ဘရာစီယာကို ဘယ်လောက်နေရင် တစ်ခါလျှော်သင့်လဲ

ဘရာစီယာကို ဘယ်လောက်နေရင် တစ်ခါလျှော်သင့်လဲ - Property Knowledge in Myanmar from iMyanmarHouse.com
21 Sep 2022 10:37 am တွင် တင်ခဲ့သည်
3042 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ဘရာစီယာကို ဘယ်လောက်နေရင် တစ်ခါလျှော်သင့်လဲ ……. တစ်ခါဝတ်ပြီးတိုင်းလား။ တစ်ပတ်တစ်ခါလား။ ၂ပတ် ၃ပတ်နေမှလား။

အမှန်တော့ ခဏခဏ လျှော်နေဖို့ သိပ်မလိုပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရအောင်

ဘရာစီယာဟာ အကူအညီပေးလား ဒုက္ခပေးလား

ဘရာစီယာနဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ခြေ ပြဿနာတွေ ရှိပါတယ်။ တချို့ ဘရာစီယာအမျိုးအစားတွေက တခြားအမျိုးအစားတွေထက် ပိုဆိုးပါတယ်။ မတော်တဲ့ ဘရာစီယာဟာ ပိုပြီး ဒုက္ခပေးပါတယ်။

ဒါပေမယ့် တင်းကျပ်တဲ့၊ မတော်တဲ့ ဘရာစီယာတွေထက် ပိုဆိုးတဲ့ အမျိုးအစားကတော့ ပုံဖော်ချုပ်လုပ်ထားတဲ့ ဘရာစီယာပါပဲ။ အဲဒီအမျိုးအစားတွေဟာ သတ္တု၊ ပလတ်စတစ် စတာတွေနဲ့ ပုံဖော်ထားပြီး ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

အထူးသဖြင့် ဆိုဒ်ကို သေချာ မတိုင်းတဲ့အခါ ရင်သားတွေနာတာ၊ ပုခုံးတွေ နာတာကို ခံစားရတတ်ပါတယ်။

ဘယ်လောက်ဆိုရင် များသွားမလဲ

ဘရာစီယာကို ဘယ်အချိန်က နောက်ဆုံး လျှော်ခဲ့ပါသလဲ။ တစ်ပတ်လောက်ကလား။ တစ်လလောက်ကလား။ ဘရာစီယာနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Candece Etafo ကတော့ ၃ကြိမ်ဝတ်ပြီးတိုင်း လျှော်သင့်ကြောင်း၊ ဆက်တိုက်မဝတ်သင့်ကြောင်း ဆိုခဲ့ပါတယ်။ သူတို့ကို ဆန့်ပြီးသုံးရပါမယ်။ တခြား ရှူးဖိနပ်တွေ၊ အဝတ်တွေလိုပဲ တတ်နိုင်သလောက် လှည့်သုံးရပါမယ် လို့ ဆိုပါတယ်။

ဘရာစီယာကို ဘယ်လောက်နေရင် တစ်ခါလျှော်သင့်လဲ

ဘရာတစ်ထည်ကို မလျှော်ဘဲ ဝတ်ရတဲ့ ပုံမှန်အချိန်ကတော့ တစ်ပတ်၊၂ပတ်ခန့်ဖြစ်ကြောင်း အယ်ဒီတာတဦးဖြစ်သူ LV Anderson က ဆိုပါတယ်။ အမျိုးသမီးအများစုဟာ တစ်ထည်မက ဝတ်ဆင်တာကြောင့် ပုံမှန်အားဖြင့် တစ်လမှာတစ်ခါတော့ လျှော်နိုင်ကြောင်း ဆက်လက်ပြောဆိုပါတယ်။

Anderson ဟာ အမျိုးသမီး ၂၀၀ ကျော်ဆီကနေ သူတို့ရဲ့ ဘရာစီယာဝတ်စားပုံ အမူအကျင့်တွေကို သိပ္ပံနည်းကျမဟုတ်တဲ့ စစ်တမ်းအနေနဲ့ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီး ၃ပုံ၁ပုံခန့်ဟာ ၂ပတ်ကြာတိုင်း သူတို့ ဘရာစီယာတွေကို လျှော်ကြောင်း၊ တစ်ဝက်နီးပါးခန့်ကတော့ ဒီထက်မက လျှော်ကြောင်း သိရပါတယ်။ (အားကစားဝတ်စုံကတော့ တစ်မျိုးတစ်ဘာသာဖြစ်ပါတယ်။ တစ်ကြိမ်ဆော့ကစားပြီးတိုင်း လျှော်တယ်လို့ သိရပါတယ်။)

စာဖတ်သူတွေဆီကနေ စစ်တမ်းကောက်ယူမှုတစ်ခုမှာတော့ ၃၇%ခန့်ဟာ တစ်လတစ်ကြိမ်လျှော်ပြီး ၇%ခန့်ကတော့ တစ်ခါဝတ်ပြီးတိုင်း လျှော်တယ်လို့ သိရပါတယ်။

တစ်ခါဝတ်ပြီးတိုင်း မလျှော်သင့်

ဘရာစီယာကို လိုတာထက်ပိုပြီး မကြာခဏ လျှော်နေခြင်းဟာ ကောင်းခြင်းထက် ဆိုးခြင်းက ပိုများတယ်လို့ ဆိုပါတယ်။ လျှော်လွန်းခြင်းကြောင့် ကျုံ့နိုင်ဆန့်နိုင်မှုလျော့သွားတဲ့အခါ ရင်သားကို ထောက်ပံ့ပေးနိုင်မှု လျော့သွားတယ်လို့ ဆိုပါတယ်။

ပုံသဏ္ဍာန်ပျက်သွားတဲ့အခါ အရွယ်အစား မတော်နိုင်တော့ဘူးလို့ Carolyn Forte ဆိုသူက ပြောပါတယ်။

ချွေးသိပ်မစိုရင် ၃-၄ခါ ဝတ်ပြီးမှ လျှော်သင့်

၃-၄ခါ ဝတ်ဆင်ပြီးချိန်မှာ လျှော်သင့်ပေမယ့် လှုပ်ရှားမှုပေါ်မှာလည်း မူတည်ပါတယ်။ ပူပြင်းပြီး ချွေးထွက်များရင် ဝတ်ပြီးတာနဲ့ လျှော်သင့်ပါတယ်။ နောက်တစ်ချက်က ခဏလောက်ပဲ ဝတ်လိုက်တာမျိုးဆိုရင် ဝတ်ဆင်တဲ့အကြိမ်ရေမှာ ထည့်တွက်စရာ မလိုပါဘူး။ လျှော်ဖွပ်ခြင်းကြောင့် ဆီချေးညှော်များ၊ ပိုးမွှားများ စုဝေးခြင်းကို ရှင်းလင်းပေးပါတယ်။ ဒါကြောင့် ဆီချေးညှော်တွေ ပိုထွက်တတ်ရင်တော့ ပိုလျှော်သင့်ပါတယ်။

ရိုးရိုးဘရာစီယာကတော့ ခဏလောက်ဝတ်ပြီး ပြန်သိမ်းထားနိုင်ပေမယ့် အားကစားချိန်မှာ ဝတ်ဆင်တဲ့ ဘရာစီယာကတော့ ဝတ်ပြီးတာနဲ့ လျှော်သင့်ပါတယ်။

လှည့်ဝတ်ဖို့အတွက် အများကြီးစိတ်မပူပါနဲ့

ဘရာစီယာရဲ့ သဘာဝအရ ဒီနေ့ဘာဝတ်တယ် နောက်နေ့ဘာဝတ်တယ် လိုက်ကြည့်ပြောစရာ မလိုပါဘူး။

ကျုံ့နိုင်ဆန့်နိုင်မှုတွေ လျော့နည်းသွားခြင်းကနေ သက်သာအောင် ဘရာအများအပြားကို အလှည့်ကျ ဝတ်သင့်ပါတယ်။ တစ်ထည်တည်းကို ၂ရက်ဆက်ဝတ်တာတော့ မကောင်းပါဘူး။ ညဘက်မှာ ချွတ်ထားလိုက်ရင် သူ့ပုံစံပြန်ရစေဖို့ အချိန်ရပါတယ်။ ၈-၉နာရီ အချိန်မရရင် နောက်တစ်ရက်လောက် ထားရပါမယ်။

အမြဲသတိပြုဖို့

ဘရာစီယာများကို ပုံမပျက်စေဖို့ နူးညံ့စွာလျှော်ဖွတ်ဖို့ လိုပါတယ်။ ဘယ်လိုလျှော်ရမလဲဆိုတာကို လမ်းညွှန်အမှတ်အသားလေးတွေမှာ စစ်ဆေးရပါမယ်။

စက်နဲ့ထည့်လျှော်မယ်ဆိုရင် အနူးညံ့ဆုံးကိုရွေးပြီး လျှော်ရပါမယ်။ ဆန်ကာအိတ်နဲ့ ထည့်လျှော်ရင် စက်ထဲမှာသိပ်ပြီး လိမ်ညှစ်တာ မကြုံရပါဘူး။

ဆန်ကာအိတ်ဟာ ချိတ်တွေ ပြုတ်မထွက်အောင်လည်း ထိန်းသိမ်းပေးပါတယ်။ ဆပ်ပြာကိုလည်း ခပ်ပျော့ပျော့ပဲ သုံးရပါမယ်။

အပူပေးအခြောက်ခံစက်ကိုရှောင်

ဒီအတိုင်းဖြန့်လှန်းတာ အကောင်းဆုံးပါပဲ။ အပူပေးပြီးခြောက်စေခြင်းဟာ ဘရာစီယာရဲ့ ပုံစံနဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ပျက်စေပါတယ်။ ချိတ်လှမ်းရင်လည်း ရှည်ထွက်လာနိုင်ပါတယ်။

ဖြန့်မလှမ်းခင် ရင်ခံခွက်တွေ တွန့်ခေါက်နေခြင်းရှိမရှိ စစ်ဆေးရပါမယ်။ ရေတွေကို ပဝါနဲ့ သုတ်တာ ကောင်းပါတယ်။ လိမ်ညှစ်တာ မလုပ်သင့်ပါ။ အားကစားဘရာစီယာတွေလည်း ဒီနည်းအတိုင်းပါပဲ။ ပုံစံတောင့်တင်းနေတယ်ထင်ရရင်တောင် တတ်နိုင်သလောက် ဂရုစိုက်ရပါမယ်။

လက်နဲ့လျှော်စရာ မလိုပါဘူး။

 

အောက်ခံအဝတ်တွေကို လက်နဲ့ပဲလျှော်သင့်တယ်ဆိုတာ မှားပါတယ်။

ဘရာစီယာတွေဟာ သိပ်ပြီးဈေးမကြီးရင်၊ အရမ်းနူးညံ့မနေနရင် စက်နဲ့ပဲ လျှော်နိုင်ပါတယ်။

စက်နဲ့လျှော်ရင် ရေအေးအေးမှာ နူးညံ့တဲ့ လျှော်ဖွပ်ပုံကိုပဲ ရွေးချယ်ပါ။ ဆန်ကာအိတ်နဲ့ ထည့်လျှော်ပါ။ ဒါဆိုရင် ပျက်စီးမှာ မပူရတော့ပါဘူး။ ဆပ်ပြာပျော့ပျော့သုံးပါ။

သူတို့ဟာ မြန်မြန်စုတ်ပြဲသွားနိုင်ပေမယ့် ဘယ်နှကြိမ်ဝတ်ရသလဲဆိုတာပဲ အဓိကပါ။

စနစ်တကျထားသိုပါ

အံဆွဲထဲမှာ စီရရီထည့်ထားပါ။ တွန့်ခေါက်ထားခြင်း၊ ဖြစ်သလိုထားခြင်းဟာ ဘရာစီယာတွေကို ပျက်စီးလွယ်စေပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

[Zawgyi]

ဘရာစီယာကို ဘယ္ေလာက္ေနရင္ တစ္ခါေလွ်ာ္သင့္လဲ

 

ဘရာစီယာကို ဘယ္ေလာက္ေနရင္ တစ္ခါေလွ်ာ္သင့္လဲ ……. တစ္ခါဝတ္ၿပီးတိုင္းလား။ တစ္ပတ္တစ္ခါလား။ ၂ပတ္ ၃ပတ္ေနမွလား။

အမွန္ေတာ့ ခဏခဏ ေလွ်ာ္ေနဖို႔ သိပ္မလိုပါဘူး။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ေလ့လာၾကည့္ရေအာင္

ဘရာစီယာဟာ အကူအညီေပးလား ဒုကၡေပးလား

ဘရာစီယာနဲ႔ ပတ္သက္တဲ့ ျဖစ္ႏိုင္ေျခ ျပႆနာေတြ ႐ွိပါတယ္။ တခ်ိဳ႕ ဘရာစီယာအမ်ိဳးအစားေတြက တျခားအမ်ိဳးအစားေတြထက္ ပိုဆိုးပါတယ္။ မေတာ္တဲ့ ဘရာစီယာဟာ ပိုၿပီး ဒုကၡေပးပါတယ္။

ဒါေပမယ့္ တင္းက်ပ္တဲ့၊ မေတာ္တဲ့ ဘရာစီယာေတြထက္ ပိုဆိုးတဲ့ အမ်ိဳးအစားကေတာ့ ပုံေဖာ္ခ်ဳပ္လုပ္ထားတဲ့ ဘရာစီယာပါပဲ။ အဲဒီအမ်ိဳးအစားေတြဟာ သတၱဳ၊ ပလတ္စတစ္ စတာေတြနဲ႔ ပုံေဖာ္ထားၿပီး ေရ႐ွည္မွာ က်န္းမာေရးကို ထိခိုက္ေစပါတယ္။

အထူးသျဖင့္ ဆိုဒ္ကို ေသခ်ာ မတိုင္းတဲ့အခါ ရင္သားေတြနာတာ၊ ပုခုံးေတြ နာတာကို ခံစားရတတ္ပါတယ္။

ဘယ္ေလာက္ဆိုရင္ မ်ားသြားမလဲ

ဘရာစီယာကို ဘယ္အခ်ိန္က ေနာက္ဆုံး ေလွ်ာ္ခဲ့ပါသလဲ။ တစ္ပတ္ေလာက္ကလား။ တစ္လေလာက္ကလား။ ဘရာစီယာနဲ႔ ပတ္သက္တဲ့ ကြၽမ္းက်င္သူတစ္ဦးျဖစ္တဲ့ Candece Etafo ကေတာ့ ၃ႀကိမ္ဝတ္ၿပီးတိုင္း ေလွ်ာ္သင့္ေၾကာင္း၊ ဆက္တိုက္မဝတ္သင့္ေၾကာင္း ဆိုခဲ့ပါတယ္။ သူတို႔ကို ဆန္႔ၿပီးသုံးရပါမယ္။ တျခား ႐ွဴးဖိနပ္ေတြ၊ အဝတ္ေတြလိုပဲ တတ္ႏိုင္သေလာက္ လွည့္သုံးရပါမယ္ လို႔ ဆိုပါတယ္။

ဘရာစီယာကို ဘယ္ေလာက္ေနရင္ တစ္ခါေလွ်ာ္သင့္လဲ

ဘရာတစ္ထည္ကို မေလွ်ာ္ဘဲ ဝတ္ရတဲ့ ပုံမွန္အခ်ိန္ကေတာ့ တစ္ပတ္၊၂ပတ္ခန္႔ျဖစ္ေၾကာင္း အယ္ဒီတာတဦးျဖစ္သူ LV Anderson က ဆိုပါတယ္။ အမ်ိဳးသမီးအမ်ားစုဟာ တစ္ထည္မက ဝတ္ဆင္တာေၾကာင့္ ပုံမွန္အားျဖင့္ တစ္လမွာတစ္ခါေတာ့ ေလွ်ာ္ႏိုင္ေၾကာင္း ဆက္လက္ေျပာဆိုပါတယ္။

Anderson ဟာ အမ်ိဳးသမီး ၂၀၀ ေက်ာ္ဆီကေန သူတို႔ရဲ႕ ဘရာစီယာဝတ္စားပုံ အမူအက်င့္ေတြကို သိပၸံနည္းက်မဟုတ္တဲ့ စစ္တမ္းအေနနဲ႔ ေကာက္ယူခဲ့တာ ျဖစ္ပါတယ္။

အမ်ိဳးသမီး ၃ပုံ၁ပုံခန္႔ဟာ ၂ပတ္ၾကာတိုင္း သူတို႔ ဘရာစီယာေတြကို ေလွ်ာ္ေၾကာင္း၊ တစ္ဝက္နီးပါးခန္႔ကေတာ့ ဒီထက္မက ေလွ်ာ္ေၾကာင္း သိရပါတယ္။ (အားကစားဝတ္စုံကေတာ့ တစ္မ်ိဳးတစ္ဘာသာျဖစ္ပါတယ္။ တစ္ႀကိမ္ေဆာ့ကစားၿပီးတိုင္း ေလွ်ာ္တယ္လို႔ သိရပါတယ္။)

စာဖတ္သူေတြဆီကေန စစ္တမ္းေကာက္ယူမႈတစ္ခုမွာေတာ့ ၃၇%ခန္႔ဟာ တစ္လတစ္ႀကိမ္ေလွ်ာ္ၿပီး ၇%ခန္႔ကေတာ့ တစ္ခါဝတ္ၿပီးတိုင္း ေလွ်ာ္တယ္လို႔ သိရပါတယ္။

တစ္ခါဝတ္ၿပီးတိုင္း မေလွ်ာ္သင့္

ဘရာစီယာကို လိုတာထက္ပိုၿပီး မၾကာခဏ ေလွ်ာ္ေနျခင္းဟာ ေကာင္းျခင္းထက္ ဆိုးျခင္းက ပိုမ်ားတယ္လို႔ ဆိုပါတယ္။ ေလွ်ာ္လြန္းျခင္းေၾကာင့္ က်ံဳ႕ႏိုင္ဆန္႔ႏိုင္မႈေလ်ာ့သြားတဲ့အခါ ရင္သားကို ေထာက္ပံ့ေပးႏိုင္မႈ ေလ်ာ့သြားတယ္လို႔ ဆိုပါတယ္။

ပုံသ႑ာန္ပ်က္သြားတဲ့အခါ အ႐ြယ္အစား မေတာ္ႏိုင္ေတာ့ဘူးလို႔ Carolyn Forte ဆိုသူက ေျပာပါတယ္။

ေခြၽးသိပ္မစိုရင္ ၃-၄ခါ ဝတ္ၿပီးမွ ေလွ်ာ္သင့္

၃-၄ခါ ဝတ္ဆင္ၿပီးခ်ိန္မွာ ေလွ်ာ္သင့္ေပမယ့္ လႈပ္႐ွားမႈေပၚမွာလည္း မူတည္ပါတယ္။ ပူျပင္းၿပီး ေခြၽးထြက္မ်ားရင္ ဝတ္ၿပီးတာနဲ႔ ေလွ်ာ္သင့္ပါတယ္။ ေနာက္တစ္ခ်က္က ခဏေလာက္ပဲ ဝတ္လိုက္တာမ်ိဳးဆိုရင္ ဝတ္ဆင္တဲ့အႀကိမ္ေရမွာ ထည့္တြက္စရာ မလိုပါဘူး။ ေလွ်ာ္ဖြပ္ျခင္းေၾကာင့္ ဆီေခ်းေညႇာ္မ်ား၊ ပိုးမႊားမ်ား စုေဝးျခင္းကို ႐ွင္းလင္းေပးပါတယ္။ ဒါေၾကာင့္ ဆီေခ်းေညႇာ္ေတြ ပိုထြက္တတ္ရင္ေတာ့ ပိုေလွ်ာ္သင့္ပါတယ္။

႐ိုး႐ိုးဘရာစီယာကေတာ့ ခဏေလာက္ဝတ္ၿပီး ျပန္သိမ္းထားႏိုင္ေပမယ့္ အားကစားခ်ိန္မွာ ဝတ္ဆင္တဲ့ ဘရာစီယာကေတာ့ ဝတ္ၿပီးတာနဲ႔ ေလွ်ာ္သင့္ပါတယ္။

လွည့္ဝတ္ဖို႔အတြက္ အမ်ားႀကီးစိတ္မပူပါနဲ႔

ဘရာစီယာရဲ႕ သဘာဝအရ ဒီေန႔ဘာဝတ္တယ္ ေနာက္ေန႔ဘာဝတ္တယ္ လိုက္ၾကည့္ေျပာစရာ မလိုပါဘူး။

က်ံဳ႕ႏိုင္ဆန္႔ႏိုင္မႈေတြ ေလ်ာ့နည္းသြားျခင္းကေန သက္သာေအာင္ ဘရာအမ်ားအျပားကို အလွည့္က် ဝတ္သင့္ပါတယ္။ တစ္ထည္တည္းကို ၂ရက္ဆက္ဝတ္တာေတာ့ မေကာင္းပါဘူး။ ညဘက္မွာ ခြၽတ္ထားလိုက္ရင္ သူ႕ပုံစံျပန္ရေစဖို႔ အခ်ိန္ရပါတယ္။ ၈-၉နာရီ အခ်ိန္မရရင္ ေနာက္တစ္ရက္ေလာက္ ထားရပါမယ္။

အၿမဲသတိျပဳဖို႔

ဘရာစီယာမ်ားကို ပုံမပ်က္ေစဖို႔ ႏူးညံ့စြာေလွ်ာ္ဖြတ္ဖို႔ လိုပါတယ္။ ဘယ္လိုေလွ်ာ္ရမလဲဆိုတာကို လမ္းၫႊန္အမွတ္အသားေလးေတြမွာ စစ္ေဆးရပါမယ္။

စက္နဲ႔ထည့္ေလွ်ာ္မယ္ဆိုရင္ အႏူးညံ့ဆုံးကိုေ႐ြးၿပီး ေလွ်ာ္ရပါမယ္။ ဆန္ကာအိတ္နဲ႔ ထည့္ေလွ်ာ္ရင္ စက္ထဲမွာသိပ္ၿပီး လိမ္ညႇစ္တာ မၾကဳံရပါဘူး။

ဆန္ကာအိတ္ဟာ ခ်ိတ္ေတြ ျပဳတ္မထြက္ေအာင္လည္း ထိန္းသိမ္းေပးပါတယ္။ ဆပ္ျပာကိုလည္း ခပ္ေပ်ာ့ေပ်ာ့ပဲ သုံးရပါမယ္။

အပူေပးအေျခာက္ခံစက္ကိုေ႐ွာင္

ဒီအတိုင္းျဖန္႔လွန္းတာ အေကာင္းဆုံးပါပဲ။ အပူေပးၿပီးေျခာက္ေစျခင္းဟာ ဘရာစီယာရဲ႕ ပုံစံနဲ႔ က်ံဳ႕ႏိုင္ဆန္႔ႏိုင္စြမ္းကို ပ်က္ေစပါတယ္။ ခ်ိတ္လွမ္းရင္လည္း ႐ွည္ထြက္လာႏိုင္ပါတယ္။

ျဖန္႔မလွမ္းခင္ ရင္ခံခြက္ေတြ တြန္႔ေခါက္ေနျခင္း႐ွိမ႐ွိ စစ္ေဆးရပါမယ္။ ေရေတြကို ပဝါနဲ႔ သုတ္တာ ေကာင္းပါတယ္။ လိမ္ညႇစ္တာ မလုပ္သင့္ပါ။ အားကစားဘရာစီယာေတြလည္း ဒီနည္းအတိုင္းပါပဲ။ ပုံစံေတာင့္တင္းေနတယ္ထင္ရရင္ေတာင္ တတ္ႏိုင္သေလာက္ ဂ႐ုစိုက္ရပါမယ္။

လက္နဲ႔ေလွ်ာ္စရာ မလိုပါဘူး။

ေအာက္ခံအဝတ္ေတြကို လက္နဲ႔ပဲေလွ်ာ္သင့္တယ္ဆိုတာ မွားပါတယ္။

ဘရာစီယာေတြဟာ သိပ္ၿပီးေဈးမႀကီးရင္၊ အရမ္းႏူးညံ့မေနနရင္ စက္နဲ႔ပဲ ေလွ်ာ္ႏိုင္ပါတယ္။

စက္နဲ႔ေလွ်ာ္ရင္ ေရေအးေအးမွာ ႏူးညံ့တဲ့ ေလွ်ာ္ဖြပ္ပုံကိုပဲ ေ႐ြးခ်ယ္ပါ။ ဆန္ကာအိတ္နဲ႔ ထည့္ေလွ်ာ္ပါ။ ဒါဆိုရင္ ပ်က္စီးမွာ မပူရေတာ့ပါဘူး။ ဆပ္ျပာေပ်ာ့ေပ်ာ့သုံးပါ။

သူတို႔ဟာ ျမန္ျမန္စုတ္ၿပဲသြားႏိုင္ေပမယ့္ ဘယ္ႏွႀကိမ္ဝတ္ရသလဲဆိုတာပဲ အဓိကပါ။

စနစ္တက်ထားသိုပါ

အံဆြဲထဲမွာ စီရရီထည့္ထားပါ။ တြန္႔ေခါက္ထားျခင္း၊ ျဖစ္သလိုထားျခင္းဟာ ဘရာစီယာေတြကို ပ်က္စီးလြယ္ေစပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
mya-villa
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service