ရှင်သန်ဖို့ ခက်ခဲနေကြပါပြီ .....

ရှင်သန်ဖို့ ခက်ခဲနေကြပါပြီ ..... - Property Knowledge in Myanmar from iMyanmarHouse.com
15 Sep 2022 12:10 pm တွင် တင်ခဲ့သည်
609 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ဘဝတွေက ရုန်းကန်နေရင်းနဲ့ အားကုန်လာကြပြီလား။ဆက်ရုန်းဖို့ ခွန်အားတို့ပျောက်ဆုံးသွားပြီလား။ ရုန်းရင်းနစ်နေတဲ့အတူတူ မရုန်းတော့ဘူးကွာဆိုပြီး ဘဝကို စုံးစုံးမြုပ်လုပ်ကုန်ကြပြီ။မနုဿတ္တဘာဝ ဒုလ္လဘတဲ့။ ရခဲလှပါသော်လည်း…။

ရခဲလှတဲ့လူဘဝ လူတိုင်းသက်တမ်းစေ့နေလိုတာပေါ့။ဘယ်သူမနေချင်ဘူးလဲ ပြောကြည့်။နေချင်ပေမယ့် နေလို့မဖြစ်တော့တဲ့ အခြေအနေမှာ အကြောက်ရွံ့ဆုံးကိစ္စကြီးတွေကို ရွေးချယ်သွားကြပါတယ်။

သိသိကြီးနဲ့ရွေးသွားကြတာ။ထွက်ပေါက်ဟာ ဒီတစ်ခုတည်းပဲလား။ဗုဒ္ဓဘာသာနိုင်ငံတဲ့ကွာ။ သိပ်ကိုရှက်စရာ ကောင်းနေပါပြီ။

ဘယ်နေရာတွေပေးကမ်းပြီး ပိုလျှံနေကြလဲ။ဘယ်သူတွေက ပေးကမ်းမှုနဲ့ အလှမ်းဝေးပြီး ငတ်ပြတ်နေကြတာလဲ။အလွန်ပိုလျှံသူတွေ တုတ်မှမလှုပ်တဲ့အချိန်မှာ..။လူလတ်တန်းစားနဲ့ သူလိုငါလို လူတွေကမှ ရှိတာလေး မျှဝေပေးနေကြပါသေးတယ်။သာဓုခေါပြီးမျက်ရည်လည်မိတယ်။

တချို့က ငတ်နေလို့ နွမ်းဖတ် ညှိုးငယ်နေသူတွေကို တတ်နိုင်တဲ့ အာဟာရလေးတွေ ဒါနပြုကြလို့ပေါ့။ ရှင်သန်ဖို့အတွက် အားကူနိုင်သူတို့က အားကူကြပါတယ်။ကြည်နူးဖွယ်မြင်ကွင်းလေးတွေကို တွေ့နေရသလို။

အများစုငတ်ပြတ်လာရင် ကျိကျိတတ်တွေလည်းမျက်ခုံးလှုပ်လာရပါလိမ့်မယ်။လူတွေဟာ မလုပ်ချင်တဲ့ အကုသိုလ်အလုပ်တွေကို လုပ်လာကြပါလိမ့်မယ်။ဒီအခါမှာ ပိုင်ဆိုင်မှုများပြားလှတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ မိမိတို့ရဲ့ပိုင်ဆိုင်မှုတွေကို ထိခိုက်လာပါလိမ့်မယ်။မဖြစ်ဘူးလို့မပြောနိုင်ပါဘူး။ဖြစ်နိုင်မလား တွေးကြည့်တာပါ။ မဖြစ်ရင်တော့ အားလုံးကောင်းတာပေါ့။

အခုအချိန်မှာသူလိုငါလိုလူကိုသာ အခြေအနေဆိုးကြီးက ဒုက္ခပေးနေပါသေးတယ်။လူတွေဟာနောက်ပိုင်းမှာ ငတ်လွန်းအားကြီးလာရင် စည်းလုံးသွားပါလိမ့်မယ်။စည်းလုံးသွားရင် အရင်ဆုံး အငတ်ပြေဖို့ အရင်လုပ်မှာပါ။

အငတ်ပြေဖို့အတွက် မငတ်တဲ့သူတွေဟာ အဓိကပစ်မှတ်ဖြစ်လာနိုင်ပါတယ်။တစ်ချီဆိုတစ်ချီ ထိထိရောက်ရောက် ဖြစ်တာမျိုးကို ကြံလာကြပါလိမ့်မယ်။အဲဒီမှာ အထိရောက်ဆုံးပစ်မှတ်က ဘယ်သူတွေ ဖြစ်လာမလဲ။ဒါကို အလေးအနက်စဉ်းစားကြဖို့ပါပဲ။

အောက်ခြေလူတန်းစားတို့အတွက် အချွေတာနိုင်ဆုံး စားသောက်ကုန်တိုင်းမှာကိုက တစ်နေ့တစ်မျိုး ဈေးနှုန်းတွေက ဆိုးဆိုးရွားရွားတတ်နေတာ ဘယ်သူလာပြီးငြိမ်နိုင်တော့မလဲ။အောက်ခြေလူတန်းစားတွေဟာ ဒုက္ခသုက္ခရောက်လွန်းပြီး ရှင်သန်ဖို့ခက်ခဲနေကြပါပြီ။

ဒီလိုအခြေအနေဆိုးကို မရင်ဆိုင်ချင်လို့ အဆုံးစီရင်ပြီး ကိုယ်လွတ်ရုန်းသွားတာတွေလည်းများလာပြီ။ကြားလို့မှ မကောင်းပါဘူး။

ကမ္ဘာမှာ အလှူနိုင်ဆုံး နိုင်ငံတစ်ခုက စားဝတ်နေရေးတွေ ဒုက္ခရောက်ကြလို့ ၊ ကူညီထောက်ပံ့မှု မရှိလို့၊ ကိုယ့်ကိုယ်ကိုယ် သက်သေရုံတင်မကဘဲ အင်မတန်ချစ်တဲ့ ကိုယ့်ရင်သွေးကိုပါ ဒုက္ခထဲမထားရက်နိုင်လို့ သေရာဆွဲခေါ်သွားတဲ့အထိ ပုံရိပ်ဆိုးတွေကို တွေ့မြင်ရတာဟာ ကြားလို့မှမကောင်းပါဘူး။ဒီလုပ်ရပ်တွေဟာ အကောင်းဆုံးထွက်ပေါက်လို့ ယူဆသွားကြရမှာလား။

ကိုယ့်ကိုယ်ကိုယ် သက်သေဖို့ တံတားပေါ်ကနေခုန်ချသွားကြတာကို စုပ်သပ်ရုံလေးနဲ့ပြီးမသွားကြဖို့ ပြောလိုပါတယ်။မသေဘူး ရှင်ရဲရမယ်ဆိုရင်တော့ အကောင်းအဆိုး စဉ်းစားနိုင်ကြပါတော့မလား။

အားလုံး ဒုက္ခကပ်ဆိုးကြီးကို လွန်မြောက်ဖို့ ကရုဏာ၊မေတ္တာ၊ကိုယ်ချင်းစာနာမူ တရားတွေနဲ့ လူသားအချင်းချင်း၊ နိုင်ငံသားအချင်းချင်း မျှဝေပေးကမ်းလို့ အားလုံးသောအပူတို့ အေးငြိမ်းဖို့လမ်းကြောင်းပေးရခြင်းပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ရွင္သန္ဖို႔ ခက္ခဲေနၾကပါၿပီ .....

ဘဝေတြက ရုန္းကန္ေနရင္းနဲ႔ အားကုန္လာၾကၿပီလား။ဆက္ရုန္းဖို႔ ခြန္အားတို႔ေပ်ာက္ဆုံးသြားၿပီလား။ ရုန္းရင္းနစ္ေနတဲ့အတူတူ မရုန္းေတာ့ဘူးကြာဆိုၿပီး ဘဝကို စုံးစုံးျမဳပ္လုပ္ကုန္ၾကၿပီ။မႏုႆတၱဘာဝ ဒုလႅဘတဲ့။ ရခဲလွပါေသာ္လည္း…။

ရခဲလွတဲ့လူဘဝ လူတိုင္းသက္တမ္းေစ့ေနလိုတာေပါ့။ဘယ္သူမေနခ်င္ဘူးလဲ ေျပာၾကည့္။ေနခ်င္ေပမယ့္ ေနလို႔မျဖစ္ေတာ့တဲ့ အေျခအေနမွာ အေၾကာက္ရြံ႕ဆုံးကိစၥႀကီးေတြကို ေရြးခ်ယ္သြားၾကပါတယ္။

သိသိႀကီးနဲ႔ေရြးသြားၾကတာ။ထြက္ေပါက္ဟာ ဒီတစ္ခုတည္းပဲလား။ဗုဒၶဘာသာႏိုင္ငံတဲ့ကြာ။ သိပ္ကိုရွက္စရာ ေကာင္းေနပါၿပီ။

ဘယ္ေနရာေတြေပးကမ္းၿပီး ပိုလွ်ံေနၾကလဲ။ဘယ္သူေတြက ေပးကမ္းမႈနဲ႔ အလွမ္းေဝးၿပီး ငတ္ျပတ္ေနၾကတာလဲ။အလြန္ပိုလွ်ံသူေတြ တုတ္မွမလႈပ္တဲ့အခ်ိန္မွာ..။လူလတ္တန္းစားနဲ႔ သူလိုငါလို လူေတြကမွ ရွိတာေလး မွ်ေဝေပးေနၾကပါေသးတယ္။သာဓုေခၚၿပီးမ်က္ရည္လည္မိတယ္။

တခ်ိဳ႕က ငတ္ေနလို႔ ႏြမ္းဖတ္ ညိႈးငယ္ေနသူေတြကို တတ္ႏိုင္တဲ့ အာဟာရေလးေတြ ဒါနျပဳၾကလို႔ေပါ့။ ရွင္သန္ဖို႔အတြက္ အားကူႏိုင္သူတို႔က အားကူၾကပါတယ္။ၾကည္ႏူးဖြယ္ျမင္ကြင္းေလးေတြကို ေတြ႔ေနရသလုိ။

အမ်ားစုငတ္ျပတ္လာရင္ က်ိက်ိတတ္ေတြလည္းမ်က္ခုံးလႈပ္လာရပါလိမ့္မယ္။လူေတြဟာ မလုပ္ခ်င္တဲ့ အကုသိုလ္အလုပ္ေတြကို လုပ္လာၾကပါလိမ့္မယ္။ဒီအခါမွာ ပိုင္ဆိုင္မႈမ်ားျပားလွတဲ့ ပုဂၢိဳလ္ေတြအေနနဲ႔ မိမိတို႔ရဲ႕ပိုင္ဆိုင္မႈေတြကို ထိခိုက္လာပါလိမ့္မယ္။မျဖစ္ဘူးလို႔မေျပာႏိုင္ပါဘူး။ျဖစ္ႏိုင္မလား ေတြးၾကည့္တာပါ။ မျဖစ္ရင္ေတာ့ အားလုံးေကာင္းတာေပါ့။

အခုအခ်ိန္မွာသူလိုငါလိုလူကိုသာ အေျခအေနဆိုးႀကီးက ဒုကၡေပးေနပါေသးတယ္။လူေတြဟာေနာက္ပိုင္းမွာ ငတ္လြန္းအားႀကီးလာရင္ စည္းလုံးသြားပါလိမ့္မယ္။စည္းလုံးသြားရင္ အရင္ဆုံး အငတ္ေျပဖို႔ အရင္လုပ္မွာပါ။

အငတ္ေျပဖို႔အတြက္ မငတ္တဲ့သူေတြဟာ အဓိကပစ္မွတ္ျဖစ္လာႏိုင္ပါတယ္။တစ္ခ်ီဆိုတစ္ခ်ီ ထိထိေရာက္ေရာက္ ျဖစ္တာမ်ိဳးကို ၾကံလာၾကပါလိမ့္မယ္။အဲဒီမွာ အထိေရာက္ဆုံးပစ္မွတ္က ဘယ္သူေတြ ျဖစ္လာမလဲ။ဒါကို အေလးအနက္စဥ္းစားၾကဖို႔ပါပဲ။

ေအာက္ေျခလူတန္းစားတို႔အတြက္ အေခၽြတာႏိုင္ဆုံး စားေသာက္ကုန္တိုင္းမွာကိုက တစ္ေန႔တစ္မ်ိဳး ေဈးႏႈန္းေတြက ဆိုးဆိုးရြားရြားတတ္ေနတာ ဘယ္သူလာၿပီးၿငိမ္ႏိုင္ေတာ့မလဲ။ေအာက္ေျခလူတန္းစားေတြဟာ ဒုကၡသုကၡေရာက္လြန္းၿပီး ရွင္သန္ဖို႔ခက္ခဲေနၾကပါၿပီ။

ဒီလိုအေျခအေနဆိုးကို မရင္ဆိုင္ခ်င္လို႔ အဆုံးစီရင္ၿပီး ကိုယ္လြတ္ရုန္းသြားတာေတြလည္းမ်ားလာၿပီ။ၾကားလို႔မွ မေကာင္းပါဘူး။

ကမၻာမွာ အလွဴႏိုင္ဆုံး ႏိုင္ငံတစ္ခုက စားဝတ္ေနေရးေတြ ဒုကၡေရာက္ၾကလို႔ ၊ ကူညီေထာက္ပံ႔မႈ မရွိလို႔၊ ကိုယ့္ကိုယ္ကိုယ္ သက္ေသရုံတင္မကဘဲ အင္မတန္ခ်စ္တဲ့ ကိုယ့္ရင္ေသြးကိုပါ ဒုကၡထဲမထားရက္ႏိုင္လို႔ ေသရာဆြဲေခၚသြားတဲ့အထိ ပုံရိပ္ဆိုးေတြကို ေတြ႔ျမင္ရတာဟာ ၾကားလို႔မွမေကာင္းပါဘူး။ဒီလုပ္ရပ္ေတြဟာ အေကာင္းဆုံးထြက္ေပါက္လို႔ ယူဆသြားၾကရမွာလား။

ကိုယ့္ကိုယ္ကိုယ္ သက္ေသဖို႔ တံတားေပၚကေနခုန္ခ်သြားၾကတာကို စုပ္သပ္ရုံေလးနဲ႔ၿပီးမသြားၾကဖို႔ ေျပာလိုပါတယ္။မေသဘူး ရွင္ရဲရမယ္ဆိုရင္ေတာ့ အေကာင္းအဆိုး စဥ္းစားႏိုင္ၾကပါေတာ့မလား။

အားလုံး ဒုကၡကပ္ဆိုးႀကီးကို လြန္ေျမာက္ဖို႔ ကရုဏာ၊ေမတၱာ၊ကိုယ္ခ်င္းစာနာမူ တရားေတြနဲ႔ လူသားအခ်င္းခ်င္း၊ ႏိုင္ငံသားအခ်င္းခ်င္း မွ်ေဝေပးကမ္းလို႔ အားလုံးေသာအပူတို႔ ေအးၿငိမ္းဖို႔လမ္းေၾကာင္းေပးရျခင္းပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
taunggyi-garden-city
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service