ပီရူးနိုင်ငံက ရောင်စဉ် ၇ သွယ် တောင်တန်းကြီး

ပီရူးနိုင်ငံက ရောင်စဉ် ၇ သွယ် တောင်တန်းကြီး - Property News in Myanmar from iMyanmarHouse.com
14 Sep 2022 11:17 am တွင် တင်ခဲ့သည်
459 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သက်တန့်ပေါ်တွင် လမ်းလျှောက်ရန် စိတ်ကူးယဉ်ဖူးပါသလား။ သင်၏အတွေး လက်တွေ့ဖြစ်နိုင်ပါသည်။

သင်လုပ်ဆောင်ရမည်မှာ ပီရူးနိုင်ငံသို့ လေယာဉ်လက်မှတ်တစ်စောင် ဝယ်လိုက်ရန်သာ ဖြစ်၏။

တောင်အမေရိကတိုက်တွင် တည်ရှိသော ပီရူးနိုင်ငံသည် အံ့မခန်း သဘာဝရှုခင်းများ ပေါကြွယ်ဝသည့်နေရာဖြစ်ပြီး ယင်းတို့အနက် အထင်ရှားဆုံးမှာ အင်စတာဂရမ်လူမှုကွန်ရက်တွင် နာမည်ကြီးနေသော အရောင်အသွေးစုံလှသည့် သက်တန့်တောင်တန်းသာ ဖြစ်ဖွယ်ရှိသည်။

သက်တန့်တောင်တန်းကြီးကို သင်သွားရောက်လည်ပတ်ရန် အသင့်ဖြစ်နေပြီဆိုပါက အောက်တွင် ထိုတောင်တန်းကြီးနှင့် ပတ်သက်၍ သင်သိလိုသမျှကို ဖော်ပြပေးထားပြီး သင်၏လူမှုကွန်ရက်အကောင့်တွင် တင်ရန် အကောင်းဆုံးဓာတ်ပုံရရှိရေး မည်သို့ရိုက်ကူးရမည်ကိုလည်း ဖော်ပြပေးလိုက်ပါသည်။

(ပီရူးနိုင်ငံမှ သက်တန့်တောင်တန်းကြီးအကြောင်း သိကောင်းစရာများ)

သက်တန့်တောင်တန်း၏ အမည်မှာ Montaña de Siete Colores (ရောင်စဉ် ၇ သွယ်တောင်တန်းဟု အဓိပ္ပာယ်ရ) ဖြစ်ပြီး ပီရူးနိုင်ငံ၊ Cusco ဒေသ ၊ အင်ဒီးစ်တောင်တန်းကြီးပေါ်တွင် တည်ရှိသည်။

သက်တန့်တောင်တန်းက ဘာကြောင့် ရောင်စုံဖြစ်နေတာလဲ။ ပထမဆုံးပြောလိုသည်မှာ အင်တာနက်တွင် တွေ့သမျှ ဓာတ်ပုံများကို သတိထားပါ။ ဓာတ်ပုံများကို Photoshop ဖြင့် ပြုပြင်ကာ တောက်ပပြီး အရောင်သွေးစုံအောင် ပြုလုပ်ထားခြင်းမျိုးဖြစ်နိုင်သည်။ သို့သော် သက်တန့်တောင်တန်း၏ လက်တွေ့ပြင်ပမြင်ကွင်းမှာ ဓာတ်ပုံများနှင့် ကွဲလွဲခြင်း မရှိချေ။

တောင်စောင်းများတစ်လျှောက် အဝါ၊ အစိမ်း၊ အနီ ၊ ခရမ်းအစရှိသဖြင့် ရောင်စုံခြယ်ဖြစ်နေပြီး သဘာဝလွန် မြင်ကွင်းမျိုး ဖြစ်နေသည်။

(တောင်တန်းကြီး ရောင်စုံဖြစ်ရသည့်အကြောင်းရင်း) တောင်တန်းတစ်လျှောက် ရောင်စုံဖြစ်နေရသည့် အကြောင်းရင်းမှာ တောင်တန်းပေါ်တွင် ဖုံးလွှမ်းနေလေ့ရှိသည့် ရေခဲများကြောင့်ဖြစ်သည်ဟု ဆိုသည်။ ရေခဲများ အရည်ပျော်ချိန်တွင် အောက်ခံမြေသားရှိ သတ္တုဓာတ်များနှင့် ဓာတ်ပြုကာ ယနေ့ သင်မြင်တွေ့နေရသော ရောင်စုံတောင်တန်းကြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အနီရောင်ပေါ်ပေါက်နေသောနေရာများမှာ သံချေးဖြစ်သွားသောဓာတ်များဖြစ်ပြီး သံ ဆာလ်ဖိုဒ်ကြောင့် အဝါရောင်၊ gothite (သို့မဟုတ်) oxidized limonite ကြောင့် ခရမ်းရောင်နှင့် ကလိုရိုဒ်ကြောင့် အစိမ်းရောင်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

(သက်တန့်တောင်တန်းကို သွားရောက်လည်ပတ်ရန် အကောင်းဆုံးအချိန်)

ရာသီဥတုအခြေအနေကြောင့် သက်တန့်တောင်တန်းတွင် သင်တွေ့မြင်ရမည့်မြင်ကွင်းမှာ ကွဲပြားခြားနားမှုများ ကြီးမားစွာရှိနိုင်ကြောင်း သတိပြုရန် အရေးကြီးပါသည်။

ရာသီဥတုပူနွေးသော လများတွင် သွားရောက်လည်ပတ်ရန် စီစဉ်ခြင်းမှာ အကောင်းဆုံးဖြစ်ပါသည်။

မိုးရွာ (သို့မဟုတ်) နှင်းကျနေပါက တောင်ပေါ်လမ်းများကိုတက်ရန် ပိုမိုခက်ခဲမည့်အပြင် တောင်တန်း၏မြင်ကွင်း အရောင်အသွေးမှာလည်း စိတ်ပျက်ဖွယ်ကောင်းမည် ဖြစ်သည်။ ထိုနည်းတူ နေအလွန်ပြင်းသောနေ့များ (သို့မဟုတ်) မွန်းတည့်ချိန်ဝန်းကျင်ခန့်ကာလများတွင် ဓာတ်ပုံရိုက်မည်ဆိုပါက အလင်းများသောကြောင့် ဓာတ်ပုံပျက်နိုင်ပါသည်။

လည်ပတ်ရန် အကောင်းဆုံးအချိန်မှာ မနက်ပိုင်း (သို့မဟုတ်) ညနေပိုင်း အချိန်များဖြစ်ပြီး နံနက်ခင်းနေထွက်စအချိန် (သို့မဟုတ်) နေမဝင်မီအချိန်များကား အကောင်းဆုံးဖြစ်သည်။

သက်တန့်တောင်တန်းသို့ မတ်လမှ နိုဝင်ဘာလအကြား (သို့မဟုတ်) ဇွန်လမှ သြဂုတ်လများအကြားတွင် လည်ပတ်ရန် အကြံပြုလိုပါသည်။ ထိုကာလများတွင် ကောင်းကင်သည်ကြည်လင်ကာ ရာသီဥတုမှ သာယာလှသည်။

(သက်တန့်တောင်တန်းကို ဘယ်လိုသွားမလဲ)

သက်တန့်တောင်တန်းသို့ သွားလိုသူများသည် ဦးစွာအားဖြင့် ပီရူးနိုင်ငံ၊ Cusco မြို့သို့ ဦးစွာသွားသင့်သည်။

Cusco မြို့မှတဆင့် တောင်ဘက် ၆၅ မိုင်အကွာတွင်ရှိသော Pitumarca တောင်ခြေမြို့ကလေးသို့ ၂ နာရီမှ ၃ နာရီကြား ကားစီးရမည် ဖြစ်သည်။ Potumarca သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၁၇၁၂ ပေအမြင့်တွင် တည်ရှိသည်။

ယင်းနောက် တောင်ခြေသို့ ရောက်ရန် လမ်းကြောင်း ၂ ခုရှိပြီး လမ်းကြောင်းရှည် (Qesoyuno) နှင့် လမ်းကြောင်းတို (Lama Chimpana) ဟူ၍ ရှိသည်။

သင့်ယာဉ်မောင်းနှင့် ရာသီဥတုအပေါ်မူတည်ပြီး ကြာချိန်မှာ ကွဲပြားမည် ဖြစ်သည်။ သက်တန့်တောင်တန်းသို့ သွားမည့် tour ခရီးစဉ်များကို အွန်လိုင်းမှတဆင့် ဝယ်ယူနိုင်ပြီး ၂၅ ဒေါ်လာမှ ဒေါ်လာ ၁၀၀ အကြား အမျိုးမျိုးရှိသည်။

တောင်ပေါ်သို့ စတင်တက်လေ့ရှိသည့်အချိန်အများစုမှာ နံနက် ၃ နာရီခန့်တွင် ဖြစ်သည်။

(တောင်တက်ခြင်း)

တောင်ခြေသို့ ရောက်ပြီဆိုလျှင် တောင်ပေါ်သို့ ရောက်ရန် ၂ နာရီမှ ၃ နာရီအထိ တက်ရမည် ဖြစ်ပြီး အောက်ပြန်ဆင်းရန် ၃ နာရီကြာမည် ဖြစ်သည်။

ထိုခရီးစဉ်မှာ အလွန်စိန်ခေါ်မှုရှိသည်။ ထို့ကြောင့် တောင်တက်အတွေ့အကြုံမရှိသူများကို သွားရန် အားမပေးပါ။

အရေးကြီးသည့် သတိပြုရန်အချက်မှာ တောင်တန်းကြီးသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၆၀၀၀ ကျော် (အတိအကျဆိုရလျှင် ၁၇၀၆၀ ပေ) တွင် တည်ရှိသည်ဖြစ်ရာ ရေများများယူဆောင်သွားရမည့်အပြင် တောင်တက်၊ တောင်ဆင်းခရီးများအတွက် လိုအပ်သည်များကို ပြင်ဆင်သွားရန် လိုပါသည်။

အသွားအပြန်ခရီးမှာ ၆ ဒသမ ၂ မိုင်ရှိပြီး ယင်းအတွက် ကြာချိန် ၃ နာရီနှင့် ၁၁ မိနစ်ရှိမည် ဖြစ်သည်။

တောင်ပေါ်သို့ တက်ခဲ့ဖူးသူတစ်ဦးပြောသည်မှာ “ပင်လယ်ရေမျက်နှာပြင်အထက် အလွန်မြင့်တဲ့နေရာမှာ သွားလာရတာဟာ ဟာသမဟုတ်ဘူး။ တောင်ပေါ်လမ်းက မြေပြင်ညီလို ဖြစ်နေတဲ့နေရာတွေမှာတောင် ကျွန်တော်တို့ ကီလိုမီတာဝက်လောက်လျှောက်ပြီးတိုင်း နားနားပြီး အသက်ဝအောင်မနည်းရှုရပါတယ်။ တောင်ထိပ်နားရောက်ဖို့ နောက်ဆုံးခရီးပိုင်းက အမတ်စောက်ဆုံးနဲ့ အကြမ်းတမ်းဆုံးပဲ”ဟု ဆိုသည်။

အခြားတစ်ဦးက ပြောသည်မှာလည်း “အမြင့်ကိုသွားရတာ သိပ်ကြမ်းတမ်းပါတယ်။ ဆေးတွေ ကြိုသောက်သွားဖို့ အကြံပေးလိုပါတယ်။ ကျွန်တော်ဆို မသွားခင် တရားဝင်ရတဲ့ acetazolamide ဆေး သောက်သွားတာတောင် အမြင့်ရောဂါလက္ခဏာတွေ ပေါ်တုန်းပဲ။ ခရီးတိုဖြစ်ပေမယ့် အမြင့်မှာဖြစ်တာကြောင့် ကြမ်းတမ်းပါတယ်”ဟု ဆိုသည်။

(သက်တန့်တောင်တန်းမှာ အကောင်းဆုံးဓာတ်ပုံရအောင် ဘယ်လိုရိုက်မလဲ)

ဤနေရာတွင် စိတ်ပူစရာတစ်ခုပေါ်လာပြန်သည်။ သက်တန့်တောင်တန်းနှင့် ပတ်သက်ပြီး အင်စတာဂရမ်ကဲ့သို့ လူမှုကွန်ရက်များတွင် သင်တွေ့သမျှဓာတ်ပုံအများစုမှာ အလွန်အကျူး ပြင်ထားသည့်ဓာတ်ပုံများ ဖြစ်နိုင်သည်။

ရောင်စဉ် ၇ သွယ်တောင်တန်းကြီးမှာ အမှန်ပင်လှပပါသည်။ သို့သော် အွန်လိုင်းပေါ်တွင် သင်တွေ့ရသမျှ ဓာတ်ပုံများနှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်ချေ။

တောင်တန်းကြီး၏ အမှန်တကယ်အရောင်များမှာ အွန်လိုင်းတွင် သင်မြင်ရသည့်ဓာတ်ပုံများနှင့်ယှဉ်လျှင် များစွာ အရောင်ဖျော့ပါသည်။ သို့စေကာမူ သွားရောက်လည်ပတ်ကြည့်ရှုရန် ထိုက်တန်သည့်နေရာ ဖြစ်ပါသည်။

အကောင်းဆုံးဓာတ်ပုံမည်သို့ ရမည်နည်း။ အကောင်းဆုံးဓာတ်ပုံရရန်အတွက်ဆိုလျှင် နံနက်စောစော (သို့မဟုတ်) နေဝင်ဖျိုးဖျအချိန်များတွင် ကြိုးစားသင့်ပါသည်။

ထိုအချိန်များက သင့်အား နေသာထိုင်သာ အပူချိန်ရစေမည့်အပြင် ဓာတ်ပုံရိုက်ရန် အကောင်းဆုံးအလင်းပေးမှု လည်း ရလိမ့်မည် ဖြစ်သည်။

သို့ကြောင့်ပင် တနေ့တာ၏ ထိုအချိန် ၂ ခုကို “ရွှေရောင်နာရီများ”ဟု လူသိများသည်မဟုတ်လော။ ထိုအချိန်များတွင် အလင်းသည် လိမ္မော်တောက်တောက်ဖြစ်ရာ ထိတွေ့သမျှအရာရာကို ရင်သပ်တိမ်းမူးဖွယ် လှပစေသည်။

ယင်းအပြင် Lightroom ကဲ့သို့ App မျိုး သုံးကြည့်သင့်သည်။ သင်၏ဓာတ်ပုံကို ခပ်ပါးပါးပြင်နိုင်ရန် အထောက်အကူပြုမည် ဖြစ်သည်။

ခပ်ပါးပါးပြင်ရန်သာ ဆိုလိုပါသည်။

ဓာတ်ပုံ၏အရောင်များကို လုံးဝပြောင်းလိုက်မည်ထက် contrast နည်းနည်းထည့်ခြင်း၊ exposure နည်းနည်းတင်ခြင်းတို့လောက်သာ လုပ်ကြည့်ပါ။

ဓာတ်ပုံရိုက်ရာတွင် ကွဲပြားသည့်နည်းလမ်းများကိုလည်း သုံးကြည့်နိုင်ပါသည်။

သက်တန့်တောင်တန်းမှ မြေတို့၏အရောင်များကို အနီးကပ်ရိုက်ကြည့်ပါ။

လမ်းတွင် သင်တွေ့ရသော တောင်တက်သူအချို့နှင့် ဒေသခံများကို ခွင့်တောင်းကာ ၎င်းတို့အား ဓာတ်ပုံရိုက်ကြည့်ပါ။

တောင်တန်းကြီး၏ များပြားလှသောအရောင်များနှင့် ကောင်းကင်ပြာကို မည်သို့ပေါင်းစပ်ပေးနိုင်သည်ကို တွေးကြည့်ပါ။

အထက်ပါအချက်များဖြင့် အကောင်းဆုံးဓာတ်ပုံကို ရပါလိမ့်မည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Peru's Rainbow Mountain Is an Incredible Display of Color — How to Visit (travelandleisure)

 

 

 

[Zawgyi]

ပီရူးႏိုင္ငံက ေရာင္စဥ္ ၇ သြယ္ ေတာင္တန္းၾကီး

 

သက္တန္႔ေပၚတြင္ လမ္းေလွ်ာက္ရန္ စိတ္ကူးယဥ္ဖူးပါသလား။ သင္၏အေတြး လက္ေတြ႔ျဖစ္ႏိုင္ပါသည္။

သင္လုပ္ေဆာင္ရမည္မွာ ပီရူးႏိုင္ငံသို႔ ေလယာဥ္လက္မွတ္တစ္ေစာင္ ဝယ္လိုက္ရန္သာ ျဖစ္၏။

ေတာင္အေမရိကတိုက္တြင္ တည္ရွိေသာ ပီရူးႏိုင္ငံသည္ အံ့မခန္း သဘာဝရႈခင္းမ်ား ေပါၾကြယ္ဝသည့္ေနရာျဖစ္ျပီး ယင္းတို႔အနက္ အထင္ရွားဆံုးမွာ အင္စတာဂရမ္လူမႈကြန္ရက္တြင္ နာမည္ၾကီးေနေသာ အေရာင္အေသြးစံုလွသည့္ သက္တန္႔ေတာင္တန္းသာ ျဖစ္ဖြယ္ရွိသည္။

သက္တန္႔ေတာင္တန္းၾကီးကို သင္သြားေရာက္လည္ပတ္ရန္ အသင့္ျဖစ္ေနျပီဆိုပါက ေအာက္တြင္ ထိုေတာင္တန္းၾကီးႏွင့္ ပတ္သက္၍ သင္သိလိုသမွ်ကို ေဖာ္ျပေပးထားျပီး သင္၏လူမႈကြန္ရက္အေကာင့္တြင္ တင္ရန္ အေကာင္းဆံုးဓာတ္ပံုရရွိေရး မည္သို႔ရိုက္ကူးရမည္ကိုလည္း ေဖာ္ျပေပးလိုက္ပါသည္။

(ပီရူးႏိုင္ငံမွ သက္တန္႔ေတာင္တန္းၾကီးအေၾကာင္း သိေကာင္းစရာမ်ား)

သက္တန္႔ေတာင္တန္း၏ အမည္မွာ Montaña de Siete Colores (ေရာင္စဥ္ ၇ သြယ္ေတာင္တန္းဟု အဓိပၸာယ္ရ) ျဖစ္ျပီး ပီရူးႏိုင္ငံ၊ Cusco ေဒသ ၊ အင္ဒီးစ္ေတာင္တန္းၾကီးေပၚတြင္ တည္ရွိသည္။

သက္တန္႔ေတာင္တန္းက ဘာေၾကာင့္ ေရာင္စံုျဖစ္ေနတာလဲ။ ပထမဆံုးေျပာလိုသည္မွာ အင္တာနက္တြင္ ေတြ႔သမွ် ဓာတ္ပံုမ်ားကို သတိထားပါ။ ဓာတ္ပံုမ်ားကို Photoshop ျဖင့္ ျပဳျပင္ကာ ေတာက္ပျပီး အေရာင္ေသြးစံုေအာင္ ျပဳလုပ္ထားျခင္းမ်ဳိးျဖစ္ႏိုင္သည္။ သို႔ေသာ္ သက္တန္႔ေတာင္တန္း၏ လက္ေတြ႔ျပင္ပျမင္ကြင္းမွာ ဓာတ္ပံုမ်ားႏွင့္ ကြဲလြဲျခင္း မရွိေခ်။

ေတာင္ေစာင္းမ်ားတစ္ေလွ်ာက္ အဝါ၊ အစိမ္း၊ အနီ ၊ ခရမ္းအစရွိသျဖင့္ ေရာင္စံုျခယ္ျဖစ္ေနျပီး သဘာဝလြန္ ျမင္ကြင္းမ်ဳိး ျဖစ္ေနသည္။

(ေတာင္တန္းၾကီး ေရာင္စံုျဖစ္ရသည့္အေၾကာင္းရင္း) ေတာင္တန္းတစ္ေလွ်ာက္ ေရာင္စံုျဖစ္ေနရသည့္ အေၾကာင္းရင္းမွာ ေတာင္တန္းေပၚတြင္ ဖံုးလႊမ္းေနေလ့ရွိသည့္ ေရခဲမ်ားေၾကာင့္ျဖစ္သည္ဟု ဆိုသည္။ ေရခဲမ်ား အရည္ေပ်ာ္ခ်ိန္တြင္ ေအာက္ခံေျမသားရွိ သတၱဳဓာတ္မ်ားႏွင့္ ဓာတ္ျပဳကာ ယေန႔ သင္ျမင္ေတြ႔ေနရေသာ ေရာင္စံုေတာင္တန္းၾကီး ေပၚေပါက္လာျခင္း ျဖစ္သည္။

အနီေရာင္ေပၚေပါက္ေနေသာေနရာမ်ားမွာ သံေခ်းျဖစ္သြားေသာဓာတ္မ်ားျဖစ္ျပီး သံ ဆာလ္ဖိုဒ္ေၾကာင့္ အဝါေရာင္၊ gothite (သို႔မဟုတ္) oxidized limonite ေၾကာင့္ ခရမ္းေရာင္ႏွင့္ ကလိုရိုဒ္ေၾကာင့္ အစိမ္းေရာင္မ်ား ေပၚေပါက္လာျခင္း ျဖစ္သည္။

(သက္တန္႔ေတာင္တန္းကို သြားေရာက္လည္ပတ္ရန္ အေကာင္းဆံုးအခ်ိန္)

ရာသီဥတုအေျခအေနေၾကာင့္ သက္တန္႔ေတာင္တန္းတြင္ သင္ေတြ႔ျမင္ရမည့္ျမင္ကြင္းမွာ ကြဲျပားျခားနားမႈမ်ား ၾကီးမားစြာရွိႏိုင္ေၾကာင္း သတိျပဳရန္ အေရးၾကီးပါသည္။

ရာသီဥတုပူေႏြးေသာ လမ်ားတြင္ သြားေရာက္လည္ပတ္ရန္ စီစဥ္ျခင္းမွာ အေကာင္းဆံုးျဖစ္ပါသည္။

မိုးရြာ (သို႔မဟုတ္) ႏွင္းက်ေနပါက ေတာင္ေပၚလမ္းမ်ားကိုတက္ရန္ ပိုမိုခက္ခဲမည့္အျပင္ ေတာင္တန္း၏ျမင္ကြင္း အေရာင္အေသြးမွာလည္း စိတ္ပ်က္ဖြယ္ေကာင္းမည္ ျဖစ္သည္။

ထိုနည္းတူ ေနအလြန္ျပင္းေသာေန႔မ်ား (သို႔မဟုတ္) မြန္းတည့္ခ်ိန္ဝန္းက်င္ခန္႔ကာလမ်ားတြင္ ဓာတ္ပံုရိုက္မည္ဆိုပါက အလင္းမ်ားေသာေၾကာင့္ ဓာတ္ပံုပ်က္ႏိုင္ပါသည္။

လည္ပတ္ရန္ အေကာင္းဆံုးအခ်ိန္မွာ မနက္ပိုင္း (သို႔မဟုတ္) ညေနပိုင္း အခ်ိန္မ်ားျဖစ္ျပီး နံနက္ခင္းေနထြက္စအခ်ိန္ (သို႔မဟုတ္) ေနမဝင္မီအခ်ိန္မ်ားကား အေကာင္းဆံုးျဖစ္သည္။

သက္တန္႔ေတာင္တန္းသို႔ မတ္လမွ ႏိုဝင္ဘာလအၾကား (သို႔မဟုတ္) ဇြန္လမွ ၾသဂုတ္လမ်ားအၾကားတြင္ လည္ပတ္ရန္ အၾကံျပဳလုိပါသည္။ ထိုကာလမ်ားတြင္ ေကာင္းကင္သည္ၾကည္လင္ကာ ရာသီဥတုမွ သာယာလွသည္။

(သက္တန္႔ေတာင္တန္းကို ဘယ္လိုသြားမလဲ)

သက္တန္႔ေတာင္တန္းသို႔ သြားလိုသူမ်ားသည္ ဦးစြာအားျဖင့္ ပီရူးႏိုင္ငံ၊ Cusco ျမိဳ႕သို႔ ဦးစြာသြားသင့္သည္။

Cusco ျမိဳ႕မွတဆင့္ ေတာင္ဘက္ ၆၅ မိုင္အကြာတြင္ရွိေသာ Pitumarca ေတာင္ေျချမိဳ႕ကေလးသို႔ ၂ နာရီမွ ၃ နာရီၾကား ကားစီးရမည္ ျဖစ္သည္။ Potumarca သည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၁၁၇၁၂ ေပအျမင့္တြင္ တည္ရွိသည္။

ယင္းေနာက္ ေတာင္ေျခသို႔ ေရာက္ရန္ လမ္းေၾကာင္း ၂ ခုရွိျပီး လမ္းေၾကာင္းရွည္ (Qesoyuno) ႏွင့္ လမ္းေၾကာင္းတို (Lama Chimpana) ဟူ၍ ရွိသည္။

သင့္ယာဥ္ေမာင္းႏွင့္ ရာသီဥတုအေပၚမူတည္ျပီး ၾကာခ်ိန္မွာ ကြဲျပားမည္ ျဖစ္သည္။ သက္တန္႔ေတာင္တန္းသို႔ သြားမည့္ tour ခရီးစဥ္မ်ားကို အြန္လိုင္းမွတဆင့္ ဝယ္ယူႏိုင္ျပီး ၂၅ ေဒၚလာမွ ေဒၚလာ ၁၀၀ အၾကား အမ်ဳိးမ်ဳိးရွိသည္။

ေတာင္ေပၚသို႔ စတင္တက္ေလ့ရွိသည့္အခ်ိန္အမ်ားစုမွာ နံနက္ ၃ နာရီခန္႔တြင္ ျဖစ္သည္။

(ေတာင္တက္ျခင္း)

ေတာင္ေျခသို႔ ေရာက္ျပီဆိုလွ်င္ ေတာင္ေပၚသို႔ ေရာက္ရန္ ၂ နာရီမွ ၃ နာရီအထိ တက္ရမည္ ျဖစ္ျပီး ေအာက္ျပန္ဆင္းရန္ ၃ နာရီၾကာမည္ ျဖစ္သည္။

ထုိခရီးစဥ္မွာ အလြန္စိန္ေခၚမႈရွိသည္။ ထို႔ေၾကာင့္ ေတာင္တက္အေတြ႔အၾကံဳမရွိသူမ်ားကို သြားရန္ အားမေပးပါ။

အေရးၾကီးသည့္ သတိျပဳရန္အခ်က္မွာ ေတာင္တန္းၾကီးသည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပ ၁၆၀၀၀ ေက်ာ္ (အတိအက်ဆိုရလွ်င္ ၁၇၀၆၀ ေပ) တြင္ တည္ရွိသည္ျဖစ္ရာ ေရမ်ားမ်ားယူေဆာင္သြားရမည့္အျပင္ ေတာင္တက္၊ ေတာင္ဆင္းခရီးမ်ားအတြက္ လိုအပ္သည္မ်ားကို ျပင္ဆင္သြားရန္ လိုပါသည္။

အသြားအျပန္ခရီးမွာ ၆ ဒသမ ၂ မိုင္ရွိျပီး ယင္းအတြက္ ၾကာခ်ိန္ ၃ နာရီႏွင့္ ၁၁ မိနစ္ရွိမည္ ျဖစ္သည္။

ေတာင္ေပၚသို႔ တက္ခဲ့ဖူးသူတစ္ဦးေျပာသည္မွာ “ပင္လယ္ေရမ်က္ႏွာျပင္အထက္ အလြန္ျမင့္တဲ့ေနရာမွာ သြားလာရတာဟာ ဟာသမဟုတ္ဘူး။ ေတာင္ေပၚလမ္းက ေျမျပင္ညီလို ျဖစ္ေနတဲ့ေနရာေတြမွာေတာင္ ကၽြန္ေတာ္တို႔ ကီလိုမီတာဝက္ေလာက္ေလွ်ာက္ျပီးတိုင္း နားနားျပီး အသက္ဝေအာင္မနည္းရႈရပါတယ္။ ေတာင္ထိပ္နားေရာက္ဖို႔ ေနာက္ဆံုးခရီးပိုင္းက အမတ္ေစာက္ဆံုးနဲ႔ အၾကမ္းတမ္းဆံုးပဲ”ဟု ဆိုသည္။

အျခားတစ္ဦးက ေျပာသည္မွာလည္း “အျမင့္ကိုသြားရတာ သိပ္ၾကမ္းတမ္းပါတယ္။ ေဆးေတြ ၾကိဳေသာက္သြားဖို႔ အၾကံေပးလိုပါတယ္။ ကၽြန္ေတာ္ဆို မသြားခင္ တရားဝင္ရတဲ့ acetazolamide ေဆး ေသာက္သြားတာေတာင္ အျမင့္ေရာဂါလကၡဏာေတြ ေပၚတုန္းပဲ။ ခရီးတိုျဖစ္ေပမယ့္ အျမင့္မွာျဖစ္တာေၾကာင့္ ၾကမ္းတမ္းပါတယ္”ဟု ဆိုသည္။

(သက္တန္႔ေတာင္တန္းမွာ အေကာင္းဆံုးဓာတ္ပံုရေအာင္ ဘယ္လိုရိုက္မလဲ)

ဤေနရာတြင္ စိတ္ပူစရာတစ္ခုေပၚလာျပန္သည္။ သက္တန္႔ေတာင္တန္းႏွင့္ ပတ္သက္ျပီး အင္စတာဂရမ္ကဲ့သို႔ လူမႈကြန္ရက္မ်ားတြင္ သင္ေတြ႔သမွ်ဓာတ္ပံုအမ်ားစုမွာ အလြန္အက်ဴး ျပင္ထားသည့္ဓာတ္ပံုမ်ား ျဖစ္ႏိုင္သည္။

ေရာင္စဥ္ ၇ သြယ္ေတာင္တန္းၾကီးမွာ အမွန္ပင္လွပပါသည္။ သို႔ေသာ္ အြန္လိုင္းေပၚတြင္ သင္ေတြ႔ရသမွ် ဓာတ္ပံုမ်ားႏွင့္ ႏႈိင္းယွဥ္ရန္ မျဖစ္ႏိုင္ေခ်။

ေတာင္တန္းၾကီး၏ အမွန္တကယ္အေရာင္မ်ားမွာ အြန္လိုင္းတြင္ သင္ျမင္ရသည့္ဓာတ္ပံုမ်ားႏွင့္ယွဥ္လွ်င္ မ်ားစြာ အေရာင္ေဖ်ာ့ပါသည္။ သို႔ေစကာမူ သြားေရာက္လည္ပတ္ၾကည့္ရႈရန္ ထိုက္တန္သည့္ေနရာ ျဖစ္ပါသည္။

အေကာင္းဆံုးဓာတ္ပံုမည္သုိ႔ ရမည္နည္း။ အေကာင္းဆံုးဓာတ္ပံုရရန္အတြက္ဆိုလွ်င္ နံနက္ေစာေစာ (သို႔မဟုတ္) ေနဝင္ဖ်ဳိးဖ်အခ်ိန္မ်ားတြင္ ၾကိဳးစားသင့္ပါသည္။

ထိုအခ်ိန္မ်ားက သင့္အား ေနသာထိုင္သာ အပူခ်ိန္ရေစမည့္အျပင္ ဓာတ္ပံုရိုက္ရန္ အေကာင္းဆံုးအလင္းေပးမႈ လည္း ရလိမ့္မည္ ျဖစ္သည္။

သို႔ေၾကာင့္ပင္ တေန႔တာ၏ ထိုအခ်ိန္ ၂ ခုကို “ေရႊေရာင္နာရီမ်ား”ဟု လူသိမ်ားသည္မဟုတ္ေလာ။ ထိုအခ်ိန္မ်ားတြင္ အလင္းသည္ လိေမၼာ္ေတာက္ေတာက္ျဖစ္ရာ ထိေတြ႔သမွ်အရာရာကို ရင္သပ္တိမ္းမူးဖြယ္ လွပေစသည္။

ယင္းအျပင္ Lightroom ကဲ့သို႔ App မ်ဳိး သံုးၾကည့္သင့္သည္။ သင္၏ဓာတ္ပံုကို ခပ္ပါးပါးျပင္ႏိုင္ရန္ အေထာက္အကူျပဳမည္ ျဖစ္သည္။

ခပ္ပါးပါးျပင္ရန္သာ ဆိုလိုပါသည္။

ဓာတ္ပံု၏အေရာင္မ်ားကို လံုးဝေျပာင္းလိုက္မည္ထက္ contrast နည္းနည္းထည့္ျခင္း၊ exposure နည္းနည္းတင္ျခင္းတို႔ေလာက္သာ လုပ္ၾကည့္ပါ။

ဓာတ္ပံုရိုက္ရာတြင္ ကြဲျပားသည့္နည္းလမ္းမ်ားကိုလည္း သံုးၾကည့္ႏိုင္ပါသည္။

သက္တန္႔ေတာင္တန္းမွ ေျမတို႔၏အေရာင္မ်ားကို အနီးကပ္ရိုက္ၾကည့္ပါ။

လမ္းတြင္ သင္ေတြ႔ရေသာ ေတာင္တက္သူအခ်ဳိ႕ႏွင့္ ေဒသခံမ်ားကို ခြင့္ေတာင္းကာ ၎တို႔အား ဓာတ္ပံုရိုက္ၾကည့္ပါ။

ေတာင္တန္းၾကီး၏ မ်ားျပားလွေသာအေရာင္မ်ားႏွင့္ ေကာင္းကင္ျပာကို မည္သို႔ေပါင္းစပ္ေပးႏိုင္သည္ကို ေတြးၾကည့္ပါ။

အထက္ပါအခ်က္မ်ားျဖင့္ အေကာင္းဆံုးဓာတ္ပံုကို ရပါလိမ့္မည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Peru's Rainbow Mountain Is an Incredible Display of Color — How to Visit (travelandleisure)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
bkk-projects
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service