ဟင်းချက်တဲ့အခါ အသုံးပြုတဲ့ဓားရဲ့သက်တမ်းကို ရှည်ကြာစေဖို့ နည်းလမ်းများ

ဟင်းချက်တဲ့အခါ အသုံးပြုတဲ့ဓားရဲ့သက်တမ်းကို ရှည်ကြာစေဖို့ နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
24 Sep 2022 11:54 am တွင် တင်ခဲ့သည်
479 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ (iMyanmarHouse.com)

[Unicode]

ထမင်းဟင်းချက်ပြုတ်တဲ့အခါ ဓားက မဖြစ်မနေ လိုအပ်တဲ့အရာပါ။ ဓားက နေ့စဉ်အသုံးပြုရတဲ့အတွက် အသုံးပြုဖန်များရင် အရင်လို မထက်တော့ပါဘူး။ အဲဒါကြောင့် ဓားရဲ့သက်တမ်းကို ရှည်ကြာစေဖို့၊ ဓားထက်နေစေဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဓားကို အရိုးအကြီးကြီးတွေကို ခုတ်ဖို့၊ ရေခဲတွေကို ဖြတ်ဖို့၊ သံဘူးတွေကို ဖောက်ဖို့ သုံးရင် ဓားက ပဲ့ထွက်သွားတာ၊ ကြာရှည်အသုံးမခံတာမျိုး ဖြစ်စေပါတယ်။ အဲဒါကြောင့် ပါးလွှာတဲ့အရာတွေ၊ ပျော့တဲ့အရာတွေကို လှီးဖြတ်ဖို့သာ အသုံးပြုသင့်ပါတယ်။

 

 

စဉ်းတီးတုံးမှာသာ လှီးပါ။

စားစရာတွေကို လှီးဖြတ်တော့မယ်ဆိုရင် စဉ်းတီတုံးပေါ်မှာသာ လှီးဖြတ်သင့်ပါတယ်။ စဉ်းတီတုံးကို မသုံးဘဲ မာတဲ့မျက်နှာပြင်ပေါ်မှာ လှီးဖြတ်ရင် ဓားက ထက်တော့မှာမဟုတ်သလို အသုံးပြုလို့လည်း မကောင်းတော့ပါဘူး။ သစ်သားစဉ်းတီတုံးနဲ့ ပလက်စတစ်စဉ်းတီတုံးကတော့ အကောင်းဆုံးပါပဲ။

 

ဓားကို သေသေချာချာသိမ်းပါ။

ဓားကို ထိန်းသိမ်းတဲ့ပုံစံကလည်း ဓားရဲ့အရည်အသွေးကို ကွဲပြာသွားစေပါတယ်။ ဓားကို ဓားအိမ်မတပ်ဘဲ အံဆွဲထဲမှာ ဇွန်းတွေ၊ ခက်ရင်းတွေနဲ့ ရောမထားသင့်ပါဘူး။ ဓားကို ဓားအိမ်တပ်ပြီးမှ သိမ်းတာ သို့မဟုတ် ဓားသိမ်းတဲ့ဘူးထဲမှာ သိမ်းတာမျိုးကို ပြုလုပ်သင့်ပါတယ်။

ဓားကို ဆေးကြောပုံ

ဓားကို အသုံးပြုပြီးတိုင်း ရေနွေးနဲ့ ဆေးကြောသင့်ပါတယ်။ ဓားကို ရေထဲမှာ အချိန်အကြာကြီး မစိမ်ထားသင့်ပါဘူး။ ရေဆေးပြီးရင်လည်း ခြောက်သွေ့အောင်လို့ သေချာသုတ်ပေးသင့်ပါတယ်။ ဓားက အချိန်အကြာကြီး ရေစိုနေရင် သံချေးတက်သွားတတ်ပါတယ်။

ဓားသွေးဖို့လည်း မမေ့သင့်ပါဘူး။

ဓားကို အမြဲတမ်းထက်နေဖို့အတွက် ပုံမှန်သွေးပေးသင့်ပါတယ်။ ထက်နေတဲ့ဓားထက် တုံးနေတဲ့ဓားက သင့်အတွက် ပိုပြီး အန္တရာယ်ရှိပါတယ်။ လျှပ်စစ်နဲ့ ဓားသွေးပေးတဲ့စက်ကို အသုံးမပြုသင့်ပါဘူး။ ဓားသွေးကျောက်ပေါ်မှာ သွေးတာက အကောင်းဆုံးပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: lovemedia

 

[Zawgyi]


 







ဓားကို ဆေးကြောပုံ







Credit: lovemedia

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၃ နှစ်၊ဒဏ်ငွေယွမ် သန်း ၆၀၀ (ဒေါ်လာ ၈၃ သန်း ) ချမှတ်ခံရသော နာမည်ကြီး ပေါ့ပ်ကြယ်ပွ
တရုတ်ပြည်တွင် မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၃ နှစ်၊ဒဏ်ငွေယွမ် သန်း ၆၀၀ (ဒေါ်လာ ၈၃ သန်း ) ချမှတ်ခံရသော နာမည်ကြီး ပေါ့ပ်ကြယ်ပွ
မလေးရှားရုပ်ရှင်မင်းသမီး မီရှဲယိုနှင့်တွဲဖက်သရုပ်ဆောင်ခဲ့သော Tomorrow never die ဖြင့် နာမည်ကြီးသူ ဂျိမ်းစ်ဘွန်းမင်းသားကြ
မလေးရှားရုပ်ရှင်မင်းသမီး မီရှဲယိုနှင့်တွဲဖက်သရုပ်ဆောင်ခဲ့သော Tomorrow never die ဖြင့် နာမည်ကြီးသူ ဂျိမ်းစ်ဘွန်းမင်းသားကြ
ကထိန်သင်္ကန်းလှူဒါန်းရခြင်းအကျိုးတရား (၅) ပါး
ကထိန်သင်္ကန်းလှူဒါန်းရခြင်းအကျိုးတရား (၅) ပါး
နာမည်ကြီး ထိုင်းမင်းသား Win Metawin ၏ စံအိမ်
နာမည်ကြီး ထိုင်းမင်းသား Win Metawin ၏ စံအိမ်
ရိုးသားမှုတန်ဖိုး......
ရိုးသားမှုတန်ဖိုး......
ခြအကြောင်းနှင့် ခြရှင်းနည်း.....
ခြအကြောင်းနှင့် ခြရှင်းနည်း.....
အင်္ဂလန်လက်ရွေးစင်ဘောလုံးသမားများ၏ ချစ်သူ၊ ဇနီးများ ကာတာကမ္ဘာ့ဖလားတွင် တည်းခိုလျက်ရှိသည့် တိုက်တန်းနစ်သင်္ဘောထက် ၄ ဆကြီး
အင်္ဂလန်လက်ရွေးစင်ဘောလုံးသမားများ၏ ချစ်သူ၊ ဇနီးများ ကာတာကမ္ဘာ့ဖလားတွင် တည်းခိုလျက်ရှိသည့် တိုက်တန်းနစ်သင်္ဘောထက် ၄ ဆကြီး
အင်္ဂလန်က ပေါင် ၄၀၀,၀၀၀ တန် စံအိမ်ကြီးကို ၃ ပေါင် (မြန်မာငွေ ၇၁၀၀ ကျပ်) မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
အင်္ဂလန်က ပေါင် ၄၀၀,၀၀၀ တန် စံအိမ်ကြီးကို ၃ ပေါင် (မြန်မာငွေ ၇၁၀၀ ကျပ်) မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
နိုဝင်ဘာ ၂၀ တွင် စတင်ကျင်းပတော့မည့် ၂၀၂၂ ကာတာကမ္ဘာ့ဖလား ကစားကွင်းသစ်ကြီးများ
နိုဝင်ဘာ ၂၀ တွင် စတင်ကျင်းပတော့မည့် ၂၀၂၂ ကာတာကမ္ဘာ့ဖလား ကစားကွင်းသစ်ကြီးများ
အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ
အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ntllandplot
hill-garden-tbc

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store