ယူကျုတွင် ကြည့်ရှုမှု ၃ ဘီလီယံရနေသူ Adele က လော့စ်အိန်ဂျလိစံအိမ်ကို ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းမည်

ယူကျုတွင် ကြည့်ရှုမှု ၃ ဘီလီယံရနေသူ Adele က လော့စ်အိန်ဂျလိစံအိမ်ကို ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
22 Sep 2022 10:10 am တွင် တင်ခဲ့သည်
1577 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော်တေးသံရှင် Adele ၏ Hello အမည်ရှိသီချင်းမှာ YouTube တွင် ကြည့်ရှုမှုအကြိမ်ရေ ၃ ဘီလီယံအထိ ရောက်ရှိကာ စံချိန်တစ်ခုတင်ခဲ့သည်။

YouTube တွင် ကြည့်ရှုမှုအကြိမ်ရေ ၁ ဘီလီယံသို့ အမြန်ဆုံးရောက်ခဲ့သည့်သီချင်းအဖြစ် စံချိန်တင်ထားသည်။

ယင်းသီချင်းသည် YouTube တွင်လွှင့်တင်ပြီး ၄၈ နာရိအတွင်း ကြည့်ရှုမှု သန်း ၅၀ အထိ ရှိခဲ့သည်။

ယခုအခါ Adele က သူ၏ ကယ်လီဖိုးနီးယားပြည်နယ်မှ စံအိမ်ကို ဝယ်လက်ရှာဖွေလျက်ရှိနေသည်။

အသက် ၃၄ နှစ်ရှိပြီဖြစ်သော ဂရမ်မီဆုရှင် Adele သည် လော့စ်အိန်ဂျလိမြို့မှ ကမ္ဘာကျော်များစွာ နေထိုင်ကြသည့်နေရာဖြစ်သော Beverly Hills အရပ်ရှိ စတုရန်းပေ ၅၅၁၅ ကျယ်ဝန်းသော စံအိမ်ကို ဈေးကွက်တင်လာခြင်း ဖြစ်သည်။

Adele သည် Beverly Hills တွင် ယခုစံအိမ်အပါအဝင် စံအိမ် ၃ လုံး ပိုင်ဆိုင်ထားသည်။

နေအိမ်မှာ ၂ ထပ်အိမ်ဖြစ်ပြီး အကျော်အမော်တို့နေထိုင်ရာ ဂိတ်ဝန်းခတ်အိမ်ရာဝန်းဖြစ်သော Hidden Valley တွင် တည်ရှိကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။ အပေါ်ထပ်တွင် မီးလင်းဖိုတစ်ခုပါသော master bedroom နှင့် spa အသွင် ရေချိုးခန်းတစ်ခုလည်း ရှိသည်။

အပေါ်ထပ်တွင် အခြားသော အိပ်ခန်း ၂ ခန်းအပြင် ကစားခန်း (သို့မဟုတ်) ဧည့်နားနေခန်းအဖြစ် အသု့းပြုနိုင်သော အခန်းတစ်ခုလည်းရှိသေးသည်။

အောက်ထပ်တွင်မူ မိသားစုနားနေခန်းသို့ပေါက်သည့် မီးဖိုဆောင်တစ်ခု၊ ဧည့်ခန်းနှင့် ညစာစားခန်းနှင့် သီးသန့်ခန်းတစ်ခန်းတို့ ပါဝင်သည်။ အဆိုပါအခန်းများအနက် ၃ ခန်းတွင် မီးလင်းဖိုများ ရှိသည်။

ယင်းအခန်းများမှတဆင့် ခြံနောက်ဘက်ဆီသို့ ရောက်ရှိနိုင်သည်။

ခြံနောက်တွင် ရေကူးကန်နှင့် spa၊ ဟင်းလင်းပြင်မီးဖိုဆောင်၊ အားကစားကွင်းအပြင် ကြက်လှောင်အိမ်တစ်ခုပင် ရှိသေးသည်။

ဖောင်းရစ်ပုံဖော်မှုများ၊ နံရံအောက်ခြေပျဉ်ဖုံး၊ သစ်ကြမ်းခင်းများ၊ အိမ်တွင်းအိမ်ပြင် ထိုင်ရန်နေရာများကိုလည်း ဈေးကွက်တင်ဓာတ်ပုံများတွင် တွေ့ရသည်။

The Agency အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Jeff Kohl က ဈေးကွက်တင်ပေးခြင်း ဖြစ်သည်။

(Adele ပိုင်ဆိုင်ထားသော Beverly Hills မှ စံအိမ် ၃ လုံး တန်ဖိုးမှာ ကန်ဒေါ်လာ သန်း ၃၀ ကျော်ရှိသည်။ ဓာတ်ပုံ- Google Earth)

(ဆီဗက်စတာ စတားလုံး၏ စံအိမ်ကို Adele က ဝယ်ယူခဲ့သည်။ ဓာတ်ပုံ- Getty Images)

Adele သည် အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်းပါ ယခုအိမ်ကို ပိုင်ဆိုင်ထားသည်မှာ မကြာသေး။

Mansion Global ၏ ဖော်ပြချက်အရ ပြီးခဲ့သော မေလကမှ နစ်ကိုးရစ်ချီထံမှ ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဝယ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

ဤစံအိမ်ကို ဝယ်ချိန်တွင် ထိုဒေသ၌ အခြားစံအိမ် ၂ လုံး ပိုင်ဆိုင်ထားပြီးလည်း ဖြစ်ကာ စံအိမ် ၃ လုံး၏ စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ သန်း ၃၀ ကျော်သည်။

အခြားပိုင်ဆိုင်ထားသောစံအိမ်များအနက်မှ စတုရန်းပေ ၆၅၀၀ ကျယ်ဝန်းသော စံအိမ်ကို ၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၉ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အခြားတစ်လုံးကိုမူ ၂၀၁၉ ခုနှစ်တွင် ကန်ဒေါ်လာ ၁၀ ဒသမ ၆၅ သန်းဖြင့် ဝယ်ယူခဲ့သည်။

Adele ၏ ခင်ပွန်းဟောင်း Simon Konecki သည် အသက် ၉ နှစ်အရွယ်သားဖြစ်သူ အိန်ဂျလိုကို ဂျနီဖာ အန်နစ္စတန်နှင့်အတူ ပူးတွဲအုပ်ထိန်းပေးရန်အတွက် ဒုတိယမြောက် အိမ်တစ်လုံးတွင် နေထိုင်လျက်ရှိသည်ဟု ယုံကြည်ရသည်။

အိမ် ၃ လုံး၏ စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်းပေ ၁၈၀၀၀ ကျော်ရှိသည်။

(ဆက်စပ်သတင်းများ)

-စတားလုံးထံမှ ဝယ်ထားသောအိမ်တွင် Adele တို့ချစ်သူ ၂ ဦး အတူနေကြပြီ

https://www.imyanmarhouse.com/news/read/1015199

-Adele က စတားလုံး၏ လော့စ်အိန်ဂျလိစံအိမ်ကို ဒေါ်လာ ၅၈ သန်းဖြင့် ဝယ်ယူမည်

https://www.imyanmarhouse.com/news/read/1001735

-Adele ၏ Easy on Me ဂီတဗွီဒီယိုရိုက်ကူးခဲ့သော ကနေဒါရှိ ၁၇၃ ဧကကျယ်ဝန်းသည့် စံအိမ်ကြီး ဒေါ်လာ ၄ သန်းကျော်ဖြင့် ရောင်းချမည်

https://www.imyanmarhouse.com/news/read/1001136

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Adele asks $12M for home in Beverly Hills compound (nypost)

[Zawgyi]

ယူက်ဳတြင္ ၾကည့္ရႈမႈ ၃ ဘီလီယံရေနသူ Adele က ေလာ့စ္အိန္ဂ်လိစံအိမ္ကို ေဒၚလာ ၁၂ သန္းျဖင့္ ေရာင္းမည္

ကမၻာေက်ာ္ေတးသံရွင္ Adele ၏ Hello အမည္ရွိသီခ်င္းမွာ YouTube တြင္ ၾကည့္ရႈမႈအၾကိမ္ေရ ၃ ဘီလီယံအထိ ေရာက္ရွိကာ စံခ်ိန္တစ္ခုတင္ခဲ့သည္။

YouTube တြင္ ၾကည့္ရႈမႈအၾကိမ္ေရ ၁ ဘီလီယံသို႔ အျမန္ဆံုးေရာက္ခဲ့သည့္သီခ်င္းအျဖစ္ စံခ်ိန္တင္ထားသည္။

ယင္းသီခ်င္းသည္ YouTube တြင္လႊင့္တင္ျပီး ၄၈ နာရိအတြင္း ၾကည့္ရႈမႈ သန္း ၅၀ အထိ ရွိခဲ့သည္။

ယခုအခါ Adele က သူ၏ ကယ္လီဖုိးနီးယားျပည္နယ္မွ စံအိမ္ကို ဝယ္လက္ရွာေဖြလ်က္ရွိေနသည္။

အသက္ ၃၄ ႏွစ္ရွိျပီျဖစ္ေသာ ဂရမ္မီဆုရွင္ Adele သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕မွ ကမၻာေက်ာ္မ်ားစြာ ေနထိုင္ၾကသည့္ေနရာျဖစ္ေသာ Beverly Hills အရပ္ရွိ စတုရန္းေပ ၅၅၁၅ က်ယ္ဝန္းေသာ စံအိမ္ကို ေစ်းကြက္တင္လာျခင္း ျဖစ္သည္။

Adele သည္ Beverly Hills တြင္ ယခုစံအိမ္အပါအဝင္ စံအိမ္ ၃ လံုး ပိုင္ဆိုင္ထားသည္။ ေနအိမ္မွာ ၂ ထပ္အိမ္ျဖစ္ျပီး အေက်ာ္အေမာ္တို႔ေနထုိင္ရာ ဂိတ္ဝန္းခတ္အိမ္ရာဝန္းျဖစ္ေသာ Hidden Valley တြင္ တည္ရွိေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။ အေပၚထပ္တြင္ မီးလင္းဖိုတစ္ခုပါေသာ master bedroom ႏွင့္ spa အသြင္ ေရခ်ဳိးခန္းတစ္ခုလည္း ရွိသည္။

အေပၚထပ္တြင္ အျခားေသာ အိပ္ခန္း ၂ ခန္းအျပင္ ကစားခန္း (သို႔မဟုတ္) ဧည့္နားေနခန္းအျဖစ္ အသ့ုးျပဳႏိုင္ေသာ အခန္းတစ္ခုလည္းရွိေသးသည္။

ေအာက္ထပ္တြင္မူ မိသားစုနားေနခန္းသို႔ေပါက္သည့္ မီးဖိုေဆာင္တစ္ခု၊ ဧည့္ခန္းႏွင့္ ညစာစားခန္းႏွင့္ သီးသန္႔ခန္းတစ္ခန္းတို႔ ပါဝင္သည္။ အဆိုပါအခန္းမ်ားအနက္ ၃ ခန္းတြင္ မီးလင္းဖုိမ်ား ရွိသည္။

ယင္းအခန္းမ်ားမွတဆင့္ ျခံေနာက္ဘက္ဆီသို႔ ေရာက္ရွိႏိုင္သည္။

ျခံေနာက္တြင္ ေရကူးကန္ႏွင့္ spa၊ ဟင္းလင္းျပင္မီးဖိုေဆာင္၊ အားကစားကြင္းအျပင္ ၾကက္ေလွာင္အိမ္တစ္ခုပင္ ရွိေသးသည္။

ေဖာင္းရစ္ပံုေဖာ္မႈမ်ား၊ နံရံေအာက္ေျခပ်ဥ္ဖံုး၊ သစ္ၾကမ္းခင္းမ်ား၊ အိမ္တြင္းအိမ္ျပင္ ထိုင္ရန္ေနရာမ်ားကိုလည္း ေစ်းကြက္တင္ဓာတ္ပံုမ်ားတြင္ ေတြ႔ရသည္။

The Agency အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Jeff Kohl က ေစ်းကြက္တင္ေပးျခင္း ျဖစ္သည္။

(Adele ပိုင္ဆိုင္ထားေသာ Beverly Hills မွ စံအိမ္ ၃ လံုး တန္ဖုိးမွာ ကန္ေဒၚလာ သန္း ၃၀ ေက်ာ္ရွိသည္။ ဓာတ္ပံု- Google Earth)

(ဆီဗက္စတာ စတားလံုး၏ စံအိမ္ကို Adele က ဝယ္ယူခဲ့သည္။ ဓာတ္ပံု- Getty Images)

Adele သည္ အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၄ ခန္းပါ ယခုအိမ္ကို ပိုင္ဆိုင္ထားသည္မွာ မၾကာေသး။

Mansion Global ၏ ေဖာ္ျပခ်က္အရ ျပီးခဲ့ေသာ ေမလကမွ နစ္ကိုးရစ္ခ်ီထံမွ ကန္ေဒၚလာ ၁၀ သန္းျဖင့္ ဝယ္ထားျခင္းျဖစ္သည္ဟု ဆိုသည္။

ဤစံအိမ္ကို ဝယ္ခ်ိန္တြင္ ထိုေဒသ၌ အျခားစံအိမ္ ၂ လံုး ပိုင္ဆိုင္ထားျပီးလည္း ျဖစ္ကာ စံအိမ္ ၃ လံုး၏ စုစုေပါင္းတန္ဖိုးမွာ ကန္ေဒၚလာ သန္း ၃၀ ေက်ာ္သည္။

အျခားပိုင္ဆိုင္ထားေသာစံအိမ္မ်ားအနက္မွ စတုရန္းေပ ၆၅၀၀ က်ယ္ဝန္းေသာ စံအိမ္ကို ၂၀၁၆ ခုႏွစ္အတြင္း ကန္ေဒၚလာ ၉ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

အျခားတစ္လံုးကိုမူ ၂၀၁၉ ခုႏွစ္တြင္ ကန္ေဒၚလာ ၁၀ ဒသမ ၆၅ သန္းျဖင့္ ဝယ္ယူခဲ့သည္။

Adele ၏ ခင္ပြန္းေဟာင္း Simon Konecki သည္ အသက္ ၉ ႏွစ္အရြယ္သားျဖစ္သူ အိန္ဂ်လိုကုိ ဂ်နီဖာ အန္နစၥတန္ႏွင့္အတူ ပူးတြဲအုပ္ထိန္းေပးရန္အတြက္ ဒုတိယေျမာက္ အိမ္တစ္လံုးတြင္ ေနထိုင္လ်က္ရွိသည္ဟု ယံုၾကည္ရသည္။

အိမ္ ၃ လံုး၏ စုစုေပါင္း အက်ယ္အဝန္းမွာ စတုရန္းေပ ၁၈၀၀၀ ေက်ာ္ရွိသည္။

(ဆက္စပ္သတင္းမ်ား)

-စတားလံုးထံမွ ဝယ္ထားေသာအိမ္တြင္ Adele တို႔ခ်စ္သူ ၂ ဦး အတူေနၾကျပီ

https://www.imyanmarhouse.com/news/read/1015199

-Adele က စတားလံုး၏ ေလာ့စ္အိန္ဂ်လိစံအိမ္ကို ေဒၚလာ ၅၈ သန္းျဖင့္ ဝယ္ယူမည္

https://www.imyanmarhouse.com/news/read/1001735

-Adele ၏ Easy on Me ဂီတဗြီဒီယိုရိုက္ကူးခဲ့ေသာ ကေနဒါရွိ ၁၇၃ ဧကက်ယ္ဝန္းသည့္ စံအိမ္ၾကီး ေဒၚလာ ၄ သန္းေက်ာ္ျဖင့္ ေရာင္းခ်မည္

https://www.imyanmarhouse.com/news/read/1001136

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Adele asks $12M for home in Beverly Hills compound (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
thukha-garden-residence
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service