ပိုင်ဆိုင်မှုလက်ဝယ်ရှိခြင်း (POSSESSION)
ပိုင်ဆိုင်မှုလက်ဝယ်ရှိခြင်း (POSSESSION) - Property Knowledge in Myanmar from iMyanmarHouse.com
27 Sep 2022 10:23 am တွင် တင်ခဲ့သည်
345 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော် (iMyanmarHouse.com)
[Unicode]
အိမ်ခြံမြေ  လောကတွင် အိမ်ခြံမြေပိုင်းအရောင်းအဝယ်ဆိုင်ရာကိစ္စရပ်များသည် ပိုင်ဆိုင်မှုများစွာ ရှုပ်ထွေးပွေလီလျှက်ရှိပါသည်။ အိမ်တစ်ဆောင် ရောင်းမည် ဝယ်မည်  ဆိုသည်နှင့် ပိုင်ရှင်ဖြစ်လာမည့် ပုဂ္ဂိလ်တစ်ဦး (သို့) အိမ်ခြံမြေ လုပ်ငန်းရှင်တစ်ဦးအနေနှင့် မသိမဖြစ် သိထားသင့်သော အချက်မှာ ပစ္စည်းလက်ဝယ်ရှိခြင်းဆိုသည့် အချက်ပင်ဖြစ်ပါသည်။
ဥပစာတစ်ခုတွင် နေထိုင်သူသည် အောက်ပါ အကြောင်းတစ်မျိုးမျိုးဖြင့် နေထိုင်ကြခြင်းဖြစ်ပါသည်။
၁။ ပိုင်ရှင်အနေဖြင့် လက်ရှိပိုင်ဆိုင်ကာနေထိုင်သူ၊
၂။ ပိုင်ရှင်အားမှီတင်းနေထိုင်သူ (အတူတကွ နေထိုင်သူ)၊
၃။ ပိုင်ရေးဆိုင်ခွင့် ရှိသူအနေနှင့် နေထိုင်သူ၊
၄။ စာချုပ်စာတမ်းချုပ်ဆိုပြီး ဝယ်ယူထားသည့် လက်ရောက်ရယူပိုင်ဆိုင်ထားသူ၊
၅။ အပေါင်ပစ္စည်းအဖြစ်လက်ခံကာ လက်ဝယ်ရယူထားသူ၊
၆။ အိမ်ငှားရမ်းခြင်းစာချုပ်အရ လက်ဝယ်နေထိုင်သူ၊ (တစ်ဆင့်ခံအိမ်ငှားများလည်းပါဝင်သည်)
၇။ တစ်စုံတစ်ယောက်၏ခွင့်ပြုချက်အရ လက်ဝယ်ရရှိထားသူ၊
၈။ ဝင်ရောက်ကျုးကျော်ခြင်းဖြင့် လက်ရောက်နေထိုင်ရရှိထားသူတို့ဖြစ်ကြသည်။
အမှတ်စဉ် (၁) ပုဂ္ဂိုလ်သည် ဥပဒေအရ လက်ဝယ်ရှိသူ( Judical Possession) ဖြစ်ပြီး ကျန်ပုဂ္ဂိုလ်များသည် (Physical Possession) လက်ရောက်လက်ဝယ် ရရှိသူများဖြစ်သည်။
အိမ်ခြံမြေကို လွှဲပြောင်းရောင်းချမည်ဆိုပါက ဥပဒေအရ လက်ဝယ်ရှိသူ (Judical Possession)ထံမှ ဝယ်ယူရရှိမှသာ ဥပဒေနှင့်အညီ တရားဝင်ပိုင်ဆိုင်မှုရရှိမည်ဖြစ်သည်။
တိုက်ခန်းတစ်ခုကို လူနေထိုင်ခြင်းမရှိပဲ သော့ခတ်ထားခြင်းသည် သော့ခတ်ထားသူက ၎င်းလက်ဝယ် ပိုင်ဆိုင်ထားခြင်း ဖြစ်ကြောင်းပေါ်လွင်သည်။
ပစ္စည်းလက်ရှိ ရှိသူကို နှင်ထုတ်လိုပါက တရားစွဲဆိုနှင်ထုတ်သည့်နည်းတစ်ခုသာ ဥပဒေနှင့်အညီဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မန်ချက်စတာယူနိုက်တက်အသင်းကို ရောင်းချရန် အတည်ပြုလိုက်သူ ဂလေဇာမိသားစုက ဖလော်ရီဒါပြည်နယ်မှ ကမ်းခြေစံအိမ်ကြီးကိုလည်း ဒေါ်လာ
မန်ချက်စတာယူနိုက်တက်အသင်းကို ရောင်းချရန် အတည်ပြုလိုက်သူ ဂလေဇာမိသားစုက ဖလော်ရီဒါပြည်နယ်မှ ကမ်းခြေစံအိမ်ကြီးကိုလည်း ဒေါ်လာ
စကားမပြော၊ ညစ်ညမ်းကားမကြည့်ဘဲ ရက် ၃၀ နေမည့် ကင်ညေးဝက်စ်က ဇနီးဟောင်း ကင်မ်ကာဒါရှီယန်အိမ်အနီး ဝယ်ထားသောအိမ်ကို ဖြိုချ
စကားမပြော၊ ညစ်ညမ်းကားမကြည့်ဘဲ ရက် ၃၀ နေမည့် ကင်ညေးဝက်စ်က ဇနီးဟောင်း ကင်မ်ကာဒါရှီယန်အိမ်အနီး ဝယ်ထားသောအိမ်ကို ဖြိုချ
ကိုရီးယားအကျော်ကြားဆုံး မိန်းကလေး K-PoP အဖွဲ့ BLACKPINK က ဂျင်းနီနဲ့ လီဆာတို့ နေတဲ့ နေအိမ်ကြီးတွေကို လေ့လာရအောင်
ကိုရီးယားအကျော်ကြားဆုံး မိန်းကလေး K-PoP အဖွဲ့ BLACKPINK က ဂျင်းနီနဲ့ လီဆာတို့ နေတဲ့ နေအိမ်ကြီးတွေကို လေ့လာရအောင်
နေအိမ် ၅ လုံး၊ မိန်းမ ၄ ယောက်နဲ့ ကုမ္ပဏီ ၂ ခုပိုင်တဲ့ နိုင်ဂျီးရီးယားက သူတောင်းစား
နေအိမ် ၅ လုံး၊ မိန်းမ ၄ ယောက်နဲ့ ကုမ္ပဏီ ၂ ခုပိုင်တဲ့ နိုင်ဂျီးရီးယားက သူတောင်းစား
ကလေးမရနိုင်သောကြောင့် ငိုကြွေးနေရသူ ဆလီနာဂိုမက်ဇ်၏ လော့စ်အိန်ဂျလိစံအိမ်
ကလေးမရနိုင်သောကြောင့် ငိုကြွေးနေရသူ ဆလီနာဂိုမက်ဇ်၏ လော့စ်အိန်ဂျလိစံအိမ်
သွေးပေါင်ချိန်တက်ခြင်းအား ဆေးဝါးမပါဘဲ ထိန်းချုပ်ရန် နည်းလမ်း ၁၀ ခု - အပိုင်း (၂)
သွေးပေါင်ချိန်တက်ခြင်းအား ဆေးဝါးမပါဘဲ ထိန်းချုပ်ရန် နည်းလမ်း ၁၀ ခု - အပိုင်း (၂)
တရုတ်ပြည်တွင် မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၃ နှစ်၊ဒဏ်ငွေယွမ် သန်း ၆၀၀ (ဒေါ်လာ ၈၃ သန်း ) ချမှတ်ခံရသော နာမည်ကြီး ပေါ့ပ်ကြယ်ပွ
တရုတ်ပြည်တွင် မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၃ နှစ်၊ဒဏ်ငွေယွမ် သန်း ၆၀၀ (ဒေါ်လာ ၈၃ သန်း ) ချမှတ်ခံရသော နာမည်ကြီး ပေါ့ပ်ကြယ်ပွ
အီတလီနိုင်ငံ၊ Presicce မြို့လေးတွင် လာရောက်အခြေချနေထိုင်သူတိုင်းကို ဒေါ်လာ ၃၀၀၀၀ (မြန်မာငွေ သိန်း ၆၃၀) ပေးမည်
အီတလီနိုင်ငံ၊ Presicce မြို့လေးတွင် လာရောက်အခြေချနေထိုင်သူတိုင်းကို ဒေါ်လာ ၃၀၀၀၀ (မြန်မာငွေ သိန်း ၆၃၀) ပေးမည်
ခရစ္စတီယာနို ရော်နယ်ဒို ကာတာတွင် တည်းခိုနေထိုင်သော ဟိုတယ်
ခရစ္စတီယာနို ရော်နယ်ဒို ကာတာတွင် တည်းခိုနေထိုင်သော ဟိုတယ်
မီရှဲယိုနှင့် အသက် ၇၃ နှစ်အရွယ်ခင်ပွန်း ဘီလျံနာတို့ နေထိုင်သော ဆွစ်ဇာလန်မှ စံအိမ်
မီရှဲယိုနှင့် အသက် ၇၃ နှစ်အရွယ်ခင်ပွန်း ဘီလျံနာတို့ နေထိုင်သော ဆွစ်ဇာလန်မှ စံအိမ်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
billionaire
61-residence
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store