ကမ္ဘာ့ဈေးအကြီးဆုံး Indoor Plants (၁၀) မျိုး

ကမ္ဘာ့ဈေးအကြီးဆုံး Indoor Plants (၁၀) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
30 Sep 2022 3:30 pm တွင် တင်ခဲ့သည်
829 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

အိမ်တွင်းစိုက်အပင်လေးတွေ ခေတ်စားလာတာနဲ့အမျှ ဒီအပင်လေးတွေအပေါ် ခရေဇီဖြစ်တဲ့ လူတန်းစား တစ်ရပ်ဆိုတာလည်း ပေါ်လာခဲ့ပါတယ်။

ဘယ်လောက်ထိတောင် ဒီအပင်လေးတွေအပေါ် ရူးသွပ်လဲဆိုရင် တစ်ပင်တစ်ပင်ကို သိန်းရာချီပေးပြီး ဝယ်ယူကြတဲ့ အထိပါ။

ဘာကြောင့် ဒီလောက်ထိတောင် ဈေးကြီးတာဖြစ်မယ်ထင်ပါသလဲ..။

အပင်လေးတွေရဲ့ ရှားပါးမှုနဲ့ လူတွေရဲ့ တန်ဖိုးထားမှုကြောင့်ပဲ ဖြစ်မယ်လို့ ကျွန်မကတော့ ထင်ပါတယ်။

ကဲ.. ဒါဆို ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးအိမ်တွင်းစိုက် အပင်လေးတွေကို ပုံလေးတွေနဲ့ တွဲပြီးကြည့်ကြရအောင်ပါ။

(၁) Variegated monstera varieties (ဗယ်ရီကိတ်တက်မွန်စတီရာမျိုး)

 

ဒီအပင်လေးကတော့ အင်ဒေါပလန့် ချစ်သူလေးတွေတိုင်းသိကြတဲ့ အသဲစွဲအပင်ဆိုရင်လည်းမမှားပါဘူး။ ဗယ်ရီဂိတ်တက်ဖြစ်တယ်ဆိုတာကတော့ အပင်မှာ အစိမ်းရောင်နည်းသွားကာ အဖြူနဲ့အဝါလေးတွေ ဖောက်ပြီး မျိုးထွန်းလာတဲ့အပင်မျိုးကို ပြောတာပါ။

ဈေးနှုန်းကိုလည်း ကြည့်ကြပါဦး။ အမေရိကန် ဒေါ်လာ ၃၈၀၀၀ တဲ့။ မြန်မာငွေနဲ့ဆိုရင်တော့ သိန်း ၈၀၀ နီးပါးပေါ့။ ဒါဟာဈေးအကြီးဆုံး Adansonii variegate (အဒန်စိုနီ ဗယ်ရီဂိတ်) အမျိုးအစားပဲဖြစ်ပါလိမ့်မယ်။ ဒီဈေးဟာ အမေရိကန်နိုင်ငံ သာမာန်ဝန်ထမ်းတစ်ဦးရဲ့ ပျှမ်းမျှ တစ်နှစ်လစာထက်ကို ဒေါ်လာ ၃၀၀၀ လောက် ပိုပါသေးတယ်။

(၂) Variegated mini monstera (ဗယ်ရီဂိတ်တက် မီနီ မွန်စတီရာ)

 

နယူးဇီလန်နိုင်ငံမှာ အရွက်ကိုးရွက်ပါတဲ့ အဖြူရောင် Rhaphidophora Tetrasperma ဗယ်ရီဂိတ်တက်မျိုးကို ၂၀၂၁ ခုနှစ် ဇွန်လထဲမှာ ဒေါ်လာ ၂၇၀၀၀ နဲ့ရောင်းချခဲ့ပါတယ်။ ဒီ့အရင်က နယူးဇီလန်နိုင်ငံသားတစ်ယောက်ကပဲ အရွက်လေးရွက်ပါတဲ့ ဒီလိုမျိုးအဝါရောင်ဗယ်ရီဂိတ်တက်တစ်မျိုးကို ဒေါ်လာ ၈၀၀၀ နဲ့ ဝယ်ယူဖူးပြီး ဒီအပင်ကတော့ သူ့ စံချိန်ကို ချိုးလိုက်တာပေါ့။

ဗယ်ရီဂိတ်တက်မဖြစ်ဘဲ ပုံမှန်အစိမ်းရောင်ပြည့်နေတဲ့ မီနီမွန်စတီရာမျိုးဆိုရင်တော့ တည်နေရာနဲ့ ဝယ်လိုအားပေါ်လိုက်ပြီး ၁၅ ဒေါ်လာကနေ ၃၅ ဒေါ်လာလောက်ပဲ ပေါက်ဈေးရှိပါတယ်။

(၃) နှစ် ၈၀၀ ရှေးဟောင်းဘွန်ဇိုင်းပင်

ဂျပန်နိုင်ငံမှာ ပြုလုပ်ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဘွန်ဇိုင်းပြပွဲမှာ ဒီအဖြူရောင် ဘွန်ဆိုင်းထင်းရှူးပင်လေးကို ဒေါ်လာ ၁.၃ သန်းနဲ့ရောင်းချနိုင်ခဲ့ပါတယ်။

ဘွန်ဇိုင်းရဲ့ တန်ဖိုးကိုတော့ သူရဲ့ နှစ်ပေါင်းကြာချိန်၊ သမိုင်းကြောင်း၊ ပုံစံတွေ အရွယ်အစားတွေကို လိုက်ပြီး ဈေးနှုန်းကိုဆုံးဖြတ်ကြတာဆိုတော့ဘွန်ဇိုင်းချစ်သူလေးတွေကတော့ ဒါကို ဈေးများတယ် ထင်မယ်လို့တော့ မထင်ပါဘူးရှင်။

 

(၄) လူဖန်တီးထားတဲ့ သစ်ခွ

 

Shenzhen Nogke (ရှန်ဇန် နော့ကဲ) လို့ခေါ်တဲ့ သစ်ခွကို ၂၀၀၅ ခုနှစ်မှာ လေလံတင်ပြီး ရောင်းချလိုက်တာ ဒေါ်လာ ၂၂၄၀၀၀ ရရှိခဲ့ပြီးတော့ ကမ္ဘာ့ဈေးအကြီးဆုံးပန်းဆိုပြီး စာရင်းဝင်သွားခဲ့ပါတယ်။ ဒီပန်းကို တက္ကသိုလ်ဓာတ်ခွဲခန်းတစ်ခုက ပညာရှင်တွေ ၈ နှစ်ကြာအောင်ဖန်တီးခဲ့ရပြီး သစ်ခွပန်းလေးက ၅ နှစ်ကိုမှတစ်ခါ ပွင့်ပါတယ်တဲ့ရှင်။

 

(၅) Large Monstera Obliqua (ကြီးမားတဲ့ မွန်စတီးရား အော်ပလီကွာ)

ဒီအပင်လေးကတော့ အရွက်တွေထက် အပေါက်တွေက ပိုများပြီး သူ့ရဲ့နူးညံ့တဲ့ အရွက်သားလေးတွေကြောင့် ပြုစုထိန်းသိမ်းရခက်တဲ့ ရှားပါးပင်မျိုးဖြစ်လို့ လေလံသမားတစ်ဦးက ဒေါ်လာ ၂၃၀၀၀ ထိပေးပြီး လေလံဆွဲဝယ်ယူခံရတဲ့ အပင်လေးပါ။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ပုံကိုလည်းကြည့်ကြပါဦး အပေါက်တွေကြီးပဲဆိုတော့ ပြုစုမှုခက် လိုက်မယ့် ဖြစ်ခြင်း။

ဒီလိုပေါက်ဈေးရှိသွားပြီးနောက်ပိုင်းမှာတော့ ဒီလိုမျိုးပုံစံတူပြီး သင့်တင့်တဲ့ဈေးနဲ့ ဝယ်လို့ရနိုင်တဲ့ အပင်မျိုးတွေ အွန်လိုင်းဈေးကွက်တွေမှာ ပေါ်လာပါသေးတယ်။ ဒါပေမဲ့ ဒါတွေက သာမန် မွန်စတီရာအဒမ်ဆိုနီမျိုးတွေကို ရှားပါးမွန်စတီရာအော်ပလီကွာလိုမျိုး ပုံမှားရိုက်ရောင်းချတာမျိုးတွေပဲ ဖြစ်နေပါတယ်တဲ့။

 

(၆) Alocasia Azlanii (အလိုကေးရှား အဇ်လနီ)

ဒီအပင်လေးက ရှေးတလောကမှ လူကြိုက်နှုန်းမြင့်လာတဲ့အပင်လေးဖြစ်ပြီး အရွယ်အစားပေါ်မူတည်ကာ ဒေါ်လာ ၁၀၀ ကနေ ၇၀၀ ရှိပါတယ်။ အရွက်ရောင်ကတော့ အစိမ်းရင့်ရောင်လိုလို အနက်ရောင်လိုလိုနဲ့ အနီရောင်၊ ခရမ်းရောင်၊ ပန်းရင့်ရောင်လိုလို ရွက်ကြောလှလှတွေနဲ့လှပစွာရှိနေပါတယ်။ ဒီအပင်လေးကို red membo (ရက်မန်ဘို) လို့လည်းခေါ်ကြပြီး မူရင်းဒေသကတော့ အာရှရဲ့အကြီးဆုံးဖြစ်တဲ့ ဘော်နီယိုကျွန်းက ဖြစ်ပါတယ်။ ဒီအပင်လေးဈေးကြီးရတဲ့ အကြောင်းက အကန့်အသတ်နဲ့ ရောင်းတာမို့ပါ။ အင်ဒေါပလန့် ခရေဇီတွေ အသဲစွဲ အပင်တစ်မျိုးပါပဲ။

(၇) Anthurium Crystallinum ( အန်သူရီယမ် ခရစ်စတာလီနမ်)

နက်မှောင်တဲ့ ကတ္တီပါအရွက်တွေနဲ့ တောက်ပတဲ့ အဖြူရောင်ရွက်ကြောတွေက ဒီအပင်လေးကို အပင်ချစ်သူတွေစိတ်ဝင်စားစေတဲ့ အကြောင်းဖြစ်မယ်ထင်ပါတယ်။ ဒီအပင်လေးတွေရဲ့ထူးခြားချက်က အရွက်သစ်လေးတွေက လိမ္မော်ရောင်ကနေ တဖြည်းဖြည်းစိမ်းလာတဲ့အတွက် တခြားအပင်တွေ လိုမဟုတ်ပဲ မတူညီတဲ့ အလှကိုပေးလို့ပါ။ သူတို့ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၁၀၀ ကနေ ၂၀၀ အတွင်းရှိပါတယ်တဲ့။ ဒီအပင်လေးက အင်ဒေါပလန့်ချစ်သူလေးတွေရဲ့ ဘက်ဂျက်ဆေ့ဖြစ်တဲ့ အပင်လေးလို့လည်း ဆိုကြပါတယ်။

(၈) Philodendron Pink Princess (ဖီလိုဒန်ဒွန် ပင့်ခ် ပရင့်ဆက်)

ဒီအပင်လေးကတော့ အစိမ်းရင့်ရောင်ကနေ အနက်ရောင်ထိဖြစ်နေတဲ့ အရွက်လေးတွေနဲ့ ပန်းရောင်ဘက်ကို ဗယ်ရီဂိတ်တက်ဖြစ်နေတဲ့ အပင်လေးပဲဖြစ်ပါတယ်။ အပင်စုဆောင်းသူတွေကြားမှာ နာမည်ကြီးတဲ့ အပင်ဖြစ်ပြီးတော့ ၂ ရွက်ကနေ ၅ ရွက်ထိပါတဲ့ အပင်တစ်ပင်ကို ဒေါ်လာ ၁၀၀ ကနေ ၃၀၀ ကြား တန်ကြေးရှိပါတယ်။ အပင်က ဒီထက်ပိုကြီးမယ်၊ ပိုပြီး ဗယ်ရီဂိတ်တက်ဖြစ်နေမယ် ဆိုရင်တော့ ဒေါ်လာ ၁၀၀၀ ထက်တောင် ပိုနိုင်ပါတယ်တဲ့။

(၉) Philodendron Tortum ( ဖီလိုဒန်ဒွန် တော်တမ်)

၆ လက်မအရွယ်အစားရှိ အိုးလေးနဲ့ထည့်ထားတဲ့ အလတ်စားဆိုဒ် ဒီအပင်တစ်ပင်ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၄၀၀ ဝန်းကျင်ရှိပါတယ်။ ဒီအပင်ဘာလို့ဈေးကြီးလည်းဆိုရင်တော့ တခြားအပင်တွေနဲ့ မတူကွဲပြားတဲ့အပြင် ပြုစုစောင့်ရှောက်မှု အတော်လိုအပ်တာကြောင့်လို့လည်းဆိုပါတယ်။ ဥပမာပြောရရင် ဒီတော်တမ်ပင်လေးက စိုထိုင်းဆ မြင့်မားတဲ့ နေရာမှာဆို ကောင်းကောင်းရှင်သန်ကြီးထွားနိုင်တာဖြစ်လို့ အရွက်တွေဖြန့်ကျက်ဖို့ နေရာလည်းအတော်လိုပါတယ်တဲ့။

(၁၀) Monstera Esqueleto (မွန်စတီရာ အက်စ်ကွီလီတို)

အသေးစား မွန်စတီရာ အက်စ်ကွီလီတိုအပင်လေးတွေဟာဆိုရင် ရှားပါးအပင်ဆိုင်တွေမှာပဲ တွေ့ရလေ့ရှိပြီး ဒေါ်လာ ၅၀၀ ခန့်အထိ ပေါက်ပါတယ်။ ဒီအပင်လေးဟာဆိုရင် အကြီးစား သာမန် monstera Adansonii မျိုးတွေနဲ့ သွားဆင်တူပြီး အဝယ်လိုက်တဲ့ အပင်လေးပါတဲ့ရှင်။ ဒီ အက်စ်ကွီလီတို အပင်လေးသာ အပြည့်အဝ ကြီးထွားမယ်ဆိုရင် အရွက်လေးတွေက ၃ ပေလောက်ထိကိုရှည်ပါတယ်။

ကဲ ၁၀ မျိုးလည်းပြည့်သွားပြီဆိုတော့ အစိမ်းရောင်လမ်းစာဖတ်သူတို့ကရော ဘယ်ပင်လေးတွေ မြင်ဖူးထားပါလိမ့်။

အော် မေ့တော့မလို့ အခုချိန် ၁ ဒေါ်လာကို ၂၁၀၀ ကျော် ဝန်းကျင်ရှိတာမို့ မြန်မာငွေနဲ့တန်ဖိုးကိုသိချင်ရင် မြှောက်ကြည့်ဖို့ မမေ့နဲ့ဦးနော်....

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

 

 

[Zawgyi]

ကမ႓ာ့ေဈးအႀကီးဆုံး Indoor Plants  (၁၀) မ်ိဳး

 

အိမ္တြင္းစိုက္အပင္ေလးေတြ ေခတ္စားလာတာနဲ႔အမွ် ဒီအပင္ေလးေတြအေပၚ ခေရဇီျဖစ္တဲ့ လူတန္းစား တစ္ရပ္ဆိုတာလည္း ေပၚလာခဲ့ပါတယ္။

ဘယ္ေလာက္ထိေတာင္ ဒီအပင္ေလးေတြအေပၚ ႐ူးသြပ္လဲဆိုရင္ တစ္ပင္တစ္ပင္ကို သိန္းရာခ်ီေပးၿပီး ဝယ္ယူၾကတဲ့ အထိပါ။

ဘာေၾကာင့္ ဒီေလာက္ထိေတာင္ ေဈးႀကီးတာျဖစ္မယ္ထင္ပါသလဲ..။

အပင္ေလးေတြရဲ႕ ႐ွားပါးမႈနဲ႔ လူေတြရဲ႕ တန္ဖိုးထားမႈေၾကာင့္ပဲ ျဖစ္မယ္လို႔ ကြၽန္မကေတာ့ ထင္ပါတယ္။

ကဲ.. ဒါဆို ကမ႓ာေပၚမွာ ေဈးအႀကီးဆုံးအိမ္တြင္းစိုက္ အပင္ေလးေတြကို ပုံေလးေတြနဲ႔ တြဲၿပီးၾကည့္ၾကရေအာင္ပါ။

(၁) Variegated monstera varieties (ဗယ္ရီကိတ္တက္မြန္စတီရာမ်ိဳး)

ဒီအပင္ေလးကေတာ့ အင္ေဒါပလန္႔ ခ်စ္သူေလးေတြတိုင္းသိၾကတဲ့ အသဲစြဲအပင္ဆိုရင္လည္းမမွားပါဘူး။ ဗယ္ရီဂိတ္တက္ျဖစ္တယ္ဆိုတာကေတာ့ အပင္မွာ အစိမ္းေရာင္နည္းသြားကာ အျဖဴနဲ႔အဝါေလးေတြ ေဖာက္ၿပီး မ်ိဳးထြန္းလာတဲ့အပင္မ်ိဳးကို ေျပာတာပါ။

ေဈးႏႈန္းကိုလည္း ၾကည့္ၾကပါဦး။ အေမရိကန္ ေဒၚလာ ၃၈၀၀၀ တဲ့။ ျမန္မာေငြနဲ႔ဆိုရင္ေတာ့ သိန္း ၈၀၀ နီးပါးေပါ့။ ဒါဟာေဈးအႀကီးဆုံး Adansonii variegate (အဒန္စိုနီ ဗယ္ရီဂိတ္) အမ်ိဳးအစားပဲျဖစ္ပါလိမ့္မယ္။ ဒီေဈးဟာ အေမရိကန္ႏိုင္ငံ သာမာန္ဝန္ထမ္းတစ္ဦးရဲ႕ ပွ်မ္းမွ် တစ္ႏွစ္လစာထက္ကို ေဒၚလာ ၃၀၀၀ ေလာက္ ပိုပါေသးတယ္။

(၂) Variegated mini monstera (ဗယ္ရီဂိတ္တက္ မီနီ မြန္စတီရာ)

နယူးဇီလန္ႏိုင္ငံမွာ အ႐ြက္ကိုး႐ြက္ပါတဲ့ အျဖဴေရာင္ Rhaphidophora Tetrasperma ဗယ္ရီဂိတ္တက္မ်ိဳးကို ၂၀၂၁ ခုႏွစ္ ဇြန္လထဲမွာ ေဒၚလာ ၂၇၀၀၀ နဲ႔ေရာင္းခ်ခဲ့ပါတယ္။ ဒီ့အရင္က နယူးဇီလန္ႏိုင္ငံသားတစ္ေယာက္ကပဲ အ႐ြက္ေလး႐ြက္ပါတဲ့ ဒီလိုမ်ိဳးအဝါေရာင္ဗယ္ရီဂိတ္တက္တစ္မ်ိဳးကို ေဒၚလာ ၈၀၀၀ နဲ႔ ဝယ္ယူဖူးၿပီး ဒီအပင္ကေတာ့ သူ႕ စံခ်ိန္ကို ခ်ိဳးလိုက္တာေပါ့။

ဗယ္ရီဂိတ္တက္မျဖစ္ဘဲ ပုံမွန္အစိမ္းေရာင္ျပည့္ေနတဲ့ မီနီမြန္စတီရာမ်ိဳးဆိုရင္ေတာ့ တည္ေနရာနဲ႔ ဝယ္လိုအားေပၚလိုက္ၿပီး ၁၅ ေဒၚလာကေန ၃၅ ေဒၚလာေလာက္ပဲ ေပါက္ေဈး႐ွိပါတယ္။

(၃) ႏွစ္ ၈၀၀ ေ႐ွးေဟာင္းဘြန္ဇိုင္းပင္

ဂ်ပန္ႏိုင္ငံမွာ ျပဳလုပ္က်င္းပခဲ့တဲ့ အျပည္ျပည္ဆိုင္ရာ ဘြန္ဇိုင္းျပပြဲမွာ ဒီအျဖဴေရာင္ ဘြန္ဆိုင္းထင္း႐ွဴးပင္ေလးကို ေဒၚလာ ၁.၃ သန္းနဲ႔ေရာင္းခ်ႏိုင္ခဲ့ပါတယ္။

ဘြန္ဇိုင္းရဲ႕ တန္ဖိုးကိုေတာ့ သူရဲ႕ ႏွစ္ေပါင္းၾကာခ်ိန္၊ သမိုင္းေၾကာင္း၊ ပုံစံေတြ အ႐ြယ္အစားေတြကို လိုက္ၿပီး ေဈးႏႈန္းကိုဆုံးျဖတ္ၾကတာဆိုေတာ့ဘြန္ဇိုင္းခ်စ္သူေလးေတြကေတာ့ ဒါကို ေဈးမ်ားတယ္ ထင္မယ္လို႔ေတာ့ မထင္ပါဘူး႐ွင္။

 

(၄) လူဖန္တီးထားတဲ့ သစ္ခြ

Shenzhen Nogke (႐ွန္ဇန္ ေနာ့ကဲ) လို႔ေခၚတဲ့ သစ္ခြကို ၂၀၀၅ ခုႏွစ္မွာ ေလလံတင္ၿပီး ေရာင္းခ်လိုက္တာ ေဒၚလာ ၂၂၄၀၀၀ ရ႐ွိခဲ့ၿပီးေတာ့ ကမ႓ာ့ေဈးအႀကီးဆုံးပန္းဆိုၿပီး စာရင္းဝင္သြားခဲ့ပါတယ္။ ဒီပန္းကို တကၠသိုလ္ဓာတ္ခြဲခန္းတစ္ခုက ပညာ႐ွင္ေတြ ၈ ႏွစ္ၾကာေအာင္ဖန္တီးခဲ့ရၿပီး သစ္ခြပန္းေလးက ၅ ႏွစ္ကိုမွတစ္ခါ ပြင့္ပါတယ္တဲ့႐ွင္။

 

(၅) Large Monstera Obliqua (ႀကီးမားတဲ့ မြန္စတီးရား ေအာ္ပလီကြာ)

 

ဒီအပင္ေလးကေတာ့ အ႐ြက္ေတြထက္ အေပါက္ေတြက ပိုမ်ားၿပီး သူ႕ရဲ႕ႏူးညံ့တဲ့ အ႐ြက္သားေလးေတြေၾကာင့္ ျပဳစုထိန္းသိမ္းရခက္တဲ့ ႐ွားပါးပင္မ်ိဳးျဖစ္လို႔ ေလလံသမားတစ္ဦးက ေဒၚလာ ၂၃၀၀၀ ထိေပးၿပီး ေလလံဆြဲဝယ္ယူခံရတဲ့ အပင္ေလးပါ။ ဟုတ္ေတာ့လည္း ဟုတ္ပါတယ္။ ပုံကိုလည္းၾကည့္ၾကပါဦး အေပါက္ေတြႀကီးပဲဆိုေတာ့ ျပဳစုမႈခက္ လိုက္မယ့္ ျဖစ္ျခင္း။

ဒီလိုေပါက္ေဈး႐ွိသြားၿပီးေနာက္ပိုင္းမွာေတာ့ ဒီလိုမ်ိဳးပုံစံတူၿပီး သင့္တင့္တဲ့ေဈးနဲ႔ ဝယ္လို႔ရႏိုင္တဲ့ အပင္မ်ိဳးေတြ အြန္လိုင္းေဈးကြက္ေတြမွာ ေပၚလာပါေသးတယ္။ ဒါေပမဲ့ ဒါေတြက သာမန္ မြန္စတီရာအဒမ္ဆိုနီမ်ိဳးေတြကို ႐ွားပါးမြန္စတီရာေအာ္ပလီကြာလိုမ်ိဳး ပုံမွား႐ိုက္ေရာင္းခ်တာမ်ိဳးေတြပဲ ျဖစ္ေနပါတယ္တဲ့။

 

(၆) Alocasia Azlanii (အလိုေကး႐ွား အဇ္လနီ)

ဒီအပင္ေလးက ေ႐ွးတေလာကမွ လူႀကိဳက္ႏႈန္းျမင့္လာတဲ့အပင္ေလးျဖစ္ၿပီး အ႐ြယ္အစားေပၚမူတည္ကာ ေဒၚလာ ၁၀၀ ကေန ၇၀၀ ႐ွိပါတယ္။ အ႐ြက္ေရာင္ကေတာ့ အစိမ္းရင့္ေရာင္လိုလို အနက္ေရာင္လိုလိုနဲ႔ အနီေရာင္၊ ခရမ္းေရာင္၊ ပန္းရင့္ေရာင္လိုလို ႐ြက္ေၾကာလွလွေတြနဲ႔လွပစြာ႐ွိေနပါတယ္။ ဒီအပင္ေလးကို red membo (ရက္မန္ဘို) လို႔လည္းေခၚၾကၿပီး မူရင္းေဒသကေတာ့ အာ႐ွရဲ႕အႀကီးဆုံးျဖစ္တဲ့ ေဘာ္နီယိုကြၽန္းက ျဖစ္ပါတယ္။ ဒီအပင္ေလးေဈးႀကီးရတဲ့ အေၾကာင္းက အကန္႔အသတ္နဲ႔ ေရာင္းတာမို႔ပါ။ အင္ေဒါပလန္႔ ခေရဇီေတြ အသဲစြဲ အပင္တစ္မ်ိဳးပါပဲ။

(၇) Anthurium Crystallinum ( အန္သူရီယမ္ ခရစ္စတာလီနမ္)

နက္ေမွာင္တဲ့ ကတၱီပါအ႐ြက္ေတြနဲ႔ ေတာက္ပတဲ့ အျဖဴေရာင္႐ြက္ေၾကာေတြက ဒီအပင္ေလးကို အပင္ခ်စ္သူေတြစိတ္ဝင္စားေစတဲ့ အေၾကာင္းျဖစ္မယ္ထင္ပါတယ္။ ဒီအပင္ေလးေတြရဲ႕ထူးျခားခ်က္က အ႐ြက္သစ္ေလးေတြက လိေမၼာ္ေရာင္ကေန တျဖည္းျဖည္းစိမ္းလာတဲ့အတြက္ တျခားအပင္ေတြ လိုမဟုတ္ပဲ မတူညီတဲ့ အလွကိုေပးလို႔ပါ။ သူတို႔ရဲ႕တန္ဖိုးကေတာ့ ေဒၚလာ ၁၀၀ ကေန ၂၀၀ အတြင္း႐ွိပါတယ္တဲ့။ ဒီအပင္ေလးက အင္ေဒါပလန္႔ခ်စ္သူေလးေတြရဲ႕ ဘက္ဂ်က္ေဆ့ျဖစ္တဲ့ အပင္ေလးလို႔လည္း ဆိုၾကပါတယ္။

(၈) Philodendron Pink Princess (ဖီလိုဒန္ဒြန္ ပင့္ခ္ ပရင့္ဆက္)

ဒီအပင္ေလးကေတာ့ အစိမ္းရင့္ေရာင္ကေန အနက္ေရာင္ထိျဖစ္ေနတဲ့ အ႐ြက္ေလးေတြနဲ႔ ပန္းေရာင္ဘက္ကို ဗယ္ရီဂိတ္တက္ျဖစ္ေနတဲ့ အပင္ေလးပဲျဖစ္ပါတယ္။ အပင္စုေဆာင္းသူေတြၾကားမွာ နာမည္ႀကီးတဲ့ အပင္ျဖစ္ၿပီးေတာ့ ၂ ႐ြက္ကေန ၅ ႐ြက္ထိပါတဲ့ အပင္တစ္ပင္ကို ေဒၚလာ ၁၀၀ ကေန ၃၀၀ ၾကား တန္ေၾကး႐ွိပါတယ္။ အပင္က ဒီထက္ပိုႀကီးမယ္၊ ပိုၿပီး ဗယ္ရီဂိတ္တက္ျဖစ္ေနမယ္ ဆိုရင္ေတာ့ ေဒၚလာ ၁၀၀၀ ထက္ေတာင္ ပိုႏိုင္ပါတယ္တဲ့။

(၉) Philodendron Tortum ( ဖီလိုဒန္ဒြန္ ေတာ္တမ္)

၆ လက္မအ႐ြယ္အစား႐ွိ အိုးေလးနဲ႔ထည့္ထားတဲ့ အလတ္စားဆိုဒ္ ဒီအပင္တစ္ပင္ရဲ႕တန္ဖိုးကေတာ့ ေဒၚလာ ၄၀၀ ဝန္းက်င္႐ွိပါတယ္။ ဒီအပင္ဘာလို႔ေဈးႀကီးလည္းဆိုရင္ေတာ့ တျခားအပင္ေတြနဲ႔ မတူကြဲျပားတဲ့အျပင္ ျပဳစုေစာင့္ေ႐ွာက္မႈ အေတာ္လိုအပ္တာေၾကာင့္လို႔လည္းဆိုပါတယ္။ ဥပမာေျပာရရင္ ဒီေတာ္တမ္ပင္ေလးက စိုထိုင္းဆ ျမင့္မားတဲ့ ေနရာမွာဆို ေကာင္းေကာင္း႐ွင္သန္ႀကီးထြားႏိုင္တာျဖစ္လို႔ အ႐ြက္ေတြျဖန္႔က်က္ဖို႔ ေနရာလည္းအေတာ္လိုပါတယ္တဲ့။

(၁၀) Monstera Esqueleto (မြန္စတီရာ အက္စ္ကြီလီတို)

အေသးစား မြန္စတီရာ အက္စ္ကြီလီတိုအပင္ေလးေတြဟာဆိုရင္ ႐ွားပါးအပင္ဆိုင္ေတြမွာပဲ ေတြ႕ရေလ့႐ွိၿပီး ေဒၚလာ ၅၀၀ ခန္႔အထိ ေပါက္ပါတယ္။ ဒီအပင္ေလးဟာဆိုရင္ အႀကီးစား သာမန္ monstera Adansonii မ်ိဳးေတြနဲ႔ သြားဆင္တူၿပီး အဝယ္လိုက္တဲ့ အပင္ေလးပါတဲ့႐ွင္။ ဒီ အက္စ္ကြီလီတို အပင္ေလးသာ အျပည့္အဝ ႀကီးထြားမယ္ဆိုရင္ အ႐ြက္ေလးေတြက ၃ ေပေလာက္ထိကို႐ွည္ပါတယ္။

ကဲ ၁၀ မ်ိဳးလည္းျပည့္သြားၿပီဆိုေတာ့ အစိမ္းေရာင္လမ္းစာဖတ္သူတို႔ကေရာ ဘယ္ပင္ေလးေတြ ျမင္ဖူးထားပါလိမ့္။

ေအာ္ ေမ့ေတာ့မလို႔ အခုခ်ိန္ ၁ ေဒၚလာကို ၂၁၀၀ ေက်ာ္ ဝန္းက်င္႐ွိတာမို႔ ျမန္မာေငြနဲ႔တန္ဖိုးကိုသိခ်င္ရင္ ေျမႇာက္ၾကည့္ဖို႔ မေမ့နဲ႔ဦးေနာ္....

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar

Ref:  soltech

Credit to Photo

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
mya-villa
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service