“စာအုပ်တွေကိုကြိုက်ပါသည်”

“စာအုပ်တွေကိုကြိုက်ပါသည်” - Property Knowledge in Myanmar from iMyanmarHouse.com
5 Oct 2022 10:05 am တွင် တင်ခဲ့သည်
838 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

လူတိုင်းအကြိုက်ကိုယ်စီရှိကြသည်။ ကျွန်တော်ကတော့ စာအုပ်တွေကို ကြိုက်နှစ်သက်သည်။

စာအုပ်တွေကြိုက်နှစ်သက်၍ မဝယ်နိုင်ခင်က ငှားဖတ်သည်။ယခင်က ရပ်ကွက်တော်တော်များတွင် စာအုပ်အငှားဆိုင်များကို နေရာတော်တော်များများတွင် တွေ့ရသည်။ယခုတော့ အငှားဆိုင်တို့ဘဝ ဇာတ်သိမ်းကုန်ကြပြီဖြစ်သည်။နှမြောစရာအလွန်ကောင်းလှပါသည်။

ထိုစဉ်က စာအုပ်အငှားဆိုင်တို့ရှိရာသို့ ခရီးဝေးဝေးနီးနီး အကြိုက်များ ရှာဖွေရန် ကျွန်တော်ရောက်အောင် သွားခဲ့သည်။မွှေသည်။ ရွေးသည်။ငှားသည်။စာအုပ်ငှားခက တစ်မတ်ငါးမူးပဲရှိသည်။ဒါတောင် ရက်လွန်ကြေး မပေးလို၍ ကျွန်တော်အနေနှင့် ရသည့်အချိန်အတွင်း ငှားလာသည့် စာအုပ်တွေကို ပြီးနိုင်သမျှ အမြန်ပြီး အောင်ဖတ်ရသည်။

ကျွန်တော်နေသည်က မင်္ဂလာတောင်ညွန့် စက်ဆန်းမီးရထားဝင်းက သူများအိမ်တွင်နေခဲ့သည်။ စာအုပ်အငှားဆိုင်က ပုသိမ်ညွန့် ၅လမ်းတွင် ရှိသည်။ အိမ်ရှင်တို့က စာအုပ်ဖတ်ခြင်းကို သိပ်အားမပေး။ ဝါသနာဆိုသည်က တားမရတော့ သူတို့အလစ်တွင် ခြေကျင်အမြန်လျှောက်ပြီးသွားငှားသည်။ စွတ်ကယ် စွတ်ကယ် မသွားနိုင်၍ တစ်ခါငှားလျှင် လေးငါးအုပ်တော့ငှားခဲ့ရသည်။

ငှားလာသည့်စာအုပ်များကို နှစ်ရက်သုံးရက်အတွင်းပြီးအောင်ဖတ်ရသည်။ဖတ်လို့လည်းပြီးသည်။ထိုစဉ်က စာဖတ်လည်း မြန်ခဲ့သည်။

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ ထွက်သမျှစာအုပ်များ ထိုဆိုင်တွင်အစုံရှိသည်။မဖတ်ဖူးသေးသည့် စာအုပ်များကို ငှားဖတ်ခွင့်ရခဲ့သည်။ဦးကြီးဘထိုက်(သို့မဟုတ်)မိုးနှင့်မြေကိုအောင်နိုင်ခြင်း၊သူ့ကျွန်မခံပြီ၊ မုန်းရစ်လေဦး၊ပိတောက်ပွင့်ဆဲ လသာဆဲဝယ် အပါအဝင် အခြားသောစာအုပ်တွေပါငှားဖတ်ခဲ့ရသည်။

ဆရာကြီးစာအုပ်တွေကို အစကမကြိုက်၊နောက်မှကြိုက်သွားသည်။မကြိုက်ရခြင်းက နွေကန္တာဦးကြောင့်ဖြစ်ပြီး၊ ကြိုက်သွားရခြင်းက သာ၍ဝေးရာဆီကိုပါကြောင့်ဖြစ်သည်။ဖြစ်စဉ်လေးကဒီလိုပါ။

ဆရာကြီး၏စာအုပ်တစ်အုပ်ဖြစ်သော”နွေကန္တာဦး”ကို ကျွန်တော်လေးတန်းကျောင်းသားအရွယ် အညာမှာ နေတုန်းက စဖတ်ဖြစ်သည်။ကျွန်တော့ဦးလေးက ကဗျာဆရာဖြစ်သည်။သူလည်း စာအုပ်တွေကို နှစ်သက်၍ ဝယ်စုထားသည်။မဂ္ဂဇင်းများဖြစ်သော သွေးသောက်၊သင့်ဘဝ၊ငွေတာရီ၊ရှုမဝ ရွှေသွေး၊တေဇ အပါအဝင် အခြားစာအုပ်မျိုးစုံ သူ့ဆီမှာရှိသည်။

သူ့စာအုပ်စင်မှ နွေကန္တာဦးစာအုပ်ကိုတွေ့၍ ဖတ်ကြည့်သည်။ထိုစာစာအုပ်ကြောင့် ကျွန်တော့်အတွက် တော်တော်ခေါင်းရှုပ် သွားခဲ့သည်။နားမလည်ခဲ့။ ကျွန်တော်၏ ထိုစဉ်က အရွယ်နှင့် စာအုပ်က ဟပ်စပ်မှုမရှိခဲ့ပါ။ ထိုစဉ်က ထိုဝတ္ထုဇာတ်လမ်းထဲက အခန်းထဲတွင်ပိတ်လှောင်ထားသည့် အရူးမကြီးကိုသာမှတ်မိနေပါသည်။

ထိုနွေကန္တာဦးစာအုပ်ဖတ်ပြီးနောက် ဆရာကြီးရေးသည့် စာအုပ်များကို မကိုင်ရဲတော့ပါ။ ဖတ်ရမှာ ဝန်လေးခဲ့သည်။ သို့သော်လည်း မျက်နှာဖုံးလှလှလေးဖြင့် ရေးဆွဲထားသော “သာ၍ဝေးရာဆီကိုပါ” ဝတ္ထုကကျွန်တော်ကို ဖတ်ချင်အောင်စွဲဆောင်နေပြန်တော့သည်။

ကလေးအတွေးနှင့်ဖတ်ခဲ့ရသည့် နွေကန္တာဦးဝတ္ထုကဲ့သို့လေလား ဆိုပြီး ကျွန်တော်သံသယနှင့်ဖတ်ခဲ့သည်။ သာ၍ဝေးရာဆီကိုပါ ဝတ္ထုအသွားလေးကလည်း စစချင်း ကိုယ်အဖြစ်ကို မသိသူသိတစ်ယောက်၏ဖြစ်စဉ်နှင့် စထားခဲ့သည်။သို့သော်လည်း ထိုအစလေးကို သီးခံဖတ်ပြီးဖတ်လိုက်ရာ လက်ကမချချင်လောက်အောင် ဝတ္ထုဇာတ်လမ်းနောက်ကို ကျွန်တော်ပါသွားတော့သည်။

စိတ်၏ဆန်းကြယ်သည့်ဖြစ်စဉ်များနှင့် ဖွဲ့စပ်ထားသည့် ဝတ္ထုက ပုံမှန်ဖတ်နေသည့် ဝတ္ထုများနှင့် ကွဲထွက်ကာ ကျွန်တော်စိတ်အစဉ်ကိုဖမ်းစားပါတော့သည်။ဝတ္ထုထဲမှဇာတ်ကောင်သည် အတိတ်ကိုမေ့နေသော်လည်း ပညာကိုမမေ့၊ထိုပညာတို့ကို အတိတ်မေ့ ဘဝဖြစ်နေစဉ်အတွင်း မထင်မှတ်ဘဲဖော်ထုတ်မိခဲ့သည်။ထိုဖြစ်စဉ်ကို သတိထားမိသော ဝတ္ထုထဲမှ ဇာတ်ကောင်မိန်းကလေးက တစ်စတစ်စ အစဖော်ရင်း သူ့ဘဝဖြစ်စဉ် အမှန်ကို ပြန်လည်ရရှိသွားသည်။ထိုဝတ္ထုဇာတ်ကောင် အမျိုးသား၏အတိတ်မေ့ခြင်းတွင် မိမိဘဝကို ရိုးရိုးမေ့ခြင်းအပြင် အခြားသူများ၏ ဖြစ်ရပ်ကို မိမိဘဝဟု အမှတ်မှားကာ ဇာတ်ကိုလှုပ်ရှား လည်ပတ်သွားစေခဲ့သည်။ထို သာ၍ဝေးရာဆီကိုပါ ဝတ္ထုကိုဖတ်ပြီးနောက် ဆရာကြီး၏စာအုပ်များကို ကျွန်တော်မရ မက ရှာဖွေဖတ်ရှု ပါတော့သည်။ကျွန်တော့်အကြိုက်ဆုံးဟု ပြောလျှင်လည်း မှားမည်မထင်ပါ။

၈၈ ဖြစ်စဉ်ကြောင့် ကျောင်းများပိတ်ထား၍ ကောလင်းမြို့တွင် နေထိုင်စဉ်ကလည်း ကောလင်းရဲစခန်းဘေးက စာအုပ်ဆိုင်သည် ကျွန်တော်စိတ်အာဟာရဖြည့်ရာနေရာဖြစ်ခဲ့သည်။

ကိုယ့်အကြိုက်ဆုံးစာအုပ်များကို ရှာဖွေဖတ်ရှုရင်း နေရာအနှံ့ရှိ စာအုပ်အငှားဆိုင်များရှိရာသို့ ကျွန်တော်ရောက်သည်။တောင်ဥက္ကလာပ ၃ ရပ်ကွက်၊၁၂ လမ်းရှိစာအုပ်အငှားဆိုင်တို့ကိုလည်းရောက်သည်။ဗိုလ်တထောင်၊ ဗိုလ်ချုပ်လမ်းပေါ်က စာအုပ်အငှားဆိုင်တို့ကိုလည်း ဖွေရှာမွှေနှောက် စာအုပ်ငှားဖို့ရောက်ခဲ့ဘူးသည်။ မိမိအကြိုက်ဆုံးတို့ကိုဖွေရှာရင်း အခြားသောစာအုပ်တို့ကို မြည်းစမ်းကြည့်သည်။နှစ်သက်ဖွယ်ရာတွေက အများကြီးဆိုတာသိလိုက်ရသည်။

ငှားဖတ်ရုံတင် အားမရတော့ တတ်နိုင်သမျှသောပမာဏရှိလျှင် ဝယ်ပြီးဖတ်ပါတော့သည်။ ထရိတ်တား ဟိုတယ်ကြီး မဆောက်ခင်ယခင်က ၃၂ လမ်းအပေါ်ဘက်ခြမ်းတွင် ကျွန်တော်၏ စာအုပ်ရွေးရာ နေရာဖြစ်ခဲ့သည်။ အမျိုးသားစာပေဆုရညိုဝင်း၏ စာအုပ်များ၊ရဲစိုး၊မောင်သက်နောင်၊တက္ကသိုလ်တင်မြင့်၏ ဝတ္ထုများကိုပါဝယ်ဖြစ်သည်။ထိုစဉ်ကစာအုပ်ဈေးမှာ တစ်အုပ်မှ ဆယ့်ငါးကျပ်ဝန်းကျင်ခန့်သာပေးရသည်။ သိုင်းဝတ္ထုဇာတ်လမ်းတွဲစာအုပ်များလည်းပေါလှပြီး ဈေးသိပ်မပေးရပေ။

နောက်ပိုင်းတွင် ဝတ္ထု၊ကဗျာ၊ဆောင်းပါး၊သိပ္ပံ၊သမိုင်းအပါအဝင် ဖတ်စရာနယ်ပယ်တို့ ကျယ်ပြန့်လာသလို စာအုပ်အစုံတို့ကိုဖတ်လာနိုင်သည်။ရွေးချယ်ဖတ်ရှုမှုလည်းလုပ်လာနိုင်သည်။ နိုင်ငံတကာ ဘာသာပြန် ရသာစာပေကောင်းများကိုလည်း ဝယ်ယူဖတ်ရှုနိုင်လာသည်။

စာအုပ်တွေက ကျွန်တော့်အတွက်တော့ မိတ်ဆွေကောင်းပါ။မပေါင်းချင်သေးလျှင် စာအုပ်ပုံမှာ တင်ထားနိုင်ပြီး လိုအပ်လျှင်ပြန်ပေါင်းထုပ်နိုင်သည်။သူတို့နှင့် ကျွန်တော် ရန်တစ်ခါမှမဖြစ်။

ယခု အိုင်တီခေတ်ကြီးမှာ မိမိတို့ကြိုက်နှစ်သက်ရာတို့ကို ရှာဖွေရန်လွယ်ကူလှသော်လည်း တချိန်က ကျွန်တော်တို့ အကြိုက် စာအုပ်အငှားဆိုင်လေးတွေ ပျောက်ဆုံးသွားသည်ကိုတော့နှမြောလှပါကြောင်း။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

“စာအုပ္ေတြကိုႀကိဳက္ပါသည္”

လူတိုင္းအႀကိဳက္ကိုယ္စီရွိၾကသည္။ကၽြန္ေတာ္ကေတာ့ စာအုပ္ေတြကို ႀကိဳက္ႏွစ္သက္သည္။

စာအုပ္ေတြႀကိဳက္ႏွစ္သက္၍ မဝယ္ႏိုင္ခင္က ငွားဖတ္သည္။ယခင္က ရပ္ကြက္ေတာ္ေတာ္မ်ားတြင္ စာအုပ္အငွားဆိုင္မ်ားကို ေနရာေတာ္ေတာ္မ်ားမ်ားတြင္ ေတြ႔ရသည္။ယခုေတာ့ အငွားဆိုင္တို႔ဘဝ ဇာတ္သိမ္းကုန္ၾကၿပီျဖစ္သည္။ႏွေျမာစရာအလြန္ေကာင္းလွပါသည္။

ထိုစဥ္က စာအုပ္အငွားဆိုင္တို႔ရွိရာသို႔ ခရီးေဝးေဝးနီးနီး အႀကိဳက္မ်ား ရွာေဖြရန္ ကၽြန္ေတာ္ေရာက္ေအာင္ သြားခဲ့သည္။ေမႊသည္။ ေရြးသည္။ငွားသည္။စာအုပ္ငွားခက တစ္မတ္ငါးမူးပဲရွိသည္။ဒါေတာင္ ရက္လြန္ေၾကး မေပးလို၍ ကၽြန္ေတာ္အေနႏွင့္ ရသည့္အခ်ိန္အတြင္း ငွားလာသည့္ စာအုပ္ေတြကို ၿပီးႏိုင္သမွ် အျမန္ၿပီး ေအာင္ဖတ္ရသည္။

ကၽြန္ေတာ္ေနသည္က မဂၤလာေတာင္ညြန္႔ စက္ဆန္းမီးရထားဝင္းက သူမ်ားအိမ္တြင္ေနခဲ့သည္။ စာအုပ္အငွားဆိုင္က ပုသိမ္ညြန္႔ ၅လမ္းတြင္ ရွိသည္။ အိမ္ရွင္တို႔က စာအုပ္ဖတ္ျခင္းကို သိပ္အားမေပး။ ဝါသနာဆိုသည္က တားမရေတာ့ သူတို႔အလစ္တြင္ ေျခက်င္အျမန္ေလွ်ာက္ၿပီးသြားငွားသည္။ စြတ္ကယ္ စြတ္ကယ္ မသြားႏိုင္၍ တစ္ခါငွားလွ်င္ ေလးငါးအုပ္ေတာ့ငွားခဲ့ရသည္။

ငွားလာသည့္စာအုပ္မ်ားကို ႏွစ္ရက္သုံးရက္အတြင္းၿပီးေအာင္ဖတ္ရသည္။ဖတ္လို႔လည္းၿပီးသည္။ထိုစဥ္က စာဖတ္လည္း ျမန္ခဲ့သည္။

ဆရာႀကီးတကၠသိုလ္ဘုန္းႏိုင္၏ ထြက္သမွ်စာအုပ္မ်ား ထိုဆိုင္တြင္အစုံရွိသည္။မဖတ္ဖူးေသးသည့္ စာအုပ္မ်ားကို ငွားဖတ္ခြင့္ရခဲ့သည္။ဦးႀကီးဘထိုက္(သို႔မဟုတ္)မိုးႏွင့္ေျမကိုေအာင္ႏိုင္ျခင္း၊သူ႕ကၽြန္မခံၿပီ၊ မုန္းရစ္ေလဦး၊ပိေတာက္ပြင့္ဆဲ လသာဆဲဝယ္ အပါအဝင္ အျခားေသာစာအုပ္ေတြပါငွားဖတ္ခဲ့ရသည္။

ဆရာႀကီးစာအုပ္ေတြကို အစကမႀကိဳက္၊ေနာက္မွႀကိဳက္သြားသည္။မႀကိဳက္ရျခင္းက ေႏြကႏၱာဦးေၾကာင့္ျဖစ္ၿပီး၊ ႀကိဳက္သြားရျခင္းက သာ၍ေဝးရာဆီကိုပါေၾကာင့္ျဖစ္သည္။ျဖစ္စဥ္ေလးကဒီလိုပါ။

ဆရာႀကီး၏စာအုပ္တစ္အုပ္ျဖစ္ေသာ”ေႏြကႏၱာဦး”ကို ကၽြန္ေတာ္ေလးတန္းေက်ာင္းသားအရြယ္ အညာမွာ ေနတုန္းက စဖတ္ျဖစ္သည္။ကၽြန္ေတာ့ဦးေလးက ကဗ်ာဆရာျဖစ္သည္။သူလည္း စာအုပ္ေတြကို ႏွစ္သက္၍ ဝယ္စုထားသည္။မဂၢဇင္းမ်ားျဖစ္ေသာ ေသြးေသာက္၊သင့္ဘဝ၊ေငြတာရီ၊ရႈမဝ ေရႊေသြး၊ေတဇ အပါအဝင္ အျခားစာအုပ္မ်ိဳးစုံ သူ႔ဆီမွာရွိသည္။

သူ႔စာအုပ္စင္မွ ေႏြကႏၱာဦးစာအုပ္ကိုေတြ႔၍ ဖတ္ၾကည့္သည္။ထိုစာစာအုပ္ေၾကာင့္ ကၽြန္ေတာ့္အတြက္ ေတာ္ေတာ္ေခါင္းရႈပ္ သြားခဲ့သည္။နားမလည္ခဲ့။ ကၽြန္ေတာ္၏ ထိုစဥ္က အရြယ္ႏွင့္ စာအုပ္က ဟပ္စပ္မႈမရွိခဲ့ပါ။ ထိုစဥ္က ထိုဝတၳဳဇာတ္လမ္းထဲက အခန္းထဲတြင္ပိတ္ေလွာင္ထားသည့္ အရူးမႀကီးကိုသာမွတ္မိေနပါသည္။

ထိုေႏြကႏၱာဦးစာအုပ္ဖတ္ၿပီးေနာက္ ဆရာႀကီးေရးသည့္ စာအုပ္မ်ားကို မကိုင္ရဲေတာ့ပါ။ ဖတ္ရမွာ ဝန္ေလးခဲ့သည္။ သို႔ေသာ္လည္း မ်က္ႏွာဖုံးလွလွေလးျဖင့္ ေရးဆဲြထားေသာ “သာ၍ေဝးရာဆီကိုပါ” ဝတၳဳကကၽြန္ေတာ္ကို ဖတ္ခ်င္ေအာင္စြဲေဆာင္ေနျပန္ေတာ့သည္။

ကေလးအေတြးႏွင့္ဖတ္ခဲ့ရသည့္ ေႏြကႏၱာဦးဝတၳဳကဲ့သို႔ေလလား ဆိုၿပီး ကၽြန္ေတာ္သံသယႏွင့္ဖတ္ခဲ့သည္။ သာ၍ေဝးရာဆီကိုပါ ဝတၳဳအသြားေလးကလည္း စစခ်င္း ကိုယ္အျဖစ္ကို မသိသူသိတစ္ေယာက္၏ျဖစ္စဥ္ႏွင့္ စထားခဲ့သည္။သို႔ေသာ္လည္း ထိုအစေလးကို သီးခံဖတ္ၿပီးဖတ္လိုက္ရာ လက္ကမခ်ခ်င္ေလာက္ေအာင္ ဝတၳဳဇာတ္လမ္းေနာက္ကို ကၽြန္ေတာ္ပါသြားေတာ့သည္။

စိတ္၏ဆန္းၾကယ္သည့္ျဖစ္စဥ္မ်ားႏွင့္ ဖြဲ႔စပ္ထားသည့္ ဝတၳဳက ပုံမွန္ဖတ္ေနသည့္ ဝတၳဳမ်ားႏွင့္ ကြဲထြက္ကာ ကၽြန္ေတာ္စိတ္အစဥ္ကိုဖမ္းစားပါေတာ့သည္။ဝတၳဳထဲမွဇာတ္ေကာင္သည္ အတိတ္ကိုေမ့ေနေသာ္လည္း ပညာကိုမေမ့၊ထိုပညာတို႔ကို အတိတ္ေမ့ ဘဝျဖစ္ေနစဥ္အတြင္း မထင္မွတ္ဘဲေဖာ္ထုတ္မိခဲ့သည္။ထိုျဖစ္စဥ္ကို သတိထားမိေသာ ဝတၳဳထဲမွ ဇာတ္ေကာင္မိန္းကေလးက တစ္စတစ္စ အစေဖာ္ရင္း သူ႔ဘဝျဖစ္စဥ္ အမွန္ကို ျပန္လည္ရရွိသြားသည္။ထိုဝတၳဳဇာတ္ေကာင္ အမ်ိဳးသား၏အတိတ္ေမ့ျခင္းတြင္ မိမိဘဝကို ရိုးရိုးေမ့ျခင္းအျပင္ အျခားသူမ်ား၏ ျဖစ္ရပ္ကို မိမိဘဝဟု အမွတ္မွားကာ ဇာတ္ကိုလႈပ္ရွား လည္ပတ္သြားေစခဲ့သည္။ထို သာ၍ေဝးရာဆီကိုပါ ဝတၳဳကိုဖတ္ၿပီးေနာက္ ဆရာႀကီး၏စာအုပ္မ်ားကို ကၽြန္ေတာ္မရ မက ရွာေဖြဖတ္ရႈ ပါေတာ့သည္။ကၽြန္ေတာ့္အႀကိဳက္ဆုံးဟု ေျပာလွ်င္လည္း မွားမည္မထင္ပါ။

၈၈ ျဖစ္စဥ္ေၾကာင့္ ေက်ာင္းမ်ားပိတ္ထား၍ ေကာလင္းၿမိဳ႕တြင္ ေနထိုင္စဥ္ကလည္း ေကာလင္းရဲစခန္းေဘးက စာအုပ္ဆိုင္သည္ ကၽြန္ေတာ္စိတ္အာဟာရျဖည့္ရာေနရာျဖစ္ခဲ့သည္။

ကိုယ့္အႀကိဳက္ဆုံးစာအုပ္မ်ားကို ရွာေဖြဖတ္ရႈရင္း ေနရာအႏွံ႔ရွိ စာအုပ္အငွားဆိုင္မ်ားရွိရာသို႔ ကၽြန္ေတာ္ေရာက္သည္။ေတာင္ဥကၠလာပ ၃ ရပ္ကြက္၊၁၂ လမ္းရွိစာအုပ္အငွားဆိုင္တို႔ကိုလည္းေရာက္သည္။ဗိုလ္တေထာင္၊ ဗိုလ္ခ်ဳပ္လမ္းေပၚက စာအုပ္အငွားဆိုင္တို႔ကိုလည္း ေဖြရွာေမႊေႏွာက္ စာအုပ္ငွားဖို႔ေရာက္ခဲ့ဘူးသည္။ မိမိအႀကိဳက္ဆုံးတို႔ကိုေဖြရွာရင္း အျခားေသာစာအုပ္တို႔ကို ျမည္းစမ္းၾကည့္သည္။ႏွစ္သက္ဖြယ္ရာေတြက အမ်ားႀကီးဆိုတာသိလိုက္ရသည္။

ငွားဖတ္ရုံတင္ အားမရေတာ့ တတ္ႏိုင္သမွ်ေသာပမာဏရွိလွ်င္ ဝယ္ၿပီးဖတ္ပါေတာ့သည္။ ထရိတ္တား ဟိုတယ္ႀကီး မေဆာက္ခင္ယခင္က ၃၂ လမ္းအေပၚဘက္ျခမ္းတြင္ ကၽြန္ေတာ္၏ စာအုပ္ေရြးရာ ေနရာျဖစ္ခဲ့သည္။ အမ်ိဳးသားစာေပဆုရညိဳဝင္း၏ စာအုပ္မ်ား၊ရဲစိုး၊ေမာင္သက္ေနာင္၊တကၠသိုလ္တင္ျမင့္၏ ဝတၳဳမ်ားကိုပါဝယ္ျဖစ္သည္။ထိုစဥ္ကစာအုပ္ေဈးမွာ တစ္အုပ္မွ ဆယ့္ငါးက်ပ္ဝန္းက်င္ခန္႔သာေပးရသည္။ သိုင္းဝတၳဳဇာတ္လမ္းတြဲစာအုပ္မ်ားလည္းေပါလွၿပီး ေဈးသိပ္မေပးရေပ။

ေနာက္ပိုင္းတြင္ ဝတၳဳ၊ကဗ်ာ၊ေဆာင္းပါး၊သိပၸံ၊သမိုင္းအပါအဝင္ ဖတ္စရာနယ္ပယ္တို႔ က်ယ္ျပန္႔လာသလို စာအုပ္အစုံတို႔ကိုဖတ္လာႏိုင္သည္။ေရြးခ်ယ္ဖတ္ရႈမႈလည္းလုပ္လာႏိုင္သည္။ ႏိုင္ငံတကာ ဘာသာျပန္ ရသာစာေပေကာင္းမ်ားကိုလည္း ဝယ္ယူဖတ္ရႈႏိုင္လာသည္။

စာအုပ္ေတြက ကၽြန္ေတာ့္အတြက္ေတာ့ မိတ္ေဆြေကာင္းပါ။မေပါင္းခ်င္ေသးလွ်င္ စာအုပ္ပုံမွာ တင္ထားႏိုင္ၿပီး လိုအပ္လွ်င္ျပန္ေပါင္းထုပ္ႏိုင္သည္။သူတို႔ႏွင့္ ကၽြန္ေတာ္ ရန္တစ္ခါမွမျဖစ္။

ယခု အိုင္တီေခတ္ႀကီးမွာ မိမိတို႔ႀကိဳက္ႏွစ္သက္ရာတို႔ကို ရွာေဖြရန္လြယ္ကူလွေသာ္လည္း တခ်ိန္က ကၽြန္ေတာ္တုိ႔ အႀကိဳက္ စာအုပ္အငွားဆိုင္ေလးေတြ ေပ်ာက္ဆုံးသြားသည္ကိုေတာ့ႏွေျမာလွပါေၾကာင္း။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
area-one-business-complex
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service