ကြီးပွားတိုးတက်သော မင်္ဂလာအိမ်ဖြစ်ဖို့ အိမ်ဆောက်နည်းကို သတိပြုကြစို့

ကြီးပွားတိုးတက်သော မင်္ဂလာအိမ်ဖြစ်ဖို့ အိမ်ဆောက်နည်းကို သတိပြုကြစို့ - Property Knowledge in Myanmar from iMyanmarHouse.com
10 Sep 2022 12:36 pm တွင် တင်ခဲ့သည်
1237 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

'အတိတ်'၊ 'နိမိတ်'၊ 'တဘောင်' များသည် နေ့စဉ်နှင့်အမျှ သွားလာလုပ်ကိုင်နေကြသူ လူတို့အတွက် ဆင်ခြင်သတိ ပြုကြရန် 'နှိုးဆော်ချက်'ဟုလည်း ဆိုနိုင်သည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များမှာ ထိုထို 'အတိတ်' 'နိမိတ်' 'တဘောင်'တို့ကို ယုံကြည်ကြသည်။ ထို့အတူ ဗုဒ္ဓဝင်တွင်လည်း 'သူအို၊ သူနာ၊ သူသေ၊ ရဟန်း'ဟူ၍ နိမိတ်ကြီးလေးပါးမှာ အထင်အရှားရှိသည်။

ကျွန်းကြီးလေးကျွန်းရှိသည့်အနက် ကျွန်ုပ်တို့နေထိုင်ရာ ဤကမ္ဘာကြီးသည် 'တောင်ကျွန်းတွင် ပါဝင်နေသည်ဟု သိရသည်။ လူသားတို့နေထိုင်သည့် တောင်ကျွန်းသည်' ဩဘာ နိမိတ်ထွန်းသည့်ကျွန်းဟုလည်း ယုံကြည်ကြသည်။ ထိုကြောင့် သွားလာနေထိုင် စားသောက်ကြရာတွင် အထူးသတိပြုကြရသည်။

'ရှေးထုံးလည်းမပယ်နှင့် ဈေးသုံးလည်းမလွယ်နှင့်' ဆိုသော ရှေးလူကြီးများဆိုစကားများကလည်း မှန်ကန်နေသဖြင့် ယနေ့အထိ လိုက်နာနေကြသည်။ ဤစာစုတွင်လည်း ကျွန်ုပ်တို့နေထိုင်ရာ အိမ်နှင့်ပတ်သက်၍သတိပြုစရာ ဆောင်ရန် ရှောင်ရန်အချက်များကို စုဆောင်းတင်ပြလိုက်ရပါသည်။

အိမ်ဆောက်သည့်အခါ သတိပြုဖွယ်ရာ ရှောင်ရန်အချက်များ

အိမ်ဆောက်သည့်အခါ ဝန်းထရံ အရင်မခတ်ကောင်းပါ။ ခြံလှောင်သည်ဟုဆိုသည်။ ပျက်စီးတတ်သည်။ အိမ်ဆောက်သည့်မြေကို လယ်ထွန်သကဲ့သို့ မထွန်ကောင်းပါ။ တိုင်ဟောင်းနှင့်ဆောက်လျှင် ပန်းမဆွဲကောင်းပါ။ ထုပ်မစွပ်မီ ရက်မလျှို လိုက်ရင် ဥစ္စာရွှေငွေပျောက်ဆုံးတတ်သည်။ ကြမ်းပြင်ပေါ်၌ ဒေါက်တိုင်မောက်နေလျင် 'ဝမ်းပေါက်သည်'ဟုခေါ်ပြီး၊ ယင်း အိမ်တွင် နေထိုင်သူများ သားစဉ်မြေးဆက်မတိုးတက်ဟု ဆိုသည်။

အိမ်တိုင်ထူသည့်အခါတွင် တစ်တိုင်နှင့်တစ်တိုင် မထိခိုက်ကောင်းပါ။ စရွေးခံထုပ်ဆက်လျင် 'အိမ်ထီးဆောင်း' ဟု ခေါ်သည်။ မကောင်းဟု ယူဆပါသည်။ ထို့အတူ နေအိမ် အတက်အဆင်းကိုလည်း ဓားနှင့်မထစ်ကောင်းပါ။ အိမ်၊ ဝန်း၊ ခြံအတွင်း မြွေလာပါက ဇီးဖြူသီးကို အိမ်ပတ်လည်ကြဲထားရမည်။ သို့သော် ပြန်ထွက်သွားစေရန် ထွက်ပေါက်ထားပေးရမည်။

အိမ်ဆောက်လျှင် ပန်းဆွဲခြင်းကြောင့် ရရှိသည့်ကောင်းကျိုးများ

အိမ်ဆောက်သည့်အခါ 'အုန်းပန်း'ဆွဲသော် ဥစ္စာ ပစ္စည်းပေါကြွယ်ဝသည်။ 'ရေသဖန်း'ရွက်ဆွဲလျှင် ချမ်းသာမည်။ 'မြေဇာမြက်'ဆွဲသော် အသက်ရှည်မည်။ 'ပေါက်ရွက'}ဆွဲသော် ဘေးကင်းမည်။ 'သပြေပန်း'ဆွဲသော် သားမြေးရမည်။ 'သရက်ရွက်'ဆွဲသော် ချမ်းသာသုခရှိမည်။ 'မရိုးပွင့်'ဆွဲသော် အနာရောဂါ ကင်းမည်။

နေအိမ်ဆောက်လျှင် မသုံးကောင်းသော သစ်သားအမျိုးအစားများ သစ်ဇွဲကျိုး

သစ်ဇွဲကျိုးဆိုသည်မှာ သစ်ပင်ကျိုးကျပြီး တွဲလောင်းကျနေသော သစ်မျိုးကို သစ်ဇွဲကျိုးဟုခေါ်သည်။ ထိုသစ်ဇွဲကျိုးမျိုးကို မသုံးကောင်းပါ။

သစ်အံကြိတ်

သစ်ပင်မှအသံသည် 'အံကြိတ်'သကဲ့သို့ တကျွိကျွိ မြည်နေသော သစ်သားမျိုးကို 'သစ်အံကြိတ်'ဟု ခေါ်သည်။ ထိုသစ်သားမျိုးကို မသုံးကောင်းပါ။ အိမ်အနီး၌ ယင်းသစ်ပင် မျိုးရှိလျှင် မထားကောင်းသဖြင့် ခုတ်ပစ်ပါ။

တောက်ခေါက်သစ်နှင့် သစ်မင်း

သစ်သားမှ ညဘက်ရောက်လျှင် လူတစ်ဦးတစ်ယောက် 'တောက်ခေါက်'သကဲ့သို့ အသံမြည်သော သစ်သားမျိုးကိုလည်း မသုံးရပါ။ ထိုသစ်မျိုးမှာ သစ်ဘီလူးဖြစ်တတ်ပြီး အိမ်ရှင်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးတတ်သည်။ ထိုသို့ သစ်ဘီလူးပါလျှင် 'သစ်မင်း'သားစစ်စစ်ကို ရှာဖွေပြီး အိမ်တိုင်အားလုံးတွင် ရိုက်သွင်းပေးရပါမည်။ သို့မဟုတ် အိမ်တွင်း၌ ချိတ်ဆွဲထားသင့်ပါသည်။

နို့ညှပ်အိမ်ဖြစ်လျှင်လည်း မနေပါနှင့်

နို့ညှပ်အိမ်ဆိုသည်မှာ သားအမိကြား၊ မောင်နှမ ကြား၊ ညီအစ်ကိုကြား၊ ညီအစ်မကြား ရောက်နေသော အိမ်မျိုးဖြစ်သည်။ နို့ညှပ်အိမ်၌နေလျှင် ကျန်းမာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး ထိခိုက်တတ်သည်။ အထူးရှောင်ပါ။

အိမ်လှေကားနှင့်ပတ်သက်၍ ရှောင်ကြဉ်ရန်၊ အမှားပါလျှင် တောင်းပန်ပါ

လှေကားအသစ်လဲလျှင် အဟောင်းထက် တစ်တောင် ပို၍လုပ်ရမည်။ စားဖိုဆောင်အဟာင်းကိုပြင်လိုလျှင် အဟောင်းထက် ကောင်းအောင်ပြင်ရမည်။ အိမ်တိုင်၊ ဒေါက်တိုင်/ထုပ်/ လျောက် တို့ကိုသုံးလျှင် အဟောင်းအတိုင်းပြန်သုံးရမည်။

ကလေးငယ်များ လှေကားလက်ရန်းပေါ်တက်ပြီး နောက်ပြန်ဆင်းခြင်း၊ နောက်ပြန်တက်ခြင်း မပြုလုပ်စေရပါ။ ပြုလုပ်ပါက စီးပွားရေး၊ ကျန်းမာရေး၊ ကပြောင်းပြန်ဖြစ်ပြီး ဒုက္ခဆင်းရဲရောက်တတ်ပါသည်။ အကယ်၍ပြုလုပ်မိပါက လှေကားလက်ရန်းကို ရွှေရည် ငွေရည်လောင်း၍တောင်းပန်လိုက်ပါ။

မိမိနေထိုင်သော အိမ်တွင် မပြုလုပ်ကောင်းသည့်အရာများ

တံခွန်၊ ကုက္ကား၊ မုလေးပွားများ နေအိမ်တွင် စိုက် ထားခြင်းမပြုရ။ ပန်းကန်ခွက်ယောက်များ ကိုင်တွယ်ရာတွင် အသံမမည်စေရပါ။ ခေါင်းလျော်ပြီး ဆံပင်ကိုနေရောင်တွင် ဖြန့်၍ မလှန်းရပါ။ စကော၊ စကာ၊ ဦးထုပ်ပေါက်လျှင် ဖာထေး ၍ မသုံးကောင်းပါ။ ဖျာ၊ ကျည်ပွေ့၊ ဝင်းထရံများကို ကျော်ခွ သွားခြင်း မပြုရပါ။ သိမ်၊ ဇရပ်တို့တွင် အမြဲမနေကောင်းပါ။ အိမ်ဦးခန်းတွင် လင်စုံမယားဖက်တို့ မအိပ်ကောင်းပါ။ သစ်နှစ်ခုကြားတွင် ဝါးညှပ်၍ မဆောက်ကောင်းပါ။ စီးပွား လာဘ်လာဘပိတ်တတ်သည်။

စီးပွားရေးမကောင်းသော နေထိုင်နည်းများ

မိမိအောက် ငယ်သူများ၊ သားသမီးများအား အိမ်ရှေ့တွင် အိမ်ဆောက်ပေးခြင်းမပြုရပါ။ ဘုရားမီးနှင့် အိမ်သာမီးကို အားကိုး၍မနေကောင်းပါ။ အိမ်ရှေ့တွင် ပျဉ်ပေါက် ကြမ်းပေါက် မရှိစေရပါ။ အိမ်ခေါင်းရင်းပိုင်းက နိမ့်မနေရပါ။ တစ်အိမ်တည်းတွင် အိမ်ထောင်စုသုံးဦးမနေကောင်းပါ။ ဖို ခနောင့်ဆိုင်သကဲ့သို့ ဖြစ်သွားသဖြင့် စီးပွားရေးမကောင်းတတ်ပါ။

ရှောင်သင့်သော ခွေး၊ ကြက်၊ ကြောင်

အိမ်ပေါ်တက်၍ ခွေးအူလျှင် မကောင်းပါ။ ထိုခွေး မျိုးကို မမွေးသင့်ပါ။ မိမိအိမ်တွင် မွေးထားသော ကြက်မမှ ပေါက်ဖွားလာသော ကြက်သည် ကြက်ဖြူမဖြစ်လျှင် မမွေး ကောင်းပါ။ ကြက်မသည် အိမ်ပေါ်တွင် တွန်လျင်ဖြစ်စေ မြေပြင်တွင် တွန်လျင်ဖြစ်စေ မကောင်းပါ။ မိမိကြက်ဥကို မိမိ ကိုယ်တိုင် ပြန်ဖောက်စားသော ကြက်မမျိုးကို မမွေးရပါ။ ထို့ အတူ ကြောင်ဖြစ်လျှင် ကြောင်နက်၊ ခွေးဖြစ်လျှင် အကြောင် အကျား မမွေးရပါ။ လှူဒါန်းလိုက်ပါ။

အိမ်အောက်မှိုပေါက်နိမိတ်၊ ဦးခေါင်းဆေး၍ နတ်များဖိတ်

အိမ်အောက်၌ မှိုပေါက်လျှင် အိမ်ပြောင်းရွှေ့ရမည်။ မရွှေ့လျှင် ဒုက္ခရောက်တတ်သည်။ ထိုသို့မဖြစ်စေရန် ဇလပ်ရွက်၊ ကင်းမွန်သီး၊ ဥသျှစ်(၃)မျိုးကိုဖျော်ပြီး ဦးခေါင်းဆေးရ မည်။ ရတနာသုံးပါးနှင့် နတ်ကောင်းနတ်မြတ်များအား ပူဇော် လှူဒါန်းရမည်။ ပရိတ်တော်နှင့်လည်း ဦးခေါင်းဆေးရမည်။

အိမ်ရှေ့တွင် မစိုက်အပ်သော သစ်ပင်များ သတိထား

အိမ်ရှေ့တွင် ညောင်ပင်၊ သပြေပင်မစိုက်ရ။ တောင် အရပ်တွင် သျှီသျှား၊ ဖီးကြမ်းငှက်ပျော၊ သင်္ဘောပင်မစိုက်ရ။ အနောက်အရပ်တွင် လက်ပံပင်၊ ထိန်ပင် မစိုက်ရ။ မြောက် အရပ်တွင် သျှီသျှားပင်မစိုက်ရပါ။ အိမ်၏အရှေ့မြောက် (တနင်္ဂနွေ)ထောင့်တွင် မစိုက်ရပါ။ အသီးသီးသည်နှင့် အိမ်ရှင် ဒုက္ခရောက်တတ်သည်။

'သတိ' တမံ၊ 'ဉာဏ်' မြေကတုတ်၊ 'ပညာစွန်း' ချွန်းကဲ့သို့ အုပ်နိုင်ကြပါစေ။

ကိုးကား - မောင်ဝင်းနိုင်(မြန်မာစာ)၏ ဆောင်ရန် ရှောင်ရန် နိမိတ်များ ရှာဖွေတင်ပြချက်မှ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ႀကီးပြားတိုးတက္ေသာ မဂၤလာအိမ္ျဖစ္ဖို႔ အိမ္ေဆာက္နည္းကို သတိျပဳၾကစို႔

 

'အတိတ္'၊ 'နိမိတ္'၊ 'တေဘာင္' မ်ားသည္ ေန႔စဥ္ႏွင့္အမွ် သြားလာလုပ္ကိုင္ေနၾကသူ လူတို႔အတြက္ ဆင္ျခင္သတိ ျပဳၾကရန္ 'ႏိႈးေဆာ္ခ်က္'ဟုလည္း ဆိုႏိုင္သည္။ ကြ်ႏု္ပ္တို႔ ဗုဒၶဘာသာဝင္မ်ားမွာ ထိုထို 'အတိတ္' 'နိမိတ္' 'တေဘာင္'တို႔ကို ယံုၾကည္ၾကသည္။ ထို႔အတူ ဗုဒၶဝင္တြင္လည္း 'သူအို၊ သူနာ၊ သူေသ၊ ရဟန္း'ဟူ၍ နိမိတ္ႀကီးေလးပါးမွာ အထင္အရွားရွိသည္။

ကြ်န္းႀကီးေလးကြ်န္းရွိသည့္အနက္ ကြ်ႏု္ပ္တို႔ေနထိုင္ရာ ဤကမၻာႀကီးသည္ 'ေတာင္ကြ်န္းတြင္ ပါဝင္ေနသည္ဟု သိရသည္။ လူသားတို႔ေနထိုင္သည့္ ေတာင္ကြ်န္းသည္' ဩဘာ နိမိတ္ထြန္းသည့္ကြ်န္းဟုလည္း ယံုၾကည္ၾကသည္။ ထိုေၾကာင့္ သြားလာေနထိုင္ စားေသာက္ၾကရာတြင္ အထူးသတိျပဳၾကရသည္။

'ေရွးထံုးလည္းမပယ္ႏွင့္ ေဈးသံုးလည္းမလြယ္ႏွင့္' ဆိုေသာ ေရွးလူႀကီးမ်ားဆိုစကားမ်ားကလည္း မွန္ကန္ေနသျဖင့္ ယေန႔အထိ လိုက္နာေနၾကသည္။ ဤစာစုတြင္လည္း ကြ်ႏု္ပ္တို႔ေနထိုင္ရာ အိမ္ႏွင့္ပတ္သက္၍သတိျပဳစရာ ေဆာင္ရန္ ေရွာင္ရန္အခ်က္မ်ားကို စုေဆာင္းတင္ျပလိုက္ရပါသည္။

အိမ္ေဆာက္သည့္အခါ သတိျပဳဖြယ္ရာ ေရွာင္ရန္အခ်က္မ်ား

အိမ္ေဆာက္သည့္အခါ ဝန္းထရံ အရင္မခတ္ေကာင္းပါ။ ၿခံေလွာင္သည္ဟုဆိုသည္။ ပ်က္စီးတတ္သည္။ အိမ္ေဆာက္သည့္ေျမကို လယ္ထြန္သကဲ့သို႔ မထြန္ေကာင္းပါ။ တိုင္ေဟာင္းႏွင့္ေဆာက္လွ်င္ ပန္းမဆြဲေကာင္းပါ။ ထုပ္မစြပ္မီ ရက္မလွ်ိဳ လိုက္ရင္ ဥစၥာေရႊေငြေပ်ာက္ဆံုးတတ္သည္။ ၾကမ္းျပင္ေပၚ၌ ေဒါက္တိုင္ေမာက္ေနလ်င္ 'ဝမ္းေပါက္သည္'ဟုေခၚၿပီး၊ ယင္း အိမ္တြင္ ေနထိုင္သူမ်ား သားစဥ္ေျမးဆက္မတိုးတက္ဟု ဆိုသည္။

အိမ္တိုင္ထူသည့္အခါတြင္ တစ္တိုင္ႏွင့္တစ္တိုင္ မထိခိုက္ေကာင္းပါ။ စေရြးခံထုပ္ဆက္လ်င္ 'အိမ္ထီးေဆာင္း' ဟု ေခၚသည္။ မေကာင္းဟု ယူဆပါသည္။ ထို႔အတူ ေနအိမ္ အတက္အဆင္းကိုလည္း ဓားႏွင့္မထစ္ေကာင္းပါ။ အိမ္၊ ဝန္း၊ ၿခံအတြင္း ေျမြလာပါက ဇီးျဖဴသီးကို အိမ္ပတ္လည္ႀကဲထားရမည္။ သို႔ေသာ္ ျပန္ထြက္သြားေစရန္ ထြက္ေပါက္ထားေပးရမည္။

အိမ္ေဆာက္လွ်င္ ပန္းဆြဲျခင္းေၾကာင့္ ရရွိသည့္ေကာင္းက်ိဳးမ်ား

အိမ္ေဆာက္သည့္အခါ 'အုန္းပန္း'ဆြဲေသာ္ ဥစၥာ ပစၥည္းေပါၾကြယ္ဝသည္။ 'ေရသဖန္း'ရြက္ဆြဲလွ်င္ ခ်မ္းသာမည္။ 'ေျမဇာျမက္'ဆြဲေသာ္ အသက္ရွည္မည္။ 'ေပါက္ရြက'}ဆြဲေသာ္ ေဘးကင္းမည္။ 'သေျပပန္း'ဆြဲေသာ္ သားေျမးရမည္။ 'သရက္ရြက္'ဆြဲေသာ္ ခ်မ္းသာသုခရွိမည္။ 'မ႐ိုးပြင့္'ဆြဲေသာ္ အနာေရာဂါ ကင္းမည္။

ေနအိမ္ေဆာက္လွ်င္ မသံုးေကာင္းေသာ သစ္သားအမ်ိဳးအစားမ်ား သစ္ဇြဲက်ိဳး

သစ္ဇြဲက်ိဳးဆိုသည္မွာ သစ္ပင္က်ိဳးက်ၿပီး တြဲေလာင္းက်ေနေသာ သစ္မ်ိဳးကို သစ္ဇြဲက်ိဳးဟုေခၚသည္။ ထိုသစ္ဇြဲက်ိဳးမ်ိဳးကို မသံုးေကာင္းပါ။

သစ္အံႀကိတ္

သစ္ပင္မွအသံသည္ 'အံႀကိတ္'သကဲ့သို႔ တကြ်ိကြ်ိ ျမည္ေနေသာ သစ္သားမ်ိဳးကို 'သစ္အံႀကိတ္'ဟု ေခၚသည္။ ထိုသစ္သားမ်ိဳးကို မသံုးေကာင္းပါ။ အိမ္အနီး၌ ယင္းသစ္ပင္ မ်ိဳးရွိလွ်င္ မထားေကာင္းသျဖင့္ ခုတ္ပစ္ပါ။

ေတာက္ေခါက္သစ္ႏွင့္ သစ္မင္း

သစ္သားမွ ညဘက္ေရာက္လွ်င္ လူတစ္ဦးတစ္ေယာက္ 'ေတာက္ေခါက္'သကဲ့သို႔ အသံျမည္ေသာ သစ္သားမ်ိဳးကိုလည္း မသံုးရပါ။ ထိုသစ္မ်ိဳးမွာ သစ္ဘီလူးျဖစ္တတ္ၿပီး အိမ္ရွင္မ်ား တစ္ေယာက္ၿပီးတစ္ေယာက္ ေသဆံုးတတ္သည္။ ထိုသို႔ သစ္ဘီလူးပါလွ်င္ 'သစ္မင္း'သားစစ္စစ္ကို ရွာေဖြၿပီး အိမ္တိုင္အားလံုးတြင္ ႐ိုက္သြင္းေပးရပါမည္။ သို႔မဟုတ္ အိမ္တြင္း၌ ခ်ိတ္ဆြဲထားသင့္ပါသည္။

ႏို႔ညႇပ္အိမ္ျဖစ္လွ်င္လည္း မေနပါႏွင့္

ႏို႔ညႇပ္အိမ္ဆိုသည္မွာ သားအမိၾကား၊ ေမာင္ႏွမ ၾကား၊ ညီအစ္ကိုၾကား၊ ညီအစ္မၾကား ေရာက္ေနေသာ အိမ္မ်ိဳးျဖစ္သည္။ ႏို႔ညႇပ္အိမ္၌ေနလွ်င္ က်န္းမာေရး၊ စီးပြားေရး၊ အိမ္ေထာင္ေရး ထိခိုက္တတ္သည္။ အထူးေရွာင္ပါ။

အိမ္ေလွကားႏွင့္ပတ္သက္၍ ေရွာင္ၾကဥ္ရန္၊ အမွားပါလွ်င္ ေတာင္းပန္ပါ

ေလွကားအသစ္လဲလွ်င္ အေဟာင္းထက္ တစ္ေတာင္ ပို၍လုပ္ရမည္။ စားဖိုေဆာင္အဟာင္းကိုျပင္လိုလွ်င္ အေဟာင္းထက္ ေကာင္းေအာင္ျပင္ရမည္။ အိမ္တိုင္၊ ေဒါက္တိုင္/ထုပ္/ ေလ်ာက္ တို႔ကိုသံုးလွ်င္ အေဟာင္းအတိုင္းျပန္သံုးရမည္။

ကေလးငယ္မ်ား ေလွကားလက္ရန္းေပၚတက္ၿပီး ေနာက္ျပန္ဆင္းျခင္း၊ ေနာက္ျပန္တက္ျခင္း မျပဳလုပ္ေစရပါ။ ျပဳလုပ္ပါက စီးပြားေရး၊ က်န္းမာေရး၊ ကေျပာင္းျပန္ျဖစ္ၿပီး ဒုကၡဆင္းရဲေရာက္တတ္ပါသည္။ အကယ္၍ျပဳလုပ္မိပါက ေလွကားလက္ရန္းကို ေရႊရည္ ေငြရည္ေလာင္း၍ေတာင္းပန္လိုက္ပါ။

မိမိေနထိုင္ေသာ အိမ္တြင္ မျပဳလုပ္ေကာင္းသည့္အရာမ်ား

တံခြန္၊ ကုကၠား၊ မုေလးပြားမ်ား ေနအိမ္တြင္ စိုက္ ထားျခင္းမျပဳရ။ ပန္းကန္ခြက္ေယာက္မ်ား ကိုင္တြယ္ရာတြင္ အသံမမည္ေစရပါ။ ေခါင္းေလ်ာ္ၿပီး ဆံပင္ကိုေနေရာင္တြင္ ျဖန္႔၍ မလွန္းရပါ။ စေကာ၊ စကာ၊ ဦးထုပ္ေပါက္လွ်င္ ဖာေထး ၍ မသံုးေကာင္းပါ။ ဖ်ာ၊ က်ည္ေပြ႕၊ ဝင္းထရံမ်ားကို ေက်ာ္ခြ သြားျခင္း မျပဳရပါ။ သိမ္၊ ဇရပ္တို႔တြင္ အၿမဲမေနေကာင္းပါ။ အိမ္ဦးခန္းတြင္ လင္စံုမယားဖက္တို႔ မအိပ္ေကာင္းပါ။ သစ္ႏွစ္ခုၾကားတြင္ ဝါးညႇပ္၍ မေဆာက္ေကာင္းပါ။ စီးပြား လာဘ္လာဘပိတ္တတ္သည္။

စီးပြားေရးမေကာင္းေသာ ေနထိုင္နည္းမ်ား

မိမိေအာက္ ငယ္သူမ်ား၊ သားသမီးမ်ားအား အိမ္ေရွ႕တြင္ အိမ္ေဆာက္ေပးျခင္းမျပဳရပါ။ ဘုရားမီးႏွင့္ အိမ္သာမီးကို အားကိုး၍မေနေကာင္းပါ။ အိမ္ေရွ႕တြင္ ပ်ဥ္ေပါက္ ၾကမ္းေပါက္ မရွိေစရပါ။ အိမ္ေခါင္းရင္းပိုင္းက နိမ့္မေနရပါ။ တစ္အိမ္တည္းတြင္ အိမ္ေထာင္စုသံုးဦးမေနေကာင္းပါ။ ဖို ခေနာင့္ဆိုင္သကဲ့သို႔ ျဖစ္သြားသျဖင့္ စီးပြားေရးမေကာင္းတတ္ပါ။

ေရွာင္သင့္ေသာ ေခြး၊ ၾကက္၊ ေၾကာင္

အိမ္ေပၚတက္၍ ေခြးအူလွ်င္ မေကာင္းပါ။ ထိုေခြး မ်ိဳးကို မေမြးသင့္ပါ။ မိမိအိမ္တြင္ ေမြးထားေသာ ၾကက္မမွ ေပါက္ဖြားလာေသာ ၾကက္သည္ ၾကက္ျဖဴမျဖစ္လွ်င္ မေမြး ေကာင္းပါ။ ၾကက္မသည္ အိမ္ေပၚတြင္ တြန္လ်င္ျဖစ္ေစ ေျမျပင္တြင္ တြန္လ်င္ျဖစ္ေစ မေကာင္းပါ။ မိမိၾကက္ဥကို မိမိ ကိုယ္တိုင္ ျပန္ေဖာက္စားေသာ ၾကက္မမ်ိဳးကို မေမြးရပါ။ ထို႕ အတူ ေၾကာင္ျဖစ္လွ်င္ ေၾကာင္နက္၊ ေခြးျဖစ္လွ်င္ အေၾကာင္ အက်ား မေမြးရပါ။ လွဴဒါန္းလိုက္ပါ။

အိမ္ေအာက္မိႈေပါက္နိမိတ္၊ ဦးေခါင္းေဆး၍ နတ္မ်ားဖိတ္

အိမ္ေအာက္၌ မိႈေပါက္လွ်င္ အိမ္ေျပာင္းေရႊ႕ရမည္။ မေရႊ႕လွ်င္ ဒုကၡေရာက္တတ္သည္။ ထိုသို႔မျဖစ္ေစရန္ ဇလပ္ရြက္၊ ကင္းမြန္သီး၊ ဥသွ်စ္(၃)မ်ိဳးကိုေဖ်ာ္ၿပီး ဦးေခါင္းေဆးရ မည္။ ရတနာသံုးပါးႏွင့္ နတ္ေကာင္းနတ္ျမတ္မ်ားအား ပူေဇာ္ လွဴဒါန္းရမည္။ ပရိတ္ေတာ္ႏွင့္လည္း ဦးေခါင္းေဆးရမည္။

အိမ္ေရွ႕တြင္ မစိုက္အပ္ေသာ သစ္ပင္မ်ား သတိထား

အိမ္ေရွ႕တြင္ ေညာင္ပင္၊ သေျပပင္မစိုက္ရ။ ေတာင္ အရပ္တြင္ သွ်ီသွ်ား၊ ဖီးၾကမ္းငွက္ေပ်ာ၊ သေဘၤာပင္မစိုက္ရ။ အေနာက္အရပ္တြင္ လက္ပံပင္၊ ထိန္ပင္ မစိုက္ရ။ ေျမာက္ အရပ္တြင္ သွ်ီသွ်ားပင္မစိုက္ရပါ။ အိမ္၏အေရွ႕ေျမာက္ (တနဂၤေႏြ)ေထာင့္တြင္ မစိုက္ရပါ။ အသီးသီးသည္ႏွင့္ အိမ္ရွင္ ဒုကၡေရာက္တတ္သည္။

 

'သတိ' တမံ၊ 'ဥာဏ္' ေျမကတုတ္၊ 'ပညာစြန္း' ခြ်န္းကဲ့သို႔ အုပ္ႏိုင္ၾကပါေစ။

ကိုးကား - ေမာင္ဝင္းႏိုင္(ျမန္မာစာ)၏ ေဆာင္ရန္ ေရွာင္ရန္ နိမိတ္မ်ား ရွာေဖြတင္ျပခ်က္မွ

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service