မြေဂရန်မူရင်း မတွေ့ရဘဲ စရန်ချမိခဲ့တဲ့ အမှား ရင်ထိတ်စရာပါလား။

မြေဂရန်မူရင်း မတွေ့ရဘဲ စရန်ချမိခဲ့တဲ့ အမှား ရင်ထိတ်စရာပါလား။ - Property Knowledge in Myanmar from iMyanmarHouse.com
15 Sep 2022 11:27 am တွင် တင်ခဲ့သည်
936 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

"ရွှေအကြောင်း ဖယောင်းမှသိ၊ လူအကြောင်း ပေါင်းမှသိ" ဟု ရှေးလူကြီးများ ဆိုရိုးစကားမှန်ကန်ကြောင်း ထပ်မံ၍ အဆိုတစ်ခု တင်သွင်းချင်ပါသည်။ “ အိမ်ခြံမြေဈေူကွက်အကြောင်းပွဲစားမှသိ ဟူသော အဆိုတစ်ရပ်ပင် ဖြစ်သည်။ “ မောင်ကောင်းဖေ ” ၏ စာဖတ်ပရိသတ်တစ်ဦးဖြစ်သော “ ဒေါ်ဝင်း ” သည် ရပ်ကွက်ပွဲစားအမျိုးတစ်ဦး အားကိုးဖြင့် မြေကွက်ဝယ်ယူရန် ရှာဖွေနေသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

“မြေကွက် အခြေအနေက စဉ်းစားချိန်မရ၊ ကိုယ်က ချ်ိန်လိုက် ပါသွားလိုက်” ရှာဖွေလေ တွေ့ရှိလေ စကားနှင့်အညီ မိမိစိတ်ကြိုက်ရပ်ကွက်တစ်ခု အတွင်းဝင်ပြီး တစ်လမ်းဝင် တစ်လမ်းထွက်ကြိုးစား ရှာဖွေခဲ့ရာ လိုချင်သည့် မြေကွက်အချို့ကို တွေ့ပါသည်။

သို့သော်အဆိုတော် ဓနုဖြူစိုးသိန်း သီချင်းထဲကလို “ ကိုယ်ကပိုးလိုက်၊ ပါသွားလိုက် ” ကိုယ်ကချိန်လိုက် လင်နောက်လိုက် ဆိုသလို” အဖြစ်မျိုးနှင့် ကြုံတွေ့နေရသည်။ မိမိက ကြိုက်သည့် မြေကွက်တွေ့လျှင် လင်ယောက်ျားဖြစ်သူနှင့် တိုင်ပင်ရသေးသည်။ လင်မယားနှစ်ဦး သဘောတူညီမှုရရှိပြီးနောက်တကယ် ဝယ်ယူတော့မည်ဟု ဆုံးဖြတ်လိုက်သည့်အခါ ပွဲစားက အားရစရာ သတင်းပို့သည်။

“ အစ်မရေ ရောင်းထွက်သွားပြီ ” ဟူသော အကြောင်းပြန်ကြားချက်ပင်ဖြစ်သည်။

“ မြေတန်ဖိုးက လျှော့ပေးတာ အကြောင်းထူးတော့ ရှိပြီသေချာ ”

လူ့သဘာဝအရ လွတ်တဲ့ငါး ပိုကြီးသည် ဟု ထင်မိသည်။ ရည်ရွယ်ထားသည့် မြေကွက်ကို မရလိုက်၍ စိတ်ထဲတွင် ဝေဒနာတစ်ခုလို ခံစားနေရသည်။ ဤသို့ဖြင့် စိတ်အားတင်း၍ ပွဲစားတစ်ဦးအား နောက်ထပ် မြေကွက်တစ်ကွက်တွေ့လျှင် အကြောင်းကြားရန် မှာခဲ့ပြီး ပြန်ခဲ့သည်။ နောက် ပွဲစားကလည်း အားကိုးရသည်။ နောက်တစ်နေ့တွင် ထောင့်ကွက်တစ်ကွက် ရောင်မည့်သူရှိကြောင်း လာကြည့်ဖို့ အကြောင်းကြားလာပြန်သည်။ ထောင့်ကွက်လည်း ဖြစ်သည်။ မိမိကြိုက်သည့် ရပ်ကွက်လည်း ဖြစ်သည်ဟု ပွဲစားကပြောသဖြင့် ဒေါ်ဝင်း ပို၍ စိတ်ဝင်စားသွားသည်။ သို့ဖြင့် အချိန်မဆိုင်းတော့ဘဲ အမှန်တကယ်နေရာကောင်း ၊ မကောင်း ကိုယ်တိုင်သွားကြည့်လိုက်သည်။ မှန်ပါသည် ထောင့်ကွက်လည်း ဖြစ်သည်။ ဈေးကလည်း (40’x60’) မြေကွက်ကို သိန်း (၁၃၀၀) ခေါ်ထားသည်။ ထောင့်ကွက်တစ်ကွက်ကို သိန်း (၁၃၀၀) နှင့် ရမည်ဟုဆိုသဖြင့် လက်ရှိ ရပ်ကွက်ပေါက်ဈေးထက်ပင် ဈေးသက်သာနေသည်။

ဤသို့ဆိုလျှင် ခြံကွက်ရောင်းသူမှာ မိမိလောက်ပင် မြေဈေးကွက်ပေါက်ဈေးကို မသိသူဖြစ်ရမည်ဟု “ ဒေါ်ဝင်း ” က တွေးလိုက်သေးသည်။ မြေကွက်အနေအထားကွင်းဆင်းကြည့်လိုက်ပြန်တော့လည်း အရှေ့ဘက်အလှည့်၊ အနောက်ဘက်ကို ကျောပေးထားသဖြင့် ပို၍သဘောကျသွားသည်။

“ ဒီလိုထောင့်ကွက်မျိုး ရှာနေတာကြာပြီ” ဟု တွေးပြီး ပီတိဖြစ်နေသည်။ ပွဲစားကတဆင့် ဈေးဆစ်လ်ိုက်ပြန်သောအခါ သိန်း (၁၂၅၀) အထိ လျှော့ပေးပြန်သည်။ “အိုကေ ဒါဆိုရင် ဝယ်တော့မည် ” ဟု စိတ်ပိုင်းဖြတ်ကာ မောင်ကောင်းဖေ အား စာချုပ်ပေးဖို့ လာခေါ်သည်။

မြေကွက်ရှိရာ ဒဂုံတက္ကသိုယ်အနီး သို့ အရောက်လှမ်းခဲ့ကြရာ ချိန်းဆိုသည့် နေရာရောက်သည်နှင့် ပွဲစားနှင့် ရောင်းသူတို့က ဝမ်းပမ်းတသာ ဆီးကြိုနေကြပါသည်။ ရှေ့နေလည်း ပါလာပြီမို့ ယခုတစ်ကြိမ်တွင် အရောင်းအဝယ်ဖြစ်ဖို့ ဦးတည်ပြီး ရောင်းသူ ဝယ်သူ နှစ်ဖက်ဆွေးနွေးကြသည်။ မြေကွက်တန်ဖိုးကမှု သိန်း (၁၂၅၀) ထက်မလျော့တော့ပေ။ ဒေါ်ဝင်း တို့ကလည်း ဝယ်ချင်နေပြီမို့ စာရွက်စာတမ်း တောင်းယူကြည့်လိုက်သည့်အခါ ဂရန်မိတ္တူသာပြသည်။ ဂရန်မူရင်းကိုမူ မပြနိုင်သေးပါ။

ဆက်စပ်စာချုပ်တွေ ကြည့်လိုက်ပြန်တော့လည်း မိတ္တူတွေကိုပဲ ပြနိုင်သည်။ ဒုတိယအကြိမ်စာချုပ်သည့် အခါမူရင်းများ ပြမည်ဟု ရောင်းသူက ကတိပြုသည်။

“ ဂရန်မိတ္တူဖြစ်သော်လည်း အရောင်းမြေပုံနှင့် ကိုယ်စားလှယ် လွှဲစာပေးဦးမှာ ”

ထိုကြောင့် စရန်ပေး စာချုပ်ဖို့ ပြင်ဆင်လိုက်သည်နှင့် ဝယ်ယူသူ ပိုင်ဆိုင်ဖို့အရေး အာမခံချက်မျာတောင်းရတော့သည်။ ရောင်းသူမှ စရန်ငွေ လက်ခံရရှိပြီးနောက် အပြီးအပိုင် အရောင်းအဝယ်စာချုပ်ချုပ်သည့်နေ့တွင် အရောင်းအဝယ်စာချုပ်ချုပ်ရန် မြေပုံ/ မြေရာဇဝင်ကို ဝယ်သူသို့ (၁၄)ရက်အတွင်း လက်ရောက်အပ်မည်ဖြစ်ကြောင်းနှင့် ထိုနေ့တွင် မှတ်ပုံတင် အထူးကိုယ်စားလှယ်လွှဲစာ လုပ်ပေးမည် ဖြစ်ကြောင်း အာမခံနေသဖြင့် မောင်ကောင်းဖေ ရောင်းသူများအပေါ်တွင် သံသယဝင်လာသည်။ သို့သော် ဒေါ်ဝင်းတို့ ဇနီးမောင်နှံက ထောင့်ကွက်ဖြစ်သည့်အတွက် လက်လွတ်မှာ စိုးရိမ်နေကြသည်။ ထို့ကြောင့် မောင်ကောင်းဖေ ရှင်းပြချိန်ပင်မရတော့ပဲ စရန်ငွေသိန်း (၁၀၀) ပေးလိုက်တော့သည်။

မောင်ကောင်းဖေစိတ်ထဲတွင် မြေဂရန်မူရင်းလည်းမပြနိုင်သည့်အပြင် မူရင်းပိုင်ရှင်ထံမှဝယ်ထားသည့် ဆက်စပ်စာချုပ်မူရင်းများလည်း မပြနိုင်ပဲ မြေကွက်ကိုလက်ညှိုးထိုးပြီး ဂရန်မိတ္တူ စာချုပ်မိတ္တူများသာ ပြသကာ အာမခံပြီး ရောင်းနေခြင်းမှာ ၎င်းတို့အနေဖြင့်တကယ့်မြေပိုင်ရှင်အစစ်များမဖြစ်နိုင်ဟု မှတ်ချက်ပြုလိုက်သည်။

သို့သော် ဝယ်သူများ၏ ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် လိုက်လျောပေးခဲ့ရသော်လည်း ရောင်းသူဘက်မှ အာမခံသကဲ့သို့ (၁၄) ရက်အတွင်း စည်ပင်မှ အရောင်းမြေပုံ ထုတ်ပေးမည်ဟု ဆိုခြင်းမှာမဖြစ်နိုင်ပါ။ ပုံမှန်အရောင်းမြေပုံကူးလျင် (၂၁) ရက်ခန့်ကြာသည်။ ယခု စရန်ငွေပေးသည့်အချိန်အထိ ၎င်းတို့လက်ထဲတွင် ဂရန်မူရင်းကမရှိသေးသည်ကို တွေ့ရသည်။ ဂရန်အမည်ပေါက်သူ၏ အမည်မှာလည်း ဌာနဆိုင်ရာမှ အကြီးအကဲတစ်ယောက်ဖြစ်နေသည်။ ထို့ကြောင့် (၁၄)ရက်အတွင်း အရောင်းမြေပုံထုတ်ယူပြီး Special Power လွှဲပေးမည်ဆိုသည်မှာ မဖြစ်နိုင်ဟု မောင်ကောင်းဖေ တစ်ထစ်ချမှတ်လိုက်သည်။ ဝယ်သူဒေါ်ဝင်းတို့ကတော့ အရောင်းမြေပုံ/ မြေရာဇဝင် စောစောရလျှင် စောစောချေမည်ဟု ထပ်မံကတိပေးခဲ့ပြီး ဂရန်မိတ္တူများသာ လက်ခံပြီး ပြန်လာခဲ့ကြရသည်။

“ ထူးထူးခြားခြားရောင်းသူက ဝယ်သူရှေ့နေသို့ အလုပ်လာအပ်ခြင်း”

သို့သော်နောက်တစ်နေ့တွင် ဝယ်သူဘက်မှ ကျန်ငွေပေးချေရမည့်ရက်ကိုပင် မစောင့်တော့ဘဲ နောက်တနေ့ နံနက် (၈) နာရီတွင် ရောင်းသူများမှ မောင်ကောင်းဖေ ရုံးခန်းသို့ အုပ်စုလိုက်ရောက်လာကြသည်။ ဝယ်သူဒေါ်ဝင်းအားရောင်းချလိုက်သောဂရန်မြေကွက်အမည်ပေါက်သူမှာ သေသွားပြီဟု သိရသဖြင့် ဆက်လက်ဆောင်ရွက်မပေးနိုင်တော့ကြောင်း မောင်ကောင်းဖေ အနေဖြင့် ဂရန်အမည်ပေါက်သည်အထိ ဆောင်ရွက်ပေးရန် အလုပ်အပ်နှံလို၍လာကြခြင်း ဖြစ်ကြောင်း ပြောပါသည်။

ရောင်းသူများမှာ အိမ်ခြံမြေဝယ်ရောင်းပွဲစားများဖြစ်၍ ဝယ်သူအမည်ပေါက်ရသည်အထိ ဆောင်ရွက်ပေးနိုင်ရန်မှာ မလွယ်ကူလှသည်ကို သိရှိသွားကြပုံပေါ်သည်။ ထို့ကြောင့် ၎င်းတို့ အပူထုပ်ကို ဝယ်သူရှေ့နေခေါင်းပေါ်သို့ လာတင်ရန် ကြိုးစားကြခြင်းဖြစ်သည်ကို မောင်ကောင်းဖေ သဘောပေါက်သည်။

မောင်ကောင်းဖေအနေဖြင့် ယင်းသို့အတွေ့အကြုံမျိုးမှာ ရိုးနေပြီဖြစ်သည်။ ဝယ်ရောင်းပွဲစားများမှာ ဂရန်မြေကို ပါမစ်မြေ ရောင်းဝယ်သကဲ့သို့ လွယ်ကူမည်အထင်ဖြင့် ကတိလွယ်လွယ်ပေးခဲ့တတ်ကြသည်။ ပါမစ်မြေကဲ့သို့ စရန်များများချပြီး အပြီးငွေချေရမည့်ရက်ကို (၁) လခန့်ခွာချိန်းပြီး နောက်ဝယ်လက်ကို အမြန်ရှာကာ (၁၄) ရက်အတွင်း အမြက်တင်ပြန်ရောင်းကြလေ့ရိသည်။ နောက်ဝယ်သူထံမှ ငွေများကိုယူကာ ပထမစရန်ပေးသူကိုငွေချေပြီး ဂရန်ယူကာ နောက်ဝယ်သူကို လက်လွှဲလက်ပြောင်းပေးလိုက်မည် ဟူသော အတွေးဖြင့် ကတိအလွယ်ပေးခဲ့ကြပုံရသည်။ သို့သော် ဂရန်အမည်ပေါက်သူမှာ သေသွားပြီဟု သိရသောအခါ (၁၄)ရက်အတွင်း စည်ပင်မှ အရောင်းမြေပုံ ထုတ်ယူမရနိုင်သည်ကို သိသွားကြသည်။

အမည်ပေါက်သေသွားလျင် စည်ပင်မှအမွေဆက်ခံပိုင်ဆိုင်ကြောင်းမြေပုံကူးကာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုပြီးမှ ပြန်ရောင်းရပါသည်။ အချိန်အားဖြင့် (၂)လခွဲခန့် အနည်းဆုံးကြာနိုင်သည်။

ထို့ကြောင့် စရန်ငွေ(၂)ဆ ပြန်မပေးလို၍ ဝယ်သူ၏ ရှေ့နေမောင်ကောင်းဖေထံ ပရိယာယ်ဆင်၍ ရောက်လာကြခြင်းဖြစ်သည်။ အမှန်ဆိုရလျှင် ဝယ်သူဒေါ်ဝင်းတို့ အနေဖြင့်လည်း အရှုပ်အရှင်းကင်းသည့် မြေကွက်မျိုးကိုသာ ဝယ်ယူရန် ဆုံးဖြတ်ထားသူများဖြစ်ကြသည်။ ယင်းအတွက်ကြောင့်လည်း ရှေ့နေခေါ်၍ စာချုပ်ခြင်းဖြစ်သည်။ ထို့ပြင်၎င်းတို့မှာ ဂုဏ်သရေရှိလူကြီးများဖြစ်သဖြင့် ဂရန်ပေးစာချုပ်ပါအတိုင်း စရန်ငွေ၏ (၂)ဆကိုလည်း လိုချင်ကြသူများမဟုတ်ပေ။ ထို့ကြောင့် မိမိတို့ပေးထားသော စရန်ငွေ သိန်း (၁၀၀) ပြန်တောင်း၍ အရောင်းအဝယ်ကို ဖျက်သိမ်းလိုက်ပါသည်။

ဝယ်ရောင်းပွဲစားများကတော့ သာဓု…….. အကြိမ်ကြိမ်ခေါ်ကာ နှုတ်ဆက်ကျန်ခဲ့ကြပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

ေျမဂရန္မူရင္း မေတြ႕ရဘဲ စရန္ခ်မိခဲ့တဲ့ အမွား ရင္ထိတ္စရာပါလား။

 

"ေရႊအေၾကာင္း ဖေယာင္းမွသိ၊ လူအေၾကာင္း ေပါင္းမွသိ" ဟု ေရွးလူႀကီးမ်ား ဆို႐ိုးစကားမွန္ကန္ေၾကာင္း ထပ္မံ၍ အဆိုတစ္ခု တင္သြင္းခ်င္ပါသည္။ “ အိမ္ျခံေျမေဈူကြက္အေၾကာင္းပြဲစားမွသိ ဟူေသာ အဆိုတစ္ရပ္ပင္ ျဖစ္သည္။ “ ေမာင္ေကာင္းေဖ ” ၏ စာဖတ္ပရိသတ္တစ္ဦးျဖစ္ေသာ “ ေဒၚဝင္း ” သည္ ရပ္ကြက္ပြဲစားအမ်ိဳးတစ္ဦး အားကိုးျဖင့္ ေျမကြက္ဝယ္ယူရန္ ရွာေဖြေနသည္မွာ ၾကာခဲ့ၿပီ ျဖစ္သည္။

“ေျမကြက္ အေျခအေနက စဥ္းစားခ်ိန္မရ၊ ကိုယ္က ခ်ိ္န္လိုက္ ပါသြားလိုက္” ရွာေဖြေလ ေတြ႕ရွိေလ စကားႏွင့္အညီ မိမိစိတ္ႀကိဳက္ရပ္ကြက္တစ္ခု အတြင္းဝင္ၿပီး တစ္လမ္းဝင္ တစ္လမ္းထြက္ႀကိဳးစား ရွာေဖြခဲ့ရာ လိုခ်င္သည့္ ေျမကြက္အခ်ိဳ႕ကို ေတြ႕ပါသည္။

သို႕ေသာ္အဆိုေတာ္ ဓႏုျဖဴစိုးသိန္း သီခ်င္းထဲကလို “ ကိုယ္ကပိုးလိုက္၊ ပါသြားလိုက္ ” ကိုယ္ကခ်ိန္လိုက္ လင္ေနာက္လိုက္ ဆိုသလို” အျဖစ္မ်ိဳးႏွင့္ ၾကံဳေတြ႕ေနရသည္။ မိမိက ႀကိဳက္သည့္ ေျမကြက္ေတြ႕လွ်င္ လင္ေယာက်ာ္းျဖစ္သူႏွင့္ တိုင္ပင္ရေသးသည္။ လင္မယားႏွစ္ဦး သေဘာတူညီမႈရရွိၿပီးေနာက္တကယ္ ဝယ္ယူေတာ့မည္ဟု ဆံုးျဖတ္လိုက္သည့္အခါ ပြဲစားက အားရစရာ သတင္းပို႔သည္။

“ အစ္မေရ ေရာင္းထြက္သြားၿပီ ” ဟူေသာ အေၾကာင္းျပန္ၾကားခ်က္ပင္ျဖစ္သည္။

“ ေျမတန္ဖိုးက ေလွ်ာ့ေပးတာ အေၾကာင္းထူးေတာ့ ရွိၿပီေသခ်ာ ”

လူ႔သဘာဝအရ လြတ္တဲ့ငါး ပိုႀကီးသည္ ဟု ထင္မိသည္။ ရည္ရြယ္ထားသည့္ ေျမကြက္ကို မရလိုက္၍ စိတ္ထဲတြင္ ေဝဒနာတစ္ခုလို ခံစားေနရသည္။ ဤသို႔ျဖင့္ စိတ္အားတင္း၍ ပြဲစားတစ္ဦးအား ေနာက္ထပ္ ေျမကြက္တစ္ကြက္ေတြ႕လွ်င္ အေၾကာင္းၾကားရန္ မွာခဲ့ၿပီး ျပန္ခဲ့သည္။ ေနာက္ ပြဲစားကလည္း အားကိုးရသည္။ ေနာက္တစ္ေန႕တြင္ ေထာင့္ကြက္တစ္ကြက္ ေရာင္မည့္သူရွိေၾကာင္း လာၾကည့္ဖို႔ အေၾကာင္းၾကားလာျပန္သည္။ ေထာင့္ကြက္လည္း ျဖစ္သည္။ မိမိႀကိဳက္သည့္ ရပ္ကြက္လည္း ျဖစ္သည္ဟု ပြဲစားကေျပာသျဖင့္ ေဒၚဝင္း ပို၍ စိတ္ဝင္စားသြားသည္။ သို႕ျဖင့္ အခ်ိန္မဆိုင္းေတာ့ဘဲ အမွန္တကယ္ေနရာေကာင္း ၊ မေကာင္း ကိုယ္တိုင္သြားၾကည့္လိုက္သည္။ မွန္ပါသည္ ေထာင့္ကြက္လည္း ျဖစ္သည္။ ေဈးကလည္း (40’x60’) ေျမကြက္ကို သိန္း (၁၃၀၀) ေခၚထားသည္။ ေထာင့္ကြက္တစ္ကြက္ကို သိန္း (၁၃၀၀) ႏွင့္ ရမည္ဟုဆိုသျဖင့္ လက္ရွိ ရပ္ကြက္ေပါက္ေဈးထက္ပင္ ေဈးသက္သာေနသည္။

ဤသို႔ဆိုလွ်င္ ျခံကြက္ေရာင္းသူမွာ မိမိေလာက္ပင္ ေျမေဈးကြက္ေပါက္ေဈးကို မသိသူျဖစ္ရမည္ဟု “ ေဒၚဝင္း ” က ေတြးလိုက္ေသးသည္။ ေျမကြက္အေနအထားကြင္းဆင္းၾကည့္လိုက္ျပန္ေတာ့လည္း အေရွ႕ဘက္အလွည့္၊ အေနာက္ဘက္ကို ေက်ာေပးထားသျဖင့္ ပို၍သေဘာက်သြားသည္။ “ ဒီလိုေထာင့္ကြက္မ်ိဳး ရွာေနတာၾကာၿပီ” ဟု ေတြးၿပီး ပီတိျဖစ္ေနသည္။ ပြဲစားကတဆင့္ ေဈးဆစ္လိ္ုက္ျပန္ေသာအခါ သိန္း (၁၂၅၀) အထိ ေလွ်ာ့ေပးျပန္သည္။ “အိုေက ဒါဆိုရင္ ဝယ္ေတာ့မည္ ” ဟု စိတ္ပိုင္းျဖတ္ကာ ေမာင္ေကာင္းေဖ အား စာခ်ဳပ္ေပးဖို႕ လာေခၚသည္။

ေျမကြက္ရွိရာ ဒဂံုတကၠသိုယ္အနီး သို႔ အေရာက္လွမ္းခဲ့ၾကရာ ခ်ိန္းဆိုသည့္ ေနရာေရာက္သည္ႏွင့္ ပြဲစားႏွင့္ ေရာင္းသူတို႕က ဝမ္းပမ္းတသာ ဆီးႀကိဳေနၾကပါသည္။ ေရွ႕ေနလည္း ပါလာၿပီမို႕ ယခုတစ္ႀကိမ္တြင္ အေရာင္းအဝယ္ျဖစ္ဖို႕ ဦးတည္ၿပီး ေရာင္းသူ ဝယ္သူ ႏွစ္ဖက္ေဆြးေႏြးၾကသည္။ ေျမကြက္တန္ဖိုးကမႈ သိန္း (၁၂၅၀) ထက္မေလ်ာ့ေတာ့ေပ။ ေဒၚဝင္း တို႔ကလည္း ဝယ္ခ်င္ေနၿပီမို႕ စာရြက္စာတမ္း ေတာင္းယူၾကည့္လိုက္သည့္အခါ ဂရန္မိတၱဴသာျပသည္။ ဂရန္မူရင္းကိုမူ မျပႏိုင္ေသးပါ။

ဆက္စပ္စာခ်ဳပ္ေတြ ၾကည့္လိုက္ျပန္ေတာ့လည္း မိတၱဴေတြကိုပဲ ျပႏိုင္သည္။ ဒုတိယအႀကိမ္စာခ်ဳပ္သည့္ အခါမူရင္းမ်ား ျပမည္ဟု ေရာင္းသူက ကတိျပဳသည္။

“ ဂရန္မိတၱဴျဖစ္ေသာ္လည္း အေရာင္းေျမပံုႏွင့္ ကိုယ္စားလွယ္ လႊဲစာေပးဦးမွာ ”

ထိုေၾကာင့္ စရန္ေပး စာခ်ဳပ္ဖို႔ ျပင္ဆင္လိုက္သည္ႏွင့္ ဝယ္ယူသူ ပိုင္ဆိုင္ဖို႔အေရး အာမခံခ်က္မ်ာေတာင္းရေတာ့သည္။ ေရာင္းသူမွ စရန္ေငြ လက္ခံရရွိၿပီးေနာက္ အၿပီးအပိုင္ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္သည့္ေန႔တြင္ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ရန္ ေျမပံု/ ေျမရာဇဝင္ကို ဝယ္သူသို႔ (၁၄)ရက္အတြင္း လက္ေရာက္အပ္မည္ျဖစ္ေၾကာင္းႏွင့္ ထိုေန႕တြင္ မွတ္ပံုတင္ အထူးကိုယ္စားလွယ္လႊဲစာ လုပ္ေပးမည္ ျဖစ္ေၾကာင္း အာမခံေနသျဖင့္ ေမာင္ေကာင္းေဖ ေရာင္းသူမ်ားအေပၚတြင္ သံသယဝင္လာသည္။ သို႕ေသာ္ ေဒၚဝင္းတို႕ ဇနီးေမာင္ႏွံက ေထာင့္ကြက္ျဖစ္သည့္အတြက္ လက္လြတ္မွာ စိုးရိမ္ေနၾကသည္။ ထို႔ေၾကာင့္ ေမာင္ေကာင္းေဖ ရွင္းျပခ်ိန္ပင္မရေတာ့ပဲ စရန္ေငြသိန္း (၁၀၀) ေပးလိုက္ေတာ့သည္။

ေမာင္ေကာင္းေဖစိတ္ထဲတြင္ ေျမဂရန္မူရင္းလည္းမျပႏိုင္သည့္အျပင္ မူရင္းပိုင္ရွင္ထံမွဝယ္ထားသည့္ ဆက္စပ္စာခ်ဳပ္မူရင္းမ်ားလည္း မျပႏိုင္ပဲ ေျမကြက္ကိုလက္ၫွိဳးထိုးၿပီး ဂရန္မိတၱဴ စာခ်ဳပ္မိတၱဴမ်ားသာ ျပသကာ အာမခံၿပီး ေရာင္းေနျခင္းမွာ ၎တို႕အေနျဖင့္တကယ့္ေျမပိုင္ရွင္အစစ္မ်ားမျဖစ္ႏိုင္ဟု မွတ္ခ်က္ျပဳလိုက္သည္။

သို႕ေသာ္ ဝယ္သူမ်ား၏ ဆႏၵကို မလြန္ဆန္ႏိုင္သျဖင့္ လိုက္ေလ်ာေပးခဲ့ရေသာ္လည္း ေရာင္းသူဘက္မွ အာမခံသကဲ့သို႕ (၁၄) ရက္အတြင္း စည္ပင္မွ အေရာင္းေျမပံု ထုတ္ေပးမည္ဟု ဆိုျခင္းမွာမျဖစ္ႏိုင္ပါ။ ပံုမွန္အေရာင္းေျမပံုကူးလ်င္ (၂၁) ရက္ခန္႕ၾကာသည္။ ယခု စရန္ေငြေပးသည့္အခ်ိန္အထိ ၎တို႕လက္ထဲတြင္ ဂရန္မူရင္းကမရွိေသးသည္ကို ေတြ႕ရသည္။ ဂရန္အမည္ေပါက္သူ၏ အမည္မွာလည္း ဌာနဆိုင္ရာမွ အႀကီးအကဲတစ္ေယာက္ျဖစ္ေနသည္။ ထို႕ေၾကာင့္ (၁၄)ရက္အတြင္း အေရာင္းေျမပံုထုတ္ယူၿပီး Special Power လႊဲေပးမည္ဆိုသည္မွာ မျဖစ္ႏိုင္ဟု ေမာင္ေကာင္းေဖ တစ္ထစ္ခ်မွတ္လိုက္သည္။ ဝယ္သူေဒၚဝင္းတို႕ကေတာ့ အေရာင္းေျမပံု/ ေျမရာဇဝင္ ေစာေစာရလွ်င္ ေစာေစာေခ်မည္ဟု ထပ္မံကတိေပးခဲ့ၿပီး ဂရန္မိတၱဴမ်ားသာ လက္ခံၿပီး ျပန္လာခဲ့ၾကရသည္။

“ ထူးထူးျခားျခားေရာင္းသူက ဝယ္သူေရွ႕ေနသို႕ အလုပ္လာအပ္ျခင္း”

သို႔ေသာ္ေနာက္တစ္ေန႕တြင္ ဝယ္သူဘက္မွ က်န္ေငြေပးေခ်ရမည့္ရက္ကိုပင္ မေစာင့္ေတာ့ဘဲ ေနာက္တေန႕ နံနက္ (၈) နာရီတြင္ ေရာင္းသူမ်ားမွ ေမာင္ေကာင္းေဖ ႐ုံးခန္းသို႕ အုပ္စုလိုက္ေရာက္လာၾကသည္။ ဝယ္သူေဒၚဝင္းအားေရာင္းခ်လိုက္ေသာဂရန္ေျမကြက္အမည္ေပါက္သူမွာ ေသသြားၿပီဟု သိရသျဖင့္ ဆက္လက္ေဆာင္ရြက္မေပးႏိုင္ေတာ့ေၾကာင္း ေမာင္ေကာင္းေဖ အေနျဖင့္ ဂရန္အမည္ေပါက္သည္အထိ ေဆာင္ရြက္ေပးရန္ အလုပ္အပ္ႏွံလို၍လာၾကျခင္း ျဖစ္ေၾကာင္း ေျပာပါသည္။

ေရာင္းသူမ်ားမွာ အိမ္ျခံေျမဝယ္ေရာင္းပြဲစားမ်ားျဖစ္၍ ဝယ္သူအမည္ေပါက္ရသည္အထိ ေဆာင္ရြက္ေပးႏိုင္ရန္မွာ မလြယ္ကူလွသည္ကို သိရွိသြားၾကပံုေပၚသည္။ ထို႔ေၾကာင့္ ၎တို႕ အပူထုပ္ကို ဝယ္သူေရွ႕ေနေခါင္းေပၚသို႕ လာတင္ရန္ ႀကိဳးစားၾကျခင္းျဖစ္သည္ကို ေမာင္ေကာင္းေဖ သေဘာေပါက္သည္။

ေမာင္ေကာင္းေဖအေနျဖင့္ ယင္းသို႕အေတြ႕အၾကံဳမ်ိဳးမွာ ႐ိုးေနၿပီျဖစ္သည္။ ဝယ္ေရာင္းပြဲစားမ်ားမွာ ဂရန္ေျမကို ပါမစ္ေျမ ေရာင္းဝယ္သကဲ့သို႕ လြယ္ကူမည္အထင္ျဖင့္ ကတိလြယ္လြယ္ေပးခဲ့တတ္ၾကသည္။ ပါမစ္ေျမကဲ့သို႔ စရန္မ်ားမ်ားခ်ၿပီး အၿပီးေငြေခ်ရမည့္ရက္ကို (၁) လခန္႔ခြာခ်ိန္းၿပီး ေနာက္ဝယ္လက္ကို အျမန္ရွာကာ (၁၄) ရက္အတြင္း အျမက္တင္ျပန္ေရာင္းၾကေလ့ရိသည္။ ေနာက္ဝယ္သူထံမွ ေငြမ်ားကိုယူကာ ပထမစရန္ေပးသူကိုေငြေခ်ၿပီး ဂရန္ယူကာ ေနာက္ဝယ္သူကို လက္လႊဲလက္ေျပာင္းေပးလိုက္မည္ ဟူေသာ အေတြးးျဖင့္ ကတိအလြယ္ေပးခဲ့ၾကပံုရသည္။ သို႕ေသာ္ ဂရန္အမည္ေပါက္သူမွာ ေသသြားၿပီဟု သိရေသာအခါ (၁၄)ရက္အတြင္း စည္ပင္မွ အေရာင္းေျမပံု ထုတ္ယူမရႏိုင္သည္ကို သိသြားၾကသည္။

အမည္ေပါက္ေသသြားလ်င္ စည္ပင္မွအေမြဆက္ခံပိုင္ဆိုင္ေၾကာင္းေျမပံုကူးကာ စာခ်ဳပ္စာတမ္း မွတ္ပံုတင္႐ုံးတြင္ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္ခ်ဳပ္ဆိုၿပီးမွ ျပန္ေရာင္းရပါသည္။ အခ်ိန္အားျဖင့္ (၂)လခြဲခန္႕ အနည္းဆံုးၾကာႏိုင္သည္။

ထို႕ေၾကာင့္ စရန္ေငြ(၂)ဆ ျပန္မေပးလို၍ ဝယ္သူ၏ ေရွ႕ေနေမာင္ေကာင္းေဖထံ ပရိယာယ္ဆင္၍ ေရာက္လာၾကျခင္းျဖစ္သည္။ အမွန္ဆိုရလွ်င္ ဝယ္သူေဒၚဝင္းတို႕ အေနျဖင့္လည္း အရႈပ္အရွင္းကင္းသည့္ ေျမကြက္မ်ိဳးကိုသာ ဝယ္ယူရန္ ဆံုးျဖတ္ထားသူမ်ားျဖစ္ၾကသည္။ ယင္းအတြက္ေၾကာင့္လည္း ေရွ႕ေနေခၚ၍ စာခ်ဳပ္ျခင္းျဖစ္သည္။ ထို႔ျပင္၎တို႕မွာ ဂုဏ္သေရရွိလူႀကီးမ်ားျဖစ္သျဖင့္ ဂရန္ေပးစာခ်ဳပ္ပါအတိုင္း စရန္ေငြ၏ (၂)ဆကိုလည္း လိုခ်င္ၾကသူမ်ားမဟုတ္ေပ။ ထို႕ေၾကာင့္ မိမိတို႕ေပးထားေသာ စရန္ေငြ သိန္း (၁၀၀) ျပန္ေတာင္း၍ အေရာင္းအဝယ္ကို ဖ်က္သိမ္းလိုက္ပါသည္။

ဝယ္ေရာင္းပြဲစားမ်ားကေတာ့ သာဓု…….. အႀကိမ္ႀကိမ္ေခၚကာ နႈတ္ဆက္က်န္ခဲ့ၾကပါေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

လႊတ္ေတာ္ေ႐ွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
taunggyi-garden-city
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service