လှေဦးတိုက် လှည်းဦးတိုက်အိမ် နို့ညှပ်အိမ်တွေ မကြောက်ကြနဲ့

လှေဦးတိုက် လှည်းဦးတိုက်အိမ် နို့ညှပ်အိမ်တွေ မကြောက်ကြနဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
29 Sep 2022 12:20 pm တွင် တင်ခဲ့သည်
2598 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

မြန်မာ့ရိုးရာယဉ်ကျေးမှုမှာ ယုံကြည်မှုတွေ တော်တော်များများရှိနေကြတဲ့ အထဲက လှေဦးတိုက် လှည်းဦးတိုက်ကိစ္စဟာလည်း အတော်လေးအရေးပါ အရာရောက်တဲ့ကိစ္စတစ်ခု ဖြစ်နေတယ်။ လှေဦးတိုက် လှည်းဦးတိုက်ဆိုတာက ရှေးပဝေသနီကာလတွေက ပြောခဲ့ကြတာ။ ဒီခေတ်မှာတော့ လှေတွေလှည်းတွေနဲ့ သိပ်မသွားကြတော့ဘူး။ ရထားတွေ၊ လေယာဉ်ပျံတွေ၊ ကားတွေနဲ့ပါ သွားလာနေကြပြီ။

ရထားလမ်းထိပ်၊ လေယာဉ်ပြေးလမ်းထိပ် တွေမှာတော့ အိမ်ဆောက်လို့မရလို့ စကားထဲထည့် မပြောတော့ပါဘူး။ ဒီခေတ်စကားနဲ့ပြောရရင် ‘ကား’ ဦးတိုက်အိမ်ကို ဆိုလိုတာ။ ရှေးကတော့ လှည်းလမ်း ကြောင်း အဆုံးကျတဲ့အိမ်၊ အိမ်ရှေ့မှာ အများသုံး လမ်းရှိနေတဲ့အိမ်။ ပြီးတော့ လှေတွေရပ်တဲ့နေရာနဲ့ ‘လှေဆိပ်’ နဲ့တည့်တည့် အိမ်တွေကို လှေဦးတိုက် လှည်းဦးတိုက် အိမ်လို့ ခေါ်ကြတယ်။ ကားလမ်းကို အဆုံးသတ်ထားတဲ့နေရာ၊ အိမ်ရှေ့မှာ ကိုယ့်အိမ်တည့်တည့်ကို ကားလမ်ကြီးထိုးနေတဲ့နေရာကို ကားဦးတိုက် ခေါ်မှာပေါ့။

အဲသလို ခရီးသွားယာဉ်တွေရှိတဲ့ လမ်းဟာ ကိုယ့်အိမ်ကိုတည့်တည့်ကြီး လာထိုးမနေရဘူး။ အဲဒါကို လှေဦးတိုက် လှည်းဦးတိုက်အိမ်လို့ ခေါ်ကြတယ်။ အဲဒီလို အိမ်မျိုးမှာ နေထိုင်မိကြသူများဟာ စီးပွားလျောတတ်ကြတယ်။ ကျန်းမာရေးထိခိုက်ကြတယ်လို့ အယုံအကြည်ရှိခဲ့ကြတယ်။ ဖြစ်သလောက်လည်း ဖြစ်ခဲ့ကြတာဆိုတော့ ဒါကို မယုံကြည်လို့မဖြစ်ပြန်ဘူး။ တချို့ဆို အဲသလိုအိမ်မျိုးရောက်မှ မွဲပြာကျသွား ကြတာ။ အဲ့သလို အိမ်မျိုးရောက်မှ မိသားစုထဲက တစ်ဦးဦး ဆုံးပါးသွားကြတာ။ ဒါမှမဟုတ် အိမ်သားထဲမှာ တစ်ယောက်ပြီးတစ်ယောက် နေထိုင်မကောင်း ဆက်တိုက်ဖြစ်ကြတာ။ ဒါမျိုးတွေ ကြုံကြရတော့ အိမ်ဝယ်မယ်၊ အိမ်ငှားမယ်ဆိုရင် “ဟဲ့ …လှေဦးတိုက်လှည်းဦးတိုက်အိမ်ကို မဝယ်နဲ့နော် …၊ မငှား နဲ့နော် …” ဆိုပြီး လူကြီး သူမများက သတိပေးကြတယ်။

ဟုတ်ပါပြီ။ အဲ့သလို တကယ်လို့များ မလွှဲသာမရှောင်သာ ဖြစ်လာခဲ့ရင် ဘယ့်နှယ်လုပ်ပါ့မလဲ။ ဥပမာ – ကိုယ်က အဲဒီအိမ်ကလေးကို ကြိုက်နေပြီ၊ ကိုယ်ဝယ်နိုင်တဲ့ဈေးနှုန်းနဲ့လည်း ကိုက်နေပြီ။ (အိမ်ငှားဆိုလည်း ဒီသဘောပေါ့။ ငှားနိုင်တဲ့ဈေးသင့်တင့် တဲ့အိမ် ဖြစ်နေပြီ ဆိုပါတော့။) ဘယ်လိုလုပ်ကြမလဲ။ ရှေးလူကြီးတွေ စကားဆိုတော့လည်း အကြောင်းမဲ့ ပယ်လှန်လို့မရဘူး၊ မပယ်ကောင်းဘူး။ ဘာလုပ်ကြမလဲ။ အဲ့သလိုမှ မဟုတ်ဘဲ အမှတ်တမဲ့ဝယ်လိုက်မိတာ။ သတိမထားမိဘဲ ငှားလိုက်မိတာ။ ခုတော့ အိမ်က လှေဦးတိုက် လှည်းဦးတိုက်ကြီး ဖြစ်နေတယ်။ ဒုက္ခပဲလို့ စိုးရိမ်မိကြလိမ့်မယ်။ တကယ်တော့ ပြဿနာတစ်ခုဖြစ်လာရင် အဲဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ အချက်အလက်ဆိုတာရှိတယ်။ ရိုးရာယတြာနည်း တွေ ရှိတယ်။ လွယ်လည်းလွယ်တယ်။ လှေဦးတိုက် လှည်းဦးတိုက်အိမ်ဆိုတာ တကယ်တော့ ငွေရှာတတ်ရင် များများဝင်နိုင်တဲ့နေရာပဲ။

အဲ့သလိုနေရာမျိုးမှာ ဈေးဆိုင်တည်ရတယ်။ လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ စားသောက် ဆိုင်၊ ကုန်စုံဆိုင် အဆင်သင့်ရာ ဈေးဆိုင်တစ်ဆိုင် ကောက်တည်လိုက်ရင် အားလုံးအဆင်ပြေသွားမယ်။ ခုနစ်ရက်သားသမီးတွေ ဝင်ထွက်သွားလာရာ နေရာဖြစ်တဲ့အတွက် ခိုက်နေတာတွေ ပြေပျောက်သွားပြီး စီးပွားတောင် တက်လာနိုင်တယ်။ လှေဦးတိုက်လှည်း ဦးတိုက်အိမ်မှာနေမိရင် ဆိုင်တစ်ဆိုင်တည်ဖြစ်အောင် ကြိုးစားရမယ်။ ဗြူတီပါလာလို အလှပြင်ဆိုင် ထောင်ရင်လည်းရတယ်။ နောက်ဆုံး ဘိန်းမုန့်ဖုတ် ရောင်းရောင်း၊ အသုပ်ဆိုင်ပဲဖွင့်ဖွင့် လူအများဝင်ထွက်သွားလာတဲ့ နေရာဖြစ်ရင်ပြီးရော။

တကယ်လို့ ဆိုင်တည်ဖို့ အခက်အခဲများရှိတယ်ဆိုရင် ဘာမှပြောမနေနဲ့ ကျားရုပ်ခပ်ကြီးကြီး တစ်ရုပ်ကို အိမ်ရှေ့တံခါးပေါက်မှာ ကပ်ထားလိုက် ရင်ရတယ်။ ဒီခေတ် ကျားကြီး ပါးစပ်ဖြဲထားတဲ့ ပိုစတာတွေ တစ်ပုံကြီးပဲ။ ကျားရုပ်ဖြစ်ရင် ပြီးရော။ စက္ကူရုပ်ကျားလည်း ရတာပဲ။ မရတဲ့အဆုံး ကလေး တွေ ကစားတဲ့ စက္ကူကျားရုပ်လေးရှာပြီး အဝင်အဝထွက်ပေါက်မှာ ချိတ်ဆွဲထားလိုက်ရင် ယတြာဖြစ်သွားမယ်။ ဘုရားဝတ်ပြုတာ ဝါသနာပါတဲ့လူဆိုရင် ပရိတ်၊ ပဌာန်း ရွတ်ဖတ်ပူဇော်ပေးရမယ်။ မေတ္တသုတ်ရွတ်တာ အကောင်းဆုံးပါပဲ။

မေတ္တသုတ်ရွတ် ဆိုပူဇော်ထားတဲ့ ရေဖလားလေးထဲက ရေကိုအိမ် ရှေ့မှာပက်ဖျန်းပေးရင်လည်း အကာအကွယ်ဖြစ်ပါတယ်။ အညံ့တွေလည်း ပြေပျောက်သွားစေပါတယ်။ နောက်တစ်နည်းကတော့ တရုတ်လူမျိုးတွေ အများဆုံး အန္တရာယ်ကာကွယ်တဲ့နည်းပေါ့။ ကြည့်မှန်အဝိုင်း လေးပဲဖြစ်ဖြစ်၊ လေးထောင့်မှန်လေးပဲဖြစ်ဖြစ် မှန် သေးသေးတစ်ချပ်ကို အိမ်ရှေ့မျက်နှာစာ နံရံခပ်မြင့် မြင့်မှာ ကပ်ပေးထားလိုက်ရင် အဆိုးအညံ့တွေ ပျောက်သွားပါလိမ့်မယ်။ ခုလောက်ဆိုရင် လှေဦးတိုက် လှည်းဦးတိုက် ယတြာသဘောလေး တီးမိ ခေါက်မိပြီ ထင်ပါရဲ့။

အဲ့သလိုယတြာတွေ ပြုပေးပြီးရင်လည်း တို့အိမ်မှာ အဆိုးအညံ့တွေ ပျောက်ကင်းသွားပြီ၊ ကောင်းတာတွေ ရောက်လာတော့မယ်၊ အဲ့သလို ယုံကြည်ရမယ်။ ဒီလောက်နဲ့ ဟုတ်ပါ့မလား၊ လုံလောက်ပါ့မလားတွေ လျှောက်မတွေးနေနဲ့။ ဥပါဒါန် စွဲလမ်းတဲ့အတွေးတွေ ဖျောက်ပစ်လိုက်။ နောက်တစ်မျိုးပြောမယ်။ နို့ညှပ်ကိစ္စ။ နို့ညှပ်ဆိုတာ ကိုယ်နေတဲ့အိမ်ရဲ့ ခေါင်းရင်းဘက်နဲ့ ခြေရင်းဘက်မှာ အမျိုးတွေညှပ်ပြီးနေတာကို ဆိုလိုတာပါ။ ခေါင်းရင်းက အစ်မအိမ်၊ ခြေရင်းက မောင်ရဲ့အိမ်။ အစ်ကိုအိမ်က ခေါင်းရင်းမှာ။ သူ့ရဲ့ညီက ခြေရင်းအိမ်ဖြစ်နေပြီး ကိုယ်က အလယ်ကောင်ကအိမ် ဖြစ်နေရင် အဲဒါမျိုုးကို နို့ညှပ်အိမ်လို့ခေါ်တာ။ ဆွေမျိုးနှစ်ယောက်ရဲ့ အိမ်တွေကြား ရောက်နေတဲ့အိမ်ကိုဆိုလိုတာ။ နို့ညှပ်အိမ်လည်း ဒီလိုပဲ။ အခန့်မသင့်ရင် စီးပွားကျနိုင်တယ်။ အိမ်သူအိမ်သားတွေ ကျန်းမာရေးထိခိုက်နိုင်တယ်။ အဲ့သလိုအိမ်မျိုးမှာ အမှတ်တမဲ့ သွားနေမိတတ်တာမျိုး ရှိတယ်။ တခြားသူမပြောနဲ့ လင်းရောင်တင်တောင်မှ အဲသလိုအိမ်မျိုးကို ခြောက်မိုင်ခွဲ မာလာကာခြံမှာ နေဖူးခဲ့တယ်။ အမှတ်တမဲ့ ဖြစ်သွားတာပေါ့။

အဲ့ဒီမှာ စီးပွားရေးထိခိုက်လာတယ်။ ကျန်းမာရေးလည်း ကိုယ်ကစပြီး ထိလိုက်လာတယ်။ ညနေတိုင်း ဖျားဖျားနေလို့ မနည်းဆေးကုယူရတယ်။ တခြား ပြဿနာတွေလည်း တစ်ပုံတစ်ပင်ကြီးတက်လာတယ်။ ခေါင်းရင်းအိမ်က မောင်အိမ်။ ခြေရင်းအိမ်က အစ်မအိမ်။ မောင်နှမနှစ်ယောက်ကြား ဗျာများရတယ်ဆိုတာမျိုးပေါ့။ အဲ့ဒီမှာနေတုန်း ပြဿနာ ပေါင်းစုံ ကြုံခဲ့ရသလို ရယ်လည်းရယ်ရတယ်။ ညဘက် ညဘက်တွေကျရင် ခေါင်းရင်းဘက်က မောင် လုပ်တဲ့သူက အသံအကျယ်ကြီးနဲ့ ယောင်ပြီး စကားပြောတတ်တယ်။ အဲသလိုပဲ။ ခြေရင်းအိမ်က သူ့ အစ်မကလည်း ညဘက်အိပ်နေရင်း ယောင်ယောင်ပြီး စကားပြောတတ်တယ်။ တစ်ခါတလေများ မသိရင် မောင်နှမနှစ်ယောက် အပြန်အလှန်အချီအချ စကားပြောနေကြသလားတောင် ထင်ရတတ်တယ်။

“ဘာဖြစ်လို့ လက်ထဲမှာ အကြာကြီးကိုင်ထားရတာလဲ …၊ စားစရာရှိလည်းစား၊ ချစရာရှိလည်း ချ၊ အလကား အချိန်ကုန်တယ် …” မောင်လုပ်တဲ့သူက အရက်လေးတမြမြနဲ့ ဖဲရိုက်ရာက ပြောခဲ့တဲ့စကားတွေ စိတ်စွဲပြီး ပြန်ယောင်တာ။ မောင်က အဲ့သလိုယောင်ပြီး မကြာခင် မှာ အစ်မက အခုလိုပြန်ပြီးယောင်တယ်။ “ဟေ့ …ဒါကတော့ ငါ့သဘောပဲ၊ ငါလုပ်ချင်ရင်လုပ်မယ်၊ မလုပ်ချင်နေမယ်၊ နင်တို့ဘာမှ ပြောနေစရာမလိုဘူး …” ကဲ ကြည့် …ဘယ်လောက်ရယ်စရာ ကောင်းလဲ။ ကိုယ်ကတော့ သူတို့မောင်နှမတွေ ညဘက် ညဘက် အချီအချ တစ်ယောက်တစ်လဲစီ ယောင်နေကြလို့ အိပ်ရေးပျက်တယ်လို့ မထင်မိပါဘူး။

ရယ်ရလို့ ပျော်စရာတောင်ကောင်းသေးတယ်။ မနက်မနက်ကျရင် အဲဒီအကြောင်းတွေ သူတို့မောင် နှမတွေကို ပြန်ပြန်ပြောပြပြီး ရယ်ရတာ ပျော်စရာ ကောင်းတယ်။ သူတို့လည်း ရယ်ကြမောကြရင်းနဲ့ အဲဒီမှာနေရတာ ပျော်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ကိစ္စ၊ စီးပွားရေးကိစ္စကျတော့ တယ်မဟန်ဘူး။ သေမတတ် ကျေမတတ်တောင် ဖြစ်ခဲ့ရတယ်။ တစ်နေ့ တော့ ဒီကိစ္စကို အဘချစ်ဆိုတဲ့ ဦးခင်မောင်ချစ်ကို ပြောပြတိုင်ပင်မိတယ်။ သူက အသက်ရှစ်ဆယ် ကျော် ရှေ့မီနောက်မီ အဘိုးကြီး။ စာပေလည်း နှံ့စပ်တယ်။ ဝိဇ္ဇာကိစ္စတွေလည်း အများကြီးသိတယ်။ ဆုံးသွားတဲ့ ဆရာကြီးသုတေသီမြင့်ထွန်း ဆိုရင် သူ့ကို သိပ်လေးစားတာ။

“အဘချစ်က မသိတာမရှိဘူး၊ အရမ်းနှံ့စပ် တာဗျ …” လို့ ပြောဖူးတယ်။ ဟုတ်တယ်။ ကိုယ် ကမေးတော့ အဘချစ်က ချက်ချင်းပဲ – “နို့ညှပ်ကိစ္စများ လွယ်ပါတယ် …စာရေး ဆရာရယ် …၊ ယတြာလုပ်လိုက်ပေါ့၊ အလွယ်လေး၊ မွေးညှပ်လေးနှစ်ခုကို ဈေးမှာဝယ်လိုက်၊ မုတ် ဆိတ်မွေးနှုတ်တဲ့ မွေးညှပ်ကိုပြောတာ …၊ အဲဒီ မွေးညှပ်လေးတွေကို ခေါင်းရင်းမှာတစ်ခု၊ ခြေရင်းမှာ တစ်ခု ထိုးထားလိုက် …၊ အားလုံးအဆင်ပြေသွားလိမ့်မယ် …၊ မြန်မြန်သာလုပ်လိုက် …” အဲသလို ပြောလို့ သူပြောတဲ့အတိုင်း အမြန် ဝယ်လိုက်ပြီး အိမ်ခေါင်းရင်းမှာတစ်ခု၊ အိမ်ခြေရင်း ဘက်မှာတစ်ခု ထိုးထားလိုက်တာတကယ်ပဲ အညံ့ တွေပျောက်သွားရော။ ကျန်းမာရေးကောင်းလာပြီး စီးပွားရေးလည်း ပြန်တက်လာရော။ ခုလောက်ဆိုရင် သဘောပေါက်ပါပြီနော် …။ လှေဦးတိုက် လှည်းဦးတိုက်လည်း မကြောက်နဲ့။ နို့ညှပ်အိမ်လည်း မကြောက်နဲ့။ ယတြာလွယ်လွယ်လေးပါ။ ယတြာကောင်းနဲ့ ပြောင်းလဲတိုးတက်ကြပါစေ……။

ဇေယျတု သဗ္ဗမင်္ဂလံ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: လင်းရောင်တင် (manawmayajournal)

 

 

[Zawgyi]

ေလွဦးတိုက္ လွည္းဦးတိုက္အိမ္ ႏို႔ညႇပ္အိမ္ေတြ မေၾကာက္ၾကနဲ႔

 

 ျမန္မာ့႐ိုးရာယဥ္ေက်းမႈမွာ ယုံၾကည္မႈေတြ ေတာ္ေတာ္မ်ားမ်ား႐ွိေနၾကတဲ့ အထဲက ေလွဦးတိုက္ လွည္းဦးတိုက္ကိစၥဟာလည္း အေတာ္ေလးအေရးပါ အရာေရာက္တဲ့ကိစၥတစ္ခု ျဖစ္ေနတယ္။ ေလွဦးတိုက္ လွည္းဦးတိုက္ဆိုတာက ေ႐ွးပေဝသနီကာလေတြက ေျပာခဲ့ၾကတာ။ ဒီေခတ္မွာေတာ့ ေလွေတြလွည္းေတြနဲ႔ သိပ္မသြားၾကေတာ့ဘူး။ ရထားေတြ၊ ေလယာဥ္ပ်ံေတြ၊ ကားေတြနဲ႔ပါ သြားလာေနၾကၿပီ။

ရထားလမ္းထိပ္၊ ေလယာဥ္ေျပးလမ္းထိပ္ ေတြမွာေတာ့ အိမ္ေဆာက္လို႔မရလို႔ စကားထဲထည့္ မေျပာေတာ့ပါဘူး။ ဒီေခတ္စကားနဲ႔ေျပာရရင္ ‘ကား’ ဦးတိုက္အိမ္ကို ဆိုလိုတာ။ ေ႐ွးကေတာ့ လွည္းလမ္း ေၾကာင္း အဆုံးက်တဲ့အိမ္၊ အိမ္ေ႐ွ႕မွာ အမ်ားသုံး လမ္း႐ွိေနတဲ့အိမ္။ ၿပီးေတာ့ ေလွေတြရပ္တဲ့ေနရာနဲ႔ ‘ေလွဆိပ္’ နဲ႔တည့္တည့္ အိမ္ေတြကို ေလွဦးတိုက္ လွည္းဦးတိုက္ အိမ္လို႔ ေခၚၾကတယ္။ ကားလမ္းကို အဆုံးသတ္ထားတဲ့ေနရာ၊ အိမ္ေ႐ွ႕မွာ ကိုယ့္အိမ္တည့္တည့္ကို ကားလမ္ႀကီးထိုးေနတဲ့ေနရာကို ကားဦးတိုက္ ေခၚမွာေပါ့။

အဲသလို ခရီးသြားယာဥ္ေတြ႐ွိတဲ့ လမ္းဟာ ကိုယ့္အိမ္ကိုတည့္တည့္ႀကီး လာထိုးမေနရဘူး။ အဲဒါကို ေလွဦးတိုက္ လွည္းဦးတိုက္အိမ္လို႔ ေခၚၾကတယ္။ အဲဒီလို အိမ္မ်ိဳးမွာ ေနထိုင္မိၾကသူမ်ားဟာ စီးပြားေလ်ာတတ္ၾကတယ္။ က်န္းမာေရးထိခိုက္ၾကတယ္လို႔ အယုံအၾကည္႐ွိခဲ့ၾကတယ္။ ျဖစ္သေလာက္လည္း ျဖစ္ခဲ့ၾကတာဆိုေတာ့ ဒါကို မယုံၾကည္လို႔မျဖစ္ျပန္ဘူး။ တခ်ိဳ႕ဆို အဲသလိုအိမ္မ်ိဳးေရာက္မွ မြဲျပာက်သြား ၾကတာ။ အဲ့သလို အိမ္မ်ိဳးေရာက္မွ မိသားစုထဲက တစ္ဦးဦး ဆုံးပါးသြားၾကတာ။ ဒါမွမဟုတ္ အိမ္သားထဲမွာ တစ္ေယာက္ၿပီးတစ္ေယာက္ ေနထိုင္မေကာင္း ဆက္တိုက္ျဖစ္ၾကတာ။ ဒါမ်ိဳးေတြ ၾကဳံၾကရေတာ့ အိမ္ဝယ္မယ္၊ အိမ္ငွားမယ္ဆိုရင္ “ဟဲ့ …ေလွဦးတိုက္လွည္းဦးတိုက္အိမ္ကို မဝယ္နဲ႔ေနာ္ …၊ မငွား နဲ႔ေနာ္ …” ဆိုၿပီး လူႀကီး သူမမ်ားက သတိေပးၾကတယ္။

ဟုတ္ပါၿပီ။ အဲ့သလို တကယ္လို႔မ်ား မလႊဲသာမေ႐ွာင္သာ ျဖစ္လာခဲ့ရင္ ဘယ့္ႏွယ္လုပ္ပါ့မလဲ။ ဥပမာ – ကိုယ္က အဲဒီအိမ္ကေလးကို ႀကိဳက္ေနၿပီ၊ ကိုယ္ဝယ္ႏိုင္တဲ့ေဈးႏႈန္းနဲ႔လည္း ကိုက္ေနၿပီ။ (အိမ္ငွားဆိုလည္း ဒီသေဘာေပါ့။ ငွားႏိုင္တဲ့ေဈးသင့္တင့္ တဲ့အိမ္ ျဖစ္ေနၿပီ ဆိုပါေတာ့။) ဘယ္လိုလုပ္ၾကမလဲ။ ေ႐ွးလူႀကီးေတြ စကားဆိုေတာ့လည္း အေၾကာင္းမဲ့ ပယ္လွန္လို႔မရဘူး၊ မပယ္ေကာင္းဘူး။ ဘာလုပ္ၾကမလဲ။ အဲ့သလိုမွ မဟုတ္ဘဲ အမွတ္တမဲ့ဝယ္လိုက္မိတာ။ သတိမထားမိဘဲ ငွားလိုက္မိတာ။ ခုေတာ့ အိမ္က ေလွဦးတိုက္ လွည္းဦးတိုက္ႀကီး ျဖစ္ေနတယ္။ ဒုကၡပဲလို႔ စိုးရိမ္မိၾကလိမ့္မယ္။ တကယ္ေတာ့ ျပႆနာတစ္ခုျဖစ္လာရင္ အဲဒီျပႆနာကို ေျဖ႐ွင္းႏိုင္တဲ့ အခ်က္အလက္ဆိုတာ႐ွိတယ္။ ႐ိုးရာယၾတာနည္း ေတြ ႐ွိတယ္။ လြယ္လည္းလြယ္တယ္။ ေလွဦးတိုက္ လွည္းဦးတိုက္အိမ္ဆိုတာ တကယ္ေတာ့ ေငြ႐ွာတတ္ရင္ မ်ားမ်ားဝင္ႏိုင္တဲ့ေနရာပဲ။

အဲ့သလိုေနရာမ်ိဳးမွာ ေဈးဆိုင္တည္ရတယ္။ လက္ဖက္ရည္ဆိုင္၊ မုန္႔ဟင္းခါးဆိုင္၊ စားေသာက္ ဆိုင္၊ ကုန္စုံဆိုင္ အဆင္သင့္ရာ ေဈးဆိုင္တစ္ဆိုင္ ေကာက္တည္လိုက္ရင္ အားလုံးအဆင္ေျပသြားမယ္။ ခုနစ္ရက္သားသမီးေတြ ဝင္ထြက္သြားလာရာ ေနရာျဖစ္တဲ့အတြက္ ခိုက္ေနတာေတြ ေျပေပ်ာက္သြားၿပီး စီးပြားေတာင္ တက္လာႏိုင္တယ္။ ေလွဦးတိုက္လွည္း ဦးတိုက္အိမ္မွာေနမိရင္ ဆိုင္တစ္ဆိုင္တည္ျဖစ္ေအာင္ ႀကိဳးစားရမယ္။ ျဗဴတီပါလာလို အလွျပင္ဆိုင္ ေထာင္ရင္လည္းရတယ္။ ေနာက္ဆုံး ဘိန္းမုန္႔ဖုတ္ ေရာင္းေရာင္း၊ အသုပ္ဆိုင္ပဲဖြင့္ဖြင့္ လူအမ်ားဝင္ထြက္သြားလာတဲ့ ေနရာျဖစ္ရင္ၿပီးေရာ။

တကယ္လို႔ ဆိုင္တည္ဖို႔ အခက္အခဲမ်ား႐ွိတယ္ဆိုရင္ ဘာမွေျပာမေနနဲ႔ က်ား႐ုပ္ခပ္ႀကီးႀကီး တစ္႐ုပ္ကို အိမ္ေ႐ွ႕တံခါးေပါက္မွာ ကပ္ထားလိုက္ ရင္ရတယ္။ ဒီေခတ္ က်ားႀကီး ပါးစပ္ၿဖဲထားတဲ့ ပိုစတာေတြ တစ္ပုံႀကီးပဲ။ က်ား႐ုပ္ျဖစ္ရင္ ၿပီးေရာ။ စကၠဴ႐ုပ္က်ားလည္း ရတာပဲ။ မရတဲ့အဆုံး ကေလး ေတြ ကစားတဲ့ စကၠဴက်ား႐ုပ္ေလး႐ွာၿပီး အဝင္အဝထြက္ေပါက္မွာ ခ်ိတ္ဆြဲထားလိုက္ရင္ ယၾတာျဖစ္သြားမယ္။ ဘုရားဝတ္ျပဳတာ ဝါသနာပါတဲ့လူဆိုရင္ ပရိတ္၊ ပဌာန္း ႐ြတ္ဖတ္ပူေဇာ္ေပးရမယ္။ ေမတၱသုတ္႐ြတ္တာ အေကာင္းဆုံးပါပဲ။

ေမတၱသုတ္႐ြတ္ ဆိုပူေဇာ္ထားတဲ့ ေရဖလားေလးထဲက ေရကိုအိမ္ ေ႐ွ႕မွာပက္ဖ်န္းေပးရင္လည္း အကာအကြယ္ျဖစ္ပါတယ္။ အညံ့ေတြလည္း ေျပေပ်ာက္သြားေစပါတယ္။ ေနာက္တစ္နည္းကေတာ့ တ႐ုတ္လူမ်ိဳးေတြ အမ်ားဆုံး အႏၲရာယ္ကာကြယ္တဲ့နည္းေပါ့။ ၾကည့္မွန္အဝိုင္း ေလးပဲျဖစ္ျဖစ္၊ ေလးေထာင့္မွန္ေလးပဲျဖစ္ျဖစ္ မွန္ ေသးေသးတစ္ခ်ပ္ကို အိမ္ေ႐ွ႕မ်က္ႏွာစာ နံရံခပ္ျမင့္ ျမင့္မွာ ကပ္ေပးထားလိုက္ရင္ အဆိုးအညံ့ေတြ ေပ်ာက္သြားပါလိမ့္မယ္။ ခုေလာက္ဆိုရင္ ေလွဦးတိုက္ လွည္းဦးတိုက္ ယၾတာသေဘာေလး တီးမိ ေခါက္မိၿပီ ထင္ပါရဲ႕။

အဲ့သလိုယၾတာေတြ ျပဳေပးၿပီးရင္လည္း တို႔အိမ္မွာ အဆိုးအညံ့ေတြ ေပ်ာက္ကင္းသြားၿပီ၊ ေကာင္းတာေတြ ေရာက္လာေတာ့မယ္၊ အဲ့သလို ယုံၾကည္ရမယ္။ ဒီေလာက္နဲ႔ ဟုတ္ပါ့မလား၊ လုံေလာက္ပါ့မလားေတြ ေလွ်ာက္မေတြးေနနဲ႔။ ဥပါဒါန္ စြဲလမ္းတဲ့အေတြးေတြ ေဖ်ာက္ပစ္လိုက္။ ေနာက္တစ္မ်ိဳးေျပာမယ္။ ႏို႔ညႇပ္ကိစၥ။ ႏို႔ညႇပ္ဆိုတာ ကိုယ္ေနတဲ့အိမ္ရဲ႕ ေခါင္းရင္းဘက္နဲ႔ ေျခရင္းဘက္မွာ အမ်ိဳးေတြညႇပ္ၿပီးေနတာကို ဆိုလိုတာပါ။ ေခါင္းရင္းက အစ္မအိမ္၊ ေျခရင္းက ေမာင္ရဲ႕အိမ္။ အစ္ကိုအိမ္က ေခါင္းရင္းမွာ။ သူ႕ရဲ႕ညီက ေျခရင္းအိမ္ျဖစ္ေနၿပီး ကိုယ္က အလယ္ေကာင္ကအိမ္ ျဖစ္ေနရင္ အဲဒါမ်ိဳုးကို ႏို႔ညႇပ္အိမ္လို႔ေခၚတာ။ ေဆြမ်ိဳးႏွစ္ေယာက္ရဲ႕ အိမ္ေတြၾကား ေရာက္ေနတဲ့အိမ္ကိုဆိုလိုတာ။ ႏို႔ညႇပ္အိမ္လည္း ဒီလိုပဲ။ အခန္႔မသင့္ရင္ စီးပြားက်ႏိုင္တယ္။ အိမ္သူအိမ္သားေတြ က်န္းမာေရးထိခိုက္ႏိုင္တယ္။ အဲ့သလိုအိမ္မ်ိဳးမွာ အမွတ္တမဲ့ သြားေနမိတတ္တာမ်ိဳး ႐ွိတယ္။ တျခားသူမေျပာနဲ႔ လင္းေရာင္တင္ေတာင္မွ အဲသလိုအိမ္မ်ိဳးကို ေျခာက္မိုင္ခြဲ မာလာကာျခံမွာ ေနဖူးခဲ့တယ္။ အမွတ္တမဲ့ ျဖစ္သြားတာေပါ့။

အဲ့ဒီမွာ စီးပြားေရးထိခိုက္လာတယ္။ က်န္းမာေရးလည္း ကိုယ္ကစၿပီး ထိလိုက္လာတယ္။ ညေနတိုင္း ဖ်ားဖ်ားေနလို႔ မနည္းေဆးကုယူရတယ္။ တျခား ျပႆနာေတြလည္း တစ္ပုံတစ္ပင္ႀကီးတက္လာတယ္။ ေခါင္းရင္းအိမ္က ေမာင္အိမ္။ ေျခရင္းအိမ္က အစ္မအိမ္။ ေမာင္ႏွမႏွစ္ေယာက္ၾကား ဗ်ာမ်ားရတယ္ဆိုတာမ်ိဳးေပါ့။ အဲ့ဒီမွာေနတုန္း ျပႆနာ ေပါင္းစုံ ၾကဳံခဲ့ရသလို ရယ္လည္းရယ္ရတယ္။ ညဘက္ ညဘက္ေတြက်ရင္ ေခါင္းရင္းဘက္က ေမာင္ လုပ္တဲ့သူက အသံအက်ယ္ႀကီးနဲ႔ ေယာင္ၿပီး စကားေျပာတတ္တယ္။ အဲသလိုပဲ။ ေျခရင္းအိမ္က သူ႕ အစ္မကလည္း ညဘက္အိပ္ေနရင္း ေယာင္ေယာင္ၿပီး စကားေျပာတတ္တယ္။ တစ္ခါတေလမ်ား မသိရင္ ေမာင္ႏွမႏွစ္ေယာက္ အျပန္အလွန္အခ်ီအခ် စကားေျပာေနၾကသလားေတာင္ ထင္ရတတ္တယ္။

“ဘာျဖစ္လို႔ လက္ထဲမွာ အၾကာႀကီးကိုင္ထားရတာလဲ …၊ စားစရာ႐ွိလည္းစား၊ ခ်စရာ႐ွိလည္း ခ်၊ အလကား အခ်ိန္ကုန္တယ္ …” ေမာင္လုပ္တဲ့သူက အရက္ေလးတျမျမနဲ႔ ဖဲ႐ိုက္ရာက ေျပာခဲ့တဲ့စကားေတြ စိတ္စြဲၿပီး ျပန္ေယာင္တာ။ ေမာင္က အဲ့သလိုေယာင္ၿပီး မၾကာခင္ မွာ အစ္မက အခုလိုျပန္ၿပီးေယာင္တယ္။ “ေဟ့ …ဒါကေတာ့ ငါ့သေဘာပဲ၊ ငါလုပ္ခ်င္ရင္လုပ္မယ္၊ မလုပ္ခ်င္ေနမယ္၊ နင္တို႔ဘာမွ ေျပာေနစရာမလိုဘူး …” ကဲ ၾကည့္ …ဘယ္ေလာက္ရယ္စရာ ေကာင္းလဲ။ ကိုယ္ကေတာ့ သူတို႔ေမာင္ႏွမေတြ ညဘက္ ညဘက္ အခ်ီအခ် တစ္ေယာက္တစ္လဲစီ ေယာင္ေနၾကလို႔ အိပ္ေရးပ်က္တယ္လို႔ မထင္မိပါဘူး။

ရယ္ရလို႔ ေပ်ာ္စရာေတာင္ေကာင္းေသးတယ္။ မနက္မနက္က်ရင္ အဲဒီအေၾကာင္းေတြ သူတို႔ေမာင္ ႏွမေတြကို ျပန္ျပန္ေျပာျပၿပီး ရယ္ရတာ ေပ်ာ္စရာ ေကာင္းတယ္။ သူတို႔လည္း ရယ္ၾကေမာၾကရင္းနဲ႔ အဲဒီမွာေနရတာ ေပ်ာ္ပါတယ္။ ဒါေပမဲ့ က်န္းမာေရး ကိစၥ၊ စီးပြားေရးကိစၥက်ေတာ့ တယ္မဟန္ဘူး။ ေသမတတ္ ေက်မတတ္ေတာင္ ျဖစ္ခဲ့ရတယ္။ တစ္ေန႔ ေတာ့ ဒီကိစၥကို အဘခ်စ္ဆိုတဲ့ ဦးခင္ေမာင္ခ်စ္ကို ေျပာျပတိုင္ပင္မိတယ္။ သူက အသက္႐ွစ္ဆယ္ ေက်ာ္ ေ႐ွ႕မီေနာက္မီ အဘိုးႀကီး။ စာေပလည္း ႏွံ႔စပ္တယ္။ ဝိဇၨာကိစၥေတြလည္း အမ်ားႀကီးသိတယ္။ ဆုံးသြားတဲ့ ဆရာႀကီးသုေတသီျမင့္ထြန္း ဆိုရင္ သူ႕ကို သိပ္ေလးစားတာ။

“အဘခ်စ္က မသိတာမ႐ွိဘူး၊ အရမ္းႏွံ႔စပ္ တာဗ် …” လို႔ ေျပာဖူးတယ္။ ဟုတ္တယ္။ ကိုယ္ ကေမးေတာ့ အဘခ်စ္က ခ်က္ခ်င္းပဲ – “ႏို႔ညႇပ္ကိစၥမ်ား လြယ္ပါတယ္ …စာေရး ဆရာရယ္ …၊ ယၾတာလုပ္လိုက္ေပါ့၊ အလြယ္ေလး၊ ေမြးညႇပ္ေလးႏွစ္ခုကို ေဈးမွာဝယ္လိုက္၊ မုတ္ ဆိတ္ေမြးႏႈတ္တဲ့ ေမြးညႇပ္ကိုေျပာတာ …၊ အဲဒီ ေမြးညႇပ္ေလးေတြကို ေခါင္းရင္းမွာတစ္ခု၊ ေျခရင္းမွာ တစ္ခု ထိုးထားလိုက္ …၊ အားလုံးအဆင္ေျပသြားလိမ့္မယ္ …၊ ျမန္ျမန္သာလုပ္လိုက္ …” အဲသလို ေျပာလို႔ သူေျပာတဲ့အတိုင္း အျမန္ ဝယ္လိုက္ၿပီး အိမ္ေခါင္းရင္းမွာတစ္ခု၊ အိမ္ေျခရင္း ဘက္မွာတစ္ခု ထိုးထားလိုက္တာတကယ္ပဲ အညံ့ ေတြေပ်ာက္သြားေရာ။ က်န္းမာေရးေကာင္းလာၿပီး စီးပြားေရးလည္း ျပန္တက္လာေရာ။ ခုေလာက္ဆိုရင္ သေဘာေပါက္ပါၿပီေနာ္ …။ ေလွဦးတိုက္ လွည္းဦးတိုက္လည္း မေၾကာက္နဲ႔။ ႏို႔ညႇပ္အိမ္လည္း မေၾကာက္နဲ႔။ ယၾတာလြယ္လြယ္ေလးပါ။ ယၾတာေကာင္းနဲ႔ ေျပာင္းလဲတိုးတက္ၾကပါေစ……။

ေဇယ်တု သဗၺမဂၤလံ

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: လင္းေရာင္တင္ (manawmayajournal)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
area-one-business-complex
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service