ဂျနီဖာ အန်နစ္စတန်က အော်ပရာဝင်းဖရေး၏ ယာတောအိမ်ကို ဒေါ်လာ ၁၄ သန်းကျော်ဖြင့်ဝယ်

ဂျနီဖာ အန်နစ္စတန်က အော်ပရာဝင်းဖရေး၏ ယာတောအိမ်ကို ဒေါ်လာ ၁၄ သန်းကျော်ဖြင့်ဝယ် - Property News in Myanmar from iMyanmarHouse.com
21 Sep 2022 11:58 am တွင် တင်ခဲ့သည်
1588 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

[Unicode]

ဂျနီဖာ အန်နစ္စတန် (မွေး ၁၉၆၉) သည် အမေရိကန်ရုပ်ရှင်မင်းသမီး၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦး ဖြစ်သည်။

ရုပ်ရှင်သက်တမ်းတစ်လျှောက် ဆုပေါင်းများစွာ ရရှိခဲ့ရာ Primetime Emmy ဆု၊ Golden Globe ဆုနှင့် Screen Actors Guild ဆု ၂ ခုတို့ အပါအဝင် ဖြစ်သည်။

ဂျနီဖာ အန်နစ္စတန်သည် ကမ္ဘာပေါ်တွင် သရုပ်ဆောင်ကြေးအမြင့်ဆုံး ရုပ်ရှင်မင်းသမီးများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

သူ၏ စီးပွားရေးအရ အောင်မြင်မှုအရဆုံး ရုပ်ရှင်ကားများမှာ Bruce Almighty (၂၀၀၃)၊ The Break-Up (၂၀၀၆)၊ Marley & Me (၂၀၀၈)၊ Just Go with It (၂၀၁၁)၊ Horrible Bosses (၂၀၁၁) နှင့် We're the Millers (၂၀၁၃) တို့ ဖြစ်ကြသည်။

အဆိုပါ ဇာတ်ကားများသည် ကမ္ဘာတစ်ဝန်းတွင် ကန်ဒေါ်လာ သန်း ၂၀၀ ကျော် အသီးသီးရရှိထားသော ဇာတ်ကားများ ဖြစ်ကြသည်။

အနုပညာအရ အအောင်မြင်ဆုံး ဇာတ်ကားများတွင် Office Space (၁၉၉၉)၊ The Good Girl (၂၀၀၂)၊ Friends with Money (၂၀၀၆)၊ Cake (၂၀၁၄) နှင့် Dumplin' (၂၀၁၈) ရုပ်ရှင်များ ပါဝင်သည်။

ကမ္ဘာပေါ်ရှိ မဂ္ဂဇင်းပေါင်းများစွာ၏ ကမ္ဘာ့အလှဆုံး အမျိုးသမီးများစာရင်းတွင် ဂျနီဖာအင်နစ္စတန် အမြဲပါဝင်လေ့ရှိသည်။

သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၃၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။

သူ၏ ရုပ်ရှင်များမှ ကမ္ဘာတစ်ဝန်းတွင် ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော်ရရှိထားကာ ရုပ်ရှင်ကြည့် ပရိသတ် မျိုးဆက်များစွာကို သြဇာလွှမ်းနိုင်သော သရုပ်ဆောင်အနည်းငယ်တွင် တစ်ဦးအပါအဝင်ဖြစ်သည်ဟု သတ်မှတ်ကြသည်။

ဟောလိဝုဒ်၏ Walk of Fame တွင်လည်း ဂျနီဖာအန်နစ္စတန်ကို ဖော်ပြခံရသည်။

သူသည် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Echo Films ၏ ပူးတွဲတည်ထောင်သူလည်းဖြစ်ပြီး ၂၀၀၈ ခုနှစ်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ဂျနီဖာအန်နစ္စတန်သည် ၂ ကြိမ် လက်ထပ်ခဲ့ဖူးရာ ပထမအိမ်ထောင်မှာ ရုပ်ရှင်မင်းသား ဘရက်ပစ်ဖြစ်သည်။

ဘရက်ပစ်နှင့် အိမ်ထောင်သက်တမ်း ၅ နှစ်ကြာမြင့်ခဲ့၏။

ဒုတိယအိမ်ထောင်မှာ ရုပ်ရှင်သရုပ်ဆောင် Justin Theroux ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် လက်ထပ်ခဲ့ကြကာ ၂၀၁၇ ခုနှစ်တွင် လမ်းခွဲခဲ့သည်။

(ဂျနီဖာ အန်နစ္စတန် ဝယ်ယူလိုက်သောအိမ်)

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာဘာဘရာခရိုင်၊ မွန်တီစီတိုမြို့ကလေးတွင် အခြေချနေထိုင်သော ကမ္ဘာကျော်ကြယ်ပွင့်များစာရင်းတွင် ယခုအခါ ကြယ်ပွင့်တစ်ခု တိုးလာခဲ့ပြီ ဖြစ်သည်။

မွန်တီစီတိုမြို့ကလေးတွင် ကမ္ဘာကျော်များ များစွာနေထိုင်ရာ Ariana Grande၊ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ကြင်ယာတော် မီဂန်မာကယ်၊ Ellen DeGeneres နှင့် Rob Lowe တို့လည်း အပါအဝင်ဖြစ်သည်။

ထိုသို့သော မြို့ကလေးတွင် အော်ပရာဝင်းဖရေးပိုင်ဆိုင်ထားသော စံအိမ်ကို ဂျနီဖာအန်နစ္စတန်က ကန်ဒေါ်လာ ၁၄ ဒသမ ၈ သန်းပေးကာ ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်သော တပ်စ်ကန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ဖြစ်ကာ ခြံအကျယ်မှာ ၁ ဒသမ ၀၃ ဧကရှိသည်။

ယခုအိမ်မှာ အော်ပရာဝင်းဖရေး၏ စံအိမ်ဝန်းတစ်ခုမှ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ ဤခြံ၏ အခြားတစ်ဝက်ကို အော်ပရာဝင်းဖရေးက Bob Greene ထံ ယခုနှစ် သြဂုတ်လအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၃ သန်းဖြင့် ရောင်းချခဲ့သည်။ ထိုခြံတစ်ဝက်တွင် အိမ် ၂ လုံးပါဝင်သည်။

Bob သည် အော်ပရာဝင်းဖရေးပိုင်ဆိုင်သော အိမ်ခြံမြေများဆိုင်ရာ မန်နေဂျာတစ်ဦးလည်း ဖြစ်သည်။

ဂျနီဖာအန်နစ္စတန်ဝယ်ယူလိုက်သောအိမ်မှာ ပင်မစံအိမ်ဖြစ်ပြီး အကျယ်အဝန်းမှာ စတုရန်းပေ ၄၃၂၀ ရှိသည်။

ဂျနီဖာ အန်နစ္စတန်သည် ဘဲလ်အဲရ်အရပ်တွင်လည်း ကန်ဒေါ်လာ ၂၀ ဒသမ ၉၇ သန်းတန် စံအိမ်တစ်လုံး ပိုင်ဆိုင်ထားသေးသည်။

အော်ပရာဝင်းဖရေးသည် ယခုစံအိမ်ကို ၂၀၂၁ ခုနှစ်အစောပိုင်းက ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖြင့် တိတ်တဆိတ်ဝယ်ယူခဲ့ခြင်းဖြစ်ရာ တစ်နှစ်ကျော်အတွင်း ကန်ဒေါ်လာ ၆ ဒသမ ၅ သန်း မြတ်စွန်းသွားခြင်းလည်း ဖြစ်သည်။

(ပင်လယ်ရှုမျှော်ခင်းများပိုင်ဆိုင်ထားပြီး ခြံဝန်းအကျယ် ၁ ဧကကျော်ရှိသည်။ ဓာတ်ပုံ- BACKGRID)

 

 

(နေအိမ်အတွင်း အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါသည်။ ဓာတ်ပုံ- BACKGRID)

ယခုအရောင်းအဝယ်မှာ ဈေးကွက်ပြင်ပအရောင်းအဝယ်တစ်ခုဖြစ်သောကြောင့် နေအိမ်အတွင်းပိုင်းဓာတ်ပုံများ မရနိုင်ချေ။

(မှတ်ချက်။ အိမ်ခြံမြေတစ်ခုကို ရောင်းချမည်ဟု အိမ်ခြံမြေဝက်ဘ်ဆိုက်များတွင် တရားဝင်တင်ကာ ကြော်ငြာခြင်းမျိုးမဟုတ်ဘဲ မိမိနှင့် ပတ်သက်သိကျွမ်းသူများကို ဆက်သွယ်ရောင်းချခြင်းကို ဈေးကွက်ပြင်ပ အရောင်းအဝယ်ဟု ခေါ်ကြသည်။)

စံအိမ်ကို မြေထဲပင်လယ်ဗိသုကာဟန်ဖြင့်ဆောက်လုပ်ထားပြီး ယာဉ်မောင်းလမ်း၏ ဝန်းကျင်တွင် စိမ်းလန်းသော မြေယာရှုခင်းတို့က ဝန်းပတ်ထားကာ တစ်ကိုယ်ရည်လုံခြုံမှုကို ပေးစွမ်းထားသည်။

အော်ပရာဝင်းဖရေးသည် ဂျနီဖာအန်နစ္စတန် ယခုဝယ်လိုက်သောအိမ်၏ ကပ်လျက် ပိုမိုကျယ်ဝန်းသော အိမ်ကိုလည်း ပိုင်ဆိုင်ထားဆဲဖြစ်သည်။

ထိုအိမ်ကို အော်ပရာဝင်းဖရေးက ၂၀၁၂ ခုနှစ်အတွင်း ကန်ဒေါ်လာ သန်း ၃၀ ဖြင့် ဝယ်ခဲ့ခြင်း ဖြစ်သည်။

ထိုခြံ၏အကျယ်မှာ ၆၆ ဧကရှိပြီး စံအိမ်အကျယ်မှာ စတုရန်းပေ ၂၀၀၀၀ ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Jennifer Aniston shells out $14.8M for Oprah’s Montecito farmhouse (nypost)

 

 

[Zawgyi]

ဂ်နီဖာ အန္နစၥတန္က ေအာ္ပရာဝင္းဖေရး၏ ယာေတာအိမ္ကို ေဒၚလာ ၁၄ သန္းေက်ာ္ျဖင့္ဝယ္

 

ဂ်နီဖာ အန္နစၥတန္ (ေမြး ၁၉၆၉) သည္ အေမရိကန္ရုပ္ရွင္မင္းသမီး၊ ရုပ္ရွင္ထုတ္လုပ္သူတစ္ဦး ျဖစ္သည္။

ရုပ္ရွင္သက္တမ္းတစ္ေလွ်ာက္ ဆုေပါင္းမ်ားစြာ ရရွိခဲ့ရာ Primetime Emmy ဆု၊ Golden Globe ဆုႏွင့္ Screen Actors Guild ဆု ၂ ခုတို႔ အပါအဝင္ ျဖစ္သည္။

ဂ်နီဖာ အန္နစၥတန္သည္ ကမၻာေပၚတြင္ သရုပ္ေဆာင္ေၾကးအျမင့္ဆံုး ရုပ္ရွင္မင္းသမီးမ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္သည္။

သူ၏ စီးပြားေရးအရ ေအာင္ျမင္မႈအရဆံုး ရုပ္ရွင္ကားမ်ားမွာ Bruce Almighty (၂၀၀၃)၊ The Break-Up (၂၀၀၆)၊ Marley & Me (၂၀၀၈)၊ Just Go with It (၂၀၁၁)၊ Horrible Bosses (၂၀၁၁) ႏွင့္ We're the Millers (၂၀၁၃) တို႔ ျဖစ္ၾကသည္။

အဆိုပါ ဇာတ္ကားမ်ားသည္ ကမၻာတစ္ဝန္းတြင္ ကန္ေဒၚလာ သန္း ၂၀၀ ေက်ာ္ အသီးသီးရရွိထားေသာ ဇာတ္ကားမ်ား ျဖစ္ၾကသည္။

အႏုပညာအရ အေအာင္ျမင္ဆံုး ဇာတ္ကားမ်ားတြင္ Office Space (၁၉၉၉)၊ The Good Girl (၂၀၀၂)၊ Friends with Money (၂၀၀၆)၊ Cake (၂၀၁၄) ႏွင့္ Dumplin' (၂၀၁၈) ရုပ္ရွင္မ်ား ပါဝင္သည္။

ကမၻာေပၚရွိ မဂၢဇင္းေပါင္းမ်ားစြာ၏ ကမၻာ့အလွဆံုး အမ်ဳိးသမီးမ်ားစာရင္းတြင္ ဂ်နီဖာအင္နစၥတန္ အျမဲပါဝင္ေလ့ရွိသည္။

သူ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ သန္း ၃၀၀ ခန္႔ရွိသည္ဟု ခန္႔မွန္းရသည္။

သူ၏ ရုပ္ရွင္မ်ားမွ ကမၻာတစ္ဝန္းတြင္ ကန္ေဒၚလာ ၁ ဒသမ ၆ ဘီလီယံေက်ာ္ရရွိထားကာ ရုပ္ရွင္ၾကည့္ ပရိသတ္ မ်ဳိးဆက္မ်ားစြာကို ၾသဇာလႊမ္းႏိုင္ေသာ သရုပ္ေဆာင္အနည္းငယ္တြင္ တစ္ဦးအပါအဝင္ျဖစ္သည္ဟု သတ္မွတ္ၾကသည္။

ေဟာလိဝုဒ္၏ Walk of Fame တြင္လည္း ဂ်နီဖာအန္နစၥတန္ကို ေဖာ္ျပခံရသည္။

သူသည္ ရုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီ Echo Films ၏ ပူးတြဲတည္ေထာင္သူလည္းျဖစ္ျပီး ၂၀၀၈ ခုႏွစ္က တည္ေထာင္ခဲ့ျခင္း ျဖစ္သည္။

ဂ်နီဖာအန္နစၥတန္သည္ ၂ ၾကိမ္ လက္ထပ္ခဲ့ဖူးရာ ပထမအိမ္ေထာင္မွာ ရုပ္ရွင္မင္းသား ဘရက္ပစ္ျဖစ္သည္။

ဘရက္ပစ္ႏွင့္ အိမ္ေထာင္သက္တမ္း ၅ ႏွစ္ၾကာျမင့္ခဲ့၏။

ဒုတိယအိမ္ေထာင္မွာ ရုပ္ရွင္သရုပ္ေဆာင္ Justin Theroux ျဖစ္ျပီး ၂၀၁၅ ခုႏွစ္တြင္ လက္ထပ္ခဲ့ၾကကာ ၂၀၁၇ ခုႏွစ္တြင္ လမ္းခြဲခဲ့သည္။

(ဂ်နီဖာ အန္နစၥတန္ ဝယ္ယူလိုက္ေသာအိမ္)

ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္တာဘာဘရာခရိုင္၊ မြန္တီစီတိုျမိဳ႕ကေလးတြင္ အေျခခ်ေနထိုင္ေသာ ကမၻာေက်ာ္ၾကယ္ပြင့္မ်ားစာရင္းတြင္ ယခုအခါ ၾကယ္ပြင့္တစ္ခု တိုးလာခဲ့ျပီ ျဖစ္သည္။

မြန္တီစီတိုျမိဳ႕ကေလးတြင္ ကမၻာေက်ာ္မ်ား မ်ားစြာေနထိုင္ရာ Ariana Grande၊ ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီႏွင့္ ၾကင္ယာေတာ္ မီဂန္မာကယ္၊ Ellen DeGeneres ႏွင့္ Rob Lowe တို႔လည္း အပါအဝင္ျဖစ္သည္။

ထိုသို႔ေသာ ျမိဳ႕ကေလးတြင္ ေအာ္ပရာဝင္းဖေရးပိုင္ဆိုင္ထားေသာ စံအိမ္ကို ဂ်နီဖာအန္နစၥတန္က ကန္ေဒၚလာ ၁၄ ဒသမ ၈ သန္းေပးကာ ဝယ္ယူလိုက္ျခင္း ျဖစ္သည္။

အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၃ ခန္းပါဝင္ေသာ တပ္စ္ကန္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ စံအိမ္ျဖစ္ကာ ျခံအက်ယ္မွာ ၁ ဒသမ ၀၃ ဧကရွိသည္။

ယခုအိမ္မွာ ေအာ္ပရာဝင္းဖေရး၏ စံအိမ္ဝန္းတစ္ခုမွ အစိတ္အပိုင္းတစ္ရပ္ ျဖစ္သည္။ ဤျခံ၏ အျခားတစ္ဝက္ကို ေအာ္ပရာဝင္းဖေရးက Bob Greene ထံ ယခုႏွစ္ ၾသဂုတ္လအတြင္း ကန္ေဒၚလာ ၂ ဒသမ ၃ သန္းျဖင့္ ေရာင္းခ်ခဲ့သည္။ ထုိျခံတစ္ဝက္တြင္ အိမ္ ၂ လံုးပါဝင္သည္။

Bob သည္ ေအာ္ပရာဝင္းဖေရးပိုင္ဆိုင္ေသာ အိမ္ျခံေျမမ်ားဆိုင္ရာ မန္ေနဂ်ာတစ္ဦးလည္း ျဖစ္သည္။

ဂ်နီဖာအန္နစၥတန္ဝယ္ယူလိုက္ေသာအိမ္မွာ ပင္မစံအိမ္ျဖစ္ျပီး အက်ယ္အဝန္းမွာ စတုရန္းေပ ၄၃၂၀ ရွိသည္။

ဂ်နီဖာ အန္နစၥတန္သည္ ဘဲလ္အဲရ္အရပ္တြင္လည္း ကန္ေဒၚလာ ၂၀ ဒသမ ၉၇ သန္းတန္ စံအိမ္တစ္လံုး ပိုင္ဆိုင္ထားေသးသည္။

ေအာ္ပရာဝင္းဖေရးသည္ ယခုစံအိမ္ကို ၂၀၂၁ ခုႏွစ္အေစာပိုင္းက ကန္ေဒၚလာ ၁၀ ဒသမ ၅ သန္းျဖင့္ တိတ္တဆိတ္ဝယ္ယူခဲ့ျခင္းျဖစ္ရာ တစ္ႏွစ္ေက်ာ္အတြင္း ကန္ေဒၚလာ ၆ ဒသမ ၅ သန္း ျမတ္စြန္းသြားျခင္းလည္း ျဖစ္သည္။

(ပင္လယ္ရႈေမွ်ာ္ခင္းမ်ားပိုင္ဆိုင္ထားျပီး ျခံဝန္းအက်ယ္ ၁ ဧကေက်ာ္ရွိသည္။ ဓာတ္ပံု- BACKGRID)

(ေနအိမ္အတြင္း အိပ္ခန္း ၄ ခန္းႏွင့္ ေရခ်ဳိးခန္း ၃ ခန္းပါသည္။ ဓာတ္ပံု- BACKGRID)

ယခုအေရာင္းအဝယ္မွာ ေစ်းကြက္ျပင္ပအေရာင္းအဝယ္တစ္ခုျဖစ္ေသာေၾကာင့္ ေနအိမ္အတြင္းပိုင္းဓာတ္ပံုမ်ား မရႏိုင္ေခ်။

(မွတ္ခ်က္။ အိမ္ျခံေျမတစ္ခုကို ေရာင္းခ်မည္ဟု အိမ္ျခံေျမဝက္ဘ္ဆိုက္မ်ားတြင္ တရားဝင္တင္ကာ ေၾကာ္ျငာျခင္းမ်ဳိးမဟုတ္ဘဲ မိမိႏွင့္ ပတ္သက္သိကၽြမ္းသူမ်ားကို ဆက္သြယ္ေရာင္းခ်ျခင္းကို ေစ်းကြက္ျပင္ပ အေရာင္းအဝယ္ဟု ေခၚၾကသည္။)

စံအိမ္ကို ေျမထဲပင္လယ္ဗိသုကာဟန္ျဖင့္ေဆာက္လုပ္ထားျပီး ယာဥ္ေမာင္းလမ္း၏ ဝန္းက်င္တြင္ စိမ္းလန္းေသာ ေျမယာရႈခင္းတို႔က ဝန္းပတ္ထားကာ တစ္ကိုယ္ရည္လံုျခံဳမႈကို ေပးစြမ္းထားသည္။

ေအာ္ပရာဝင္းဖေရးသည္ ဂ်နီဖာအန္နစၥတန္ ယခုဝယ္လိုက္ေသာအိမ္၏ ကပ္လ်က္ ပိုမိုက်ယ္ဝန္းေသာ အိမ္ကိုလည္း ပိုင္ဆိုင္ထားဆဲျဖစ္သည္။

ထိုအိမ္ကို ေအာ္ပရာဝင္းဖေရးက ၂၀၁၂ ခုႏွစ္အတြင္း ကန္ေဒၚလာ သန္း ၃၀ ျဖင့္ ဝယ္ခဲ့ျခင္း ျဖစ္သည္။

ထိုျခံ၏အက်ယ္မွာ ၆၆ ဧကရွိျပီး စံအိမ္အက်ယ္မွာ စတုရန္းေပ ၂၀၀၀၀ ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jennifer Aniston shells out $14.8M for Oprah’s Montecito farmhouse (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ချားလ်စ်ဘုရင်က သားတော် မင်းသားဝီလျံအား အိမ်ငှားခ ပေးရ
ချားလ်စ်ဘုရင်က သားတော် မင်းသားဝီလျံအား အိမ်ငှားခ ပေးရ
ဒေါ်လာ ၁၄၁ သန်းတန် စတုရန်းပေ တစ်သိန်းကျော်ကျယ်သော လော့စ်အိန်ဂျလိစံအိမ်ကြီး၏ မီတာခ တစ်လလျှင် မြန်မာငွေ သိန်း ၁၀၀၀ ကျော် ကျသင့်...
ဒေါ်လာ ၁၄၁ သန်းတန် စတုရန်းပေ တစ်သိန်းကျော်ကျယ်သော လော့စ်အိန်ဂျလိစံအိမ်ကြီး၏ မီတာခ တစ်လလျှင် မြန်မာငွေ သိန်း ၁၀၀၀ ကျော် ကျသင့်...
လေရူးသုန်သုန်တွင် စကားလက်အဖြစ်သရုပ်ဆောင်ခဲ့သူ ဗီဗီယန်လေးက ခင်ပွန်းအတွက် ရွေးချယ်ပေးခဲ့သော အင်္ဂလန်ကျေးလက်စံအိမ်...
လေရူးသုန်သုန်တွင် စကားလက်အဖြစ်သရုပ်ဆောင်ခဲ့သူ ဗီဗီယန်လေးက ခင်ပွန်းအတွက် ရွေးချယ်ပေးခဲ့သော အင်္ဂလန်ကျေးလက်စံအိမ်...
ချားလ်စ်ဘုရင် ပိုင်သောစံအိမ်တော်များကို တစ်ညလျှင် ပေါင် ၁၀၀ မျှဖြင့် တည်းခိုနိုင်
ချားလ်စ်ဘုရင် ပိုင်သောစံအိမ်တော်များကို တစ်ညလျှင် ပေါင် ၁၀၀ မျှဖြင့် တည်းခိုနိုင်
တစ်နာရီအတွင်း အိမ်ထဲက ယင်ကောင်တွေ ရှင်းပစ်နိုင်မယ့် ရိုးစင်းလွယ်ကူနည်းလမ်း
တစ်နာရီအတွင်း အိမ်ထဲက ယင်ကောင်တွေ ရှင်းပစ်နိုင်မယ့် ရိုးစင်းလွယ်ကူနည်းလမ်း
Adele က စတားလုံး၏အိမ်ကို ဝယ်ရန် ဒေါ်လာ ၃၇ သန်းကျော် ချေးငွေရယူခဲ့
Adele က စတားလုံး၏အိမ်ကို ဝယ်ရန် ဒေါ်လာ ၃၇ သန်းကျော် ချေးငွေရယူခဲ့
ဗြိတိန်တော်ဝင်မင်းသားဝီလျံ ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ စံအိမ်အမွေရ
ဗြိတိန်တော်ဝင်မင်းသားဝီလျံ ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ စံအိမ်အမွေရ
အီတလီနိုင်ငံတွင် လူမနေသောအိမ် ၁၀၀ ကို တစ်အိမ်လျှင် ၁ ဒေါ်လာဖြင့် ရောင်းမည်
အီတလီနိုင်ငံတွင် လူမနေသောအိမ် ၁၀၀ ကို တစ်အိမ်လျှင် ၁ ဒေါ်လာဖြင့် ရောင်းမည်
ဘာလီကျွန်းမှ ငဟစ်ငှက်တို့ နိဗ္ဗာန်ဘုံ (သို့) ပထူးလူကျေးရွာပုံပြင်
ဘာလီကျွန်းမှ ငဟစ်ငှက်တို့ နိဗ္ဗာန်ဘုံ (သို့) ပထူးလူကျေးရွာပုံပြင်
ကင်မ်ကာဒါရှီယန်က စင်ဒီကရောဖို့ဒ်၏ စံအိမ်ကို ဒေါ်လာသန်း ၇၀ ကျော်ဖြင့်ဝယ်
ကင်မ်ကာဒါရှီယန်က စင်ဒီကရောဖို့ဒ်၏ စံအိမ်ကို ဒေါ်လာသန်း ၇၀ ကျော်ဖြင့်ဝယ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)