နံရံကြွေပြားကပ်ခြင်းအကြောင်း သိကောင်းစရာ

နံရံကြွေပြားကပ်ခြင်းအကြောင်း သိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
30 Sep 2022 11:16 am တွင် တင်ခဲ့သည်
255 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ (iMyanmarHouse.com)

[Unicode]

နံရံကြွေပြားကပ်တဲ့အခါ Archi Supervisor တစ်ယောက်အနေနဲ့ စစ်ဆေးရမဲ့အချက်(၄)ချက်..

(1) ကြိုတင်ပြင်ဆင်ခြင်း (Preparing)

(2) အောက်ခံ plaster ကြမ်းချောလုပ်ခြင်း (Laying of mortar rendering)

(3) နံရံကြွေပြားကပ်ခြင်း (Laying of wall tiles)

(4) လုပ်ငန်းအရည်အသွေး (Workmanship)

 

(1) ကြိုတင်ပြင်ဆင်ခြင်း (Preparing)

- ကြွေပြားကပ်မဲ့ နံရံ(wall)တွေဟာ RC wall ဆိုရင် wall-plug hole တွေကို non-shrink grout cement နဲ့ ဖာထေးရပါမယ်။

- နံရံ(background) ဟာ ဖုန်မှုန့်၊ သဲမှုန့်တွေ ကင်းစင်နေရပါမယ်။

- နံရံကို စိုထိုင်းဆွတ်စိုစေရပါမယ်။

 

(2) အောက်ခံ Plaster ကြမ်းချောလုပ်ခြင်း (Laying of mortar rendering)

- ပိုင်ရှင်(owner), ကန်ထရိုက်တာ(contractor) နှင့် အင်ဂျင်နီယာ(Architect)တို့မှ အတည်ပြုထားတဲ့ ဘိလပ်မြေ (approved mortar cement) ဖြစ်ရပါမယ်။

- အင်္ဂတေ(Mortar) ပျော်စပ်တဲ့အခါ လက်ဖျော်မရပါဘူး ဘိလပ်မြေဖျော်စက်(Mixer) အသုံးပြုရပါမယ်။

- အင်္ဂတေ(Mortar) ရဲ့ ရေ၊ ဘိလပ်မြေ အချိုး(water cement ratio)မှန်ဖို့အတွက် စံအတိုင်းအတာ(water measuring gauge) အသုံးပြုရပါမယ်။

- ပလာစတာ(Plaster)ချောဖို့အတွက် control level pad လုပ်ရပါမယ်။

- Mortar plaster ရဲ့အထူဟာ 10 mm ထက်မကျော်ရပါဘူး။ ကျော်သွားရင် နံရံကြွေပြားရဲ့ Level နဲ့ တံခါးကြည်းခွေတပ်ရာမှာ(window frame level) မှာ ပြဿနာဖြစ်တတ်ပါတယ်။

 

(3) နံရံကြွေပြားကပ်ခြင်း (Laying of wall tiles)

- ကြွေပြားမကပ်မှီ ကြမ်းချောလုပ်ထားတဲ့ ပလာစတာ(plaster) ကို (setting time) ၁၂ နာရီထက် မနည်းစောင့်ရပါမယ်။

- စေးကပ်မှုကောင်းသော အတည်ပြုပြီးသား ကြွေပြားကပ်ဘိလပ်မြေ(tiling cement)ကို အသုံးပြုရပါမယ်။

- ကြွေပြားကပ်ဘိလပ်မြေ(tiling cement)ကို 2 mm အထူးလောက် ညီညာအောင်လုပ်ပြီး 1 m sq ထက်မကျော်အောင် applied လုပ်ပြီးကပ်ရပါမယ်။

- ကြွေပြားကပ်အင်္ဂတေကို(tiling mortar) လက်ဖြင့် မဖျော်ရပါဘူး။ အင်္ဂတေဖျော်စက်(mechanical mixer) အသုံးပြုပြီးဖျော်စပ်ရပါမယ်။

- ကြွေပြားကပ်တဲ့အခါ အဆက်နေရာများကို (Tile spacers) များဖြင့်လုပ်ပေးထားရပါမယ်။

- ကြွေပြားကပ်မဲ့အခန်းတွေမှာ လုံလောက်တဲ့မီးအလင်းရောင်တွေ လုပ်ပေးရပါမယ်။

- သင်တန်းဆင်းလက်မှတ်ရှိပြီးသား နားလည်ပြီး ကျွမ်းကျင်ကြွေပြားသမားဖြစ်ရပါမယ်။

 

(4) Workmanship (လက်ရာအရည်အသွေး)

- ကပ်ပြီးသား နံရံကြွေပြား အစွန်းနေရာတွေဟာ ချွန်ထက်(sharp) မနေရပါဘူး။

- ကြွေပြားရဲ့မျက်နှာပြင်တွေ ချောမွတ်နေရပါမယ်။

- ကြွေပြားရဲ့အောက်မှာ hollow ဖြစ်မနေရပါဘူး Checker rod နဲ့ စစ်ဆေးတဲ့အခါ ခေါင်းပွသံဖြစ်ပေါ်မနေရပါဘူး။

- ဖြတ်တောက်ထားသည့် နေရာတွေမှာ သေသေသပ်သပ်ဖြစ်နေရပါမယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Naing Soe

 

 

 

[Zawgyi]

 







 





 


 






 









 









 

Credit: Naing Soe

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သွေးပေါင်ချိန်တက်ခြင်းအား ဆေးဝါးမပါဘဲ ထိန်းချုပ်ရန် နည်းလမ်း ၁၀ ခု - အပိုင်း (၂)
သွေးပေါင်ချိန်တက်ခြင်းအား ဆေးဝါးမပါဘဲ ထိန်းချုပ်ရန် နည်းလမ်း ၁၀ ခု - အပိုင်း (၂)
လွမ်းလှပါသည် အလှပေါင်းစုံတဲ့ ခရီးသွားရာသီ
လွမ်းလှပါသည် အလှပေါင်းစုံတဲ့ ခရီးသွားရာသီ
သွေးပေါင်ချိန်တက်ခြင်းအား ဆေးဝါးမပါဘဲ ထိန်းချုပ်ရန် နည်းလမ်း ၁၀ ခု - အပိုင်း (၁)
သွေးပေါင်ချိန်တက်ခြင်းအား ဆေးဝါးမပါဘဲ ထိန်းချုပ်ရန် နည်းလမ်း ၁၀ ခု - အပိုင်း (၁)
အိမ်ရှင်အိမ်ငှား သူ့ဘက်ကိုယ့်ဘက် ထည့်စဉ်းစား
အိမ်ရှင်အိမ်ငှား သူ့ဘက်ကိုယ့်ဘက် ထည့်စဉ်းစား
သန့်ရှင်းကျန်းမာတဲ့ အိမ်ကလေးတစ်လုံး ဖြစ်ဖို့အတွက်...
သန့်ရှင်းကျန်းမာတဲ့ အိမ်ကလေးတစ်လုံး ဖြစ်ဖို့အတွက်...
ကျောက်ကျောရည် ကြိုက်သူတွေအတွက် သတင်းကောင်း
ကျောက်ကျောရည် ကြိုက်သူတွေအတွက် သတင်းကောင်း
စနစ်တကျနဲ့ လက်တွေ့အသုံးပြုရတာအဆင်ပြေစေမယ့် Entrance Cabinet Ideas
စနစ်တကျနဲ့ လက်တွေ့အသုံးပြုရတာအဆင်ပြေစေမယ့် Entrance Cabinet Ideas
အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရတဲ့ အင်္ဂါအစိတ်အပိုင်းများ.....
အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရတဲ့ အင်္ဂါအစိတ်အပိုင်းများ.....
ကွန်ဒိုအိမ်ခန်းပိုင်ဆိုင်သူ၏ လိုက်နာရမည့် တာဝန်များဖော်ပြခြင်း......
ကွန်ဒိုအိမ်ခန်းပိုင်ဆိုင်သူ၏ လိုက်နာရမည့် တာဝန်များဖော်ပြခြင်း......
" သမိုင်းကြောင်းနဲ့ဖြစ်တည်လာ တို့ဘိုးဘွားအိမ်ပါ ”
" သမိုင်းကြောင်းနဲ့ဖြစ်တည်လာ တို့ဘိုးဘွားအိမ်ပါ ”

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Amazon တည်ထောင်သူ Jeff Bezos က သူ၏ကြွယ်ဝမှု ကန်ဒေါ်လာ ၁၂၄ ဘီလီယံကို လှူဒါ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Amazon တည်ထောင်သူ Jeff Bezos က သူ၏ကြွယ်ဝမှု ကန်ဒေါ်လာ ၁၂၄ ဘီလီယံကို လှူဒါ
Ghost ရုပ်ရှင်ကားဖြင့်ကမ္ဘာကျော်သူ ပက်ထရစ်ဆွေဇီ၏ မွေးမြူရေးခြံကြီး ပရိသတ်များ တောင်းပန်သည့်ကြားမှ ဇနီးဖြစ်သူက ရောင်းချခဲ
Ghost ရုပ်ရှင်ကားဖြင့်ကမ္ဘာကျော်သူ ပက်ထရစ်ဆွေဇီ၏ မွေးမြူရေးခြံကြီး ပရိသတ်များ တောင်းပန်သည့်ကြားမှ ဇနီးဖြစ်သူက ရောင်းချခဲ
နာမည်ကြီး ထိုင်းမင်းသား Win Metawin ၏ စံအိမ်
နာမည်ကြီး ထိုင်းမင်းသား Win Metawin ၏ စံအိမ်
ရက်လွန်သွားတဲ့ ပစ္စည်းတွေကို လွှင့်ပစ်မယ့်အစား ပြန်အသုံးပြုနိုင်မယ့်နည်းလမ်းများ ...
ရက်လွန်သွားတဲ့ ပစ္စည်းတွေကို လွှင့်ပစ်မယ့်အစား ပြန်အသုံးပြုနိုင်မယ့်နည်းလမ်းများ ...
TikTok ၏ CEO က စင်္ကာပူတွင် ဒေါ်လာ ၈၆ သန်းတန် စံအိမ်တစ်လုံး ဝယ်ယူ
TikTok ၏ CEO က စင်္ကာပူတွင် ဒေါ်လာ ၈၆ သန်းတန် စံအိမ်တစ်လုံး ဝယ်ယူ
နေအိမ် ၅ လုံး၊ မိန်းမ ၄ ယောက်နဲ့ ကုမ္ပဏီ ၂ ခုပိုင်တဲ့ နိုင်ဂျီးရီးယားက သူတောင်းစား
နေအိမ် ၅ လုံး၊ မိန်းမ ၄ ယောက်နဲ့ ကုမ္ပဏီ ၂ ခုပိုင်တဲ့ နိုင်ဂျီးရီးယားက သူတောင်းစား
အမျိုးသမီးများ နနွင်းစားသုံးသင့်သည့် အကြောင်းရင်း (၇) ခု
အမျိုးသမီးများ နနွင်းစားသုံးသင့်သည့် အကြောင်းရင်း (၇) ခု
တရုတ်ပြည်က လူသူကင်းမဲ့သော ကမ္ဘာ့အကြီးမားဆုံး စွန့်ပစ်ခံ ဈေးဝယ်စင်တာကြီး
တရုတ်ပြည်က လူသူကင်းမဲ့သော ကမ္ဘာ့အကြီးမားဆုံး စွန့်ပစ်ခံ ဈေးဝယ်စင်တာကြီး
ဘတ်စ်ကားတစ်စီး ပြန်ပေးဆွဲမှုဖြင့်အဖမ်းခံရဖူးသူ Britain's Got Talent ဒိုင်လူကြီး Simon Cowell ၏ စံအိမ်များ ....
ဘတ်စ်ကားတစ်စီး ပြန်ပေးဆွဲမှုဖြင့်အဖမ်းခံရဖူးသူ Britain's Got Talent ဒိုင်လူကြီး Simon Cowell ၏ စံအိမ်များ ....
တရုတ်ပြည်တွင် မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၃ နှစ်၊ဒဏ်ငွေယွမ် သန်း ၆၀၀ (ဒေါ်လာ ၈၃ သန်း ) ချမှတ်ခံရသော နာမည်ကြီး ပေါ့ပ်ကြယ်ပွ
တရုတ်ပြည်တွင် မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၃ နှစ်၊ဒဏ်ငွေယွမ် သန်း ၆၀၀ (ဒေါ်လာ ၈၃ သန်း ) ချမှတ်ခံရသော နာမည်ကြီး ပေါ့ပ်ကြယ်ပွ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

taunggyi-gardencity
billionaire

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store