အဘိုးအဘွားတို့၏ အမွေကို အမွေမမီမြေးများ ရခွင့်ရှိမရှိ

အဘိုးအဘွားတို့၏ အမွေကို အမွေမမီမြေးများ ရခွင့်ရှိမရှိ - Property Knowledge in Myanmar from iMyanmarHouse.com
10 Sep 2022 1:05 pm တွင် တင်ခဲ့သည်
1027 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

တစ်နေ့တွင် ကျွန်ုပ်၏ ကျောင်းနေဖက်မိတ်ဆွေ ဦးအောင်ကျော်သိန်းသည် ကျွန်တော့်ရုံးခန်းသို့ ရောက်ရှိလာရင်း အကူအညီတစ်ခု တောင်းခံလာလေ၏။ ကိစ္စမှာ ချွေးမဖြစ်သူသည် ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး သူ၏မိဘနှစ်ဦးမှာလည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ကာ အဘိုးအဘွားများသည်က တော့ ခရစ်ယာန် ဘာသာဝင်များဖြစ်၍ သူတို့ဘာသာအရ ခွဲဝေမှုနှင့်ပတ်သက်ပြီး သေတမ်းစာ ရေးသားခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် အမွေဆိုင်ခြံကြီးနဲ့ အမွေပုံပစ္စည်းတွေကို ကျန်ခဲ့တဲ့ သားသမီးတွေက သူတို့သာ ပိုင်ဆိုင်နိုင်ကြောင်း ပြောဆိုနေ၍ ထိုကိစ္စကို လာရောက်တိုင်ပင်လာခြင်း ဖြစ်ပေသည်။

ကျွန်တော်က “ ကိုကျော်သိန်း မေးတဲ့ ပြဿနာကို ကျွန်တော် သဘောပေါက်ပါပြီး။ ခင်ဗျားချွေးမအဖို့က ဗုဒ္ဓဘာသာဝင်ဖြစ်နေတဲ့ အမွေမမီးမြေးအနေနဲ့ ကွယ်လွန်သူ ခရစ်ယာန် ဘာသာဝင်များ၏ ကျန်ရစ်တဲ့ အမွေကို ရနိုင်ပါ့မလားဆိုတာ သိချင်တာမို့လား။ အဲဒီကိစ္စကို ကျွန်တော့်အနေနဲ့ ပြောရရင်တော့ ရပိုင်ခွင့် ရှိပါတယ် ကိုကျော်သိန်း ။ဟို ယခင်းကတည်းက လည်း ယခုလို ဖြစ်စဉ်မျိုးနဲ့ တူညီနေတာတွေ့ ရှိပြီးတော့ အမွေမမီမြေးများဟာ အမွေရခဲ့တဲ့ သာဓကများ ရှိပါတယ်။

“ ကွယ်လွန်သူ ကျန်ရစ်သောအမွေကို ဆက်ခံမှုမှာ ထိုသူကွယ်လွန်စဉ် ကနဦး ပေါ်ပေါက်သော အခွင့်အရေးကိုတရားစွဲဆို တောင်းခံမှုဖြစ်၍ ကွယ်လွန်သူနှင့် သက်ဆိုင်သည့် မိသားစုဥပဒေအရ ဆုံးဖြတ်ရမှာ ဖြစ်တယ်။ တောင်းခံသူ အမှုသည်နှင့် သက်ဆိုင်သည့် မိသားစု ဥပဒေအရ အဆုံးအဖြတ်ပေးရန် မဟုတ်ပါ ”

“ မြန်မာနိုင်ငံ တရားရုံးများတွင် ထိမ်းမြားလက်ထပ်ရေး၊ အမွေဆက်ခံရေး၊ အမွေ ခွဲဝေရေးကိစ္စများနှင့်သက်ဆိုင်သော မည်သည့် ပြဿနာကိုမဆို အဆုံးအဖြတ်ပေးရန်ရှိလျှင် သက်ဆိုင်ရာအမှုသည်များသည် ဗုဒ္ဓဘာသာဝင် ဖြစ်ပါက မြန်မာ့ဓလေ့ထုံးထမ်းဥပဒေ၊ မဟာမေဒင် ဖြစ်လျှင် မဟာမေဒင်ဥပဒေ ၊ ဟိန္ဒူဖြစ် လျှင် ဟိန္ဒူတရား ဥပဒေအရ အဆုံးအဖြတ်ပေးရမည် ဖြစ်သည်ဟု မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာ ဥပဒေပုဒ်မ ၁၃(၁)တွင် ပြဌာန်းထားပါတယ်။”

“ ခရစ်ယာန်ဘာသာဝင်ဖြစ်ပါက ယင်း ဥပဒေပုဒ်မ ၁၃ (၁) အရ ၊ တည်ဆဲ ဥပဒေနှင့် သက်ဆိုင်မည်ဖြစ်ရာ Succession Act နှင့် အကျုံးဝင်မှာ ဖြစ်တယ်။ခရစ်ယာန်ဘာသာဝင်များ အမွေဆက်ခံသည့်ကိစ္စ၊ လင်ခန်းမယား ခန်းကိစ္စ၊ ပစ္စည်းခန်း ကိစ္စများသည် Succe-ssion Act နှင့်သက်ဆိုင်တယ်။ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် အမွေဆက်ခံရေးအက်ဥပဒေ Sucession Act ပုဒ်မ ၅၉ အရ Will ခေါ် သေတမ်းစာဖြင့် မိမိပစ္စည်းကို စီမံခန့်ခွဲခွင့် ရှိပေသည်။ ပစ္စည်းရှင်သည် မိမိ သေဆုံးသောအခါ ၎င်း၏ ပစ္စည်းများကို မည်သို့မည်ပုံ စီမံခန့်ခွဲလိုကြောင်း၊ ၎င်း၏ ရည်ရွယ်ချက်ကို ဖော်ထုတ်သည့် တရားဝင်ကြေညာချက် စာတမ်းသည် သေတမ်းစာပင် ဖြစ်ပါတယ် ”

“ ကွယ်လွန်သူ အမွေရှင်များအနေနဲ့ သေတမ်းစာ မရေးသားခဲ့လျှင် ၎င်းတို့၏ အမွေကို အမွေဆက်ခံရေး အက်ဥပဒေအရ သာလျှင် စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်”

“ ခရစ်ယာန်ဘာသာဝင်များ၏ အမွေကို မြန်မာဗုဒ္ဓဘာသာဝင်များ၊ အမွေဆက်ခံခွင့်ရှိမရှိနှင့် ပတ်သက်၍ “ ဦးအရောင်နှင့် မကာကြူမွှေး၊ ၁၉၆၄ ခုနှစ် ။ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၁၁၄ ” တွင် ဗုဒ္ဓဘာသာ ကိုးကွယ်သည့် သားသမီးတို့သည် ခရစ်ယာန်ဘာယာ ကိုးကွယ်သည့်မိဘအမွေကို ဆက်ခံခွင့်ရှိကြောင်း ဆုံးဖြတ်ထားပြီး ဗုဒ္ဓဘာသာဝင် မြေးများသည်လည်း ခရစ်ယာန်ဘာသာဝင် အဘိုးအဘွား၏အမွေကို ဆက်ခံခွင့်မရှိကြောင်းထားမြစ်ထားခြင်း မရှိသဖြင့် ၎င်းတို့သည် အမွေဆက်ခံရေးအက်ဥပဒေနှင့်အညီ အမွေရရှိကြမည်သာ ဖြစ်တယ် ”

“ ကိုကျော်သိန်းတို့ဖြစ်စဉ်နဲ့ တူညီတဲ့ စီရင်ထုံးကို ပြောရရင် “ ဒေါ်ခင်မူမူပါ ၂ နှင့် ဒေါက်တာဂျီအာရ်လူးဝစ် (စ်) (၎င်း၏ အခွင့်ရ ကိုယ်စားလှယ်ဒေါ်ခင်တီ)ပါ ၃ ၊ ၂၀၀၂ ခုနှစ် ၊ တရားမအယူခံမှု အမှတ် ၁၅၈ ၊ မြန်မာ နိုင်ငံတရားစီရင်ထုံး၊ စာ- ၂၀၄ ” စီရင်ထုံးဖြစ်ပြီး အမှုတွင် အဓိကပေါ်ပေါက်သည့်ပြဿနာအရ ခရစ်ယာန်သာသာဝင် အဘိုးအဘွား၏ အမွေကို အမွေမမီမြေးများက ရခွင့်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ် ”

“ ရန်ကုန်တိုင်းတရားရုံး ၊ ၂၀၀၀ ပြည်နှစ် ၊ တရားမကြီးမှုအမှတ် ၂၉၂ တွင်၊ ဒေါ်ခင်မူမူပါ ၂ တို့က ဒေါက်တာဂျီအာရ်လူးဝစ်(စ်)ပါ ၃ ဦးတို့အပေါ် အမွေပုံပစ္စည်း စီမံခန့် ခွဲပေးစေလိုမှု စွဲဆိုရာ တိုင်းတရားရုံးကအမှုကို ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့တယ်။ တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို မကျေနပ်၍ ဒေါ်ခင်မူမူပါ (၂)ဦးတို့က တရားမ ပထမအယူခံမှုကို တင်သွင်းခြင်း ဖြစ်တယ် ”

“ အမွေရှင်များ ဖြစ်ကြသော ခရစ်ယာန်ဘာသာဝင် ဒီအာရ်လူးဝစ်(စ်) နှင့် ဇနီး မစ္စအင်မာဖလောရင်းလူးဝစ်(စ်)တို့တွင် သားသမီး ၅ ဦး ထွန်းကားပြီး သေတမ်းစာ ရေးသားခဲ့ခြင်း မရှိကြောင်း ၊ သား ၂ ဦး သေဆုံးပြီး ၊ သမီးက နိုင်ငံခြားသို့ အပြီးအပိုင် ထွက်ခွာသွားရာ ကျန်ရစ်ခဲ့သည့် အမှတ် (၁)တရားပြိုင် ဒေါက်တာ ဂျီအာရ်လူးဝစ်(စ်) နှင့် နိုင်ငံခြား ရောက်နေသူသမီး မာဗစ်အော့လူးဝစ်(စ်) တို့နှင့်အတူ ကွယ်လွန်သူ သားကြီးပီအာရ်လူးဝစ်(စ်) နှင့် ကွယ်လွန်သူဇနီး ဒေါ်ခင်လှ တို့၏ သမီးများဖြစ်သော အယူခံတရားလို များဖြစ်သည့် ဒေါ်ခင်မူမူ၊ ဒေါ်ခင်မိုးမိုးတို့ သည် ကွယ်လွန်သူ မိဘများ ကျန်ရစ်သော ရန်ကုန်တိုင်း ၊ ဗဟန်းမြို့နယ် ၊ မြေတိုင်းရပ်ကွက် အမှတ် (၂-အီး) မြေကွက် အမှတ် (၄၀၆-အေ) (၄၀၆-အေး-၁) (၄၀၆-ဘီ) ၊ ဧရိယာ ၁.၀၀၀ ဧကရှိဒီကရီကို ပယ်ဖျက်ပြီး အယူခံတရားလို (မူလ ရုံးတရားလို)တို့သည် အမွေပုံပစ္စည်း ၏ ၃ ပုံ ၁ ပုံ ရထိုက်ကြောင်း ပထမဒီကရီ ချမှတ် ပေးလိုက်တယ်လေ ”

“ အဲဒါနဲ့ပဲ ဗုဒ္ဓဘာသာဝင်မြေးများသည် ခရစ်ယာန်ဘာသာဝင် သေတမ်းစာမရေးသားဘဲ ကွယ်လွန်သွားသည့် အဘိုးအဘွားများ၏ အမွေကိုရခွင့် ရှိသွားပါတယ် ”

“ ထို့အတူ “ ဒေါ်ထန်ဇာရီပါ ၂ နှင့် ဒေါ်နော်ရုဖောပါ ၇ ၊ ၂၀၀၉ ခုနှစ် တရားမ ပထမအယူခံမှု အမှတ် ၈၉၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ- ၄၀ ” မှာလည်း တရားလိုများသည် ဗုဒ္ဓဘာသာဖြစ်သော်လည်း ကွယ်လွန်သူ ခရစ်ယာန်ဘာသာဝင် အဘိုးအဘွားများ၏ အမွေကို ဆက်ခံခြင်း အက်သပဒေ ပုဒ်မ ၄၁ အရ ၎င်းတို့မိခင် ရရှိမည် ဝေစုဖြစ်သော ၅ ပုံ ၁ ပုံကို ခွဲဝေရထိုက်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ် ”

“ ကဲ ကိုကျော်သိန်းရေ ဒီလောက်ဆိုရင် ခင်ဗျားရဲ့ ချွေးမအတွက် စိတ်ပူမနေပါနဲ့တော့ဗျာ။ကျိန်းသေ အမွေရမှာဖြစ်ကြောင်း ကျွန်တော်ကပဲ အာမခံလိုက်ပါရဲ့ဗျာ ” ဟု ပြောလိုက်မှာ ဦးအောင်ကျော်သိန်းလည်း ရွှင်လန်းဝမ်းသာသွားပြီး နှုတ်ဆက်ကာ ပြန်သွားပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ကြယ်နီလေး (ဥပဒေ)

 

 

[Zawgyi]

အဘိုးအဘြားတို႕၏ အေမြကို အေမြမမီေျမးမ်ား ရခြင့္ရွိမရွိ

 

တစ္ေန႕တြင္ ကၽြႏ္ုပ္၏ ေက်ာင္းေနဖက္မိတ္ေဆြ ဦးေအာင္ေက်ာ္သိန္းသည္ ကၽြန္ေတာ့္ရုံးခန္းသို႕ ေရာက္ရွိလာရင္း အကူအညီတစ္ခု ေတာင္းခံလာေလ၏။ ကိစၥမွာ ေခၽြးမျဖစ္သူသည္ ဗုဒၶဘာသာဝင္ျဖစ္ျပီး သူ၏မိဘနွစ္ဦးမွာလည္း ဗုဒၶဘာသာဝင္မ်ား ျဖစ္ကာ အဘိုးအဘြားမ်ားသည္က ေတာ့ ခရစ္ယာန္ ဘာသာဝင္မ်ားျဖစ္၍ သူတို႕ဘာသာအရ ခြဲေဝမႈနွင့္ပတ္သက္ျပီး ေသတမ္းစာ ေရးသားခဲ့ျခင္း မရွိခဲ့ပါဘူး။ ဒါေၾကာင့္ အေမြဆိုင္ျခံၾကီးနဲ႕ အေမြပံုပစၥည္းေတြကို က်န္ခဲ့တဲ့ သားသမီးေတြက သူတို႕သာ ပိုင္ဆိုင္ႏိုင္ေၾကာင္း ေျပာဆိုေန၍ ထိုကိစၥကို လာေရာက္တိုင္ပင္လာျခင္း ျဖစ္ေပသည္။

ကၽြန္ေတာ္က “ ကိုေက်ာ္သိန္း ေမးတဲ့ ျပႆနာကို ကၽြန္ေတာ္ သေဘာေပါက္ပါျပီး။ ခင္ဗ်ားေခၽြးမအဖို႕က ဗုဒၶဘာသာဝင္ျဖစ္ေနတဲ့ အေမြမမီးေျမးအေနနဲ႕ ကြယ္လြန္သူ ခရစ္ယာန္ ဘာသာဝင္မ်ား၏ က်န္ရစ္တဲ့ အေမြကို ရႏိုင္ပါ့မလားဆိုတာ သိခ်င္တာမို႕လား။ အဲဒီကိစၥကို ကၽြန္ေတာ့္အေနနဲ႕ ေျပာရရင္ေတာ့ ရပိုင္ခြင့္ ရွိပါတယ္ ကိုေက်ာ္သိန္း ။ဟို ယခင္းကတည္းက လည္း ယခုလို ျဖစ္စဥ္မ်ိဳးနဲ႕ တူညီေနတာေတြ႕ ရွိျပီးေတာ့ အေမြမမီေျမးမ်ားဟာ အေမြရခဲ့တဲ့ သာဓကမ်ား ရွိပါတယ္။

“ ကြယ္လြန္သူ က်န္ရစ္ေသာအေမြကို ဆက္ခံမႈမွာ ထိုသူကြယ္လြန္စဥ္ ကနဦး ေပၚေပါက္ေသာ အခြင့္အေရးကိုတရားစြဲဆို ေတာင္းခံမႈျဖစ္၍ ကြယ္လြန္သူနွင့္ သက္ဆိုင္သည့္ မိသားစုဥပေဒအရ ဆံုးျဖတ္ရမွာ ျဖစ္တယ္။ ေတာင္းခံသူ အမႈသည္နွင့္ သက္ဆိုင္သည့္ မိသားစု ဥပေဒအရ အဆံုးအျဖတ္ေပးရန္ မဟုတ္ပါ ”

“ ျမန္မာႏိုင္ငံ တရားရုံးမ်ားတြင္ ထိမ္းျမားလက္ထပ္ေရး၊ အေမြဆက္ခံေရး၊ အေမြ ခြဲေဝေရးကိစၥမ်ားနွင့္သက္ဆိုင္ေသာ မည္သည့္ ျပႆနာကိုမဆို အဆံုးအျဖတ္ေပးရန္ရွိလွ်င္ သက္ဆိုင္ရာအမႈသည္မ်ားသည္ ဗုဒၶဘာသာဝင္ ျဖစ္ပါက ျမန္မာ့ဓေလ့ထံုးထမ္းဥပေဒ၊ မဟာေမဒင္ ျဖစ္လွ်င္ မဟာေမဒင္ဥပေဒ ၊ ဟိႏၵဴျဖစ္ လွ်င္ ဟိႏၵဴတရား ဥပေဒအရ အဆံုးအျဖတ္ေပးရမည္ ျဖစ္သည္ဟု ျမန္မာႏိုင္ငံတရားဥပေဒမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၃(၁)တြင္ ျပဌာန္းထားပါတယ္။”

“ ခရစ္ယာန္ဘာသာဝင္ျဖစ္ပါက ယင္း ဥပေဒပုဒ္မ ၁၃ (၁) အရ ၊ တည္ဆဲ ဥပေဒနွင့္ သက္ဆိုင္မည္ျဖစ္ရာ Succession Act နွင့္ အက်ံဳးဝင္မွာ ျဖစ္တယ္။ခရစ္ယာန္ဘာသာဝင္မ်ား အေမြဆက္ခံသည့္ကိစၥ၊ လင္ခန္းမယား ခန္းကိစၥ၊ ပစၥည္းခန္း ကိစၥမ်ားသည္ Succe-ssion Act နွင့္သက္ဆိုင္တယ္။ ခရစ္ယာန္ဘာသာဝင္မ်ားအေနျဖင့္ အေမြဆက္ခံေရးအက္ဥပေဒ Sucession Act ပုဒ္မ ၅၉ အရ Will ေခၚ ေသတမ္းစာျဖင့္ မိမိပစၥည္းကို စီမံခန္႕ခြဲခြင့္ ရွိေပသည္။ ပစၥည္းရွင္သည္ မိမိ ေသဆံုးေသာအခါ ၄င္း၏ ပစၥည္းမ်ားကို မည္သို႕မည္ပံု စီမံခန္႕ခြဲလိုေၾကာင္း၊ ၄င္း၏ ရည္ရြယ္ခ်က္ကို ေဖာ္ထုတ္သည့္ တရားဝင္ေၾကညာခ်က္ စာတမ္းသည္ ေသတမ္းစာပင္ ျဖစ္ပါတယ္ ”

“ ကြယ္လြန္သူ အေမြရွင္မ်ားအေနနဲ႕ ေသတမ္းစာ မေရးသားခဲ့လွ်င္ ၄င္းတို႕၏ အေမြကို အေမြဆက္ခံေရး အက္ဥပေဒအရ သာလွ်င္ စီမံခန္႕ခြဲရမွာ ျဖစ္ပါတယ္”

“ ခရစ္ယာန္ဘာသာဝင္မ်ား၏ အေမြကို ျမန္မာဗုဒၶဘာသာဝင္မ်ား၊ အေမြဆက္ခံခြင့္ရွိမရွိနွင့္ ပတ္သက္၍ “ ဦးအေရာင္နွင့္ မကာၾကဴေမႊး၊ ၁၉၆၄ ခုနွစ္ ။ ျမန္မာႏိုင္ငံတရားစီရင္ထံုး၊ စာ-၁၁၄ ” တြင္ ဗုဒၶဘာသာ ကိုးကြယ္သည့္ သားသမီးတို႕သည္ ခရစ္ယာန္ဘာယာ ကိုးကြယ္သည့္မိဘအေမြကို ဆက္ခံခြင့္ရွိေၾကာင္း ဆံုးျဖတ္ထားျပီး ဗုဒၶဘာသာဝင္ ေျမးမ်ားသည္လည္း ခရစ္ယာန္ဘာသာဝင္ အဘိုးအဘြား၏အေမြကို ဆက္ခံခြင့္မရွိေၾကာင္းထားျမစ္ထားျခင္း မရွိသျဖင့္ ၄င္းတို႕သည္ အေမြဆက္ခံေရးအက္ဥပေဒနွင့္အညီ အေမြရရွိၾကမည္သာ ျဖစ္တယ္ ”

“ ကိုေက်ာ္သိန္းတို႕ျဖစ္စဥ္နဲ႕ တူညီတဲ့ စီရင္ထံုးကို ေျပာရရင္ “ ေဒၚခင္မူမူပါ ၂ နွင့္ ေဒါက္တာဂ်ီအာရ္လူးဝစ္ (စ္) (၄င္း၏ အခြင့္ရ ကိုယ္စားလွယ္ေဒၚခင္တီ)ပါ ၃ ၊ ၂၀၀၂ ခုနွစ္ ၊ တရားမအယူခံမႈ အမွတ္ ၁၅၈ ၊ ျမန္မာ ႏိုင္ငံတရားစီရင္ထံုး၊ စာ- ၂၀၄ ” စီရင္ထံုးျဖစ္ျပီး အမႈတြင္ အဓိကေပၚေပါက္သည့္ျပႆနာအရ ခရစ္ယာန္သာသာဝင္ အဘိုးအဘြား၏ အေမြကို အေမြမမီေျမးမ်ားက ရခြင့္ရွိေၾကာင္း ဆံုးျဖတ္ခဲ့ပါတယ္ ”

“ ရန္ကုန္တုိင္းတရားရုံး ၊ ၂၀၀၀ ျပည္နွစ္ ၊ တရားမၾကီးမႈအမွတ္ ၂၉၂ တြင္၊ ေဒၚခင္မူမူပါ ၂ တို႕က ေဒါက္တာဂ်ီအာရ္လူးဝစ္(စ္)ပါ ၃ ဦးတို႕အေပၚ အေမြပံုပစၥည္း စီမံခန္႕ ခြဲေပးေစလိုမႈ စြဲဆိုရာ တိုင္းတရားရုံးကအမႈကို ပလပ္ေၾကာင္း အမိန္႕ခ်မွတ္ခဲ့တယ္။ တိုင္းတရားရုံး၏ စီရင္ခ်က္နွင့္ ဒီကရီကို မေက်နပ္၍ ေဒၚခင္မူမူပါ (၂)ဦးတို႕က တရားမ ပထမအယူခံမႈကို တင္သြင္းျခင္း ျဖစ္တယ္ ”

“ အေမြရွင္မ်ား ျဖစ္ၾကေသာ ခရစ္ယာန္ဘာသာဝင္ ဒီအာရ္လူးဝစ္(စ္) နွင့္ ဇနီး မစၥအင္မာဖေလာရင္းလူးဝစ္(စ္)တို႕တြင္ သားသမီး ၅ ဦး ထြန္းကားျပီး ေသတမ္းစာ ေရးသားခဲ့ျခင္း မရွိေၾကာင္း ၊ သား ၂ ဦး ေသဆံုးျပီး ၊ သမီးက ႏိုင္ငံျခားသို႕ အျပီးအပိုင္ ထြက္ခြာသြားရာ က်န္ရစ္ခဲ့သည့္ အမွတ္ (၁)တရားျပိဳင္ ေဒါက္တာ ဂ်ီအာရ္လူးဝစ္(စ္) နွင့္ ႏိုင္ငံျခား ေရာက္ေနသူသမီး မာဗစ္ေအာ့လူးဝစ္(စ္) တို႕နွင့္အတူ ကြယ္လြန္သူ သားၾကီးပီအာရ္လူးဝစ္(စ္) နွင့္ ကြယ္လြန္သူဇနီး ေဒၚခင္လွ တို႕၏ သမီးမ်ားျဖစ္ေသာ အယူခံတရားလို မ်ားျဖစ္သည့္ ေဒၚခင္မူမူ၊ ေဒၚခင္မိုးမိုးတို႕ သည္ ကြယ္လြန္သူ မိဘမ်ား က်န္ရစ္ေသာ ရန္ကုန္တိုင္း ၊ ဗဟန္းျမိဳ႕နယ္ ၊ ေျမတိုင္းရပ္ကြက္ အမွတ္ (၂-အီး) ေျမကြက္ အမွတ္ (၄၀၆-ေအ) (၄၀၆-ေအး-၁) (၄၀၆-ဘီ) ၊ ဧရိယာ ၁.၀၀၀ ဧကရွိဒီကရီကို ပယ္ဖ်က္ျပီး အယူခံတရားလို (မူလ ရုံးတရားလို)တို႕သည္ အေမြပံုပစၥည္း ၏ ၃ ပံု ၁ ပံု ရထိုက္ေၾကာင္း ပထမဒီကရီ ခ်မွတ္ ေပးလိုက္တယ္ေလ ”

“ အဲဒါနဲ႕ပဲ ဗုဒၶဘာသာဝင္ေျမးမ်ားသည္ ခရစ္ယာန္ဘာသာဝင္ ေသတမ္းစာမေရးသားဘဲ ကြယ္လြန္သြားသည့္ အဘိုးအဘြားမ်ား၏ အေမြကိုရခြင့္ ရွိသြားပါတယ္ ”

“ ထို႕အတူ “ ေဒၚထန္ဇာရီပါ ၂ နွင့္ ေဒၚေနာ္ရုေဖာပါ ၇ ၊ ၂၀၀၉ ခုနွစ္ တရားမ ပထမအယူခံမႈ အမွတ္ ၈၉၊ ျမန္မာႏိုင္ငံ တရားစီရင္ထံုး၊ စာ- ၄၀ ” မွာလည္း တရားလိုမ်ားသည္ ဗုဒၶဘာသာျဖစ္ေသာ္လည္း ကြယ္လြန္သူ ခရစ္ယာန္ဘာသာဝင္ အဘိုးအဘြားမ်ား၏ အေမြကို ဆက္ခံျခင္း အက္သပေဒ ပုဒ္မ ၄၁ အရ ၄င္းတုိ႕မိခင္ ရရွိမည္ ေဝစုျဖစ္ေသာ ၅ ပံု ၁ ပံုကို ခြဲေဝရထိုက္ေၾကာင္း ဆံုးျဖတ္ခဲ့ပါတယ္ ”

“ ကဲ ကိုေက်ာ္သိန္းေရ ဒီေလာက္ဆိုရင္ ခင္ဗ်ားရဲ႕ ေခၽြးမအတြက္ စိတ္ပူမေနပါနဲ႕ေတာ့ဗ်ာ။က်ိန္းေသ အေမြရမွာျဖစ္ေၾကာင္း ကၽြန္ေတာ္ကပဲ အာမခံလိုက္ပါရဲ႕ဗ်ာ ” ဟု ေျပာလိုက္မွာ ဦးေအာင္ေက်ာ္သိန္းလည္း ရႊင္လန္းဝမ္းသာသြားျပီး ႏႈတ္ဆက္ကာ ျပန္သြားပါေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ၾကယ္နီေလး (ဥပေဒ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
kalaw-garden-valley
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service