္အိမ္ေတြရွိၾကပါတယ္။ ဒါေၾကာင့္ဒီအိမ္ကို ေရာင္းဖို႔ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္” ဟု ေျပာသည္။

ထို႔ေနာက္ ၂၀၁၂ ခုႏွစ္အတြင္း ေပါင္ ၂ ဒသမ ၆ သန္း (ကန္ေဒၚလာ ၃ ဒသမ ၄သန္း) ျဖင့္ အေရာင္းေစ်းကြက္ တင္ခဲ့ဖူးသည္။ ဗီဗီယန္ေလးႏွင့္ဟိုးမန္းတို႔၏ အိမ္ေထာင္သက္တမ္းမွာ ၈ ႏွစ္ၾကာျပီး ၁၉၄၀ တြင္ ခင္ပြန္းႏွင့္ကြာရွင္းကာ ေလာရန္ ့အိုလီဗီယာႏွင့္ လက္ထပ္ခဲ့သည္။

ဟိုးမန္းႏွင့္ကြာရွင္းျပီးေနာက္ပိုင္းတြင္လည္း ဗီဗီယန္ေလးသည္ အဆိုပါ စံအိမ္သို႔ မၾကာခဏ သြားေရာက္ လည္ပတ္ေလ့ ရွိသည္။ စံအိမ္မွ ဧည့္သည္ေတာ္စာအုပ္၏ စာမ်က္ႏွာတုိင္းနီးပါးတြင္ ဗီဗီယန္ေလး၏ လက္မွတ္ကို ေတြ႔ရသည္။

၁၉၆၇ ခုႏွစ္၊ အသက္ ၅၃ ႏွစ္အရြယ္တြင္ အဆုတ္ေရာဂါျဖင့္ ဗီဗီယန္ေလး ကြယ္လြန္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Vivien Leigh chose this English country house for her husband (housebeautiful)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
mya-villa
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service